ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
=============
၃ ရက်ကြာကြာမြင့်တဲ့ ရာဂျာပွဲတော်နဲ့အိုဒီရှာရဲ့မြင်ကွင်း
၇၁ ကြိမ်မြောက် Miss World အလှမယ်ပြိုင်ပွဲကြီးလက်ခံကျင်းပတော့မယ့် အိန္ဒိယနိုင်ငံ
အိန္ဒိယ၏ သရက်သီးပျော့ဖတ်ဈေးကွက်က ကမ္ဘာ့အကြီးဆုံးအစားအစာနှင့် အဖျော်ယမကာလုပ်ငန်းအချို့အတွက်
ကုန်ကြမ်းများထောက်ပံ့
ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/JQ1sx_UXtpU?si=d9gjKWXKfnl3eJKT
#Myindia
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
၃ ရက်ကြာကြာမြင့်တဲ့ ရာဂျာပွဲတော်နဲ့အိုဒီရှာရဲ့မြင်ကွင်း
၇၁ ကြိမ်မြောက် Miss World အလှမယ်ပြိုင်ပွဲကြီးလက်ခံကျင်းပတော့မယ့် အိန္ဒိယနိုင်ငံ
အိန္ဒိယ၏ သရက်သီးပျော့ဖတ်ဈေးကွက်က ကမ္ဘာ့အကြီးဆုံးအစားအစာနှင့် အဖျော်ယမကာလုပ်ငန်းအချို့အတွက်…

👍3🔥2
"ကုလသမဂ္ဂဟာ ရိုဟင်ဂျာအရေးကို ပိုပြီး ကြိုးစား အားထုတ်စေချင်တယ်" ရိုသင်းသင်းလှိုင် (မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အားစု)
=================
မောင်ခက်နွေ
(မဇ္ဈိမ)။ ။ ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာအရေးကိုကိုင်တွယ်ပုံဟာ ထိရောက်မှုရှိတာထက် ပိုပြီးကြိုးစား အားထုတ်စေချင်တယ်လို့ ရိုသင်းသင်းလှိုင် ကဆိုပါတယ်။
အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ စစ်အာဏာရှင်တော်လှန်ရေးမှာ ရခိုင်က ရိုဟင်ဂျာအင်အားစုရဲ့ သဘောထား အစစ်အမှန်က ဘာတွေပါလဲ၊ ရိုဟင်ဂျာအရေး ကုလသမဂ္ဂက ကိုင်တွယ်နေတာ ထိရောက်ရဲ့လားဆိုတာကို မြန်မာမွတ်စလင်တော်လှန်ရေး အင်အားစုရဲ့ အဖွဲ့ဝင်ရေးရာတာဝန်ခံ တစ်ဦးလည်ဖြစ်၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ မရိုသင်းသင်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
https://youtu.be/2JJGagY_tN8?si=XmElXx2TIhlcRBkx
#weeklyinterviews
#mizzimatv
#rohingya
#ကုလသမဂ္ဂ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
မောင်ခက်နွေ
(မဇ္ဈိမ)။ ။ ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာအရေးကိုကိုင်တွယ်ပုံဟာ ထိရောက်မှုရှိတာထက် ပိုပြီးကြိုးစား အားထုတ်စေချင်တယ်လို့ ရိုသင်းသင်းလှိုင် ကဆိုပါတယ်။
အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ စစ်အာဏာရှင်တော်လှန်ရေးမှာ ရခိုင်က ရိုဟင်ဂျာအင်အားစုရဲ့ သဘောထား အစစ်အမှန်က ဘာတွေပါလဲ၊ ရိုဟင်ဂျာအရေး ကုလသမဂ္ဂက ကိုင်တွယ်နေတာ ထိရောက်ရဲ့လားဆိုတာကို မြန်မာမွတ်စလင်တော်လှန်ရေး အင်အားစုရဲ့ အဖွဲ့ဝင်ရေးရာတာဝန်ခံ တစ်ဦးလည်ဖြစ်၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ မရိုသင်းသင်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
https://youtu.be/2JJGagY_tN8?si=XmElXx2TIhlcRBkx
#weeklyinterviews
#mizzimatv
#rohingya
#ကုလသမဂ္ဂ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
"ကုလသမဂ္ဂဟာ ရိုဟင်ဂျာအရေးကို ပိုပြီး ကြိုးစား အားထုတ်စေချင်တယ်" ရိုသင်းသင်းလှိုင်
မောင်ခက်နွေ(မဇ္ဈိမ)။ ။ ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာအရေးကိုကိုင်တွယ်ပုံဟာ ထိရောက်မှုရှိတာထက် ပိုပြီးကြိုးစား အားထုတ်စေချင်တယ်လို့ ရိုသင်းသင်းလှိုင် ကဆိုပါတယ်။
အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ စစ်အာဏာရှင်တော်လှန်ရေးမှာ ရခိုင်က ရိုဟင်ဂျာအင်အားစုရဲ့…

👍9😁2
ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအား ဆက်လက်ထောက်ပံ့မည်ဟု ကုလသမဂ္ဂ ကတိပြု
===================•=
ရိုဟင်ဂျာ ဒုက္ခသည်များ ဆန္ဒအလျောက် ဘေးကင်းစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ရေရှည်မြဲသော နေရပ်ပြန်နိုင်ရေးအတွက် အခြေအနေများ ဖန်တီးနိုင်ရေး ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောသည်။
“ရိုဟင်ဂျာပြည်သူတွေဟာ ပြည်တွင်းနဲ့ ပြည်ပမှာ နေရပ်ရွှေ့ပြောင်းနေရဆဲ ဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် တစ်သန်းလောက် ရှိနေတယ်”ဟု အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရသူ ဖလိုရန်စီယာ ဆိုတို နီနိုက မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အစုလိုက် ထွက်ခွာမှု ခြောက်နှစ်မြောက်အဖြစ် ထုတ်ပြန်ချက်၌ ပြောထားသည်။

ဖားကန်တွင် စစ်ကောင်စီတပ်က ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး
==============
အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊နန့်ယားကျေးရွာတွင် ဩဂုတ်လ ၂၄ရက်၌ စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောင်ခံ အမှတ် (၁၂) ခြေမြန်တပ်ရင်းက ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။
ကျောက်ထုကျေးရွာ၊ အွန်ကထောင်ကျေးရွာနှင့် ခင်တောင်ကျေရွာများမှ ဒေသခံများသည် နန့်ယားကျေးရွာတွင် စစ်ရှောင်နေစဥ် ထိုသို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ရှောင်များအပါအဝင် နန့်ယားကျေးရွာအထက် ဖားကန့်သွားရာလမ်းပိုင်းတွင် ပိတ်မိနေသည့် ခရီးသည်များနှင့် ယာဥ်မောင်းများလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
“ ဘုရားကျောင်းမှာ စစ်ရှောင်နေတဲ့သူတွေကို ဘုရားကျောင်းတံခါးတွေ ဆောင့်ကန်ဖွင့်ပြီး ခေါ်သွားတာ။ အရွယ် ကောင်းယောကျ်ားတွေ တော်တော်လေးပါသွားတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ည ၈နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ဖားကန့်မြို့သို့တက်လာစဥ် စုစုပေါင်း အယောက် ၁၀၀ကျော်အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သော ဩဂုတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား - ဖားကန့်လမ်းပေါ်ရှိ မအူပင်ရေကာတာကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွါးပြီးနောက် KIA က နန့်ယားအထက် ဖားကန့်သွားရာလမ်းပိုင်းတွင် ပိတ်ဆို့နေရာယူထားသည့်အတွက် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေပြီးအဆိုပါလမ်းတလျှောက် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားရာ နန့်ယားကျေးရွာတွင် ခရီးသည်များနှင့် ယာဉ်မောင်းများ ပိတ်မိနေခြင်းဖြစ်သည်ဟု သိရသည်။
ယနေ့နံနက်အစောပိုင်းမှစ၍ မြစ်ကြီးနားမြို့ဘက်သို့ ပြန်ဆင်းသည့် လမ်းပိုင်းကိုသာ ဖွင့်ထားပြီး ဖားကန့်ဘက်သို့တက်သည့် လမ်းပိုင်းအား လက်ရှိအချိန်အထိ ပိတ်ထားဆဲ ဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ကချင်ပြည်နယ်
#ဖားကန့်မြို့နယ်
#စစ်ကောင်စီတပ်
#လူသားဒိုင်း
ဓာတ်ပုံ- ဖားကန့်ဒေသ ဆိုင်းဖရာရွာသာတွေကို စစ်တပ်က ပေါ်တာစွဲသွားတုန်း ကေအိုင်အေက တိုက်လိုက်လို့ ပြန်လွတ်လာစဉ် (ပုံဟောင်း)

👍7😁2🤬2😢1
ဆန်နှင့် ကြက်ဥ များ ငွေကျပ် ၁၀၀ ဖြင့် ရောင်းမည်
===================
ကီရာ
(မဇ္ဈိမ)။ ။ ဆန်တစ်ပြည်လျှင် ၁၀၀ကျပ် နှင့် ကြက်ဥ ၁၀လုံးပါ တစ်ကတ်လျှင် ၁၀၀ကျပ် နှုန်းဖြင့် ဩဂုတ် ၂၇ရက်နေ့ နံနက် ၁၁နာရီမှ စ၍ သက်န်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီးရှိ Aladdin Men Fashion ဆိုင်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ဆန် ၃၅၀ပြည်နှင့် ကြက်ဥ အလုံး ၂၀၀၀ တို့ကို မကုန်မချင်း ရောင်းချပေးသွားမည်ဖြစ်ပြီး လူတစ်ဦးလျှင် ကြိုက်နှစ်သက်ရာ ပစ္စည်းတစ်မျိုးကို ငွေကျပ် ၁၀၀ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
အဆိုပါ ရောင်းချပေးမှုနှင့် ပတ်သက်၍ “ အခက်အခဲကာလမှာ ကိုယ့်ထက်ခက်ခဲတဲ့ သူတွေကို တတ်နိုင်တဲ့ဘက်က ကူညီချင်ရုံသက်သက်ပါ”ဟု Aladdin Men Fashion ဆိုင်၏ တာဝန်ရှိသူက ပြောသည်။
ယခု ငွေကျပ်၁၀၀ဖြင့် ရောင်းချပေးခြင်းကို ဂျပန်မှ မိတ်ဆွေတစ်ဦးကကြက်ဥ ၁၅၀၀ မတည်ပေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ငွေကျပ်၁၀၀ဖြင့် ရောင်းချပေးသည့် အစီအစဉ်ကို နှစ်ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
၎င်းတို့၏ လူမူကွန်ရက် စာမျက်နှာတွင်လည်း နောက်ထပ် ဆက်လက်ရောင်းချပေးနိုင်ရန် လာရောက် ဝယ်ယူမည့်သူများအနေဖြင့် ရုတ်ရုတ်သဲသဲ မဖြစ်ရန်အတွက် စနစ်တကျ တန်းစီဝယ်ယူပေးရန်လိုအပ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဆန်
#ကွကျဥ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
ပုံအညွှန်း- Aladdin Men Fashion ဆိုင်တွင် တင်ထားသည့် ကြော်ငြာဓာတ်ပုံ(ဓာတ်ပုံ- လူမှုကွန်ရက်)

👍20🤣2❤1
"မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ" ကျင်းပမည် (ရုပ်/သံ)
==================
ရွှေနွယ်
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့တွင် နွေဦးတော်လှန်ရေး၏ ပြည်သူ့အင်အားစု ပထမဆုံးသောညီလာခံ "မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ” ကို ကျင်းပမည်ဖြစ်ကြောင်း ညီလာခံပြောခွင့်ရသူ ဦးကိုကိုလေးက မဇ္ဈိမကိုပြောသည်။
ညီလာခံကို ဘတ်ဖဲလိုးမြို့တွင် ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့၌ အမေရိကန်စံတော်ချိန် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နှစ်ရက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါညီလာခံကို ဖိတ်ကြားထားသည့် နိုင်ငံတကာမှ မြန်မာ့အရေး၊ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားကြသည့် မြန်မာပြည်ဖွားများ တက်ရောက်ကြမည်ဖြစ်ပြီး မြေပြင်၌ရော အွန်လိုင်းမှပါ ကျင်းပမည်ဟုဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့်အတူ နွေဦးတော်လှန်ရေးကိုအားဖြည့်ကူညီရန် ပြန့်ကျဲနေသောပြည်သူ့အင်အားများကို စုဖွဲ့ခြင်းဖြစ်ပြီး ပြည်သူ့အားဖြင့် စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ထုတ်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
https://youtu.be/BQV8yiw9jLo?si=jCHXAHwhoRDH1vAD
#နွေဦးတော်လှန်ရေး
#ညီလာခံ
#NUG

"မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ" ကျင်းပမည်
ရွှေနွယ်
အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့တွင် နွေဦးတော်လှန်ရေး၏ ပြည်သူ့အင်အားစု ပထမဆုံးသောညီလာခံ "မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ” ကို ကျင်းပမည်ဖြစ်ကြောင်း ညီလာခံပြောခွင့်ရသူ ဦးကိုကိုလေးက မဇ္ဈိမကိုပြောသည်။
ညီလာခံကို ဘတ်ဖဲလိုးမြို့တွင်…

👍11😁2
Mizzima Weekly Sports အစီအစဉ်
==============
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- ဆော်ဒီဘောလုံးတိုးတက်ရေး "ရေရှည်စီမံကိန်း “လို့ ထိပ်တန်းတာဝန်ရှိသူတစ်ဦး ပြော
- စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ဖီဖာက စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုနဲ့ အမှုဖွင့်
- ဘရာဇီး ရိုးရာပြိုင်ပွဲဖြစ်သည့် soapbox ပြိုင်ပွဲ ကျင်းပ
- ကစားသမားဘဝရဲ့ 'အချိန်တိုင်းကို ပျော်ရွှင်လိုတယ်'လို့ မက်ဆီပြော စတဲ့ အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/5aNpYFE77zw?si=ZhyAT1zfV5dhhneN
#weeklysports
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==============
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- ဆော်ဒီဘောလုံးတိုးတက်ရေး "ရေရှည်စီမံကိန်း “လို့ ထိပ်တန်းတာဝန်ရှိသူတစ်ဦး ပြော
- စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ဖီဖာက စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုနဲ့ အမှုဖွင့်
- ဘရာဇီး ရိုးရာပြိုင်ပွဲဖြစ်သည့် soapbox ပြိုင်ပွဲ ကျင်းပ
- ကစားသမားဘဝရဲ့ 'အချိန်တိုင်းကို ပျော်ရွှင်လိုတယ်'လို့ မက်ဆီပြော စတဲ့ အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/5aNpYFE77zw?si=ZhyAT1zfV5dhhneN
#weeklysports
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
Mizzima Weekly Sports အစီအစဉ်
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- ဆော်ဒီဘောလုံးတိုးတက်ရေး "ရေရှည်စီမံကိန်း “လို့ ထိပ်တန်းတာဝန်ရှိသူတစ်ဦး…

👍4😁1
နေပြည်တော်က အဘတွေ အထုပ်ပြင်ရတော့မှာလား(ဆောင်းပါး)
===================
ဓားရိုင်း
တိုင်းပြည်တည်ငြိမ်အောင်လုပ်မယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလ ခြောက်လသက်တမ်း လေးကြိမ် မြောက်တိုးပြီး မကြာခင်မှာဘဲ စစ်ကောင်စီတပ်စခန်းတွေ တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ခံနေရတာ တွေ့ရပါ တယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် ကာ/လုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က တိုင်းနဲ့ ပြည်နယ် နေရာတချို့မှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်ဖို့လိုအပ်နေသေးတယ်လို့ အကြောင်းပြပြီးအရေးပေါ်ကာလသက်တမ်းကို နောက် ခြောက်လထပ်တိုးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်လက်ရှိတိုင်းပြည် အခြေအနေမှာ ရွေးကောက်ပွဲကျင်းပဖို့မဖြစ်ကြောင်းနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းအရှေ့ခြမ်းတို့ကို စစ်ကောင်စီအနေနဲ့ မထိန်းနိုင်တော့ ကြောင်းလည်း ဝန်ခံသွားခဲ့တာ တွေ့ရပါတယ်။ အခုဆိုရင် စစ်ကောင်စီအသိုင်းအဝိုင်းက အလုံခြုံဆုံးနေရာအဖြစ် သတ်မှတ်ထားရတဲ့ အာဏာရှင်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ဝပ်ကျင်း နေပြည်တော်နားအထိ တိုက်ပွဲခေါ်သံ တွေကိုကြားနေရပြီဖြစ်ပါတယ်။ နေပြည်တော်နဲ့ မိုင် ၁၃၀ ကျော်လောက်ပဲဝေးတဲ့ ကရင်နီဒေသကို စစ်ကောင်စီ ထိန်းချုပ်ဖို့ခက်ခဲလာပြီးနောက် နေပြည်တော်နဲ့အနီးတဝိုက်မှာ မကြာခဏ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲခေါ်သံတွေကို ကြားလာရတာလည်းဖြစ်ပါတယ်။ ဩဂုတ်လ ဒုတိယပတ်အတွင်းမှာဆိုရင် နေပြည်တော် သမ္မတအိမ်တော်နဲ့ မိုင် ၄၀ သာဝေးတဲ့ ဘိုမသံတောင်စစ်စခန်းကို တော်လှန်ရေးအင်အားစုတွေ တက်ရောက် သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အခြေအနေတွေက ပြောင်းလဲလာခဲ့တာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကစပြီး နေပြည်တော်နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ ပျဉ်းမနားမြို့နယ်အတွင်းက တောင် ပေါ်စစ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက လေးရက်ကြာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပျဉ်းမ နားမြို့နယ်၊ ဘိုမသံတောင်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ သေနတ် ကိုးလက်သိမ်းဆည်းရရှိပြီး အဲဒီစခန်းသိမ်းတိုက်ပွဲအပါအဝင် သုံရက်အတွင်း စစ်ကောင်စီတပ်သား အယောက် ၅၀ ထက်မနည်းသေဆုံးခဲ့တယ် လို့ အလယ်ပိုင်းတိုင်း PKS-PDF 1004 တပ်ရင်းက သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကဆိုခဲ့ပါတယ်။ အဲဒီတိုက်ပွဲ တွေအတွင်း PDF တပ်ဖွဲ့ဝင် သုံးယောက်လည်းအသက်ပေးသွားခဲ့ရတာပါ။
ဩဂုတ် ၁၀ ရက် မနက် ၆ နာရီ ၄၅မိနစ် အကျော်လောက်မှာ အင်အား ၂၀ လောက်နဲ့ တပ်စွဲထားတဲ့ ဘိုမသံတောင်က စစ်ကောင်စီရဲ့ ခမရ (၄၁၁ )တပ်စခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အလားတူ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်းအုပ်စု၊ တောင်မြင့်ရေပူတောင်နဲ့ တောင်မြင့်ရွာမကြားမှာလည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တနာရီလောက်ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် ဩဂုတ် ၁၂ ရက်မှာ ပျဉ်းမနားမြို့နယ်၊ ဘိုမအုပ်စု ဘက်ကို အင်အား ၈၅ ယောက်နဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထပ်မံထိုးလာရာ ရေပူတောင်မှာ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးယောက်ထက်မနည်းသေဆုံးခဲ့တာဖြစ်ပါတယ်။

👍26🥱2🥰1
ဆက်သွယ်ရေး လိမ်လည်မှု သံသယရှိသူ ၁၁ ဦးအား တရုတ်သို့ ပေးပို့
======================
မြန်မာနိုင်ငံမှ ဆက်သွယ်ရေး လိမ်လည်မှု သံသယရှိသူ ၁၁ ဦးကို ပေးပို့လာခြင်းအား တရုတ်ရဲတပ်ဖွဲ့က မကြာသေးမီက လက်ခံခေါ်ယူခဲ့ကြောင်း တရုတ် အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောသည်။
အဆိုပါ သံသယရှိသူများသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း မြဝတီမြို့၌ မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားခြင်း ဖြစ်သည်။ ၎င်းတို့သည် တရုတ်ပြည်မကြီးမှ ပြည်သူများကို ပစ်မှတ်ထားပြီး ဆက်သွယ်ရေး လိမ်လည်မှုများ လုပ်ဆောင်နေသည်ဟု သိရကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မကြာသေးသော နှစ်များအတွင်း တရုတ်ရဲတပ်ဖွဲ့၏ ဖြိုခွင်းခြင်းများကို ရှောင်ရှားရန် ဆက်သွယ်ရေးလိမ်လည်မှု ဂိုဏ်းများသည် ၎င်းတို့၏ ဒုစရိုက်နယ်မြေအား တရုတ်ပြင်ပသို့ ရွှေ့ပြောင်းလာမှု တိုးများလာကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ယခုနှစ်စမှစကာ တရုတ်ရဲတပ်ဖွဲ့သည် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုတို့မှ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ဆင်ရေးများ ဆင်နွှဲရာ သံသယရှိသူ ၃၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးရမိသည်ဟု ဝန်ကြီးဌာနက ဆိုပြီး ယခု ၁၁ ဦး အမှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ထပ်လောင်းပြောခဲ့သည်။

👍9🔥3
ရာသီပေါ်သီးနှံများ ရိတ်သိမ်းရန် နေရပ်ပြန်လိုကြသည့် ယာဒိုဒေသက စစ်ဘေးရှောင်များ
=======================
YT၊ ဂျူချန်း (မဇ္ဈိမ)။ ။ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုဒေသက စစ်ရှောင်နေကြသူတွေက လက်ရှိ ရာသီပေါ်သီးနှံတွေကို ရိတ်သိမ်းဖို့အတွက် နေရပ်ပြန်လိုကြတယ်လို့ စစ်ရှောင်တွေအတွက် ကူညီရေးဆောင်ရွက်နေသူတွေကပြောပါတယ်။
လက်ရှိနေရပ်မပြန်နိုင်ကြသေးတဲ့အတွက် တနိုင်တပိုင်စီးပွါးရေးလုပ်ငန်းတွေ ထိခိုက်ကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်နေတဲ့ ကိုဖိုးဇော်ကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွါးတာဖြစ်ပြီး လက်ရှိတိုက်ပွဲ ငြိမ်နေပေမယ့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် စစ်ဘေးရှောင်တွေ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
နေရပ်မပြန်နိုင်ကြသေးတဲ့ သံတောင်ကြီးမြို့နယ်က ယာဒိုကျေးရွာ၊ ဝါသောခိုကျေးရွာ၊ ကလေထကျေးရွာ၊ ဝါဘမ်းခိုကျေးရွာ၊ လိုရာဒိုကျေးရွာ၊ ပရယ်စိုးကျေးရွာတို့က စစ်ဘေးရှောင် ၂,၀၀၀ ကျော်အတွက် ဆေးဝါးအပါအဝင် တခြားအကူအညီတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။
ရုပ်သံ တင်ဆက်/တည်းဖြတ်-ဂျူချန်း
https://youtu.be/8ZC2dloPH7s?si=L2w6UZZcG9mp1LLa
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

လက်ရှိနေရပ်မပြန်နိုင်ကြသေးတဲ့အတွက် တနိုင်တ…

မြန်မာနိုင်ငံသို့ ဘေးကင်းပြီး သိက္ခာရှိစွာ ပြန်နိုင်ရေးအတွက် ရိုဟင်ဂျာများ တောင်းဆို
=========================
နိုင်ငံရင်း မြန်မာနိုင်ငံသို့ သာတူညီမျှသော နိုင်ငံသားဖြစ်ခွင့်နှင့်အတူ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေရသော အတင်းအကြပ် နေရပ်ရွှေ့ပြောင်းလာရသည့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာက သောကြာနေ့တွင် စုရုံးပြီး တောင်းဆိုကြသည်။
မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အစုပြုံလိုက် ထွက်ခွာရမှု ခြောက်နှစ်မြောက်ပြည့်အဖြစ် အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်က ဒုက္ခသည်စခန်းများအနှံ့ ၎င်းတို့က စုရုံးကြခြင်း ဖြစ်ပြီး ကြေညာစာတမ်းများကိုလည်း ကိုင်ဆောင်ထားကြသည်။
ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းနီးပါးရှိပြီး အများစုမှာ ၂၀၁၇ ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်၌ စစ်တပ်၏ လူမဆန်သော ဖြိုခွင်းခြင်းများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။ တောင်ပိုင်း ကော့ဘဇားခရိုင်က လူပြည့်သိပ်သော စခန်းများ၌ အများစုက နေထိုင်နေရဆဲဖြစ်ကာ ခန့်မှန်း ၃၀,၀၀၀ ခန့်အား ၂၀၂၀ နောက်ပိုင်းမှစကာ ဘာဆန်ချာကျွန်းငယ်သို့ ပြောင်းရွှေ့ပေးထားသည်။

👍11😁3
လုံခြုံရေးတိုးမြှင့်ထား၍ စကြဝတေးမင်းကြီးသပိတ် ယာယီရပ်နားထားရ
=========================
မင်းထက်
(မဇ္စျိမ)။ ။စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို နေ့စဥ်နီးပါးပြုလုပ်နေသည့် ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှ စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများ လုံခြုံရေးတိုးမြှင့်ချထားသည့်အတွက် သပိတ်လုပ်ငန်းများ ယာယီရပ်နားထားရသည်ဟု သိရသည်။
အဆိုပါ သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်တည်ထောင်ခဲ့သော သပိတ်ကော်မတီဖြစ်ပြီး စစ်အာဏာသိမ်းမှု နှစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ဖွဲ့စည်းခဲ့သည့် တခုတည်းသော သပိတ်ကော်မတီဖြစ်သည်။
သပိတ်ကော်မတီ စတင်တည်ထောင်ပြီးနောက် ကြံခင်းမြို့ပေါ်နေရာများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားပါ ဘန်နာများအား ကိုင်စွဲဆန္ဒထုတ်ဖော်ခြင်း၊ ညသပိတ်များနှင့် လူမဲ့သပိတ်များ ပြုလုပ်ဆန္ဒထုတ်ဖော်ခြင်းများကို နေ့စဥ်နီးပါးပြုလုပ်ခဲ့သည်ဟု သပိတ်ကော်မတီအဖွဲ့ဝင် တဦးကပြောသည်။
"သပိတ်မလုပ်ဖြစ်တာကတော့ မြို့နယ်တွင်းမှာလုံခြုံရေးတိုးမြှင့်ထားတာရယ်၊ နှစ်ဘက်စစ်ရေးတင်းမာမှုအပေါ် ချိန်ဆပြီးသွာနေတာရယ်ကြောင့်ပါ။သပိတ်အဖွဲ့ရဲ့ လုံခြုံမှုအတိုင်းအတာပေါ်မူတည်ပြီး လုပ်ရတာဆိုတော့ သပိတ်လုပ်ငန်းတွေ နားနေရတာပေါ့"ဟု ၎င်းကဆိုသည်။
၎င်းတို့ သပိတ်ကော်မတီ၏ ရည်ရွယ်ချက်မှာ ပြည်သူများတော်လှန်ရေးအပေါ် သွေးအေးမသွားစေရန်၊ စစ်အုပ်စု၏ ယုတ်မာမှုများကို တကမ္ဘာလုံးသိရှိစေရန် ရရာနည်းဖြင့် တော်လှန်နေခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေကောင်းပါက ဆန္ဒထုတ်ဖော်ခြင်းများကို ဆက်လက်ပြုလုပ်သွားမည်ဟု ဆက်လက်ပြောသည်။
ထိုသို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို ပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်များနှင့်ရဲများက သပိတ်ကော်မတီဝင်များ၏သတင်းများအား ကြံခင်းမြို့ပေါ်တွင် လိုက်လံစုံစမ်းနေခြင်းများရှိသည်ဟု သပိတ်ကော်မတီအဖွဲ့ဝင်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ကြံခင်းမြို့ပေါ်အပြင်၊ ကြံခင်း၊ မြန်အောင်မြို့နယ်များနှင့် ကပ်နေသည့် ရခိုင်ရိုးမတောင်ခြေအစပ်ကျေးရွာများတွင် အထိုင်ချတပ်စွဲထားပြီး ဒေသခံများအား မတရားဖမ်းဆီးမှုများပြု လုပ်နေသည်ဟု သိရသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ကြံခင်းမြို့နယ်
#စကြဝတေးမင်းကြီးသပိတ်
#Hardnews
ဓာတ်ပုံ- ပုံဟောင်းဖြစ်သည်။
#“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

👍16😁3❤1
Bitcoin ကပညာရေးဆိုင်ရာ တွန်းအားပေးမှုနှင့် အနောက်အာဖရိကတွင် ဆွဲဆောင်နေလျက်ရှိ
========================
အနောက်အာဖရိကရှိ Bitcoin ကိုမွေးစားခြင်းကို crypto powerhouse နှင့် ဒေသရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ နိုင်ဂျီးရီးယားကလွှမ်းမိုးထားပါတယ်။ ဒါပေမယ့် ပြင်သစ်ဆန့်ကျင်ရေး စိတ်ဓာတ်နောက်ခံကို ဆန့်ကျင်သည့်အနေဖြင့် Bitcoin ပညာရေးဆိုင်ရာ ကြိုးပမ်းမှုများကလည်း ပြင်သစ်ဘာသာကို အဓိကသုံးတဲ့ အနောက်အာဖရိကတွင် ပွက်ပွက်လောရိုက်နေလျက်ရှိပါတယ်။
ဆီနီဂေါက ပထမဆုံး Bitcoin လဲလှယ်ရေးနှင့် ပညာရေးစင်တာကို မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီး လူ 17 သန်းသာရှိတဲ့ နိုင်ငံဟာ ဒီဇင်ဘာလတွင် မြို့တော် Dakar တွင် Bitcoin ဖိုရမ်ကို လက်ခံကျင်းပမည်ဖြစ်ပြီး၊ Nourou ဟုခေါ်သော ပြည်တွင်း Bitcoin ထောက်ခံသူဟု လူသိများသော လွတ်လပ်သော Bitcoin node ကို လုပ်ဆောင်တဲ့ ဒီဇင်ဘာလတွင် လက်ခံကျင်းပမှာဖြစ်ပါတယ်။
ပြင်သစ်ဆန့်ကျင်ရေး စိတ်ဓာတ်ဟာ ဒေသတွင်းတွင် သမိုင်းဝင်ရှိခဲ့သော်လည်း မကြာသေးမီက လူထုဆန္ဒပြပွဲများတွင် ပိုမိုထင်ရှားလာခဲ့ပါတယ်။ အိမ်နီးချင်း မာလီနိုင်ငံက ၁၉၆၀ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးကတည်းက ပြင်သစ်ကို နိုင်ငံရဲ့တရားဝင်ဘာသာစကားအဖြစ် မကြာသေးမီက ရုတ်သိမ်းခဲ့ပါတယ်။ နိုင်ဂျာနိုင်ငံ၊ မာလီအရှေ့ဘက်နှင့် နိုင်ဂျီးရီးယားမြောက်ပိုင်းတွင် မကြာသေးမီက စစ်တပ်အာဏာသိမ်းမှုက ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဒေသတွင်းရှိ ပြင်သစ်ရဲ့ စစ်ရေးဗျူဟာအတွက် သိသာထင်ရှားသော ဆုတ်ယုတ်မှုကို ကိုယ်စားပြုနေလျက်ရှိပါတယ်။ ပြင်သစ်နာမည်ကြီးသတင်းစာ Le Monde က အာဏာသိမ်းမှုက နိုင်ဂျာနိုင်ငံရဲံ့ Sahel ဒေသတွင် ပြင်သစ်စစ်ရေးဗျူဟာအတွက် “ပြင်းထန်သော ထိုးနှက်ချက်အသစ်” ဟု မှတ်ချက်ပေးခဲ့ပါတယ်။
ပြင်သစ်စကားပြော အနောက်အာဖရိကတစ်ဝှမ်းတွင် အစားထိုးငွေကြေးစဥ်းစားမှုများ အခြေခံအချက်တစ်ခု ရှာဖွေနေမှုများ ဖြစ်ပေါ်နေပါတယ်။ ဆီနီဂေါရဲ့ နည်းလမ်းရှာဖွေသူ အရေအတွက် တိုးပွားလာပြီး ငွေစုဖို့နှင့် လဲလှယ်မှုနည်းလမ်းတစ်ခုအဖြစ် Bitcoin သို့ ပြောင်းလဲနေပါတယ်။ ဘီနင်တွင် Bitcoin Mastermind Kassamoto မှ Cointelegraph သို့ Beninois သို့ပြောင်းသည့် Bitcoin အရေအတွက်သည်လည်း မြင့်တက်လာတယ်လို့ လည်း Cointelegraph သို့ပြောကြားဖူးပါတယ်။
Bitcoin Myanmar Initiative, [8/26/2023 3:04 PM]
ဆီနီဂေါအပါအ၀င် အာဖရိကနိုင်ငံများဟာဘာကြောင့် BTC ကိုအသုံးပြုသလဲ
အနောက်နိုင်ငံများတွင် ငွေကြေးဆိုင်ရာ ဆွေးနွေးမှုနှင့် ပညာရေး အများအပြားက အွန်လိုင်းတွင်လုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် အနောက်အာဖရိကနိုင်ငံများတွင် အပြင်တွင်တွေ့ဆုံမှုများနှင့် လက်တွေ့ဘဝတွင် အပြန်အလှန်ဆက်ဆံခြင်းအပေါ် ကိုတော့ အလေးပိုထားပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်း၊ Bitcoin နှင့် ငွေကြေးအကြောင်း ဆွေးနွေးမှုများကို ClubHouse နှင့် X (ယခင် Twitter) ကဲ့သို့သော အွန်လိုင်းပလက်ဖောင်းများတွင် ပြုလုပ်ကြပါတယ်။ Norou က cryptocurrencies ဝယ်ယူခြင်းနှင့်ရောင်းချခြင်းအတွက် Dakar ရဲ့ ပထမဆုံး Bitcoin Physicial စတိုးဖြစ်တဲ့ Bitique ကိုဖွင့်လှစ်ခဲ့ပါတယ်။ အရောင်းအ၀ယ်ဝန်ဆောင်မှုများအပြင် လူကိုယ်တိုင် Bitcoin အကြောင်းကို လူကိုယ်တိုင်လေ့လာဖို့ ပညာပေးအစီအစဉ်များလည်း ရှိလိမ့်မယ်လို့ပြောကြားထားပါတယ်။ workshop များက နှစ်နာရီ သို့မဟုတ် သုံးနာရီကြာဖြစ်ပြီး လေ့ကျင့်မှုဖို့အတွက် လူပေါင်းတစ်သောင်းလောက်တော့ရှိမှာဖြစ်ပါတယ်။ ကလေးများအား Bitcoin နှင့် Lightning Network ကိုအသုံးပြုနည်းကိုသင်ကြားပေးတဲ့ "Baol Digital Kids" ပရိုဂရမ်ဟုခေါ်သော နိုင်ငံတစ်ဝှမ်းရှိ Bitcoin Senegal မှပြုလုပ်တဲ့ စာသင်ခန်းသင်ခန်းစာများနဲ့အတူ လူကိုယ်တိုင်လေ့ကျင့်မှုကလည်း တွဲနေပါတယ်။
layer-2 Lightning Network မှတစ်ဆင့် သူတို့ရဲ့ ပထမဆုံး satoshis များကို လက်ခံရရှိပြီး ပေးပို့တဲ့ ဗီဒီယိုမှာ ပါတဲ့ ကလေးတွေဟာ open-source Bitcoin tool BTCmap.org တွင် စာရင်းသွင်းထားသော တိုးပွားလာတဲ့ အရေအတွက်တွင် ငွေကို သုံးစွဲနိုင်ပါသည်။ 18 လအတွင်း Dakar က Bitcoin ရုံးခန်းငယ်တစ်ခုမှ crypto ကိုလက်ခံသေလူ ဆယ်ဂဏန်းအထိ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များအထိပင် တိုးတက်ခဲ့ပါတယ်။
မကြာသေးမီက Nourou က ကွန်ရက်ပြတ်တောက်ခြင်းမှ ကာကွယ်နိုင်တဲ့ Bitcoin node တစ်ခုကို စနစ်ထည့်သွင်းပြီးတာနဲ့ တပ်ဆင်ခွင့်ပြုတဲ့ Blockstream ဂြိုလ်တုကိရိယာကို ပါတယ်။
အနောက်အာဖရိကတွင် လက်ခံရရှိခဲ့အင်တာနက်ဝန်ဆောင်မှုက တစ်ခါတစ်ရံတွင်ကွက်တိကွက်ကြားဖြစ်နိုင်ပြီး အားကိုးမရနိုင်ပါဘူး ။ Blockstream အရ ဂြိုလ်တုကိရိယာအစုံက ချိတ်ဆက်ထားသောကြောင့် မည်သည့် node ကိုမဆို စစ်ဆေးရန်အတွက် အဆက်မပြတ် streaming လုပ်ထားခြင်းက သေချာစေပါတယ်။

👍5🔥2❤1
စစ်ယာဉ်တန်းနှင့် ကင်းပုန်းဝပ် စစ်ကြောင်းကို KNU တိုက်ခိုက်
=====================
YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကျိုက်ထိုမြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ကင်းပုန်းဝပ်စစ်ကြောင်းတခုကို KNU ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားဘက်က မဇ္ဈိမကို အတည်ပြုသည်။
ဘီးလင်းမြို့နယ်မှ ကျိုက်ထိုမြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်ကားသုံးစီး၊ အင်အား ၃၀ ကျော်ပါ စစ်ယာဉ်တန်းကို ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား တနေရာတွင် ဩဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
"(စစ်ကောင်စီတပ်) ယာဉ်တန်း ရှေ့ပြေးစက်လတ် တင်လာတဲ့ ကားသေးလေးက ပြန်လည်ပစ်ခတ်တာ ရှိပါတယ်၊ ကင်းပုန်းယူထားတဲ့ အဖွဲ့ကလည်း ပစ်ပါတယ်" ဟု ဘီးလင်း ပကဖ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်းပါ ရှေ့ပြေးကားပေါ်မှ စက်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခြင်းနှင့် သံတံတားစစ်ကောင်စီဂိတ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်။
KNU တပ်မဟာ (၁) လက်အောက်ခံ တိုက်ခိုက်ရေးတပ်ဖြစ်သော KNLA နှင့် ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ဘီးလင်း ပကဖ (BPDF)၊ သထုံမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့က ၄၀ မမ၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်များကို စုံစမ်းနေဆဲဖြစ်ပြီး KNLA တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိကြောင်း ဆိုသည်။
ထို့အပြင် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအတွင်းရှိ ဒေါက်ရပ်တိုက်နယ် ဆေးရုံတွင် ကင်းပုန်းဝပ် အထိုင်ချထားသော စစ်ကောင်စီတပ်ကိုလည်း ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။
ထိုစစ်ကြောင်းသည် ယခုဆင်းလာသည့် စစ်ကားသုံးစီးပါ ယာဉ်တန်းကို ကင်းပုန်းဝပ် လုံခြုံရေးလာယူသည့် ယာဉ်တန်းဖြစ်သည်။ ဩဂုတ်လ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နောက် ဒေါက်ရပ်တိုက်နယ်ဆေးရုံတွင် ကင်းပုန်းဝပ်ထားခြင်း ဖြစ်သည်။
"၂၄ ရက်နေ့က ဒီဘက်ပူးပေါင်းအဖွဲ့တွေက စစ်ယာဉ်တန်း လာမယ်လို့ သတင်းရထားလို့ မိုင်းသွားစောင့်ဆွဲတာ၊ ဒါပေမယ့် ယာဉ်တန်းက ရောက်မလာဘဲ ဒေါက်ရပ်ရွာထဲကို ကင်းပုန်းလာချတာနဲ့ တိုးတော့ တိုက်ပွဲစဖြစ်တာပေါ့၊ အဲ့ဒီအချိန်ကနေစပြီး စစ်ကောင်စီက ပတ်ဝန်းကျင်ကို တနေကုန် လက်နက်ကြီး တောက်လျှောက်ပစ်တော့တာပဲ" ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။
ယင်းကင်းပုန်းဝပ် စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။
ထိုကင်းပုန်းစစ်ကြောင်းသည် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေါက်ရပ်တိုက်နယ် ဆေးရုံအတွင်း တပ်ရုတ်သိမ်းပြီး ပြန်လည်ထွက်ခွာသွားပြီဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းကလည်း ဘီးလင်းမြို့နယ်၊ ရွှေသံလွင် တိုးဂိတ်အဟောင်းတွင် အထိုင်ချ စစ်ဆေးရေး ပြုလုပ်နေသည့် စစ်ကောင်စီတပ်နှင့် ရဲများအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဘီးလင်း
#KNLA
#တိုက်ပွဲဖြစ်
#Mizzima
Photo- KNLA စစ်သားများကို တွေ့ရစဉ်

👍16❤5😁2
This media is not supported in your browser
VIEW IN TELEGRAM
👉 ရှိုးပွဲကနေရရှိတဲ့ ငွေများကို အလှူအတန်းပြုလုပ်ခဲ့တဲ့ အဆိုတော် Harry styles
Full Video Link - https://youtu.be/0rrwyMCWatk
#HarryStyles#entertainmentnews #celecity #Reels #Shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate

👍3❤2🌭1
ပုသိမ်ထောင်အကြမ်းဖက်ခံရမှုတွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို ထောင်အာဏာပိုင်များကတရားစွဲ
===================
မင်းထက်
(မဇ္စျိမ)။ ။ပုသိမ်အကျဥ်းထောင် အကြမ်းဖက်ခံရမှုဖြစ်စဥ်တွင် သေလုမျောပါးရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက တရားစွဲဆိုလိုက်သည်ဟု နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုများထံက သိရသည်။
ပုသိမ်အကျဥ်းထောင်အကြမ်းဖက်ခံမှုတွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၆၀ ကျော်အနက် ၃၇ ဦးကို ၎င်းတို့အကျဥ်းချခံထားရသည့် အခန်းများအတွင်းမှ ထောင်အာဏာပိုင်များက သြဂုတ်လ ဒုတိယပတ်အတွင်း ခေါ်ထုတ်သွားခဲ့သည်ဟု သိရသည်။
ထို့နောက် အဆိုပါ နိုင်ငံရေးအကျဥ်းသား ၃၇ ဦးအား တိုက်ပိတ်စစ်ဆေးမှုများပြုလုပ်ပြီး ၎င်းတို့အနက်မှ ၃၃ ဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ်တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန်မိမိအလိုအလျောက် နာကျင်စေမှု/အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၃ ၊ ၃၃၂ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်ကပြောသည်။
"နိုင်ကျဉ်း ၁၆ ယောက်ကို ပုဒ်မ ၃၃၃ နဲ့တရားစွဲပြီး ၁၇ ဦးကို ပုဒ်မ ၃၃၂ နဲ့တရားစွဲတာပါ။ အရိုက်လည်းခံရတာလည်း နိုင်ကျဥ်းတွေပဲ တရားစွဲခံရတာလည်း နိုင်ကျဥ်းတွေပဲ။ စစ်တပ်နဲ့ သူတို့လက်အောက်ခံတွေ ယုတ်မာတာကတော့လမ်းဆုံးနေပြီ"ဟု ၎င်းကဆိုသည်။
ထိုသို့တရားစွဲဆိုမှုကို ထောင်အာဏာပိုင်များက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသား၏ မိသားစုဝင်ကဆက်ပြောသည်။
တရားစွဲဆိုခံရသည့် နိုင်ရေးရေးအကျဥ်းသား ၃၃ ဦးကို ထောင်အာဏာပိုင်များက တိုက်ပိတ်ထားသည်ဟုသိရပြီး ထောင်ဝင်စာကန့်သတ်မှုများလည်းရှိနေသည့်အတွက် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် ညပိုင်းက ပုသိမ်အကျဥ်းထောင်တွင် အကျဥ်းချခံထားရသည့် ကိုဖိုးလပြည့်၊ ကိုဝင်းထွန်းနိုင်(ခ)ခေါလေး ၊ ကိုဝင်းမင်းထက်(ခ)ကိုမဲကြီး အပါ အဝင်နိုင်ငံရေးအကျဥ်းသားရှစ်ဦးကို ထောင်မှူးနှင့် ထောင်ညွှန်မှူးဦးဇော်စစ်အောင်တို့ ဦးဆောင်ကာ သေလုမျောပါးဖြစ်သည်အထိ ရိုက်နက်ပြီးတိုက်ပိတ်ထားခဲ့သည်။
ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းတွင် ရိုက်နှက်ခံရသူများအနက် ကိုဝင်းမင်းထက်(ခေါ်)ကိုမဲကြီးဆိုသူ ပျောက်ဆုံးနေပြီး ကျန်ခုနစ်ဦးမှာ တိုက်ပိတ်ခံထားရသည့်အတွက် ပြန်လွှတ်ပေးရန် နိုင်ငံရေးအကျဥ်းသားများက တောင်းဆိုခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက နိုင်ငံရေးအကျဥ်းသားများအား အကြမ်းဖက်မှုများပြုလုပ်ခဲ့သည်။
ထိုအကြမ်းဖက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ၏ ရိုက်နှက်ပစ်ခတ်မှုများကြောင့် အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး(ခေါ်)ရာစု ကျဆုံးခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၆၇ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။
လက်ရှိတွင် အကြမ်းခံဖက်ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၆၇ ဦးအနက် ၃၃ ဦးကို စစ်ကောင်စီလက် အောက်ခံများက တရားစွဲဆိုနေခြင်းဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ပုသိမ်အကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား
#စစ်ကောင်စီ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
မင်းထက်
(မဇ္စျိမ)။ ။ပုသိမ်အကျဥ်းထောင် အကြမ်းဖက်ခံရမှုဖြစ်စဥ်တွင် သေလုမျောပါးရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက တရားစွဲဆိုလိုက်သည်ဟု နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုများထံက သိရသည်။
ပုသိမ်အကျဥ်းထောင်အကြမ်းဖက်ခံမှုတွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၆၀ ကျော်အနက် ၃၇ ဦးကို ၎င်းတို့အကျဥ်းချခံထားရသည့် အခန်းများအတွင်းမှ ထောင်အာဏာပိုင်များက သြဂုတ်လ ဒုတိယပတ်အတွင်း ခေါ်ထုတ်သွားခဲ့သည်ဟု သိရသည်။
ထို့နောက် အဆိုပါ နိုင်ငံရေးအကျဥ်းသား ၃၇ ဦးအား တိုက်ပိတ်စစ်ဆေးမှုများပြုလုပ်ပြီး ၎င်းတို့အနက်မှ ၃၃ ဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ်တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန်မိမိအလိုအလျောက် နာကျင်စေမှု/အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၃ ၊ ၃၃၂ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်ကပြောသည်။
"နိုင်ကျဉ်း ၁၆ ယောက်ကို ပုဒ်မ ၃၃၃ နဲ့တရားစွဲပြီး ၁၇ ဦးကို ပုဒ်မ ၃၃၂ နဲ့တရားစွဲတာပါ။ အရိုက်လည်းခံရတာလည်း နိုင်ကျဥ်းတွေပဲ တရားစွဲခံရတာလည်း နိုင်ကျဥ်းတွေပဲ။ စစ်တပ်နဲ့ သူတို့လက်အောက်ခံတွေ ယုတ်မာတာကတော့လမ်းဆုံးနေပြီ"ဟု ၎င်းကဆိုသည်။
ထိုသို့တရားစွဲဆိုမှုကို ထောင်အာဏာပိုင်များက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသား၏ မိသားစုဝင်ကဆက်ပြောသည်။
တရားစွဲဆိုခံရသည့် နိုင်ရေးရေးအကျဥ်းသား ၃၃ ဦးကို ထောင်အာဏာပိုင်များက တိုက်ပိတ်ထားသည်ဟုသိရပြီး ထောင်ဝင်စာကန့်သတ်မှုများလည်းရှိနေသည့်အတွက် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် ညပိုင်းက ပုသိမ်အကျဥ်းထောင်တွင် အကျဥ်းချခံထားရသည့် ကိုဖိုးလပြည့်၊ ကိုဝင်းထွန်းနိုင်(ခ)ခေါလေး ၊ ကိုဝင်းမင်းထက်(ခ)ကိုမဲကြီး အပါ အဝင်နိုင်ငံရေးအကျဥ်းသားရှစ်ဦးကို ထောင်မှူးနှင့် ထောင်ညွှန်မှူးဦးဇော်စစ်အောင်တို့ ဦးဆောင်ကာ သေလုမျောပါးဖြစ်သည်အထိ ရိုက်နက်ပြီးတိုက်ပိတ်ထားခဲ့သည်။
ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းတွင် ရိုက်နှက်ခံရသူများအနက် ကိုဝင်းမင်းထက်(ခေါ်)ကိုမဲကြီးဆိုသူ ပျောက်ဆုံးနေပြီး ကျန်ခုနစ်ဦးမှာ တိုက်ပိတ်ခံထားရသည့်အတွက် ပြန်လွှတ်ပေးရန် နိုင်ငံရေးအကျဥ်းသားများက တောင်းဆိုခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက နိုင်ငံရေးအကျဥ်းသားများအား အကြမ်းဖက်မှုများပြုလုပ်ခဲ့သည်။
ထိုအကြမ်းဖက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ၏ ရိုက်နှက်ပစ်ခတ်မှုများကြောင့် အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး(ခေါ်)ရာစု ကျဆုံးခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၆၇ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။
လက်ရှိတွင် အကြမ်းခံဖက်ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၆၇ ဦးအနက် ၃၃ ဦးကို စစ်ကောင်စီလက် အောက်ခံများက တရားစွဲဆိုနေခြင်းဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ပုသိမ်အကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား
#စစ်ကောင်စီ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬5😢3🔥1
Media is too big
VIEW IN TELEGRAM
👉 GMMTV နဲ့လက်တွဲဖြုတ်တော့မယ်လို့ ကြေညာခဲ့တဲ့ ထိုင်းမင်းသား Bright
Full Video Link - https://youtu.be/0rrwyMCWatk
#entertainmentnews #celecity #Reels #Shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate

👍8🌭1
GMMTV နှင့်လက်တွဲဖြုတ်တော့မယ်လို့ ကြေညာခဲ့တဲ့ ထိုင်းမင်းသား Bright | Cele City - Episode 33
==================
Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ.. ဒီအပတ်မှာဆိုရင်
-ကွာရှင်းမို့တရားရင်ဆိုင်နေရတဲ့ အဆိုတော် Britney Spears
-ဘောလီဝုဒ်မင်းသမီး Disha Pataniပုံကိုတက်တူးထိုးလိုက်တဲ့ မော်ဒယ် အဲလက်စ်
-GMMTV နှင့်လက်တွဲဖြုတ်တော့မယ်လို့ ကြေညာခဲ့တဲ့ ထိုင်းမင်းသား Bright
အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။ Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။ App ဒေါင်းလုတ်ရယူရန် http://onelink.to/jnuwak (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
https://youtu.be/0rrwyMCWatk?si=SrMq6IvIvZCI2WR_
#Celecity
#mizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

-GMMTV…

PNO ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်မှ ကျည်ဆန် အတောင့် ၅၀၀ နှင့် ငွေကျပ်သိန်း ၉၀ သိမ်းဆည်းရရှိ
=================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖာမူကျေးရွာတွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားသည့် ပအိုဝ်းအမျိုးသားတပ် (PNO/PNA) ခေါင်းဆောင်တဦး၏ နေအိမ်မှ ကျည်ဆန်အတောင့် ၅၀၀ ၊ငွေကျပ် သိန်း ၉၀ သိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူထံမှ သိရသည်။
ပင်လောင်း-ဖယ်ခုံ လမ်းမကြီးပေါ်တွင်ရှိသည့် PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်ဝင်း၏ နေအိမ်ကို ဩဂုတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် ဖယ်ခုံ PDF တပ်ရင်း(၂) မှ ဝင်ရောက်စီးနင်းခဲ့ရာ ဦးမောင်ဝင်းကို မတွေ့သဖြင့် နေအိမ်တွင်းရှိ ကျည်ဆန်၊ စကားပြောစက်နှင့် ဆက်ကြေးကောက်ခံထားသည့် ပိုက်ဆံများကို သိမ်းဆည်းခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။
“ဝင်စီးတဲ့အချိန်မှာ သူ့သားပဲ ရှိတော့ သူ့သားကို ဘာမှမလုပ်ခဲ့ဘူးပေါ့နော်။ အဲ့မှာရှိတဲ့ ပိုက်ဆံ သိန်း ၉၀ ရယ်၊ ကျည်အတောင့် ၅၀၀ ရယ်၊ ပြီးတော့ စစ်တပ်သုံး Icon(စကားပြောစက်) တလုံးရယ်ကို ကျနော်တို့ သိမ်းလာတယ်။ ” ဟု ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။
ဝင်ရောက်စီးနင်းချိန်တွင် ဦးမောင်ဝင်းမှာ အစည်းအဝေးတခုသို့ သွားနေသဖြင့် ၎င်းနှင့်အတူ သေနတ်လေးလက်ကိုပါ ယူဆောင်သွားသောကြောင့် သေနတ်ကိုမူ သိမ်းဆည်းရမိခြင်းမရှိခဲ့ကြောင်း သိရသည်။
ဦးမောင်ဝင်းသည် ပအိုဝ်းအမျိုးသားတပ် (PNO/PNA) ပြည်သူ့စစ်တွင် ဗိုလ်ကြီးအဆင့် ရှိသူဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ကျေးရွာများတွင် တအိမ်လျှင် တယောက် စစ်သင်တန်းတက်ရန် စုဆောင်းပေးသူဖြစ်ပြီး လူမပေးနိုင်ပါက ငွေကျပ် ၃၀,၀၀၀ မှ ၆၀,၀၀၀ အထိ ဆက်ကြေးကောက် ပိုက်ဆံစုကာ စစ်တပ်ထံသို့ လက်နက်ဝယ်ပေးရသည့် PNO ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။
၂၀၂၂ နှစ်လယ်ပိုင်းမှစတင်ကာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားတပ် (PNO/PNA) နယ်မြေစိုးမိုးသည့် ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့ရှိ ကျေးရွာများအပြင် ရှမ်းတောင်ပိုင်းရှိ ပအိုဝ်းလူမျိုးများနေထိုင်ရာ ကျေးရွာများတွင် တအိမ်တယောက် မဖြစ်မနေ စစ်သင်တန်းတက်ရောက်ရန် တပ်သားစုဆောင်နေပြီး PNO မှ စစ်သင်တန်းပေးနေကြောင်း ဆီဆိုင်မှ ဒေသခံတဦးက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#PDF
#PNO
#ပြည်သူ့စစ်ခေါင်းဆောင်
ပုံစာ- ဦးမောင်ဝင်းနေအိမ်မှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ

👍22🥰3👏3🥴1
This media is not supported in your browser
VIEW IN TELEGRAM
👉 Company ရဲ့ တင်းကြမ်မှုတွေကြောင့် Panic attack ပါရရှိနေကျတဲ့ Fifty Fifty အဖွဲ့သားများ
Full Video Link - https://youtu.be/0rrwyMCWatk
#entertainmentnews #celecity #Reels #Shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #FiftyFifty

👍2