ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်များ တိုက်ခိုက်ခံရ
======================
ပါခွီး (မဇ္စျိမ) ။ ။ ဧရာဝတီမြစ်အတွင်းမှ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်များကို လက်နက်ကြီးငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (CFG) ထံကသိရသည်။
လက်နက်ခဲယမ်းများနှင့် ရိက္ခာများတင်ဆောင်လာသော စစ်ကောင်စီတပ် ရေယာဥ် ၁၁ စီးကို မုံရွာမြို့နှင့် အမြင့်လမ်းပိုင်း ချင်းတွင်းမြစ်ကြောင်းတစ်နေရာတွင် စက်တင်ဘာလ ၂ရက် နေ့လယ် ၃နာရီအချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မော်တော်တွေနဲ့ ကမ်းနဲ့က မီတာ ၂၀၀လောက်ပဲရှိမယ် ။ ကျနော်တို့ လက်နက်ကြီး ၊ ငယ်တွေ မက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာပါ” ဟု CFG အဖွဲ့ တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။
အဆိုပါ ရေယာဥ်များ၏ နောက်ဆုံး နှစ်စီးအား ရှေ့ထွက်မိုင်းများ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ရေယာဥ်တစ်စီး မီးလောင်ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း သတင်းရရှိသော်လည်း အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group (CFG) နှင့် ဗန္ဓုလနှင့် အဖွဲ့သား များ LPDF တို့ ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ရေယာဥ်ပေါ်ရှိ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သဖြင့် ကာကွယ်ရေးရဲဘော် တဦး ကျည်ရှပ်ထိပြီး မစိုးရိမ်ရဒဏ်ရ ရသည်မှအပ ကျန်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၂ရက်နေ့ကလည်း ဆားလင်းကြီးမှ ပေါင်းဝကျေးရွာသို့ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာ အုန်းပင်ဆိပ်မှ လာရောက်ခေါ်ဆောင်သော စစ်ကောင်စီ ရေယာဥ်တစီးကို နှစ်နေရာ ခွဲ၍ Chindwin Fighter Group နှင့် မဟာမိတ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
https://youtu.be/fpo5sEo9-gA?si=IK15FClrvyegEeos
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီရေယာဥ်
#ချင်းတွင်းမြစ်ကြောင်း
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်များ တိုက်ခိုက်ခံရ
ပါခွီး (မဇ္စျိမ) ။ ။ ဧရာဝတီမြစ်အတွင်းမှ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်များကို လက်နက်ကြီးငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (CFG) ထံကသိရသည်။
လက်နက်ခဲယမ်းများနှင့် ရိက္ခာများတင်ဆောင်လာသော စစ်ကောင်စီတပ်…

👍14👏1😁1
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်ရေများ ဝင်ရောက်
👍3😁1

=================
KMN
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်သို့ ရေများဝင်ရောက်ခဲ့ကြောင်း ပုဂံဒေသခံများထံက သိရသည်။
"မနက် ၃ နာရီလောက်ထဲကနေ မနက် ၁၁ လောက်အထိ သည်းကြီးမည်းကြီးရွာတာပါ။ မိုးက ရွာခဲတယ်လေ ခုလိုရွာတော့ အမှိုက်တွေက ရေဆိုးမြောင်းတွေမှာ ပိတ်ပြီးရေမထွက်နိုင်တာပါ။
ရွှေစည်းခုံနဲ့ အာနန္ဒာစေတီတွေ မနက်က ရေဝင်ခဲ့ပါတယ်။ဒီညနေတော့ ရေပြန်ကျသွားပါပြီ။ ရေစုပ်စက်တွေနဲ့စုပ်ထုတ်လိုက်လို့ပါ" ဟု ပုဂံဒေသခံတဦးက မဇ္ဈိမကိုပြောကြားသည်။
အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ် ရေများဝင်ရောက်၍ ရေစုပ်စက်များဖြင့် ရေစုပ်ထုတ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်သည်။
ရှေးဟောင်သုတေသန ကျွမ်းကျင်သူ ဦးဇေမျိုးလင်းက လည်း "ဒီနေ့ မနက် ၄ နာရီလောက်ကတည်းက မိုးရွာတာ မနက် ၈ နာရီမှာ ရေကြီး ရေလျှံဖြစ်ပြီ။ rain water flood လို့ခေါ်တယ်။ မြစ်ရေကြီးလို့ ပုဂံမြို့ထဲ ရေတိုးတာမျိုးမဟုတ်ဘူး။ မိုးရေကြောင့်၊ မိုးရွာလို့ဖြစ်တာ။ ပုဂံမှာ ရေကြီးရေလျှံဖြစ်ဖို့ဆို လေးနာရီပဲကြာတယ်ဆိုတဲ့သဘော။ ရေမစီးလို့ ရေကြီးတာ။ စီးသင့်တဲ့နေရာမှာ စီးနေဖို့လိုတယ်"ဟု ယနေ့နံနက် ပုဂံရေကြီးမှုနှင့်ပတ်သက်ပြီး သူ၏လူမူကွန်ရက်တွင် ရေးသားခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာနန္ဒာဘုရားနှင့် ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ် ရေဝင်ရောက်ခဲ့ပြီး ညောင်ဦးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဝက်ကြီးအင်းရပ်၊ ကျန်စစ်သားဥမင် စာသင်တိုက်အနီးတွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း ဒေသခံများကပြောကြားသည်။
ပုဂံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေတွင် ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးပတ်မှ စတင်ကာ ရှေးဟောင်းသုတေသန(ပုဂံဌာနခွဲ)က ရေမဝပ်စေရန်ဟုသော အကြောင်းပြချက်ဖြင့် မြေတူးစက်များအသုံးပြုကာ ရေမြောင်းများတူးဖော်ခဲ့သည်။
သို့သော်လည်း ယနေ့ကဲ့သို့ မိုးသည်းထန်စွာရွာသွန်းချိန်တွင် စေတီများအတွင်း ရေများ ဆက်လက် ဝင်ရောက်နေကြောင်း ဒေသခံများကဆိုသည်။
စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ စက်တင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး ညောင်ဦးမြို့တွင်မိုးရေချိန် (၂.၈၈)လက်မ ရွာသွန်းခဲ့သည်။
ဖိလစ်ပိုင်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဟိုက်ကွေး”(Haikui) ၏အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မနက်ဖြန်နံနက်အထိ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ပုဂံ
#ရေကြီးရေလျှံ
#အာနန္ဒာဘုရား
#ရွှေစည်းခုံဘုရား
ပုံအညွန်း - အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်မှ
ရေများအား စက်တင်ဘာ ၃ ရက်နေ့တွင် စုပ်ထုတ်နေစဉ်။ (Photo - MFSD)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤6👍1😁1
စက်တင်ဘာလ (၃) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================
ဒီကနေ့ည နားဆင်ရမှာတွေကတော့ ...
နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းဖို့ Justice for Myanmar က တောင်းဆိုတဲ့သတင်းနဲ့အတူ
TikTok မှာ ဝါဒဖြန့်ဖို့အတွက် တပ်တွင်းမှာ ဆုကြေးပေး လှုံ့ဆော်နေတဲ့အကြောင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေး၊ အားကစားနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ ကမ္ဘာတလွှားက အနုပညာရှင်တွေရဲ့အကြောင်းတွေ အနုပညာဖန်တီးမှုတွေကို တင်ဆက်ထားတဲ့ Cele City အစီအစဉ်နဲ့အတူ
“နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို လည်း ထုတ်လွှင့်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/Jug_4WPugwU?si=CETq_fekzF7M7JeC
#Mizzimaradio
#EveningRadio

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊…

👍7❤2👏1😁1
“စုံလင်ကွဲပြား နွေဦးအားမာန်များ” ဘာသာပေါင်းစုံညီလာခံ ကျင်းပ
=====================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံညီလာခံကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် စက်တင်ဘာလ ၂ ရက် နှင့် ၃ ရက်နေ့တို့တွင် နှစ်ရက်တာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
“စုံလင်ကွဲပြား နွေဦးအားမာန်များ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစု ၅၈ ဖွဲ့မှ ကိုယ်စားလှယ် ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘာသာပေါင်းစုံညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အွန်လိုင်းမှအဖွင့် အမှာစကားပြောကြားခဲ့ပြီး တော်လှန်ရေးအဖွဲ့များက သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
အဆိုပါ ဘာသာပေါင်းစုံညီလာခံသို့တက်ရောက်ခဲ့ခဲ့သည့် အစ္စလာမ်ဘာသာဝင် ဦးထွန်းကြည်က “စုံလင် ကွဲပြား နွေဦးအားမာန်များ” ဆောင်ပုဒ်နဲ့အညီ မြန်မာ့နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံညီလာခံကို ရည်ရွယ်ချက် သုံးချက်နဲ့အညီ ကျင်းပခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ရည်ရွယ်ချက်သုံးရပ်မှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ်ချုပ် ငြိမ်းရေး၊ ဘာသာပေါင်းစုံ အတူလက်တွဲ၍ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့ကို အခြေ ခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် စုံလင်ကွဲပြားသော လူမျိုးဘာသာများ အကြား ခွဲခြားဆက်ဆံမှုများပပျောက်၍ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နှင့် လက်တွေ့ကျင့်သုံးခွင့်တို့ ကို အပြည့်အဝင်အာမခံရေးတို့ဖြစ်ကြောင်း ၎င်းကဆိုသည်။
ညီလာခံကို နှစ်ရက်တာကျင်းပခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင် ပင်ခံကောင်စီနှင့် တော်လှန်ရေးအဖွဲ့များသို့ အချက်ငါးချက်ပါသည့် အကြံပြုချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယင်းတို့မှာ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူနည်းစုအခွင့်ရေးကိုအာမခံသည့် ဥပဒေများရေးဆွဲရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေများအပါအဝင် ပြည်သူလူထုကို ခွဲခြားဖိနှိပ်သည့်ဥပဒေများကို အပြီးတိုင်ဖျက် သိမ်းရန်၊ လူမှုသဟဇာတ ဖော်ဆောင်ရေးလုပ်ငန်းများကို တော်လှန်ရေးမျက်နှာစာအသီးသီးတွင် အမြန် ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လာမည့်ပညာရေးစနစ်တွင် မတူကွဲပြားမှုများ၊ လိင်စိတ်ခံယူမှု ကွဲပြားမှုများနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စုံလင်ကွဲပြားမှုများကို လက်ခံအသိအမှတ်ပြုသည့် ပြဋ္ဌာန်း ချက်များ ထည့်သွင်းရေးဆွဲရန်နှင့် စစ်ကောင်စီ၏ ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် ထိရောက်၍ လက်တွေ့ကျသော အပြစ်ပေးအရေးယူမှုများနှင့် ကျူးလွန်ခံရသူများအတွက် လုံလောက် သည့်ကုစားမှုများ အမြန်ဆုံးဆောင်ရွက်ရန်တို့ ဖြစ်သည်။
စာတည်း။ ။စောဖေ
#ဘာသာပေါင်းစုံညီလာခံ
#နွေဦးတော်လှန်ရေး
#ဘာသာရေးလွတ်လပ်ခွင့်

👍12🤮1
This media is not supported in your browser
VIEW IN TELEGRAM
မကွေးတိုင်း၊ ယောနယ်မှာ တောင်သူတွေရဲ့ နှမ်းခင်းတွေကို PDF တွေက ဓားပြတိုက်တယ်ဆိုတဲ့သတင်းမှား ပျံ့နေပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် https://www.mizzimaburmese.com/article/132756
#Misinformation_Buster #Fake_News #Shorts #Reels #PDF #မကွေး #ယော

👍2🔥1
(ရခိုင်ပြည်နယ်မြောက်ပိုင်းပဋိပက္ခ ဖြေရှင်းရေး) | Common Ground- Episode (5)
========================
ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။
https://youtu.be/1ShBXqC6D94?si=lvGlSBgbXTcq2BfD
#commonground
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။
https://youtu.be/1ShBXqC6D94?si=lvGlSBgbXTcq2BfD
#commonground
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
(ရခိုင်ပြည်နယ်မြောက်ပိုင်းပဋိပက္ခ ဖြေရှင်းရေး) | Common Ground- Episode (5)
ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။
#commonground
#mizzimatv
-------------…
#commonground
#mizzimatv
-------------…
👍5🔥1
အသုတ်မြို့တွင် ရဲစခန်းမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးပစ်ခံရ ၊ ဒေသခံ ၁၀ ဦးကျော်ကို စစ်ကောင်စီ ဖမ်းဆီး
==================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် ရဲစခန်းမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးပစ်ခံရပြီးနောက် ဒေသခံ ၁၀ ဦးကျော် ဖမ်းဆီးခံထားရကြောင်းဒေသခံများထံက သိရသည်။
သြဂုတ်လ ၃၀ ရက်တွင် အလှူမှပြန်လာသည့် အသုတ်မြို့မရဲစခန်းမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အသုတ်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ Happy လ္ဘက်ရည်ဆိုင်၌ ထိုင်နေစဥ် ဆိုင်အတွင်း ၎င်းတို့ရှိရာ စားပွဲအနီးသို့ လက်ပစ် ဗုံးပစ်သွင်းခံခဲ့ရသည်။
ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လ္ဘက်ရည်ဆိုင်အတွင်းသို့ ဗုံးပစ်ထည့်ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်ဟု ဒေသခံတစ်ဦးကပြောသည်။
ပစ်သွင်းခံခဲ့ရသည့် လက်ပစ်ဗုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြပြီး သေနတ်များဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့သည်ဟု ဒေသခံကပြောသည်။
"ဗုံးလာပစ်တဲ့လူတွေ တော်တော်ဝေးဝေးရောက်မှ စစ်သား
နဲ့ရဲတွေဘက်က လိုက်ပစ်တာပါ။ လာပစ်တဲ့လူတွေ အကုန်လွတ်တယ်လို့ သိရတယ်။ မပေါက်တဲ့ဗုံးကိုတော့ စစ်သားတွေက သေနတ်နဲ့ ဝိုင်းပစ်လိုက်ကြတယ် ။သေနတ်ပစ်တာ စုစုပေါင်း ၁၇ ချက်လောက်ရှိတယ်"ဟု ၎င်းကဆိုသည်။
ထိုသို့ ပစ်ခတ်မှုများပြုလုပ်ပြီး မြို့အနှံ့ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ကာ အသုတ်မြို့ အမှတ် (၂ ) ၊ ( ၃ ) နှင့် ( ၅ ) ရပ်ကွက်မှ ဒေသခံ အမျိုးသား ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံကပြော သည်။
ဖမ်းဆီးခံကသူများမှာ တော်လှန်ရေးနှင့် ပတ်သတ်ဆက်နွှယ်သူများမဟုတ်သည့် သာမန်အရပ်သားများဖြစ်ကြောင်း၊ လက်ရှိ အသုတ်မြို့မရဲစခန်း၌ ဖမ်းဆီးထားရပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မရကြောင်း သိရသည်။
ဗုံးပစ်တိုက်ခိုက်မှုနှင့်ပတ်သတ်၍ တော်လှန်ရေးအင်အားစုများဘက်မှ ထုတ်ပြန်ထားခြင်း တစ်စုံတစ်ရာမရှိသေးကြောင်း မဇ္စျိမကစုံစမ်းသိရှိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အသုတ်မြို့
#ဗုံးပစ်ခံရ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

👍10😁2❤1🤬1
မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် စစ်ဘေးရှောင်ကျေးရွာ ၂၆ ရွာအထိရှိလာ
======================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် စစ်ဘေးရှောင်ရသည့် ကျေးရွာအရေအတွက် ၂၆ ရွာအထိ ရှိလာကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
မုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်ဖွဲများနှင့် စစ်ကောင်စီတပ်သားများအကြား တိုက်ပွဲဖြစ်ပွားနေကြောင်း KNU ထံက သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်အား KH-W ဂျက်ဖိုက်တာတစ်စီးနှင့် MI-35 ဟယ်လီကော်ပတာတို့ဖြင့် လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကောင်စီအထိုင်တပ်ရင်းများမှ လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် အနီးအနားရှိ ကျေးရွာ ၂၆ ရွာ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။
" တော်တော်များများက အခု တော်တော် ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပေါ့။ သစ်ချဆိပ်ဘက်ရယ်၊ ဒီဘက်မှာဆိုရင် ကြက်တက်ညောင်ပင်သာနဲ့ ကရင်ကျ၊ သမန်းကျင်းဘက်မှာ စစ်ဘေးရှောင်တွေ တော်တော်များများရှိပါတယ်။ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအတိုင်းအတာနဲ့ စာရင်းကောက်ခံတာ အကုန်တော့ မရသေးဘူး" ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မုန်းမြို့နယ်)တာဝန်ရှိသူတစ်ဦးက ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က မဇ္ဈိမကိုပြောသည်။
စစ်ဘေးရှောင်ကျေးရွာ ၂၆ ရွာအနက် KNU အနေဖြင့် ကျေးရွာ ၁၃ ရွာကို တိတိကျကျ စာရင်းကောက်ယူထားနိုင်ပြီး အဆိုပါ ကျေးရွာများတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံ စုစုပေါင်း ၆,၃၂၉ ဦး ရှိကြောင်း KNU က ဖော်ပြထားသည်။
ဆက်လက်၍ KNU အနေဖြင့် ညောင်ပင်သာကျေးရွာ၊ ကြက်တက်ညောင်ပင်သာကျေးရွာ၊ ကရင်ကျကျေးရွာ၊ ယောက်သဝကျေးရွာ၊ လှည်းလမ်းကူးကျေးရွာ၊ တလအိုင်ကျေးရွာ၊ ကျောက်ကြီးဘက်ကမ်းကျေးရွာ၊ နှောတောကျေးရွာ၊ မဲဖလန်ကျေးရွာ၊သရက်တန်းကျေးရွာ၊ သမန်းကျင်းကျေးရွာ၊ ဘွာအိမ်စုကျေးရွာနှင့် မိကျောင်းခေါင်းကျေးရွာ စသည့် ကျေးရွာ ၁၃ ရွာမှ စစ်ဘေးရှောင်လူဦးရေစာရင်းအား ဆက်လက်ကောက်ခံလျက်ရှိကြောင်း သိရသည်။
ဒေသခံများအနေဖြင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်ရှိနေခဲ့သည့် ၎င်းတို့၏ အိုးအိမ်၊ စည်းစိမ်များသည်လည်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် ပျက်စီးခြင်း၊ မီးရှို့ခံရခြင်း၊ စစ်ကောင်စီတပ်၏ ယူဆောင်ခံရခြင်းများရှိကြောင်း ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီဝင်ထံက သိရသည်။
" စစ်ကောင်စီတပ်သားတွေက မနေ့ကအထိဆိုရင် ပြည်သူတွေရဲ့အိမ်ပေါ်တက်တယ်။ ပစ္စည်းတွေယူတယ်။ ကျွဲ၊ နွားတွေကို ဆွဲယူတယ်။ ပြည်သူတွေက ပြောတဲ့အခါကျတော့ ပစ်သတ်တာတွေ လုပ်တယ်။ ပြီးတော့ ရွာမီးရှို့တာတွေလည်း လုပ်တယ်" ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (မုန်းမြို့နယ်) မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
မုန်းမြို့နယ်မှ စစ်ဘေးရှောင် ဒေသခံများအတွက် ကရင်အရပ်ဘက်ကူညီကယ်ဆယ်ရေးအဖွဲ့ (KRC) က စားနပ်ရိက္ခာများ၊ ဆေးဝါးကုသမှုများကို ကူညီပေးလျက်ရှိသော်လည်း မိုးရာသီဖြစ်သည့်အလျောက် အဆိုပါ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မုန်းမြို့နယ်
# စစ်ဘေးရှောင်ကျေးရွာ
ပုံအညွှန်း - ပုံ(၁) - ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအချို့အား တွေ့ရစဉ်၊ ပုံ (၂) (၃) (၄) (၅) (၆)- စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် နေအိမ်ပျက်စီးမှုအချို့ (ဓါတ်ပုံ- KNU)

👍4🤬3🔥1