Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပြည်သူများအား ဖက်ဒရယ်နှင့် နိုင်ငံရေးအသိပညာပေးပွဲပြုလုပ်
👍10🔥1
ပြည်သူများအား ဖက်ဒရယ်နှင့် နိုင်ငံရေးအသိပညာပေးပွဲပြုလုပ်
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တနေရာတွင် ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ ညပိုင်းက ဒေသခံပြည်သူများအား ဖက်ဒရယ်အရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီအရေး၊ တော်လှန်ရေးနှင့်ပတ်သက်သည့် အသိပညာပေး သတင်းစကားဖြန့်ဝေပွဲတခုအား ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီ(CYSC)က ဦးဆောင်ပြုလုပ်ခဲ့သည်။

ထိုသို့ အသိပညာပေးသတင်းစကားဖြန့်ဝေရာတွင် ပြည်သူများမှ စိတ်ဝင်တစားရှိကြကြောင်းနှင့် ဖက်ဒရယ်အရေးနှင့်ပတ်သက်၍လည်း ယခင်ထက်ပို၍ နားလည်သဘောပေါက်လာကြပြီး လက်ခံကြသည်ဟု သိရကြောင်း ကိုတေဇာဆန်းမှ မဇ္ဈိမကို ပြောသည်။

"ပြည်သူကိုယ်တိုင်က ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအတွက် အသင့်စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေကြပြီဗျို့။ ပြည်သူ့အားကို ဘယ်အရာမှ ဟန့်တားလို့ မရပေဘူး" ဟုလည်း ကိုတေဇဆန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့်အသိပေးထားသည်။
အဆိုပါပွဲအတွင်း ပြည်သူများစိတ်ဝင်စားမှုပိုမိုမြင့်တက်စေရန် တော်လှန်ကဗျာသရုပ်ဖော်ပြခြင်း၊ ဒါရိုက်တာကိုပေါက်ရိုက်ကူးသည့် မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်ကားအား ပြသခြင်း၊ မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်၊ တော်လှန်ရေးဆိုသည်မှာ စသည့် ဇာတ်လမ်းတိုများအားပြသခြင်း၊ အခြားသော Documentary Film ပြသခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဖျော်ဖြေရေး အစီအစဉ်များနှင့်တကွ အသိပညာပေးပွဲပြုလုပ်ခြင်းကို Revolutionary Entertainment (Revo-tainment) ဟု မှည့်ခေါ်ထားပြီး အဆိုပါအစီအစဉ်သည် လူထုအကြားပညာပေးရာတွင် ထိရောက်မှုရှိကြောင်း အကျိုးရှိကြောင်း ကိုတေဇာဆန်းမှ ပြောသည်။

"ဒီ တော်လှန်ဖျော်ဖြေမှုအစီအစဉ်လေးတွေက ကျွန်တော်တို့ လူထုတိုက်ပွဲ သပိတ်အင်အားစုတွေ စစ်ကိုင်း မကွေးမြို့နယ်တော်တော်များများမှာ လုပ်ဖြစ်ကြပါတယ်။ အချို့ဟာတွေ လုံခြုံရေးအရ၊ လိုင်းအခက်အခဲအရ မတင်ကြတာရှိတယ်” ဟု ကိုတေဇာဆန်းမှ ပြောသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်တိုင်းနီးပါး၏ ကျေးလက်ဒေသများတွင် အဆိုပါ Revo-tainment အစီအစဉ်များကို အင်ပြည့်အားပြည့် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ကိုတေဇာဆန်းမှပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ထိုသို့ Revo-tainment အစီအစဉ်များကို စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တနေရာ၊ အရာတော်၊ ယင်းမာပင်၊ ဆားလင်းကြီးနှင့် မုံရွာအမြင့်လမ်းဘေးကျေးရွာများတွင် ပြုလုပ်ခဲ့သေးသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ချောင်းဦးမြို့နယ်
#Revo-tainment
#ဖက်ဒရယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥1
ဆက်သွယ်ရေး လိမ်လည်မှု သံသယရှိသူ ၁,၂၀၀ ကျော်ကို တရုတ်သို့ ပေးပို့ 
========================

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လုပ်ငန်းများ ဆောင်ရွက်နေပြီး တရုတ်နိုင်ငံသားများအပေါ် သက်ရောက်မှု ရှိနေသော ဆက်သွယ်ရေး လိမ်လည်မှုများကို ဆောင်ရွက်ဆဲ နှိမ်နင်းမှုအတွင်း သံသယရှိသူ ၁,၂၀၇ ဦးအား မြန်မာနိုင်ငံမှ တရုတ်ထံသို့ ပေးပို့ကြောင်း တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနက သောကြာနေ့တွင် ကြေညာသည်။

https://www.mizzimaburmese.com/article/133143

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
အွန်လိုင်းငွေလိမ်သည့် တရုတ်နိုင်ငံသား ၁,၂၀၀ ကျော်ကို ဝပြည်နယ်ရဲတပ်ဖွဲ့ဖမ်းဆီးပြီး တရုတ်ဘက်လွှဲပြောင်း
👍6🔥2
အွန်လိုင်းငွေလိမ်သည့် တရုတ်နိုင်ငံသား ၁,၂၀၀ ကျော်ကို ဝပြည်နယ်ရဲတပ်ဖွဲ့ဖမ်းဆီးပြီး တရုတ်ဘက်လွှဲပြောင်း
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁,၂၀၇ ဦးကို ဝပြည်နယ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ၏ ပြန်ကြားရေးစာမျက်နှာ WSTV တွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ ၌ ထုတ်ပြန်သည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် ထိုတရုတ်နိုင်ငံသားများ စက်တင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် နှစ်ရက်ခွဲကာ UWSA ဌာနချုပ်ရှိရာ ပန်းဆန်မြို့ရှိ နယ်ခြားတံတားဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း လားရှိုးမြို့အခြေစိုက် UWSA ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက မဇ္ဈိမကို ပြောသည်။

“အားလုံးက တရုတ်နိုင်ငံသားတွေပါ။ ဒီနှစ်ထဲမှာပဲ ဝပြည်အနှံ့က ဖမ်းမိတာ။ ၅၊၆ မှာ အကုန်လွှဲတာ။ အရင်ကလည်း (ယခုကဲ့သို့ လွှဲပြောင်းခြင်း) ရှိပေမယ့် ခုတကြိမ်အများဆုံးပါ” ဟု ဦးညီရမ်းက ပြောသည်။

ဖမ်းဆီးလွှဲပြောင်းခဲ့သည့် တရုတ်နိုင်ငံသားများတွင် အမျိုးသမီးများလည်း ပါဝင်ပြီး အသက်အပိုင်းအခြားအသေးစိပ်ကိုမူ မသိကြောင်း ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် လောက်ကိုင်ဒေသမှ ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကော ၊ မူဆယ် နှင့် ကိုးကန့်ဒေသ များအပြင် ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီ၊ ရွှေကုက္ကိုဒေသ များတွင် တရုတ်နိုင်ငံသားများ ဦးဆောင်လုပ်ကိုင်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လာကြပြီး ၎င်းလုပ်ငန်းနှင့်အတူ လူကုန်ခံရသည့် ဖြစ်စဉ်များလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

“သူတို့က အဲ့ဒီ လိုင်းကနေ ငွေလိမ်တော်တဲ့ တရုတ်တွေကို ပေါက်စီလို့ခေါ်တယ်။ ဥပမာ မူဆယ်မှာ လိမ်နေတဲ့တရုတ်က ကြာလာတော့ လိမ်မရတော့ဘူးဆိုရင် လေလံတင်ပြီးရောင်းတယ်။ ရောင်းပြီဆိုလည်း လက်ထိပ်တွေဘာတွေခတ်၊ အကျဉ်းချထားတယ်။ လေလံကာလကလည်း တရက်နှစ်ရက်နဲ့ အောင်တာရှိတယ်။ လနဲ့ချီတာလည်းရှိတယ်။ အဲ့ဒါကို လောက်ကိုင်က ဝယ်ရင် လောက်ကိုင်ကို ပို့တယ်။ မြဝတီကဝယ်ရင် မြဝတီကိုပို့တယ်” ဟု မူဆယ်မြို့ခံတဦးက မဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့တွင်လည်း အွန်လိုင်းငွေကြေးလိမ်လည်သည့် တရုတ်နိုင်ငံသား ၂၄ ဦးကို စစ်ကောင်စီက လေးရက်အတွင်း တရုတ်ရဲတပ်ဖွဲ့ထံသို့ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းအပ်နှံ့ခဲ့ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးမှ ဩဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အွန်လိုင်းလိမ်လည်မှုအပါအဝင် အွန်လိုင်းလောင်းကစားရာဇဝတ်မှုများနှင့် ဆက်နွှယ်နေသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု စသည့်ရာဇဝတ်မှုများကို တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို လေးနိုင်ငံပူးပေါင်းပြီး ပြတ်ပြတ်သားသား နှိမ်နှင်းတိုက်ဖျက်နိုင်ရန်အတွက် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် သဘောတူခဲ့ကြသည်။

ပုံအညွှန်း -အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများအား ဝပြည်နယ်ရဲတပ်ဖွဲ့မှ တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းနေပုံ(ဓာတ်ပုံ- WSTV)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အွန်လိုင်းငွေလိမ်လည်မှု
#တရုတ်နိုင်ငံသား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1👏1
​​စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကျောင်းဆရာနှင့် ဆယ်ကျော်သက် ကျောင်းသူ ကျောင်းသား ၃ ဦးသေဆုံး
=====================

မဇ္ဈိမ
ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာတဦးနှင့် ဆယ်ကျော်သက်ကျောင်းသူ ကျောင်းသား သုံးဦးသေဆုံးခဲ့သည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၇ ရက်၊ နံနက် ၆ နာရီ ၃ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးအုပ်စုအတွင်းရှိ ထီးဂေါ်ထာကျေးရွာအတွင်းသို့ လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကျောင်းဆရာနှင့်ကျောင်းသူကျောင်းသား လေးဦး သေဆုံးကာ
ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မူတြော်ခရိုင်က ဆိုသည်။

သေဆုံးသူ လေးဦးမှာ ၅၆ နှစ်အရွယ် ကျောင်းဆရာ စောဖါးဒါး၊ ၁၄ နှစ်အရွယ် ကျောင်းသားစောအယ်မူလား၊ ၁၆ နှစ်အရွယ်ကျောင်းသူ နော်ထီးခူဖေါ၊ ၁၃ နှစ်အရွယ်ကျောင်းသား စောဘိုကြီးတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးတွင် ကိုးနှစ်အရွယ် ကျောင်းသား တဦးနှင့် ၂၄ နှစ်အရွယ် ကျောင်းဆရာမတဦးလည်း ပါဝင်သည်ဟု မူတြော်ခရိုင်က ထုတ်ပြန်သည်။

ထို့ပြင် စက်တင်ဘာ ၈ ရက် နေ့လယ် ၁၂ နာရီတွင် အကြမ်းဖက် စစ်ကောင်စီ လေတပ်မှ ခလယ်ထာနှင့် တာခဲဒဲကျေးရွာတွင် သုံးကြိမ်နှင့်ဂယ်ယူဒဲကျေးရွာတွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ်တိတိ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း မူတြော်ခရိုင်က ဆိုသည်။

အလားတူ စက်တင်ဘာ ၆ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ လူသောမြို့နယ်၊ လယ်မူပလောနှင့် ခေးပူအုပ်စုအတွင်းရှိရွာနှစ်ရွာဖြစ်သည့် သေသူးခီးနှင့် ကော်ရော်ဘောထာတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးဆန်၊ စက်သေနတ်အကြီးစားဖြင့် လာရောက်ကြဲချ၊ ပစ်ခတ်ခဲ့သည်။

သေသူးခီးရွာအားဗုံးဆံ သုံးလုံးကြဲချကာ အကြီးစားစက်သေနတ် (အော်လီဂန်း)ဖြင့်ပါ ပစ်ခတ်ရာ ၄၅ နှစ်အရွယ် စောရှီးမူးအား ထိမှန်ဒဏ်ရာရရှိသွားကာ အိမ်‌ခြေ လေးလုံးပျက်စီးခဲ့ကြောင်း၊ ကော်ရော်ဘာထာတွင်မူ နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ အိမ်ခြေ ခြောက်လုံးနှင့် ဘုရားကျေင်းတကျောင်း၊ ဝတ်ပြုဆုတောင်းရာနေရာတနေရာနှင့် စာသင်ကျောင်းတကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လေကြောင်းတိုက်ခိုက်မှု
#ကျောင်းဆရာ
#ဆယ်ကျော်သက်
#မူတြော်ခရိုင်
#Hardnews
#Ethnic
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7😢4👍3🔥1