ဩစတေးလျနိုင်ငံ မြန်မာများနှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံပွဲ ရန်ပုံငွေ ဒေါ်လာ ၂၀,၀၀၀ ဝန်းကျင်ရရှိ
=================
ပါခွီး
(မဇ္စျိမ) ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဦးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ဩစတေးလျနိုင်ငံ အာဒီလိတ်မြို့(Adelaide) မြို့တွင် ကျင်းပသည့် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ၌ ရန်ပုံငွေ ဩစတေးလျဒေါ်လာ ၂၀,၀၀၀ (နှစ်သောင်း) ဝန်းကျင်ရရှိ ကြောင်းသိရသည်။
ဩစတေးလျနိုင်ငံ တောင်ပိုင်းပြည်နယ် အာဒီလိတ်မြို့တွင် CRPH/NUG Support Group (South Australia) နှင့် United Myanmar Community South Australia (UMCSA) တို့မှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အဆိုပါတွေ့ဆုံပွဲကို ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ဒီတွေ့ဆုံပွဲမှာ တက်ရောက်လာသူတွေနဲ့ အမေးအဖြေလုပ်တာရှိတယ်၊ ဂီတာနဲ့ ပန်းချီကားလေလံတင်တာနဲ့ တက်ရောက်လာတဲ့သူများက ထည့်ဝင်တဲ့ အလှူငွေကောက်ခံတာလုပ်ခဲ့ပါတယ်” ဟု UMCSAတာဝန်ရှိသူ နှင့် အခမ်းအနားဖြစ်မြောက်ရေး တာဝန်ခံ Judah K Thang က မဇ္စျိမ ကိုပြောသည်။
ဂီတာတလက်လျှင် ၂,၅၀၀ ဒေါ်လာဖြင့် လေလံအောင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားမှာ ဒေါ်လာ ၇၀၀ ရရှိခဲ့ကာ တက်ရောက်လာသူများက ရန်ပုံငွေများ ထည့်ဝင်ခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။
ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် အတူ ဩစတေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေ တက်ရောက်ခဲ့ပြီး မြန်မာနွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများမှ သိလိုသောမေးခွန်းများ ဖြေကြားခဲ့ကြောင်းသိရသည်။
လွန်ခဲ့သည့် နှစ်နှစ်ကျော်က သုံညနှင့်စတင်ခဲ့ပြီး ယနေ့အချိန်တွင် နေပြည်တော်ရှိ လေတပ်စခန်းကိုပင် ဗုံးကြဲနိုင်နေပြီဖြစ်သဖြင့် တော်လှန်ရေးကို မေးခွန်းထုတ်နေစရာမလိုအပ်ဘဲ အောင်ကို အောင်မြင်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်ဟု Judah K Thang က ဆက်ပြောသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော် အကယ်ဒမီ မင်းမော်ကွန်း ကလည်း တေးသီချင်းများဖြင့် သီဆိုတီးခတ်ဖျော်ဖြေခဲ့ကြောင်းသိရသည်။
ဝန်ကြီးသည် ဩစတေးလျရောက် မြန်မာနိုင်ငံသားကျန်းမာရေးဝန်ထမ်းများနှင့်လည်း တွေ့ဆုံခဲ့ပြီး ၎င်းတို့မှလည်း ရန်ပုံငွေများထည့်ဝင်ခဲ့ကြကြောင်းသိရသည်။
ဒေါက်တာဇော်ဝေစိုးသည် ဩစတေးလျနိုင်ငံသို့ ရောက်ရှိနေချိန်တွင် ပြည်နယ်အသီးသီးရှိ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း UMCSA တာဝန်ရှိသူထံက သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း - ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာပြည်သားများတွေ့ဆုံစဥ်
ဓါတ်ပုံ - ပေးပို့
#mizzima
#ဒေါက်တာဇော်ဝေစိုး
#ဩစတေးလျနိုင်ငံ
#NUG
#UMCSA
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤17👍6🤮2😁1
စက်တင်ဘာလ ( ၂၁ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
-ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာတွေမှာ ဗိုလ်ချုပ်မြထွန်းဦး အစားထိုးတဲ့သတင်း
-လူထုရဲ့ အခန်းကဏ္ဍကို ဘယ်သောအခါမှ မမေ့ပျောက်ကြဖို့ ယာယီသမ္မတပြောကြားတဲ့သတင်း
-NLD လက်ထက် တိုင်းရင်းသားရေးရာဝန်ကြီး မွန်နိုင်ငံရေးသမား နိုင်သက်လွင် ကွယ်လွန်တဲ့သတင်း
-စစ်ကောင်စီစစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် ကချင်မြေရှားသတ္တုတူးဖော်မှု ယာယီရပ်နားတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။
https://youtu.be/YC03HItqE7Q?si=ZMr7I2RyqwjwoXh6
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------

YouTube
စက်တင်ဘာလ ( ၂၁ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00-ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာတွေမှာ ဗိုလ်ချုပ်မြထွန်းဦး အစားထိုးတဲ့သတင်း
02:36-လူထုရဲ့ အခန်းကဏ္ဍကို ဘယ်သောအခါမှ မမေ့ပျောက်ကြဖို့ ယာယီသမ္မတပြောကြားတဲ့သတင်း
04:47-NLD လက်ထက် တိုင်းရင်းသားရေးရာဝန်ကြီး မွန်နိုင်ငံရေးသမား နိုင်သက်လွင် ကွယ်လွန်တဲ့သတင်း…

👍17😁2
တိုက်ပွဲကြောင့် ၂ ရက်အတွင်း ဒေသခံ စစ်ရှောင် ၂၀၀ ကျော် ထိုင်းဘက် ထွက်ပြေး ခိုလှုံ
😢5🔥2

================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နှင့် မလိဝမ်းကျေးရွာတွင် ဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ ဦးရေ ၂၀၀ ကျော်ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း စစ်ရှောင်ကူညီပေးသူများထံက သိရသည်။
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်ရှိ ထိုဒေသများတွင် ယမန်နေ့စက်တင်ဘာလ ၂၀ ရက်က စတင်ဖြစ်ပွားသည့်တိုက်ပွဲသည့် ယနေ့ ၂၁ ရက်အထိ ဖြစ်ပွားနေဆဲဖြစ်သည်။
စစ်ဘေးရှောင် ပြည်သူများထံ အစားသောက်များ ပေးပို့ ကူညီပေးနေသည့် ထိုင်းနိုင်ငံရှိ မခိုင်သွေးက“ မနေ့က စစ်ရှောင်တွေ ထိုင်းဘက် ကီလို ၃၀ ဘက်ကို စထွက်ပြေးလာတယ်။ ညပိုင်းမှာပဲ ကျွန်မတို့ စားစရာတွေ သွားပေးခဲ့သေးတယ်၊ ဒီနေ့လည်း ထပ်ပြီး ဝင်လာနေသေးတယ်”ဟု ပြော သည်။
ယမန့်နေ့က စစ်ရှောင်ဦးရေ ၃၀ ကျော်သည် စက်လှေငယ်များဖြင့် ထိုင်းဘက်သို့ စတင်ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ေကြာင်း ၎င်းကဆိုသည်။ ယနေ့ မနက်ပိုင်းတွင် ထပ်မံ တိမ်းရှောင်လာသူများ ရှိရာ လက်ရှိတွင် စစ်ရှောင်ဦးရေ ၂၀၀ အထိဖြစ်လာကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထိုဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ယာယီ ခိုလှုံခွင့် ပေးထားပြီး ယနေ့မနက်ပိုင်းအထိ ဒုက္ခသည်များလာရောက်ခိုလှုံဆဲဖြစ်ကြောင်း သိရသည်။
“ဒီနေ့ မနက်ပိုင်းမှာလည်း ခမောက်ကြီးဘက်မှာ စစ်တပ်က နယ်မြေ ရှင်းလင်းရေး ထပ်လုပ်လို့ ခမောက်ကြီး ဒေသခံတွေ ထပ်ပြီး ထွက်ပြေးလာတာ ရှိတယ်။ စစ်ရှောင်တွေက ပိုများလာနေလို့ အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်”လို့ စစ်ဘေးရှောင်များကို သွားရောက် ကူညီပေးနေသည့် အမျိုးသား တဦးက ပြော သည်။
ယနေ့ မနက် ၉ နာရီခန့်က စစ်ကောင်စီတပ် ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ကော့သောင်းမြို့၊ ချောင်းဝရွာရှိ ဒေသခံတဦး သေဆုံးခဲ့ကြောင်း ဒေသခံထံက သိရသည်။
ကော့သောင်းမြို့နယ် ၊ မလိဝမ်းကျေးရွာရှိ ဆီအုန်းခြံထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့က မိုင်းဆွဲခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ဖက် ထိတွေ့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံ စစ်ရှောင်များထံက သိရ သည်။
ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွား၍ စစ်ရှောင် ဦးရေ ၁၀၀ ကျော်သည် မနက်ပိုင်းတွင် ထိုင်းဘက်သို့ ထွက်ပြေးခိုလှုံခဲ့ပြီး ထိုနေ့ ညနေပိုင်းတွင်ပင် မြန်မာဘက်တွင် အခြေအနေတည်ငြိမ်သွား၍ ထိုင်းအာဏာပိုင်းများက ထိုစစ်ရှောင်များကို နေရပ်ပြန်စေခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများ(ဓာတ်ပုံ-ပေးပို့)
#MIzzima
#ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံ

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍8🔥2😁1😢1
Images of Canada Immigration billboards, coaching centres, Air Canada office after India on Wednesday warned its citizens against visiting parts of Canada amid a diplomatic row sparked by Canada's bombshell accusation that New Delhi was involved in the killing of a Sikh separatist near Vancouver.
https://youtu.be/q3GzT0EUMpA?si=teKMZAqT-Q1JbpWp
https://youtu.be/q3GzT0EUMpA?si=teKMZAqT-Q1JbpWp
YouTube
Images of Canada immigration and coaching centres after India travel advisory over murder row
Images of Canada Immigration billboards, coaching centres, Air Canada office after India on Wednesday warned its citizens against visiting parts of Canada amid a diplomatic row sparked by Canada's bombshell accusation that New Delhi was involved in the killing…
🔥2
တော်လှန်အလှူပွဲ ပူးပေါင်းချီတက်သည့် ရွာပေါင်းစုံသပိတ်
================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် တော်လှန်အလှူပွဲကျင်းပခဲ့ရာ ရွာပေါင်းစုံသပိတ်နှင့် ယင်းမာပင်မြောက်ခြမ်း ကျေးရွာ များသပိတ်စစ်ကြောင်းတို့ ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် ပူးပေါင်းချီတက်ခဲ့ကြသည်။
သားရှင်ပြု ၊ သမီးနားသ တော်လှန်အလှူပွဲ လှည့်လည်ရာတွင် ပါဝင်သူများမှ လက်သုံးချောင်းထောင်၍ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။
ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းသည် “ငါတို့သံမတ် ၊ ငါတို့အသံ Our Ambassador – Our Voice ၊ တော်လှန်အလှူ” စသည့် စာတမ်းနှင့် ဦးကျော်မိုးထွန်း ရုပ်ပုံများကို ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့ ချီတက်မှုသည် သပိတ်စစ်ကြောင်း၏ ၉၁၃ ရက်မြောက် ချီတက်ကြခြင်း ဖြစ်သည်။
#ရွာပေါင်းစုံသပိတ်
#စစ်အာဏာရှင်
#ဆန္ဒပြ
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် တော်လှန်အလှူပွဲကျင်းပခဲ့ရာ ရွာပေါင်းစုံသပိတ်နှင့် ယင်းမာပင်မြောက်ခြမ်း ကျေးရွာ များသပိတ်စစ်ကြောင်းတို့ ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် ပူးပေါင်းချီတက်ခဲ့ကြသည်။
သားရှင်ပြု ၊ သမီးနားသ တော်လှန်အလှူပွဲ လှည့်လည်ရာတွင် ပါဝင်သူများမှ လက်သုံးချောင်းထောင်၍ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။
ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းသည် “ငါတို့သံမတ် ၊ ငါတို့အသံ Our Ambassador – Our Voice ၊ တော်လှန်အလှူ” စသည့် စာတမ်းနှင့် ဦးကျော်မိုးထွန်း ရုပ်ပုံများကို ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့ ချီတက်မှုသည် သပိတ်စစ်ကြောင်း၏ ၉၁၃ ရက်မြောက် ချီတက်ကြခြင်း ဖြစ်သည်။
#ရွာပေါင်းစုံသပိတ်
#စစ်အာဏာရှင်
#ဆန္ဒပြ
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
❤9👍3🔥2😁1
'ဆုဖလားရ မန်နေဂျာတွေ' ခန့်အပ်ရာမှာ အမှားအယွင်းဖြစ်ခဲ့တယ်လို့ တော့တင်ဟမ်ဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်း ပြော
===============
By PKThawn
တော့တင်ဟမ်ဟော့စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ် လီဗိုင်းက “ဆုဖလားရ မန်နေဂျာတွေ”ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟိုနဲ့ အန်တိုနီယို ကွန်တီတို့ကို ခန့်အပ်ရာမှာ ကလပ်အသင်းဟာ "အမှားအယွင်းတွေ"ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
သူတို့နှစ်ဦးစလုံးဟာ မန်နေဂျာတွေအဖြစ် အရင်က ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပေမယ့်လည်း စိတ်ပျက်စရာရလဒ်တွေ ထွက်ပေါ်လာပြီးနောက် ၁၈ လမပြည့်ခင်မှာ စပါးအသင်းကနေ ထုတ်ပယ်တာခံခဲ့ရပါတယ်။
ဒါပေမယ့် စပါးအသင်းကတော့ နည်းပြသစ် ပိုစတီကိုဂလူ လက်ထက်မှာ ပုံစံကောင်းပြသနေပြီး ပရီးမီးယားလိဂ်မှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
"ကျနော်တို့ရဲ့ တော့တင်ဟမ်ဟော့ကို ပြန်ရလိုက်ပါပြီ"လို့ လီဗိုင်းက စပါးအသင်းရဲ့ ပရိသတ်ဖိုရမ်မှာ ပြောပါတယ်။
လီဗိုင်းက မက်ဒရစ်မှာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ ၂၀၁၉ မှာ တော့တင်ဟမ်ကို ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့တဲ့ အခု ချယ်လ်ဆီးနည်းပြ မော်ရီစီယို ပိုချက်တီနိုကို ထုတ်ပယ်ပြီးနောက် "ဗျူဟာပြောင်း"ဖို့ ဖိအားတွေ သူ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။
"ကျနော်က တခြားသူတွေလိုပဲ အနိုင်ရချင်ရုံပါပဲ"လို့ လီဗိုင်းက ပြောပါတယ်။
“ဆုဖလားမဆွတ်ခူးတာကနေ စိတ်ပျက်စရာဖြစ်ရပြီး ကျနော်တို့ အနိုင်ရဖို့ လိုအပ်တယ်၊ ငွေသုံးဖို့ လိုတယ်၊ မန်နေဂျာကြီး၊ နာမည်ကြီးတဲ့သူ ရှိဖို့လိုတယ်ဆိုတဲ့ ကစားသမားတချို့နဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုရဲ့ ဖိအားတွေပါပဲ။ ပြီးတော့ အဲဒါက ကျနော့်ကို ထိခိုက်စေခဲ့တယ်။
"ဗျူဟာက ဆုဖလားရတဲ့ မန်နေဂျာတစ်ယောက် ခေါ်ယူဖို့ဖြစ်ပြီး ကျနော်တို့ နှစ်ကြိမ်လုပ်ခဲ့တယ်။ အမှားတွေကနေ သင်ခန်းစာယူရပါမယ်။"
ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ရရှိခဲ့တဲ့ မော်ရင်ဟိုကို စပါးအသင်းက ၂၀၁၉၊ နိုဝင်ဘာလမှာ ခန့်အပ်ခဲ့ပြီး သူ့ရဲ့ပထမရာသီမှာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာအထိ အသင်းကို ပို့ဆောင်ခဲ့ပါတယ်။
၂၀၂၁၊ ဧပြီလမှာ ထုတ်ပယ်ခံရတဲ့အချိန်က ကလပ်အသင်းဟာ ကာရာဘောင်းဖလားဖိုင်နယ်မှာ ကစားဖို့ ရက်အနည်းငယ်သာ လိုတော့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အဆင့် (၇) နေရာသာ ရပ်တည်ခဲ့ပါတယ်။
မော်ရင်ဟိုရဲ့ နေရာကို ဆက်ခံတဲ့ နူနို အက်စပီရီတို ဆန်တိုကို ထုတ်ပယ်ပြီးနောက် ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားရ နည်းပြကွန်တီကို ခန့်အပ်ခဲ့ပါတယ်။
သူ့ရဲ့ ပထမရာသီမှာ တော့တင်ဟမ်ကို ထိပ်ဆုံး (၄)သင်းအဆင့်ဆီ ဦးဆောင်ပေးပြီးနောက် အီတလီနည်းပြကြီးဟာ ကလပ်ရဲ့ အစဉ်အလာကို ဝေဖန်ခဲ့ပြီး စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၄)နေရာရခဲ့ပြီး ဖလားပြိုင်ပွဲအားလုံးကနေ နုတ်ထွက်သွားခဲ့ပြီးချိန် မတ်လမှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။
"သူတို့က ကြီးကျယ်တဲ့ မန်နေဂျာတွေ ဖြစ်ကြပေမယ့် ဒီကလပ်အတွက် မဖြစ်နိုင်ပါဘူး"လို့ လီဗိုင်းက ပြောပါတယ်။
သူဟာ မန်နေဂျာတွေ ခန့်အပ်မှုမှာ အမှားလုပ်မိကြောင်း ဝန်ခံခဲ့ပေမယ့် လီဗိုင်းက ဥရောပစူပါလိဂ် (ESL) မှာ ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ်ချက်အပေါ် ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။
တော့တင်ဟမ်ဟာ ESL မှာ ပူးပေါင်းဖို့ သဘောတူထားတဲ့ ပရီးမီးယားလိဂ်ကလပ် (၆)သင်းအနက်မှ တစ်သင်းဖြစ်ပေမယ့်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံရပြီးနောက် ၇၂ နာရီအတွင်း အဲဒီပရောဂျက်ကနေ ကျောခိုင်းခဲ့ပါတယ်။
"ကျနော် ပြောချင်တာက ကျနော်တို့ဟာ ဒီကလပ်ရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် အမြဲတမ်း လုပ်ဆောင်သွားမှာပါ၊ ကျနော်တို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတိုင်း ကျနော် ရပ်တည်သွားမှာပါ။ ဥရောပစူပါလိဂ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကျနော်တို့တွေ ပြင်ဆင်ထားပါတယ်"လို့ လီဗိုင်းက ပြောပါတယ်။
(BBC)
#Tottenham #Spurs #daniellevy #JoseMourinho #AntonioConte #စပါးအသင်း #မော်ရင်ဟို #ကွန်တီ

👍2🔥1