Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ သေဆုံးသူရှိ
😢5🔥1
အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ သေဆုံးသူရှိ
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ရန်ကုန်−မန္တလေး အမြန်လမ်းတွင် ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က အိမ်စီးကားတစီးသည် လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထန်းပင်တို့အား တိုက်မိသောကြောင့် ယာဉ်မောင်း အမျိုးသားတဦး သေဆုံးကြောင်း သတင်းရရှိသည်။

TOYOTA CROWN အမျိုးအစား အိမ်စီးကားသည် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုအမှတ်(၁၁၃/၄)နှင့်(၁၁၃/၅)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့လမ်းချော်ကာ သစ်ပင်များအား တိုက်မိခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က မဇ္ဈိမသို့ပြောသည်။
"အရှိန်မထိန်းနိုင်တာပါ။ ဒဏ်ရာရသူ နှစ်ဦးတော့လက်ရှိ ဖြူးဆေးရုံမှာပါ" ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်က ပြောသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား သုံးဦးလိုက်ပါလာခြင်းဖြစ်ပြီး ယာဉ်မောင်းအမျိုးသားမှာ နေရာမှာပင်သေဆုံးကာ ကျန်နှစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အား ၁၁၅ မိုင် ကြက်ခြေနီအသင်းမှ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၇၇/၅)နှင့်(၇၇/၆)ကြားတွင် Express အဖြူရောင်ယာဉ်သည် မရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျသောကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ၁၆ ဦးအနက် အမျိုးသား တဦးသေဆုံးကာ အမျိုးသမီး တဦးပြင်းထန်ဒဏ်ရာရ၍ ကျန် ၁၄ ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြသေးသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#အမြန်လမ်း
#ယာဉ်တိုက်မှု

ပုံအညွှန်း- အမြန်လမ်းတွင်ဖြစ်ပွားခဲ့သည့် ယာဥ်တိုက်မှု(ဓာတ်ပုံ-ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥2😢2😁1
​​ကျောက်ကြီးတွင် စစ်ကောင်စီတပ်အထိုင်စခန်းကို KNLA/PDF သိမ်းပိုက်
=====================

YT၊ ရွှေနွယ်
ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ် ၊ ဝဲကြီးကျေးရွာအုပ်စု သစ်ချဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းတခုကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၁ ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု အမှတ် (၂) စစ်ဒေသခွဲသတင်းရင်းမြစ်များထံက သိရသည်။

သစ်ချဆိပ်ရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယမန်နေ့တွင်မူ တိုက်ပွဲပိုမိုပြင်းထန်လာခြင်းဖြစ်ကြောင်း နှင့် စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း KNLA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"စစ်ကောင်စီဘက်က အတုန်းအရုန်းပဲ။ ထိခိုက်တာတွေ အများကြီးပဲ" ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံး၍ ခုနစ်ဦးအရှင်ဖမ်းဆီးရမိကြောင်းနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုများရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ မဇ္ဈိမက ကနဦးသိရှိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အလားတူ KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးခန့်ရှိကြောင်း သိရသည်။

အမှတ် (၂) စစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်စောဒိုရှင်းကမူ စခန်းသိမ်းပိုက်ရရှိမှုကို အတည်ပြုပြီး စစ်ကောင်စီတပ်သေဆုံးအရေအတွက်နှင့် ဖမ်းဆီးရမိ သိမ်းဆည်းရရှိအရေအတွက်များအား ထုတ်ပြန်ပေးသွားမည်ဟု မဇ္ဈိမကိုပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်း ထောက်လှမ်းဝဲပျံမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ကျောက်ကြီး၊ မုန်း၊ ဖြူး၊ ကျောက်တံခါးနှင့် ထန်းတပင်မြို့နယ်တို့သည့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် မြို့နယ်များဖြစ်ပြီး လက်ရှိတွင် အဆိုပါဒေသအတွင်း စစ်ကောင်စီတပ်နှင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးအရှိန်မြင့်တက်လျက်ရှိကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းကလည်း ထန်းတပင်မြို့နယ် မြို့ဆိုးရွာရှိ စစ်တောင်းမြစ်ကူးတံတား စစ်ကောင်စီကင်းဂိတ်ကို ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ် ဦးသေဆုံးကြောင်း အထူးကွန်မန်ဒိုတပ်ရင်း − တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကျောက်ကြီးမြို့နယ်
#စစ်ကောင်စီစခန်း

ပုံအညွှန်း - အမှတ် (၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍18👏8😁3❤2
​​စင်္ကာပူသို့ ဆန်တင်ပို့ခွင့်ပြုမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
======================

အိန္ဒိယသည် စင်္ကာပူနိုင်ငံနှင့် အထူးဆက်ဆံရေးကို ထောက်ရှုလျက် စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များ ပြည့်မီစေရေးအတွက် ဆန်တင်ပို့မှုကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ထုတ်ပြန်သည်။

“အိန္ဒိယနဲ့ စင်ကာပူနိုင်ငံတို့ဟာ အကျိုးစီးပွားမျှဝေခံစားမှု၊ ရင်းနှီးတဲ့စီးပွားရေးဆက်ဆံမှုနဲ့ ပြည်သူအချင်းချင်း ခိုင်မာတဲ့ ချိတ်ဆက်မှုတွေနဲ့ အလွန်နီးကပ်တဲ့ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို နှစ်သက်ကြပါတယ်။ အဲဒီ အထူးဆက်ဆံရေးကြောင့် အိန္ဒိယဟာ စင်ကာပူနိုင်ငံအတွက် စားနပ်ရိက္ခာဖူလုံမှုလိုအပ်ချက်တွေ ပြည့်မီအောင် ဆန်တင်ပို့တာကို ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရားဝင်အမှာစာတွေကို မကြာခင် ထုတ်ပြန်မှာပါ” ဟု အန္ဒိယနိုင်ငငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အရိန်ဒမ်ဘက်ချီက ဩဂုတ် ၂၉ ရက်က စင်္ကာပူသို့ ဆန်တင်ပို့မှုနှင့်ပတ်သက်ပြီး မီဒီယာများကို ဖြေကြားခဲ့သည်။ 

အိန္ဒိယသည် လက်ရှိတားမြစ်ထားသော ဘာစမာတီမဟုတ်သည့်ဆန်ဖြူတင်ပို့မှုကို တားဆီးရန် ဘာစမာတီဆန်တင်ပို့မှုဆိုင်ရာ နောက်ထပ်စည်းကမ်းချက်များကို သြဂုတ် ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။
👍8
"အညာဒေသမှာ စစ်တိုက်စွမ်းရည်တိုးတက်လာပေမယ့် အတွေးအခေါ်လက်နက် တပ်ဆင်ဖို့ လိုအပ်တယ်" လင်းနွေ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA)
==================

မောင်ခက်နွေ(မဇ္ဈိမ)။ ။ အညာဒေသမှာ တိုက်ခိုက်ရေးစွမ်းရည်တွေဟာ အရင်ကထက် တိုးတက်မှုရှိလာပေမယ့် အမိန့်နာခံဖို့နဲ့ အတွေးအခေါ် လက်နက် တပ်ဆင်ထားဖို့လည်း လိုအပ်တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (ADRPA)ရဲ့ ဥက္ကဌ ကိုလင်းနွေက ဆိုပါတယ်။

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ အညာဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက် တိုးတက်လာပါသလဲ၊ LPDF တွေနဲ့ ‘ပကဖ’ တွေ မြို့နယ်အလိုက်၊ နယ်မြေအလိုက် ပူးပေါင်း တိုက်ပွဲ၀င်နေတာ ဘယ်လို အခြေအနေရှိနေပြီလဲ ဆိုတာ ကိုလင်းနွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ

https://youtu.be/tY7dj0q1K-E?si=r2SUZAdVfGlHefkk

#weeklyinterviews
#mizzimatv
#ADRPA
#အညာဒေသ
#Weeklyinterview
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2🥰1
Mizzima Weekly Sports အစီအစဉ်
==============

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။

-------------

ဒီတပတ်မှာတော့ .....

- ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘိုင်ယန်က မန်ယူနဲ့ ရင်ဆိုင်ရမည်

- ကလပ်အသင်းတွေရဲ့ ကစားသမားအပြောင်းအရွှေ့ နိုင်ငံတကာအသုံးစရိတ် စံချိန်ချိုးခဲ့

- UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဟာလန်းနဲ့ ဘွန်တီမာ

- အိန္ဒိယ ဆယ်ကျော်သက် စစ်တုရင်မှော်ဆရာ ပရက်ကို မွေးရပ်မြေက ပြည်သူတွေ သူရဲကောင်းသဖွယ် ကြိုဆိုခဲ့တဲ့ အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/TUSxkIMZgy8?si=5cfAXntw7ToBBK6I

#weeklysports
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
​​ဆားလင်းကြီးမြို့ရှိ စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး
=====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ပေါ် ရှိ ၊ ရွှေမုဋ္ဌော ကျောင်းတိုက်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ် ကင်းပုန်း တိုက်ခိုက်ခံရပြီး စစ်သား ခြောက်ဦး သေဆုံးကြောင်း သမန်းကျား တပ်ဖွဲ့ထံမှ သိရပါသည်။

အဆိုပါ တိုက်ခိုက်မှုသည် စက်တင်ဘာ ၁ ရက်နေ့ ည ၈ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ရန်သူ့ကင်းပုန်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သမန်းကျား တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

“ရန်သူ့ကင်းပုန်းကို ချဉ်းကပ်တယ်၊ အနားရောက်တော့ စစ်သားတွေ ဆေးလိပ်သောက်နေတာ တွေ့တယ်ဗျ ။ အာ့ဒီလို အလစ်အငိုက်အချိန်မှာ ကျနော်တို့ ဘက်က စပြီး ဆက်တိုက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်ဗျ။ ပစ်ခတ်ချိန်က ငါးမိနစ်လောက်ပဲ ကြာတယ်” ဟု ၎င်း သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

ထို တိုက်ခိုက်မှုကို သမန်းကျားတပ်ဖွဲ့(Salingyi) မှ တိုက်ခိုက်ခဲ့ပြီး ၊ စစ်သား ခြောက်ဦးသေဆုံးကာ ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင့်း သိရသည်။

“ တိုက်ပွဲ ဖြစ်ပြီးနောက် နံနက်ပိုင်းမှ စစ်သား ခြောက်ဦးသေဆုံးတယ် သိရတာ ဖြစ်ပါတယ်။ မီးရှို့ သင်္ဂြုဟ်ရင် လူသိမှာစိုးလို့ မြေမြှုပ်ဖို့ ကျင်းတွေ တူးနေတာ ဖြစ်တယ်လို့ အတွင်းသတင်းပေးများအရ သိရတယ် ” ဟု သမန်းကျား တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

အဆိုပါ စစ်သား သေဆုံးမှုများ နှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ဒေသခံပြည်သူများကို နံနက် ၆ နာရီ မတိုင်ခင်နှင့် ည ၆ နာရီ နောက်ပိုင်းတွင် အပြင်မထွက်ရန် နှင့် အပြင်ထွက်ပါက သေနတ်ဖြင့်ပစ်သတ်မည်ဟု ခြိမ်းခြောက် နေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဆားလင်းကြီးမြို့
#သမန်းကျား
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍4👏2😁1
​​မီဇိုရမ်တွင် ရူပီး ၅ ကုဋေ တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ မြန်မာနိုင်ငံသားကို ဖမ်းဆီး 
========================

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချမ်းဖိုင်ခရိုင်တွင် နယ်စပ်လုံခြုံရေး တာဝန်ယူရသော Assam Rifles က ယစ်မျိုးနှင့် မူးယစ်ဆေးဌာနတို့နှင့် ပူးပေါင်းစစ်ဆင်မှုအတွင်း ရူပီး ငါးကုဋေကျော် (ကျပ်ငွေ ၁,၂၇၅ သန်း) တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်မှတဆင့် တာဝန်ရှိသူများက ပြောသည်။ 

ထို ဖမ်းဆီးမှုနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံသား တဦးကိုပါ ဖမ်းဆီးထားသည်ဟု တာဝန်ရှိသူများက ထုတ်ပြန်သည်။ 
ဘီသယ်ဗန့်အရပ်၌ အဆိုပါ ပူးပေါင်းစစ်ဆင်ရေးအတွင်း ဆပ်ပြာဘူးများဖြင့် ထည့်လာသော အလေးချိန်အားဖြင့် ၈၅၂ ဒသမ ၁၆ ဂရမ်ရှိ ဘိန်းဖြူများကို ဩဂုတ် ၃၁ ရက်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။ 

အဆိုပါ ဖမ်းဆီးရမိသည့် ဘိန်းဖြူများသည် တန်ဖိုးအားဖြင့် ခန့်မှန်းခြေ ရူပီ ၅ ဒသမ ၉၆ ကုဋေ (ကျပ်ငွေ ၁,၅၁၉ သန်းကျော်) ရှိသည်။ 

သံသယရှိ ဖမ်းဆီးထားသူသည် အသက် ၃၄ နှစ်ရှိ မြန်မာနိုင်ငံမှ အမျိုးသားတဦး ဖြစ်သည်။ ၎င်းကို ယစ်မျိုးနှင့် မူးယစ်ဆေးဝါးဌာနက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

နောက်ထပ် စုံစမ်းစစ်ဆေးမှုများအား ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ 
ဩဂုတ် ၃၁ ရက်က အဆိုပါ စစ်ဆင်ရေးမှာပင် ချောင်တေးအရပ်၌ တန်ဖိုးအားဖြင့် ရူပီး ၄၂ ဒသမ ၁၄ သိန်း (ကျပ်ငွေ ၁၀ သန်းကျော်) ရှိ ဘိန်းဖြူများကို ဆပ်ပြာဘူး ငါးဘူးအတွင်း သိုဝှက်လာသည်ကို ဖော်ထုတ်ဖမ်းဆီးခဲ့ရကြောင်း ထုတ်ပြန်ချက်တရပ်အရ သိရသည်။
🔥5❤1👍1
တရုတ်-မြန်မာနယ်စပ်အနီး တိုက်ပွဲတွင် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး
❤4🤬1
တရုတ်-မြန်မာနယ်စပ်အနီး တိုက်ပွဲတွင် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး
======================

ဂျူချန်း
(မဇ္ဈိမ) ။ ။ တရုတ်- မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တို့ကြား ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ထို့ပြင် လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦးလည်း အပြင်းအထန် ဒဏ်ရာများ ရရှိသွားကြောင်း ဆိုသည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်နယ်ရှိ စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးသည် နမ့်ဖတ်ကာနှင့် ၂၅ မိုင်ခန့်အကွာတွင်ရှိသည့် ဇီးဒဘန်ရွာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားများ ထိခိုက်သေဆုံးသွားခြင်း ဖြစ်သည်။

“မနေ့က စစ်တပ်က လက်နက်ကြီးပစ်တာ ဇီးတဘန်ဘက်ကို ကျတယ်။ အဲ့မှာ အပြင်မှာ ထွက်ထိုင်နေတဲ့လူတွေကို ထိသွားတာ၊ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ ဒီနေ့ (စက်တင်ဘာလ ၂ ရက်) လည်း ဖြစ်တော့ ဖြစ်နေတာပဲ။ နေ့တိုင်းတော့ လက်နက်ကြီးသံတွေက ပစ်နေတာပဲ” ဟု နမ့်ဖတ်ကာ ဒေသခံက မဇ္ဈိမ ကိုပြောသည်။

ရှမ်းမြောက် ဒေသများဖြစ်သော မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား စက်တင်ဘာလ ၁ ရက်နေ့က တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၄နာရီခွဲတွင် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စစ်ဆေးရေးဂိတ်ကို TNLA က သွားရောက်တိုက်ခိုက်ခဲ့သည်။
ယင်းနောက် ဂိတ်အတွင်းရှိ စစ်ကောင်စီတပ်မ (၉၉)၊ ခမရ (၄၂၀)၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့နှင့် TNLA တပ်ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ခု ၄နာရီခွဲမှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ နာရီဝက်လောက်တော့ အသံတွေကြားနေရတယ်။ မူဆယ်မှာတော့ မကြာ မကြာကြားနေရတာ။ ပြီးခဲ့တဲ့ ညကလည်း လက်နက်ကြီးသံ ကြားရပါတယ်” ဟု မူဆယ်မြို့ခံ တဦးက မဇ္ဈိမကို စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြောသည်။

ယင်းနောက် စက်တင်ဘာလ ၁ ရက်နေ့တွင်ပင် မူဆယ်မြို့နယ် ဆိုင်ခေါင်ကျေးရွာ၊ TNLA တပ်စွဲရာ လွယ်နောတောင်နှင့် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLA ဘက်က တရားဝင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း မွန်းလွဲပိုင်းတွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်နယ်ရှိ စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်စခန်းမှ လွယ်မောက်တောင်သို့ လက်နက်ကြီး ၂၄ ကြိမ်၊ လွယ်ကျလော့စခန်းမှ စယ်လန့်ရွာသို့ ၅၁ ကြိမ်နှင့် ၁၀၅ မိုင် စခန်းကုန်းမှလည်း စယ်လန့်ကျေးရွာသို့ လက်နက်ကြီး သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။

ယင်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာနှင့် ၂၅ မိုင်အကွာ ဇီးဒဘန်ရွာမှ ဒေသခံများ ဖြစ်ကြသည့် အသက် (၃၉) နှစ်အရွယ် ဦးဇော်ဒွဲနှင့် အသက် (၆၂) နှစ်အရွယ် ဦးဘောင်ရာတို့ အရပ်သား နှစ်ဦး သေဆုံးသွားခြင်း ဖြစ်သည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ကြား တိုက်ပွဲ ၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ၏ မှတ်တမ်းများက ဆိုသည်။
မူဆယ်နှင့် ကွတ်ခိုင်မြို့က စစ်ကောင်စီနှင့် TNLA တပ်တို့ကြား ဩဂုတ်လ ၃၀ ရက်နေ့ တိုက်ပွဲတွင်လည်း နမ့်ဖတ်ကာတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နမ့်ဖတ်ကာမှ အမျိုးသမီးငယ်တဦး သေဆုံးကာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဓါတ်ပုံ-TNLA/ပေးပို့
ပုံစာ-ထိခိုက်သေဆုံးသူများနှင့် ပျက်ဆီးမှု

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မူဆယ်
#ကွတ်ခိုင်
#TNLA
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8👍4😢3🙏1
​​အစိုးရသစ်အဖွဲ့အား ထိုင်းဘုရင် အတည်ပြု
===================

ထိုင်းဘုရင်မင်းမြတ် မဟာ ဝါဇီရလောင်ကွန်းသည် အိမ်ခြံမြေ လုပ်ငန်းရှင်ကြီး ဆရတ်သာ သာဗီဆင်းက နိုင်ငံ၏ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူထားခြင်း အပါအဝင် အစိုးရသစ်အား အတည်ပြုလိုက်ကြောင်း မေလ ရွေးကောက်ပွဲနောက်ပိုင်း လအတန်ကြာ စက်တင်ဘာ ၂ ရက် တော်ဝင်ပြန်တမ်းအရ သိရသည်။

ဘီလျှံနာသူဌေး ရှင်နာဝတ်ထရာ မိသားစု ကျောထောက်နောက်ခံသော ဆရတ်သာ၏ ဖျူထိုင်းပါတီသည် ကာကွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများကိုတာဝန်ယူမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မတ်လမှ စတင်ကာ အိမ်စောင့်အစိုးရ တာဝန်ယူထားခြင်း ဖြစ်ပြီး မေရွေးကောက်ပွဲ၍ အနိုင်ရသည့် ရှေ့သို့ချီပါတီသည် အစိုးရဖွဲ့နိုင်ရေးအတွက် ရုန်းကန်ခဲ့ရပြီး ပါတီ၏ တိုးတက်ရေး လုပ်ငန်းစဉ်များအပေါ် ရှေးရိုးစွဲ လွှတ်တော်အမတ်များထံမှ ထောက်ခံမှု မရခဲ့ခြင်း ဖြစ်သည်။
👍14😁2
Media is too big
VIEW IN TELEGRAM
👉 October လမှာကျင်းပသွားမဲ့ BIFF ပွဲ

Full Video Link - https://youtu.be/vH5KMAfBVpY

#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
🔥4
ငါန်းဇွန်တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်တိုက်ခိုက် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
========================

MTO(မဇ္ဈိမ)။ ။မန္တလေးတိုင်း ၊ ငါန်းစွန်မြို့နယ်၊ သားကျင်ရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရာရှိတဦးပြင်းထန်ဒဏ်ရာရရှိပြီး နှစ်ဦးသေဆုံးသွားကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁ ရက် နေ့လယ်ပိုင်းက ဒရုန်းဖြင့် ဗုံးသီး ရှစ်လုံးအထိ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ငါန်းဇွန် ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ ဗုံးသီး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ အရာရှိ တဦး ဒဏ်ရာအပြင်းအထန် ရသွားပြီး နှစ်ဦး သေဆုံးတယ်လို့ သိရပါတယ်” ဟုပြောသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့သည် ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်ကြောင်းများတွင် လိုက်ပါခြင်းများ ပြုလုပ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့တွင် ငါန်းဇွန်မြို့တွင် စစ်အင်အားဖြည့်တင်းနေ၍ နောက်ပိုင်းတွင် ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း ငါန်းဇွန် ပကဖ တာဝန်ရှိသူကပြောသည်။

တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Black Eagle Defence Force - MMU Black Eagle Drone Force ၊ငါန်းဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော ဒေါင်းဖိုက်တာ ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့ ၊ 925 ပြောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

https://youtu.be/FhmHjaNUh1Y?si=4NNMqxZhwP27EKcz

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒရုန်းဖြင့်တိုက်ခိုက်
#ငါန်းဇွန်မြို့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13👏4😁1
This media is not supported in your browser
VIEW IN TELEGRAM
👉 ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ ဘောလိဝုဒ်အဆိုတော် Armaan Malik

Full Video Link - https://youtu.be/vH5KMAfBVpY

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍5🖕1
Royal Peacock Column ကဒုတပ်ရင်းမှူးကိုစည်သူ | "စွန့်လွှတ်စွန့်စားပြည့်ရင်သွေးများ"အစီအစဥ်-Episode 11
=================

"စွန့်လွှတ်စွန့်စား ပြည့်ရင် သွေးများ" အစီအစဥ်ကို အပတ်စဥ် သောကြာ နေ့၊ ညနေ ၅ နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။

ဒီတပါတ်က royal peacock column က ဒုတပ်ရင်းမှူး ကိုစည်သူ ဖြစ်ပါတယ်၊

အနီရောင်နောက်ခံပေါ်မှာ
အဖြူရောင်ကြယ်တပွင့်ပါတဲ့
PDF အလံတော်ကို အမြင့်ဆုံး လွှင့်ထူလိုက်တယ်။
ပြည်သူအတွက် ငါတို့ ရဲရင့်ဖို့အသင့်
ရန်သူတွေ ကြောက်ဒူးတုန်ကြဟေ့။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

https://youtu.be/M4v2OB9y8S8?si=JjETWtVYK1Gz1Zs5

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17😁1
This media is not supported in your browser
VIEW IN TELEGRAM
👉 ချင်းမိုင်ရိုးရာဓလေ့အတိုင်း စေ့စပ်လိုက်ကြတဲ့ Mark & Kim

Full Video Link - https://youtu.be/vH5KMAfBVpY

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍6🍌1