Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ပင့်ကူအိမ်များကို တုပပြီး လေမှတဆင့် ရေထုတ်ယူသည့် သိပ္ပံပညာရှင်များ
========================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3
​​မူဆယ်၊စယ်လန့်ရွာအနီးတိုက်ပွဲကြောင့် စစ်ရှောင် ၃,၀၀၀ ခန့်ရှိလာ.
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူအရေအတွက် တိုးလာနေပြီး လူဦးရေ ၃,၀၀၀ နီးပါး ရှိလာပြီဟု သိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များသည် စယ်လန့်ကျေးရွာအနီးတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၂၈ရက်နေ့မှစကာတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် စယ်လန့်ကျေးရွာနှင့် နမ့်ကတ်ကျေးရွာမှ ဒေသခံ ၃,၀၀၀ ခန့်သည် မူဆယ်မြို့၊ဟိုနားရပ်ကွက်၊ စွမ်စော်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းများနှင့် နမ့်ခမ်းမြို့နယ်အပြင် တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီမြို့ရှိ ဆွေမျိုးအိမ်များတွင် တိမ်းရှောင်နေရကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားရာနေရာသည် တရုတ်နယ်စပ်နှင့် နီးသည်ဟု ဒေသခံများကပြောသည်။
" အခက်အခဲတွေကတော့ များတယ်ဗျာ။ စစ်တပ်ကလည်း ရွာထဲမှာတပ်စွဲထားတုန်းပဲ။ တအာင်းအဖွဲ့တွေလည်း ရှိနေပြီး စစ်ရေးတင်းမာနေတုန်းပဲ"ဟု စစ်ဘေးရှောင်တဦးကပြောသည်။

စစ်ဘေးရှောင်များနေရပ်ပြန်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများက ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် အကြောင်းကြားလာသည်ဟု သိရသည်။ စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် ဒေသခံများ မပြန်ရဲကြသေးပေ။

“နေရပ်က မပြန်ရသေးဘူး။ သူတို့ မူဆယ်မှာပဲ ခိုနေကြရတယ်ပေါ့နော်။ မူဆယ်၊ဟိုနားဘုန်းကြီးကျောင်းထဲမှာနဲ့ သူတို့ ဆွေမျိုးသားချင်းရပ်ကွက်တွေမှာ ခိုနေကြတုန်းပဲ” ဟု မူဆယ်မြို့ခံတဦးက မဇ္ဈိမ ကိုပြောသည်။

စယ်လန့်ကျေးရွာထဲတွင် စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက်ခံတပ်ဖွဲ့ဝင်များ တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နမ့်ကတ်ကျေးရွာမှ နေအိမ်နှစ်လုံး၊ ဘုန်းကြီးကျောင်းအဆောက်အဦတခု ၊ စယ်လန့်ကျေးရွာမှ နေအိမ်တလုံးနှင့် မူကြိုကျောင်းထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈နာရီခွဲခန့်တွင်လည်း မူဆယ်မြို့နယ်၊တာလုံကျေးရွာအနီးတွင် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် TNLA တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာတိုက်နယ်ရှိ စစ်ကောင်စီတပ် ခလရ(၁၂၃) မှ လက်နက်က်ြီး ၁၇ ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့အထိ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် TNLA တိုက်ပွဲ ၃၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စာတည်း - အေးချမ်း

#mizzima
#မူဆယ်
#စယ်လန့်ရွာအနီးတိုက်ပွဲ
#စစ်ဘေးရှောင်တိုးလာ

ပုံစာ - တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာကြသူများ (Photo-HMS)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့်အလွန်မှာ အချိန်ဆွဲမနေသင့်တော့ဘဲ ပြတ်ပြတ်သားသား တိုက်ပွဲ၀င်ရတော့မယ်
=================

(မဇ္စျိမ)မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုတွေ ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ ခုခံတွန်းလှန်စစ်နှစ်နှစ်ပြည့်အလွန်ကာလမှာ အချိန်ဆွဲမနေသင့်တော့ဘဲ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့ ပြတ်ပြတ်သားသား တိုက်ပွဲ၀င်ရတော့မှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုနဲ့ ပြောပါတယ်။

တင်ဆက် - ကိုရွှေမြိတ်၊မောင်ခက်နွေ၊ရောင်နီ
တည်းဖြတ် - ရောင်နီ

https://youtu.be/NMOntNzk9s0?si=zQaZ2vFD6FmFvSfG

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁1🥱1
​​နိုင်ငံတဝှမ်း လျှပ်စစ်ဆိုင်ကယ်အသုံးပြုမည့် စီမံကိန်းအား ကင်ညာနိုင်ငံ ထုတ်ဖော်ပြသ�
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2
​​ဝက်လက်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းထောက်ပို့ရထားကို ကာကွယ်ရေးအဖွဲ့များတားဆီး၊တိုက်ပွဲပြင်းထန်နေ
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။မန္တလေး-‌မြစ်ကြီးနားရထားလမ်းမှတဆင့် သယ်ဆောင်ရန် ကြိုးစားနေသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများထောက်ပို့ရထားကို ရွှေဘိုနှင့် ဝက်လက်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တားဆီးရန်ကြိုးပမ်းနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့မှ လက်နက်ခဲယမ်းများတင်ဆောင်လာသော စစ်ကောင်စီ၏ထောက်ပို့ရထားသည် စစ်ကိုင်းနှင့် ဝက်လက်မြို့ကြား ပေါက်ကံရွာအနီးရောက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တားဆီးထား၍ ရှေ့ဆက်မရနိုင်ဘဲ ဖြစ်နေခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

" မြောက်ပိုင်း(ကချင်ပြည်နယ်)အထိသယ်မှာလား။ ရွှေဘိုတင်ပဲလား မသိသေးဘူး"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

အဆိုပါ ရထားသည် မန္တလေးမှထွက်ခွာလာသည်မှာ ရက်အနည်းငယ်မျှကြာပြီဟု ဆေးကြိမ်လုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူ ဖေဇော်ဂျီမှ မဇ္ဈိမကိုပြောသည်။ ရထား၏ ဘယ်ညာပတ်လည်တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက အကာအကွယ်ရယူထားပြီး ရထား၏ နှစ်မိုင်ပတ်လည်တွင်လည်း စစ်ကြောင်း ထိုးနေသည်ဟုဆိုသည်။

ဖေဇော်ဂျီက " သံလမ်းပြင်ဖို့ ခေါင်းတွဲပါပါတယ်။ နည်းနည်းလေးတိုးလိုက် ပြင်လိုက်၊သွားလိုက်။ မိုင်းတွေရှင်းလိုက်ပေါ့" ဟု ပြောသည်။

အဆိုပါထောက်ပို့ရထားအား စစ်ကောင်စီတပ်စစ်ကြောင်း ခုနစ်ကြောင်းထက်မနည်းက အကာအကွယ်ပေးနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

လက်ရှိတွင် ဝက်လက်မြို့နယ်အတွင်းရှိ ရွာသာကြီး၊ ပေါက်ကန်၊ ပြွန်ကြီး၊ မင်းကုန်း၊ ဖိုဝင်းတပ်၊ ရုံပင်ကုန်း၊ သရက်ကြီးကျေးရွာနှင့် ဓူဒင်တောင်တို့အနီး၌ တိုက်ပွဲများပြင်းထန်ကာ စစ်ရေးတင်းမာနေသည်။ယနေ့ စက်တင်ဘာလ ၇ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေကြောင်းသိရသည်။

ပြင်းထန်နေသောစစ်ရေးအခြေအနေများကြောင့် ဝက်လက်မြို့နယ်အတွင်း ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံပြည်သူ ၂၀၀,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရပြီး ယနေ့ နေ့လည်ပိုင်းတွင် ဖိုဝင်းတပ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း Wetlet Informatin Network က ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#မန္တလေး-‌မြစ်ကြီးနားရထားလမ်း
#စစ်ကောင်စီထောက်ပို့ရထား
#တားဆီး
#တိုက်ပွဲပြင်းထန်

ပုံအညွှန်း - ယနေ့နေ့လည်ပိုင်းတွင် ဖိုဝင်းတပ်ကျေးရွာအားစစ်ကောင်စီတပ်မှမီးရှို့ဖျက်ဆီးနေပုံ (Wetlet Information Network)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥3👏2
​​ရီယူနီယံကျွန်းပေါ်၌ သံပခြုပ်ပေါင်းထောင်ချီ သေဆုံးနေ
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2
​​ဒရုန်းပေါင်းထောင်ချီ ထုတ်လုပ်သွားမည့် ပင်တဂွန်စစ်ဌာနချုပ်
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ အမေရိကန် ဒုသမ္မတတိုက်တွန်း
===================

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်ဖို့ အမေရိကန် ဒုသမ္မတ ကမ်မလာ ဟဲရစ် Kamala Harris က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်ကာင်စီအနေနဲ့ ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးနဲ့၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ထူထောင်နိုင်ရေးတို့ကို ဆက်လက် ဖိအားပေးတိုက်တွန်းသွားပါ့မယ်လို့ အမေရိကန် ဒုသမ္မတ Kamala Harris က ပြောဆိုသွားတာပါ။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် ဒုသမ္မတ ဒေသတွင်းနိုင်ငံတွေကို အခုလိုတိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက် ထောက်ခံသွားမယ်လို့လည်း သူက ပြောပါတယ်။

အင်ဒိုပစိဖိတ်ဒေသနဲ့ ပတ်သက်လို့ အားလုံးရဲ့ ဘုံ မျှော်မှန်းချက်တွေ ခိုင်ခိုင်မာမာ ရှိနေတာကို ကျေနပ်မိပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရေးဖို့ ဒေသတွင်း အရေးကိစ္စတွေနဲ့ နိုင်ငံတကာ အရေးတွေမှာ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းနဲ့ ကျင့်ဝတ်တွေ ချမှတ်နိုင်ရေး အားလုံး တူညီတဲ့ သံန္နိဌာန်ချမှတ်ထားပါတယ်လို့လည်း ဆိုပါတယ်။

အဲဒီအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်တွေက အကြမ်းဖက်မှု၊ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်ချေမှုန်းမှုတွေအတွက် အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပိုပြီး နီးနီးစပ်စပ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဝါရှင်တန်မြို့တော်မှာ အမေရိကန် အာဆီယံ စင်တာ ဖွင့်လှစ်မယ့်အကြောင်းလည်း ကမ်မလာ ဟဲရစ်က တစ်ဆက်တည်း ကြေညာလိုက်ပါတယ်။

အင်ဒိုပစိဖိတ်ဒေသ လွတ်လပ်မှု၊ အပြန်အလှန် ဆက်သွယ်နိုင်မှု၊ ကြွယ်ဝချမ်းသာပြီး လုံခြုံမှုနဲ့ အခက်အခဲတွေကြားက ကြံ့ကြံ့ခံနိုင်ရေး မျှော်မှန်းချက်တွေကို အမေရိကန်ဒုသမ္မတ Kamala Harris အလေးထားပြောဆိုသွားပါတယ်။

အင်ဒို ပစိဖိတ်ဒေသအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအရ နေရာယူထားမှုဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ဖြစ်တယ်ဆိုတာကို ဒုသမ္မတ ဟဲရစ်က အလေးထား ပြောဆိုသွားပါတယ်။

အာဆီယံ နိုင်ငံ့ခေါင်းဆောင်တွေတက်ရောက်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကိုတော့ စက်တင်ဘာ ၅ ရက်နေ့ကနေ စက်တင်ဘာ ၇ ရက်နေ့အထိ ကျင်းပပြုုလုပ်နေတာလည်းဖြစ်ပါတယ်။

https://youtu.be/--2K602CK7s?si=mBhy0YKsLvGocj-p

#politicalnews News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍35🤮1
​​8.9.2023 (Friday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=================

✅Highlight ✅

👉အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ) 

👉ရင်ခုန်သံထပ်တူ (ညနေ- ၇ နာရီ) 

👉India Movie -777 Charlie (ည- ၈ နာရီ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ 

#mizzimatv
👍3❤1
စက်တင်ဘာလ(၈)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
======================

ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့ နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အာဆီယံ လေတပ်ညီလာခံကို မတက်ဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တောင်းဆိုလိုက်တဲ့သတင်း နဲ့အတူ ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၉,၉၀၀ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီအင်အား ၃၀,၀၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက် တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 

https://youtu.be/mXcodFQraQU?si=SXjCJW1p-gM7PNV-
 
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၈ ရက်၊ ၂၀၂၃ ) | VOA On Mizzima
===================

အာဆီယံထိပ်သီးဆွေးနွေးပွဲအခြေအနေ သုံးသပ်ချက်၊ အာဆီယံအဖွဲ့အစည်းရဲ့ နောက်ကွယ် | ပုံပြရုပ်သံ၊ ကရင်နီ PDF တွေ ဒေသတွင်း မြေမြှုပ်မိုင်းရှင်းလင်း ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/VEJkpDuvOyQ?si=OPW9AWIEM8SMYd4P

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5
နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားမှာ ချောင်ပိတ်မိလာတဲ့ စစ်ကောင်စီ
====================

ဒီလပိုင်းအတွင်း အမေရိကန်အသစ်ချမှတ်လိုက်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဟာ အာဏာသိမ်း စစ်ကောင်စီကို အတော်လေးအကြပ်ရိုက်သွားစေခဲ့တာတွေ့ရပါတယ်။

စစ်ကောင်စီရဲ့အဓိကဘဏ်ကြီးနှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ လိုက်ပြီးနောက် စင်ကာပူက အဓိကဘဏ်တစ်ခုဖြစ်တဲ့ United Overseas Bank (UOB) ဘဏ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်တို့ကလည်း စစ်ကောင်စီဘဏ်နှစ်ခုနဲ့ ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းလိုက်တာကြောင့် အတော်လေး ဂယက်ထသွားခဲ့တာဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်သွားသလို ကျပ်ငွေတန်ဖိုးကလည်း ထပ်ပြီးဇောက်ထိုးဆင်းသွားခဲ့တာပါ။

https://youtu.be/y-v5Rmwu9T4?si=xQIpY39nobUwyQaR

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14❤1
​​Broker
===========

မကြာသေးခင်ကမှ ထွက်ရှိထားပြီး Box Office မှာ ဒေါ်လာ ၁၅.၁ သန်း ဝင်ငွေရရှိထားတဲ့ ဒရာမာ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်...

ဇာတ်လမ်းအကျဥ်းလေးကတော့.....

မွေးကင်းစ ကလေးတွေကို တာဝန်မယူနိုင်တော့လို့ စွန့်ပစ်ချင်တဲ့အခါ လာပြီးထားလို့ရအောင်လို့ ဘုရားကျောင်းတစ်ခုမှာ ကလေးစွန့်ပစ်တဲ့ ပုံးလေးတစ်ပုံးထားပေးထားပါတယ်.. အဲ့ဒီဘုရားကျောင်းရဲ့ အမှုဆောင်တစ်ဦးဖြစ်တဲ့ ဆန်းဟွန်းနဲ့ ဘုရားကျောင်းဝန်ထမ်း ဒုန်ဆူးတို့က အဲ့ဒီကလေးတွေကို ခိုးပြီး ကလေးမွေးစားချင်နေတဲ့ မိဘတွေဆွကို တရားမဝင်ပြန်ရောင်းစားတဲ့အလုပ်လုပ်ကြပါတယ်... သူတို့ကို မသက်ာလို့ ရဲ ၂ ယောက်ကလည်း အချိန်ပြည့်စောင့်ကြည့်နေကြပါတယ်.. တစ်နေ့မှာတော့ ပုံးထဲကို မထည့်ဘဲ အပြင်မှာပဲထားသွားခဲ့တဲ့ကလေးတစ်ယောက်ကို သူတို့ ခိုးယူရောင်းစားဖို့ ကြံစည်နေကြရင်း မထင်မှတ်ဘဲ ကလေးအမေက သူတို့ဆီကို ရောက်လာပြီး ကလေးကို ပြန်လာရှာပါတော့တယ်.... အဲ့ဒီကလေးကို သူတို့ရောင်းစားနိုင်မလား...

ကလေးအမေကရော ဘာဆက်လုပ်မလဲ... လက်ပူးလက်ကြပ်ဖမ်းဖို့ ကြိုးစားနေတဲ့ ရဲတွေကရော ဘယ်လိုအကွက်ရွှေ့မလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ရှုစားလိုက်ပါဦး...

ဒီဇာတ်ကားရဲ့ သရုပ်ဆောင်စာရင်းကတော့ အားရစရာပါပဲ..
Parasite ဇာတ်ကားနဲ့ ပိုပြီးနာမည်ကြီးလာတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဆုန်ကန်ဟို.. ဟာသ ဒရာမာ အက်ရှင်စွယ်စုံရတဲ့ မင်းသား ဂန်ဒေါင်ဝန်.. ဟောလိဝုဒ်အထိပါပေါက်ရောက်တဲ့ မင်းသမီးကြီး ဘေဒူးနားနဲ့ လီဂျီအွန်း ခေါ် IU တို့က အဓိကဇာတ်ကောင်တွေအဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် -
https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၈.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍7❤1
​​စစ်ကောင်စီက ပြုလုပ်မည့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံ အာဆီယံနိုင်ငံအချို့ တက်ရောက်မည်မဟုတ်
=================

စစ်ကောင်စီက ပြုလုပ်မည့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံ အာဆီယံနိုင်ငံအချို့ တက်ရောက်မည်မဟုတ် ကြောင်း Justic for Myanmar(JFM) က ပြောဆိုလိုက်သည်။

စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ နေပြည်တော်တွင် ပြုလုပ်မည့် အဆိုပါညီလာခံကို အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့က တက်ရောက်မည် မဟုတ်ကြောင်း AFP သတင်းကို ကိုးကားပြီး JFM က ထုတ်ပြန်သည်။

AFP သတင်းဖော်ပြချက်အရ ထိုင်းလေတပ်ဦးစီးချုပ် တစ်ဦးတည်းသာ ၂၀၂၃ AACC အစည်းအဝေးသို့ တက်ရောက်ရန် အတည်ပြုထားပြီး စင်ကာပူ၊ ဘရူနိုင်းနှင့် ဗီယက်နမ်လေတပ်တို့က မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းမရှိ ကြောင်း၊ ကမ္ဘောဒီးယားလေတပ် ဦးစီးချုပ်မှ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ပြည်တွင်းနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်တောင်းဆိုမှုများကို ထောက်ရှု၍ လာမည့် အာဆီယံလေတပ်အကြီးအကဲများညီလာခံ (AACC) သို့ မတက်ရောက်ဘဲ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံ တို့နည်းတူ ငြင်းဆိုရန် ကျန်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တောင်းဆို ကြောင်း JFM က ဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “AACC ကို တက်ရောက်ဖို့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ ငြင်းဆိုလိုက်တာက စစ်အုပ်စုအပေါ် ထောက်ခံမှု ကျရှုံးနေပြီဆိုတဲ့ ရှင်းလင်း ခိုင်မာတဲ့ သတင်းစကား ပေးပို့လိုက်တာဖြစ်ပါတယ်။ အရေးယူခံရခြင်း လုံး၀မရှိဘဲ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ အနေနဲ့ ဒေသတွင်းညီလာခံတစ်ခုရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ လုံးဝမဖြစ်သင့်ပါဘူး။အခြားအာဆီယံလေတပ်အကြီးအကဲတွေ အနေနဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ စံနမူနာကို အတုယူပြီး တရားမ၀င်စစ်အုပ်စုနဲ့ အတူ AACC ကို တက်ရောက်ဖို့ ငြင်းဆန်သင့်ပါတယ်" ဟု ပြောသည်။

မြန်မာစစ်အုပ်စု၏ လေတပ်ဦးစီးချုပ် ထွန်းအောင်သည် AACC ဥက္ကဋ္ဌဖြစ်ပြီး လက်ရှိတွင် လေကြောင်း စစ်ဆင်ရေးကို အသုံးပြု၍ အကြမ်းဖက်မှုများကျူးလွန်ခြင်း၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် များအား သတ်ဖြတ်ခြင်း၊ နေအိမ်၊ စာသင်ကျောင်း၊ ဝတ်ပြုရာနေရာများနှင့် ကျေးရွာများ ဖျက်ဆီးခြင်း တို့ကို အမိန့်ပေး ညွှန်ကြားလျက်ရှိသည်ဟု JFM က ဆိုသည်။

" အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးတွေနဲ့ လှုပ်ရှားမှုတွေကနေ ကန့်သတ်ပိတ်ပင်ဖို့နဲ့ စစ်အုပ်စုက ပါဝင်လာတဲ့အခါ မတက်ရောက် ဘဲ ငြင်းဆိုဖို့ ကျွန်မတို့ အလေးအနက် တောင်းဆိုပါတယ်”ဟု JFM မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအား အပြစ်ပေးအရေးယူခံရခြင်းအလျဉ်းမရှိပဲ ကျုးလွန်နေသည့် မြန်မာ့ လေတပ်၊ ကြည်းတပ်နှင့် ရေတပ် တို့အား အာဆီယံမှ တိုက်ရိုက် ပံ့ပိုးကူညီမှုများ ဆက်လက်ပေးအပ်နေမှုအပေါ် ရှုတ်ချကြောင်း
Justice For Myanmar က ထုတ်ပြန်သည်။
👍16👎3😁2👏1🥱1
အာဆီယံထိပ်သီးဆွေးနွေးပွဲအခြေအနေ သုံးသပ်ချက် | VOA On Mizzima
===================

အင်ဒိုနီးရှားနိုင်ငံမှာ လက်ရှိ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲတွေကို တက်ရောက်နေတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်း အရာရှိတွေ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ မြန်မာ့အရေး အပါအဝင် ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြပါလဲ။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အရေးကိစ္စတွေမှာ အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ချဉ်းကပ်မှု အပေါ် သုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ VOA မြန်မာပိုင်းအစီအစဉ်က မခင်ဖြူထွေးက အပြည့်စုံ တင်ဆက်ထားပါတယ်။

https://youtu.be/Sb8rJZHVPBY?si=oDuUMDYmOfaBnPNq

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁1
​​777 Charlie
============

အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံး ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ခံရတဲ့ ခွေးလေး Charlie ရဲ့ဇာတ်ကား

ဒါမာဆိုတဲ့ လူက ရပ်ကွက်ထဲက လူကြီးတွေနဲ့ အဆင်မပြေပါဘူး..အဆင်မပြေဆို ဒါမာက လူဖြောင့်တစ်ယောက်ဖြစ်ပြီး ဘယ်သူနဲ့မှလည်း အဆက်အဆံမရှိပါဘူး။ ဒါမာရဲ့ တစ်နေ့တာက စက်ရုံရယ် အိမ်ရယ် သူမုန့်ဝယ်နေကျဆိုင်ရယ်ပဲရှိတာပါ။ တစ်နေ့ကျတော့ ဒါမာရဲ့ ဘဝလေးထဲကို ခွေးပေါက်လေး တစ်ကောင်ရောက်လာပါတယ်။

ဒါမာဆီကို ခွေးလေးရောက်လာပုံကလည်း ဆန်းပါတယ်။ ဒါမာတို့ရပ်ကွက်က တိရစ္ဆာန်မွေးခွင့်မရှိတဲ့ ရပ်ကွက်ဖြစ်သလို ဒါမာကလည်း တစ်ရပ်ကွက်နဲ့ တစ်ယောက်ဆိုတော့ အားလုံးကဝိုင်းဖြဲကြပါလေရော။ ဒါပေမဲ့ ဒါမာရဲ့ ဒေါသအစွမ်းနဲ့ တစ်ရပ်ကွက်လုံးရဲ့ တိရစ္ဆာန်မမွေးရစည်းကမ်းလေးက ပပျောက်သွားခဲ့ရပါတယ်။ ဒါမာလည်း အဆိုပါခွေးလေးကို မွေးခွင့်ရလိုက်ပါတော့တယ်။

နောက်ပိုင်းမှာတော့ ဒါမာတစ်ယောက် အဆိုပါခွေးလေးကို ဘယ်လိုတွေသံယောဇဉ်တွယ်သွားပြီး သူ့စိတ်ကရော ထိုခွေးလေးကြောင့် ပြောင်းလဲသွားမှာလားဆိုတာ ကြည့်ရှုပေးကြပါဦး။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New
ပြသမည့်ရက် ။ ။ 8.9.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Reply ပြသမည့်ရက် ။ ။ 9.9.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍4❤1
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားခရီးစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မြဲဖို့ မျှော်လင့်ထားကြောင်း တရုတ်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #China #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts