Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ဗိုလ်နဂါးအဖွဲ့ ဖြစ်တဲ့ MRDA ကို NUG-MOD က အကြမ်းအဖွဲ့လို့ ကြေညာလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတုတစောင် ပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် t.ly/UkDGV

#Misinformation_Buster #Fake_News #Shorts #Reels #MRDA #ဗိုလ်နဂါး #NUG_MOD
👍3🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ စက်တင်ဘာ ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေး အစိုးရ

• အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန မှာ မှတ်ပုံတင် (Register) ပြုလုပ်ရန် ကျန်ရှိနေသည့် အလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများ အနေဖြင့် ဝန်ကြီးဌာန၏ email: oe @mol.nugmyanmar.org ကို ဆက်သွယ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံး ထားကာ မှတ်ပုံတင် စာရင်းသွင်းကြရန် အသိပေးထားသည်။

• တော်လှန်ရေးမှာ PDF များနှင့် အတူတူ ဆိုးတူကောင်းဘက် ထောက်ပို့တာဝန်ကို တူတူထမ်းကြ မည့် ရဲဘော်များကို လက်ကမ်းကြိုဆိုကြောင်းPeople’s Revolution Supply Family လူမှုကွန် ယက်စာမျက်နှာမှာ ရေးသားထားသည်။

• စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တို့ ပူးပေါင်းပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တွေအတွက် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးသင်တန်းကို စက်တင်ဘာ ၂ရက် နေ့လယ် (၂)နာရီအချိန်မှာ ကျင်းပ ပြုလုပ်ခဲ့သည်။

• မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းပြီး မွန်ပြည်နယ်၊ ရေးမြို့နယ် ရန်သူ့ တပ်စခန်းနေရာကို လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နောက် ထိခိုက်သေဆုံးတဲ့ လူနာတင်ကား ၂ စီးဖြင့် သယ်ထုတ် သွားကြကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က ထုတ်ပြန်သည်။
👍7🔥1
လောင်းလုံးမှာ “‌‌ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ခေါင်းစဉ်နဲ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်
===================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းက ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရ သည်။

အဆိုပါ လှုပ်ရှားမှုကို ‌ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး “‌‌ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”စာသားပါ ဘန်ကိုင်ဆွဲ ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#လောင်းလုံး
#ဆန္ဒဖော်ထုတ်

website link >>> http://www.mizzimaburmese.com/article/132940

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤1🔥1
​​The Face Reader
=========

ဂျိုဆွန်းခေတ်မှာ မျက်နှာသွင်ပြင်ကိုကြည့်ပြီးဗေဒင်ဟောပေးနိုင်တဲ့ နာမည်ကြီးဆရာတစ်ယောက်ပေါ်ပေါက်ခဲ့ဖူးပါတယ်....

လူသူကင်းမဲ့တဲ့ ပင်လယ်နားတောင်ပေါ်မှာနေထိုင်တဲ့သူဖြစ်ပေမဲ့ဒီသတင်းဟာ မြို့တော်ထဲကိုပျံ့နှံ့သွားခဲ့တယ်..

တိုင်းပြည်ကိုသစ္စာဖောက်ခဲ့ဖူးတဲ့ ဖခင်ဖြစ်သူကြောင့်လူသူကင်းမဲ့ရာမှာ ဇာတ်မြှုပ်ပြီးနေခဲ့ပေမဲ့သားဖြစ်သူရဲ့ တောင်ဝင်မင်းမှုထမ်းဖြစ်ချင်တဲ့ဆန္ဒမိသားစုဂုဏ်ကို ပြန်လည်ဆယ်ယူလိုတဲ့ဆန္ဒကြောင့်မြို့တော်ထဲကို ပြန်လည်ဝင်ခဲ့ရာကနေသူ့သတင်းဟာ နန်းတော်ထဲထိ ရောက်သွားခဲ့ပါတယ်....

မူလပထမမှာတော့ ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးဖို့အတွက် သူ့ကိုခန့်အပ်ထားခဲ့ပေမဲ့ မင်းကြီးရဲ့ အထူးတာဝန်ကိုပေးအပ်ခြင်းခံခဲ့ရတယ်ဒီလိုကနေ ခေတ်ရဲ့ဒဏ် စနစ်ရဲ့ဒဏ်ကြားမှာမြေစာပင်ဖြစ်ခဲ့ရတဲ့ လူတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်ကြည့်ရှုလိုက်ကြပါဦး....

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၃.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
❤4🔥1
​​မြဝတီရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ခရိုင်မှူးအပါအဝင် ၁၂ ဦးထိခိုက်
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ မြဝတီမြို့ ရဲစခန်း ယနေ့ စက်တင်ဘာလ ၃ ရက် ည ၇ နာရီအချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ၍ ခရိုင်မှူးအပါအဝင် ၁၂ ဦးထိခိုက်သည်ဟု မြဝတီမြို့ဒေသခံများနှင့် ရဲတပ်ဖွဲ့နှင့်နီးစပ်ရာအသိုင်းအဝိုင်းက မဇ္ဈိမကိုပြောသည်။

ဒရုန်းဖြင့် ဗုံးသီးသုံးလုံးကြဲချတိုက်ခိုက်သွားခြင်းဖြစ်ကာ အထိအခိုက် အပျက်အစီးရှိနိုင်ကြောင်း ဗုံးပေါက်ကွဲစဉ်က အဆိုပါ ရဲစခန်းအနီးရောက်ရှိနေသူဒေသခံက မဇ္ဈိမကိုပြောသည်။
“အသံတော်တော်ကိုကျယ်တယ် တမြို့လုံးကြားလိုက်ရတယ်။ ကျွန်တော်အဲ့ဒီနားမှာရောက်နေတုန်း ပေါက်ကုန်တာ" ဟု အဆိုပါ ဒေသခံကပြောသည်။

အဆိုပါ ဗုံးသီးများသည် ရဲစခန်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ခရိုင်မှူးအပါအဝင် ၁၂ ဦးထိခိုက်မှုရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးမှပြောသည်။

"လတ်တလော သတင်းရထားတာ ခရိုင်မှူးအပါ ၁၂ ဦးထိထားတယ်။ သေဆုံးမသိရသေးဘူး အထိစာရင်းကိုပဲသိထားသေးတယ်" ဟု ၎င်းကပြောသည်။

စခန်းတွင်းပျက်စီးမှုအခြေအနေအသေးစိတ်နှင့် ထိခိုက်မှုများအားအတိအကျသိရှိနိုင်ရန် မဇ္ဈိမကဆက်လက်စုံစမ်းနေသည်။
ထိုသို့ ဗုံးကျပေါက်ကွဲပြီးနောက် ရဲစခန်း အပါအဝင်အနီးအနားပတ်ဝန်းကျင်၌ မီးပျက်သွားကြောင်း ဒေသခံက ပြောသည်။
ထို့နောက် ရဲစခန်းပတ်ဝန်းကျင်၌ လူခြေရှင်းလင်းသွားကြောင်းနှင့် စခန်းအတွင်းမှ ပစ်ခတ်သံတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိကြောင်း ဆိုသည်။

“မြဝတီမြို့ပေါ်မှာဆိုရင် အဲ့စခန်းတခုပဲရှိတယ်။ ဆိုင်တွေလည်းပိတ်လိုက်ကြတယ်။ စခန်းက မြို့လည်ခေါင်တည့်တည့်လေ လူတော်တော်ရှင်းသွားပြီအခု” ဟုဒေသခံက ပြောသည်။
အဆိုပါ ရဲစခန်းဝန်းအတွင်း ရဲဝန်ထမ်းအိမ်ယာများရှိပြီး ရဲမိသားစုများပါ နေထိုင်သည်ဟု သိရှိရသည်။

တိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်းမသိရှိရသေးပေ။

ယနေ့ စက်တင်ဘာ ၃ရက်နေ့ ညပိုင်းတွင် မြဝတီမြို့လက်ခတ်တောင်စခန်းကုန်း၌လည်း လက်နက်ကြီးပစ်ခတ်သံများကျယ်ကျယ်လောင်လောင်ထွက်ပေါ်လျက်ရှိကြောင်း မြဝတီဒေသခံများနှင့် မြဝတီတဖက်ကမ်း မဲဆောက်မြို့ရှိ မြန်မာအသိုင်းအဝိုင်းထံကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြဝတီရဲစခန်း
#ဒရုန်းဖြင့်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤3👏3😁2
​​အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဝေဒနာ ခံစားရ၍ စစ်ဆေးမှုခံယူခဲ့ရ
==================

001
(မဇ္စျိမ)။ ။ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားနှင့် ပတ်သက်သည့် ဝေဒနာခံစားရသည့်အတွက် စစ်ဆေးမှု ခံယူခဲ့ရကြောင်း တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။

“အခု ကောင်းသွားပြီ။ အဲ့တာ ရှေ့နှစ်ပတ်လောက်ကလို့ ပြောတာပဲ။ အခုကတော့ အကုန်လုံးစစ်ဆေးပြီးသွားပြီ။ ကောင်းတယ်ပေါ့နော်။ အဲ့ဒီလို သိရတယ်။ သွားနာတာ ။ သွားဖုံးယောင်တာပေါ့”ဟု တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားနေပြည်တော်အချုပ်ထောင်မှ နေအိမ်အကျယ်ချုပ် ပြန်လည်ပြောင်းရွှေ့ကြောင်း ဇူလိုင်လအတွင်းက သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီကမူ ယင်းအပေါ် တစ်စုံတစ်ရာ အတည်ပြုပြောဆိုခြင်း မရှိခဲ့ပေ။

သို့သော် အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းကို တပတ်လျှင် တကြိမ် နေပြည်တော်အချုပ်ထောင်မှာပင် ဆက်လက် ပို့ဆောင်နေရဆဲဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ထိုအထဲမှ ထောင်ဒဏ် ခြောက်နှစ်ကို ပြစ်ဒဏ်လျော့ပေါ့ပေးကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#သွားဝေဒနာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢27❤9👍6👏1🍌1
ပုလောနှင့်တနင်္သာရီတွင် စကစ ကလက်နက်ကြီးဖြင့်ပစ်ခတ်၊အသက်မပြည့်သေးသူအပါအဝင် အရပ်သားထိခိုက်မှုများရှိ
====================

ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း မြိတ်ခရိုင်ထဲက စစ်အုပ်ချုပ်ရေး ကြေညာထားသော ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီ ဘက်က အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါဝင် အရပ်သားများ ထိခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များတို့ထံကသိရ သည်။

ပုလောမြို့နယ်၊ ပလမြို့ ပလရဲစခန်းရှိ စစ်ကောင်စီတပ်က စင်တင်ဘာလ ၁ ရက်နေ့ နေ့လယ်၁၂ နာရီခန့် ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် အမှတ် (၃) ရပ်ကွက်ရှိ ဆားဖိုဆိပ်ကမ်းနှင့် ရွှေမော်သိမ်စေတီဘက် ကျ‌ရောက် ပေါက်ကွဲခဲ့သည်။ ထိုလက်နက်ကြီး ကျည်စသည် ဆယ်ကျော်သက်အရွယ် ရှစ်တန်းကျောင်းသားတဦး ရင်ဝသို့ ထိမှန်ပြီး အခြေအနေစိုးရိမ်ရ၍ မြိတ်မြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ ထို့ပြင် အခြားအရပ်သား ငါးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။


မြိတ်ခရိုင် တပ်ရင်း (၁) သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုအာနိုးက“ပလမြို့ ရေဆိပ်ကမ်းမှာ ကျွန်တော်တို့ ရဲဘော်တွေ ဝင်ရောက် လှုပ်ရှားလို့ အဝေးကနေ စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာပါ။ တိုက်ပွဲ ဖြစ်တာမျိုး မဟုတ်ပါဘူး”ဟု ပြောသည်။

ပုလောမြို့နယ်တွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက ဇရပ်ဆိပ်ကျေးရွာမှ ကြဲကျေးရွာအထိ လမ်းပိုင်းကို လတ်တလောထိန်းချုပ်ထား၍ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် မကြာခဏ ရမ်းသန်းပစ်ခတ်လျက်ရှိသည်။ ထို့ကြောင့် ထိတွေ့တိုက်ပွဲများမရှိသော်လည်း ခရီးသွားပြည်သူများနေဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်‌နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များက ထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို အမြဲနားစွင့်ပြီး မလိုအပ်ဘဲ ခရီး မသွားရန် မေတ္တာရပ်ခံကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုအတူ တနင်္သာရီမြို့နယ်တွင် လယ်တောင်ယာရွာ ပြည်ထောင်စု လမ်းမပေါ်တွင် တနင်္သာရီ-ပ.က.ဖ၊ မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ-၂ ပူးပေါင်း တပ်ဖွဲ့တို့ သည် ခရီးသွား ပြည်သူ များ ဘေးကင်း လုံခြုံရေး အတွက် စက်တင်ဘာ ၂ ရက်နေ့ နံနက် ၈ နာရီခန့်က စစ်ဆေးခဲ့သည်။ ထို့နောက် ထိုပူးပေါင်း တပ်ဖွဲ့သည် တနင်္သာရီမြို့ အဝင် ဗိုလ်ချုပ် ကြေးရုပ်အနီး တပ်စွဲထားသော စစ်ကောင်စီတပ်အား သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုသည် ၁၅ မိနစ်ခန့် အပြန်အလှန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားနေအိမ် နှစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး နှစ်ဖက် ထိခိုက်မှု မရှိသော်လည်း စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား နေအိမ် နှစ်လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မြိတ်ခရိုင်ထဲက ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲတွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

https://youtu.be/wo-6Fs5j7BE?si=nJhwIZwKC1YUf6si

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ပုလောမြို့နယ်
#တနင်္သာရီမြို့နယ်

(တနင်္သာရီမြို့တွင် တိုက်ပွဲဖြစ်ပွားစဉ် ရုပ်သံ)

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬8👍1😁1🤯1
တနင်္ဂနွေနေ့ည ဘွန်ဒက်လီဂါ ပွဲစဉ်(၃) ရလဒ်များ
==============

Frankfurt 1 - 1 Koln
Nkounkou 87'
Kainz 43'(Pen)

Union Berlin 0 - 3 RB Leipzing
Simons 51'
Sesko 85' , 87'

#Bundesliga
#Footballnews
Photo - Twitter
👍6🔥1