Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကိုင်းအနောက်ပိုင်းကျေးရွာများအား စစ်ကောင်စီတပ်က ဆက်လက်ပိတ်ဆို့ထား၊ ၃ ရက်အတွင်း အရပ်သား ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ဟုဆို
🤬11🔥2😢2
စစ်ကိုင်းအနောက်ပိုင်းကျေးရွာများအား စစ်ကောင်စီတပ်က ဆက်လက်ပိတ်ဆို့ထား၊ ၃ ရက်အတွင်း အရပ်သား ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ဟုဆို
=========================

007
(မဇ္ဈိမ)။ ။စစ်ကိုင်းမြို့အနောက်ဘက် ငါးထပ်ကြီးဘုရားအနီးရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများအား စစ်ကောင်စီတပ်က ဆက်လက်ပိတ်ဆို့ထားပြီး နေအိမ်များအတွင်းသို့ ဝင်ရောက်ရှာဖွေ နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် အဆိုပါကျေးရွာများမှ အရပ်သား ၄၀ ကျော် ဖမ်းဆီးခံထားရပြီး ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းအထိ သတ်ဖြတ်ခံခဲ့ရသူ ၁၀ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက ပြောသည်။

“ငါးထပ်ကြီးဘုရားအနောက်ဘက်က ကျောင်းထဲမှာတပ်စွဲပြီး အဲဒီအနီးအနားက ရပ်ကွက်တွေကို အဝင် အထွက် ပိတ်ထားတယ်၊ အခုညနေပိုင်းအထိ ပိတ်ထားတုန်းပဲ။ အထဲကလူလည်း အပြင်ထွက်မရဘူး အပြင်ကလူလည်း အထဲဝင်မရတော့ဘူး။ ရွာတွေဘက်မှာတော့ အရင်ရက်ကတည်းက ထွက်ပြေးနိုင်သူ တွေလွတ်ပြီး ထွက်မပြေးနိုင်သူတွေတော့ ပိတ်မိနေတယ်” ဟု စစ်ကိုင်းဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ငါးထပ်ကြီးဘုရားအနီးရှိ ရွှေဘုံသာကျောင်းဝင်းအတွင်း တပ်စွဲထားပြီး အနီးဝန်း ကျင် ရပ်ကွက်များနှင့် သလွန်ဖြူ၊ ညောင်ကုန်း၊ သပြူး၊ နေပူကုန်း၊ တဲကြီး၊ သပြေပင် စသည့် မြစ်ကမ်း ဘေးကျေးရွာများအား ယနေ့ညနေပိုင်းအထိဆက်လက်ပိတ်ဆို့ထားပြီး နေအိမ်များအား ၎င်းတို့စိတ်တိုင်း ကျ စီးနင်းရှာဖွေနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ယနေ့မွန်းလွဲပိုင်းတွင် တဲကြီးကျေးရွာကိုဝင်ရောက်စီးနင်းပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ကာ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် PDF နှစ်ဦးကို ပစ်သတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်းဖော်ပြနေကြသော်လည်း ဒေသခံများကမူ PDF မဟုတ်ကြောင်း ငြင်းဆိုကြသည်။

“PDF တွေဘယ်မှာရှိလဲ မင်းတို့မသိဘူးလားဆိုပြီး ပစ်သတ်သွားတာ။ အဲဒီနှစ်ယောက်ကိုလည်း PDF လို့ စွပ်စွဲထားတယ်၊ လက်နက်တွေနဲ့မိတယ် ဘာညာပေါ့” ဟု စစ်ကိုင်းမြို့ခံသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းရန်ကို ကြောက်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၃,၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က စစ်ကိုင်းမြို့နယ် သလွန်ဖြူကျေးရွာတွင် ဒုရဲအုပ်နှင့် ဇနီး အသတ်ခံရပြီး နောက် စက်တင်ဘာလ ၁၄ ရက်နေ့မှစကာ စစ်ကိုင်းအခြေစိုက် တပ်မ(၃၃)မှ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် သလွန်ဖြူကျေးရွာနှင့် စစ်ကိုင်းအနောက်ဘက်ကျေးရွာများအား စစ်ကြောင်းနှစ် ကြောင်းခွဲကာ နေ့စဉ်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ပုံစာ- စစ်ကိုင်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ (Photo - Yan Pai)
စာတည်း။ ။စောဖေ

#စစ်ကိုင်းမြို့နယ်
#တပ်မ(၃၃)
#စစ်ကောင်စီစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍11❤3😢3🔥1
​​ကသာမြို့နယ် တုတ်ကြီးရွာကို စစ်ကောင်စီတပ် စီးနင်းပြီး အရပ်သား ၄ ဦးကို သတ်ဖြတ်မီးရှို့သွားဟုဆို
==================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရသည့် စစ်ကောင်စီရေယာဥ်အုပ်စုက မြစ်ကမ်းဘေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူလေးဦးကို သတ်ဖြတ်ကာ နေအိမ် ၃၇လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

ဧရာ၀တီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဥ်သုံးစင်းသည် စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ကသာမြို့သို့ ရောက်ရှိလာစဥ် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့‌ခြင်းဟု သိရသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က မြစ်ကမ်းဘေးကျေးရွာဖြစ်သည့် တုတ်ကြီးကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံလေးဦးကို သတ်ဖြတ်သွားသည်ဟု ကသာမြို့နယ်၊ မိုးတားလေးတိုက်နယ်ပကဖတာ၀န်ရှိသူတဦးက မဇ္စျိမကိုပြောသည်။
၎င်းက " လောလောဆယ် လေးယောက်သတ်ဖြတ်ခံရပါတယ်။ သေဆုံးသူတွေက အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားတွေပါ"ဟု ယနေ့ စက်တင်ဘာလ ၁၈ရက် ညနေ ၆နာရီခန့်တွင် ပြောသည်။

သတ်ဖြတ်ခံရသူ လေးဦးအနက် ကိုရဲမောင်မောင်နှင့် ကိုကိုက်ကိုက်ကိုသာ အတည်ပြုနိုင်ပြီး ကျန်နှစ်ဦး၏ ရုပ်‌အလောင်းသည် ပျက်စီးနေ၍ မသိရသေးဟု ဆိုသည်။စစ်ကောင်စီတပ်သည် တုတ်ကြီးရွာမှ နေအိမ် ၃၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုသည် စားနပ်ရိက္ခာနှင့် လက်နက်များသယ်ဆောင်ကာ မန္တလေးမြို့ ဂေါ၀န်ဆိပ်ကမ်းမှ စက်တင်ဘာလဆန်းတွင် ထွက်ခွာလာခြင်း ဖြစ်သည်။ထိုစစ်‌ရေယာဉ်အုပ်စုကို သပိတ်ကျဉ်းနှင့် ကျောင်းမြောင်းမြို့ကြားတွင် တကြိမ်၊ ကသာမြို့တွင် တကြိမ် ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခဲ့‌သည်ဟုသိရသည်။ စစ်ကောင်စီဘက်မှထိခိုက်မှုများကိုမသိရှိရသေးပေ။ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကသာမြို့မှတဆင့် ကချင်ပြည်နယ် ရွှေကူနှင့် ဗန်းမော်မြို့သို့ ဦးတည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

စာတည်း - အေးချမ်း

#mizzima
#ကသာမြို့နယ်
#စစ်ကောင်စီရေယာဥ်အုပ်စု
#တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬17👍10❤1👎1🔥1
​​ရန်ကုန်ကို အဓိကဦးတည်မည့် မြို့ပြအထူးစစ်ဆင်ရေးစတင်တော့မည်ဟု ပြောက်ကျားအဖွဲ့ သတိပေး
=================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်အပါအဝင် မြို့ကြီးများမှ စစ်ကောင်စီပစ်မှတ်များအား တိုက်ခိုက်မည့် မြို့ပြအထူးစစ်ဆင်ရေးစတင်တော့မည်ဟု Urban Special Operation(U.S.O) က ထုတ်ပြန်သည်။
Urban Special Operation(U.S.O) အမည်ဖြင့် မြို့ပြစစ်ဆင်ရေး ပြုလုပ်မည်ဟု ၎င်းတို့၏ တယ်လီဂရန်ချန်နယ်မှတဆင့် စက်တင်ဘာလ ၁၅ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

"တော်လှန်ရေးအချိန် သုံးနှစ်နီးပါးရှိလာပြီဖြစ်တာ‌ကြောင့် အရှိန်မြှင့်တင်ဖို့ လိုအပ်လာသလို စစ်ရေးပစ်မှတ်တွေလည်း ထိထိရောက်ရောက်နဲ့ ပြုလုပ်ဖို့လိုလာပါပြီ" Urban Special Operation (U.S.O)သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။
စစ်ဆင်ရေးအား ရန်ကုန်မြို့တွင် အဓိကဖော်ဆောင်မည်ဖြစ်ပြီး နေပြည်တော်၊ ပဲခူးနှင့် မန္တလေးမြို့မှ မြို့ပြပြောက်ကျားအဖွဲ့များနှင့်လည်း ဆွေးနွေးမှုများလုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။
စစ်ဆင်ရေး‌ဖော်ဆောင်ရန် ပြင်ဆင်ထားမှုအခြေအနေများကို ဖော်ပြတော့မည်မဟုတ်ဘဲ ပြည်သူများက တတ်နိုင်သမျှ ပူးပေါင်းကူညီပေးကြရန် တောင်းဆိုသည်။

"ပြည်သူများအနေနဲ့ လုံလုံခြုံခြုံ ကူညီပေးနိုင်တာဆိုရင်တော့ ရန်သူ့ နဲ့အဝေးမှာနေပါ။ ရန်သူ့စီးပွားရေးနေရာတွေနဲ့ ဝေးဝေးနေပေးခြင်းနဲ့ ကူညီပေးနိုင်ပါတယ်" U.S.O သတင်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

စစ်ဆင်ရေးအားပြုလုပ်ရန် ချိတ်ဆက်ထားသည့်အလှူရှင်များထံမှသာ အလှူငွေလက်ခံသွားမည်ဖြစ်ပြီး ပြင်ပတွင် ထပ်မံကောက်ခံမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။စစ်ဆင်ရေးမစတင်မီ စစ်ကောင်စီနှင့်လက်အောက်ခံအဖွဲဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံရန် U.S.O က တိုက်တွန်းထားသည်။

Urban Special Operation(U.S.O) အမည်ဖြင့် ပြုလုပ်မည့် ယခုစစ်ဆင်ရေးကို ယခင်က ရန်ကုန်မြို့၌ စစ်ကောင်စီပစ်မှတ်များအား တိုက်ခိုက်ခဲ့သည့် မြို့ပြပြောက်ကျားအဖွဲ့များက ပူးပေါင်းဖော်ဆောင်မည်ဟု တော်လှန်ရေးရဲဘော်အချို့ကပြောသည်။

ပုံအညွှန်း - ရန်ကုန်မြို့တနေရာတွင် တွေ့ရှိရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)
ဓာတ်ပုံ - CJ
စာတည်း - အေးချမ်း

#mizzima
#ရန်ကုန်မြို့
#မြို့ပြအထူးစစ်ဆင်ရေး
#U.S.O
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤38👍19👏8😁2👎1
​​The beauty Inside
================

ဒီကားလေးကတော့ 2015 ခုနှစ်က ထွက်ခဲ့တဲ့ ကိုရီးယားနာမည်ကြီး ကားလေး ဖြစ်ပါတယ်

ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဒီကားဟာ သာမန်အချစ်ဇာတ်ကားတွေနဲ့ မတူပါဘူး ဝူဂျင်ဆိုတဲ့ကောင်လေး
ဟာ မနက်အိပ်ယာနိုးတိုင်း မတူညီတဲ့ မျက်နှာ
နဲ့ နိုးထလေ့ရှိပါတယ်
သူ့အသက် ၁၈ နှစ် မွေးနေ့တည်းက ဒီလိုဖြစ်တာပါ ဘာလို့ဖြစ်လဲဆိုတာ ..
သူ ကိုယ်တိုင်လည်း မသိဘူး သူ့မှာ သူငယ်ချင်းလည်း တစ်ယောက်ပဲ ရှိပါတယ် တစ်ရက်မှာတော့ အီဆူးဆိုတဲ့ ကောင်မလေး
ကိုတွေ့ပြီး သဘောကျသွားပါတယ် ...
ဒီလိုနဲ့ သူတို့တွေ ချစ်သူဖြစ်သွားပါတယ် ဒါပေမယ့် ဝူဂျင်ရဲ့အခြေအနေကို အီဆူးက လက်ခံနိုင်ပါ့မလား ဝူဂျင်ကရော အီဆူးနဲ့ နီးစပ်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားလဲဆိုတာ စောင့်ကြည့်လိုက်ပါနော်

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် -
https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၉.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍9🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၁၈ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/AqJ1fk_evns?si=JeN5oxnIFA5NBAvg

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤮1
​​ပင်လယ်ရေကြောင်း ပူးတွဲကင်းလှည့်မှုများတွင် ပါဝင်ရန် ဂျပန်နှင့် ဩစတြေးလျက စိတ်ဝင်စားနေဟု ဖိလစ်ပိုင် ပြော
========================

အနောက်ဖိလစ်ပိုင်ပင်လယ် အနီးဝန်းကျင်တွင် တရုတ်သင်္ဘောများ ပြန်ပေါ်လာသည်ကို တွေ့ရှိပြီးနောက် ပင်လယ်ရေကြောင်း စောင့်ကြည့်ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု ဖိလစ်ပိုင်စစ်တပ်က စက်တင်ဘာ ၁၆ ရက်တွင် ပြောသည်။ ထိုအနောက်ဖိလစ်ပိုင်ပင်လယ်၏ အစိတ်အပိုင်းများကို ဖိလစ်ပိုင်၊ တရုတ်နှင့် အခြားသော အရှေ့တောင်အာရှ နိုင်ငံတချို့က ပိုင်ဆိုင်ကြောင်း ထုတ်ဖော်လျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ စက်တင်ဘာ ၂၀၂၃) 
=====================

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့မှ အချင်းချင်း အဝေမတည့်ဖြစ်ပြီး ပြန်လည်း ဖမ်းဆီးခြင်းများပြုလုပ်ပြီးနောက် စစ်ဗိုလ်ချုပ်များ လှည့်လည်သွားလာသည့် သတင်းများ ဓာတ်ပုံများ ၎င်းတို့ဝါဒဖြန့်ချိရေးသတင်းစာများတွင် မတွေ့ရဘဲ အရပ်ဖက်စစ်ကောင်စီအဖွဲ့များ လျှောက်သွားသည့် ဓာတ်ပုံများ သတင်းများကိုသာဖော်ပြထားသည်ကိုတွေ့ရသည်။ ယင်းကြောင့် စစ်ဗိုလ်ချုပ်များအတွင်း အုပ်စုဖွဲ့အာဏာသိမ်းဇာတ်လမ်း ပြီးသေးဟု ဆိုရဖွယ်ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤮1
စက်တင်ဘာလ (၁၉) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ဧရာဝတီတိုင်းအတွင်းရှိ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေနဲ့ ဘားတွေကို မြန်မာဘီယာ ရောင်းချဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖိအားပေးနေတဲ့သတင်း နဲ့အတူ စစ်ကောင်စီတပ်က မိုးကုတ်တဝိုက် ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပြီး ၃ ရက်မြောက် လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားတဲ့ သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်း သတင်း တွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “ Mizzima Editorial Talk” အစီအစဉ် နားဆင်ရဖို့ရှိပါတယ်။

https://youtu.be/Ww-sdYhfHsE?si=vIMfFT-S-4p9lh4l

#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9❤1
မူဆယ်နှင့် မိုးကုတ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်
👍11🔥1
မူဆယ်နှင့် မိုးကုတ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်
======================

ခိုင်မင်းမြတ်
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် မိုးကုတ်မြို့တို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား စက်တင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း TNLA က တရားဝင် ထုတ်ပြန်လာသည်။

TNLA တပ်မဟာ(၂) စစ်ဒေသ မိုးကုတ်မြို့နယ် အောက်ညောင်ကုန်းရွာအနီး စစ်ကောင်စီတပ်၊ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်းများ ထိုးစစ်ဆင်လာသည့်အတွက် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ထိုအောက်ညောင်ကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး အသေးစိတ် မသိရှိရသေးကြောင်း ဆိုသည်။
ယင်းအပြင် TNLA စစ်ဒေသ (၁) ဖြစ်သည့် တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့နယ်၊ ဟိုပေါ်ရွာအနီးတွင်လည်း စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲမှ ၅ နာရီထိ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

နေရာခြေကုက်ရယူနိုင်ရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တပ်မ(၉၉) ၊ ခမရ (၄၁၉)၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် TNLAတို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်ကောင်စီတပ်သည် လွယ်ကျယ်လောက်တပ်စခန်းမှ ဟိုပေါ်၊ နာထမ်၊ လွယ်ပက်၊ မန်ကန်ရွာအနီးသို့ လက်နက်ကြီးဖြင့် ၆၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မူဆယ် ၁၀၅ မိုင်တပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နမ့်ကတ်ရွာအနီးသို့ လက်နက်ကြီး ခြောက်ကြိမ်ပစ်ခဲ့ကြောင်း TNLA က ပြောသည်။

စစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲစုစုပေါင်း ၄၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA ၏ တိုက်ပွဲမှတ်တမ်းများအရ သိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးကုတ်မြို့နယ်၊ ကုန်းစံရွာအနီးနှင့် အထက်ညောင်ကုန်းအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စာတည်း။ ။ နောင်နောင်

#မူဆယ်
#မိုးကုတ်
#TNLA
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၃ | VOA On Mizzima
========================

စက်တင်ဘာလ အမေရိကန် လွှတ်တော် လုပ်ငန်းတွေထဲက ဦးစားပေးလုပ်ငန်းရပ်တွေထဲမှာ အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းမသွားအောင် အစိုးရအသုံးစရိတ် ဆက်အတည်ပြုနိုင်ရေး ပါဝင်၊ ပေါက်ကွဲသံတွကြားက စာသင်နေရတဲ့ မိုင်ဂျာယန်ကောလိပ်မှာ ကျောင်းသားလူငယ်တွေရဲ့ ပညာဆည်းပူးမှု အခြေအနေ၊ အပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/HOj8L9nl15U?si=Iy_pLRWFqQ8IY34k

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1
ကန်လွှတ်တော် တလတာ ဦးစားပေးလုပ်ငန်းများ | VOA On Mizzima
=====================

ပြီးခဲ့တဲ့ ဩဂုတ်လတလလုံး ရပ်နားထားတဲ့ အမေရိကန် လွှတ်တော် လုပ်ငန်းတွေကို စက်တင်ဘာလ အစကတည်းက ပြန်လည်စတင်နေပြီး ဦးစားပေးဆောင်ရွက်ရမယ့် တာဝန်တွေလည်း အတော်များများ ရှိနေပါတယ်။ ယူကရိန်းကို အကူအညီ ဆက်ပေးရေးကိစ္စ၊ သမ္မတ Joe Biden အပေါ် တရားစွဲနိုင်ခြေတွေ အပြင် ထိပ်ဆုံးက စိုးရိမ်နေကြတာကတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းမသွားအောင် အစိုးရအသုံးစရိတ် ဆက်အတည်ပြုနိုင်ရေး ဖြစ်ပါတယ်။ VOA လွှတ်တော် ဆိုင်ရာ သတင်းထောက် Katherine Gypson ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

https://youtu.be/P5-op8bst8k?si=TlY-zBKU7oRoRoqL

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1👏1
ယမ်းငွေ့ကြားက ပညာရေး | VOA On Mizzima
=================

မြန်မာစစ်ကောင်စီတပ်ရဲ့ မတရားညှင်းပန်းဖိနှိပ်မှုတွေကို အမြဲခံစားကြရတဲ့ တိုင်းရင်းသားဒေသက လူငယ်တွေရဲ့ပညာရေးဟာ ရှေ့ဆက်လို့မရနိုင်လောက်တဲ့ အနေအထားတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ယမ်းငွေ့တွေ စစ်‌ရေးပဋိပက္ခရဲ့ ပေါက်ကွဲသံတွေကြားက စာသင်နေရတဲ့ အခက်အခဲက ဘယ်လောက်ရှိနေပါလဲ။ ကချင်ပြည် KIO ထိန်းချုပ်နယ်မြေထဲက မိုင်ဂျာယန်ကောလိပ်မှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားလေးတွေနဲ့ ကျောင်းတာဝန်ရှိသူကို မခင်လေးက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/Q1bbCSKt548?si=na4VwTmXWLGh9tg9

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1
စစ်အုပ်ချုပ်ရေးအောက်မှာ ၂၄ နာရီ မီးရဖို့ မျှော်လင့်မနေနဲ့
===================

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းပြည်ရဲ့ဆုတ်ယုတ်မှုဟာ တစ်နေ့တခြားဆိုးသထက်ဆိုးလာ နေတာဖြစ်ပါတယ်။ ဒီအထဲမှာ တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့လျှပ်စစ်ကဏ္ဍဟာလည်း ရှေ့ဆုံးကရှိနေခဲ့ ပါတယ်။ စစ်အာဏာသိမ်းချိန်ကခုခံတော်လှန်တဲ့ပြည်သူတွေကိုဒုက္ခပေးဖို့အတွက် မီးလိုက်ဖြတ်တဲ့အဆင့်ကနေ အခုတော့မိုးတွင်းမှာတောင် နာရီခြားပြီး အလှည့်ကျစနစ်နဲ့ မီးပေးနေရတဲ့ဘဝရောက်နေတာပါ။ တချို့မြို့နယ်တွေမှာဆိုရင် မီးလာချိန်အဖြစ်သတ်မှတ်ထားတဲ့အချိန်တွေမှာတောင် မီးမလင်းပဲဖြစ်နေတာပါ။

https://youtu.be/KeQgQhKX1-Y?si=84islrPmBWaXblyS

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🔥1😁1
မြေပြိုကျမှုဖြစ်စဉ် “ပုံပြရုပ်သံ” | VOA On Mizzima
====================

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ မိုးများတာ၊ မုန်တိုင်းတိုက်တာလို သဘာဝဘေးဒဏ်တွေ၊ ကျောက်တူးတာ၊ အဆောက်အဦးဆောက်လုပ်တာလို လူလုပ်အန္တရာယ်တွေကြောင့် မြေပြိုကျပြီး အသက်တွေ ဆုံးရှုံးတဲ့အထိ အန္တရာယ်ကြီးမားနိုင်ပါတယ်။ မြေပြိုကျတဲ့ ဖြစ်စဉ်အကြောင်း AFP ပုံပြရုပ်သံမှာ ရှုစားနိုင်ပါတယ်။

https://youtu.be/RTPs8nUqjKc?si=ofRZjkPV86U_fPlh

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥2