Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေးကို အာဆီယံရဲ့ ဥက္ကဋ္ဌဟောင်း၊ အသစ်နဲ့ လာမယ့်ဥက္ကဋ္ဌ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းမယ်

Watch more detail - https://youtu.be/9eVy1BhRL_Y

#မြန်မာ့အရေး#အာဆီယံ#သုံးပွင့်ဆိုင်
#VideoNews #shorts #reels
👍10🤮3😁1
​​အာဆီယံထိပ်သီးအစည်းအဝေးက “တသံတည်း မထွက်” ဟု ဝေဖန်မှုများ ရှိ
=====================

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင်များသည် တောင်တရုတ်ပင်လယ်နှင့် ပဋိပက္ခဒဏ်သင့် မြန်မာတို့အပါအဝင် ဒေသတွင်း အဓိကပြဿနာများနှင့် ပတ်သက်ပြီး အများဆန္ဒညီမှုဆီ ဖော်ဆောင်နိုင်ခြင်း မရှိကြောင်း ဝေဖန်မှုများ ရှိနေသည်။ 

မြန်မာအာဏာသိမ်း စစ်ကောင်စီက အငြင်းပွားဖွယ် ငြိမ်းချမ်းရေး အစီအစဉ် ငါးရပ်အား အကောင်အထည်ဖော်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသဖြင့် “သင်္ကြန်အမြောက်” အဖြစ် အာဆီယံအဖွဲ့အား ဝေဖန်သူများက ရှုတ်ချခြင်းများလည်း ရှိထားသည်။ 

စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ဂျကာတာ၌ ကျင်းပသည့် သုံးရက်တာ ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များသည် မြန်မာစစ်ကောင်စီအား အကြမ်းဖက်မှုများ လျှော့ချရန်၊ လူနေအိမ်များနှင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးကဲ့သို့ အများပိုင်အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ရပ်တန့်ရန် တိုက်တွန်းထားသည့် အချက် ၁၉ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
👍13😁2❤1
စက်တင်ဘာလ ( ၇ ) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:01-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပုံမှန်တွေ့ဆုံမှုရှိတယ်လို့ စစ်ကောင်စီပြောတဲ့သတင်း

02:17-မြန်မာ့အရေးကို အာဆီယံရဲ့ ဥက္ကဋ္ဌဟောင်း၊ အသစ်နဲ့ လာမယ့်ဥက္ကဋ္ဌတို့ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းမယ်ဆိုတဲ့သတင်း

05:19-မြန်မာနောင်း ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်တဲ့သတင်း

07:00-မင်းကင်းမြို့ လျှပ်စစ်ရုံးတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/0dr5Ot8-nUQ?si=Q76NFl9lcu_i6Ub7

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥1
​​မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးမည်ဟု အမေရိကန်ဒုသမ္မတ ပြော
===================

မြန်မာတွင် ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ထူထောင်ရေး၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် ကြောက်မက်ဖွယ် အကြမ်းဖက်မှုတို့ ရပ်ဆိုင်းရေးအတွက် အမေရိကန်အနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ဆက်လက်ဖိအားပေးသွားမည် ဖြစ်ကြောင်း အမေရိကန် ဒုသမ္မတ ကမ်မလာ ဟားရစ်က စက်တင်ဘာ ၆ ရက် အရှေ့တောင်အာရှခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အမေရိကန် ဒုသမ္မတ ဟားရစ်သည် စက်တင်ဘာ ၆ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် ကျင်းပသည့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ၁၁ ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သည်။

ဟားရစ်သည် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံတကာ စည်းမျဉ်း၊ စံသတ်မှတ်ချက်များနှင့် ဒေသတွင်း ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့၏ တူညီသည့် ကတိပြုနှစ်မြှုပ်ထားမှုကို ချီးကျူးခဲ့သည်။
👍9🤮1
​​၆ လအတွင်း စွမ်းဆောင်ရည်ကို သက်သေပြသမည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ပြော
=======================

ထိုင်းဝန်ကြီးချုပ်သစ် ဆရတ်သာ သာဗီဆင်းက နိုင်ငံအား စီမံခန့်ခွဲရေး၌ သူ့၏ စွမ်းဆောင်ရည်ကို ပြသနိုင်ရန် အချိန် ၃ လမှ ၆ လ ယူပြီး ပြည်သူများ အကျိုးရှိမည့် အယူအဆ သဘောထားများအတွက် တံခါးဖွင့်ထားကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

သူနှင့် သူ၏ အစိုးရသစ် အဖွဲ့ဝင်များက ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ပထမဆုံးအဖြစ် အစိုးရအိမ်တော်ရာသို့ ဝင်ရောက်ခဲ့ပြီးနောက် ဆရတ်သာက ယခုကဲ့သို့ ကတိပေးခြင်းပဲ ဖြစ်သည်။

၎င်းတို့က အိမ်တော်၏ အပြင်ဘက် ဘုရားကျောင်းတွင် ဝတ်ပြုကြပြီးနောက် လာမည့် တနင်္လာနေ့၌ လွှတ်တော်ကို တင်သွင်းရမည့် အစိုးရ၏ မူဝါဒ ကြေညာချက်နှင့် ပတ်သက်ပြီး ဆွေးနွေးကြသည်။
😁7
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ အမေရိကန် ဒုသမ္မတတိုက်တွန်း
=====================

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်ဖို့ အမေရိကန် ဒုသမ္မတ ကမ်မလာ ဟဲရစ် Kamala Harris က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်ကာင်စီအနေနဲ့ ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးနဲ့၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ထူထောင်နိုင်ရေးတို့ကို ဆက်လက် ဖိအားပေးတိုက်တွန်းသွားပါ့မယ်လို့ အမေရိကန် ဒုသမ္မတ Kamala Harris က ပြောဆိုသွားတာပါ။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် ဒုသမ္မတ ဒေသတွင်းနိုင်ငံတွေကို အခုလိုတိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက် ထောက်ခံသွားမယ်လို့လည်း သူက ပြောပါတယ်။
အင်ဒိုပစိဖိတ်ဒေသနဲ့ ပတ်သက်လို့ အားလုံးရဲ့ ဘုံ မျှော်မှန်းချက်တွေ ခိုင်ခိုင်မာမာ ရှိနေတာကို ကျေနပ်မိပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရေးဖို့ ဒေသတွင်း အရေးကိစ္စတွေနဲ့ နိုင်ငံတကာ အရေးတွေမှာ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းနဲ့ ကျင့်ဝတ်တွေ ချမှတ်နိုင်ရေး အားလုံး တူညီတဲ့ သံန္နိဌာန်ချမှတ်ထားပါတယ်လို့လည်း ဆိုပါတယ်။

အဲဒီအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်တွေက အကြမ်းဖက်မှု၊ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်ချေမှုန်းမှုတွေအတွက် အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပိုပြီး နီးနီးစပ်စပ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဝါရှင်တန်မြို့တော်မှာ အမေရိကန် အာဆီယံ စင်တာ ဖွင့်လှစ်မယ့်အကြောင်းလည်း ကမ်မလာ ဟဲရစ်က တစ်ဆက်တည်း ကြေညာလိုက်ပါတယ်။

အင်ဒိုပစိဖိတ်ဒေသ လွတ်လပ်မှု၊ အပြန်အလှန် ဆက်သွယ်နိုင်မှု၊ ကြွယ်ဝချမ်းသာပြီး လုံခြုံမှုနဲ့ အခက်အခဲတွေကြားက ကြံ့ကြံ့ခံနိုင်ရေး မျှော်မှန်းချက်တွေကို အမေရိကန်ဒုသမ္မတ Kamala Harris အလေးထားပြောဆိုသွားပါတယ်။

အင်ဒို ပစိဖိတ်ဒေသအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအရ နေရာယူထားမှုဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ဖြစ်တယ်ဆိုတာကို ဒုသမ္မတ ဟဲရစ်က အလေးထား ပြောဆိုသွားပါတယ်။

အာဆီယံ နိုင်ငံ့ခေါင်းဆောင်တွေတက်ရောက်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကိုတော့ စက်တင်ဘာ ၅ ရက်နေ့ကနေ စက်တင်ဘာ ၇ ရက်နေ့အထိ ကျင်းပပြုုလုပ်နေတာလည်းဖြစ်ပါတယ်။

https://youtu.be/--2K602CK7s?si=JHHEx8ZmB_ODQ0Rn

#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2👏1🤮1
​​တခုတည်းသော ဗျူဟာ၊ အမိန့်ပေးမှုအောက်တွင် မဟာဗျူဟာ ထိုးစစ်ဆင်နိုင်ရေးပြင်ဆင်နေသည်ဟု NUG ကာကွယ်ရေး အသိပေး
=====================

002
(မဇ္ဈိမ)။ ။ တခုတည်းသော ဗျူဟာ၊ အမိန့်ပေးမှုအောက်တွင် မဟာဗျူဟာ ထိုးစစ်ဆင်နိုင်ရေးပြင်ဆင်နေသည်ဟု NUG ကာကွယ်ရေးက ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်အထိမ်းအမှတ်တွင် ပြည်သူသို့အသိပေးသည်။

" စစ်ရေးစစ်မျက်နှာကို အဓိကတာဝန်ယူရသော ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ထုအင်အားတည်ဆောက်လျက်တခုတည်းသော မဟာဗျူဟာ၊ တခုတည်းသော အမိန့်ပေးကွပ်ကဲမှု စနစ်( one strategy- one command) အောက်တွင် မဟာဗျူဟာထိုးစစ်ဆင်နိုင်ရေးအတွက် ပြင်ဆင်လျက်ရှိသည်" ဟု NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

မဟာဗျူဟာထိုးစစ်အတွက် အရေးတကြီး လိုအပ်သည့်ရန်ပုံငွေကိုလည်း ပြည်သူများက အားတက်သရော ထောက်ကူပေးကြရန် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းသည်။

၂၀၂၁ ခုနစ်၊ စက်တင်ဘာ (၇) ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီ သမ္မတ ဒူဝါလရှီးလက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် “မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ” ဟု စတင်တိုက်တွန်းခဲ့သည်။

ပြည်သူ့ခုခံစစ် နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီနှင့်တိုက်ပွဲပေါင်း ၉,၉၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူတပ်သား သုံးသောင်းခန့်ကို ချေမှုန်းနိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးက ထုတ်ပြန်သည်။
စစ်ကောင်စီတွင် မြေပြင်တိုက်ခိုက်ရေးအင်အား ခြောက်သောင်းခွဲ ခန့်၊ ရေတပ်၊ လေတပ်နှင့် လက်ရုံးတပ်များပါ ထည့်သွင်းပါက အင်အား၂၄၀,၀၀၀ ခန့်ရှိနိုင်ကြောင်း၊ စစ်ကောင်စီ အင်အားပြုန်းတီးမှုကို ရာခိုင်နှုန်းဖြင့်တွက်ချက်ပါက ၁၂ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု NUG ကာကွယ်ရေးက ဆိုသည်။

ခုခံစစ် ပထမနှစ်တွင် ရန်သူ့စခန်း ၂၈ ခုသာ သိမ်းပိုက်နိုင်သော် လည်း ဒုတိယနှစ်တွင် ၁၀၇ ခုအထိ သိမ်းပိုက်နိုင်ရာ တနှစ် အတွင်း စခန်းသိမ်းတိုက်ပွဲ သုံးဆကျော်ဆင်နွှဲခဲ့သည်ဟု ထုတ်ပြန်သည်။
ပထမနှစ်တွင် ရန်သူ့ထိုးစစ်ကို ကြံ့ကြံ့ခံခဲ့ရသည့်နှစ်ဖြစ်ပြီး ဒုတိယ နှစ်တွင် တန်ပြန်ထိုးစစ်အတွက်ပြင်ဆင်သည့် မဟာဗျူဟာထိုးစစ် အကြိုကာလသို့ ရောက်ရှိခဲ့ကြောင်း၊ ဒုတိယနှစ်တွင် ခုခံအား ကောင်းသည့်ဒေသများတွင် လက်နက်ငယ်များသာမက ၁၂၀ မမ၊ ၆၀ မမ တို့အပြင် စက် သေနတ်ကြီးများ၊ လက်နက်ခဲယမ်းများကို အမြောက်အမြားသိမ်းပိုက်ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ်မှစပြီး တနှစ်စီမံချက်ကိုအကောင်အထည် ဖော်နေကာ စီမံချက်အရ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊နိုင်ငံခြား ရေး၊ အုပ်ချုပ်ရေး၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် လူထုဆက်ဆံရေး စသည့် စစ်မျက်နှာခြောက်ခုတွင် အရှိန်မြှင့်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
# ပြည်သူ့ခုခံတွန်းလှန်စစ်
#Mizzima

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

ပုံအညွှန်း- ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် မိန့်ခွန်းကို NUGယာယီသမ္မတ ပြောကြားစဉ်(ဓာတ်ပုံ-အင်တာနက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁3
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ အမေရိကန် ဒုသမ္မတတိုက်တွန်း

Watch more detail - https://youtu.be/--2K602CK7s

#မြန်မာနိုင်ငံ#အကြမ်းဖက်မှု#အဆုံးသတ်ရေး
#VideoNews #shorts #reels
👍14😁5❤1👏1
ယင်းမာပင်မြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး လက်နက်ခဲယမ်း သိမ်းဆည်းရမိ
❤13👏4🔥1
ယင်းမာပင်မြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး လက်နက်ခဲယမ်း သိမ်းဆည်းရမိ
=================

လွှမ်းမိုး

(မဇ္ဈိမ)။  ။ စစ်ကိုင်းတိုင်း ၊ ယင်းမာမြို့နယ် ၊ ကျောက်ကုန်းကျေးရွာ အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထောင်စု လွတ်မြောက်ရေး တပ်ပေါင်းစု (ULF) ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ကြာချိန် နှစ်နာရီခန့်ရှိကြောင်း ULF တပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုဂျော်ဒန်က ပြောသည်။

“ စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ ရှေ့ပြေးကင်းထောက်တပ်ဖွဲ့နဲ့ ကျနော်တို့ ရဲဘော်တွေရဲ့ ကင်းပုန်းနဲ့ စတင်ပစ်ခတ်မှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က ကင်းပုန်းဝပ်ပြီး အနီးရောက်မှ ကပ်ပစ်တာဆိုတော့ စစ်ကောင်စီတပ် အသေဆုံးများသွားတာ ဖြစ်တယ်” ဟု ကိုဂျော်ဒန်က ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး ခြောက်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကာ ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ လည်း ရဲဘော် ခြောက်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ULF တပ်ပေါင်းစု ထံမှ သိရသည်။

ထိုကဲ့သို့ ထိခိုက်သေဆုံးမှုများရှိခဲ့သည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ လက်နက်ကြီး ဟောင်ဝှစ်ဇာ များဖြင့် ပစ်ကူပေးခဲ့ကြောင်း ကိုဂျော်ဒန်က ပြောသည်။

“ နမခ စစ်ဌာနချုပ်နဲ့ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာက ခြောက်မိုင်လောက်ပဲ ရှိမယ်ဗျ။ ဟောင်ဝှစ်ဇာ အမျိုးအစား လက်နက်ကြီး နဲ့ လေးကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တာ ဖြစ်တယ်” ဟု ၎င်း က ဆိုသည်။

၎င်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ MA1 နှစ်လက် ၊ MA-2 တလက် ၊ 5.56 ကျည်တောင့် ၄၀၀၊ ကျည်ဘောက် ၁၇ ခု ၊ ဆက်သွယ်ရေး (icon) တလုံး နှင့် ဖုန်းတလုံး သိမ်းဆည်းရမိခဲ့ကြောင်း ULF တပ်ပေါင်းစုထံမှ သိရသည်။

အဆိုပါ တိုက်ပွဲကို ULF တပ်ပေါင်းစုမှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်သည့် Comrade စစ်ကြောင်း ၊ KLG စစ်ကြောင်း ၊ Alpha စစ်ကြောင်းနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စက်တင်ဘာ ၄ ရက်နေ့တွင် ကျောက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို DY(850) တိုက်ခိုက်ရေး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ယင်းမာပင်- ကနီ မြို့နယ် အစပ်ရှိ ကျောက်ကုန်း၊ ကျောက်မှော် ၊ စည်သူ ၊ စုန်းချောင်း ၊ နွားခြံကုန်း ၊ ကျွန်းကလေး ၊ အင်းပတ် စတဲ့ ကျေးရွာများမှ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ တလကျော်အကြာ စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KLG
#ယင်းမာမြို့နယ်
#ULF
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤1🔥1
​​သရက်ချောင်းတွင် မိုင်းရှင်းရန်လာသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ
===============

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်လမ်းတွင် မိုင်းရှင်းရန်လာ သော စစ်ကောင်စီတပ်သားများ စီးနင်းလာသည့်ကားတစီး စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းက မိုင်းဆွဲတိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာတွင် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက စာသင်ကျောင်း နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ်အနီးတွင် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက် ပြီး မိုင်းတလုံးပစ်ထားခဲ့ကြောင်း သိရသည်။

အဆိုပါမိုင်းအားရှင်းလင်းရန် စစ်ကောင်စီတပ်သားများသည် မြေသယ်ကားဖြင့် သရက်ချောင်းမြို့ဘက်သို့ ဆင်းလာစဉ် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရ ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သေဆုံးသူမရှိဘူးလို့တော့ ကြားရတယ်။ ကားသမားကတော့ လက်ကိုထိပြီး ဒဏ်ရာရတယ်၊ ကျန်တဲ့သူ တွေလည်း ဆေးထည့်နေတာတွေ့ရတယ်” ဟု သရက်ချောင်းမြို့ခံတဦးက ပြောသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်မှ အရေးပေါ်ကားတစီး ထားဝယ်ဘက်သို့တက်သွားသည်ကို တွေ့ရ ကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူအရေအတွက်မသိရကြောင်း ဒေသခံများက ပြောသည်။

မြေသယ်ကားပေါ်တွင် စစ်ကောင်စီတပ်သား ၂၀ ဦးဝန်းကျင်ပါရှိကြောင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက် လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ကာ ညနေ ၅ နာရီခန့်အထိ လမ်းပိတ်ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

ပုံစာ - သရက်ချောင်းမြို့ လမ်းတနေရာ

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#ထားဝယ်-မြိတ်လမ်း
#မိုင်းဆွဲတိုက်ခိုက်
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤7👎1😁1
စက်တင်ဘာလ( ၇ )ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

-ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း စစ်ကောင်စီတပ်သား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ NUG ပြောတဲ့သတင်း

-မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ အမေရိကန်
ဒုသမ္မတတိုက်တွန်းတဲ့သတင်း 

-နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံလေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းဖို့ CRPH တိုက်တွန်းတဲ့သတင်း 

-စစ်အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်အမူအကျင့်တွေ ပေါ်ထွက်လာပါက ပြတ်ပြတ်သားသား အရေးယူမယ်လို့ NUG ယာယီသမ္မတပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/dCCFUHVyY3c?si=eK-nn2g9ldJXM9xG

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1🍌1
စစ်ကောင်စီအပေါ် ထောက်ပံ့ပေးနေမှုကို အဆုံးသတ်ဖို့ G20 နိုင်ငံတွေကို တိုက်တွန်း
====================

ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာ ချက်ချင်းရပ်တန့်အောင် မြန်မာစစ်တပ်ကို တောင်းဆိုဖို့၊ စစ်တပ်ဆီ လက်နက်နဲ့ လေယာဉ်ဆီ ထောက်ပံ့ရောင်းချနေတာတွေ အဆုံးသတ်ဖို့၊ စစ်ကောင်စီတပ်ရဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ G-20 အဖွဲ့ဝင်နိုင်ငံတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန က စက်တင်ဘာ ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်ကြာကျင်းပမယ့် G-20 စက်မှုထိပ်သီးနိုင်ငံတွေ အစည်းအဝေးမှာ မြန်မာနိုင်ငံအကျပ်အတည်းကို လျစ်လျူမရှုဘဲ အပြီးသတ်ဖြေရှင်းပေးဖို့အတွက် အချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ NUG က တိုက်တွန်းထားပါတယ်။

တစ်ဆက်တည်းမှာပဲ ပြည်တွင်း နယ်စပ်ဖြတ်ကျော် အုပ်ချုပ်မှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ဖို့အပြင် ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေဖြေရှင်းဖို့အတွက် NUG နဲ့ မဟာမိတ်အဖွဲ့တွေကို နည်းပညာနဲ့ စွမ်းရည်မြှင့်တင်ရေး အကူအညီတွေပေးဖို့လည်း ပါရှိပါတယ်။

မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကြောင့် ကမ္ဘာ့နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ဒီအကျပ်အတည်းကို G 20 အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးပေါင်းဖြေရှင်းဖို့ အသင့်ရှိနေတယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီကို လက်နက်၊ ငွေကြေးနဲ့ သံတမန်ပိုင်းဆိုင်ရာ ထောက်ပံ့နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် မိုဒီကို ဖိအားပေးတားမြစ်ကြဖို့ G20 အဖွဲ့ဝင်နိုင်ငံတွေကို Burma Campaign UK ကလည်း တိုက်တွန်း တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင်ကတည်းက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် တရားရင်ဆိုင်နေရပေမဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာစစ်တပ်ကို ဆက်ပြီး ကူညီထောက်ပံ့နေတယ်လို့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှ ာဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာလည်း မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုလို့သတ်မှတ်နိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုးပြီး လုပ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ထောင်နဲ့ချီတဲ့လူတွေ အသတ်ခံရပြီး လူ နှစ်သောင်းခွဲလောက်ဖမ်းဆီးခံထားရသလို လူပေါင်း နှစ်သန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

အိန္ဒိယနိုင်ငံထဲ ထွက်ပြေးဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို အိန္ဒိယအာဏာပိုင်တွေက တရားဝင်နေထိုင်ခွင့်မပေးဘဲ ဖမ်းဆီးတာ၊ ရိုက်နှက်တာ၊ ချုပ်နှောင်ထားတာနဲ့ မိခင်နိုင်ငံကို ပြန်ပို့မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စာသင်ကျောင်းနဲ့ ဆေးရုံ ဆေးခန်းတွေကို တိုက်ခိုက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းထောက်ပံ့တာတွေ ရပ်တန့်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အတူတကွတားမြစ်ဖို့ G20 အစည်းအဝေးဟာ အခွင့်အရေးတစ်ခုဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

https://youtu.be/e7YGpGkAazc?si=pXN4UN88xJ5Qi1yg

#politicalnews News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁2
This media is not supported in your browser
VIEW IN TELEGRAM
September - 7 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍3😁1🍌1
​​မြင်းခြံမြို့တွင် မီတာမဆောင်ပါက မီတာပုံးဖြုတ်မည်ဟု လျှပ်စစ်ဌာနမှသတိပေးစာဖြန့်ဝေ
===================

ဓါတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မီတာမဆောင်ပါက နေအိမ်များ၏မီတာပုံးများလာဖြုတ်မည်ဟု စစ်တပ်လက်အောက်ခံ လျှပ်စစ်ဌာနဝန်ထမ်းများက သတိပေးစာများလာဝေကြောင်း မြင်းခြံမြို့ဒေသခံများထံမှသိရသည်။

အဆိုပါသတိပေးစာကို ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့က မီတာမဆောင်သည့် နေအိမ်များနှင့်ကြွေးကျန်နေအိမ်များကို ယနေ့စက်တင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားဆောင်ရန် တရက်သာလျှင်အချိန်ပေးပြီးသတိပေးခြင်းဖြစ်ကြောင်း မြို့ခံတဦးက မဇ္စျိမကိုပြောသည်။

"ဒီနေ့ဆောင်ရမယ်ဆိုတာကို မနေ့ကမှ သတိလာပေးတယ်၊ စဥ်းစားကြည့်ဗျာ၊ ဒီမှာက လက်လုပ်လက်စားသမားတွေများတယ်၊ အဆင်မပြေတာတကြောင်း၊ စကစကိုမီတာမဆောင်ချင်တာကတကြောင်းပေါ့ ၊ အာဏာသိမ်းပြီးကထဲက ဘယ်သူမှမဆောင်ခဲ့ဘူး။ ဆောင်တဲ့သူတွေလည်းနည်းတယ်။ ကြောက်လို့ဆောင်ကြတဲ့သူတွေပေါ့ ၊ အခုကျပြည်သူဆီက ပိုက်ဆံလိုနေတော့ ပြည်သူဆီကမရ ရအောင်တောင်းတော့မယ့်ပုံစံပါ "ဟု ၎င်းကပြောသည်။

သတိပေးစာတွင် မီတာမဆောင်သည့်နေအိမ်များ လာရောက်ဆောင်ပါရန်၊မီတာဆောင်နေကျနေအိမ်များလည်း ကြွေးကျန်ရှိပါက တခါတည်းဆောင်ပါရန်နှင့် မဆောင်ပါက မီတာပုံးများဖြုတ်မည့်အပြင် ရက်ကျော်မှလာစောင်လျှင်လည်း အချိန်ကာလ သုံးလစောင့်ကြည့်ကာ မီတာပြန်တပ်ရန် မူလလျှောက်ထားခဲ့စဥ်ကပုံစံအတိုင်း ကျသင့်တာများပါပေးချေရမည်ဟုဒေသခံများ၏ ပြောကြားချက်အရသိရသည်။

" မီတာပုံးလိုက်ဖြုတ်တာကလည်း လမ်းမီးတိုင်မှာ ကြိုးဖြတ်ရင်သူတို့ပြန်သွားရင်ပြန်တပ်ပြီး သုံးကြလို့ဖြုတ်မှာ၊ သတိပေးတာတောင် အနားကပ်မှ ခြိမ်းခြောက်သလိုပုံစံ လာပြောတာ"ဟု မြင်းခြံမြို့ ဒေသခံတဦးက ပြောသည်။

အနယ်နယ်အရပ်ရပ်နှင့် မြို့ပြများတွင် လျှပ်စစ်ဝန်ထမ်းများမှ ပြီးခဲ့သည့်နှစ်ကစ၍ မီတာခလာရောက်ပေးဆောင်ရန်နှင့် မဆောင်ပါက မီးဖြတ်မည်ဟု ရပ်ကွက်များအတွင်း ကြိုတင်ကြော်ငြာသော်လည်း မြင်းခြံမြို့တွင်မူ တရက်သာအချိန်ပေး၍ ဖိအားပေးဆောင်ခိုင်းခြင်းကြောင့် ဒေသခံများအခက်​တွေ့နေကြောင်း၎င်းတို့က ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြင်းခြံမြို့
#လျှပ်စစ်ဝန်ထမ်း
#မီတာခ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7😁3👍2🤮2
​​မြိုင်မြို့နယ်တွင် ပျူစောထီးရွာများကို ရိက္ခာပို့နေသည့်စစ်ကြောင်းကသတ်ဖြတ်ထားသော အမျိုးသား အလောင်းတွေ့ရှိ
===================

ပါခွီး
(မဇ္စျိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပျူစောထီးကျေးရွာများကို ရိက္ခာပို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သတ်ဖြတ်ထားသော အလောင်းတွေ့ရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

ဩဂုတ်လ ၃၀ ရက်နေ့မှစတင်ပြီး ပခုက္ကူမြို့ တမခ(၁၀၁)မှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် ပျူစောထီးကျေးရွာများကို လက်နက်နှင့် ရိက္ခာများပို့နေစဥ် ဒေသခံတဦးကို သတ်ဖြတ်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းရုပ်အလောင်းကို စက်တင်ဘာလ ၅ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ များမှ သရက်ကွကျေးရွာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သူကအရပ်သားပါ တပ်ဖွဲ့ဝင်မဟုတ်ဘူး၊ စစ်ကြောင်းနဲ့ပါလာတာ ဖြစ်နိုင်တယ်။ ဒီနားအနီးတဝိုက်က တော့မဟုတ်ဘူး။ ခေါင်းကို သေနတ်နဲ့ ပစ်ခံထားရတယ်” ဟု ဒေသခံ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် တဦးက မဇ္စျိမကိုပြောသည်။

သေဆုံးသူမှာ အသက် ၄၀ ခန့် အမျိုးသားဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ပျူစောထီးများစခန်းချထားသည့် သရက်ကွကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်နှင့်ရိက္ခာများပို့ဆောင်ပြီးနောက် တွေ့ရှိခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကန်နီ(ပျူစောထီး)ရွာသို့လည်း ဆန်အိတ်များပေးပို့ခဲ့ပြီး ဆားလင်း ကန်ကျေးရွာမှဆန်များကို ကားတစီးတိုက် လုယက်သွားကြောင်း ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

မြိုင်မြို့နယ်အတွင်းမှ ပျူစောထီးရွာများသို့ ရိက္ခာနှင့် လက်နက်များပို့နေသော စစ်ကောင်စီစစ်ကြောင်း သည် စက်တင်ဘာလ ၆ ရက်နေ့က ဂွေးပင်တောကျေးရွာအနီးတွင် ရပ်နားခဲ့ပြီး ယနေ့ စက်တင်ဘာ ၇ ရက်တွင် ကန်နီ(ပျူစောထီး)ရွာသို့ ဝင်ရောက်သွားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မကွေးတိုင်း
#မြိုင်မြို့နယ်
#ပျူစောထီးကျေးရွာ
#စစ်ကောင်စီစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3😢2
​​မြင်းခြံတွင် ပျူစောထီးရန်ပုံငွေဟုဆိုကာ ကျူးကျော်နှင့်အိမ်ငှားနေသူများထံ ငွေတောင်းနေ
=========================

ဓါတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊မြင်းခြံမြို့၊အမှတ်(၁)တိုးချဲ့ရပ်ကွက်တွင် ပျူစောထီးအဖွဲ့များအတွက် ရန်ပုံ‌ငွေဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့် ပျူများက ဒေသခံများထံမှ ငွေကြေးတောင်းခံနေကြောင်း သိရသည်။

အမှတ်(၁)တိုးချဲ့ရပ်ကွက်မှ အိမ်ငှားနေသူများ၊ကျူးကျော်များနှင့် အဆောင်ငှားနေသူများကို တအိမ်လျှင် ငွေ ၃,၀၀၀ ကျပ်စီကောက်ခံတောင်းယူနေခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
" ပျူစောထီးတွေအတွက်ရန်ပုံငွေပေါ့။ မိုက်နဲ့လိုက်အော်ပြီးတောင်းတာ" ဟု ဒေသခံတဦးကမဇ္စျိမကိုပြောသည်။

ယင်းငွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်ပေးဆောင်ရန် ပျုစောထီးများက ပြောသွားသည်ဟု သိရသည်။လွန်ခဲ့သည့်သုံးလခန့်ကလည်း ပျူစောထီးအဖွဲ့က တအိမ်လျှင် ငွေကျပ် ၅၀,၀၀၀စီကောက်ခံခဲ့ကြောင်းအမှတ်(၁)တိုးချဲ့ရပ်ကွက်တွင် နေသူအချို့ကပြောသည်။

" အရင်ကတော့ အိမ်တွေဆီသွားပြီးလိုက်ကောက်တာ။ အခုက အုပ်ချုပ်ရေးမှူးဝင်း‌ဆွေရှိတဲ့ရုံးကိုလာပေးခိုင်းတာ။ ဒါမျိုးလုပ်တာ သုံးကြိမ်လောက်ရှိပြီ။ ဧည့်စာရင်းလည်းအတင်းတိုင်ခိုင်းတယ် "ဟု ဒေသခံတဦးကပြောသည်။

မြင်းခြံမြို့၊အမှတ်(၁)တိုးချဲ့ရပ်ကွက်တွင် ကျူးကျော်နေထိုင်သူအိမ်ထောင်စု ၁၀၀ ကျော်နှင့်အိမ်ငှား၊အဆောင်ငှားနေထိုင်သူ အိမ်ထောင်စု ၅၀ ဝန်းကျင်ရှိကြောင်းသိရသည်။

မြင်းခြံမြို့နယ်မှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့အများစုမှာ ဒေသအခြေအနေအရ ရေလယ်ကျွန်းနှင့်အခြားဒေသများသို့ရောက်ရှိနေသဖြင့် မြို့ပေါ်တွင်ပျူစောထီးများ ကြီးစိုးနေသည်ဟု သိရသည်။စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် အရပ်သားပြည်သူများအပေါ် နိုင်ထက်စီးနင်းလုပ်ဆောင်မှုများရှိကြောင်းဒေသခံများက‌ ပြောသည်။

စာတည်း - အေးချမ်း

#mizzima
#မြင်းခြံမြို့
#ပျူစောထီးရန်ပုံ‌ငွေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😡9👍4❤1👎1🔥1