Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စက်တင်ဘာလ( ၈ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
============================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုလိုက်တဲ့သတင်းနဲ့အတူ ဝက်လက်မှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းထောက်ပို့ရထားကို ကာကွယ်ရေး အဖွဲ့တွေတားဆီးနေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/RNvFOqfJFuc?si=U7qT31ToPACpAIME

#EveningRadio
#mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🤮1
စက်တင်ဘာလ (၈) ရက်၊ ည (၇) နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
===============


-နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြောလိုက်တဲ့သတင်း

-အစ္စရေးက မြန်မာစစ်တပ်ကို အဆင့်မြင့်လက်နက်တွေ ဆက်လက်ရောင်းချခဲ့တဲ့အကြောင်း

-မြန်မာ့အရေးပိုမိုဆိုးရွားလာနေပြီး ကမ္ဘာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာလည်း အက်ကွဲကြောင်းတွေဖြစ်ပေါ်နေ တယ်လို့ ကုလပြောလိုက်တဲ့သတင်း

-ဧရာ၀တီမြစ်နှင့် င၀န်မြစ် စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတဲ့အကြောင်း

-မုံရွာမြို့နယ်မှာ PDF လက်နက်ထုတ်လုပ်ရေးစခန်း ဝင်စီးခံရပြီး ရဲဘော် ၄ ဦး ကျဆုံးခဲ့ရတဲ့သတင်း

-အရှေ့အာရှထိပ်သီးအစည်းအဝေးမှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားအရာရှိတွေ တက်ရောက်ခဲ့ကြတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/YUrygtoR8d8?si=CUMjvNdRe6ZftbYq

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌3
​​ပြည်ပရောက်အလုပ်သမားများ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရန် ညွှန်ကြားမှုကို လိုက်နာရန်မလိုဟု NUG ထုတ်ပြန်
===================

001
(မဇ္စျိမ) ။ ။ စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားများ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ၎င်းတို့ သတ်မှတ်ထားသည့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှ တဆင့် ပြန်လွှဲရန် ညွှန်ကြားချက်သည် ဥပဒေမဲ့ ဖိနှိပ်အကျပ်ကိုင်ခြင်းဖြစ်ပြီး လိုက်နာရန် မလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အလုပ်သမားဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို လစဉ် သို့မဟုတ် သုံးလလျှင် တကြိမ် သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ကြရန် စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများထံ ညွှန်ကြားထားကြောင်း သိရသည်။

ယင်းမှာ စစ်ကောင်စီက ၎င်းတို့ သက်ဆိုးရှည်စေရေးနှင့် ပြည်သူလူထုအား အကြမ်းဖက်သတ်ဖြတ်ရန် အရေးတကြီးလိုအပ်နေသော နိုင်ငံခြားငွေကို ဖြည့်ဆည်းနိုင်ရန် ရွှေ့ပြောင်းအလုပ်သမားများ၏ သမ္မာအာဇီဝ ချွေးနှဲစာကို အဓမ္မခေါင်းပုံဖြတ်ခြင်းဖြစ်ကြောင်း NUG အလုပ်သမားဝန်ကြီးဌာနက သုံးသပ်သည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးလှုပ်ရှားမှုများတွင် ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုသည် ထိရောက်ကြောင်း သိရှိထားသော စစ်​ကောင်စီက အလုပ်သမားများအား မတရား အာဏာပြဖိနှိပ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ယင်းလုပ်​ဆောင်မှုသည် တည်ဆဲဥပဒေဖြစ်သည့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် ဥပဒေကို ကျော်လွန်ကာ အေဂျင်စီများနှင့် အလုပ်သမားများအပေါ် ဥပဒေမဲ့ ဖိနှိပ်အကျပ်ကိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့် လိုက်နာရန် လုံးဝမလိုအပ်ကြောင်း၊ အလုပ်သမားများကို အတင်းအကျပ်ဖိအားပေးလိုက်နာစေခြင်း၊ လုပ်ခလစာမှ ဖြတ်တောက်ခြင်းများ လုံးဝမပြုလုပ်ရန်နှင့် ထိုသို့ လုပ်​ဆောင်သည့် မည်သည့် အေဂျင်စီ သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို ထိရောက် ပြင်းထန်စွာအရေးယူသွားမည်ဟုလည်း သတိ​ပေးထားသည်။

ထို့ပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လည်း အဆိုပါ ညွှန်ကြားချက်အပေါ် စိုးရိမ်ကြောင့်ကြမှုမဖြစ်ကြရန်၊ မိမိတို့၏ ချွေးနှဲစာများ စစ်ကောင်စီထံ ရောက်ရှိမည့် အခြေအနေကို တားဆီးရန် စစ်ကောင်စီလက်အောက်ခံ ဘဏ်များ၊ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂလိက ဘဏ်များနှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများမှ တဆင့် ငွေကြေးလွှဲပြောင်းမှု မပြုဘဲ ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့​​နေသည့် စစ်​ကောင်စီ၏ ညွှန်ကြားစာအရ သတ်မှတ်စည်းကမ်းချက်များအား အလုပ်သမားဘက်မှ ​ဖောက်ဖျက်​ကြောင်း စိစစ်တွေ့ရှိပါက အဆိုပါအလုပ်သမားအား နောက်တကြိမ်ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ်ပိတ်ပင်တားမြစ်မည်ဟု ထည့်သွင်း အကျပ်ကိုင်ထား​သည်ကို ​တွေ့ရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အ​သေးစိတ် ​မေးမြန်းနိုင်ရန် ​ပြည်ပအလုပ်အကိုင်​အေဂျင်စီအချို့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့​သော်လည်း စစ်​ကောင်စီက သတင်းမီဒီယာ ​ဖြေကြားခြင်း၊ Facebook တွင် တင်ခြင်း မပြုလုပ်ရန် သတိပေးစာ ထုတ်ထားသည်ဟုသာ ​​ပြန်လည်ဖြေဆိုခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အလုပ်အကိုင်
#အေဂျင်စီ
#NUG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😁2👏1
​​စပိန်အစိုးရရှေ့နေတွေ လူးဝစ် ရူဘီယာလက်စ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွဲချက်တင်
=========================

By PKThawn
အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကစားသမား ဂျနီ ဟာမိုဆိုရဲ့နှုတ်ခမ်းကို မတောင်းဆိုဘဲ နမ်းခဲ့တာနဲ့ပတ်သက်လို့ ရာထူးကနေ ရပ်ဆိုင်းခံထားရတဲ့ ဘောလုံးအကြီးအကဲ လူးဝစ် ရူဘီယာလက်စ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲဖို့ စပိန်အစိုးရရှေ့နေတွေက သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“အစိုးရရှေ့နေတွေက လူးဝစ် ရူဘီယာလက်စ်ကို တရားခံအဖြစ် စစ်ဆေးမေးမြန်းခံရဖို့နဲ့ ဂျနီ ဟာမိုဆိုကို နစ်နာသူအဖြစ် တောင်းဆိုထားပါတယ်”လို့ အစိုးရရှေ့နေရုံးက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
စပိန်နိုင်ငံရဲ့ ထိပ်ဆုံးရာဇဝတ်တရားရုံးမှ တရားသူကြီးတစ်ဦးဟာ တောင်းဆိုချက်ကို လက်ခံဖို့ ဒါမှမဟုတ် သိမ်းဆည်းခြင်းရှိ၊ မရှိ အခုပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

တရားသူကြီးက အဲဒီတောင်းဆိုချက်ကို လက်ခံပါက စုံစမ်းစစ်ဆေးရေးမှူးကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးအပ်မှာဖြစ်ပါတယ်။
စပိန်ဥပဒေအရ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှာ အွန်လိုင်းအလွဲသုံးစားလုပ်မှုနဲ့ မုဒိမ်းမှုအထိ ကျယ်ပြန့်တဲ့ ရာဇဝတ်မှုတွေ ပါဝင်ပြီး တစ်ခုချင်းစီမှာ ပြစ်ဒဏ်အမျိုးမျိုးရှိပါတယ်။

ကြည်ကြည်သာသာသဘောတူမဟုတ်တဲ့ နမ်းတာအတွက် ပြစ်ဒဏ်ဟာ ငွေဒဏ်ကနေ လေးနှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌ အသက် ၄၆ နှစ်ရှိ ရူဘီယာလက်စ်ဟာ သြဂုတ် ၂၀ ရက်က ဆစ်ဒနီမြို့မှာ စပိန်အသင်းအနိုင်ရပြီးနောက် ဆုတံဆိပ်ချီးမြှင့်ပွဲအတွင်း ဟာမိုဆိုကို အတင်းအကျပ်နမ်းခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

Ref; AFP
Photo: EPA

#Rubiales #hermoso #womenworldcup
👍8🔥1
​​သထုံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံးမိုင်းခွဲတိုက်ခိုက်ခံရ
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO) ရုံးကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၅နာရီကျော်ခန့်တွင် အင်အားပြင်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသည့် အဆိုပါ ရုံးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ယနေ့ အစည်းအဝေးလုပ်ရန် ပြင်ဆင်ထားကြောင်း သတင်းရရှိပြီး နံနက်‌အစောပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဟု သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

“အပြင်းစားမိုင်းခွဲတိုက်ခိုက်ခဲ့တာ။ အဲ့ဒီရုံးမှာ အရင်ကတည်းက အစောင့်ချထားပေမယ့် ဒီနေ့မှာ အစည်းအဝေးတခုကြောင့် ကင်းအများကြီးချထားတာ။ ဘာအစည်းအဝေးလဲတော့ မသိဘူး။ ဖိတ်ထားတာ ဝန်ကြီးဌာနအကုန်ပါတယ် ” ဟု သထုံမြို့မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမ ကိုပြောသည်။

သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် တပ်မဟာ(၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ စစ်ရေးဦးဆောင်မှုအောက်တွင် စစ်‌ကောင်စီအား တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။ PNOရုံး မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် ရုံးထဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချ်ို့ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ် စုံစမ်းဆဲဖြစ်ကြောင်း KNLA သတင်းရင်းမြစ်ကဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်အချ်ိို့ပါသည့် အစည်းအဝေးနှင့် လူထုတွေ့ဆုံပွဲကို PNOရုံးတွင် မလုပ်တော့ဘဲ နောင်ကုလားကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အကျဉ်းချုံး ပြုလုပ်သွားကြောင်း သိရသည်။မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် PNO ပူးပေါင်းကာ ဒေသခံများအား စည်းရုံးရေးဆင်းခြင်းဟု သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်/ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNA/PNO သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ပူးပေါင်းကာ ၎င်းတို့လှုပ်ရှားနယ်မြေများတွင် ပျူစောထီးများအား စစ်သင်တန်းပေးခြင်း၊ စစ်သားစုဆောင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။ PNO ပါတီဥက္ကဌ ဦးအောင်ခမ်းထီသည် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရင်းနီးသည့်ဆက်ဆံရေးရှိသူဖြစ်သည်။၂၀၂၂ ခုနှစ် ဧပြီလတွင် ဦးအောင်ခမ်းထီအား စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့သည်။

တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ PNA/PNOမှ တာဝန်ရှိသူ ခွန်ဇော်ပျံထံ ယနေ့ နေ့လယ်တွင် ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ဆောင်သူက ခွန်ဇော်ပျံ ကျန်းမာရေးမကောင်း၍အနားယူနေကြောင်းနှင့် အကျိုးအကြောင်းမသိသေးဟု ဖြေသည်။

ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင်လည်း သထုံမြို့နှင့် ကပ်လျှက်တွင်ရှိသည့် ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရဲကင်းစခန်းအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း - အေးချမ်း

#mizzima
#သထုံမြို့နယ်
#PNOရုံး
#ဖောက်ခွဲတိုက်ခိုက်

ပုံစာ-သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏10👍5❤1🔥1
​​မြန်မာစစ်တပ်က စစ်ပွဲ အနိုင်မရနိုင်ဟု တီမောသမ္မတ ပြော
=====================

မဇ္ဈိမ
မြန်မာနိုင်ငံက စစ်တပ်သည် နိုင်ငံ၏ ၃၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ပြည်သူများကို ဆန့်ကျင်သည့် စစ်ပွဲ၌ အနိုင်ရလိမ့်မည် မဟုတ်ကြောင်း တီမောသမ္မတ ဂျိုစေး ရာမို့စ် ဟော်တာက ပြောသည်။

လွန်ခဲ့သော နှစ်နှစ်က အမျိုးသားရေး ရန်သူများကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း ယနေ့အခါတွင်မူ ပြည်သူနှင့် စစ်တပ်ကြား စစ်ပွဲဖြစ်ပွားနေခြင်းပဲ ဖြစ်သည်ဟု စက်တင်ဘာ ၅ ရက်က ထုတ်ပြန်သည့် Al Jazeera နှင့် အင်တာဗျူး၌ ၎င်းက ပြောခြင်း ဖြစ်သည်။

မြန်မာ့အရေး၌ အာဆီယံသည် ပတ်သက်မှု နည်းပါးလာပြီလားဆိုသော အမေးအား တီမောသမ္မတက အာဆီယံသည် ဆက်လက်၍ အရေးပါနေဦးမည်ဖြစ်ပြီး မြန်မာနိုင်ငံက အခြေအနေအား တည်ငြိမ်အောင် နောက်ဆုံးတွင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ပြောဆိုသည်။

စစ်တပ်အား စစ်တန်းလျား ပြန်ပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရပိုင်ခွင့်များအား လေးစားရန် ဒီမိုကရေစီကို ဖော်ထုတ်ရန်၊ အကျဉ်းသားများ လွှတ်ပေးရန်နှင့် အရပ်သားများအား သတ်ဖြတ်နေခြင်းများ ရပ်တန့်ရန် ဖျောင်းဖျရာတွင် အရေးနိမ့်ခြင်းအား အာဆီယံကို အပြစ်မဆိုသင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသည် ယူကရိန်းက စစ်ပွဲနှင့် ထို ပဋိပက္ခကို ကုလသမဂ္ဂက မဖြေရှင်းနိုင်ခြင်းအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား အပြစ်မတင်နိုင်သကဲ့သို့ နည်းတူဖြစ်ကြောင်း ၎င်းက ပြောသည်။
ရိုဟင်ဂျာများအား တိုက်ခိုက်ခြင်းများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယခင်က နှုတ်ဆိတ်နေခဲ့ခြင်းနှင့် ပတ်သက်ပြီးလည်း ရိုဟင်ဂျာများအား တိုက်ခိုက်ခြင်းများ လုပ်ဆောင်ရာတွင် စစ်တပ်၌ တာဝန်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စစ်တပ်အပေါ် အာဏာသက်ရောက်မှု သို့မဟုတ် ထိန်းချုပ်နိုင်မှု လုံးဝ မရှိကြောင်း တီမောသမ္မတက ပြောသည်။

သူ့၏ အစိုးရအနေဖြင့် ၂၀၂၅ တွင် အာဆီယံသို့ ဝင်ရောက်နိုင်ရေးအတွက် အတော်လေး ကြိုးပမ်းနေကြောင်းလည်း ၎င်းက ပြောသည်။

တီမောအစိုးရက အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကြာခဏ ဆက်သွယ်ဆွေးနွေးမှုများ လုပ်ဆောင်သည့်နောက်တွင် စစ်ကောင်စီသည် တီမော သံရုံးတာဝန်ခံအား ဩဂုတ်လအတွင်းက နိုင်ငံမှ နှင်ထုတ်ခဲ့သည်။

မြန်မာစစ်တပ်၏ ယင်း ဆုံးဖြတ်ချက်ကို တီမောအစိုးရက ရှုတ်ချပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုသည်။ ထိုပြင် မြန်မာပြည်သူများနှင့် တသားတည်း ရှိနေကြောင်း ဖော်ပြလျက် စစ်ကောင်စီအနေဖြင့် လူ့အခွင့်အရေးကို လေးစားရန်နှင့် အကျပ်အတည်းအား ငြိမ်းချမ်းစွာဖြင့် အပြုသဘောဆောင် ဖြေရှင်းရေး ကြိုးစားရန် တိုက်တွန်းလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30👏3😁3❤2👎1
​​ဖိလစ်ပိုင်နှင့် ဩစတြေးလျတို့ မဟာဗျူဟာ မိတ်ဖက်ပြုမှု သဘောတူညီချက်သစ်အား လက်မှတ်ရေးထိုး
====================

ABS-CBN News
ဖိလစ်ပိုင်နှင့် ဩစတြေးလျနိုင်ငံတို့သည် မဟာဗျူဟာ မိတ်ဖက်ပြုမှုကို သောကြာနေ့တွင် လက်မှတ်ရေးထိုးခြင်းဖြင့် ၎င်းတို့၏ လုံခြုံရေးနှင့် စီးပွားရေး မဟာမိတ်ပြုမှုကို မြှင့်တင်လာသည်။

ဖိလစ်ပိုင်နိုင်ငံ မာလာကာနန်အရပ်တွင် သမ္မတ ဖာဒီနန် မားကို့စ်နှင့် ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နက်စ်တို့ တွေ့ဆုံပြီးနောက် ယခု သဘောတူညီချက်ကို အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မဟာဗျူဟာ မိတ်ဖက်ပြုမှုအရ နှစ်နိုင်ငံအနေဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးမှသည် ရာသီဥတု ပြောင်းလဲမှုနှင့် ပညာရေးအထိ နယ်ပယ်အချို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားကြမည် ဖြစ်သည်။

“မဟာဗျူဟာ မိတ်ဖက်ပြုမှု ပူးတွဲကြေညာချက်ကို လက်မှတ်ထိုးခြင်းဟာ နှစ်နိုင်ငံစလုံးရဲ့ ဖွံ့ဖြိုးရေးနဲ့ ချမ်းသာဝပြောရေးမှာ အခရာကျတဲ့ နယ်ပယ်စုံမှာ နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖော်ဆောင်ဖို့ အပြန်အလှန် ကတိကဝတ်ကို ဖော်ပြလိုက်တာပဲ”ဟု မားကို့စ်က မိန့်ခွန်းတွင် ဆိုသည်။

“ဩစတြေးလျ ဝန်ကြီးချုပ်ရော ကျွန်တော်ပါ စံတန်ဖိုးတွေ၊ ဒီမိုကရေစီ မူဘောင်တွေ၊ နိုင်ငံတကာ ဥပဒေအပြန်အလှန် လေးစားရေးတွေကို ခိုင်မာတဲ့ မဟာဗျူဟာ ဆက်ဆံရေးမှာ အလေးထားကြဖို့ အသိအမှတ် ပြုကြတယ်”ဟု ၎င်းက ပြောသည်။

ယခု မဟာဗျူဟာ မိတ်ဖက်ပြုမှုသည် ဩစတြေးလျက ဖိလစ်ပိုင်နှင့် ထားရှိသော အပြန်အလှန် ဆက်ဆံရေးတွင် အဆင့်မြင့်ဆုံးပဲ ဖြစ်သည်။

“ဒီ မိတ်ဖက်ပြုမှုဟာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပိုပြီးခိုင်မာလာတာနဲ့ ကတိကဝတ်တွေကို ပိုပြီး ပူးပေါင်းဆောင်ရွက်သွားမယ့် အရေးကြီးတဲ့ သင်္ကေတပါပဲ”ဟု ဩစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘန်နက်စ်က ပြောသည်။

ယခု သဘောတူညီမှုကို ထိုင်ဝမ်အရေး၌ တရုတ်၏ ကြီးထွားလာသော ရန်လိုမှုများနှင့် အငြင်းပွား တောင်တရုတ်ပင်လယ်တွင် လူလုပ်ကျွန်းများအား စစ်ပုံစံ တည်ဆောက်ခြင်းများအား ရင်ဆိုင်နေရချိန် ချုပ်ဆိုလာခြင်းပဲ ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2❤1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ စက်တင်ဘာ ၂၀၂၃)
==============

အမျိုးသားညီညွတ်ရေး အစိုးရ

- ယနေ့စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ခုခံ တွန်းလှန်စစ် (၂) နှစ်ပြည့်နေ့ တွင် စစ်ကျွန်ဘဝကလွတ်မြောက်ရေး ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ ကြသည့် လူငယ်မျိုး ဆက်တွေကို ဂုဏ်ပြုဦးညွှတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။

- ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ကျရောက်သည့် (၇၅) နှစ် မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့လိုက်ကြောင်း ထုတ်ပြန်သည်။

- ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာမှ ဖြတ်တောက်ခြင်း အခြား တနည်းနည်းနှင့် ဖိအားပေးလွှဲပို့ရန် လုပ်ဆောင်ခြင်းများလုပ်သည့် အေဂျင်စီ သို့မဟုတ် ပုဂ္ဂိုလ် ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

- အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ အစည်းအဝေး အမှတ်စဉ် (၃၆/၂၀၂၃) ကို စက်တင်ဘာ ၇ ရက် မနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။

- ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ် ရေးဝန်ကြီးဌာနက “စစ်ကောင်စီအက်ကွဲကြောင်းမှသည် ပျက်သုဥ်းခြင်းဆီသို့” ဆွေးနွေးပွဲကို စက်တင်ဘာ ၈ ရက် (ဒီနေ့) ညနေ ၆ နာရီမှာ ပြုလုပ်သွားမည်ဖြစ်သည်။

- ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှု စည်းအဝေး(၂၉/၂၀၂၃)ကို စက်တင်ဘာ ၈ ရက်၊ မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

- ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစ၍ တူမီးသေနတ်နှင့် စတင်ခဲ့သည့် အာဏာရှင် ခုခံစစ်သည် ယခုချိန်မှာ ထိုးစစ်အသွင် ပြောင်းခဲ့ပြီ ဖြစ်သလို စနစ်တကျ ဖွဲ့စည်းထားသောတပ်ရင်း၊ တပ်ဖွဲ့များသည် ခေတ်မီလက်နက်များသုံးပြီး နေပြည်တော်ကို ခြိမ်းခြောက်နိုင်သည့်အဆင့် ရောက်နေ ပြီဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

- ပြည်သူ့ခုခံတွန်းလှန်စစ် (၂)နှစ်ပြည့်ချိန်တွင် တော်လှန်ရေးသည် အလှည့်အပြောင်းတစ်ခုဆီ ရောက်ရှိခဲ့ပြီဟု ဆိုနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။

- အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည့်သူ့ခုခံတော်လှန်စစ်(၂) နှစ်ပြည့်နေ့(စက်တင်ဘာလ ၇ ရက်)တွင် ယောဒေသအခြေစိုက်ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းက ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
❤7👍3🔥3😁2
ရွှေမန်းသူ ခရီးသည်တင်ယာဉ်တိမ်းမှောက် အမျိုးသမီး သေဆုံး
❤6👏1
ရွှေမန်းသူ ခရီးသည်တင်ယာဉ်တိမ်းမှောက် အမျိုးသမီး သေဆုံး
=================

ရွှေနွယ်
(မဇ္ဈိမ)။ ။ရန်ကုန်−မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၉၂/၁-၂)ဖာလုံကြားတွင် ယနေ့ စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်ခန့်က ရွှေမန်းသူ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည်အမျိုးသမီး တဦးသေဆုံးကြောင်း မြို့ချောင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခွာလာသော ခရမ်းရောင် ရွှေမန်းသူ ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်ပွားရာနေရာအရောက်တွင် လက်ယာဘက်ရှိ မြေသားလမ်းပေါ်သို့ လမ်းချော်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း အနီးရှိရေမြောင်းတွင် အလျားလိုက်လဲကျတိမ်းမှောက်ခြင်းဖြစ်ကြောင်း သိရသည်။

"ယာဉ်မောင်းက အိပ်ငိုက်တာကြောင့်လို့တော့ပြောတယ်၊ ကျွန်တော်တို့တော့ ဖြစ်စဉ်ဖြစ်ပြီးမှ ရောက်သွားတာကြောင့် ဘာကြောင့်ဖြစ်တာပါလို့ပြောမရပါဘူး" ဟု သွားရောက်ကူညီခဲ့သည့် မြို့ချောင်းမီးသတ်တပ်ဖွဲ့မှပြောသည်။

ယာဉ်ပေါ်တွင် အမျိုးသား ၁၂ ဦး အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၃ ဦးလိုက်ပါလာသည့်အနက် အမျိုးသမီး တဦး သေဆုံးကာ၊ အမျိုးသား လေးဦးနှင့် အမျိုးသမီး ၁၁ ဦးတို့ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများကို မြို့ချောင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ၎င်းတို့၏ သက်ဆိုင်ရာမိသားစုများမှလာရောက်ခေါ်ဆောင်သွားကာ ခရီးဆက်သွားကြပြီဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အမြန်လမ်း
#ရွှေမန်းသူ
#ခရီးသည်တင်ယာဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤2
မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေဟာ ပြည်တွင်းပြည်ပ တရားရုံးတွေအပေါ် ရောက်လာဖို့ရှိပါသလား
==========================

အရပ်သားပြည်သူတွေအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်တိုက်ခိုက်တာတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကပြောလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ဆောင်ရွက်ချက်တွေဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မြောက်နေပြီလို့လည်း နိုင်ငံတကာက ဝေဖန်ပြောဆိုကြပါတယ်။

စစ်ကောင်စီစစ်သားတွေ၊ အရာရှိတွေကတော့ သူတို့လုပ်နေတဲ့အမှုတွေနဲ့ပတ်သက်ပြီး ဘယ်တော့မှ တရားစွဲဆိုခံရမှာမဟုတ်ဘူးလို့ ယူဆနေကြပါတယ်။

တချိန်မှာဒီအမှုတွေ ပြည်တွင်းပြည်ပတရားရုံးတွေပေါ်ရောက်လာဖို့ရှိပါသလား။

ကိုသိမ်းမြတ်တင်ပြထားပါတယ်။

https://youtu.be/6MbnBTfF6fU?si=QXNkdd6tnenVyZwf

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27❤3🤯2🍌1
နွေဦးတော်လှန်ရေးဆရာတော်ဆိုသူ၏ လိင်အမြတ်ထုတ်ခံရသော နစ်နာသူအမျိုးသမီးများနှင့် တွေ့ဆုံဆက်သွယ်မေးမြန်းချက်
====================

ဂန္ဒမာ(မဇ္ဈိမ)။ ။ နွေဦးတော်လှန်ရေးဆရာတော် အရှင်ကေသရ(သိရိလင်္ကာ) ဆိုသူ၏ လိင်အမြတ်ထုတ်မှုကိစ္စများနှင့် ပတ်သက်၍ နစ်နာသူ အမျိုးသမီးများက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ထုတ်ရှင်းလင်းမှုများမှာ လတ်တလောတွင် ပြည်သူလူထုအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

နစ်နာသူအမျိုးသမီးများဘက်မှ Captain zero ၊ ဆရာ ဇင်ဇေလွင် ၊ ဒေါက်တာ ဖြိုးသီဟ ၊ ပန်ဆယ်လို ၊ မရွှေမိုး နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသော အဖွဲ့အစည်းများ၊ အခြားသော တော်လှန်ရေး အင်အားစုများနှင့် ရဲဘော်တို့က ရပ်တည် ပေးကြောင်း သိရသည်။
သို့သော် Ke Sa Ra ဖေစ့်ဘွတ် အကောင့်ဖြင့် လိင်အမြတ်ထုတ်မှု ကျူးလွန်နေသော နွေဦးတော်လှန်ရေးဆရာတော် ဆိုသူမှာ လက်ရှိအချိန်ထိ နစ်နာသူအမျိုးသမီးများနှင့် တိုက်ရိုက်ဖြေရှင်းခြင်းမရှိဘဲ ထိုအကောင့်မှာ အကောင့်တု တစ်ခုဖြစ်ကြောင်းသာ ပြောဆိုသည်ဟု ဆိုသည်။

ထို့ကြောင့် နွေဦးတော်လှန်ရေးဆရာတော်ဆိုသူ၏ လိင်အမြတ်ထုတ်မှုခံရသော နစ်နာသူများထဲမှ အမျိုးသမီးအချို့နှင့် ဖော်ထုတ်သူ အမျိုးသမီးအား မဇ္ဈိမကတွေ့ဆုံဆက်သွယ်ကာ ဖြစ်စဉ်ကို မေးမြန်းတင်ဆက်ထားသည်။

https://youtu.be/mFe4KrHd750?si=lA93e0rhzki8rm1d

#Mizzima
#လိင်အမြတ်ထုတ်
#နွေဦးတော်လှန်ရေးဆရာတော်
ရိုက်ကူး/တင်ဆက် - ဂန္ဒမာ
တည်းဖြတ်- ဖိုးသား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🤣2❤1😁1
စက်တင်ဘာလ( ၉ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
========================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပိုမိုဆိုးဝါးလာနေတဲ့အတွက် အထူးစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောဆိုလိုက်တဲ့သတင်း နဲ့အတူ စစ်ကိုင်းတိုင်း ၊မုံရွာမြို့မှာ မုံရွာခရိုင်တပ်ရင်းအမှတ် (၁၁) People’s Defence Force – South Monywa ရဲ့ လက်နက်ထုတ်လုပ်ရေး စခန်းငယ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော်လေးဦးကျဆုံးသွားခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/mswsGgXI6Qg?si=ZjkV4Foeq49BaKqa

#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🍌1
NUGအစိုးရ အဖွဲ့ နဲ့ တိုင်ပင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်တည်ထောင်တာဖြစ်တယ်လို့ ဗိုလ်နဂါးပြော
=====================

MTO (မဇ္ဈိမ)။ ။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်( BNRA) ကို ဖွဲ့စည်းတာဟာ တစ်စင်ထောင်ခြင်းမဟုတ်ဘဲ တော်လှန်ရေးကို အထောက်အကူပြုနိုင်ဖို့ အတွက် NUG အစိုးရအဖွဲ့ နှင့်တိုင်ပင်ညှိုင်းဆောင်ရွက် ခဲ့တာဖြစ်တယ်လို့ BNRA ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်နဂါးက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၉ ရက်မှာ ကျင်းပပြုလုပ်တဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA ) တည်ထောင်ကြောင်း ကြေညာခဲ့တဲ့ စစ်ရေးပြ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာပါ။

စစ်ကိုင်း၊ မကွေး နဲ့ မန္တလေးတိုင်း ‌အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ရဲ့ COC အောက်ကို အကြောင်းအမျိုးမျိုးကြောင့်ဝင်ရောက်ခွင့်မရတဲ့ အဖွဲ့အစည်းတွေ စုစည်းပြီးတော့ တည်ထောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တင်ဆက်၊တည်းဖြတ်- MTO

https://youtu.be/NG2BVLjzRKA?si=p-7KSlKcrIYLGjI5

#Mizzima
#ဗမာအမျိုးသားရေးတပ်မတော်
#ဗိုလ်နဂါး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍22❤5😁1
ရန်ကုန်လွှတ်တော်ဝန်းကို အနောက်ပိုင်းခရိုင်ပကဖက လက်နက်ကြီးဖြင့် ပစ်ခတ်
👍13❤1🔥1👏1
ရန်ကုန်လွှတ်တော်ဝန်းကို အနောက်ပိုင်းခရိုင်ပကဖက လက်နက်ကြီးဖြင့် ပစ်ခတ်
======================

ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအစိုးရရုံးစိုက်ရာ ရန်ကုန်လွှတ်တော်ဝန်းအတွင်းသို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ကျနော်တို့က ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ရတဲ့အတွက် မြို့ပြမှာ ရန်သူရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး ယန္တရားတွေ လုံးဝ လည်ပတ်လို့မရအောင် နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေမှာဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျသွားတဲ့အထိ တော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်တယ်" ဟု ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

မကြာမီက လွှတ်တော်ဝန်းအတွင်းသို့ တပ်အပြောင်းအရွှေ့လုပ်ထားကြောင်းသိရပြီး တိုက်ခိုက်မှုမှာ ပစ်မှတ်သို့ ထိရောက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာရှိနိုင်ကြောင်းဆိုသည်။
"လွှတ်တော်ဝန်းအတွင်းကို DC နှစ်စီး၊ မီးတန်းတစ်စီး၊ Faw တစ်စီးဝင်သွားတယ်လို့ သိရတယ်" ဟု မျက်မြင်သက်သေ၏‌ ပြောပြချက်ကို အဖွဲ့တာဝန်ရှိသူက ပြန်လည်ပြောဆိုသည်။

ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်းသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က ပထမအကြိမ်တိုက်ခိုက်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်က ဒုတိယအကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့သေးကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရန်ကုန်တိုင်းလွှတ်တော်ဝန်း
#အနောက်ပိုင်းခရိုင်ပကဖ
👍17👏2😁1
​​မြန်မာစစ်တပ်က စစ်ပွဲ အနိုင်မရနိုင်ဟု တီမောသမ္မတ ပြော 
========================

စစ်တပ်အား စစ်တန်းလျား ပြန်ပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရပိုင်ခွင့်များအား လေးစားရန် ဒီမိုကရေစီကို ဖော်ထုတ်ရန်၊ အကျဉ်းသားများ လွှတ်ပေးရန်နှင့် အရပ်သားများအား သတ်ဖြတ်နေခြင်းများ ရပ်တန့်ရန် ဖျောင်းဖျရာတွင် အရေးနိမ့်ခြင်းအား အာဆီယံကို အပြစ်မဆိုသင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤18👍8🔥1