This media is not supported in your browser
VIEW IN TELEGRAM
ဗီယက်နမ်မှာ အမေရိကန်နည်းပညာကုမ္ပဏီတွေ ရင်းနှီးမြှပ်နှံဖို့ ဘိုင်ဒင်ဦးဆောင်ဆွေးနွေး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍10🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပူတင်နဲ့ တွေ့ဆုံဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားသို့ သွားရောက်
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Putin #Russia

🤮5❤4
ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ လက်မှတ်ရေးထိုးသွားမယ်လို့ဆို
=========================
https://youtu.be/_zdLNWP85nA?si=OOIJ_dLNSugV00N0

YouTube
ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ လက်မှတ်ရေးထိုးသွားမယ်လို့ဆို
မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ သဘောတူလက်မှတ်ရေးထိုးသွားမယ်လို့ဆို
မြန်မာနဲ့ ရုရှားနိုင်ငံအကြား ရေနံရောင်းဝယ်ရေးကိစ္စတွေမှာ မြန်မာကျပ်ငွေ၊ ရုရှားရူဘယ်ငွေတို့နဲ့ တိုက်ရိုက်ပေးချေနိုင်အောင် မကြာခင် နှ…

😁10❤4👍1
စစ်ရာဇဝတ်မှုများပိုမိုကျူးလွန်လာနေတဲ့မြန်မာစစ်တပ်ကို ပူးပေါင်းဖော်ထုတ်ကြဖို့ နိုင်ငံတကာကိုတိုက်တွန်း
===================
မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို အောင်အောင်မြင်မြင်စုဆောင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ရီတာ ဖရန့်ချ် (Rita French ) က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု အကြိမ်ရေနဲ့ပြင်းထန်မှုတွေ ပိုမြင့်တက်လာနေတာကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM ရဲ့ ငါးကြိမ်မြောက်နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးအတွင်း IIMMရဲ့ အစီရင်ခံစာကို အကြီးအကဲ Nicholas Koumjian ကိုယ်တိုင် စက်တင်ဘာ ၁၁ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်တာ၊ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတဲ့ မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေကို IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ထင်ထင်ရှားရှားမြင်ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်းထန်တဲ့လေကြောင်းဗုံးကြဲမှုတွေနဲ့ အရပ်သားတွေပါမရှောင် ပစ်ခတ်မှုတွေ ပိုတွေ့လာရပြီး ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။
ဖမ်းဆီးမိတဲ့တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေကို ကွပ်မျက်သတ်ဖြတ်တာ၊ နေအိမ်နဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှိုာတာတွေ ပိုတိုးလာပါတယ်။
တရားဥပဒေမဲ့ဖမ်းဆီးမှုတွေလည်း တိုးလာပြီး အကျဉ်းသားတွေကို ညှင်းပမ်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာနဲ့ အခြားဆိုးဆိုးဝါးဝါးကျူးလွန်မှုတွေလုပ်တဲ့ ခိုင်မာတဲ့အထောက်အထားတွေ စုဆောင်းရရှိထားပါတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကျူးလွန်သူတွေ ပြစ်ဒဏ်က ကင်းလွတ်နေမှုကို အဆုံးသတ်ဖို့အတွက် တာဝန်ခံမှုသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့လည်း ဗြိတိန်လူ့အခွင့်အရေးသံတမန် မစ္စ ရီတာ ဖရန့်ချ်က ပြောသွားပါတယ်။
IIMM ကို မူလအားဖြင့် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ပတ်သက်လို့ အချက်အလက်စုဆောင်းဖို့ ဖွဲ့စည်းခဲ့တာပါ။
ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကိုပါ အချက်အလက်စုဆောင်းခဲ့ပါတယ်။
မြန်မာစစ်ကောင်စီကတော့ IIMM ဖွဲ့စည်းမှုကို လက်မခံသလို IIMM အနေနဲ့ မြန်မာနိုင်ငံတွင်းဝင်ရောက်ခွင့်ပေးဖို့နဲ့ အချက်အလက်တွေမျှဝေဖို့ တောင်းဆိုမှုတွေကိုလည်း လစ်လျူပြုခဲ့တယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။
အခု ရရှိတဲ့အထောက်အထားတွေဟာ သိမ်းဆည်းထားဖို့သက်သက်မဟုတ်ဘဲ တရားရုံး၊ ခုံရုံးတွေမှာပါ အသုံးပြုဖို့ ရည်ရွယ်ထားတာလို့လည်း ပြောပါတယ်။
လက်ရှိအားဖြင့် ရိုဟင်ဂျာအမှုတွေကို စစ်နေတဲ့ ICJ နိုင်ငံတကာတရားရုံး၊ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ အာဂျင်တီးနားတရားရုံးတွေကို အချက်အလက်တွေ မျှဝေထားတယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့တော့ IIMM ကို ပေါင်စတာလင် ငါးသိန်း ပံ့ပိုးထားပြီးဖြစ်ကြောင်းနဲ့ Myanmar Witness Programme ကို တည်ထောင်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM ရဲ့ လုပ်ငန်းတွေ အောင်မြင်အောင် ဝိုင်းဝန်းကူညီဖို့လည်း ဗြိတိန်နိုင်ငံက တိုက်တွန်းထားပါတယ်။
https://youtu.be/R0WZQvbLEwc?si=4009171Z3RU-U897
#politicalnews
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ပြီ…
ပြီ…
👍10😁2🍌1
This media is not supported in your browser
VIEW IN TELEGRAM
သမိုင်းဝင်စီးပွားရေးစင်္ကြံထူထောင်နိုင်ခဲ့တဲ့အတွက် ဆော်ဒီနဲ့ဆက်ဆံရေးကို မိုဒီချီးကျူး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4🔥1
ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ် ရပ်တည်
=========================
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ်တပ်ကို တရားစွဲဆိုထားမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ်နိုင်ငံက ပါဝင်ရပ်တည်မှာဖြစ်ကြောင်း ပြင်သစ် သမ္မတ အီမင်န်နျူရယ် မက်ခရွန် (Emmanuel Macron) က ကြေညာလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ပြင်သစ်သမ္မတ Emmanuel Macron က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaနဲ့ တွေ့ဆုံအပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာရဲ့ အားထုတ်မှုတွေကို ထောက်ခံတဲ့အနေနဲ့ နိုင်ငံတကာတရားရုံးရောက် ဂမ်ဘီယာနဲ့ မြန်မာ နိုင်ငံအမှုမှာ အခြားမိတ်ဖက်နိုင်ငံတွေနဲ့အတူ ပြင်သစ်ကလည်း ဝင်ရောက် ဆောင်ရွက်မယ်လို့ ကြေညာလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။
အခြေအနေကိုဆက်လက်ထိန်းထားပြီး ရိုဟင်ဂျာတွေနေရပ်ပြန်ရေးကိစ္စက နိုင်ငံတကာလုပ်ငန်းစဉ်တွေမှာ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက် ပါဝင်နေအောင်လုပ်ဖို့လည်း နှစ်နိုင်ငံလုံးက ကတိကဝတ်ပြုလိုက်ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာတရားရုံးက အမှုကို ကြားနာစစ်ဆေးလျက်ရှိနေပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင် သန်းချီကို ရွှေ့ပြောင်းစေခဲ့ပြီး အကြမ်းဖက်သတ်ဖြတ်မှုများကို ၂၀၁၇ ခုနှစ် သြဂုတ်လက ရက်စက်ကြမ်းကြုတ်စွာ ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။
ဆက်လက်ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမျိုးသုဉ်းသုတ်သင်မှုတွေကို ကုလသမဂ္ဂက ရှုတ်ချရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မိတ်ဖက်များနဲ့အတူ ပြင်သစ်နိုင်ငံမှ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြင်သစ်သမ္မတက ပြောကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ လှုပ်ရှားမှုများအတွက် ယူရို ၁ သန်း (ဒေါ်လာ ၁.၀၇ သန်း) လှူဒါန်းကြောင်း ပြင်သစ်က ကြေညာထားပါတယ်။
ပြင်သစ်သမ္မတက မြန်မာစစ်တပ်အနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်ကြောင်း ၂၀၁၇ ခုနှစ်တွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
မိမိသဘောအလျောက်၊ လုံခြုံစိတ်ချ၊ ဂုဏ်သိက္ခာရှိရှိနဲ့ တာရှည်တည်တံ့တဲ့ အိမ်အပြန်ခရီးဖြစ်အောင် မြန်မာနိုင်ငံအတွင်း အခြေအနေတွေဖန်တီးဖို့လိုအပ်တာကိုလည်း နှစ်နိုင်ငံလုံးက ထပ်မံ ပြောလိုက်ကြပါတယ်။
ပြင်သစ်သမ္မတဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ရက်ကြာခရီးရောက်နေခဲ့တဲ့ ဒီခရီးဟာ ပြီးခဲ့တဲ့ ၃၃ နှစ်အတွင်း ပြင်သစ်သမ္မတ တယောက်ရဲ့ ပထမဆုံးဘင်္ဂလားဒေ့ရှ်ခရီးလည်း ဖြစ်ပါတယ်။
https://youtu.be/VqM8I-OVuhc?si=FJXHIG3gWmglIr7o
#politicalnews
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ်တပ်ကို တရားစွဲဆိုထားမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ်နိုင်ငံက ပါဝင်ရပ်တည်မှာဖြစ်ကြောင်း ပြင်သစ် သမ္မတ အီမင်န်နျူရယ် မက်ခရွန် (Emmanuel Macron) က ကြေညာလိုက်ပါတယ်။…
👍13❤1🤮1
This media is not supported in your browser
VIEW IN TELEGRAM
ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ တရုတ်နိုင်ငံကို ကမ္ဘောဒီးယားဝန်ကြီးချုပ် သွားရောက်
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #China #Cambodia

❤3👍2😁1🤔1
စက်တင်ဘာလ (၁၂)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================
01:04 − ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ် ရပ်တည်လိုက်တဲ့သတင်း
03:31 − မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ နိုင်/ကျဉ်း အယောက် ၅၀ ရှိလာပြီး ကိုဝေမိုးနိုင်ပါဝင်လာကာ မူးလဲသူ၃ဦး ဆေးကုသခွင့်မရတဲ့သတင်း
05:12 − တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းမယ်လို့ NUG ပြောတဲ့သတင်း နဲ့
07:14 − ခင်ဦးမှာ စစ်ကောင်စီက ၂နှစ်ကျော်အတွင်း နေအိမ် ၆,၀၀၀ကျော်မီးရှို့ ဖျက်ဆီး တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/Mp28sMRak2M?si=e0-bZzGbzAr--dix
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=========================
01:04 − ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ် ရပ်တည်လိုက်တဲ့သတင်း
03:31 − မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ နိုင်/ကျဉ်း အယောက် ၅၀ ရှိလာပြီး ကိုဝေမိုးနိုင်ပါဝင်လာကာ မူးလဲသူ၃ဦး ဆေးကုသခွင့်မရတဲ့သတင်း
05:12 − တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းမယ်လို့ NUG ပြောတဲ့သတင်း နဲ့
07:14 − ခင်ဦးမှာ စစ်ကောင်စီက ၂နှစ်ကျော်အတွင်း နေအိမ် ၆,၀၀၀ကျော်မီးရှို့ ဖျက်ဆီး တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/Mp28sMRak2M?si=e0-bZzGbzAr--dix
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၁၂)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:04 − ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ် ရပ်တည်လိုက်တဲ့သတင်း
03:31 − မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ နိုင်/ကျဉ်း အယောက် ၅၀ ရှိလာပြီး ကိုဝေမိုးနိုင်ပါဝင်လာကာ မူးလဲသူ၃ဦး ဆေးကုသခွင့်မရတဲ့သတင်း
05:12 − တရားဥပဒေ …

👍10🍌1
12.9.2023 (Tuesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================
Highlight
အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
ရင်ခုန်သံထပ်တူ (ညနေ- ၇ နာရီ)
Korea Movie - The Battleship Island ( ည- ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

👍4🤮1
Media is too big
VIEW IN TELEGRAM
စစ်ရာဇဝတ်မှုများပိုမိုကျူးလွန်လာနေတဲ့မြန်မာစစ်တပ်ကို ပူးပေါင်းဖော်ထုတ်ကြဖို့ နိုင်ငံတကာကိုတိုက်တွန်း
Watch more detail - https://youtu.be/R0WZQvbLEwc
#reels
#shorts
#politicalnews
Watch more detail - https://youtu.be/R0WZQvbLEwc
#reels
#shorts
#politicalnews
👍7🤮2
လူတွေပြောင်း၊ မူတွေပြောင်းပြီး စစ်ကောင်စီ ဘယ်ကိုခြေလှမ်းနေသလဲ
=======================
ကာ/လုံမှာ အာဏာသိမ်းသက်တမ်း လေးကြိမ်မြောက်ထပ်တိုးပြီးနောက် စစ်ခေါင်းဆောင်ဟာ သူယုံကြည်ရမယ်လို့ ထင်တဲ့သူတွေနဲ့ စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သလို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အတော်များများကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာတွေ့ရပါတယ်။ နောက်ပြီး စစ်ကောင်စီဟာ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည် ချက် ၁၂ ရပ်ထဲက မူဝါဒတချို့ကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အရင်က ရှေ့လုပ် ငန်းစဉ်ငါးရပ်ထဲက နံပါတ် ငါး နေရာရှိနေတဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုတာကို ဦးစားပေးနံပါတ်(၁)အဖြစ်ပြောင်း လဲခဲ့သလို ဦးတည်ချက် ၁၂ ရပ်ကလည်း ကိုးရပ်ပဲရှိတော့တာ တွေ့ရပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

💩4🔥2🤮2👎1
Media is too big
VIEW IN TELEGRAM
ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ လက်မှတ်ရေးထိုးသွားမယ်လို့ဆို
Watch more detail - https://youtu.be/_zdLNWP85nA
#reels
#shorts
#politicalnews
Watch more detail - https://youtu.be/_zdLNWP85nA
#reels
#shorts
#politicalnews
👍5😁2❤1
သုံးဆယ်မြို့တွင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
==================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၌ အမျိုးသမီးအုပ်ချုပ်ရေးမှူးတဦး ယမန်နေ့ စက်တင် ဘာလ ၁၁ ရက် ညနေ ၆ နာရီကျော်တွင် သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။
ပစ်သတ်ခံရသူမှာ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်ဖြစ်ပြီး စစ်ကောင်စီ တပ် ခြေမြန်တပ်ရင်း ခလရ(၃၅) စစ်တပ်ဘေးရှိ တပ်ရှောင်လမ်းပေါ်တွင်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူမှ မဇ္ဈိမကို ပြောသည်။
၎င်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပစ်သတ်ခံခဲ့ရသော စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၏နေရာတွင် အစားဝင်ရောက်လာသူ ဖြစ်သည်။
“စစ်တပ်နဲ့ ပေ ၇၀ အကွာ စစ်တပ်ပတ်လမ်းမှာ ပစ်ခတ်ခဲ့တာပါ” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့ တာဝန်ရှိ သူက ပြောသည်။
ဒေါ်သိမ့်သိမ့်လွင်သည် ၂၀၂၀ ရွေးကောက်ပွဲကာလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ရပ်ကွက်အောင်နိုင်ရေး ခေါင်းဆောင်၊ မဲရုံကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
“သူက စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို ထောက်ခံသူဖြစ်တယ်” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူ က ပြောသည်။
သာယာဝတီဂဠုန်တပ်ဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်အောင် ထောက်ပံ့ကူညီနေသူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#သုံးဆယ်မြို့
#စံရွေးတန်း
#အုပ်ချုပ်ရေးမှူး
#Mizzima
ဓာတ်ပုံ- ပစ်သတ်ခံရသော အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၌ အမျိုးသမီးအုပ်ချုပ်ရေးမှူးတဦး ယမန်နေ့ စက်တင် ဘာလ ၁၁ ရက် ညနေ ၆ နာရီကျော်တွင် သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။
ပစ်သတ်ခံရသူမှာ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်ဖြစ်ပြီး စစ်ကောင်စီ တပ် ခြေမြန်တပ်ရင်း ခလရ(၃၅) စစ်တပ်ဘေးရှိ တပ်ရှောင်လမ်းပေါ်တွင်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူမှ မဇ္ဈိမကို ပြောသည်။
၎င်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပစ်သတ်ခံခဲ့ရသော စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၏နေရာတွင် အစားဝင်ရောက်လာသူ ဖြစ်သည်။
“စစ်တပ်နဲ့ ပေ ၇၀ အကွာ စစ်တပ်ပတ်လမ်းမှာ ပစ်ခတ်ခဲ့တာပါ” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့ တာဝန်ရှိ သူက ပြောသည်။
ဒေါ်သိမ့်သိမ့်လွင်သည် ၂၀၂၀ ရွေးကောက်ပွဲကာလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ရပ်ကွက်အောင်နိုင်ရေး ခေါင်းဆောင်၊ မဲရုံကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
“သူက စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို ထောက်ခံသူဖြစ်တယ်” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူ က ပြောသည်။
သာယာဝတီဂဠုန်တပ်ဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်အောင် ထောက်ပံ့ကူညီနေသူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#သုံးဆယ်မြို့
#စံရွေးတန်း
#အုပ်ချုပ်ရေးမှူး
#Mizzima
ဓာတ်ပုံ- ပစ်သတ်ခံရသော အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤4🔥1🥰1😢1
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်ကို ဟန့်တားတိုက်ခိုက်စဉ် ကာကွယ်ရေးရဲဘော် ၁ဦးကျဆုံး၊ ၂ဦး ဒဏ်ရာရ
====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ကနီမြို့နယ်၊ အုန်းပင်ဆိပ်ကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီရေယာဉ် အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်စဉ် လက်နက်ကြီးကျည်ထိမှန်ပြီးဒေသကာကွယ်ရေး ရဲဘော်တဦး ကျဆုံးသွားခဲ့သည်။
စစ်ကောင်စီတပ်ရေယာဉ် အုပ်စုကို ယမန်နေ့ စက်တင်ဘာ ၁၁ ရက် နေ့လည် ၁ နာရီအချိန်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့ထံမှ သိရသည်။
ဗိုလ်နှုတ်ခမ်းမွှေးက “ ရှေ့ထွက်ပြောင်းတိုက်တွေ ၊ လက်နက်ငယ်တွေနဲ့ စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်က လေပေါ်ကွဲ လက်နက်အမျိုးအစားတွေသုံးပြီး တိုက်ခိုက်လာတာဖြစ်ပါတယ်" ဟု ပြောသည်။
စစ်ကောင်စီတပ်က ပစ်သည့်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ထက်ဝေနိုင်ဆိုသူ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးကုသနေစဉ်ကျဆုံးခဲ့ကြောင်း၊ ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း အသေးစားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း ဗိုလ်နှုတ်ခမ်းမွှေးက ဆိုသည်။ ရဲဘော်ထက်ဝေနိုင်သည် အသက် ၂၀ ခန့်သာရှိသေးပြီး ၎င်း၏ဈာပနကိုယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
စစ်ရေယာဉ်အုပ်စုတွင် စစ်သင်္ဘောနှစ်စီး၊ဖလပ်ခွံလေးစီး နှင့် အမြန်ရေယာဉ်တစီးပါဝင်သည်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်နေပြီး မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။ ယနေ့ နေ့လယ်တွင် ကနီမြို့ပေါ် ဆိပ်ကမ်းသို့ ရောက်ရှိနေ ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါစစ်ရေယာဉ်အုပ်စုသည် ကနီမြို့သို့ မရောက်ခင် ဆားလင်းကြီး၊ မုံရွာ၊ ယင်းမာပင်မြို့နယ်တို့တွင်လည်း မြစ်ဘေးတလျှောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
စာတည်း - အေးချမ်း
#mizzima
#ကနီမြို့နယ်
#ချင်းတွင်းမြစ်ကြောင်း
#စစ်ရေယာဉ်အုပ်စု
#တိုက်ခိုက်
ရဲဘော်ထက်ဝေနိုင်၏ ဈာပနမြင်ကွင်း (Photo-CJ)

😢19👍6🔥2😁1
KNLA တပ်မဟာမှူးနှင့်ဗျူဟာမှူး အပြောင်းအလဲများသည် နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ပြော
========================
YT
(မဇ္ဈိမ)။ ။ခြောက်လတကြိမ်ကျင်းပသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူး များအစည်းအဝေးတွင် ခရိုင်သုံးခုမှ တပ်မဟာမှူးနှင့် ဗျူဟာမှူးများ ပြောင်းလဲခန့်အပ်လိုက်ခြင်းသည် ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များအပေါ် ထူးခြားစွာသက်ရောက်မှုမရှိကြောင်း KNU ဗဟိုမှ ပြော ရေးဆိုခွင့်ရှိသူများဖြစ်သည့် ဒိုစောကလယ်စေးနှင့် ပဒိုစောတောနီးတို့က မဇ္ဈိမကို ပြောသည်။
“တပ်မဟာမှူးတွေရဲ့ အပြောင်းအလဲကို စက်တင်ဘာလ ၆၊ ၇၊ ၈ မှာ ပြုလုပ်တဲ့ တပ်မှူးအစည်းအဝေးမှာ လုပ်ခဲ့တယ်ပေါ့နော်။ များသောအားဖြင့် လိုအပ်ရင်လိုအပ်သလို အပြောင်းအလဲလုပ်လေ့ရှိတယ်။ အခု ပြောင်းလဲလိုက်တဲ့ခေါင်းဆောင်တွေက အသက်အရွယ်အပိုင်းအခြားအရနဲ့ တချို့ကတော့ အခြားသော တာဝန်တွေ ဆက်ယူဖို့ရှိတဲ့အပေါ်မှာ အခုလို အပြောင်းအလဲလုပ်တာဖြစ်တယ်” ဟု KNU ဗဟို ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မဇ္ဈိမကို ပြောသည်။
စက်တင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ပြုလုပ်ခဲ့သော ခြောက်လပတ် KNLA တပ်မှူးများအစည်းအဝေး တွင် KNU တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်နှင့် တပ်မဟာ(၇) ဖားအံခရိုင် စသည့် ခရိုင်သုံးခုမှ တပ်မဟာမှူးများနှင့် ဗျူဟာမှူးများအား ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။
KNU တပ်မဟာ(၄) ထားဝယ်ခရိုင် တပ်မဟာမှူးအဖြစ် ယခင် ဗိုလ်မှူးချုပ်စောလေးမူနေရာတွင် ဒုတိယ ဗိုလ်မှူးကြီး စောဖိုးလေး၊ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်တပ်မဟာမှူးအဖြစ် ယခင် ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးနေရာတွင် ဗိုလ်မှူးကြီးစောကို့ထူး၊ KNU တပ်မဟာ(၇) ဖားအံခရိုင်တပ်မဟာမှူးအဖြစ် ယခင် ဗိုလ်မှူးချုပ်စောဖောဒိုနေရာတွင် ဗိုလ်မှူးကြီး စောဒိကွယ်ထူးတို့အား ပြောင်းလဲခန့်အပ်ခဲ့သည်။
ထို့ပြင် တပ်မဟာ (၄) ထားဝယ်ခရိုင် ဗျူဟာမှူးအဖြစ် စောလေးသေ့၊ တပ်မဟာ (၆) ဒူးပလာယာခရိုင် ဗျူဟာမှူးအဖြစ် စောနယ်ဒါးထူး၊ တပ်မဟာ (၇) ဗျူဟာမှူးအဖြစ် စောဖိုးဒူတို့ကို ခန့်အပ်ခဲ့ကြောင်းလည်း သိရသည်။
တပ်မဟာမှူးသည် တပ်မဟာတစ်ခု၏ အလုံးစုံသောကိစ္စရပ်များအား စီမံကွပ်ကဲရပြီး ဗျူဟာမှူးမှာ တပ်မဟာ၏ စစ်ရေးကိစ္စများအား စီမံကွပ်ကဲရသည့် စစ်ရေး ဒုတိယအဆင့် တာဝန်ရှိသူများဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ KNLA တပ်မဟာမှူးများ၊ ဗျူဟာမှူးများ အပြောင်းအလဲဖြစ်ခြင်းသည် KNU ၏ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်များအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိကြောင်း KNU ဗဟိုပြောခွင့်ရ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။
“စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်မဆို တိုက်ဖျက်ရေးဆိုတာ ကျွန်တော်တို့ နဂိုကတည်းကရှိခဲ့တဲ့ မူဝါဒတွေဖြစ်တယ်။ ကျွန်တော်တို့ ဘယ်လိုမှ လက်ခံလို့မရတဲ့ဟာတွေဖြစ်တဲ့အပေါ်မှာ အဲ့ဒီမူဝါဒအတိုင်း ပဲ တပ်တွေက အကောင်အထည်ဖော်တာပဲလေ” ဟု ပြောသည်။
“တပ်မှူးတွေအပြောင်းအလဲကြောင့် နိုင်ငံရေးနဲ့စစ်ရေးအပေါ်သက်ရောက်မှုကတော့ အထွေအထူးတော့ မရှိပါဘူး။ ကျွန်တော်တို့ KNU က ချမှတ်ထားတဲ့ နိုင်ငံရေးအရ သွားရမယ့်လမ်းကြောင်းတွေအပေါ် တပ် ကနေ အထောက်အကူပြုစေတဲ့စစ်ရေးစီမံချက်တွေကို အကောင်အထည်ဖော်မယ့် တပ်မှူးတွေရဲ့ တာဝန် ဝတ္တရားပဲဖြစ်တယ်လို့ ပြောပါရစေ" ဟု ပဒိုကလယ်စေးကလည်း ဆိုသည်။
ခြောက်လပတ် KNLA တပ်မှူးများအစည်းအဝေးတွင် ရာထူး၊ တာဝန် ပြောင်းလဲသွားခြင်းမရှိသည်မှာ တပ်မဟာ(၁) သထုံခရိုင်တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး၊ တပ်မဟာ(၂) တောင်ငူခရိုင် တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂတ်စတင်း၊ တပ်မဟာ (၃) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးတြော်၊ တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂေနွီးတို့ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဟူ၍ လက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့ရှိပြီး နယ်မြေတပ်မဟာ ခုနစ်ခုရှိသည်။
KNU တပ်မဟ ခုနစ်ခုမှာ တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင် လေးပင်ခရိုင်၊ တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင် နှင့် တပ်မဟာ(၇) ဘားအံခရိုင်တို့ဖြစ်ပြီး ဘားအံခရိုင်မှလွဲ၍ ကျန်တပ်မဟာခြောက်ခုအတွင်း၌ KNU လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
စာတည်း။ ။စောဖေ
#ကရင်အမျိုးသားအစည်းအရုံး(KNU)
#ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)
#တပ်မှူးများအစည်းအဝေး
ပုံအညွှန်း- တပ်မဟာ (၇) တပ်မဟာမှူးအသစ် ဗိုလ်မှူးကြီး စောဒိကွယ်ထူး (ဓါတ်ပုံ- ပေးပို့)

👍21🔥1😁1
တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးခံ လူ ၁၀ ဦးကျော် သတင်းအစအန ပျောက်ဆုံး
=========================
ဓါတု
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် တက်ကြွလှုပ်ရှားသူများ အပါအဝင် စစ်တပ်က ဖမ်းဆီးသွားသော ဒေသခံ ၁၀ ဦးကျော်နှင့် လပေါင်းများစွာ ကြာသည့်တိုင် အဆက်အသွယ်မရဘဲ သတင်းအစအနပျောက်နေကြောင်း မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
အရပ်ဝတ်များ ပါဝင်သော စစ်ကောင်စီတပ်သည် အသက် ၆၀ အရွယ် တက်ကြွလှုပ်ရှားသူ ဦးမောင်ထီကို ၂၀၂၂ ခုနှစ် မတ်လဆန်းပိုင်းတွင် ငါန်းဇွန်မြို့နယ်အစပ် တံတားဦးမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် သေနတ်ပစ်ဖောက်ကာ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
သို့သော် ၎င်းအား ရှာမတွေ့သဖြင့် သားဖြစ်သူနှင့် သားမက်ဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းနောက် နေအိမ်ကိုလည်း ချိပ်ပိတ်ခဲ့ပြီး နောက်မကြာမီ ရက်ပိုင်းတွင် စစ်ကောင်စီတပ်က လာရောက်မီးရှို့သွားကြောင်း မျက်မြင်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ဦးမောင်ထီ၏ သားဖြစ်သူနှင့် သားမက်ဖြစ်သူကိုမူ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ဆိုသည်။
ထို့နောက် ယခုနှစ် မေလ ၁ ရက်နေ့တွင် ငါန်းဇွန်နယ်စပ်ရှိ တောထဲတနေရာတွင် ယာယီတဲထိုးကာ တိမ်းရှောင်နေသော ဦးမောင်ထီအား စစ်ကောင်စီသတင်းပေးမှ လမ်းပြခေါ်၍ ဖမ်းဆီးခဲ့ရာ ၎င်းနှင့်အတူ ယာယီတဲဘေးရှိ နွားကျောင်းသား၊ တောင်သူအချို့နှင့် လှေအငှားဆွဲသူတဦးလည်း ဖမ်းဆီးခံခဲ့ရသည်။
" ဦးမောင်ထီကို ဖမ်းချင်တော့ သူ့မတွေ့လို့ဆိုပြီး မနှစ်က သူနဲ့ ဆက်စပ်တဲ့ သူတွေကို ဖမ်းတယ်၊ အခု မေလမှာသူ့ကို ငါးဇွန်းအစပ်နားက ကျွန်းနားမှာတွေ့လို့ ဒလန်(စကစသတင်းပေး)လိုက်ပြလို့ မျက်လုံးအဝတ်စည်းပြီး ဖိနပ်တောင်မပါဘူး ဆွဲခေါ်သွားတာ၊ သူနဲ့ပတ်သက်တဲ့ လှေအငှားလိုက်ပေးတဲ့သူကအစ သူ့ဘေးနားက နွားကျောင်းနေတဲ့ ကောင်လေးတွေကိုပါ ခေါ်သွားတာ၊ သူတို့ကို လေးလကျော်ပြီ၊ အခုထိ မိသားစုဝင်နဲ့ အဆက်သွယ်မရဘူးတဲ့"ဟု မိသားစုနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။
၎င်းတို့အားဖမ်းဆီးပြီး ၁၀ ရက်အကြာတွင် ဦးမောင်ထီနှင့် ဆွေမျိူးတော်စပ်သည့် ဆိုင်ကယ်ဝပ်ရှော့ပိုင်ရှင် ကိုမျိုးမင်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
အဆိုပါဖမ်းဆီးခံရသူများနှင့် ထိုအချိန်မှစ၍ ယနေ့အထိ မိသားစုများမှ အဆက်သွယ်မရဘဲ သတင်းအစအနပျောက်နေခြင်းဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။
ဖမ်းဆီးခံထားရသူများကို မြို့နယ်ရဲစခန်းများနှင့် အကျဥ်းထောင်တို့တွင် ရှိ၊ မရှိ စုံစမ်းသော်လည်း ၎င်းတို့နှင့်ပတ်သက်ပြီး အမှုဖွင့်ထားခြင်း မရှိသကဲ့သို့ မည်သည့်စစ်ကြောရေးတွင် ပို့ဆောင်ထားသည်ကိုလည်း မသိရကြောင်း ဆိုသည်။
"ဘယ်စစ်ကြောရေးမှာ ရှိတယ်ဆိုတာလည်း မသိရဘူး၊ ရဲစခန်းဘက်တွေကို လိုက်မေးတော့လည်း အဲဒီမှာ အဲ့ဒီနာမည်နဲ့ လူတွေမရှိဘူး၊ အမှုဖွင့်ထားတာမျိုးလည်း မရှိဘူး၊ ထောင်လည်းမချသေးဘူး၊ ဖမ်းသွားပြီး မိသားစုဝင်တွေကိုလည်း မဆက်သွယ်တော့ တော်တော်စိတ်ပူနေကြတယ်၊ လပေါင်းများစွာ ကြာနေပြီဆိုတော့" ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
၎င်းတို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင်လည်း ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ရွာခံ ၂၀ ကျော်လည်း ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
“သူတို့ရဲ့ သတင်းအစအန ပျောက်နေတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါငါန်းဇွန်းမြို့နယ်ထဲတွင် စစ်ကောင်စီတပ်က ယခုနှစ်အစပိုင်းမှစ၍ ဖမ်းဆီးစစ်ဆေးမှုများ၊ စစ်ကြောင်းထိုးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် နေအိမ်အတွင်းရှိ အရပ်သားပိုင် အသုံးအဆောင် ပစ္စည်းများကို ရှာဖွေယူဆောင်မှုများ လုပ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ငါန်းဇွန်
#လူ၁၀ကျော်
#သတင်းအစအနပျောက်
#Mizzima
ဓာတ်ပုံ- တက်ကြွလှုပ်ရှားသူ ဦးမောင်ထီ

❤6👍1😁1