Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
August - 6 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍6🍌1
တန်ဖိုးနည်း မြေကွက်ဝယ်ယူခြင်းရဲ့ ဂယက်
👍8🔥1
တန်ဖိုးနည်း မြေကွက်ဝယ်ယူခြင်းရဲ့ ဂယက်
==============

ကချင်လေး
အစိုးရ ပင်စင်ဆုကြေးချီးမြှင့်ငွေများနှင့် ဦးထက်အောင် (အမည်လွှဲ) တယောက် လယ်ယာမြေမှာ အိမ်ကွက်ရိုက်ရောင်းချနေသည့် သိန်း ၅၀ တန် ပေ ၄၀ ပတ်လည် မြေကွက်တခုကို အကြိမ်ကြိမ် စဥ်းစားဆုံးဖြတ်ကာ ဝယ်ယူလိုက်သည်။ အငြိမ်းစားကျောင်းဆရာတဦးအနေနဲ့ လယ်မြေကို အိမ်ကွက်ရိုက် (တရားမဝင်) ရောင်းချမှုများ ဝယ်ယူရန် မလုပ်ဆောင်သင့်မှန်း သိပေမဲ့ ထိုစဥ်အခါက မြေစာရင်းရုံးဝန်ထမ်းအချို့၏ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိရန် လျှောက်ထားပေးမှုများကြောင့် ဦးထက်အောင်တယောက် အိမ်ကွက်ရိုက်ရောင်းချနေသည့် လယ်မြေတခုကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ အခကြေးငွေပေးကာ လယ်မြေများကို အခြားနည်းအသုံးပြုခွင့် ပုံစံများကို လျှောက်ထားရယူနိုင်သည့် အနေအထားကြောင့် အခုလို တန်ဖိုးနည်း မြေကွက်တကွက်ကို နှစ်ကြိမ်အ ရစ်ကျ ပေးချေခြင်းနဲ့ ဝယ်ယူခဲ့လိုက်သည်။

သို့သော် ခြံမြေရောင်းဝယ်ခြင်း စာချုပ်ချုပ်ဆိုမည့်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးကျော်ကျော်ဝင်း ဦးဆောင်သည့် လယ်ယာမြေ စီစစ်ရေးကော်မတီက လယ်မြေများ အကွက်ရိုက်ရောင်းချမှုများကို မြစ်ကြီးနားမြို့နယ်မှ စတင်ကာ စိစစ်ကန့်သတ်လိုက်ပါတော့သည်။

ထိုအခါ အရောင်းအဝယ်ပြုလုပ်နေဆဲ ဦးထက်အောင် ဝယ်ယူရန် စရန်ငွေ ၁၀သိန်းပေးထားသည့် ပလန(၃) ယခုထိုင်တော်မူရုပ်ပွားတော်ဘုရားအနီးရှိ လယ်မြေမှာ အစိုးရ၏ ကန့်သတ်မှုတွင် ပါဝင်သွားပါသည်။ မြေဝယ်ယူရန် ပွဲစားထံ စရန်ငွေသပ်ထားသော ငွေကျပ် ၅၀၀,၀၀၀ ကို ပြန်ရရှိနိုင်ခဲ့ပေမယ့် အခြားသုံးစွဲခွင့် လျှောက်ထားရန် အခကြေးငွေပေးဆောင်ထားသည့် မြေစာရင်းဝန်ထမ်းမှာ ပြည်နယ်အစိုးရ၏ အပြစ်ပေးအရေးယူမှုကြောင့် နယ်မြေပြောင်းရွေ့ခံလိုက်ရသည့်အတွက် အဆက်အသွယ် ပြတ်တောက်သွားကာ ငွေဆုံးရှုံးသွားတော့သည်။

ယင်းဖြစ်ရပ်က NLD အစိုးရလက်ထက်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း လယ်မြေများကို အိမ်ကွက်ရိုက်ရောင်းချခြင်းအား စိစစ်ကန့်သတ်လာသည့် ဖြစ်ရပ်တခု ဖြစ်သည်။
လယ်မြေကို အခြားနည်းအသုံးပြုခွင့်ရသည်ဆိုတိုင်း အိမ်ကွက်ရိုက်ပြီး ရောင်းချခြင်းမပြုနိုင်ပါ။ အိမ်ကွက်ရိုက်၍ ရောင်းချရာတွင်လည်း ဝယ်ယူသူများ မြေဂရန်ရရှိစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြေနယ်နမိတ် တိုင်တာသက်မှတ်ရေး ဥပဒေ၊ မြို့နှင့် ကျေးရွာမြေများ အမိန့်ဆင့်ဆိုချက်တို့အရ အစိုးရက စီမံခန့်ခွဲရှိသောမြေဖြစ်ရန် လိုသည်။

အကယ်၍ အခြားနည်းအသုံးပြုခွင့် လယ(၃၀) ရရှိပြီးသားဆိုလျှင် မည်သည့်နည်းလမ်းဖြင့် အသုံးပြုခွင့် ခွင့်ပြုထားသလဲဆိုတာ စစ်ဆေးဖို့လိုအပ်ပါမည်။

ထိုသို့ ခွင့်ပြုချက်မရှိသည့် အကွက်ရိုက်လယ်ယာမြေကို ဝယ်ယူပါက အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရ နိုင်သည့်အတွက် ယင်းမြေ များကို မဝယ်သင့်ဟု စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အသိပေးထုတ်ပြန်ထားသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကွက်ရိုက်လယ်ယာမြေ ရောင်းဝယ်မှုများက တနေ့ထက်တနေ့ ပိုမိုများပြားလာနေပါသည်။

“လယ်ယာမြေဥပဒေပုဒ်မ ၁၂ (စ)မှာ လယ်ယာမြေများကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲခြင်းမပြုရလို့ စည်းကမ်းချက်အနေနဲ့ တိတိကျကျ ပြဋ္ဌာန်းထားပြီဖြစ်ပါတယ်။ ဒီလိုစည်းကမ်းချက်တွေကို လိုက်နားခြင်းမရှိဘဲ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုမယ်ဆိုရင် အရေးယူဆောင်ရွက်နိုင်ဖို့ ဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းပေးထားပြီဖြစ်ပါတယ်” ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ပြောဆိုထားသည်။

သို့သော် လယ်ယာမြေများမှာ မြေဖို့ပြီး မြေညှိကာ အိမ်ကွက်ရိုက် ရောင်းချခြင်းများကို အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါ်ထင်ထင်ကို လုပ်ဆောင်လာနေကြသည်။

လယ်ယာမြေနဲ့ ဥယျာဥ◌်ခြံများကို မြေဖို့၊ မြေညှိကာ အကွက်ရိုက်ရောင်းချခြင်းများက ယခင်ကတည်းက တရားမဝင်လုပ်ဆောင်လာနေခဲ့တာကြောင့် NLD အစိုးရက သက်ဆိုင်ရာ ပြည်နယ်အလိုက် ပါဝင်လုပ်ဆောင်နေသူများကို အပြစ်ပေးအရေးယူဖို့ ကြိုးစားခဲ့သည်။ သို့သော် အရေးယူမှုတွေက ထိရောက်မှုအားနည်းခဲ့ပြီး ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ဖို့ ပြင်ဆင်နေတုန်းမှာပဲ စစ်တပ်ရဲ့ နောက်တဖန် အာဏာသိမ်းမှု ဖြစ်ပွားလာတဲ့အတွက် အကွက်ရိုက်မြေ စိစစ်ရေးကိစ္စရပ်တွေက တစတစနဲ့ ပျောက်ကွယ်သွားရပါတော့သည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ နှစ်ဦးကတည်းက လယ်မြေများကို မြေဖို့အကွက်ရိုက် ရောင်းချမှုတွေ ခပ်စိတ်စိတ် ပြန်လုပ်လာကြသည်။ အာဏာမသိမ်းမီက မြို့နဲ့နီးသည့် နေရာများတွင်သာ အကွက်ရိုက်ရောင်းချခဲ့ကြပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်နယ်အတွင်းက ရပ်ကွက်ကျေးရွာ အနီးအနားသာမက ကျေးရွာအတွင်းမှာတင် အကွက်ရိုက်ရောင်းချမှုတွေ လုပ်ဆောင်လာကြသည်။

ထိုသို့ ဖြစ်ပွားလာသည့် အခြေအနေနဲ့ ပက်သက်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အိမ်ခြံမြေ အကျိုးတော်ဆောင် တဦးကတော့ အခုလိုသူရဲ့အမြင်ကို ပြောပြခဲ့ပါသည်။
👍15❤3🔥2👎1
စက်တင်ဘာလ( ၆ )ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:05-မြန်မာအစား ၂၀၂၆ ခုနှစ်မှာ အာဆီယံဥက္ကဌတာဝန်ကိုယူဖို့ အသင့်ရှိကြောင်း
ဖိလစ်ပိုင်ပြောတဲ့သတင်း

02:35-တန်းတူကိုယ်စားပြုမှု ငြင်းပယ်ခံရလို့ အာဆီယံ အစည်းအဝေးကိုမတက်တာဖြစ်တယ်လို့ စစ်ကောင်စီပြောပြန်တဲ့သတင်း

04:25-၂၀၂၅ မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့ ပါတီအချို့ ခန့်မှန်းတဲ့သတင်း

06:51-ရှီကျင့်ဖျင်ရဲ့ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတက်ရောက်နိုင်မှုက တရုတ်ရဲ့သံတမန်ရေးရာ အပြောင်းအလဲကို ပြသနေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/TcBR_lExn98?si=CIMBrPU5PRILQWE2

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🍌3
Media is too big
VIEW IN TELEGRAM
၂၀၂၅ မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့ ပါတီအချို့ ခန့်မှန်း

Watch more detail - https://youtu.be/XCcTlUO5a9w

#PoliticalNews
#reels
#shorts
#MizzimaTV
😁15👍3🤮1
ကရင်နီဒေသမှာ တစ်လအတွင်း တိုက်ပွဲ ၅၀ ဖြစ်ပွားခဲ့ကြောင်း KNDF ထုတ်ပြန်
==================

ကယားပြည်နယ်ခေါ် ကရင်နီပြည်မှာ သြဂုတ်လ တလတည်းမှာတင် တိုက်ပွဲပေါင်း ၅၀ လောက် ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ် ရှိခဲ့တဲ့အကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အတွင်းမှာ အချိန်အတော်ကြာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် စခန်းတွေကို ကရင်နီ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့ပြီးတဲ့နောက် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့က စတင်ပြီး ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီး တလျှောက် နယ်မြေတွေ ထိန်းချုပ်နိုင်ရေးအတွက် ပြည်ထောင်စု လမ်းမကြီး ဘေးတဘက်တချက်မှာရှိတဲ့ ကျေးရွာတွေကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လာနေတဲ့အကြောင်း KNDF ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ယခုလ အတွင်းမှာလည်း ဒီးမော့ဆိုမြို့ ကနေ မိုးဗြဲ ဘက်သွားတဲ့ လမ်းမကြီးတလျှောက်က ကျေးရွာတွေမှာ စစ်ကောင်စီက အချိန်အတော်ကြာ တပ်စွဲ အထိုင်ချထားတဲ့ ယာယီစခန်းတွေကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ၂ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

စက်တင်ဘာလ၂ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်သုံးစင်းနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်တာရှိသလို ၃ ရက်နေ့ မှာလည်း လေယာဉ် ၂ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့လည်း တောက်လျှောက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ကလေးငယ်တချို့ အပါအဝင် အရပ်သား ထိခိုက်၊ သေဆုံးတာတွေရှိသလို အရပ်ဘက် အဆောက်အဦတချို့ ပျက်စီးခဲ့ကြောင်းလည်း ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိတချို့အပါအဝင် ထိခိုက် ကျဆုံးမှု များတာကြောင့် စစ်ကောင်စီဟာ လေကြောင်းအင်အားကို အဓိက အသုံးပြု လာတာဖြစ်တယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖရူဆို စစ်ရှောင်ကူညီရေး ဆောင်ရွက်နေသူတဦးကတော့ သြဂုတ် လဆန်းပိုင်းကစလို့ ရက်တိုင်းနီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရက်ရှည် တိုက်ပွဲတွေ ဖြစ်နေတဲ့အကြောင်း ပြောပြပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိသလို တော်လှန်ရေး တပ်ပေါင်းစုဘက်ကလည်း ထိခိုက်ဒဏ်ရာရသူ ရှိကြောင်းနဲ့ လက်နက်ငယ်မျိုးစုံ ခဲယမ်း အမြောက်အများ ရရှိတယ်လို့လည်း ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီလို တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တနေ့တခြား ပိုများလာသလို အကူအညီတွေ လိုအပ်နေတဲ့အကြောင်းလည်း ဒေသခံ ကူညီရေး ဆောင်ရွက်နေသူက ပြောပါတယ်။

အသွားအလာတွေ ကန့်သတ်ပြီး တားဆီး ပိတ်ပင်တာတွေ လုပ်နေတာကြောင့် ဒေသတွင်း စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်ယူရာမှာ အခက်အခဲတွေ ရှိနေပြီး နားမကျန်းဒုက္ခသည်တွေ အတွက် အကူအညီတွေ လိုအပ်နေတဲ့အကြောင်း စစ်ရှောင်တွေကို ကူညီနေသူတဦးက ပြောပါတယ်။

ကရင်နီဒေသမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်တာ ကာလအတွင်း ပြည်နယ်အနှံ့ နေရာဒေသ အတော်များများမှာ လက်နက်ကိုင် တိုက်ပွဲတွေ၊ လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် သိန်းချီ ရှိနေပါတယ်။

https://youtu.be/Ye0k_jP1TIY?si=68J7yovsvFoZ3T6K
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14🔥1😁1🤯1
​​ရန်ကုန် မြို့ပြစစ်ဆင်ရေးအတွက် လစဥ် ထောက်ပံနိုင်မည့် ထောက်ပို့တပ်သားသစ် People Revolution Supply Force ဖိတ်ခေါ်
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့ပြစစ်ဆင်ရေးများအတွက် လစဥ် ထောက်ပံ့နိုင်မည့် ထောက်ပို့တပ်သားသစ်များကို ရန်ကုန် People Revolution Supply Force(PRF) ကဖိတ်ခေါ်လျက်ရှိသည်။
ထောက်ပို့တပ်သားများသည် ပြည်ပမှဆိုလျှင် ဒေါ်လာ ၂၀ ၊ ထိုင်းနိုင်ငံမှ ဆိုလျှင် ဘတ် ၃၀၀ နှင့် မြန်မာနိုင်ငံမှ ဆိုလျှင် ကျပ် ၃၀,၀၀၀ အနည်းဆုံးသတ်မှတ်ပြီးတက်နိုင်သည့် ပမာဏအထိ လစဥ်ထောက်ပံ့ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အတွက် အလင်းစက် ဖေစ့်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ဖိတ်ခေါ်နေခြင်းဖြစ်ပြီး ထောက်ပို့တပ်သားများသည် PRF နှင့် NUG၏ ကာကွယ်ရေးဝန်ကြီးဌာန ထံမှ တရားဝင်ထောက်ပို့တပ်သား အသိအမှတ်ပြုကတ် တကတ်စီ စုစုပေါင်း နှစ်ကတ် ရရှိမည်ဖြစ်သည်။

"ရှေ့တန်းက ရဲဘော်တွေ စိတ်ဓါတ်မည်မျှပြင်းပြပါစေ လက်နက်နှင့် ခဲယမ်း မပြည့်စုံရင် ရှေ့ဆက်လို့မရပါဘူး။ စခန်းတခုသိမ်းဖို့အတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းကို ဖြည့်တင်းဝယ်ယူရတဲ့ ငွေကြေးဟာ အင်မတန်များပြားသလို တိုက်ပွဲစတော့မှ ခဲယမ်းကို ထပ်မံဝယ်ယူဖြည့်တင်းဖို့ မဖြစ်နိုင်တာကြောင့် လက်နက်နဲ့ ခဲယမ်းတွေဟာ ကြိုတင်စုဆောင်းပြင်ဆင်ထားရတာဟာလည်း ထောက်ပို့ရဲ့ အခန်းကဏ္ဌအရေးကြီးတာကို ဖော်ပြနေတာပါ" ဟုရန်ကုန်တိုင်း စစ်ဆင်ရေး ဘဏ္ဌာရေးတာဝန်ခံ မကေ က ပြောသည်။

PRF တရားဝင်ထောက်ပို့တပ်သား အစီအစဥ်သည် ယခင်ကပင်ရှိခဲ့ပြီး NUG ကာကွယ်ရေး ဝန်ကြီးဌာနရှိ တပ်ရင်းတပ်ဖွဲ့များ၏ နောက်တန်းအသုံးစရိတ်များကို ဖြည့်တင်းခဲ့ကြောင်း သိရသည်။ယခုထပ်မံခေါ်ယူသည့်

"ယခု version 2.0 မှာတော့ ထောက်ပို့တပ်သားတွေအနေနဲ့ မိမိတို့ ထောက်ပို့လိုတဲ့ တပ်ရင်းတပ်ဖွဲ့ကို ကိုယ်တိုင်ရွေးချယ်ပြီး ထောက်ပို့နိုင်မှာ ဖြစ်ပြီး မိမိတို့ ထောက်ပို့ပါဝင်တဲ့ ပမာဏအတိုင်း မိမိတပ်ရင်းတပ်ဖွဲ့ဆီသို့ အလုံးစုံ ရောက်ရှိမှာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် တော်လှန်ရေးမှာမိမိရဲ့ တာဝန်ကို တရားဝင်လက်ခံယူပြီး မိမိတပ်အတွက် တာဝန်ထမ်းဆောင်တဲ့ ရဲဘော်ရဲဘက်များအဖြစ်ခံယူလိုက်တဲ့ပုံစံဖြစ်ပါတယ်။" ဟု ရန်ကုန်တိုင်း စစ်ဆင်ရေး ဘဏ္ဌာရေးတာဝန်ခံ မကေ က ဆက်ပြောသည်။
ထောက်ပို့တပ်သားသစ်များ၏ လစဥ်ထောက်ပံ့ငွေသည် NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်းများသို့ ရောက်ရှိမည်ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# ထောက်ပို့တပ်သားသစ်
#ရန်ကုန်တိုင်း စစ်ဒေသခွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁1
Media is too big
VIEW IN TELEGRAM
ကရင်နီဒေသမှာ တစ်လအတွင်း တိုက်ပွဲ ၅၀ ဖြစ်ပွားခဲ့ကြောင်း KNDF ထုတ်ပြန်

Watch more detail - https://youtu.be/Ye0k_jP1TIY

#PoliticalNews
#reels
#shorts
#MizzimaTV
🔥6
​​ထားဝယ်မြို့ အဝင် စစ်ဆေးရေးဂိတ်တွင် ဒေသခံ အမျိုးသား ဖမ်းဆီးခံရ
======================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ အနီးရှိ ဘုရားမဲ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် ဒေသခံ အမျိုးသားတဦး စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးခံလိုက်ရကြောင်း ယင်းမြို့ရှိ ဒေသခံများထံက သိရသည်။
အဆိုပါ ဖမ်းဆီးခံလိုက်ရသော ကိုအောင်ကျော်ခိုင်သည် ရန်ကုန်မှ ထားဝယ်သို့ လာစဉ် မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ကျော်လွန်ပြီး ထားဝယ်မြို့ အဝင် ဘုရားမဲ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

"သူက ထားဝယ်မြို့ခံ တစ်ဦးပါ၊ ရန်ကုန်ကနေ ထားဝယ်ကို ပြန်ဆင်းလာတဲ့ အချိန်မှာ စီးလာတဲ့ ကားက မလွှဲတောင်ဂိတ်ကို ကျော်ပြီး စစ်ဆေးခံရပေမယ့် ဘုရားမဲ ဂိတ်ရောက်တော့ တခါတည်း ဖမ်းခံ လိုက်ရပါတယ်"ဟု ပြောသည်။

ဖမ်းဆီးခံ ကိုအောင်ကျော်ခိုင်သည် ထားဝယ်မြို့၊ ကြက်စားပြင် ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရပေ။

ယခုစက်တင်ဘာလ ၃ ရက်န့ကလည်း ထားဝယ်မြို့ရှိ ဗျောတောဝ စစ်ကောင်စီတပ်ဂိတ်တွင် အမျိုးသားတဦးကို ဖမ်းဆီးခံခဲ့ရသေးသည်။

ထားဝယ်မြိပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဧည့်စာရင်းစစ် အကြောင်းပြကာ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေရာ နှစ်ပတ်အတွင်း လူပေါင်း ၃၀ ခန့် ဖမ်းဆီးခံခဲ့ရကာ အချို့မှာ ငွေပေးပြီး ပြန်လည်လွတ်မြောက်လာကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ထားဝယ်
#Mizzima
#မြို့အဝင်ဂိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢11👍4❤1🔥1👏1
ရဲနဲ့စစ်သား‌တွေ ပြည်သူနဲ့ပူးပေါင်းဖို့ ရန်ကုန်နဲ့မန္တလေး လူစည်ကားရာနေရာ‌ ၁၁ ခုမှာ လှုံ့ဆော်တောင်းဆို
=====================

https://youtu.be/Ktp3KBECg7c?si=7PgzZ6GZm2DlBrK4
👍19😁2
​​စစ်ကောင်စီတပ်​၏ လက်နက်ကြီးထိမှန်၍ အသက် ၉ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူ သေဆုံး
==================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ အရပ်သား သားအဖနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
" သားဖနှစ်ယောက်ထိသွားတာ။ အိမ်လည်း ပျက်စီးတာပေါ့။ လက်နက်ကြီးတွေတော့ ရှယ်ကို ပစ်နေတာ" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်က သံတောင်ကြီးမြို့နယ်၊ (၇) မိုင်ရှိ စစ်ကောင်စီတပ်စခန်းက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးထိမှန်ကာ ပျားစခန်းကျေးရွာမှ အသက် ကိုးနှစ်အရွယ် ကလေးငယ်တဦးနှင့် သက်ကြီးပိုင်း အသက် ၅၂ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူတို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။
(၇) မိုင် စစ်ကောင်စီတပ်စခန်းမှသည် လက်နက်ကြီးများအား ယမန်နေ့ နေ့လယ်ပိုင်းအထိ ပစ်ခတ်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

" ၂နာရီ၂၀မှာ တကြိမ် လက်နက်ကြီးလား၊ ဗုံးသီးလား မသိဘူး ထပ်ပေါက်ပြန်တယ်။ ပသိဆည် ပျားစခန်းနားပဲ။ လေယာဥ်သံလည်း ကြားတော့ ရွာသားတွေ ကြောက်လန့် ရတာပေါ့" ဟု KNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဒေသတွင်းသတင်းရင်းမြစ်တဦး​၏ ပြောကြားချက်အရ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်က သံတောင်ကြီးမြို့နယ်၊ သံတောင်- တောင်ငူလမ်းဘေးရှိ (၅) မိုင်နေရာတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားရကြောင်းနှင့် (၇) မိုင်ရှိ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးဖြင့် ကူပစ်ရာမှ ပျားစခန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ အရပ်သား ထိခိုက်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုများအပြီးတွင် သံတောင်ကြီးမြို့နယ်၊ တောင်ငူ- သံတောင် ကားလမ်းမဘေးရှိ (၄) မိုင်စစ်ကောင်စီတပ်စခန်း၊ (၇) မိုင်စစ်ကောင်စီတပ်စခန်းတို့မှ ဖြတ်သန်းသွားလာသည့် ဒေသခံများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသက်မှတ်ချက်အရ တပ်မဟာ (၂) အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး အဆိုပါနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်စခန်းများ၊ အထိုင်တပ်ရင်းများ၊ စစ်ကောင်စီတပ်ယာဉ်တန်းများသည် တပ်မဟာ (၂) KNLA ပူးပေါင်းတပ်ဖွဲ့များ​၏ မကြာခဏတိုက်ခိုက်ခံရလေ့ရှိကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခံရတိုင်းလည်း စစ်ကောင်စီတပ်စခန်းများက ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်လေ့ရှိကာ အရပ်သားထိခိုက်သေဆုံးမှုများ၊ နေအိမ်ပျက်စီးမှုများ ဖြစ်ပွားလေ့ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သံတောင်ကြီးမြို့နယ်
#KNU

ပုံအညွှန်း - သံတောင်မြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ယက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6🤬5😢3
​​အစိုးရတရပ်၏ ဂုဏ်နှင့် ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်များကျင့်ကြံကြရန် NUG ယာယီသမ္မတသတိပေး
===================

(မဇ္ဈိမ)။ ။ အစိုးရတရပ်၏ ဂုဏ်နှင့် ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်များ ကျင့်ကြံကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၅ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သတိပေး ပြောကြားသည်။

" တိုင်းပြည်နဲ့ လူထုကို တော်လှန်ရေးအစိုးရအနေနဲ့ ဦးဆောင်တဲ့နေရာမှာ အစိုးရတစ်ရပ်ရဲ့ ဂုဏ်နဲ့ ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်တွေကို ကျင့်ကြံကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အမြော်အမြင်ဟာ တိုင်းပြည်နဲ့ လူထုရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တာမို့လို့၊ မိမိတို့ရဲ့ အတွေးအခေါ် အမြော်အမြင်ကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ကြိုးစား ဖြည့်ကျင့်ကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ၎င်းကပြောသည်။

ထို့ပြင် နွေဦးတော်လှန်ရေးအတွင်း လက်တွေ့ကျသည့် စစ်ရေးရလဒ်နှင့်အတူ လက်တွေ့ကျသည့် အုပ်ချုပ်စီမံမှု ယန္တရားတွေကို စနစ်တကျ အကောင်အထည်ဖော် တည်ဆောက် ရေးသည် ပဓာနကျသည်ကို မမေ့ဖို့လိုအပ်ကြောင်း ယာယီသမ္မတက ပြောသည်။
" နွေဦးတော်လှန်ရေးက သုံးနှစ်တာ ကာလအထိ ရောက်လာ တော့မှာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ ကျွန်တော်တို့တွေဟာ ဘယ်လို ခြေလှမ်းမျိုးတွေကို ပီပီပြင်ပြင် ပေါက်ပေါက်မြောက်မြောက် လျှောက်လှမ်းထားကြပြီးပြီဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ ဘယ်လို အလုပ်မျိုးတွေဟာ ပြည်သူလူထုကို ကျေးဇူးပြုစေတဲ့ တော်လှန်ရေးအလုပ်တွေဖြစ်ပြီး ဘယ်လို လုပ်ရပ်မျိုးတွေကတော့ ပြည်သူလူထုအတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ကိစ္စရပ်မျိုးတွေဆိုတာကို ခွဲခြားသုံးသပ်ကြဖို့ လိုပါတယ်" ဟု ၎င်းကဆက်ပြောသည်။

ရှေ့ဆက်ရမည့် တော်လှန်ရေးခရီးတွင် အမှားအယွင်းနည်းနိုင်သမျှ နည်းအောင် လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ တော်လှန်ရေး ကာလအတွင်း ပြည်သူလူထု နားမျက်စိပွင့်ရေးမှာအရေးကြီး ကြောင်း ယာယီသမ္မတက ပြောသည်။

" တိုင်းပြည်ခက်ခဲကြပ်တည်းနေတဲ့ ကာလအတွင်းမှာ လူထုကို မျက်စိပိတ် နားပိတ်ဖြစ်အောင် ကန့်သတ်တားဆီးတာတွေ ရှိနေလို့၊ ကျွန်တော်တို့အနေနဲ့ သမားရိုးကျနည်းလမ်းတွေကို ကျော်ပြီး လူထုကို ကူညီဖို့ တာဝန်ရှိပါတယ်" ဟု ၎င်းက ပြောသည်။

CDM လှုပ်ရှားမှုကိုလည်း အနှစ်သာရပြည့်ဝသည့် ရလဒ်များ ထွက်ရှိအောင် ဆောင်ရွက်ဖို့လိုပြီး CDM များ၏ လူ့စွမ်းအား အရင်းအမြစ် မပြုန်းတီးအောင် ဆောင်ရွက်ရမည်ဟု ယာယီသမ္မတက ပြောသည်။

" နိုင်ငံရေးအတွေးအခေါ် ရှုထောင့်ကနေ ကြည့်ရင်လည်း CDM လှုပ်ရှားမှုဆိုတာဟာ လူထုကြားထဲမှာ လူထုနိုင်ငံရေးနည်းကို အကျယ်ပြန့်ဆုံး၊ အသိမ်မွေ့ဆုံးနည်းနဲ့ ဆွဲဆောင်စည်းရုံးရတဲ့ လူထုလှုပ်ရှားမှုနည်းနာဖြစ်ပါတယ်။ ဒါကို သတိမူပြီးတော့ CDM လှုပ်ရှားမှုမှာ အနှစ်အသားပြည့်ဝတဲ့ ရလဒ်တွေထွက်အောင် ဦးဆောင်လှုပ်ရှားကြဖို့ ဖြစ်ပါတယ်။ အခု နွေဦးတော်လှန်ရေး အတွင်းမှာလည်း CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။

ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက် ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ် မပြုန်းတီးအောင် ဝိုင်းဝန်း ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ၎င်းကပြောသည်။

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ဆိုသည်မှာ“ရုံးမတက်နဲ့ ရုန်းထွက်”ဆိုသည့် အနှစ်သာရထက် အများကြီး ပိုလွန်သည်ကို သတိထားမိရန် လိုကြောင်း၊ CDM လှုပ်ရှားမှုသည် လူထုတိုက်ပွဲကို ပုံသဏ္ဍာန် ဒီဇိုင်းပေါင်းစုံနှင့် အာဏာဖီဆန်တဲ့လှုပ်ရှားမှုဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#NUG ယာယီသမ္မတ
#အစိုးရအဖွဲ့ အစည်းအဝေး

ပုံအညွှန်း-NUG ယာယီသမ္မတ ဒူဝါလရှီးလ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤1👎1🤮1
​​ရေနံချောင်းတွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီး
=========================

ရောင်နီ
(မဇ္စျိမ)။ ။မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုး ဖြင့် ဖမ်းဆီးနေကြောင်း ဒေသခံများက မဇ္စျိမကိုပြောသည်။

ဖမ်းဆီးမှုများကို ယာဥ်ထိန်းရဲများက စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ဆိုင်ကယ် များကို အကြောင်းအမျိုးမျိုးရှာကာ ဖမ်းဆီးစစ်ဆေးခြင်းအပြင် သိမ်းဆည်းခြင်းအထိပါ ပြုလုပ်နေ ကြောင်း သိရသည်။

“မကွေးက မော်တော်ပီကယ်တွေ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ရေနံချောင်းမြို့ထဲကို တပတ်နှစ်ခါဆင်းဖမ်း နေတာပါ။ လမ်းတွေမှာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး စစ်ဆေးရေးဂိတ်တွေချတယ်၊ တွေ့တဲ့ ဆိုင်ကယ်တွေ ကို အကြောင်းအမျိုးပြပြီး ဖမ်းနေတာ” ဟု ရေနံချောင်းမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

ယာဥ်ထိန်းရဲများက ဆိုင်ကယ်များ၏ ဘီးခွန်၊ လိုင်စင်နှင့် ပိုင်ဆိုင်မှုအထောက်အထားများကို စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်းအပြင် ၎င်းတို့ချမှတ်ထားသည့် နောက်တိုးစည်းကမ်းဖြစ်သည့် အမျိုး သားနှစ်ယောက် စီးနင်းသည့်ဆိုင်ကယ်များကို ဖမ်းဆီးနေကြောင်း ၎င်းက ပြောသည်။

ယင်းသို့ စစ်ဆေးရာတွင် ဆိုင်ကယ်မောင်းနှင်သူက ယာဥ်ထိန်းရဲ၏စစ်ဆေးချက်များ ပြည့်စုံမှန်ကန်သည့် တိုင် အကြောင်းအမျိုးမျိုးပြကာ သိမ်းဆည်းသွားခြင်းများရှိသည့်အတွက် ဒဏ်ကြေးပေးဆောင်ကာ ပြန် လည်ရွေးယူနေရခြင်းများလည်းရှိကြောင်း သိရသည်။

“စစ်ဆေးတဲ့အချိန်မှာ ဆိုင်ကယ်မောင်းနှင်တဲ့သူမှာ ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင် အပြည့်အစုံရှိရင်တောင် ဆိုင်ကယ်သိမ်းသွားလို့ ဒဏ်ကြေး ၁၀၀,၀၀၀ ဆောင်ပြီး ပြန်ရွေးခဲ့ရတာတွေရှိတယ်။ တချို့ ဆိုင်ကယ် တွေဆို သူတို့စစ်ဆေးတဲ့ အချက်အလက်အပြည့်အစုံမရှိလို့ ဒဏ်ကြေး ၃၀၀,၀၀၀ ပေးပြီး ပြန်ရွေးခဲ့ရတာ တွေလည်း ရှိတယ်။ ပြန်မရဘဲ လုံး၀သိမ်းဆည်းခံလိုက်ရတဲ့ ဆိုင်ကယ်တွေလည်းရှိတယ်”ဟု ဒေသခံတဦး က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရေနံချောင်းမြို့တွင် ဆန်အိတ်တင်ဆောင်မောင်းနှင်လာသည့် ဆိုင်ကယ် ကယ်ရီသမားကို စစ်ကောင်စီတပ်နှင့် ယာဥ်ထိန်းရဲများက ဖမ်းဆီးကာ ဆိုင်ကယ်နှင့်အတူ ဆန်အိတ်ကိုပါ သိမ်းဆည်းသွားခဲ့ကြောင်း ၎င်းက ဆိုသည်။
“ ဆိုင်ကယ်ကယ်ရီသမားဆို ဆန်အိတ်နဲ့အဖမ်းခံရတာ၊ ဆိုင်ကယ်ရော ဆန်အိတ်ရော အသိမ်းခံရတယ်။ ဘာမှလုပ်လို့မရဘူး၊ အကုန်သိမ်းတာ။ တော်တော်ဆိုးနေတယ်၊ အခုအခြေအနေက ဖမ်းချင်လို့ကို ဖမ်းနေ တဲ့သဘောမျိုး ဖြစ်နေတယ်” ဟု ပြောသည်။

သိမ်းဆည်းခံရသည့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်က ၎င်းတို့၏ မိသားစုများထံ ပြန်လည်ရောင်းချ ပေးဝေမှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း ဒေသခံ များက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က ရေနံချောင်းမြို့မစျေးတွင် စျေး၀ယ်ပြီးပြန်လာသည့် ခလရ(၇၇)မှ အရပ်၀တ် စစ်ကောင်စီတပ်သားနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မကွေးခရိုင် အမှတ် (၂)တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ရာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့သည်။

ယင်းနောက်တွင် စက်တင်ဘာလဆန်းမှစပြီး စစ်ကောင်စီတပ်က မြို့နယ်အတွင်း လုံခြုံရေးတင်းကျပ် ကာ စစ်ဆေးမှုများလုပ်ဆောင်ခြင်း၊ ဆိုင်ကယ်များကို ဖမ်းဆီးစစ်ဆေးသိမ်းဆည်းခြင်းဖြင့် ဖိနှိပ်မှုများလုပ် ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။စောဖေ

#မကွေးတိုင်း
#ရေနံချောင်းမြို့
#ဆိုင်ကယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8👍3🤮3🤬2
​​ဘုတ်ပြင်းတွင် ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၁ ဦး အပါ ဒေသခံ ၃ ဦး ၂ ပတ်ကျော်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရ
====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့တွင် တရားမဝင် ခဲသတ္တူ အရောင်း၊အဝယ် ပြုလုပ်သည် ဆိုကာ အမျိုးသမီး တဦး အပါအဝင် ဒေသခံ သုံးဦးကို ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးပြီးနောက် နှစ်ပတ်ကျော် အကြာ အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရ သည်။

ဒေသခံများသည် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့သို့ လစဉ်ကြေးပေးပြီး ခဲသတ္တူလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့က ဒေါ်ရှမ်းမ၊ ကိုခင်ဇော်ဦးနှင့် ကိုအောင်လင်းဖြိုးတို့ သုံးဦးကို မြို့နယ် ရဲတပ်ဖွဲ့က ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြော သည်။

မိသားစုနဲ့ နီးစပ်သူ ဒေသခံ အမျိုးသား တဦးက“တရားမဝင် ခဲ အရောင်း/ဝယ် လုပ်တယ် ဆိုပြီး လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်။ အခုချိန်ထိ ဘယ်မှာ ဖမ်းဆီးထားတယ်၊ ဘယ်ရောက် နေတယ် ဆိုတာ သေချာ မသိရဘူး ဖြစ်နေတယ်။ ရဲစခန်းမှာ သွားရောက် စုံစမ်းလည်း ပေးမတွေ့ဘူး ။ မေးလည်း မဖြေဘူး ဖြစ်နေတယ်”ဟု ပြော သည်။

ဘုတ်ပြင်းမြို့နယ် အတွင်းရှိ ကော်တောင်၊ ရေငံကြီး၊ ကမာချောင်း၊ ဝါးချောင်းနှင့် ကရသူရိမြို့ စသည့် နေရာများတွင် ဒေသခံများသည် ခဲသတ္တူမိုင်း လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေခြင်းဖြစ်သော်လည်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကာလတွင် ရဲတပ်ဖွဲ့ကို လစဉ်ကြေးပေးရကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ခဲသတ္တူအရောင်းအဝယ်
#ကရသူရိမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👏2👍1😢1
​​အရပ်သားများကို တိုက်ခိုက်နေခြင်း ရပ်တန့်ရန် စစ်ကောင်စီအား အာဆီယံခေါင်းဆောင်များ တိုက်တွန်း 
=========================

မြန်မာနိုင်ငံတွင် အရပ်သားများအား အကြမ်းဖက်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို အာဆီယံခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အာဏာသိမ်း စစ်ကောင်စီကို တိုက်ရိုက်အပြစ်တင်ကာ သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်အား အကောင်အထည်ဖော်မှုလည်း မစို့မပို့သာ ရှိသည်ဟု အင်ဒိုနီးရှား အိမ်ရှင်အဖြစ် ကျင်းပသည့် အင်္ဂါနေ့ ထိပ်သီးအစည်းအဝေး၌ ပြောဆိုသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🍌1
​​အစ္စရေးကုမ္ပဏီများက စစ်ကောင်စီထံ ခေတ်မီစစ်လက်နက်များ ရောင်းချ 
========================

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် အစ္စရေး ကာကွယ်ရေးကုမ္ပဏီနှစ်ခုသည် ခေတ်မီလက်နက်များအား စစ်ကောင်စီထံသို့ ရောင်းချနေသည်ဟု သတင်းများက ဖော်ပြသည်။ Israel Aerospace Industries (IAI) နှင့် Elbit Systems ကုမ္ပဏီတို့က မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံသို့ ၂၀၂၂ ခုနှစ်တိုင်အောင် လက်နက်စနစ်များ ရောင်းချနေခြင်း ဖြစ်သည်ဟု အစ္စရေး Haaretz သတင်းစာက အင်္ဂါနေ့တွင် ဖော်ပြသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14❤1
မြန်မာ့ပြောင်းကိုထိုင်းအခွန်ကင်းလွတ်ကာလရပ်နားချိန် တရုတ်သို့ တင်ပို့မည်|Business Round Up (6.9.2023)
=====================

- စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄.၁ ရာခိုင်နှုန်းရရှိရန် စစ်ကောင်စီ မျှော်မှန်း

- ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် လယ်ယာနှင့် ရေထွက်ကုန်အချို့ စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရမည်

- စားသုံးဆီရည်ညွှန်းဈေးကို အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ၂၅၁၃ ကျပ်အပေါ် အခြေခံပြီး သတ်မှတ်

- မြန်မာ့ပြောင်းကိုထိုင်းအခွန်ကင်းလွတ်ကာလရပ်နားချိန် တရုတ်သို့ တင်ပို့မည်

https://youtu.be/i5jo4-XfssM?si=-aH9ulIA_r0Mw50x
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥5
​​မြန်မာအစား ၂၀၂၆ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရန် အသင့်ရှိကြောင်း ဖိလစ်ပိုင် ပြော 
=====================

မြန်မာအာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံရေးအတွက် အာဆီယံအဖွဲ့က အခက်တွေ့လျက် ရှိနေချိန် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၆ အာဆီယံဥက္ကဋ္ဌ တာဝန်အား မြန်မာနိုင်ငံအစား တာဝန်ယူရန် အသင့်ရှိနေကြောင်း သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6😁1🤮1