ကနီမြို့နယ် အလယ်ကျွန်းရွာအနီး၌ စစ်ကောင်စီတပ်ကို KLG- PDF တိုက်ခိုက်
====================
စစ်ကိုင်းတိုင်း ၊ ကနီမြို့ တောင်ဘက် နှစ်မိုင်ခန့် အကွာရှိ အလယ်ကျွန်း (ရေလယ်ကျွန်း) ကျေးရွာ အနီး၌ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့ကို ကနီ ဒေသကာကွယ်ရေး အဖွဲ့ (KLG- PDF) က ယမန်နေ့ ဧပြီလ ၁၇ ရက် ည ၁ နာရီခန့်တွင် တိုက်ခိုက်သည်။
တိုက်ပွဲ ကြာချိန် သုံးနာရီခန့် အတွင်း စစ်ကောင်စီတပ်သား နှင့် ပျူစောထီးများ သေဆုံးမှု များနိုင်ပြီး ညတိုက်ပွဲ ဖြစ်၍ အသေးစိတ်ကို မသိရှိရသေးဟု KLG-PDF ရဲဘော် တစ်ဦးက ပြောသည်။ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဘက်တွင်မှု အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
" တိုက်ပွဲက ဧပြီလ ၁၇ ရက်နေ့ ညပိုင်း ၁ နာရီလောက်က စဖြစ်ခဲ့တာ။ စခ (စစ်ကောင်စီတပ်) နဲ့ ပျူပူးပေါင်း အဖွဲ့က အလယ်ကျွန်း ကျေးရွာဘက်ကနေ စထွက်လာတာ။ ကျွန်တော်တို့ ကင်းပုန်း ဝပ်နေတဲ့ နေရာနား ဘယ်လောက်မှ မဝေးပါဘူး၊ ရောက်လာကြတာ။ အဲဒီမှာ ကျွန်တော်တို့ ဘက်က စပြီး ပစ်ခဲ့ရတာ။ စခ နဲ့ ပျူတွေ တန်းနေအောင် ပြေးတာ။ အလယ်ကျွန်း ရွာထဲမှာ ရှိတဲ့ သူတို့ကင်းပုန်း အထိ လိုက်ပစ်ခဲ့တာ။ ကျွန်တော်တို့ ဘက်က လက်နက်ကြီးတွေ ၊ ရှော့ဒုံးတွေ ၊ လက်ပစ်မိုင်းတွေနဲ့ အစုံ ပစ်ခဲ့ကြာတာ " ဟု KLG ရဲဘော် က ပြောသည်။
အလယ်ကျွန်းရွာ၌ စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ တပ်စွဲ နေသည်မှာ ငါးလကျော် ရှိနေပြီ ဖြစ်သည်။ စစ်အာဏာရှင် စနစ်ကို မထောက်ခံသည့် အလယ်ကျွန်း ကျေးရွာ ပြည်သူများမှာ စစ်ဘေး ရှောင်နေရပြီး အချိန် ကြာလာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲ များစွာ ရှိကြောင်းလည်း ဒေသခံ စစ်ရှောင် တစ်ဦးက ဆိုသည်။
#Mizzima
#ကနီမြို့နယ်
#အလယ်ကျွန်းရွာ
#KLG_PDF
#တိုက်ပွဲ

👍6
အာဏာသိမ်း ၂နှစ်ပြည့် မြေပြင်အခြေအနေဘယ်လိုရှိလဲ
==================
အာဏာသိမ်း ၂နှစ်ပြည့် မြေပြင်အခြေအနေဘယ်လိုရှိလဲဆိုတဲ့အကြောင်းအရာအပေါ်မှာ KLG ကျောက်လုံးကြီးတပ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့အား မဇ္ဈိမသတင်းခန်းဌာနစီမံခန့်ခွဲမူအယ်ဒီတာဦးစိန်ဝင်းမှ ဆက်သွယ်မေးမြန်းထားပါသည်။
https://youtu.be/G_bm8I2M78k
#Interviews
#အာဏာသိမ်း၂နှစ်ပြည့်
#မြေပြင်အခြေအနေ
#KLG
#ကျောက်လုံးကြီးတပ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
အာဏာသိမ်း ၂နှစ်ပြည့် မြေပြင်အခြေအနေဘယ်လိုရှိလဲ
အာဏာသိမ်း ၂နှစ်ပြည့် မြေပြင်အခြေအနေဘယ်လိုရှိလဲဆိုတဲ့အကြောင်းအရာအပေါ်မှာ KLG ကျောက်လုံးကြီးတပ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့အား မဇ္ဈိမသတင်းခန်းဌာနစီမံခန့်ခွဲမူအယ်ဒီတာဦးစိန်ဝင်းမှ ဆက်သွယ်မေးမြန်းထားပါသည်။
#Interviews
#အာဏာသိမ်း၂နှစ်ပြည့်
#မြေပြင်အခြေအနေ
#KLG
#…
#Interviews
#အာဏာသိမ်း၂နှစ်ပြည့်
#မြေပြင်အခြေအနေ
#KLG
#…
👍6😁2
ကနီမြို့နယ်ရှိ အလယ်ကျွန်းပျူရွာကို ဒရုန်းလေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်
======================
လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ၊ အလယ်ကျွန်း (ရေလယ်ကျွန်း) ပျူရွာကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံက သိရသည်။
ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။
“ မောင်းသူမဲ့ ဒရုန်းလေယာဉ်ကို အသုံးပြုပြီး 1kg ဗုံးသီး သုံးလုံးချ ပြီးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဗိုလ်နေတဲ့ အိမ်နှင့် ပျူစောထီးခေါင်းဆောင်နေတဲ့ အိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။ အတွင်းသတင်းပေးအရ ပျူစောထီး နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ (ကျောက်လုံးကြီး) အဖွဲ့က ပြုလုပ်ခဲ့ပြီး PDF ရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြောသည်။
ဇွန်လ ၂၅ ရက်နေ့ကလည်း ကျောက်လုံးကြီးတပ်ဖွဲ့ (KLG PDF) မှ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ပျူရွာကို မောင်းသူမဲ့ဒရုန်းလေယာဉ်များအသုံးပြု၍ ဗုံးသီးချ တိုက်ခိုက်ခိုက်ခဲ့သေးသည်။
လက်ရှိတွင် KLG PDF အနေဖြင့် မောင်းသူမဲ့ဒရုန်းလေယာဉ်များ ဆက်လက်ထုတ်လုပ်နိုင်ရန်အတွက် ငွေကြေးအခက်အခဲများရှိနေ၍ ပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
https://youtu.be/bFUGrTqT1CI
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ကနီမြို့နယ်
#ကျောက်လုံးကြီး
#KLG_PDF
#ဒရုန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ၊ အလယ်ကျွန်း (ရေလယ်ကျွန်း) ပျူရွာကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံက သိရသည်။
ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။
“ မောင်းသူမဲ့ ဒရုန်းလေယာဉ်ကို အသုံးပြုပြီး 1kg ဗုံးသီး သုံးလုံးချ ပြီးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဗိုလ်နေတဲ့ အိမ်နှင့် ပျူစောထီးခေါင်းဆောင်နေတဲ့ အိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။ အတွင်းသတင်းပေးအရ ပျူစောထီး နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ (ကျောက်လုံးကြီး) အဖွဲ့က ပြုလုပ်ခဲ့ပြီး PDF ရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြောသည်။
ဇွန်လ ၂၅ ရက်နေ့ကလည်း ကျောက်လုံးကြီးတပ်ဖွဲ့ (KLG PDF) မှ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ပျူရွာကို မောင်းသူမဲ့ဒရုန်းလေယာဉ်များအသုံးပြု၍ ဗုံးသီးချ တိုက်ခိုက်ခိုက်ခဲ့သေးသည်။
လက်ရှိတွင် KLG PDF အနေဖြင့် မောင်းသူမဲ့ဒရုန်းလေယာဉ်များ ဆက်လက်ထုတ်လုပ်နိုင်ရန်အတွက် ငွေကြေးအခက်အခဲများရှိနေ၍ ပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
https://youtu.be/bFUGrTqT1CI
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ကနီမြို့နယ်
#ကျောက်လုံးကြီး
#KLG_PDF
#ဒရုန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ကနီမြို့နယ်ရှိ အလယ်ကျွန်းပျူရွာကို ဒရုန်းလေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်
လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ၊ အလယ်ကျွန်း (ရေလယ်ကျွန်း) ပျူရွာကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံက…
❤10👏5👍4😁2
ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းရှိ စစ်ကောင်စီတပ်ကို ၁၀၇ မမဖြင့် ပစ်ခတ်တိုက်ခိုက်
====================
လွှမ်းမိုး (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ မြောက်ခြမ်းရှိ ၊ စည်သူ သစ်ကွင်းတွင် သစ်ထုတ်နေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၁၀၇ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ULF(မဟာမိတ် တပ်ပေါင်းစု) Comrade စစ်ကြောင်းထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ဩဂုတ်လ ၁၃ ရက် ညနေ ၄ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှုရှိနိုင်ကြောင်း ULF သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။
“ ၁၀၇ မမ ရှော့တိုက်ဒုန်း ကို အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့ တပ်သားများရှိရာ နေရာကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့တဲ့အတွက် စစ်သား သေဆုံးမှုရှိနိုင်ပါပေမဲ့ အသေးစိတ် အတည်မပြုနိုင် “ ဟု ၎င်း ကဆိုသည်။
ထိုတိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေး တပ်ပေါင်းစု (ULF) မှ Comrade စစ်ကြောင်း ၊ KLG စစ်ကြောင်း နှင့် Alpha စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်း သစ်ကွင်းနေရာ၌ ဩဂုတ်လ ၆ ရက်နေ့ တွင် စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ဒေသကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
https://youtu.be/22RzFDeVRAg
#mizzima
#Comrade
#စစ်ကြောင်း
#KLG
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

လွှမ်းမိုး (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ မြောက်ခြမ်းရှိ ၊ စည်သူ သစ်ကွင်းတွင် သစ်ထုတ်နေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၁၀၇ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ULF(မဟာမိတ် တပ်ပေါင်းစု) Comrade…
👍10😁3❤2👏1
ယင်းမာပင်မြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး လက်နက်ခဲယမ်း သိမ်းဆည်းရမိ
=================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာမြို့နယ် ၊ ကျောက်ကုန်းကျေးရွာ အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထောင်စု လွတ်မြောက်ရေး တပ်ပေါင်းစု (ULF) ထံမှ သိရသည်။
အဆိုပါ တိုက်ပွဲသည် စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ကြာချိန် နှစ်နာရီခန့်ရှိကြောင်း ULF တပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုဂျော်ဒန်က ပြောသည်။
“ စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ ရှေ့ပြေးကင်းထောက်တပ်ဖွဲ့နဲ့ ကျနော်တို့ ရဲဘော်တွေရဲ့ ကင်းပုန်းနဲ့ စတင်ပစ်ခတ်မှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က ကင်းပုန်းဝပ်ပြီး အနီးရောက်မှ ကပ်ပစ်တာဆိုတော့ စစ်ကောင်စီတပ် အသေဆုံးများသွားတာ ဖြစ်တယ်” ဟု ကိုဂျော်ဒန်က ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး ခြောက်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကာ ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ လည်း ရဲဘော် ခြောက်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ULF တပ်ပေါင်းစု ထံမှ သိရသည်။
ထိုကဲ့သို့ ထိခိုက်သေဆုံးမှုများရှိခဲ့သည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ လက်နက်ကြီး ဟောင်ဝှစ်ဇာ များဖြင့် ပစ်ကူပေးခဲ့ကြောင်း ကိုဂျော်ဒန်က ပြောသည်။
“ နမခ စစ်ဌာနချုပ်နဲ့ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာက ခြောက်မိုင်လောက်ပဲ ရှိမယ်ဗျ။ ဟောင်ဝှစ်ဇာ အမျိုးအစား လက်နက်ကြီး နဲ့ လေးကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တာ ဖြစ်တယ်” ဟု ၎င်း က ဆိုသည်။
၎င်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ MA1 နှစ်လက် ၊ MA-2 တလက် ၊ 5.56 ကျည်တောင့် ၄၀၀၊ ကျည်ဘောက် ၁၇ ခု ၊ ဆက်သွယ်ရေး (icon) တလုံး နှင့် ဖုန်းတလုံး သိမ်းဆည်းရမိခဲ့ကြောင်း ULF တပ်ပေါင်းစုထံမှ သိရသည်။
အဆိုပါ တိုက်ပွဲကို ULF တပ်ပေါင်းစုမှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်သည့် Comrade စစ်ကြောင်း ၊ KLG စစ်ကြောင်း ၊ Alpha စစ်ကြောင်းနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စက်တင်ဘာ ၄ ရက်နေ့တွင် ကျောက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို DY(850) တိုက်ခိုက်ရေး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ယင်းမာပင်- ကနီ မြို့နယ် အစပ်ရှိ ကျောက်ကုန်း၊ ကျောက်မှော် ၊ စည်သူ ၊ စုန်းချောင်း ၊ နွားခြံကုန်း ၊ ကျွန်းကလေး ၊ အင်းပတ် စတဲ့ ကျေးရွာများမှ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ တလကျော်အကြာ စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KLG
#ယင်းမာမြို့နယ်
#ULF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍20❤1🔥1
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်စုကို တိုက်ခိုက်မှု ၃ ဦးသေဆုံးဟုဆို
======================
လွှမ်းမိုး(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အထက်ပိုင်း၊မြွေပိုင်းတောင်အနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံမှ သိရသည်။
စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ AT ကပြောသည်။
“ စနိုက်ပါကို အဓိကထားပြီး အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ကြီး တွေနဲ့လည်း ပွိုင့်နေရာ နှစ်ခုကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်း ကဆိုသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း KLGက ထုတ်ပြန်သည်။
“ စစ်သားသေဆုံးမှုကို စနိုက်ပါ သမားလည်း မြင်လိုက်ရတဲ့အပြင် စစ်သားတွေသုံးတဲ့ ဆက်သွယ်ရေး အိုင်ကွန်တွေက ကျနော်တို့ဆီလိုင်းတွေလာပူးပြီး သေဆုံးကြောင်းကို အတည်ပြုနိုင်ခဲ့တယ်” ဟု
AT ကပြောသည်။
တိုက်ပွဲကို KLG PDF ၏ ယင်းမာပင်ခရိုင် တပ်ရင်း၂၁၊၂၂၊၂၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ရေယာဉ်အုပ်စုတွင် သင်္ဘောခြောက်စီးပါဝင်ပြီး ယနေ့စက်တင်ဘာ၁၄ရက်တွင် ကလေးဝမြို့သို့ ရောက်ရှိသွားပြီဟု သိရသည်။ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့ဘက်မှ စုန်ဆင်းလာသည့် ကျောက်စိမ်းနှင့် ကျောက်မီးသွေးမော်တော်ယာဉ်များကို လုံခြုံရေးယူပေးရန် အထက်သို့ ဆန်တက်နေခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဟုမ္မလင်းမှ စုန်ဆင်းလာသည့် ရေယာဉ်အုပ်စုမှာလည်း ယနေ့ နံနက်တွင် မော်လိုက်မြို့၊ ကြာအင်းရွာသို့ ရောက်ရှိနေပြီဟု သိရသည်။ မြစ်ကမ်းဘေးဒေသမှ ပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။
https://youtu.be/gSPHji4nBd4?si=IEqEiJYJKE2Ym176
စာတည်း - အေးချမ်း
#mizzima
#ချင်းတွင်းမြစ်ကြောင်း
#စစ်ကောင်စီတပ်ရေယာဉ်အုပ်စု
#KLG PDF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
လွှမ်းမိုး(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အထက်ပိုင်း၊မြွေပိုင်းတောင်အနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံမှ သိရသည်။
စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ AT ကပြောသည်။
“ စနိုက်ပါကို အဓိကထားပြီး အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ကြီး တွေနဲ့လည်း ပွိုင့်နေရာ နှစ်ခုကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်း ကဆိုသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း KLGက ထုတ်ပြန်သည်။
“ စစ်သားသေဆုံးမှုကို စနိုက်ပါ သမားလည်း မြင်လိုက်ရတဲ့အပြင် စစ်သားတွေသုံးတဲ့ ဆက်သွယ်ရေး အိုင်ကွန်တွေက ကျနော်တို့ဆီလိုင်းတွေလာပူးပြီး သေဆုံးကြောင်းကို အတည်ပြုနိုင်ခဲ့တယ်” ဟု
AT ကပြောသည်။
တိုက်ပွဲကို KLG PDF ၏ ယင်းမာပင်ခရိုင် တပ်ရင်း၂၁၊၂၂၊၂၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ရေယာဉ်အုပ်စုတွင် သင်္ဘောခြောက်စီးပါဝင်ပြီး ယနေ့စက်တင်ဘာ၁၄ရက်တွင် ကလေးဝမြို့သို့ ရောက်ရှိသွားပြီဟု သိရသည်။ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့ဘက်မှ စုန်ဆင်းလာသည့် ကျောက်စိမ်းနှင့် ကျောက်မီးသွေးမော်တော်ယာဉ်များကို လုံခြုံရေးယူပေးရန် အထက်သို့ ဆန်တက်နေခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဟုမ္မလင်းမှ စုန်ဆင်းလာသည့် ရေယာဉ်အုပ်စုမှာလည်း ယနေ့ နံနက်တွင် မော်လိုက်မြို့၊ ကြာအင်းရွာသို့ ရောက်ရှိနေပြီဟု သိရသည်။ မြစ်ကမ်းဘေးဒေသမှ ပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။
https://youtu.be/gSPHji4nBd4?si=IEqEiJYJKE2Ym176
စာတည်း - အေးချမ်း
#mizzima
#ချင်းတွင်းမြစ်ကြောင်း
#စစ်ကောင်စီတပ်ရေယာဉ်အုပ်စု
#KLG PDF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်စုကို တိုက်ခိုက်မှု ၃ ဦးသေဆုံးဟုဆို
လွှမ်းမိုး(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အထက်ပိုင်း၊မြွေပိုင်းတောင်အနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံမှ…
👍11👏2😁1