Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရွှေမန်းသူ ခရီးသည်တင်ယာဉ်တိမ်းမှောက် အမျိုးသမီး သေဆုံး
❤6👏1
ရွှေမန်းသူ ခရီးသည်တင်ယာဉ်တိမ်းမှောက် အမျိုးသမီး သေဆုံး
=================

ရွှေနွယ်
(မဇ္ဈိမ)။ ။ရန်ကုန်−မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၉၂/၁-၂)ဖာလုံကြားတွင် ယနေ့ စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်ခန့်က ရွှေမန်းသူ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည်အမျိုးသမီး တဦးသေဆုံးကြောင်း မြို့ချောင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခွာလာသော ခရမ်းရောင် ရွှေမန်းသူ ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်ပွားရာနေရာအရောက်တွင် လက်ယာဘက်ရှိ မြေသားလမ်းပေါ်သို့ လမ်းချော်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း အနီးရှိရေမြောင်းတွင် အလျားလိုက်လဲကျတိမ်းမှောက်ခြင်းဖြစ်ကြောင်း သိရသည်။

"ယာဉ်မောင်းက အိပ်ငိုက်တာကြောင့်လို့တော့ပြောတယ်၊ ကျွန်တော်တို့တော့ ဖြစ်စဉ်ဖြစ်ပြီးမှ ရောက်သွားတာကြောင့် ဘာကြောင့်ဖြစ်တာပါလို့ပြောမရပါဘူး" ဟု သွားရောက်ကူညီခဲ့သည့် မြို့ချောင်းမီးသတ်တပ်ဖွဲ့မှပြောသည်။

ယာဉ်ပေါ်တွင် အမျိုးသား ၁၂ ဦး အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၃ ဦးလိုက်ပါလာသည့်အနက် အမျိုးသမီး တဦး သေဆုံးကာ၊ အမျိုးသား လေးဦးနှင့် အမျိုးသမီး ၁၁ ဦးတို့ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများကို မြို့ချောင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ၎င်းတို့၏ သက်ဆိုင်ရာမိသားစုများမှလာရောက်ခေါ်ဆောင်သွားကာ ခရီးဆက်သွားကြပြီဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အမြန်လမ်း
#ရွှေမန်းသူ
#ခရီးသည်တင်ယာဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤2
မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေဟာ ပြည်တွင်းပြည်ပ တရားရုံးတွေအပေါ် ရောက်လာဖို့ရှိပါသလား
==========================

အရပ်သားပြည်သူတွေအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်တိုက်ခိုက်တာတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကပြောလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ဆောင်ရွက်ချက်တွေဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မြောက်နေပြီလို့လည်း နိုင်ငံတကာက ဝေဖန်ပြောဆိုကြပါတယ်။

စစ်ကောင်စီစစ်သားတွေ၊ အရာရှိတွေကတော့ သူတို့လုပ်နေတဲ့အမှုတွေနဲ့ပတ်သက်ပြီး ဘယ်တော့မှ တရားစွဲဆိုခံရမှာမဟုတ်ဘူးလို့ ယူဆနေကြပါတယ်။

တချိန်မှာဒီအမှုတွေ ပြည်တွင်းပြည်ပတရားရုံးတွေပေါ်ရောက်လာဖို့ရှိပါသလား။

ကိုသိမ်းမြတ်တင်ပြထားပါတယ်။

https://youtu.be/6MbnBTfF6fU?si=QXNkdd6tnenVyZwf

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27❤3🤯2🍌1
နွေဦးတော်လှန်ရေးဆရာတော်ဆိုသူ၏ လိင်အမြတ်ထုတ်ခံရသော နစ်နာသူအမျိုးသမီးများနှင့် တွေ့ဆုံဆက်သွယ်မေးမြန်းချက်
====================

ဂန္ဒမာ(မဇ္ဈိမ)။ ။ နွေဦးတော်လှန်ရေးဆရာတော် အရှင်ကေသရ(သိရိလင်္ကာ) ဆိုသူ၏ လိင်အမြတ်ထုတ်မှုကိစ္စများနှင့် ပတ်သက်၍ နစ်နာသူ အမျိုးသမီးများက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ထုတ်ရှင်းလင်းမှုများမှာ လတ်တလောတွင် ပြည်သူလူထုအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

နစ်နာသူအမျိုးသမီးများဘက်မှ Captain zero ၊ ဆရာ ဇင်ဇေလွင် ၊ ဒေါက်တာ ဖြိုးသီဟ ၊ ပန်ဆယ်လို ၊ မရွှေမိုး နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသော အဖွဲ့အစည်းများ၊ အခြားသော တော်လှန်ရေး အင်အားစုများနှင့် ရဲဘော်တို့က ရပ်တည် ပေးကြောင်း သိရသည်။
သို့သော် Ke Sa Ra ဖေစ့်ဘွတ် အကောင့်ဖြင့် လိင်အမြတ်ထုတ်မှု ကျူးလွန်နေသော နွေဦးတော်လှန်ရေးဆရာတော် ဆိုသူမှာ လက်ရှိအချိန်ထိ နစ်နာသူအမျိုးသမီးများနှင့် တိုက်ရိုက်ဖြေရှင်းခြင်းမရှိဘဲ ထိုအကောင့်မှာ အကောင့်တု တစ်ခုဖြစ်ကြောင်းသာ ပြောဆိုသည်ဟု ဆိုသည်။

ထို့ကြောင့် နွေဦးတော်လှန်ရေးဆရာတော်ဆိုသူ၏ လိင်အမြတ်ထုတ်မှုခံရသော နစ်နာသူများထဲမှ အမျိုးသမီးအချို့နှင့် ဖော်ထုတ်သူ အမျိုးသမီးအား မဇ္ဈိမကတွေ့ဆုံဆက်သွယ်ကာ ဖြစ်စဉ်ကို မေးမြန်းတင်ဆက်ထားသည်။

https://youtu.be/mFe4KrHd750?si=lA93e0rhzki8rm1d

#Mizzima
#လိင်အမြတ်ထုတ်
#နွေဦးတော်လှန်ရေးဆရာတော်
ရိုက်ကူး/တင်ဆက် - ဂန္ဒမာ
တည်းဖြတ်- ဖိုးသား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🤣2❤1😁1
စက်တင်ဘာလ( ၉ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
========================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပိုမိုဆိုးဝါးလာနေတဲ့အတွက် အထူးစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောဆိုလိုက်တဲ့သတင်း နဲ့အတူ စစ်ကိုင်းတိုင်း ၊မုံရွာမြို့မှာ မုံရွာခရိုင်တပ်ရင်းအမှတ် (၁၁) People’s Defence Force – South Monywa ရဲ့ လက်နက်ထုတ်လုပ်ရေး စခန်းငယ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော်လေးဦးကျဆုံးသွားခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/mswsGgXI6Qg?si=ZjkV4Foeq49BaKqa

#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🍌1
NUGအစိုးရ အဖွဲ့ နဲ့ တိုင်ပင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်တည်ထောင်တာဖြစ်တယ်လို့ ဗိုလ်နဂါးပြော
=====================

MTO (မဇ္ဈိမ)။ ။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်( BNRA) ကို ဖွဲ့စည်းတာဟာ တစ်စင်ထောင်ခြင်းမဟုတ်ဘဲ တော်လှန်ရေးကို အထောက်အကူပြုနိုင်ဖို့ အတွက် NUG အစိုးရအဖွဲ့ နှင့်တိုင်ပင်ညှိုင်းဆောင်ရွက် ခဲ့တာဖြစ်တယ်လို့ BNRA ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်နဂါးက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၉ ရက်မှာ ကျင်းပပြုလုပ်တဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA ) တည်ထောင်ကြောင်း ကြေညာခဲ့တဲ့ စစ်ရေးပြ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာပါ။

စစ်ကိုင်း၊ မကွေး နဲ့ မန္တလေးတိုင်း ‌အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ရဲ့ COC အောက်ကို အကြောင်းအမျိုးမျိုးကြောင့်ဝင်ရောက်ခွင့်မရတဲ့ အဖွဲ့အစည်းတွေ စုစည်းပြီးတော့ တည်ထောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တင်ဆက်၊တည်းဖြတ်- MTO

https://youtu.be/NG2BVLjzRKA?si=p-7KSlKcrIYLGjI5

#Mizzima
#ဗမာအမျိုးသားရေးတပ်မတော်
#ဗိုလ်နဂါး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍22❤5😁1
ရန်ကုန်လွှတ်တော်ဝန်းကို အနောက်ပိုင်းခရိုင်ပကဖက လက်နက်ကြီးဖြင့် ပစ်ခတ်
👍13❤1🔥1👏1
ရန်ကုန်လွှတ်တော်ဝန်းကို အနောက်ပိုင်းခရိုင်ပကဖက လက်နက်ကြီးဖြင့် ပစ်ခတ်
======================

ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအစိုးရရုံးစိုက်ရာ ရန်ကုန်လွှတ်တော်ဝန်းအတွင်းသို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ကျနော်တို့က ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ရတဲ့အတွက် မြို့ပြမှာ ရန်သူရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး ယန္တရားတွေ လုံးဝ လည်ပတ်လို့မရအောင် နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေမှာဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျသွားတဲ့အထိ တော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်တယ်" ဟု ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

မကြာမီက လွှတ်တော်ဝန်းအတွင်းသို့ တပ်အပြောင်းအရွှေ့လုပ်ထားကြောင်းသိရပြီး တိုက်ခိုက်မှုမှာ ပစ်မှတ်သို့ ထိရောက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာရှိနိုင်ကြောင်းဆိုသည်။
"လွှတ်တော်ဝန်းအတွင်းကို DC နှစ်စီး၊ မီးတန်းတစ်စီး၊ Faw တစ်စီးဝင်သွားတယ်လို့ သိရတယ်" ဟု မျက်မြင်သက်သေ၏‌ ပြောပြချက်ကို အဖွဲ့တာဝန်ရှိသူက ပြန်လည်ပြောဆိုသည်။

ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်းသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က ပထမအကြိမ်တိုက်ခိုက်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်က ဒုတိယအကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့သေးကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရန်ကုန်တိုင်းလွှတ်တော်ဝန်း
#အနောက်ပိုင်းခရိုင်ပကဖ
👍17👏2😁1
​​မြန်မာစစ်တပ်က စစ်ပွဲ အနိုင်မရနိုင်ဟု တီမောသမ္မတ ပြော 
========================

စစ်တပ်အား စစ်တန်းလျား ပြန်ပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရပိုင်ခွင့်များအား လေးစားရန် ဒီမိုကရေစီကို ဖော်ထုတ်ရန်၊ အကျဉ်းသားများ လွှတ်ပေးရန်နှင့် အရပ်သားများအား သတ်ဖြတ်နေခြင်းများ ရပ်တန့်ရန် ဖျောင်းဖျရာတွင် အရေးနိမ့်ခြင်းအား အာဆီယံကို အပြစ်မဆိုသင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤18👍8🔥1
ဒီတစ်ပတ်ရဲ့My india အစီအစဉ် | 9 September 2023
=================

-အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို အိန္ဒိယတွင် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဦးဆောင်ဆင်နွှဲ

-ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Pham Van Giant က အိန္ဒိယဝန်ကြီး ရာဂျနာ့ရသ်ဆင်းဟ်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံကြား ရင်းနှီးမှုတိုးမြင့်စေဖို့ ပြီးခဲ့တဲ့ တစ်ပတ်က နယူးဒေလီမြို့မှာ ဆွေးနွေးခဲ့ကြ

-အိန္ဒိယအနောက်ပိုင်း အိုဒီရှာပြည်နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်များက အတိတ်က အဖိုးတန်ရတနာတွေအဖြစ် ထိန်းသိမ်းထားခဲ့တဲ့ စာပို့ခိုများကို ဆက်လက်ထိန်းသိမ်းထားပြီး ဆက်သွယ်ရေးစနစ်များပျက်စီးသွားပါက အရေးပေါ်အသုံးပြုနိုင်ရန် လေ့ကျင့်မွေးမြူထား

-Tesla ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာကိုကားထုတ်လုပ်သူများအတွက် သိသာထင်ရှားတဲ့ ရင်းနှီးမြှပ်နှံမှုများ နိုင်ငံတွင်းမှာ ပြုလုပ်သွားဖို့ တိုက်တွန်းနေ

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/Q2iM0BQ6o84?si=ZHQDyr5Lm1VTBX3I

#myindia
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🍌2
​​ဖိလစ်ပိုင်နှင့် ဩစတြေးလျတို့ မဟာဗျူဟာ မိတ်ဖက်ပြုမှု သဘောတူညီချက်သစ်အား လက်မှတ်ရေးထိုး 
========================

“မဟာဗျူဟာ မိတ်ဖက်ပြုမှု ပူးတွဲကြေညာချက်ကို လက်မှတ်ထိုးခြင်းဟာ နှစ်နိုင်ငံစလုံးရဲ့ ဖွံ့ဖြိုးရေးနဲ့ ချမ်းသာဝပြောရေးမှာ အခရာကျတဲ့ နယ်ပယ်စုံမှာ နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖော်ဆောင်ဖို့ အပြန်အလှန် ကတိကဝတ်ကို ဖော်ပြလိုက်တာပဲ”ဟု မားကို့စ်က မိန့်ခွန်းတွင် ဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2
​​"Remember 2022
.............................

ဇာတ်လမ်းအစမှာဆိုရင်တော့ဖြင့် ဖီလ်ဂျူးဆိုတဲ့ အသက်၈၀ အရွယ်စစ်ပြန်ကြီးတစ်ယောက်နဲ့ အင်ဂယူးဆိုတဲ့ လူငယ်လေးတစ်ယောက်တို့ဟာ စားသောက်ဆိုင်မှာ အလုပ်တူတူလုပ်ရင်း သိပ်ပျော်စရာကောင်းတဲ့ သူငယ်ချင်းလို ဆက်ဆံရေးမျိုးရှိခဲ့ကြတယ် .. အင်ဂယူးအနိုင်ကျင့်ခံရတိုင်း ဖီလ်ဂျူးက ကူညီပေးတတ်သလို ဖီဂျူးအတွက်လည်း စားစရာတွေ ချန်ထားပေးတတ်တယ် .. တစ်နေ့ကျတော့ ဖီလ်ဂျူးဟာ မှတ်ဉာဏ်တွေ သိပ်မကောင်းတော့လို့ အလုပ်ကနေ အနားယူသွားခဲ့တယ် .. အနားယူပြီးနောက်နေ့မှာပဲ ဆိုင်ကို ပြန်ရောက်လာခဲ့ပြီး အင်ဂယူးကို အကူအညီတစ်ခုတောင်းခဲ့တယ် ...

အသက်ကလည်းကြီး လိုင်စင်လည်း ပြန်အပ်လိုက်ရပြီဖြစ်တာကြောင့် သူသွားချင်တဲ့နေရာလေးတွေကို ကားမောင်းပြီး လိုက်ပို့ပေးဖို့ပါ .. ခင်မင်ရင်းသံယောဇဉ်ရှိတဲ့ အင်ဂယူးကလည်း ကူညီပေးခဲ့ရာက ဖီလ်ဂျူးသွားတဲ့နေရာတွေက သူထင်ထားသလို ရိုးရှင်းတဲ့ ခရီးစဉ်တွေမဟုတ်ကြောင်း နောက်ကျမှသိလိုက်ရတော့တယ် ... ဖီလ်ဂျူးဆိုတဲ့ စစ်ပြန်ကြီးက ဘာတွေကို ဖုံးကွယ် ဘာတွေကို ကြံစည်ထားလဲ ....

ထုံးစံအတိုင်း ပိတ်ကားပေါ်မှာ ရှုစားတော်မူကြပါခင်ဗျ
ပရိတ်သတ်တွေနဲ့ လုံးဝမစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်ထားပါတယ်"

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၉.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍5❤1🔥1
"တိုင်းရင်းသား အရေးကို မဖြေရှင်းဘဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို သွားလို့မရဘူး”
======================

"တိုင်းရင်းသား အရေးကို မဖြေရှင်းဘဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို သွားလို့မရဘူး” ဦးမြအေး (၈၈ မျိုးဆက်ကျောင်းသားဟောင်း)

မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား အရေးကို မဖြေရှင်းဘူးဆိုရင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို ဘယ်လိုနည်းနဲ့မှ သွားလို့မရဘူးလို့ ဦးမြအေးကဆိုပါတယ်။
အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း တဦးဖြစ်တဲ့ ဦးမြအေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ

https://youtu.be/bHjPrVOIi0Q?si=oLgOGNi3DTC263D6

#weeklyinterviews
#mizzimatv
#Weeklyinterview
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🤮1
​​တိုးတက်ရေးနှင့်ခေါင်းဆောင်မှုကဏ္ဍအတွက် အမျိုးသမီးဦးဆောင်သောဖွံ့ဖြိုးတိုးတက်မှုအပေါ် အိန္ဒိယအလေးထား
=====================

Asia Lite
အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုသည် နိုင်ငံအား ကမ္ဘာ့ခေါင်းဆောင်မှုဆီသို့ တွန်းပို့လျက်ရှိပြီး စီးပွားရေး စွမ်းဆောင်မှုမှသည် ပညာရေးနှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍအထိ အမျိုးသမီးများသည် အလုံးစုံတိုးတက်မှုကို ပဲ့ကိုင်မောင်းနှင်လျက်ရှိသည်။
အိန္ဒိယသမ္မတ ရှရီမာတီဒရိုပါဒီမာမူသည် ဤအသွင်ပြောင်းမှုကို ထင်ဟပ်စေသည်။ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေပါ အမျိုးသား အမျိုးသမီးတန်းတူညီမျှရေးဆိုင်ရာ ကတိကဝတ်များမှာလည်း မြင်သာပြီး အမျိုးသမီးများသည် ကဏ္ဍအသီးသီးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယအစိုးရ၏ အသေးစားလုပ်ငန်းများအတွက် ချေးငွေပေးမှုနှင့် နွမ်းပါးသောမိသားစုဝင်များအား အိမ်သုံးဂတ်စ်ထောက်ပံ့မှုကဲ့သို့သော စီမံကိန်းများသည် အမျိုးသမီးများအား စီးပွားရေးအရရော ပတ်ဝန်းကျင်ထိန်းသိမ်းမှုအရပါ အားပေးသည်။

ထို့အပြင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်ဆိုင်ရာနယ်ပယ်များ၊ စွန့်ဦးတီထွင်မှုနှင့် ခေါင်းဆောင်မှုရာထူးပိုင်းများတွင် အမျိုးသမီးများပါဝင်မှု ကြီးထွားလာခြင်းသည် ၎င်းတို့၏အရည်အချင်းကို မီးမောင်းထိုးပြလျက်ရှိသည်။ အမျိုးသမီးများ ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး (WLD) အပေါ် အိန္ဒိယ၏ အလေးထားမှုသည် ကမ္ဘာ့ရည်မှန်းချက်များနှင့်ကိုက်ညီပြီး လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အပြောင်းအလဲများတွင် အမျိုးသမီးများ၏ ဦးဆောင်မှုကို အလေးပေးလာသည်။

ဝန်ကြီးချုပ်နရန်ဒရာမိုဒီကလည်း ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှမှုနှင့် စီးပွားရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုတို့ကို အလေးပေးကာ အဆိုပါ ကြိုးပမ်းမှုများကို အားဖြည့်ပေးသည်။ တစ်ကမ္ဘာလုံးတွင် အမျိုးသမီးများဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး (WLD) သည် အရှိန်ရလာပြီး အိန္ဒိယသည် ဂျီ-၂၀ အစည်းအဝေးကို လက်ခံကျင်းပကာ ဤအသွင်ပြောင်းနည်းလမ်းကို ပံ့ပိုးပေးလျက်ရှိသည်။

အမျိုးသမီးများကို မြှင့်တင်ရန် အထိရောက်ဆုံးနည်းလမ်းမှာ အမျိုးသမီးများ လမ်းညွှန်ပြသသည့် ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းကို ကျင့်သုံးခြင်းဖြစ်သည်။ အိန္ဒိယသည် ဤလမ်းကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိသည်။

အိန္ဒိယသမ္မတ ရှရီမာတီဒရိုပါဒီမာမူသည် သူမကိုယ်သူမ စံနမူနာအဖြစ် ရပ်တည်လျက်ရှိသည်။ လူလတ်တန်းစားမျိုးနွယ်မှ ပေါ်ထွက်လာသော သူမသည် ယခုအခါ ကမ္ဘာ့ဒီမိုကရေစီအကျဆုံးသောနိုင်ငံကို ဦးဆောင်ကာ ကမ္ဘာတွင် ဒုတိယအကြီးဆုံး ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်ရာထူးကို ရယူထားသည်။

ရွေးကောက်ခံအမျိုးသမီးကိုယ်စားလှယ်များသည် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းများ အသွင်ကူးပြောင်းရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာကြသည်။ အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ကျေးလက်ဒေသအဖွဲ့အစည်းများတွင်လည်း ရွေးကောက်ခံကိုယ်စားလှယ် ၁ ဒသမ ၄ သန်း၏ ၄၆ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်။

ထို့အပြင် အိန္ဒိယရှိ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်ဆိုင်ရာ ဘွဲ့ရများ၏ ၄၃ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ အာကာသသိပ္ပံပညာရှင်များ၏ ၄ ပုံ ၁ ပုံခန့်မှာလည်း အမျိုးသမီးများဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် လက်ရှိအချိန်၌ အဆင့်မြင့်ပညာရေးတွင် တက်ရောက်နေသော အမျိုးသမီးဦးရေသည် အမျိုးသားများထက် ပိုများနေသည်။

အိန္ဒိယနှင့် ကမ္ဘာ့တောင်ပိုင်းတစ်ခွင်တွင် အမျိုးသမီးများသည် ကျေးလက်စိုက်ပျိုးရေးမိသားစုများ၏ အခြေခံအုတ်မြစ်ဖြစ်သလို အသေးစားကုန်သည်များနှင့် လုပ်ငန်းရှင်များအဖြစ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြသည်။

အိန္ဒိယအစိုးရသည် အမျိုးသမီးများ ဦးဆောင်သောတိုးတက်ရေးအပေါ် အလေးထားမှုအား နိုင်ငံအား မြှင့်တင်ရန်လိုအပ်သော အိန္ဒိယ၏ အဓိကကဏ္ဍအဖြစ် ယူဆသည်။ လွန်ခဲ့သည့် ၉ နှစ်အတွင်း ဖက်ဒရယ်အစိုးရသည် အမျိုးသမီးများအား စွမ်းဆောင်နိုင်စေရန်နှင့် အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးခရီးတွင် ရှေ့တန်းမှတက်လှမ်းနိုင်စေရန် ရည်ရွယ်လျက် လူမှုဖူလုံရေးအစီအစဉ်အမျိုးမျိုးကို စတင်ဆောင်ရွက်ခဲ့သည်။

အိန္ဒိယနိုင်ငံသည် မကြာသေးမီက ၎င်း၏ အလေးထားမှုကို “အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေး” အယူအဆမှ “အမျိုးသမီး ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး” သို့ ပြောင်းလဲခဲ့သည်။
လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံရှိ အမျိုးသမီးများသည် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် အကြီးတန်းနှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍ၏ ၃၆ ရာခိုင်နှုန်း နေရာယူထားပြီး ကမ္ဘာ့ပျမ်းမျှအရေအတွက်အားဖြင့် ၄ ရာခိုင်နှုန်းကျော်ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
​​အင်ငါးခွသကြားစက်၏ ကြံစိုက်ပျိုးရေးတာဝန်ခံ ဗိုလ်ကြီးဟောင်း ပစ်ခတ်ခံရ၍သေဆုံး
=======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် စက်တင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီခန့်က ဗိုလ်ကြီးဟောင်း သန်းဝင်း ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၂) ထံမှသိရသည်။
ဗိုလ်ကြီးဟောင်းသန်းဝင်းသည် ယာခင်းဘက်မှ ၎င်းနေထိုင်ရာ ချောင်းဂွကြီး ရေထိမ်းတမံ ချက်(2) နဲ့ (3) ကြားရှိ ဦးပိုင်ရုံးဝန်းသို့ပြန်လာစဉ်တွင် ရုံးဝန်း၏မြောက်ဘက်၌ သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခံရခြင်းဖြစ်သည်။

၎င်းသည် လက်ရှိတွင် ပေါက်ခေါင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဦးပိုင်ကုမ္ပဏီပိုင် အင်ငါးခွသကြားစက်မှ ကြံစိုက်ပျိုးရေးတာဝန်ခံအဖြစ် လုပ်ကိုင်လျက်ရှိသူဖြစ်သည်။

ဗိုလ်ကြီးဟောင်း သန်းဝင်းသည် ဦးပိုင်၌ ဝင်ရောက်လုပ်ကိုင်သည့် ၂၀၁၂ ခုနှစ်တွင် တောင်သူပိုင်လယ်ယာမြေများကို ပလပ်၍ စိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း PDF တပ်ရင်း (၃၆၀၂)၏ ထုတ်ပြန်ချက်တွင်ဆိုထားသည်။

ထို့ပြင် လစဉ် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့်အတူ ဦးပိုင်ရုံးအနီးရှိ တံတားအနီးတွင် ဂိတ်ချ၍ ဆိုင်ကယ်မောင်းနှင် ဖြတ်သန်းသွားလာနေသော လူငယ်များအား ဖမ်းဆီး၍ PDF ဟုစွပ်စွဲကာ ငွေညှစ်လေ့ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဆိုသည်။

"သူ့ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ပြည်သူတွေနဲ့ ဒီနယ်မှာနေထိုင်သူတွေရဲ့ သတင်းပေးတိုင်ကြားချက်တွေအရ လုပ်ဆောင်တာပါ" ဟု PDF တပ်ရင်း (၃၆၀၂)၏ သတင်းပြန်ကြားရေးတာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေသတွင်း စစ်ကောင်စီတပ်နှင့် ရဲများမှ စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#PDF
#ပေါက်ခေါင်းမြို့နယ်
#ဗိုလ်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤3🔥1😁1
ကမမောင်းမြို့ ထွေအုပ်ရုံး ဒရုန်းဖြင့်ဗုံးကြဲခံရပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး သေဆုံး
👍10🔥1
ကမမောင်းမြို့ ထွေအုပ်ရုံး ဒရုန်းဖြင့်ဗုံးကြဲခံရပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး သေဆုံး
=========================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အထွေအထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်း ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း ဖာပွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PPDF) နှင့် ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PhaPun PDF၊ Bridge 1- Bridge Drone Force ( KNU တပ်မဟာ (၁)၊ တပ်မဟာ ဒရုန်းတပ်ဖွဲ့ ) တို့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ပြီးခဲ့တဲ့ရက်က ထွေအုပ်ရုံး အစည်းအဝေးလုပ်နေချိန်ဗုံးကြဲခဲ့တာပါ။ မဟာမိတ်တွေနဲ့တူတူလုပ်တဲ့စစ်ဆင်ရေးပါ။ ခြောက်ယောက်က ဒဏ်ရာရပြီး တယောက်က ပွဲချင်းပြီးပါ" ဟု ဖာပွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးစိုးမင်းအပြင် ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးရှိခဲ့ကြောင်း ဖာပွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ကမမောင်းမြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း တည်ရှိပြီး KNU တပ်မဟာ (၅) က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်တစ်ကြိမ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် တစ်ကြိမ် စာထုတ်ကာ စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းများအနေဖြင့် ၎င်းတို့​၏ ရာထူး၊ တာဝန်များမှ အမြန်ဆုံးနုတ်ထွက်၊ စွန့်ခွာရန် သတိပေးတောင်းဆိုထားသည်။

KNU တပ်မဟာ (၅)​၏ ဩဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် နယ်မြေအတွင်းကျန်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် KNU တပ်မဟာ (၅) ​၏ ထုတ်ပြန်ချက်အပေါ် လိုက်နာခြင်းမရှိပါက အမိန့်ဆန့်ကျင်သူများအဖြစ် သက်မှတ်ကာ ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်ခြင်း ပြုလုပ်သွားမည့်အကြောင်း ဖော်ပြထားသည်။

ယခုစစ်ဆင်ရေးသည် KNU တပ်မဟာ (၅) ​၏ အဆိုပါ ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိ၍ စစ်ကောင်စီ​၏ အုပ်ချုပ်ရေးထောက်တိုင်တစ်ခုဖြစ်သည့် ထွေအုပ်ရုံးအား တိုက်ခိုက်ခြင်းဖြစ်ကြောင်း HpaPun PDF က အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကမောင်းမြို့
#ဒရုန်းဖြင့်ဗုံးကြဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍4🔥1
​​ကျောက်မဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်များသိမ်းဆည်းရမိ စစ်ကားချောက်ထဲထိုးကျ
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် တောင်နီကျေးရွာနှင့် လဲကြီးကျေးရွာကြားတွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံမှ သေနတ် လေးလက် နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိကာ စစ်ကားတစီး ချောက်အတွင်းသို့ ထိုးကျပျက်စီးခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇နာရီခွဲခန့်တွင် တောင်နီကျေးရွာမှ လဲကြီးကျေးရွာသို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီ၏ တပ်မ(၈၈)၊ ခလရ(၇၁)တပ် နှင့် TNLA တပ်ရင်း(၅၉၃) တို့ကြား တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ မွန်းလွဲ ၂နာရီခွဲခန့်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံမှ MA1 သေနတ် သုံးလက်၊ MA2 သေနတ် တလက် နှင့် ခဲယမ်းကျည်ဆန်များ သိမ်းဆည်းရမိခဲ့ပြီး စစ်ကားတစီး ချောက်အတွင်းသို့ ထိုးကျပျက်ဆီးခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရကြောင်း ဆိုသည်။
အလားတူ စက်တင်ဘာလ ၇ ရက်နေ့တွင် လားရှိုးမြို့နယ် မှ သိန္နီမြို့နယ်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား လားရှိုးမြို့နယ် မုန်းလီကျေးရွာနှင့် ကောင်းဆာကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ထိခိုက်သေဆုံးမှုအခြေနေ အတိအကျမသိရကြောင်း TNLA မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ TNLA လှုပ်ရှားနယ်မြေများဖြစ်သည့် ကျောက်မဲ၊ မူဆယ်၊ ကွတ်ခိုင် မြို့နယ်များတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၃၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA မှဖော်ပြထားသည်။

ဓါတ်ပုံ-TNLA
ပုံစာ- ကျောက်မဲတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်များ
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#TNLA
#ကျောက်မဲမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍11🔥1👏1