Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဗကသဥက္ကဋ္ဌဟောင်းကိုကျော်ကိုကို၏ဖခင် ဖမ်းဆီးခံရ
==================

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ ဖခင်ကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

ကိုကျော်ကိုကို၏ ဖခင်အသက် ၆၈ နှစ်အရွယ် ဦးကျော်အေးကို ယမန်နေ့စက်တင်ဘာလ ၁၀ရက် နံနက် ၁၀ နာရီကျော်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားခြင်းဟု သိရသည်။
“ပုဒ်မ ၅၀၅(က)နဲ့တပ်ထားတယ်လို့ သိထားတယ်။ နောက်ဆုံးသိရတာတော့ တာမွေရဲစခန်းမှာပဲ”ဟု မိသားစုနှင့်နီးစပ်သူက မဇ္ဈိမအား ယနေ့ မွန်းလွဲ ၂နာရီခန့်က ပြောသည်။

ကိုကျော်ကိုကို၏ဖခင်ကို ဖမ်းဆီးရန် စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦးတယ်လီဂရန်မှ နေရပ်လိပ်စာအတိအကျဖြင့် ဩဂုတ်လ ၃၁ ရက်ည‌နေတွင် ဖော်ပြခဲ့ပြီးနောက် ယခုအခါဖမ်းဆီးသွားခြင်းဟု သိရသည်။

“လူကြီးရောဂါရှိတော့ဆေးတွေ နေ့တိုင်းသောက်ရတယ်။ အခုထိအချိန်ထိ မိသားစုဝင်တွေနဲ့ ပေးမတွေ့သေးဘူး"ဟု မိသားစုနှင့်နီးစပ်သူကပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရန် ကိုကျော်ကိုကိုအား ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပေ။ ကိုကျော်ကိုကိုသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ၂၀၁၂ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး(SDUF) အဖွဲ့တွင် ပါဝင်ပြီး စစ်အာဏာရှင်တော်လှန်ရေးဆောင်ရွက်နေသည်။ ၎င်းအား ရာဇသတ်ကြီးဥပဒေပပုဒ်မ ၅၀၅(က)ဖြင့် အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ ခုနစ်ကတည်းက ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဩဂုတ်လကလည်း ၎င်းတို့ ဖမ်းဝရမ်းထုတ်ထားသည့် ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို ဖမ်းမမိ၍ ကိုမင်းလွင်ဦး၏ဖခင်အသက် ၆၅ နှစ်အရွယ် ဦးအောင်ဖေကို ဖမ်းဆီးကာ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလမှ ယနေ့၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့အထိ တော်လှန်ရေးကြောင့် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄,၇၅၁ ဦးရှိသည့်အနက် ၁၉,၄၅၈ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၇,၃၁၀ဦး ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#ဗကသဥက္ကဋ္ဌဟောင်းကိုကျော်ကိုကို
#ဦးကျော်အေး
#ဖမ်းဆီး

ဗကသ ဥက္ကဌဟောင်း ကိုကျော်ကိုကိုအား လက်ပံတန်းသပိတ်စခန်း၌သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို ၂၀၁၅ခုနှစ် မေလ ၃ရက် ကတွေ့ရစဉ်။ ဓာတ်ပုံ - သက်ကို (မဇ္ဈိမ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬18👍6🔥2
​​တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းမည်ဟု NUG ပြော
===============

KMN

(မဇ္ဈိမ)။  ။အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းမည်ဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောသည်။

အဆိုပါ ကော်မတီကို ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက စက်တင်ဘာလ ၉ ရက်နေ့၊ အွန်လိုင်းကတဆင့် ကျင်းပသည့် NUG မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တွေ့ဆုံအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တရားဥပဒေစိုးမိုးရေး လုပ်ဆောင်တဲ့နေရာမှာ တရားရေးဝန်ကြီးဌာန တဖွဲ့တည်း လုပ်ဆောင်လို့မရပါဘူး၊ အခြားအဖွဲ့အစည်းတွေနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှသာ တော်လှန်ရေး စံချိန်စံညွန်းနဲ့အညီ အောင်ပွဲရရှိနိုင်မယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက အစည်းအဝေးတွင် ပြောသည်။

တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကို အမျိုးသားညီညွတ်ရေးအစိုးရ မြေပြင်တရားရုံးများ၊ မြို့နယ်ဥပဒေရုံးများနှင့် အကျဉ်းဦးစီးဌာနများမှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်းမည့် အချိန်ကာလ၊ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး မဇ္ဈိမက အမျိုးသား ညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

အလားတူ NUG တရားရေးဝန်ကြီးဌာနသည် ကြားကာလတရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီကိုလည်း ဖွဲ့စည်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၃ ဇူလိုင်လကုန်အထိ စစ်ကိုင်တိုင်းရှိ ထိန်းချုပ်နယ်မြေများတွင် တရားရုံး ၂၈ ရုံးဖွင့်လှစ်ပြီး စစ်ဆေးဆောင်ရွက်နေကြောင်း NUG တရားရေးဝန်ကြီးဌာန သတင်းအချက်အလက်နှင့် နည်းပညာဌာန ညွှန်ကြားရေးမှူးက ပြောကြားထားသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ တရားမမှု ၄၂ မှု၊ ရာဇဝတ်မှု ၁၉၄ မှုကို စစ်ဆေးခဲ့ပြီး တရားမမှု ၁၂၃ မှုနှင့် ရာဇဝတ်မှု ၁၇၂ မှုအား စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ဆေးခဲ့သည့် ရာဇဝတ်မူ ၁၉၄ မှုအနက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

တရားစီရင်ပြီးသည့် အကျဉ်းသားများနှင့် တရားစီရင်နေဆဲသူများအား အချုပ်ထောင်/အကျဉ်းထောင်ရှိရာ မြို့နယ်များတွင် ထိန်းသိမ်းထားပြီး အချုပ်ထောင်/အကျဉ်းထောင် မရှိသေးသည့် မြို့နယ်များတွင် သက်ဆိုင်ရာ မြို့နယ် ပအဖ/ပကဖ အဖွဲ့များ၏ အချုပ်ထောင်များတွင် ထိန်းသိမ်းထားကြောင်း NUG တရားရေးဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ 

စာတည်း။  ။ နောင်နောင်
ပုံအညွန်း - အမျိုးသားညီညွတ်ရေးအစိုးရ ၊ကသာမြို့နယ် တရားရုံး (ပုံဟောင်း)
Photo - MOJ/NUG

#NUG
#တရားရုံး
#လုပ်ငန်းကော်မတီဖွဲ့စည်းမည်
#ပေါင်းစပ်ညှိနှိုင်းရေး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🤮3
​​မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ နိုင်/ကျဉ်း ၅၀ ဦးရှိလာပြီး ကိုဝေမိုးနိုင်ပါဝင်လာ၊ မူးလဲသူ၃ဦး ဆေးကုသခွင့်မရ
===============

001

(မဇ္စျိမ)။    ။မုံရွာအကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် ကိုဝေမိုးနိုင်ပါဝင်လာပြီး စုစုပေါင်း ၅၀ ဦးအထိ ရှိလာကြောင်းနှင့် ထိုအထဲမှ သွေးအားနည်းပြီး မူးလဲကျသည့် သုံးဦးကို ထောင်အာဏာပိုင်များက ဆေးကုသခွင့်မပေးကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။

" ကိုဝေမိုးနိုင်ပါဝင်လာပါတယ်။ အရင်က ၁၄ ယောက်ကို သီးခြားခွဲထားတယ်။ ဒါပေမဲ့ အခုလက်ရှိ အယောက် ၅၀ ဖြစ်လာတဲ့အချိန်မှာတော့ သီးခြားခွဲမထားတော့ဘဲနဲ့ အရင်နေနေကျအဆောင်တွေမှာပဲ ပြန်ထားထားတယ်လို့သိရပါတယ်" ဟုမုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ယနေ့ စက်တက်ဘာလ ၁၁ရက်တွင်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ နံနက်က မုံရွာထောင်တွင်းသို့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက ဝင်ရောက်စစ်ဆေးပြီး နိုင်ငံရေးအကျဉ်းသားများ၏အစားအသောက်၊ အဝတ်အစား၊ စာအုပ်နှင့် အသုံးအ​ဆောင်ပစ္စည်းများကို သိမ်းယူသွားရာ 
နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူ ၃၆ ဦးထပ်တိုးပါဝင်လာပြီးယနေ့ ညနေအထိ ၅၀ဦးရှိလာကာ ထိန်းသိမ်းခံထားရသည့် မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်လာခြင်းဟု သိရသည်။

"အယောက်၅၀ ထဲမှာ ဒီနေ့မနက်ခင်းမှာ သုံးယောက်ကတော့ သွေးအားနည်းပြီးတော့ မူးလဲတယ်လို့သိရတယ်။ ဒါပေမဲ့ အဲ့ဒါကို အကျဉ်းထောင်ဘက်က ဆေးကုသခွင့်လုံးဝမပေးဘူးလို့ပြောပါတယ်”ဟု ကိုရှင်းသန့်က ပြောသည်။

ကိုဝေမိုးနိုင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှ အာဏာရှင်ဆန့်ကျင်ရေးသပိတ်များတွင် ဦး‌ဆောင် ပါဝင်ခဲ့သူ ဖြစ်သည်။၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ကိုဝေမိုးနိုင်နှင့်ဆန္ဒပြကျောင်းသားတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့်တိုက်ပြီး ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ထို့နောင် ပုဒ်မ ဆယ်ခုထက်မနည်းဖြင့် တရားစွဲပြီး ထောင်ဒဏ် နှစ် ၅၄နှစ်ချမှတ်ကာ မုံရွာအကျဉ်းထောင်၌ ချုပ်နှောင်ထားသည်။ ယခုအခါ ကိုဝေမိုးနိုင်သည် သီးခြားတိုက်ပိတ်ခံထားရပြီး အသေးစိတ်ကို မသိရသေးကြောင်း ကိုရှင်းသန့်က ‌ဆိုသည်။ 

ယခု အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများက ၎င်းတို့ထံမှ သိမ်းဆည်းသွားသော အကျဉ်းသားပိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ ပြန်ပမှပေးပို့သော ထောင်ဝင်စာပါဆယ်များအား ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုရန်နှင့် အစာငတ်ခံဆန္ဒပြနေသော ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အပြည့်အဝတာဝန်ယူဖြေရှင်းပေးရန် တောင်းဆို​နေကြောင်း သိရသည်။

မူးလဲသွားသည့် နိုင်ငံရေးအကျဉ်းသား သုံးဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုထားသော်လည်း အစာငတ်ခံဆန္ဒပြနေသည့်ကိစ္စမှာ တရားဝင်ခွင့်ပြုထားခြင်းမဟုတ်သည့်အတွက် ဆေးဝါးကုသခွင့်ရမည် မဟုတ်ကြောင်း ထောင်အာဏာပိုင်များက ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အတူရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ သပိတ်အင်အားစုမှ ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ပြည်သူများစုပေါင်းပြီး “သံဖြတ်လွှ” ဓာတ်ပုံကမ်ပိန်းကို ပြုလုပ်ခဲ့ကြသည်။

" နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များအရ လက်ရှိအကျဉ်းထောင်တွင် ဒုတိယအသုတ်အနေဖြင့် နိုင်ငံရေးအကျဉ်းသား ၃၆ ဦးသည်လည်း အစာငတ်ခံဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသား ၁၄ဦးနှင့်အတူ ပူးပေါင်း၍ တောင်းဆိုချက်သုံးချက်ကို ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ည ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
#mizzima
#မုံရွာအကျဉ်းထောင်
#အစာငတ်ခံဆန္ဒပြ
#နိုင်ငံရေးအကျဉ်းသားများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢16👍5❤1🥰1🤬1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၁၁ ရက်ထုတ်လွှင့်မှုများ 
================

https://youtu.be/iUMbQp9TOhI?si=lSMYXxBCskS7laBr

#PVTV 
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2
​​Spellbound
==========

သာမန် မျက်လှည့်ဆရာလေး ဂျူဂိုနဲ့ အရယ်အပြုံးနည်းသလို မိသားစုနဲ့ဝေးရာမှာ တစ်ယောက်တည်းနေပြီး လျှို့ဝှက်တတ်တဲ့ ထူးဆန်းတဲ့မိန်းကလေး ယူရီတို့ မျက်လှည့်ပွဲတစ်ခုမှာ အမှတ်တမဲ့ ဆုံဆည်းမိရာက လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာကြတယ်..

 ယူရီရဲ့ အကူအညီနဲ့ ဂျူဂိုကလည်း အောင်မြင်တဲ့မျက်လှည့်ဆရာဖြစ်လာခဲ့တယ်.. 

နှစ်ပေါက်အောင်အလုပ်တွဲလုပ်ခဲ့ကြပေမယ့် အရမ်းကိုလျှို့ဝှက်ပြီး အဖွဲ့သားတွေနဲ့ ရောရောနှောနှောမနေတတ်တဲ့ ယူရီက်ို မရရအောင် အပြင်ခေါ်ထုတ်ပြီး အဖွဲ့နဲ့အတူ ထွက်သောက်ကြပြီး အရမ်းမူးသွားတဲ့ယူရီဟာ ဂျူဂို့ကို မှိုချိုးမျှစ်ချိုးပြောခဲ့သလို ထူးဆန်းတဲ့စကားတွေကိုလည်း ပြောခဲ့တယ်.. 

နောက်တစ်ရက်မှာ​တော့ ဂျူဂိုတစ်ယောက် ယူရီ့အိမ်ကိုလိုက်သွားခဲ့ရာက....

တစ်ယောက်တည်းနေတတ်ပြီး လျှို့ဝှက်တတ်တဲ့ ယူရီရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ...

ဂျူဂိုကရော ယူရီ့အကြောင်းကို ဘယ်လိုသိသွားမလဲ....

အချစ်ဟာသ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဂျူဂိုအဖြစ် လီမင်ကိနဲ့ ယူရီအဖြစ် ဆိုယီဂျင်းတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်...

Mizzima + တွင် ပြသနေသည့် အချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

ပြသမည့်ရက်။ ။ 11.9.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
#koreadrama #kmovie #asiamovie
👍16🔥2
စက်တင်ဘာလ (၁၂) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
============

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများရဲ့ပိတ်ဆို့မှုခံထားရပေမယ့် မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံထုတ် Su-30 အမျိုးအစား ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်နှစ်စင်းကို လက်ခံရရှိထားတယ်လို့ စစ်ကောင်စီ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောဆိုလိုက်တဲ့သတင်း နဲ့အတူ မိုးနှောင်းကာလဖြစ်တဲ့ လက်ရှိ စက်တင်ဘာလမှာ မုတ်သုံလေဆုတ်ခွာတဲ့ဖြစ်စဥ်ကြောင့် မိုးရွာသွန်းမှုအတွင်း ဒုတိယရေကြီးကာလကြုံတွေ့နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိသလို အပတ်စဉ်ကဏ္ဏအနေနဲ့ “ Mizzima Editorial Talk” အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပါတယ်။ 

https://youtu.be/olg2YH4B8jE?si=rrsjZPqniYDVAACm

#Mizzimaradio 
#Morningradio 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

9/11 တိုက်ခိုက်မှု နှစ်ပတ်လည် ဆက်သွယ်မေးမြန်းခန်း၊ အာဖရိကတိုက် ဥတုရာသီဆိုင်ရာ ညီလာခံ ကင်ညာနိုင်ငံမှာ ကျင်းပ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/if77V60pJq4?si=tNzk439g4q21veOy

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1👏1
​​Battleship Island
=============

ဒီကားကိုတော့ ၂၀၁၇မှာရိုက်ကူးခဲ့တာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ခဲ့ပါတယ်

ဒီကားဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကိုလိုနီခေတ် ကျောက်မီးသွေးတွင်းတွေမှာ မတရားခိုင်းစေခံခဲ့ရတဲ့ ကိုးရီးယားလုပ်သားတွေအကြောင်းကိုအခြေခံပြီးရိုက်ကူးထားတာပါ။
ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ပုံဖော်နိုင်စွမ်းကောင်းတဲ့အတွက် ကြည့်ရင်းနဲ့ ကိုယ်ပါမွန်းကျပ်လာသလိုခံစားလာရတဲ့အထိ ပရိသတ်ကိုဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်

ရုပ်ရှင်ကြည့်ရင်းအပန်းဖြေရာရောက်တဲ့အပြင် သမိုင်းကိုပါလေ့လာနိုင်တဲ့ကားကောင်းလေးဖြစ်တာမို့ အားလုံးပဲကြည့်ရှုခံစားလိုက်ပါဦး...

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် -
https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၂.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍6🔥1
9/11 တိုက်ခိုက်မှု နှစ်ပတ်လည် ဆက်သွယ်မေးမြန်းခန်း | VOA On Mizzima
=====================

အကြမ်းဖက်တိုက်ခိုက်မှုတိုင်းကို ဆန့်ကျင်ရှုတ်ချသလို လူမျိုးရေးမုန်းတီးမှု အခြေခံတဲ့ တိုက်ခိုက်မှုတွေကိုလည်း လက်သင့်မခံကြောင်း ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုကို ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။ နယူးယောက်မြို့က အမြွှာညီနောင် မိုးမျှော်တိုက် ပြိုကျရာမှာ ပြန်လည်ဆောက်လုပ်ထားတဲ့ 9/11 အထမ်းအမှတ် ပလာဇာအပြင် တိုက်ခိုက်ခံရတဲ့ ပန်တဂွန်စစ်ဌာနချုပ်နဲ့ တခြားနေရာတွေမှာလည်း ၂၂ နှစ်မြောက် 9/11 တိုက်ခိုက်မှုနှစ်ပတ်လည်နေ့ ကျင်းပမှာပါ။ နယူးယောက်မြို့က ကိုရွှေကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

https://youtu.be/rX5n-9RthY0?si=zyG6ALyT3Puwfvm-

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1
ဒရုန်းပစ် လက်နက်တွေ လိုအပ်နေတယ်လို့ တမူး PDF ပြော
===================

ပါခွီး (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်က ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဘက်က ထိခိုက်မှုရှိနေတဲ့အတွက် ဒရုန်းပစ်လက်နက်တွေ လိုအပ်နေတယ်လို့ တမူးခရိုင် PDF တပ်ရင်း (၁) က မဇ္ဈိမကို ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လကနေစပြီး လက်ရှိအချိန်ထိ ကြိုးကြားတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းအပြင် ရင်ဆိုင်တိုက်ပွဲတွေ အပြီးမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတာပါ။

စက်တင်ဘာလ ၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဘက်က ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာချုပ် ဒကစက အင်အား ၂၀၀ကျော်နှင့် ပျူစောထီးတွေ ပူးပေါင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်နေပါတယ်။

သတင်း - ပါခွီး
တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/odTCaWDNVAw?si=mDE6tURIJurZQ2fn

#ဒရုန်းပစ်လက်နက်လို
#တမူးPDF
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍20🔥1
ဒေါ်လာနဲ့ရွှေဈေးကို စစ်ကောင်စီ ဘယ်လိုထိန်းမလဲ
=================

နိုင်ငံခြားငွေကြေး အဓိကလည်ပတ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့ စီးပွားရေးပိတ်ဆို့ခံရပြီးနောက် အဆမတန်ထပ်တက်လာတဲ့ ဒေါ်လာနဲ့ ရွှေဈေးနှုန်းဟာ ပြန်ကျမဲ့အရိပ်အယောင်မတွေ့ရသေးပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ဒေါ်လာနဲ့ ရွှေဈေး ကမောက် ကမဖြစ်နေတာဟာ ဝိသမလောဘသမားတွေကြောင့်ဆိုပြီး ခေါင်းရှောင်ထားခဲ့ပါတယ်။

https://youtu.be/mwHs2PbY9JY?si=THr-T7cnVUyWYkIq

#politics
#newsfeature
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
အာဖရိကတိုက် ဥတုရာသီဆိုင်ရာ ညီလာခံ ကင်ညာနိုင်ငံမှာ ကျင်းပ | VOA On Mizzima
========================

အာဖရိကတိုက်နေပြည်သူတွေဟာ ချမ်းသာကြွယ်ဝတဲ့တိုင်းပြည်တွေရဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် အသုံးချခံရသူတွေ မဖြစ်ရအောင် မူဘောင်တွေချမှတ်နိုင်ဖို့ အာဖရိက တိုက်၊ ကင်ညာနိုင်ငံမှာကျင်းပတဲ့ ဥတုညီလာခံမှာ ကြိုးပမ်းခဲ့ကြပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံး ထုတ်လွှတ်နေတဲ့ အမေရိကန်နဲ့ တရုတ်တို့လို နိုင်ငံတွေကလည်း အာဖရိက စီးပွါးရေးနဲ့ ပြန်ပြည့်မြဲစွမ်းအင်ထုတ်ယူရေးမှာ နည်းပညာပိုင်းအရရော ငွေကြေးအရပါ ကူညီသွားဖို့ ကတိပြုခဲ့ကြတာပါ။ နန်းလောင်ဝ်က တင်ပြထားပါတယ်။

https://youtu.be/eftzDa-BYIY?si=A8aaKSZ9vyBkrbll

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
​​ကုလသမဂ္ဂ တရားရုံးရှိ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု အမှု၌ ပြင်သစ်က ကြားဝင်ဆောင်ရွက်မည် 
========================

နိုင်ငံတကာ တရားရုံးတွင် တင်ထားသော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အမှု၌ ပြင်သစ်က ကြားဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း အလည်အပတ်ရောက်ရှိသော သမ္မတ အမ်မန်နျူရယ် မက်ခရွန်က ဒါကာတွင် တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာနှင့် တွေ့ဆုံအပြီး ပူးတွဲထုတ်ပြန်ချက်၌ ကြေညာသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1👏1😁1
​​နာမကျန်းသည့် စီးပွားရေး’ ကို အားချင်းကိုင်တွယ်မည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု 
========================

ထိုင်းနိုင်ငံ၏ ကပ်ဘေးနှောင်းပိုင်း စီးပွားရေးပြဿနာများ သက်သာလျော့ပါးရေးအတွက် အသုံးစရိတ် စေ့ဆော်ရန် ငွေကြေးစီးဆင်းစေခြင်းနှင့် မြင့်တက်နေသော စွမ်းအင်ကုန်ကျစရိတ်များကို ကိုင်တွယ်ဖြေရှင်းရေးတို့ အပါအဝင် အလျင်အမြန် အရေးယူဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်သစ် ဆရတ်သာ သာဗီဆင်းက ကတိပြုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2👏1
​​မြန်မာတွင် စစ်ရာဇဝတ်မှုများ အရှိန်ပြင်းထန်လာဟု ကုလ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများ ပြော
=======================

အရှိန်မြင့် ပြင်းထန်လာသည့် အကြမ်းဖက်မှုတို့အကြား မြန်မာပြည်သူများသည် အာဏာသိမ်းစစ်တပ် ကျူးလွန်သော ကြောက်မက်ဖွယ် ပြစ်မှုများ၏ သက်ရောက်မှုများကို အလွန်အမင်း ဆက်လက် ခံစားနေရသည်ဟု ကုလသမဂ္ဂ ခန့်အပ်ထားသည့် လွတ်လပ်သော လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက စက်တင်ဘာ ၁၁ ရက်တွင် လူ့အခွင့်အရေးကောင်စီကို ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3
​​ချေးငွေလုပ်ငန်းအမည်ဖြင့် ငွေကြေးလိမ်လည်နေသည့် မြစိမ်းရောင်ချေးငွေလုပ်ငန်း လူမှုကွန်ရက် စာမျက်နှာများ
===================

ZZ
(မဇ္ဈိမ)။ ။ မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီ အစဉ်သို့ သတင်းတုစစ်ဆေးရန် လာရောက်ပေးပို့သည့်အထဲတွင် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော ချေးငွေလုပ်ငန်း၊ ငွေအတုအရောင်းအဝယ်၊ ဆိုင်ကယ်အရောင်းအဝယ် စသည့်ဖြင့် အင်တာနက်အသုံးပြု သူများထံမှ ပုံစံအမျိုးမျိုးဖြင့် လိမ်လည်နေသည့် အကြောင်းဖြစ်သည်။
ယခုဆောင်းပါးတွင် လာရောက်မေးမြန်းမှုများအနက်မှတခုဖြစ်သည့် မြစိမ်းရောင်ငွေချေးလုပ်ငန်း လူမှု ကွန်ရက်စာမျက်နှာအကြောင်းကို ဖော်ပြသွားမည် ဖြစ်သည်။

မဇ္ဈိမသို့ ပေးပို့မေးမြန်းထားသည့် လူမှုကွန်ရက်စာမျက်နှာမှာ “မြစိမ်းရောင် ချေးငွေလုပ်ငန်း (ချေးငွေထုပ် ပေးသည့်ရုံ)” ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌စတင်အသုံးပြုခဲ့ပြီး “မြစိမ်းရောင် ချေးငွေလုပ်ငန်း” အမည်မတိုင်မီ လေးကြိမ်အမည်ပြောင်းလဲထားကာ စီမံခန့်ခွဲသူ(Adimn) ၁၁ ဦီးရှိပြီး အားလုံးမှာ မြန်မာ နိုင်ငံအတွင်းမှဖြစ်သည်။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာမှာ ကြိုက်နှစ်သက်သူ ၁၀,၀၀၀ နှင့် စောင့်ကြည့်နေသူ ၁၃,၀၀၀ အထိ ရှိနေသည်။ ၎င်းတို့အကြောင်းဖော်ပြသည့်နေရာတွင် “စီးပွားဖြင့် ဘဝမြင့်တင်ပါ ယုံကြည်စိတ်ချဆုံး . မြစိမ်းရောင်.. ချေငွေလုပ်ငန်း. ” ဟု ရေးသားထားသည်။
ယင်းစာမျက်နှာတွင် ၎င်းတို့ပိုက်ဆံလာရောက်ချေးသူများဆိုပြီး ဘယ်နေ့တွင် ဘယ်သူ့ကိုတော့ ပိုက်ဆံ ဘယ်လောက် ပမာဏထုတ်ပေးလိုက်ပြီဟုရေးသားကာ လူအများ၏ အလှဓာတ်ပုံတစ်ပုံ၊ ၎င်းတို့၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတို့အား တပါတည်းဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါစာမျက်နှာ၌ ဖော်ပြထားသည့်ဖုန်းနံပါတ်အားဆက်သွယ်ကြည့်ခဲ့ရာတွင် ငွေချေးသူ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းအပြင် အာမခံပေးမည့်သူ၏ မှတ်ပုံတင်လိုအပ်ပြီး ဝန်ဆောင်ခအနေဖြင့် အပြီးအစီး ၄၅,၀၀၀ ကျပ် ပေးရမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုသည်။

ယခု ဆောင်းပါးရေးသားနေစဉ် ၎င်းတို့နောက်ဆုံးဖော်ပြထားသည့်ပိုစ့်၌ “ ချေးငွေထုပ်သူကိုသီဟဇင်. ပုသိမ်းမြို့မှချေးငွေအား မထုပ်ကြောင်းအတုအလင်ကြော်ညှာပါတယ်” (မူရင်းအရေးအသားအတိုင်း)ဟု ဖော်ပြထားသည်။ စာအရေးအသား၊ အဖြတ်အတောက်၊ စာလုံးပေါင်းများလည်း မှားယွင်းနေသလို မည် သည့်အကြောင်းကြောင့် ထိုသို့ကြေညာသည်ကိုလည်း မဖော်ပြပေ။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီလက်အောက်ခံမီဒီယာဖြစ်သည့် MRTV မှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအကြောင်းဖော်ပြထားသည့် ရုပ်သံဖိုင်ပေါ်တွင် ၎င်းတို့၏ဖုန်းနံပါတ်ကို ထည့်သွင်းဖော် ပြထားသည်။ အခြား မြစိမ်းရောင်ချေးငွေလုပ်ငန်း စာမျက်နှာလေးခုနှင့် “SME ချေးငွေလုပ်ငန်း” တို့တွင် လည်း ဆက်သွယ်ရန်အတွက် ထိုဖုန်းနံပါတ်ကိုပင် ဖော်ပြသည်။

မဆိုင်းဂျာအမည်ဖြင့် ၎င်းတို့ငွေထုတ်ချေးထားသည်ဟု ကာယကံရှင်၏ပုံနှင့်အတူ အချက်အလက်များ ဖော်ပြထားသေးသည်။ ထိုအမည်ဖြင့်ပင် ၂၀၂၃ ခုနှစ်အတွင်း ငွေထုတ်ချေးထားကြောင်း ဖော်ပြခံရမှု ၁၀ ခုထက် မနည်းရှိနေသည်။ “SME Online ချေးငွေလုပ်ငန်း” ၊ “မြစိမ်းရောင် အွန်းလိုင်းချေးငွေ” ၊ “မြစိမ်း ရောင် ချေးငွေလုပ်ငန်း” ၊ “SME ချေးငွေလုပ်ငန်း” ၊ “ဆောနစ်စတား ချေးငွေလုပ်ငန်း” ၊ “SME တရားဝင် လိုင်စင်ရ Online ချေးငွေလုပ်ငန်း” ၊ “ SME.online ချေးငွေလုပ်ငန်း” စသည့် စာမျက်နှာများ၌ ဖော်ပြ ထားခြင်းဖြစ်သည်။ ထိုဖော်ပြမှုများတွင် ရက်စွဲနှင့် ငွေပမာဏမှလွဲ၍ စာအရေးအသားနှင့် ကာတွန်းပုံ (emoji) များမှာလည်း အတူတူပင်ဖြစ်သည်။

အလားတူပင် မသိမ့်သိမ့်သူအမည်ဖြင့် မှတ်ပုံတင်နှင့်တကွဖော်ပြမှု အခု ၂၀ ကျော်ရှိနေသည်။ အခြား အမည်များဖြစ်သော မငုဝါဝါထွန်း၊ မအိအိဝင်း၊ မစိုးမြတ်သူဇာ၊ မဖြူဖြူသက် စသည်ဖြင့် ငွေထုတ်ချေး ထားသည်ဟုဆိုကာ ဖော်ပြမှုများစွာရှိနေသည်။
လူတဦးတည်း၏ပုံဖြင့် ပေ့ချ်များစွာမှ ငွေထုတ်ချေးထားကြောင်း အကြိမ်ကြိမ်ဖော်ပြထားခြင်းဖြစ်သည်။ ထိုသို့ဖော်ပြမှုတွင် အများစုသည် အမျိုးသမီးများဖြစ်ပြီး အမျိုးသားများကိုမူ ရံဖန်ရံခါမှ တွေ့ရသည်။

မဇ္ဈိမသို့ သတင်းပေးပို့လာရာတွင် “မြစိမ်းရောင်ငွေချေးလုပ်ငန်းမှ စာရွက်စာတမ်းဖိုး ၄၇၅၀၀/ နောက် ဘဏ်လွှဲရန် ကိုယ်စားလှယ်ခ ၁၅၀,၀၀၀ ၊ (kpay ထဲလွှဲရန်ပြောတော့ ၁၀၀,၀၀၀) နောက်တော့ wave account သို့လွှဲပြီးမှ (မူလရပြီ လွှဲလိုက်မည်‌ပြောပြီးမှ ၁၀၀,၀၀၀ လက်ခံရပြီးမှ)ထပ်ပြီး ရှေ့နေခ ၄၀၀,၀၀၀ အဆင့်ဆင့်တောင်းပါတယ်။ မယုံတော့ပါ။ ရုံးခန်းလာပေးမယ်ပြောတော့ မြဝတီမှာတဲ့” ဟု ငွေလိမ်ခံခဲ့ရမှုကို ပြောပြထားသည်။

မဇ္ဈိမက ထိုကဲ့သို့ ငွေလိမ်သည့် လူမှုကွန်ရက်စာမျက်နှာများအကြောင်း အစဉ်တစိုက် ဖော်ပြခဲ့ပြီးဖြစ် သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် “အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်သူများအကြောင်း တစေ့ တစောင်း” ဟု ငွေလိမ်လည်မှုများအကြောင်းကို ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ယခု ၂၀၂၃ ခုနှစ် ဩဂုတ်လ အထိလည်း ထိုသို့ ငွေလိမ်နေသည့် စာမျက်နှာများ ရှိနေဆဲပင်။
👍9❤1🔥1😁1