Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စနေနေ့ညရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃) ရလဒ်များ
==================

AFC Bournemouth 0 - 2 Tottenham Hotspur

Arsenal 2 - 2 Fulham

Brentford 1 - 1 Crystal Palace

Everton 0 - 1 Wolverhampton Wanderers

Manchester United 3 - 2 Nottingham Forest

Brighton 1 - 3 West Ham United

#PremierLeague
#Footballnews

Photo - Twitter
👍15🔥2
​​မြန်မာနိုင်ငံရှိ တီမောသံရုံးဝန်ထမ်းများ စက်တင်ဘာ ၁ ရက် နောက်ဆုံးထားထွက်ခွာရန် စစ်ကောင်စီအမိန့်ပေး
==================

002
(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရှိ တီမောသံရုံးဝန်ထမ်းများ စက်တင်ဘာ ၁ ရက်နောက်ဆုံးထားထွက်ခွာရန် စစ်ကောင်စီအမိန့်ပေးထားသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

" အကြမ်းဖက် စစ်အုပ်စုက မြန်မာနိုင်ငံက တီမောသံဝန်ထမ်း တွေကို စက်တင်ဘာ ၁ ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာဖို့ အမိန့်ပေးလိုက်ပါတယ်" ဟု ဦးအောင်မျိုးမင်းက ရေးသားထား သည်။
ယခုကဲ့သို့ မြန်မာနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးခံရသော်လည်း ၎င်းတို့၏ ရပ်တည်ချက်အတွက် ဂုဏ်ယူကြောင်း တီမောနိုင်ငံ သမ္မတကြီးက တုံ့ပြန်ထားသည်ဟု ဦးအောင်မျိုးမင်းက ဆက်လက်ရေးသားထားသည်။

" တီမောနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ချက်ကို အထူးလေးစားပါတယ်" ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့သည့် တီမောနိုင်ငံ၏ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့သော်လည်း တီမောအစိုးရအဖွဲ့က စစ်ကောင်စီကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။

ယင်းနောက်ပိုင်းတွင်လည်း တီမောအစိုးရအဖွဲ့နှင့် NUG အစိုးရ အဖွဲ့များအကြား ဆက်ဆံမှုများရှိခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤31👍19😁4🤬2👏1
ဥရောပထိပ်တန်းလိဂ်ရလဒ်များ

လာလီဂါပွဲစဉ် (၃) ရလဒ်များ

Cadiz 1 - 1 Almeria

Granada 3 - 2 Mallorca

Sevilla 1 - 2 Girona

အီတလီ စီးရီးအေပွဲစဉ်(၂) ရလဒ်များ

Frosinone 2 - 1 Atalanta

Monza 2 - 0 Empoli

AC Milan 4 - 1 Torino

Verona 2 - 1 Roma

ပြင်သစ်လီဂူဝမ်း ပွဲစဉ်ရလဒ်များ

Nantes 3 - 3 Monaco

Marseille 2 - 0 Brest

Paris Saint-Germain 3 - 1 Lens

#Footballnews
Photo - Twitter
👍7❤1🔥1
ဩဂုတ်လ (၂၇) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့မနက်မှာတော့ .............

ပုသိမ်ထောင်အကြမ်းဖက်ခံရမှုမှာ ရိုက်နှက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို ထောင်အာဏာပိုင်တွေကတရားစွဲတဲ့သတင်းနဲ့အတူ

ကန့်ဘလူခရိုင်ရှိ စစ်ဘေးရှောင်ကလေးတွေမှာ အရေပြားရောဂါလက္ခဏာ အဖြစ်များနေတဲ့ သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း အားကစား၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “သံစဉ့်အိမ်” အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/NN0vOioC_C0?si=JCz4bW7tbim6lSow

#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁1
ဩဂုတ် ၂၇ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
==============

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၇ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/yBapUAtfkKk?si=Si9TaWkt9gAN2bMx

#ရန်ကုန်ခေတ်သစ်
#thisweek
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮1
South Asia Today အစီအစဉ်
===============

ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

ပညာရေးနဲ့ အလုပ်ကို တားမြစ်မှုတို့ကြောင့်တာလီဘန်တို့ရဲ့ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နေရတဲ့ အာဖဂန်အမျိုးသမီးများ
အစိုးရက ဆရာဝန်တို့ရဲ့အငြိမ်းစားယူရမဲ့ အသက်အရွယ်ကို တိုးမြှင့်လိုက်တဲ့အပေါ် ဂယ်ဂစ်ဘယ်တီစတန်မှ လူငယ်ဆရာဝန်များ စုစည်းဆန့်ကျင် အိန္ဒိယနိုင်ငံ အလာပက်ဇ်ဟာမြို့ရဲ့ နှစ်စဉ် မြွေလှေပြိုင်ပွဲ
မြောက်ကိုရီးယားဟာနျူကလီးယားစစ်ပွဲအတွက် မဟာမိတ်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို ဝေဖန် ရှုတ်ချ အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/MtZpg9v3X6M?si=636M7uw6c9zc42Qt

#southasiatoday
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤮1
​​My Annoying Brother
===========

ဒီဇာတ်ကားကတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးတွေဖြစ်တဲ့ Jung Seok..Do Kyung Soo နဲ့မင်းသမီးချောလေး Park Shin Hye တို့ ပါဝင်ရိုက်ကူးထားတဲ့၂၀၁၆ ခုနှစ် ထွက်ရှိထားတဲ့ နာမည်ကြီးဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်

ဒူယောင်ဟာ နိုင်ငံလက်ရွေးစင်အားကစားသမားတစ်ယောက်ပါ ....
တစ်နေ့မှာ သူဟာ အမှတ်မထင်ပဲ ပြိုင်ပွဲယှဉ်ပြိုင်ရင်းနဲ့ ထိခိုက်မိရာက မျက်စိကွယ်သွားခဲ့ပါတယ် သူ့မှာ ဂိုဒူရှစ် ဆိုတဲ့ လိမ်လည်မှုတွေနဲ့ ထောင်ကျနေတဲ့အကိုတစ်ယောက်ရှိပါတယ်...

ဂိုဒူ‌ယောင်ဟာ မျက်စိကွယ်သွားပြီးစောင့်ရှောက်ပေးဖို့ လူလိုလာတဲ့ အတွက်ကြောင့်သူ့အကိုဟာ သူ့ကို အကြောင်းပြပြီးထောင်ကလွတ်လာခဲ့ပါတယ်

တဖက်မှာလည်း ဂိုဒူယောင် ကို အရင်ကတည်းကလေ့ကျင့်ပေးနေတဲ့ နည်းပြ ဆူဟွန် ကလည်း သူ့ကို မသန်စွမ်း အားကစား အဖွဲ့ထဲကို ဝင်ပြီး ပြန်ပြီးလေ့ကျင့်ဖို့ကိုတိုက်တွန်းနေပါတယ်

တဖြည်းဖြည်း အနေကြာလာတဲ့ အခါမှာတော့ ဂိုဒူရှစ်တစ်ယောက် သူ့ညီလေးကို သံယောဇဉ်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် မထင်မှတ်ထားတဲ့ ကံကြမ္မာတစ်ခု ဝင်လာပါတော့တယ် …

အကို ကြီးဟာ သူ့ညီလေးကို ရဲရဲဝံဝံနေထိုင်ပြီးအောင်မြင်မှု့တွေ ရဖို့အတွက် ဂျူဒိုကို ပြန်ပြီး ကစားခိုင်းခဲ့ပါတယ်

ဒါနဲ့ပဲ ဂိုဒူယောင် တစ်ယောက်ဟာ နည်းပြနဲ့အတူလက်တွဲပီးမသန်စွမ်း အားကစားအဖွဲ့ထဲကို ဝင်ရောက် လေ့ကျင့်မှု့တွေလုပ်ပြီးတဲ့အခါ ဂျူဒို ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတော့တယ်
သူဟာ သူ့အကိုဆီကို ရွှေတံဆိပ်ယူပြီး ပြန်လာခဲ့မယ်ဆိုပြီးလည်းပြောခဲ့ပါသေးတယ်…

ဒါပေမယ့် သူ့မသိလိုက်တဲ့ သူ့အကိုကြီးရဲ့ အခြေအနေက ဘာဖြစ်မလဲ ညီအကိုနှစ်ယောက်ရဲ့ သံယောဇဉ်ကို ဝမ်းနည်းစရာလေး ဖြစ်အောင် ရိုက်ကူးထားတဲ့ကားလေးမို့ အမြန်ဆုံးရှူစားလိုက်ပါ။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၇.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍11🤮1