သိမ်ဇရပ် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံ ၄ ဦး ဒဏ်ရာရ
=====================
YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်နှင့် ဒေသခံများထံက သတင်းရရှိသည်။
" သိမ်ဇရပ် ရဲစခန်းကို ၄၀ မမတွေနဲ့ သွားပစ်ပြီးတော့ ရဲစခန်းကရော ၂၀၇ ကရော အမြှောက်တပ်ကရော ပြန်ပစ်တာ။ ၁၄ ရက်နေ့က တစ်ယောက်ထိတယ်။ ၁၅ ရက်နေ့ကျ ရွာလေးက တယောက်ရယ် ၊ သုံးခွက နှစ်ယောက်ထိထားတယ်။ မစိုးရိမ်ရ ဒဏ်ရာတွေပါပဲ။ ရွာထဲပစ်ရင် လူထိမယ် သိသိပဲကို ဒီတိုင်းလည်း ပစ်နေကျပဲလေ ဒီကောင်တွေက" ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်တွင် သိမ်ဇရပ်မြို့ ရဲစခန်းအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့များက ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်၊ အပျက်အစီးများအား စုံစမ်းနေဆဲဖြစ်ကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။
ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ထိုနေ့ ညနေတွင် သိမ်ဇရပ်ရဲစခန်းမှ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ပစ်ခတ်ရာ အသက် ၃၄ နှစ်အရွယ်ရှိ သိမ်ဇရပ်မြို့ခံ မဌေးဌေးမော် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၈ နာရီအချိန်မှစ၍ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၂၀၇) မှ ၆၀ မမ အမျိုးအစား လက်နက်ကြီးများအား ရမ်းသန်းပစ်ခတ်ရာ ဝါးဒတ်ကွင်းကျေးရွာ၊ ဖားလားမြောင်အတွင်းသို့ တလုံး၊ ကုန်စုံဆိုင်အနီးတွင် တလုံး၊ ဝါးဒတ်ကွင်းစာသင်ကျောင်းတွင် တလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနှစ်ဦး ဒဏ်ရာရကာ ဈေးဆိုင်တစ်ဆိုင်နှင့် စာသင်ကျောင်းအဆောက်အအုံပျက်စီးမှု ရှိကြောင်း သိရသည်။
ဒဏ်ရာရသူများမှာ ဖားလားမြောင်တွင် ခြံလုပ်ကိုင်ရန်သွားသည့် သုံးခွကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးဝင်းလှိုင်နှင့် အသက် ၄၀ အရွယ် ဒေါ်သန်းသန်းအေးတို့ဖြစ်သည်။
စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင်လည်း သိမ်ဇရပ်ရဲစခန်းမှ ၆၀ မမ လက်နက်ကြီးပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့၊ အမှတ် (၁) ရွာလေးရပ်ကွက်၊ ကွက်သစ်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
" ခါတိုင်းလည်း ကလေးတွေက သွားမတိုက်နေလည်း အဲ့ဒီတပ်တွေကနေ ပစ်တာတွေ ရှိတာပဲ ။ ခရွဲ၊ ဝင်းကံ၊ ဇီးပြောင်း၊ ဝါးဒတ်ကွင်း၊ ကျောက်ပုံကြီး အဲ့ဒါတွေက သူတို့အမြဲပစ်နေကျ နေရာတွေပဲ။ လူတွေ ထိကြ သေကြ ဒါလည်း သူတို့က ပစ်တာပဲ" ဟု သိမ်ဇရပ်မြို့ ဇီးပြောင်းကျေးရွာ (၁) နေ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) တပ်ရင်း (၃) အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး အဆိုပါ နယ်မြေအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးခြင်း၊ အဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကို မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သိမ်ဇရပ်မြို့
#လက်နက်ကြီးပစ်ခတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍13❤3🔥1🤬1
“ခုခံ တွန်းလှန်စစ် ၂ နှစ်ပြည့်နဲ့ အညာ" ချစ်သောအညာမြေ Ep- 24
==================
ခုခံတွန်းလှန်စစ် မခေါ်ခင်ကနဲ့ ခေါ်ပြီးနောက်ပိုင်း စစ်ရေး၊ နယ်မြေစိုးမိုးမှု အခြေအနေ ဘယ်လိုတိုးတက် ပြောင်းလဲလာတာတွေ ရှိပါသလဲ၊ LPDF တွေနဲ့ NUG-nMOD အောက်က PDF တွေအကြား ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ဖြစ်ကြလား၊ နားလည်မှူ ဘယ်လိုတည်ဆောက်လုပ်ကိုင်ကြလဲ၊ အားသာချက်နဲ့ အားနည်းချက်တွေက ဘာတွေရှိမလဲ၊ ခုခံတော်လှန်စစ် ၂ နှစ်ကျော် ကြာလာတဲ့အချိန်မှာ PDF တွေ၊ တော်လှန်ရေး အဖွဲ့အစည်းတွေအပေါ် မြေပြင်လူထု သဘောထားက ဘယ်လိုရှိလာပါသလဲ၊ လက်ရှိရောက်နေတဲ့ အခြေအနေထက် တဆစ်ချိုး တိုးတက်လာဖို့အတွက် ရှေ့ဆက်ဘာတွေလုပ်ဖို့ လိုအပ်ပါမလဲ စတာတွေကို ကြည့်ရှု့နားဆင်ကြရပါမယ်။
NUG-MOD လက်အောက်ခံ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၁၂) တပ်ထောက်တာဝန်ခံ ကိုနေမင်း၊ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ဗဟိုကော်မတီဝင် ရဲဘော်ဂျွန်နဲ့ မုံရွာသပိတ်ခေါင်းဆောင် မချောစုစံတို့ကို ကိုနောင်နောင်က မေးမြန်းဆွေးနွေးထားပါတယ်။
https://youtu.be/EVL6QpUL3DM?si=DKX1hqattA-x-PaY

YouTube
“ခုခံ တွန်းလှန်စစ် ၂ နှစ်ပြည့်နဲ့ အညာ" | ချစ်သောအညာမြေ Ep- 24
ခုခံတွန်းလှန်စစ် မခေါ်ခင်ကနဲ့ ခေါ်ပြီးနောက်ပိုင်း စစ်ရေး၊ နယ်မြေစိုးမိုးမှု အခြေအနေ ဘယ်လိုတိုးတက် ပြောင်းလဲလာတာတွေ ရှိပါသလဲ၊ LPDF တွေနဲ့ NUG-nMOD အောက်က PDF တွေအကြား ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ဖြစ်ကြလား၊ နားလည်မှူ ဘယ်လိုတည်ဆောက်လုပ်ကိုင်ကြလဲ၊ အားသာချက်နဲ့…
😁5👍4❤2
စင်ကာပူ၌ ဖမ်းဆီးမိသည့် မူးယစ်သံသယရှိသူ ၅၈ ဦးတွင် ၁၅ နှစ်အရွယ် ကျောင်းသား ပါဝင်
=========================
စင်ကာပူနိုင်ငံတွင် သောကြာနေ့၌ ပြီးဆုံးသည့် ကျွန်းအနှံ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သံသယရှိသူ ၅၈ ဦးတွင် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတဦးပါ ပါဝင်ကြောင်း The Straits Times သတင်းက စက်တင်ဘာ ၁၅ ရက်တွင် ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
စင်ကာပူနိုင်ငံတွင် သောကြာနေ့၌ ပြီးဆုံးသည့် ကျွန်းအနှံ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သံသယရှိသူ ၅၈ ဦးတွင် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတဦးပါ ပါဝင်ကြောင်း The Straits Times သတင်းက စက်တင်ဘာ ၁၅ ရက်တွင် ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ စက်တင်ဘာ ၂၀၂၃)
=========================
မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ကတော့ အချင်းချင်း ပြည်သူ့ဘဏ္ဍာကို ကိုယ်ကျိုးစီးပွားအတွက် အလုအယက်သုံးရင်း အဝေမတည့်ဖြစ်ကာ အချင်းချင်း ဖမ်းဆီးသည်ထိ ဖြစ်နေသည်ကို တွေ့ရသည်။

👍10👏3🔥1
Media is too big
VIEW IN TELEGRAM
“ခုခံ တွန်းလှန်စစ် ၂ နှစ်ပြည့်နဲ့ အညာ_ _ ချစ်သောအညာမြေ Ep- 24
Watch more detail - https://youtu.be/PlNdthMubAE
#ချစ်သောအညာမြေ
#mizzimatv
#reels
#shorts

👍11🍌1
ပရီးမီးယားလိဂ်ပွဲစဉ် (၅) အစောပိုင်း ရလဒ်
=================
ဝုလ်ဗ် ၁-၃ လီဗာပူးလ် (ပွဲပြီးရလဒ်)
ဟွမ်ဟီချန် ၇' | ကော့ဒီ ဂတ်ပို ၅၅'၊ အင်ဒရူး ရော်ဘတ်ဆန် ၈၅'၊ ဟူဂို ဗျူနို ၉၀+၁' (OG)
Photos: EPA, Twitter

👍9❤1🔥1
Bear Man
============
ဝက်ဝံတွေဟာ ကြက်သွန်ဖြူနဲ့ ဂေါ်ဖီထုပ်ကို စားမိရင် လူအဖြစ်ပြောင်းလဲသွားတတ်တယ်ဆိုတဲ့ ဒန်ဂွန်းဒဏ္ဍာရီကို အခြေခံပြီး စိတ်ကူးယဉ်ပုံဖော်ထားတဲ့ ဟာသအက်ရှင်ဇာတ်လမ်းလေးပါ
အဓိက ဇာတ်ကောင်ကတော့ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသား ဗီလိန်မင်းသားကြီး Park Sung Woong က ဒီဇာတ်လမ်းမှာ မြင်နေကျ ဂန်းစတားဇာတ်ရုပ်အပြင် ထူးထူးခြားခြား ဟာသဇာတ်ရုပ်တစ်ခုကိုပါ နှစ်ကိုယ်ခွဲအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ..
သုတေသနဓာတ်ခွဲခန်းတစ်ခုမှာ မွေးမြူထားတဲ့ ဝန်းနမ်နဲ့ ဝန်းဘွတ်ဆိုတဲ့ ဝက်ဝံညီနောင်လေးနှစ်ကောင်ဟာ တောထဲမှာ ပျောက်သွားခဲ့တယ် သူတို့ဟာ တောထဲကို ဝင်သွားတုန်းက ကြက်သွန်ဖြူနဲ့ ဂေါ်ဖီထုပ်တွေ ယူသွားခဲ့ကြတာပေါ့ .. သုတေသနပညာရှင်တွေက သူတို့ကိုယ်မှာ တပ်ထားတဲ့ GPS ကို ခြေရာခံပြီး တောထဲကို လိုက်ရှာခဲ့ရာက ဝန်းနမ်ဆိုတဲ့ ဝက်ဝံလေးကိုပဲ လူအဖြစ်နဲ့ ရှာတွေ့ခဲ့ကြတယ် ..
နောက်ထပ် ၂၅ နှစ်ကြာတော့ ဝန်းနမ်ဟာ အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ယောက်ဖြစ်လာသလို ဝက်ဝံတစ်ကောင်လို ကျန်းမာသန်စွမ်းပြီး အနံ့ခံကောင်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ် .. ယာဉ်ထိန်းရဲတစ်ယောက်ဖြစ်ခဲ့ပေမယ့် အကြောင်းတစ်ခုကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်းနမ်ကို သူ့ရဲ့ မွေးစားအမေဖြစ်သူက ရဲပြန်ဖြစ်စေချင်ခဲ့တယ် ..
ဒီလိုနဲ့ တစ်နေ့မှာ မူးယစ်မှောင်ခိုလုပ်တဲ့ လူမိုက်ဂိုဏ်းတစ်ခုက အပေးအယူမတည့်ဘဲ သတ်ကြဖြတ်ကြဖြစ်တဲ့အချိန်မှာ ရဲတွေက လိုက်စုံစမ်းရာက တရားခံဟာ ဝန်းနမ်နဲ့ ချွတ်စွပ်တူနေတဲ့ လူတစ်ယောက်ဖြစ်နေတာကြောင့် ဝန်းနမ်ကို မှားယွင်းပြီး ဖမ်းလိုက်တယ် ဒါပေမယ့် ရဲဝန်ထမ်းမှတ်တမ်းအရ တရားခံဟာ သူမဟုတ်ဘူးဆိုတာကို သိသွားရာက တရားခံနေရာမှာ သူ့ကို အစားဝင်ပြီး ဟန်ဆောင်ခိုင်းဖို့ စိတ်ကူးရသွားတဲ့အခါ .....
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။၁၆.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍4😁2👎1
အရည်အသွေးညံ့ဖျင်းပြီး စွမ်းဆောင်ရည်အားနည်းခြင်းကြောင့် တရုတ်လက်နက်တင်ပို့မှု သိသိသာသာ ကျဆင်းလာကြောင်း လေ့လာသုံးသပ်သူများ ပြောကြား
=========================
ဝယ်ယူသည့်နိုင်ငံများကို ဒုက္ခဖြစ်စေနိုင်သည့်အရည်အသွေးညံ့ဖျင်းခြင်း၊ စွမ်းဆောင်ရည် အားနည်း ခြင်းနှင့် အရည်အသွေးတစ်သမတ်တည်းမရှိခြင်းတို့ကြောင့် တရုတ်၏ လက်နက်တင်ပို့မှုသည် ကျဆင်း သွားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
ဝယ်ယူသည့်နိုင်ငံများကို ဒုက္ခဖြစ်စေနိုင်သည့်အရည်အသွေးညံ့ဖျင်းခြင်း၊ စွမ်းဆောင်ရည် အားနည်း ခြင်းနှင့် အရည်အသွေးတစ်သမတ်တည်းမရှိခြင်းတို့ကြောင့် တရုတ်၏ လက်နက်တင်ပို့မှုသည် ကျဆင်း သွားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁5👏4
"ဘာလိုလို့လဲ"ဇာတ်လမ်းတို
=========================
ဇာတ်လမ်းတွဲရဲ့ “ဘာလိုလို့လဲ” ဇာတ်လမ်း
ဘားလေးတစ်ခုက ခြေတဖက်ပြတ်နေတဲ့ အဆိုတော်လေး တစ်ယောက်နဲ့ အသည်းကွဲနေတဲ့ ရုပ်ရှင် မင်းသမီးတို့ အမှတ်မထင် တွေ့ဆုံခဲ့တဲ့ ဇာတ်လမ်း။
မသန်စွမ်းတွေမှာကော မျိုးဆက်ပွား ကျန်းမာရေးအတွက် ဘယ်လို အခွင့်အရေးတွေ ရှိသင့်ပါသလဲ။
သာမန် လူနေမှု ဘဝတွေမှာ သူတို့အတွက် ဘယ်လို ဖြည့်စည်းမှုတွေ လိုအပ်ပါသလဲ။
မသန်စွမ်းတွေကို သာမာန်လူတွေလို ဆက်ဆံသင့်တယ်ဆိုပေမယ့် တကယ့်လက်တွဲဖော်အဖြစ် ရွေးရမယ်ဆိုရင် ကိုယ်ဆိုရင် ဘယ်လို စဉ်းစားမှာလဲ။
မင်းသမီးက မသန်စွမ်းဖြစ်နေတဲ့ အဆိုတော်လေးကို ရွေးချယ်မှာလား။
ဘာလိုလို့လဲ ဇာတ်လမ်းတွဲက
ဘာလိုလို့လဲ ဇာတ်လမ်းတိုလေးပါ။
နောက်ဇာတ်လမ်းတွဲ မတင်ဆက်နိုင်မီ အထိတော့ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံး ဇာတ်လမ်းလေး ဖြစ်ပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။
အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
https://www.youtube.com/watch?v=7U9rjcnfWA4

သာမန် လူနေမှု…

👍9🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၁၆ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/TAaPkCqDgfw?si=LJ7CRNAo2PhWlP0Q

#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍11😁1