တနင်္သာရီခြေစိုက် ခမရ(၅၆၁)မှ စစ်ကောင်စီတပ်သား လက်နက်နှင့်အတူ CDM ပြုလုပ်
======================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သားတဦး လက်နက်နှင့်အတူ CDM ပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ ခိုလှုံလာကြောင်း သိရသည်။
CDM ပြုလုပ်လာသော စစ်ကောင်စီတပ်သား အောင်ဇော်မင်း(ကိုယ်ပိုင်အမှတ် တ/၁၃၁---)သည် MA3 တလက်၊ ကျည်တောင့် ၃၀ ပါ ကျည်ဘောက်သုံးခု ၊ ၅.၅၆ ကျည် ၁၀၀ တောင့်ဖြင့် ခမရ(၅၆၁) မှ စက် တင်ဘာလ ၁၃ ရက်နေ့ကထွက်ပြေးလာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အဆင့်ဆင့်ထံ ဆက်သွယ်ပြီး လာရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရ သည်။
“လွတ်မြောက်နယ်မြေထဲမှာ သူ့ဆန္ဒအတိုင်း တော်လှန်ရေးမှာ ဆက်ပြီးပါဝင်သွားမယ်လို့တော့ ပြော တယ်။ စစ်ကောင်စီတပ်က တပ်ရဲ့ ကျင့်ဝတ် ၆၀ နဲ့ မညီတော့သလို တပ်ထဲမှာလည်း အထက်အောက် ခွဲ ခြားမှုများတာကြောင့် နောက်ပြီး အများပြည်သူပစ္စည်းတွေကို ခိုးယူခိုင်းတာကြောင့် အဲဒါတွေမကြိုက်လို့ ထွက်လာခဲ့တယ်ပြောတယ်”ဟု တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စတား ကပြောသည်။
လက်ရှိတွင် လာရောက်အပ်နှံထားသည့် လက်နက်ခဲယမ်းများကို တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့တာဝန်ခံမှ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း စစ်တပ်မှအာဏာသိမ်းပြီးနောက် CDM ဝင်ရောက်လာသည့် စစ်ကောင်စီတပ် သား ၃၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦး၊ စုစုပေါင်း ၈၄ ဦး ရှိပြီးဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။စောဖေ
#တနင်္သာရီမြို့နယ်
#CDMစစ်သား
#ခမရ(၅၆၁)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍14😁2👏1
ခါချဉ်တောင်ဂိတ်စခန်းကို ပြန်လည်သိမ်းယူရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ
======================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ခါချဥ်တောင်ဂိတ်စခန်းကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုရှိသည်ဟု PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ဖောကားနှစ်စီးဖြင့် အင်အား ၆၀ ခန့်တင်ဆောင်ကာ ခါချဉ်တောင်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို PDF တပ်ဖွဲ့က ဥတလုံးတောင်ပေါ်မှ စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စက်သေနတ်များ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးမှတက်လာသည့် ဖောကားအပြာ လက်နက်ကြီးကျည်ထိမှန်၍ ကားရပ်သွားကြောင်း ၎င်းကဆိုသည်။
“ကားမောင်းသူ အပါအဝင် ရှေ့ခန်းကလူတွေရော၊ ကားပေါ်မှာပါ စစ်ကောင်စီတပ်သားတွေ လဲကျသွားတာကို ကျွန်တော်တို့ရဲဘော်တွေမြင်ပါတယ်။ သေဆုံး ငါးဦးရှိတယ်။ ကျန်သူတွေလည်းထိခိုက်ကြပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ လက်နက်ကောက်ဖို့အတွက် အခြေအနေစောင့်နေသေးတယ်။ ဒါပေမဲ့ သူတို့ဘက်က စစ်ကြောင်းထပ်တက်လာလို့ ကျွန်တော်တို့တပ်ပြန်ဆုတ်ခဲ့ပါတယ်” ဟု ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
အပြန်အလှန် ပစ်ခတ်ချိန် တနာရီခန့်ကြာမြင့်ခဲ့ပြီး နောက်မှပါလာသည့် ဖောကားအနီပေါ်မှ ၈၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ စစ်ကောင်စီတပ်သားများအား နာရေးကူညီမှုပရဟိတအသင်းများက နေ့တွင်းချင်း ကားဖြင့်လာရောက်ခေါ်ဆောင်သွားကြောင်း ထို့နောက် လက်ပံတန်းမြို့ဆေးရုံသို့ပို့ဆောင်ကုသနေသည်ဟု သတင်းရရှိကြောင်း ၎င်းက ပြောသည်။
"နာကူအသင်းကားရယ် ၊ လိုက်ထရပ်တစီးရယ်နဲ့ လူနာတွေကို လာသယ်တယ်။ ပျက်သွားတဲ့ကားကို ဖောကားတစီးနဲ့ပြန်ဆွဲသွားတယ်" ဟု ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။
ခါချဉ်တောင်သစ်တောဂိတ်စခန်းသည် မင်းလှမြို့နှင့်−မြို့ချောင်းမြို့သို့ ပဲခူးရိုးမအား ဖြတ်ကျော်ဖောက်လုပ်ထားသည့် ရိုးမဖြတ်ကျော်လမ်းပေါ်တွင် တည်ရှိသည်။
"မနေ့က ညကတော့ ရှူခင်းသာဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ပြီး ပြန်တက်ဖို့တော့လုပ်နေတယ်။ ဒါပေမယ့် တက်မလာရဲသေးတော့ ဒီမနက်အထိ ခါချဉ်တောင်စခန်းကို သူတို့ပြန်ရောက်မလာသေးဘူး" ဟု တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ရှိသူမှ စက်တင်ဘာ ၁၇ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) တပ်ခွဲ (၂)၊ တပ်ခွဲ (၃)၊ တပ်ခွဲ (၅) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ခါချဉ်တောင်သစ်တောဂိတ်စခန်းကို စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းက PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းရှိ စစ်ကောင်စီတပ်သားများ၊ ရဲနှင့် သစ်တောဝန်ထမ်းများ ထွက်ပြေးသွားခဲ့ကြသည်။ ထို့နောက် အဆိုပါ စခန်းအား PDF တပ်ဖွဲ့ဘက်မှ မီးရှို့ဖျက်ဆီးခဲ့ကြသည်။
တိုက်ခိုက်ခံရပြီးနောက် ငါးရက်ခန့်အကြာ စက်တင်ဘာ ၁၄ ရက်နေ့နှင့် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတို့တွင် စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းပြန်ထိုးလာသောကြောင့် PDF တပ်ခွဲ (၅) မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ပြန်ဆုတ်ခွာသွားခဲ့သေးကြောင်း သိရသည်။
အဆိုပါ သစ်တောဂိတ်စခန်းသည် ပဲခူးရိုးမအတွင်းမှ တရားမဝင်သစ်ခိုးထုတ်နေသည့် သစ်ကားများ ဆိုင်ကယ်များကို ငွေကြေးကောက်ခံနေသည့်ဂိတ်ဖြစ်ကြောင်းနှင့် အဆိုပါဂိတ်တွင် စစ်ကောင်စီတပ်သား အင်အား ၂၀ခန့်၊ ရဲနှင့် သစ်တောဝန်ထမ်းအချို့ အထိုင်ချလေ့ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ပုံအညွှန်း- PDF တပ်ရင်း (၃၈၀၂) တပ်ဖွဲ့ဝင်များ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေစဥ် ( ဓာတ်ပုံ-ပေးပိုံ )
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ခါချဥ်တောင်သစ်တောဂိတ်စခန်း
#မင်းလှမြို့နယ်

👍16👏6🔥1
စစ်ကိုင်းမြို့နယ် မြင်းဆည်ကျေးရွာတွင် အရပ်သား ၄ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်
===================
007
(မဇ္ဈိမ)။ ။စစ်ကိုင်းမြို့နယ် မြင်းဆည်ကျေးရွာတွင် အရပ်သားလေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက အင်အား ၂၀ ကျော်ရှိသော စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့ နယ် မြင်းဆည်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဥ် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးကြရာမှ ရွာလယ်ပိုင်း၌ စစ်ကြောင်းနှင့်တည့်တည့်တိုးမိသည့် ကိုသိန်းဇော်၊ ကိုဇော်မင်း၊ ကိုတေဇာဦးနှင့် ကိုကျော် ထွန်းနိုင်တို့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ရွာထဲကို စစ်ကြောင်းဝင်လာလို့ ထွက်ပြေးကြရင်း သူတို့လေးယောက်က စစ်ကြောင်းနဲ့တည့်တည့်တိုးပြီး ပစ်သတ်ခံလိုက်ရတာ။ လေးယောက်လုံး မြင်းဆည်ရွာသားတွေပါ၊ အသက် ၃၀ ဝန်းကျင်အရွယ် အရပ် သားတွေပါ” ဟု ဖြစ်စဥ်ကိုသိရှိသည့် အမည်မဖော်လိုသူ ဒေသခံ စစ်ဘေးရှောင်တဦးက ပြောသည်။
“သလွန်ဖြူရွာမှာ ဒုရဲအုပ်လင်မယား အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဲဒီရွာအနီးတဝိုက်ရော၊ ဒီဘက် ရွာတွေ (သုံးလင့်၊ မြင်းဆည် စသည့် စစ်ကိုင်းအနောက်ပိုင်းကျေးရွာများ)ကိုရော စကစတွေ နေ့တိုင်းမွှေ နေတယ်။ အငြိုးတကြီးနဲ့ကိုမွှေတာ။ လူတွေ့ရင်လူဖမ်းတယ်၊ တိရစ္ဆာန်တွေ့ရင် ဖမ်းပြီးယူတယ်၊ ပစ္စည်း ဥစ္စာမှန်သမျှ အကုန်သယ်တယ်၊ ဒီနေ့အထိ အရပ်သား ၄၀ ကျော်အဖမ်းခံထားရတယ်။ သူတို့နဲ့ တည့်တည့် တိုးတိုးလို့ ပစ်သတ်ခံရတာ လေးယောက်သေတယ်” ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသည့် စစ်ကိုင်းမြို့ခံ သတင်းရင်းမြစ်က ပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့က စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)၌ တာဝန်ကျနေသည့် ဒုရဲအုပ်နှင့်ဇနီး မိဘဆွေမျိုးများထံ အလည်လာပြီးအပြန်တွင် အမည်မသိ သေနတ်သမားနှစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းအခြေစိုက် တပ်မ(၃၃)မှ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ သည် သလွန်ဖြူကျေးရွာနှင့်အနီးဝန်းကျင်အားလည်းကောင်း၊ သုံးလင့်၊ ကင်းတော်၊ ကိုင်းပြင်၊ လယ်ပါယ် တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာကျေ စသည့်စစ်ကိုင်းအနောက်ဘက်ကျေးရွာများအားလည်းကောင်း၊ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စက်တင်ဘာလ ၁၄ ရက်နေ့မှစပြီး နေ့စဥ် စစ်ကြောင်းထိုးဝင်ရောက်နေ ခြင်းဖြစ်ကြောင်းသိရသည်။
ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းတခုသည် စစ်ကိုင်းမြို့ ငါးထပ် ကြီးဘုရားအနီးရှိ ရွှေဘုံသာကျောင်း၊ ညောင်ကုန်းကျေးရွာနှင့် သလွန်ဖြူကျေးရွာတို့၌ တပ်စခန်းချထား ပြီး စစ်ကိုင်းအနောက်ဘက်ကျေးရွာများအား ထွက်ပေါက်မရှိအောင် ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း လည်း သိရသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းမြို့နယ်
#တပ်မ(၃၃)
#စစ်ကောင်စီစစ်ကြောင်း
#အရပ်သား

🤬12😢4👍2❤1🥰1
မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ၄ ဦးနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်
=====================
KMN
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စက်တင်ဘာလ ၁ ရက်မှ ၁၇ ရက်နေ့အထိ အရပ်သားလေးဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်မ(၁၀၁)လက်အောက်ခံစစ်ကြောင်းက သတ်ဖြတ်ခဲ့ ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ Myaing Intelligence Group (MIG)က မဇ္ဈိမကို ပြောကြားသည်။
သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားလေးဦးမှာ မြိုင်မြို့နယ် ဆားလင်းကန်၊ ကံကြီးရိုး၊ သရက်ကန်နှင့် ထန်း ငယ်တောကျေးရွာများမှ အမျိုးသားများဖြစ်ပြီး စက်တင်ဘာ ၅ ရက်မှ ၁၆ ရက်နေ့အတွင်း စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့အားလုံးကို မြိုင်မြို့နယ်ထဲက ပျူရွာနဲ့ စစ်ကောင်စီစခန်းတွေကို ရိက္ခာပို့ဖို့ ကား ၁၅ စီးနဲ့ထွက်လာ တဲ့ စစ်ကောင်စီတပ်မ (၁၀၁) စစ်ကြောင်းက သတ်သွားတာ” ဟု MIG အဖွဲ့ဝင် ကိုမိုးမှောင်က ပြောသည်။
ကျဆုံးခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးမှာ ကန်ကြီးရိုးကျေးရွာတွင် စက်တင်ဘာလ ၁ဝ ရက်နေ့ နံနက်အစောပိုင်းက သတ်ဖြတ်ခံလိုက်ရသည့် ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်းမြွေနှင့် စက် တင်ဘာလ ၁၄ ရက်နေ့က မြို့စိုးဒေသတွင် သတ်ဖြတ်ခံလိုက်ရသည့် မြိုင်ပကဖလက်အောက်ခံ သံမဏိ လိပ်ပြာတပ်ခွဲမှ ရဲဘော် ချမ်းမြေ့အောင်(ခ)ကျောက်ခဲတို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်မ(၁၀၁)စစ်ကြောင်းသည် သြဂုတ်လ ၂၉ ရက်နေ့ဝန်းကျင်တွင် မြိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ကန်နီပျူရွာ၊ ဝက်ပုတ်ပျူရွာနှင့် မြိုင်မြို့သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းကြောင့် ယနေ့ စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းအထိ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာခုနစ်ရွာဝန်းကျင်မှ ဒေသခံ ၂,ဝဝဝ ခန့် တိမ်းရှောင်နေရကြောင်း မြိုင်မြို့နယ်စစ်ကြောင်းသတင်း များအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပုံအညွှန်း - မြိုင်မြို့နယ် တနေရာတွင် တိုက်ခိုက်ခံရသော စစ်ကောင်စီ ရိက္ခာတင်ကား(ပုံဟာင်း) (Photo - mygtroopnews)
စာတည်း။ ။စောဖေ
#မကွေးတိုင်း
#မြိုင်မြို့နယ်
#တပ်မ(၁၀၁)

😢10👍6❤3🤬3👎1
“ငါတို့သံအမတ် ငါတို့အသံ” ဆိုသည့် ကျေးရွာပေါင်းစုံ သပိတ်
===================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည်။
လူထုသပိတ်စစ်ကြောင်းသည် ငါတို့သံမတ် ၊ ငါတို့အသံ Our Ambassador – Our Voice ဆိုသည့် စာတမ်း ကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကာ ကျဆုံးအာဇာနည်များကို ဦးညွှတ်အလေးပြုခဲ့ ကြောင်း သိရသည်။
ပြည်သူ့အစိုးရ NUG နှင့် အမတ်ကြီးဦးကျော်မိုးထွန်း တရားဝင်မှုအရေးတိုက်ပွဲကို ပြည်သူအားလုံး အတူ တကွ ဝိုင်းဝန်းတိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။
ယင်းမာပင်မြို့နယ်နှင့် ဆာလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၉ ရက် မြောက် ချီတက်ခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး

👍24❤4🤮2👏1
Media is too big
VIEW IN TELEGRAM
လိုတာထက်ပိုပြီး အချစ်ခံချင်တာ
Watch more detail - https://youtu.be/hQ7bLOZWOZQ
#အချစ်ခံချင်တဲ့စိတ် #ဒေါက်တာဖြိုးသီဟ #reels #shorts

👍6🔥2👏1😁1
တရုတ်သမ္မတ၏ ကြိုးပမ်းမှု မအောင်မြင်ခြင်းကြောင့် အကျင့်ပျက်ခြစားမှုများ ဆက်လက်ဖြစ်ပေါ်နေ
===================
တရုတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် စစ်ဘက်ဆိုင်ရာဝယ်ယူမှုများကို မကြာသေးမီက စုံစမ်း စစ်ဆေးမှုများ က အကျင့်ပျက်ခြစားမှုများဆက်လက်ဖြစ်ပွားနေကြောင်း ညွှန်ပြနေပြီး သမ္မတရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု မအောင်မြင်ကြောင်းကိုလည်း ဖော်ပြနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
တရုတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် စစ်ဘက်ဆိုင်ရာဝယ်ယူမှုများကို မကြာသေးမီက စုံစမ်း စစ်ဆေးမှုများ က အကျင့်ပျက်ခြစားမှုများဆက်လက်ဖြစ်ပွားနေကြောင်း ညွှန်ပြနေပြီး သမ္မတရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု မအောင်မြင်ကြောင်းကိုလည်း ဖော်ပြနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11❤2👎2🔥1
မလေးရှားဝန်ကြီးချုပ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မရေမရာ ဖြစ်လာ
======================
မလေးရှားတွင် အကျင့်ပျက်ခြစားမှု အမှုကိစ္စများကို ရုပ်သိမ်းမှုများ ရှိခဲ့သည် ဖြစ်ရာ ယင်းသည် အဂတိလိုက်စားမှုကို တိုက်ဖျက်မည်ဆိုသည့် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ကတိပြုထားမှုအပေါ် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
မလေးရှားတွင် အကျင့်ပျက်ခြစားမှု အမှုကိစ္စများကို ရုပ်သိမ်းမှုများ ရှိခဲ့သည် ဖြစ်ရာ ယင်းသည် အဂတိလိုက်စားမှုကို တိုက်ဖျက်မည်ဆိုသည့် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ကတိပြုထားမှုအပေါ် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍2🔥1
လိုတာထက်ပိုပြီး အချစ်ခံချင်တာ| ကျန်းမာသုတ လူမှုဘဝ Episode - 33
=====================
လူတိုင်းကတော့ အချစ်ခံချင်ကြတာ သဘာ၀ပါပဲ။ ဒါပေမယ့် တစ်ချို့ကတော့ ချစ်သူခင်သူနဲ့ဖြစ်ဖြစ် မိသားစုမှာဖြစ်ဖြစ် တခြားသူတွေထက်ပိုပြီး အချစ်ခံချင်တာကိုလည်း တွေ့ရပါတယ်။
အချစ်ခံချင်တဲ့စိတ် သိပ်ပြင်းထန်နေရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာလား။
ဘယ်လို နောက်ဆက်တွဲ ပြသနာတွေ ကြုံရနိုင်လဲ။
အဆင်ပြေကောင်းမွန်တဲ့ အခြေအနေမျိုးရအောင် ဘယ်လို နေထိုင်သင့်လဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။
https://youtu.be/hQ7bLOZWOZQ?si=eKdBBaDmftKL1ISg
#ဒေါက်တာဖြိုးသီဟ
#Mizzima
#ကျန်းမာသုတလူမှုဘဝ
#အချစ်ခံချင်တဲ့စိတ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
လိုတာထက်ပိုပြီး အချစ်ခံချင်တာ| ကျန်းမာသုတ လူမှုဘဝ Episode - 33
လူတိုင်းကတော့ အချစ်ခံချင်ကြတာ သဘာ၀ပါပဲ။ ဒါပေမယ့် တစ်ချို့ကတော့ ချစ်သူခင်သူနဲ့ဖြစ်ဖြစ် မိသားစုမှာဖြစ်ဖြစ် တခြားသူတွေထက်ပိုပြီး အချစ်ခံချင်တာကိုလည်း တွေ့ရပါတယ်။
အချစ်ခံချင်တဲ့စိတ် သိပ်ပြင်းထန်နေရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာလား။
ဘယ်လို နောက်ဆက်တွဲ ပြသနာတွေ ကြုံရနိုင်လဲ။…

🔥4
UN rights expert urges stronger US action on Myanmar crisis #UN #Myanmar_crisis
========================
https://youtu.be/k4e99mfiwt4?si=OHmiAa1bbnfzlJ5m

Youtube
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
🔥2
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဒေသခံ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
🤬6😢3🔥1😁1
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဒေသခံ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
===================
YT
(မဇ္ဈိမ)။ ။KNUတပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာသို့ စစ်ကောင်စီ တပ်စစ်ကြောင်းထိုးဝင်ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ရေးအခြေအနေတင်းမာမှုတို့ကြောင့် ဒေသခံ ၁၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒူးပလာယာခရိုင်၏ထုတ်ပြန်ချက်နှင့် စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့က တံခွန်တိုင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် တပ်မ(၄၄) လက်အောက်ခံ ခလရ(၂)၊ အမြောက်တပ် (၃၁၈)၊ ကရင်နယ်ခြားစောင့်တပ်(BGF) (၁၀၂၁)နှင့် BGF တပ် နယ်(၃)တို့ပါဝင်သော အင်အား ၁၀၀ ဝန်းကျင်ခန့်စစ်ကြောင်းနှင့် တပ်မဟာ(၆) ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“၁၄ ရက်နေ့က ထိတွေ့တိုက်ပွဲစဖြစ်တာပါ။ နဂါးနီစစ်ကြောင်းနဲ့ KNU ပူးပေါင်းအဖွဲ့တွေပါ ပါတယ်။ စကစဘက်မှာ မြေပြင်စစ်ကြောင်းရော လက်နက်ကြီးအကူရော နောက်ပြီး Mi35 တိုက်ခိုက်ရေးရဟတ် ယာဥ်ပါသုံးတယ်။ မနေ့ကတော့ စကစဘက်က လက်နက်ကြီးနဲ့ခြောက်ပစ် ပစ်တာမျိုးတော့ကြားမိ တယ်။ ဒီနေ့တော့ ပစ်ခတ်တာမရှိဘူး တိုက်ပွဲအခြေနေ ငြိမ်နေတယ်” ဟု တပ်မဟာ(၆) KNLA သတင်း ရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Mi35 ရဟတ်ယာဉ်တစင်းဖြင့် လေကြောင်းမှတိုက်ခိုက်ခြင်း၊ အမြောက်တပ်(၃၁၈)မှ ၁၂၂ မမ အမျိုးအစားလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများကြောင့် ကျေးရွာ စာသင်ကျောင်းနှင့် ဒေသခံများ၏နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း ဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် BGF မှ အထိအခိုက်၊ အကျအဆုံးများအားအတည်ပြုနေဆဲဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင် နဂါးနီစစ်ကြောင်းမှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၅ ရက်နေ့တွင် BGF တပ်နယ်(၃)မှ စစ်အင်အား ၁၀၀ ခန့် ထပ်မံတိုးချဲ့ထားပြီး လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။
စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုတို့ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ ပြီး KNU ၏ စက်တင်ဘာလ ၁၄ ရက်နေ့ စာရင်းပြုစုချက်အရ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“ရဟတ်ယာဥ်နဲ့တိုက်ခိုက်မှုကြောင့် နေအိမ်တချို့ ပျက်စီးဆုံးရှုံးတာရှိသလို စစ်ဘေးရှောင်ရတဲ့ ပြည်သူ အများအပြားရှိပါတယ်။ ခလယ်တံခွန်တိုင်အနီးနားရွာတွေပါ ပါတယ်ဗျ” ဟု KNLA သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
စစ်ရေးတင်းမာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာများမှာ ခလယ်တံခွန်တိုင်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဘုရားငါးဆူ၊ ခလယ်ရွာလေး၊ ခလယ်ရွာကြီး၊ နောင်းဒေ့၊ မြို့ဟောင်း၊ ပုလိန်ကျေးရွာ များအပါအဝင် အနီးအနားကျေးရွာများဖြစ်ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် လက်ရှိတွင် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စာတည်း။ ။စောဖေ
#KNUတပ်မဟာ(၆)
#ကြာအင်းဆိပ်ကြီးမြို့နယ်
#စစ်ရေးတင်းမာ
#စစ်ဘေးရှောင်

Facebook
#knuတပ်မဟာ – Explore
explore #knuတပ်မဟာ at Facebook
👍12😁2🔥1🤬1
စက်တင်ဘာလ (၁၇) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
နမ်ဆန်ယန်နားက စစ်ကောင်စီတပ် စစ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်တဲ့သတင်း
ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတဲ့အကြောင်း
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေ၊ အပတ်စဉ်ကဏ္ဏအဖြစ် “Cele City” အစီအစဉ်၊ "Media Literacy”အကြောင်း
BNI ရေဒီယိုအစီအစဉ်တို့ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/2HXl61rE8kE?si=iaTTfTBwdKCqGKa-
#Mizzimaradio
#Eveningradio

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့…

👍8😁2🔥1
ဧရာဝတီတိုင်းတွင် စားသောက်ဆိုင်များအား မြန်မာဘီယာရောင်းချရန် စစ်ကောင်စီ ဖိအားပေး
======================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်းအတွင်းရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များနှင့် ဘားများအား မြန်မာဘီယာ ရောင်းချရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖိအားပေးနေကြောင်း စားသောက်ဆိုင်ပိုင်ရှင်များထံမှ သိရသည်။
“တခြားဆိုင်တွေကို ဘယ်လိုပြောလဲတော့မသိဘူး။ ကျွန်တော့်ဆိုင်ကိုလာပြောတာတော့ မြန်မာဘီယာ ဘာလို့မတင်တာလဲ၊ တင်မရောင်းရင် လိုင်စင်သိမ်းမယ်ဆိုပြီး ပြောသွားတယ်။ အဲဒါကြောင့် ရောင်းတော့ မရောင်းဘူး မြန်မာဘီယာတင်ထားတယ်ဆိုတဲ့ပုံစံတော့ ပြထားရတယ်”ဟု ပုသိမ်ခရိုင်အတွင်းရှိ စား သောက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည့် ပုသိမ်၊ မအူပင်၊ ရေကြည်၊ ဖျာပုံ၊ ငွေဆောင်၊ ကျောင်းကုန်း၊ ငပုတော စသည့်မြို့နယ်များ၌ စစ်တပ်ထုတ်ကုန်များရောင်းချပေးရန် ဆိုင်ရှင်များအား လိုက်လံဖိအားပေးနေသည် ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းအတွင်း စားသောက်ဆိုင်၊ အရက်ဆိုင်နှင့် ဘားများအား လိုက် လံစစ်ဆေးမှုများပြုလုပ်သည်ဟု ပုသိမ်ခရိုင်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်တဦးကပြောသည်။
၎င်းတို့လိုက်လံစစ်ဆေးသည့်ဆိုင်များ၌ မြန်မာဘီယာရောင်းချမှုမရှိပါက မဖြစ်မနေရောင်းချရန် ဖိအား ပေးနေသည်ဟု ဆိုသည်။
စက်တင်ဘာလ ဒုတိယပတ်အတွင်းက မအူပင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား မြန်မာဘီယာ မဖြစ်မနေရောင်းချရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖိအားပေးမှုများရှိသည်ဟု မအူပင်မြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း ဧရာဝတီတိုင်းအတွင်းရှိ စားသောက်ဆိုင်များအား မြန်မာဘီယာရောင်းချရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖိအားပေးမှုများ နှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု စားသောက်ဆိုင် ပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။
“ရောင်းတာတော့ မရောင်းချင်ဘူး။ ဒါပေမဲ့ ခဏခဏလာစစ်နေတော့ ဆိုင်မှာမြန်မာဘီယာတင်ပေး ထား ရတယ်”ဟု ရေကြည်မြို့နယ်အတွင်းမှ စားသောက်ဆိုင်ပိုင်ရှင်တဦးကလည်း ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်မြန်မာဘီယာရောင်းချပြီး စစ်ကောင်စီကို အလုပ်အကျွေး မပြုရန် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားကြသည်။
ယင်းပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ထုတ်ကုန်မှန်သမျှကို အသုံးမပြုခြင်းဖြင့် တော်လှန်ရေး အင်အားစုများအား ကူညီပေးကြရန်လည်း အသိပေးနှိုးဆော်မှုများ ပြုလုပ်ထားကြသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ဧရာဝတီတိုင်း
#စစ်တပ်ထုတ်ကုန်
#စစ်ကောင်စီ
ပုံအညွှန်း-စစ်တပ်ထုတ်ကုန်များကို အသုံးမပြုရန် သပိတ်မှောက်ထားစဥ်။

👍10😁5🔥1
ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးအတွက် ဆွေးနွေးစရာများ | Common Ground- Episode (7)
=====================
ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။
https://youtu.be/6V7aVVhxPXY?si=uzQZv_24HO8IW002
#commonground
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။
https://youtu.be/6V7aVVhxPXY?si=uzQZv_24HO8IW002
#commonground
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးအတွက် ဆွေးနွေးစရာများ | Common Ground- Episode (7)
ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။
#commonground
#mizzimatv
-------------…
#commonground
#mizzimatv
-------------…
👍8😁3❤1