နေပြည်တော် အေလာလေတပ်စခန်းပေါ် မောင်းသူမဲ့လေယာဉ်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့ ဗုံးကြဲ
====================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ နေပြည်တော် ကောင်စီနယ်မြေ ၊ အေလာမြို့ရှိ စစ်ကောင်စီလေတပ်စခန်းကို ယနေ့ စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်က ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
အေလာမြို့ရှိ အေလာစစ်ဘက်ဆိုင်ရာ လေတပ်စခန်းကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကြဲတဲ့အချိန် အောက်မှာ ဟတ်စကီးနှစ်စင်းနဲ့ လူတချို့တွေ့ရပါတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
တိုက်လေယာဉ်နှင့် စစ်ဘက်သုံးလေယာဉ်များ ထားရှိသည့်နေရာကို ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်သို့ ကျရောက်ပေါက်ကွဲကြောင်းနှင့် ထိခိုက်မှုအသေးစိတ်ကို မသိရှိရသေးကြောင်း တပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဖြစ်စဉ်နှင့် အခြေအနေ အသေးစိတ်အား မကြာမီတွင် ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။
ယနေ့ နေ့လည် ၁ နာရီခန့်တွင် တကြိမ်၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင်တကြိမ် နှစ်ကြိမ် လျှပ်စစ်မီးပြတ်တောက်သွားကြောင်း အဆိုပါလေတပ်အနီးနေထိုင်သူ အေလာဒေသခံတဦးက ပြောသည်။
"မီးက ပထမအကြိမ်မှာ တချို့လိုင်းတွေတော့ မပျက်သွားဘူး။ လေးနာရီကျော်မှာ ပျက်သွားတာတော့ အကုန်ပါတယ် တကြောလုံးပဲ ဆက်စပ်မလားမသိနိုင်ဘူး။ ၁ နာရီလောက်က မီးပျက်တာတော့တော်တော်ကြာတယ်။ ဒါပေမဲ့ ထူးခြားလှုပ်ရှားမှုဘာမှတော့ မတွေ့ရသေးဘူး စစ်ဆေးမှုတွေမရှိနေဘူး။ သတင်းဖုံးချင်တာလည်း ဖြစ်နိုင်တယ်” ဟု အေလာဒေသခံက ပြောသည်။
အဆိုပါနေရာများသည် ဦးစားပေးမီးလိုင်း ပေးထားသည့် နေရာများဖြစ်သည့်အတွက် အရေးကြီးအခြေအနေများမှအပ လျှပ်စစ်မီး ပြတ်တောက်လေ့မရှိကြောင်း ၎င်းကဆက်ပြောသည်။
"လေတပ်ဘက်က Jammer(ဆက်သွယ်ရေးလိုင်းဖြတ်တောက်သည့်စနစ်) တော့ သေချာခံထားတယ် ဆိုတော့ ပစ်မှတ်တည့်တည့်ထိဖို့တော့ မလွယ်ဘူး။ ဒါပေမယ့် သုံးတဲ့အမျိုးအစားအလိုက်တော့ ကွဲပြားမှုရှိနိုင်တယ်။ ကင်းလွတ်အမြင့်ကနေဆိုရင်တော့ မပြောတတ်ဘူး" ဟု အဆိုပါလေဆပ်တွင်တာဝန်ထမ်းဆောင်ဖူးသူ မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။
အေလာလေတပ်သည် စစ်ကောင်စီ၏အရေးပါသော လေတပ်စခန်းတခုဖြစ်ကာ အနီးပတ်ဝန်းကျင်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ အမှတ် (၃၀၂) ခြေမြန်တပ်ရင်းတို့ တည်ရှိသည်ဟု သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#နေပြည်တော်
#အေလာလေတပ်
#တိုက်ခိုက်မှု
ပုံအညွှန်း - မောင်းသူမဲ့လေယာဉ်ငယ်ဖြင့်ဗုံးကြဲတိုက်ခိုက်သည့်မှတ်တမ်းပုံ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍32❤5😁1🤣1
Support Mizzima | Independent Media is Under threat in Myanmar
===================
https://youtu.be/353amTLOSpc?si=mc7l6t8NswEoT1Wo

YouTube
#SupportMizzima | Independent media is under threat in Myanmar !
Mizzima needs your support!
Independent media is under threat in Myanmar.
#journalists have been arrested, detained, and even killed for their work.
Your support is crucial to maintaining Mizzima's operational continuity and upholding its commitment to…

👍2🔥1
ရေတလျောက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်
👍24👏5🔥1

=================
YT
(မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ရေတလျောက် စစ်ကောင်စီစခန်းအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်သည်။
"ဒီစခန်းက စစ်ကောင်စီ အတွက်ကတော့ အရေးပါတဲ့ စခန်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လှုပ်ရှားစစ်ကြောင်းတွေအတွက် ခဲယမ်းနဲ့ရိက္ခာ အရန်တွေ ထားသလို ဒဏ်ရာရလူနာတွေ ရှိရင်လည ဒီမှာတထောက်နားပြီးမှ အနောက်ကို ဆက်ပို့ရတာကြောင့်ဖြစ်တယ်။ နောက်တခုက နယ်စပ်နဲ့နီးတော့ ကျနော်တို့ကို ပိတ်ဆို့ထားချင်တဲ့အနေနဲ့ တည်ရှိနေတာဖြစ်ပါတယ်" ဟု တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၇နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ရေတလျောက်စခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈) ပူးပေါင်းတပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အကြာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ကိုးဦးသေဆုံးပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကာ တပ်မဟာ (၆) KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲဘက်တွင်လည်း ရဲဘော်တဦး ကျဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း MA အမျိုးအစား သေနတ် ခြောက်လက်၊ RPG တလက်၊ ၆၀မမ ပြောင်းတိုနှစ်လက်၊ ပစ္စတိုနှစ်လက်၊ ငါးကြင်းမြီး စက်လက်တလက်နှင့် RPG-7 ကျည် ၇၀လုံး၊ ၈၁ မမ ကျည် ၄၀ လုံး၊ ၆၀ မမ ကျည် ၁၁၀ လုံး၊ ၇၉ မမ ကျည် ၄၀ လုံး၊ တိုက်မိုင်း ၂၀ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်းသုံးလုံး၊ ဆက်သွယ်ရေးစက်ကြီးတလုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ၅.၅၆ ကျည် ၂၈၀၀ တောင့်၊ ၇.၆၂ ကျည် ၈၀၀ တောင့်နှင့် Compass နှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သိမ်းပိုက်ပြီးသော ရေတလျောက်စစ်ကောင်စီစခန်းတွင် တပ်မဟာ (၆) KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပ်ထိုင်မှု မပြုလုပ်ထားသော်လည်း စစ်ကောင်စီအနေဖြင့် ပြန်လည်ရယူရန် မလွယ်ကူကြောင်း ဆိုသည်။
"ကျနော်တို့ရဲ့မူအရ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့စခန်းတွေမှာ ပြန်ထိုင်ရိုးထုံးစံ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနယ်မြေက ကျနော်တို့နယ်မြေဖြစ်တယ်။ နေရာတိုင်းက ကျနော်တို့ နေရာ ကျနော်တို့စခန်းပဲ။ စခန်းက ကျနော်တို့မှ မနေတာ စစ်ကောင်စီအနေနဲ့ လာပြန်ထိုင်ချင်ရင်လည်း လာလို့ရတာပေါ့။ ဒါပေမဲ့စခန်းကို ပြန်ရောက်ဖို့ ဘယ်လောက်ကြိုးစားရမလဲကတော့ မပြောတတ်ဘူးပေါ့" ဟု တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
တပ်မဟာ (၆) KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်းများအား စီးနင်းတိုက်ခိုက်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်းတို့အပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#KNU
#KNLA
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ပုံအညွှန်း-သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ(ဓါတ်ပုံ- တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
YT
(မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ရေတလျောက် စစ်ကောင်စီစခန်းအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်သည်။
"ဒီစခန်းက စစ်ကောင်စီ အတွက်ကတော့ အရေးပါတဲ့ စခန်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လှုပ်ရှားစစ်ကြောင်းတွေအတွက် ခဲယမ်းနဲ့ရိက္ခာ အရန်တွေ ထားသလို ဒဏ်ရာရလူနာတွေ ရှိရင်လည ဒီမှာတထောက်နားပြီးမှ အနောက်ကို ဆက်ပို့ရတာကြောင့်ဖြစ်တယ်။ နောက်တခုက နယ်စပ်နဲ့နီးတော့ ကျနော်တို့ကို ပိတ်ဆို့ထားချင်တဲ့အနေနဲ့ တည်ရှိနေတာဖြစ်ပါတယ်" ဟု တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၇နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ရေတလျောက်စခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈) ပူးပေါင်းတပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အကြာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ကိုးဦးသေဆုံးပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကာ တပ်မဟာ (၆) KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲဘက်တွင်လည်း ရဲဘော်တဦး ကျဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း MA အမျိုးအစား သေနတ် ခြောက်လက်၊ RPG တလက်၊ ၆၀မမ ပြောင်းတိုနှစ်လက်၊ ပစ္စတိုနှစ်လက်၊ ငါးကြင်းမြီး စက်လက်တလက်နှင့် RPG-7 ကျည် ၇၀လုံး၊ ၈၁ မမ ကျည် ၄၀ လုံး၊ ၆၀ မမ ကျည် ၁၁၀ လုံး၊ ၇၉ မမ ကျည် ၄၀ လုံး၊ တိုက်မိုင်း ၂၀ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်းသုံးလုံး၊ ဆက်သွယ်ရေးစက်ကြီးတလုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ၅.၅၆ ကျည် ၂၈၀၀ တောင့်၊ ၇.၆၂ ကျည် ၈၀၀ တောင့်နှင့် Compass နှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သိမ်းပိုက်ပြီးသော ရေတလျောက်စစ်ကောင်စီစခန်းတွင် တပ်မဟာ (၆) KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပ်ထိုင်မှု မပြုလုပ်ထားသော်လည်း စစ်ကောင်စီအနေဖြင့် ပြန်လည်ရယူရန် မလွယ်ကူကြောင်း ဆိုသည်။
"ကျနော်တို့ရဲ့မူအရ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့စခန်းတွေမှာ ပြန်ထိုင်ရိုးထုံးစံ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနယ်မြေက ကျနော်တို့နယ်မြေဖြစ်တယ်။ နေရာတိုင်းက ကျနော်တို့ နေရာ ကျနော်တို့စခန်းပဲ။ စခန်းက ကျနော်တို့မှ မနေတာ စစ်ကောင်စီအနေနဲ့ လာပြန်ထိုင်ချင်ရင်လည်း လာလို့ရတာပေါ့။ ဒါပေမဲ့စခန်းကို ပြန်ရောက်ဖို့ ဘယ်လောက်ကြိုးစားရမလဲကတော့ မပြောတတ်ဘူးပေါ့" ဟု တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
တပ်မဟာ (၆) KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်းများအား စီးနင်းတိုက်ခိုက်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်းတို့အပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#KNU
#KNLA
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ပုံအညွှန်း-သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ(ဓါတ်ပုံ- တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍36❤3👏3🔥2
ဥရောပ ထိပ်တန်းလိဒ် ပွဲစဉ်ရလဒ်များ
==============
ပြင်သစ်လီဂူးပွဲစဉ် (5) ရလဒ်
PSG 2-3 Nice (FT)
⚽️⚽️Moffi 21',69'
⚽️⚽️Mbappe 29',87'
⚽️Laborde 53'
ဂျာမန်ဘွန်ဒက်လီဂါ ပွဲစဉ် (4) ရလဒ်
Bayern 2-2 Leverkusen (FT)
⚽️Kane 7'
⚽️Grimaldo 24'
⚽️Goretzka 86'
⚽️Palacios 90+5'(Pen)
စပိန်လာလီဂါ ပွဲစဉ် (5) ရလဒ်
Rayo Vallecano. 2. - 0. Deportivo Alaves
Palazon 43’ (pen)
de frutos 82’
Credit Photo

👍5🔥2😁1
စက်တင်ဘာလ( ၁၆ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အထက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေပြီး အချိန်မရွေး တိုက်ပွဲတွေဖြစ်ပွားနိုင်တာကြောင့် တမူး - အောင်ဇေယျ ကားလမ်းပိုင်းကို အသွားအလာ ယာယီမပြုလုပ်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပတဲ့သတင်း နဲ့အတူ စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ဖို့ အဓိက ငွေကြေးထောက်တိုင်အဖြစ် ဆောင်ရွက်နေတဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အပါအဝင် ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်း သတင်း တွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/10voyfryCRM?si=h2y_YtQVesd7M9pe
#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အထက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေပြီး အချိန်မရွေး တိုက်ပွဲတွေဖြစ်ပွားနိုင်တာကြောင့် တမူး - အောင်ဇေယျ ကားလမ်းပိုင်းကို အသွားအလာ ယာယီမပြုလုပ်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပတဲ့သတင်း နဲ့အတူ စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ဖို့ အဓိက ငွေကြေးထောက်တိုင်အဖြစ် ဆောင်ရွက်နေတဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အပါအဝင် ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်း သတင်း တွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/10voyfryCRM?si=h2y_YtQVesd7M9pe
#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ( ၁၆ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အထက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေပြီး အချိန်မရွေး တိုက်ပွဲတွေဖြစ်ပွားနိုင်တာကြောင့် တမူး - အောင်ဇေယျ ကားလမ်းပိုင်းကို အသွားအလာ ယာယီမပြုလုပ်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက…

👍12🤮1
ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်မှအနားပေး၊ နေအိမ်အကျယ်ချုပ်ချခံရ
=============
မဇ္ဈိမ
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏လူယုံတဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်မှအနားပေးလိုက်ပြီး နေအိမ်အကျယ်ချုပ်ဖြင့်ထားလိုက်သည်။
နိုင်ငံအတွင်း ကုန်ပစ္စည်းများပြတ်တောက်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီးနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) ဥက္ကဌ နှင့် စစ်ကောင်စီဝင်အဖွဲ့ဝင် အသက် ၅၅ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အရေးယူခြင်းဖြစ်ပေါ်လာခဲ့သည်။
စစ်ကောင်စီ၏ ကုန်စျေးနှုန်းထိန်းချုပ်ရေး ဝါးလုံးရှည်ဝှေ့ရမ်းမှုတွင် ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့ရေးကော်မတီဦးဆောင်သူ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးမှုများလည်းရှိခဲ့သည်။
ဧရာ၀တီသတင်းဌာန၏သတင်းပေးပို့ချက်တွင် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့်ပတ်သက်သော စစ်ဆေးမှုတွင် စီးပွားရေးသမားများထံမှ လာဘ်ငွေအမေရိကန်ဒေါ်လာသန်းပေါင်းများစွာယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟုပါရှိသည်။
အာဏာမသိမ်းခင်က ရာထူးတက်မှန်ခဲ့သော မိုးမြင့်ထွန်းမှာ တချိန်တွင် မင်းအောင်လှိုင်နေရာကိုဆက်ခံမည့်သူအဖြစ် တစ်ပေးခံခဲ့ရသူလည်းဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=============
မဇ္ဈိမ
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏လူယုံတဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်မှအနားပေးလိုက်ပြီး နေအိမ်အကျယ်ချုပ်ဖြင့်ထားလိုက်သည်။
နိုင်ငံအတွင်း ကုန်ပစ္စည်းများပြတ်တောက်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီးနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) ဥက္ကဌ နှင့် စစ်ကောင်စီဝင်အဖွဲ့ဝင် အသက် ၅၅ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အရေးယူခြင်းဖြစ်ပေါ်လာခဲ့သည်။
စစ်ကောင်စီ၏ ကုန်စျေးနှုန်းထိန်းချုပ်ရေး ဝါးလုံးရှည်ဝှေ့ရမ်းမှုတွင် ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့ရေးကော်မတီဦးဆောင်သူ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးမှုများလည်းရှိခဲ့သည်။
ဧရာ၀တီသတင်းဌာန၏သတင်းပေးပို့ချက်တွင် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့်ပတ်သက်သော စစ်ဆေးမှုတွင် စီးပွားရေးသမားများထံမှ လာဘ်ငွေအမေရိကန်ဒေါ်လာသန်းပေါင်းများစွာယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟုပါရှိသည်။
အာဏာမသိမ်းခင်က ရာထူးတက်မှန်ခဲ့သော မိုးမြင့်ထွန်းမှာ တချိန်တွင် မင်းအောင်လှိုင်နေရာကိုဆက်ခံမည့်သူအဖြစ် တစ်ပေးခံခဲ့ရသူလည်းဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍36👏7❤3👎2😁2
မြန်မာအရေး၌ အားစိုက်ထုတ်ရန် လာအိုကို အမေရိကန် ဖိအားပေး
==================
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေအား ကြားနာသည့် Tom Lantos Human Right ကော်မရှင်သို့ အရှေ့တောင်အာရှရေးရာ၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်အကူအတွင်းဝန် မယ်လီဆာ ဘရောင်းက စက်တင်ဘာ ၁၃ ရက်တွင် သတင်းစကား ပေးလာခြင်း ဖြစ်သည်။

👍27❤5😁2👎1🔥1