Media is too big
VIEW IN TELEGRAM
ပဒေသာဗုံးလို့ခေါ်တဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ဗုံးသုံးတာ ချက်ချင်းရပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို
Watch more detail - https://youtu.be/x2ZQB0KmMyc
#PoliticalNews
#reels
#shorts
#MizzimaTV

👍7🤣2
မီဒီယာကို စောင့်ကြည့်အရေးယူရန် စစ်ခေါင်းဆောင် ညွှန်ကြား
====================
001
(မဇ္စျိမ)။ ။မီဒီယာများအား စောင့်ကြည့်အရေးယူမှုများတိုးမြှင့်သွားမည့် ညွှန်ကြားချက်တခုကို စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။
“နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ မရှိစေရေးအတွက် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်သွားရန်” ဟု စစ်ခေါင်းဆောင်က ပြောသွား ခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာ ၁၀ ခုကျော်ကို လိုင်စင်ပိတ်သိမ်းခြင်းနှင့် သတင်း ထောက်များကို ဖမ်းဆီးခြင်း၊ စာပေတိုက်အချို့ကို ပုံနှိပ်ထုတ်ဝေခွင့် ပိတ်သိမ်းခြင်းများပြုလုပ်ခဲ့သည့် အပြင် ပုံနှိပ်ထုတ်ဝေရေးဉပဒေကိုလည်း ပြင်ဆင်ခဲ့သည်။
စစ်ကောင်စီက ၎င်းတို့အား ဝေဖန်ပြောဆိုသူများကို ဖိနှိပ်မှုများလုပ်ဆောင်နေပြီး လျှပ်စစ်မီးပျက်၍ စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနကိုဝေဖန်ခဲ့သည့် တေးသံရှင် ဗျူဟာကို ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့သည်။
စစ်ကောင်စီကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့် လုံးဝဆုံးရှုံးနေပြီး နယ်စည်းမခြားသတင်းထောက်များ အဖွဲ့(RSF)၏ ၂၀၂၃ ခုနှစ် မေလကထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ တွင် အောက်ဆုံး ၁၀ နိုင်ငံထဲတွင် ပါဝင်နေသည်။
ထို့ပြင် ဂီတ၊ ရုပ်ရှင်ကဏ္ဍတွင်လည်း အနုပညာသမားများ ဖမ်းဆီးခံရခြင်းများ ဆက်လက်ရှိနေပြီး ရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲများကို ခွင့်ပြုချက်ရယူပြီးမှပြသရန် ညွှန်ကြားခြင်းများလည်း စစ်ကောင်စီက ပြုလုပ်ခဲ့သည်။
အာဏာသိမ်းပြီးနောက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ထိန်းချုပ်ခံနေရပြီး အွန်လိုင်းမှ ပြောဆိုရေး သားမှုများလည်း စောင့်ကြည့်ခံနေရကာ စစ်ကောင်စီအပေါ် ဝေဖန်ရေးသားသူများ၊ အမျိုးသားညီညွတ် ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့အား ထောက်ခံရေးသားသူများ ဖမ်းဆီးခံနေရ သည်။
စာတည်း။ ။စောဖေ
ဓာတ်ပုံ- ရန်ကုန်မြို့ လှည်းတန်းတွင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မြင်ကွင်း
#လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
#မီဒီယာ
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😁6❤2👍1🔥1👏1
ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် KNDO ရဲဘော် ၃ ဦး ကျဆုံး
====================
YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် KNU တပ်မဟာ(၁) ပူးပေါင်းစစ်ကြောင်းတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွား၍ KNDO ရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
“စစ်ယာဉ်တန်းလာမယ်ဆိုပြီး သတင်းရလို့ RPG တွေနဲ့ပစ်ဖို့သွားတာ။ ဒါပေမယ့် လမ်းမှာ ကင်းပုန်းလာ ကြိုစောင့်နေတဲ့ကောင်တွေနဲ့တိုးတာ၊ စစ်ကြောင်းရဲ့အနောက်ဆုံးက လေးယောက် အဝိုင်းခံလိုက်ရတာ၊ ကိုယ့်ဘက်က ခံလိုက်ရတာပေါ့” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြော သည်။
စက်တင်ဘာလ ၄ ရက် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းအနီးရှိ တောင်ထန်းတော၌ စစ်ကောင်စီကင်းပုန်းများနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ PDF ပူးပေါင်းစစ်ကြောင်း (သူရိယစစ်ကြောင်း)အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကိုယ့်ဘက်က KNDO တပ်ကြပ်တဦးနဲ့ တပ်သားနှစ်ဦး ကျသွားတာပေါ့။ သူတို့ဘက်က အထိအခိုက် မရှိ ဘူး။ ကိုယ့်ဘက်က အလစ်အဝိုင်းခံလိုက်ရတာကိုး” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောဆို သည်။
ထိတွေ့တိုက်ပွဲသည် ၁၅ မိနစ်သာကြာမြင့်ခဲ့သော်လည်း တပ်မဟာ(၁)ပူးပေါင်းစစ်ကြောင်းမှ KNDO တပ် ကြပ်တဦးနှင့် တပ်သားနှစ်ဦး ကျဆုံးခဲ့ရကာ RPG တလက်၊ M-16 တလက်၊ M-22 တလက်၊ RPG ကျည် နှစ်လုံးနှင် ကျည်ဆန်အချို့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရန်ကုန်-မော်လမြိုင်ကားလမ်းအား စစ်ကောင်စီတပ်က တနာရီခန့် ကူး သန်းသွားလာခွင့် ပိတ်ဆို့ထားခဲ့ကြောင်း အလူးလေးကျေးရွာ ဒေသခံတဦးထံက သိရသည်။
ဘီးလင်းမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် တပ်မဟာ (၁) KNLA ၊ KNDO ၊ PDF ပူးပေါင်းတပ်ဖွဲ့များ အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး နှစ်ဖက်ထိခိုက်၊ သေဆုံးမှု မကြာခဏဖြစ်ပေါ်လေ့ရှိသည်။
စာတည်း။ ။စောဖေ
#မွန်ပြည်နယ်
#ဘီးလင်းမြို့နယ်
#ရန်ကုန်-မော်လမြိုင်ကားလမ်း
ပုံအညွှန်း - စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြထားသော သူရိယစစ်ကြောင်းမှ လက်နက်များ

👍12😢11❤1😱1👌1
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး ၃ ဦး သေဆုံး
===================
ပါခွီး (မဇ္စျိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသွား ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
စက်တင်ဘာလ ၃ ရက်နေ့ ည ၆ နာရီဝန်းကျင်က မြိုင်မြို့နယ်တောင်ပိုင်း စက်မှု(၂)အတွင်းမှ စစ်ကောင်စီ အင်အား ၃၀ ခန့်သည့် ကိုင်းတောမရွာရှိ ရေစက်စောင့်တပ်နှင့် အပြောင်းအလဲပြုလုပ်ပြီး ပြန်လာစဥ် လမ်းတနေရာ၌ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးသည်ကို မျက်မြင်တွေ့ခဲ့ရကြောင်း ဝံပုလွေပြောက် ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မီးပွားကမဇ္စျိမကို ပြောသည်။
“ကျနော်တို့က သူတို့လာမယ်ဆိုတာ မသိဘူး၊ စစ်ကြောင်းထိုးနေတဲ့တပ်ကို စောင့်နေတာ၊ သူတို့ကလည်း စစ်ကြောင်းရှိလို့ Cover ရမယ်ထင်ပြီး ပြောင်းလာတာ၊ သုံးယောက်သေတာ မျက်မြင်တွေ့ခဲ့တာပါ” ဟု ၎င်းးက ဆိုသည်။
စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ကားကို ၁၀ မိနစ်ကြာ အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြန်မပစ် နိုင်ဘဲ ကားထဲတွင် ဝပ်နေကြကြောင်း ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင် ပကဖ တပ်ရင်း(၃) တပ်ခွဲ(၁) ၊ Cobra တပ်ဖွဲ့ (မြိုင်) ၊ Myaing Under Ground Defence Force (MUGDF) နှင့် မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(မြိုင်ပကဖ တပ်ရင်း(၁) တပ်ခွဲ(၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက် မရှိကြောင်း ဆိုသည်။
သေဆုံးသွားသည့် စစ်ကောင်စီတပ်သား သုံးဦးကို စက်တင်ဘာလ ၄ ရက် ယနေ့ နံနက်ပိုင်းတွင် ချိုင် ဇောက်ရွာသင်္ချိုင်း၌ လာရောက်မြှုပ်နှံသွားကြောင်း ဗိုလ်မီးပွားက ဆက်ပြောသည်။
မြိုင်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိနေပြီး ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် သရက်ကွ(ပျူစောထီး)ရွာအနီးသို့ရောက်နေကာ အုပ်စုသုံးစုခွဲပြီး သွား နေသဖြင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြော သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
https://youtu.be/JRiWYp4As98?si=8oIM45gOJLomvlGG
#မြိုင်
#စစ်ကောင်စီတပ်
#ကြားဖြတ်တိုက်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး ၃ ဦး သေဆုံး
ပါခွီး (မဇ္စျိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသွား ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
စက်တင်ဘာလ ၃ ရက်နေ့ ည ၆ နာရီဝန်းကျင်က မြိုင်မြို့နယ်တောင်ပိုင်း စက်မှု(၂)အတွင်းမှ…

❤11👏5😁1
KNU တပ်မဟာ (၅)တွင် သြဂုတ်လအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီဗိုလ်ကြီးအပါ ၈၈ ဦးသေဆုံး၊၅၇ ဦးဒဏ်ရာရ
===================
002
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၄၃ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဗိုလ်ကြီးတဦးအပါအဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်အကြား တိုက်ပွဲများနှင့် ပတ်သက်၍ KNU မူတြော်ခရိုင်က ယမန်နေ့ စက်တင်ဘာလ ၃ရက်တွင် အထက်ပါအတိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။
ဩဂုတ်လ တလတာ(ဩဂုတ် ၁ရက်မှ ၃၁ရက်)အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များခဲ့သလို စစ်ကောင်စီရုံး အဆောက်အအုံ ခုနစ်လုံးနှင့် စစ်သုံးကားတစီးကိုလည်း ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNLA ဘက်တွင်လည်း စစ်သည်ငါးဦး အသက်ဆုံးရှူံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။တိုက်ပွဲများအတွင်း ကျေးရွာများနှင့် တောင်ယာလုပ်ငန်းခွင်များသို့ စစ်ကောင်စီက လက်နက်ကြီးကျည် စုစုပေါင်း ၉၆ လုံး ပစ်ခတ်ခဲ့ကြောင်း၊သြဂုတ် ၁၈ ရက်က တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံးလေးလုံးကို ဘောကျို့လယ်ရွာနှင့် ပိုဂါရွာအကြား ကြဲချခဲ့သည်ဟု KNU မူတြော်ခရိုင်ကထုတ်ပြန်သည်။
လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း KNUတပ်မဟာ (၅)နယ်မြေ မူတြော်ခရိုင်အတွင်း တိုက်ပွဲ၁၈၉ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၉ဦးသေဆုံးကာ ၈၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော်ခရိုင်က ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် KNUတပ်မဟာ (၅)နယ်မြေ မူတြော်ခရိုင်အတွင်း နှစ်လတာတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၁၉၇ဦးအထိ သေဆုံးခဲ့သည်ဟု သိရသည်။
လက်ရှိ စက်တင်ဘာလဆန်းတွင်လည်း KNUတပ်မဟာ (၅) နယ်မြေ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
စာတည်း - အေးချမ်း
#mizzima
#KNUတပ်မဟာ (၅)၊
#KNLA
#စစ်ကောင်စီ၊BGFပူးပေါင်းတပ်
KNU တပ်မဟာ(၅) နယ်မြေအတွင်း စစ်ကောင်စီလက်နက်ကြီး ထိမှန်၍ အရပ်သားတဦး ထိခိုက်ဒဏ်ရာရခဲဲ့စဉ် (ပုံဟောင်း)
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

👍13❤3👏1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်ရဲ့အကောင့်ကို ဖေ့စ်ဘုတ်က ပြန်ဖွင့်ပေးခဲ့
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

😁4😱1
INSIDE THE TNLA – Crisis Group report delves into importance of this Shan State militia
=================
https://youtu.be/YzVd3wAEfaw?si=DpPqVhXVho2LUAi8
=================
https://youtu.be/YzVd3wAEfaw?si=DpPqVhXVho2LUAi8
YouTube
INSIDE THE TNLA – Crisis Group report delves into importance of this Shan State militia
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe our channel:
https://www.yout…

👍7🔥1
This media is not supported in your browser
VIEW IN TELEGRAM
အစိုးရတွေအနေနဲ့ ခရစ်ယာန်သာသာနာပြုဘုရားကျောင်းတွေကို ကြောက်ရွံ့စရာမရှိကြောင်း ပုပ်ရဟန်းမင်းကြီးပြော
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🤮3👍2
စက်တင်ဘာလ (၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
00:56 - အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဝေဒနာ ခံစားရတာကြောင့် စစ်ဆေးမှုခံယူ ခဲ့ရတဲ့ သတင်း
01:58 - မီဒီယာကို စောင့်ကြည့်အရေးယူဖို့ စစ်ခေါင်းဆောင်ညွှန်ကြားတဲ့ သတင်း
06:34 - ငါန်းဇွန်မြို့နယ် သားကျင်ရွာခံ ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားတဲ့ သတင်းနဲ့
09:10 - ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်ရဲ့အကောင့်ကို ဖေ့စ်ဘုတ်ကပြန်ဖွင့်ပေးခဲ့တဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/O8DlAgvRQig?si=zowWeAscuPE59fVS
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
00:56 - အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဝေဒနာ ခံစားရတာကြောင့် စစ်ဆေးမှုခံယူ ခဲ့ရတဲ့ သတင်း
01:58 - မီဒီယာကို စောင့်ကြည့်အရေးယူဖို့ စစ်ခေါင်းဆောင်ညွှန်ကြားတဲ့ သတင်း
06:34 - ငါန်းဇွန်မြို့နယ် သားကျင်ရွာခံ ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားတဲ့ သတင်းနဲ့
09:10 - ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်ရဲ့အကောင့်ကို ဖေ့စ်ဘုတ်ကပြန်ဖွင့်ပေးခဲ့တဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/O8DlAgvRQig?si=zowWeAscuPE59fVS
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:56 - အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားဝေဒနာ ခံစားရတာကြောင့် စစ်ဆေးမှုခံယူ ခဲ့ရတဲ့ သတင်း
01:58 - မီဒီယာကို စောင့်ကြည့်အရေးယူဖို့ စစ်ခေါင်းဆောင်ညွှန်ကြားတဲ့ သတင်း
06:34 - ငါန်းဇွန်မြို့နယ် သားကျင်ရွာခံ ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် ဘုန်းကြီးကျောင်းတွင်…

👍8🍌1
This media is not supported in your browser
VIEW IN TELEGRAM
ရာထူးရယူဖို့ပိတ်ပင်ထားတဲ့ အာဏာသိမ်းမှုအစီအစဉ်ကို ဂွါတီမာလာခေါင်းဆောင်သစ် ပြစ်တင်ရှုတ်ချ
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁6
စင်္ကာပူ UOB ဘဏ်က မြန်မာဘဏ်များနှင့် ငွေကြေးဆက်သွယ်မှုအားလုံး ဖြတ်တောက်|Business Round Up (4.9.2023)
======================
- မြန်မာစစ်ကောင်စီကို စက်ကရိယာနှင့် နည်းပညာ ထောက်ပံ့နေတဲ့ကုမ္ပဏီကို စုံစမ်းစစ်ဆေးဖို့ ဒိန်းမတ်တောင်းဆို
- စင်္ကာပူ UOB ဘဏ်က မြန်မာဘဏ်များနှင့် ငွေကြေးဆက်သွယ်မှုအားလုံး ဖြတ်တောက်
- ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုဟာ လုပ်ငန်းရှင်တွေကြောင့်လို့ စစ်ကောင်စီအပြစ်ပြော
- ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ သကြားတင်သွင်းလို
- ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေချိန်မှာ ပြည်ပသို့ ဆန် အဆက်မပြတ် တင်ပို့မှုရှိနေ
https://youtu.be/nSYsqWU3d00?si=6XrddhbBh6kKlriS
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
- မြန်မာစစ်ကောင်စီကို စက်ကရိယာနှင့် နည်းပညာ ထောက်ပံ့နေတဲ့ကုမ္ပဏီကို စုံစမ်းစစ်ဆေးဖို့ ဒိန်းမတ်တောင်းဆို
- စင်္ကာပူ UOB ဘဏ်က မြန်မာဘဏ်များနှင့် ငွေကြေးဆက်သွယ်မှုအားလုံး ဖြတ်တောက်
- ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုဟာ လုပ်ငန်းရှင်တွေကြောင့်လို့ စစ်ကောင်စီအပြစ်ပြော
- ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ သကြားတင်သွင်းလို
- ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေချိန်မှာ ပြည်ပသို့ ဆန် အဆက်မပြတ် တင်ပို့မှုရှိနေ
https://youtu.be/nSYsqWU3d00?si=6XrddhbBh6kKlriS
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စင်္ကာပူ UOB ဘဏ်က မြန်မာဘဏ်များနှင့် ငွေကြေးဆက်သွယ်မှုအားလုံး ဖြတ်တောက်|Business Round Up (4.9.2023)
- မြန်မာစစ်ကောင်စီကို စက်ကရိယာနှင့် နည်းပညာ ထောက်ပံ့နေတဲ့ကုမ္ပဏီကို စုံစမ်းစစ်ဆေးဖို့ ဒိန်းမတ်တောင်းဆို
- စင်္ကာပူ UOB ဘဏ်က မြန်မာဘဏ်များနှင့် ငွေကြေးဆက်သွယ်မှုအားလုံး ဖြတ်တောက်
- ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုဟာ လုပ်ငန်းရှင်တွေကြောင့်လို့ စစ်ကောင်စီအပြစ်ပြော…

👍14😁1
တနင်္သာရီမြို့မှာ အရေးပေါ် လူနာတင်ယာဉ်တွေ ညအချိန် သွားလာခွင့် စစ်ကောင်စီပိတ်ပင်
========================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီမြို့နယ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် အရေးပေါ်လူနာတင်ယာဉ်များ ညအချိန်ဖြတ်သန်းမောင်းနှင်ခွင့်ကို စစ်ကောင်စီတပ်သားများက ပိတ်ပင်လိုက်ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
အထက်ပါ တားမြစ်ချက်ကို ပြီးခဲ့သည့် ဇူလိုင်လကုန်မှစ၍ ဒေသတွင်း ဂိတ်စောင့် စစ်ကောင်စီတပ်သားများက နှုတ်ဖြင့် အသိပေးခြင်းဟု တနင်္သာရီမြို့အခြေစိုက်လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ဘာကြောင့် အခုလို တားမြစ်တယ်ဆိုတာ သေသေ ချာချာတော့ မသိရဘူး။ သွားမိရင်လည်း ပရဟိတသမားတွေကို ရိုက်မယ်၊ထုမယ်၊သေနတ်နဲ့ ပစ်မယ် ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေ ရှိလာနေတယ်။ သူတို့ဘက်က တားမြစ်ထားတော့ ညဘက် ကျွန်တော်တို့လည်း မထွက်ရဲဘူး ဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်သည် တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းတံတားထိပ်နှင့် ကမ္မလိုင်းရွာအခြေစိုက် ခမရ(၅၅၈)တပ်ရင်းရှေ့ရှိ ဂိတ်စခန်းများအား အဓိကထား တားမြစ်ပိတ်ပင်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
ညအချိန်အရေးပေါ် လူနာတင်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်မှာ တပတ်နီးပါးရှိနေပြီး အရေးပေါ်လူနာများအတွက် အခက်ကြုံနေရသည်ဟု ဒေသခံ လူမှုကူညီရေးအဖွဲ့များက ပြောသည်။
“ကျေးရွာအလိုက် နားလည်မှုနဲ့ ဆရာဝန်နဲ့ဖြစ်စေ၊ တခြားပရဟိတအသင်းတွေက သင်တန်းတက်ထားတဲ့ အရေးပေါ် ကုသမှု နည်းတွေနဲ့ဖြစ်စေ၊ ကျွန်တော်တို့ ဆောင်ရွက်ပေးဖို့ ပြင်ဆင်ထားပါတယ်”ဟု ပရဟိတအသင်းဝင်တဦးက လက်ရှိဆောင်ရွက်နေရသည့် အခြေအနေကို ပြောပြသည်။
တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာပြီး အရပ်သားထိခိုက်မှုများလည်းရှိနေသည်။ မြို့နယ်အတွင်း၌ ယခင်က လူမှုကူညီရေးအသင်းအဖွဲ့ပေါင်း ၂၀ ကျော်ရှိပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုများကြောင့် လက်ရှိမြေပြင်တွင် ခုနှစ်သင်းခန့်သာ ရှိတော့သည်ဟု ဒေသခံများထံမှသိရသည်။
စစ်ကောင်စီ၏ ယခုတားမြစ်ပိတ်ပင်မှုသည် ဒေသခံများ၏ ကျန်းမာရေးဆိုင်ရာအရေးပေါ်ကိစ္စရပ်များအတွက် အခက်အခဲဖြစ်စေသည်ဟု လူမှုကူညီရေးအဖွဲ့များက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အေးချမ်း
#တနင်္သာရီ
#လူနာတင်ယာဉ်
#ဖြတ်သန်းသွားလာခွင့်ပိတ်
တနင်္သာရီမြို့အဝင်နေရာ(ပုံဟောင်း)(ဓာတ်ပုံ-CJ)

🔥6🤬2👍1
ဗုံးပစ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသည့် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ စစ်ကြောရေးတွင် သေဆုံး
=====================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မရဲစခန်းမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးဖြင့် ပစ်ခံရပြီးနောက် စွပ်စွဲဖမ်းဆီးထားသည့် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌတဦးစစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသုတ်မြို့ အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀ အရွယ် ဦးအောင်မြင့်စိုး ဆိုသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ထွက်ပြေးရှောင်တိမ်းနေခြင်းမရှိဘဲ နေအိမ်တွင်သာ နေထိုင်နေ သူဖြစ်ကြောင်း၊ အနေအေးသူဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
ဖြစ်စဥ်မှာ သြဂုတ်လ ၃၀ ရက်နေ့က အမှတ်(၁)ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် အသုတ်မြို့မရဲစခန်းမှူး၊ အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာစားပွဲအနီးသို့ လက်ပစ်ဗုံးပစ် သွင်းခံခဲ့ရသည်။
ပစ်သွင်းခဲ့သည့် လက်ပစ်ဗုံးမှာ ပေါက်ကွဲခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ ရုတ်ရုတ် သဲသဲဖြစ်ပြီး သေနတ်များဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်မှုများ၊ ဒေသခံများကို မတရားစွပ်စွဲ ဖမ်းဆီးမှုများပြု လုပ်ခဲ့သည်။
“ဗုံးလာပစ်တဲ့လူတွေ ထွက်ပြေးလို့လွတ်သွားတာကို မဆိုင်တဲ့လူတွေ လိုက်ဖမ်းတာ။ စက်တင်ဘာလ ၁ ရက်နေ့အထိဖမ်းတာ မြို့ပေါ်နဲ့ တောဘက်တွေအပါ ၁၀ ယောက်လောက် အဖမ်းခံလိုက်ရတယ်” ဟု ဒေသခံတဦးက ပြောသည်။
အသုတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှအမျိုးသားအချို့ကို စစ်ကောင်စီတပ်နှင့် ရဲများက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကဆိုသည်။
ထိုသို့ ဖမ်းဆီးခံရသူများတွင် အသုတ်မြို့ အမှတ်(၄) ရပ်ကွက် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်မြင့်စိုး လည်း ပါဝင်ခဲ့ပြီး စရဖ၊ စစ်ကောင်စီတပ်နှင့် ရဲများ၏ နှိပ်စက်ညှဥ်းပန်းမှုများကြောင့် စက်တင်ဘာလ ၃ ရက်နေ့ တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတဦးကပြောသည်။
“ကိုအောင်မြင့်စိုးက ဗုံးပစ်ခံရပြီးနောက်တနေ့(သြဂုတ်လ ၃၁ ရက်)မှာ အဖမ်းခံရတာပါ။ သူ့ကို အသုတ် ရဲစခန်းမှာ ဝိုင်းပြီးနှိပ်စက်ကြတယ်။ ပြီးတော့ ရေကြည်ရဲစခန်းကိုခေါ်သွားပြီး အဲဒီရဲစခန်းမှာရော၊စစ်တပ် ထဲမှာပါ ထပ်ပြီးနှိပ်စက်ညှဥ်းဆဲလို့ ကျဆုံးသွားတာပါ”ဟု ၎င်းကဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့က ဦးအောင်မြင့်စိုးသေဆုံးကြောင်း စစ်ကောင်စီတပ်နှင့်ရဲများက မိသားစုထံ လာရောက်အကြောင်းကြားခဲ့ပြီး အလောင်းပြန်မပေးဘဲ မီးသဂြိုဟ်ထားသည့် အရိုးပြာအိုးကိုသာ ပြန်ပေး ခဲ့သည်ဟု ဒေသခံအမျိုးသမီးက ပြောသည်။
လက်ရှိတွင် ဗုံးပစ်ခံရမှုနှင့်ပတ်သက်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသည့် အမျိုးသားအချို့ကို ဆက် လက်ဖမ်းဆီးထားသည့်အတွက် မိသားစုဝင်များစိုးရိမ်နေကြသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က အသုတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်ဇေယျ(၆)လမ်းတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် ကိုထူးဝေအောင်ကို ဆိုင်ကယ်ခိုးမှုနှင့်ပတ်သတ်သည်ဟုစွပ်စွဲဖမ်းဆီးကာ စစ်ကောင်စီတပ်သားများနှင့်ရဲများက ရိုက်နှက်သတ်ဖြတ်ခဲ့သေးသည်။
စာတည်း။ ။စောဖေ
#ဧရာဝတီတိုင်း
#အသုတ်မြို့
#စွပ်စွဲဖမ်းဆီး
#စစ်ကြောရေး

🤬15👍4😢2❤1
ခင်ဦးတွင် စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး
====================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ငါးရုံကြီးရွာနှင့် ရှားတောကျေးရွာတို့ကို စက်တင်ဘာလ ၂ ရက် နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၆ လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။
“ရှားတောရွာနားမှာ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီတပ်က အသေ အပျောက်များခဲ့တာကြောင့် ငါးရုံကြီးနဲ့ ရှားတောရွာကို မီးရှို့သွားတာပါ ” ဟု ရေဦးအခြေပြု People’s defense Comrades အဖွဲ့မှ ကိုထူးခန့်ဇော်က ပြောသည်။
စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ကျေးရွာများကိုမီးရှို့သွားခြင်းဖြစ်ပြီး ငါးရုံကြီးရွာမှ နေအိမ် ၂၀ လုံး နှင့် ရှားတောကျေးရွာမှ နေအိမ် ၃၆ လုံး မီးလောင်ပြာကျခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၂ ရက် ညပိုင်းတွင် မဒေါင်းလှပျူရွာတွင် ညအိပ်ခဲ့ပြီး ၃ ရက်နေ့ နံနက်ပိုင်းက စောကြီးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည်ဟု ကိုထူးခန့်ဇော်က ပြောသည်။
“မဒေါင်းလှကနေ စောကြီးရွာကို ဝင်စီးတယ်ဗျ။ ဖမ်းဆီးခံရတဲ့ပြည်သူတွေရှိပေမယ့် အတည်မပြုနိုင်သေး ပါဘူး။ စောကြီးရွာက ကာကွယ်ရေးစခန်းတခုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ နေအိမ်အပျက်အစီး အတည်မပြုနိုင်သေးပါဘူး” ဟု ကိုထူးခန့်ဇော်က ဆက်ပြောသည်။
ယနေ့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်း သို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
ပုံအညွှန်း-ငါးရုံးတောကျေးရွာနှင့် ရှားတောကျေးရွာတို့ မီးရှို့ခံနေရသည်ကိုအဝေးမှမြင်ရစဉ်။
(ဓါတ်ပုံ- People”s Defense Comrade)

🤬12❤2
မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံအဖွဲ့တွင်း စည်းလုံးညီညွတ်မှု ရှိရေး အင်ဒိုနီးရှား တိုက်တွန်း
=======================
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံအုပ်စုတွင်း စည်းလုံးညီညွတ်မှု ရှိစေရေးအတွက် အင်ဒိုနီးရှားအနေဖြင့် ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက အလေးပေး ပြောဆိုသည်။

👍6🤣6