Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကြာအင်းဆိပ်ကြီးမှ စစ်ဘေးရှောင် ၁၅,၀၀၀ ခန့် အကူအညီလိုအပ်နေ
👍7🔥1😁1
ကြာအင်းဆိပ်ကြီးမှ စစ်ဘေးရှောင် ၁၅,၀၀၀ ခန့် အကူအညီလိုအပ်နေ 
================

YT 

(မဇ္ဈိမ)။   ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူ ၁၅,၀၀၀ ဝန်းကျင်အတွက် အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။ 

စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၂)၊ အမြှောက်တပ် (၃၁၈)နှင့်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအင်အား ၁၀၀ ခန့်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ တံခွန်တိုင်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းနှင့်လက်နက်ကြီး အသုံးပြုတ်ိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောသည်။ 

လတ်တလောတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုရှိ ကျေးရွာ ရှစ်ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ ဝန်းကျင်သည် ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်းသိရသည်။

" လုံလောက်တဲ့ရိက္ခာ မရှိနေပါဘူး။ အလှူရှင်လာထောက်ပံ့ရင်းနဲ့ပဲ ရပ်တည်နေရပါတယ်။ ကျန်းမာ ရေးပိုင်ဆိုင်ရာ ဆေးဝါးတွေ၊ စားနပ်ရိက္ခာပိုင်းဆိုင်ရာတွေမှာလည်း အကူအညီလိုအပ်နေပါတယ်" ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက မဇ္ဈိမကိုပြောသည်။

ဒေသခံများသည် မိုးတွင်းကာလ၊ ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခကိုပါ ကြုံတွေ့နေရသည်ဟု ဆိုသည်။

" အဲ့ဒီဘက်မှာက စစ်ဘေးရှောင်စခန်းဆိုပြီး သီးသန့်ဖွင့်ထားတာ မရှိဘဲနဲ့ စစ်မဖြစ်တဲ့ ရွာတွေဆီအထိ သွားပြီး အိမ်တအိမ်ကို လူ ၃၀ ကနေ ၅၀ အတွင်း စုပြီးနေကြရတယ်။ ပြီးရင် စစ်မဖြစ်တဲ့ရွာက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ ဓမ္မာရုံတွေမှာ စုပြီး နေနေကြရပါတယ်။ ပြီးတော့ ဝင်းရော်ဒေသ (ကြာအင်းဆိပ်ကြီး) ဘက်ခြမ်းကျတော့ နှစ်စဉ်နှစ်တိုင်း မိုးကြီးပြီးတော့မှ ရေလျှံပြီးတော့ နှစ်ထပ်တိုက်ဆိုရင်တောင် တထပ်အထိ မြုပ်တဲ့အထိ ဖြစ်လေ့ရှိတယ်ပေါ့နော်။ ဆိုတော့ အခုက သူတို့က စစ်ဘေးလည်းရှောင်ရသလို ရေဘေးပါ ရှောင်ရပြီးတော့ ရေဘေးဒုက္ခသည်ပါ ဖြစ်နေကြရတယ်" ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်တွင် ယခုရက်ပိုင်း နေ့စဉ်လိုလို မိုးရွာနေပြီး မြေနိမ့်ပိုင်းနေရာများ ရေဝင်နစ်မြုပ်နေသည်။လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် နီးစပ်ရာမြို့နယ်များနှင့် ပြည်ပနိုင်ငံများမှ အလှူရှင်များ​၏ တနိုင်တပိုင် ကူညီမှုများရှိသော်လည်း ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ အမိုးအကာ မလုံလောက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။ 

စစ်ကောင်စီနှင့် BGF ဘက်ကလည်းတံခွန်တိုင်ကျေးရွာအတွင်း အင်အားထပ်တိုးထားသဖြင့် စစ်ရေးအခြေအနေတင်းမာနေသည်။ ဒေသခံများ နေအိမ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းစစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးကပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခလယ်ကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း နေအိမ် ၅၀ ကျော် ထိမှန်ပျက်စီးထားကာ ဒေသခံတဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။ 

စက်တင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးတဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံး၍ ခုနစ်ဦး ထိခိုက်ဒဏ်ရာရကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်း​၏ စက်တင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း - အေးချမ်း

ပုံအညွှန်း - ခလယ်၊ တံခွန်တိုင် ဒေသခံစစ်ဘေးရှောင်များအား စစ်ဘေးရှောင်ကူညီသူများက အကူအညီသွားရောက်ပေးအပ်ကြစဉ် (ဓါတ်ပုံ- ပေးပို့)

#mizzima
#ကြာအင်းဆိပ်ကြီးမြို့နယ်
#စစ်ရေးတင်းမာ
#စစ်‌ဘေးရှောင်ပြည်သူများ
#အကူအညီလိုအပ်
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5🤬3👍1🔥1😁1
လူထု၏ အခန်းကဏ္ဍကိုမည်သည့်အခါမှ မမေ့ပျောက်ကြရန်နှင့် ယာယီသမ္မတပြောကြား
==============

အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးတပ်ဦးနေရာက ဦးဆောင်ပဲ့ကိုင်သူများ ဖြစ်သော်လည်း လူထု၏ အခန်းကဏ္ဍကိုမည်သည့်အခါမှ မမေ့ပျောက်ကြရန်လိုအပ်ကြောင်း စက်တင်ဘာ ၂၀ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်၊ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး၌ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အင်အားစုများနှင့် တွေ့ဆုံညှိနှိုင်းရေး၊ KNUနှင့် တွေ့ဆုံရေးကိစ္စတို့ကို ယာယီသမ္မတက အလေးထား ပြောကြားခဲ့ရာ ကော်မရှင်အနေဖြင့် ပြုသမျှ၊ ပြောသမျှ၊ လုပ်သမျှ ကိစ္စအားလုံး အမျိုးသားစည်းလုံးညီညွတ်ရေးကို အခြေခံမူထားပြီး လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

စစ်ကိုင်းတိုင်းသည် ဧရိယာ ကျယ်ပြန့်ပြီး စစ်ကိုင်းတိုင်းမှ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းရေး၊ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှု ဖော်ဆောင်နိုင်ရေးသည် အရေးပေါ် လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရန်သူအသစ် မမွေးမိစေရန် အရေးကြီးကြောင်း သမ္မတက ပြောသည်။ 

လူထုကြားထဲရှိ အင်အားစုများနှင့်ထိတွေ့ဆက်ဆံရာ၌ နိုင်ငံရေးအမြော်အမြင်ကြီးမှုနှင့် နိုင်ငံရေးသဘောထားကြီးမှုကို အခြေခံထားပြီး တွေ့ဆုံညှိနှိုင်းကြရန်လည်း ယာယီသမ္မတကတိုက်တွန်းခဲ့သည်။

ထို့ပြင် နိုင်ငံတောင်ပိုင်း ဒေသကြီးကိုခြေကုတ်မြဲမြဲယူထားနိုင်သည့်လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်း KNUသည်နွေဦးတော်လှန်ရေးအတွက် အထူးအလေးထားရမည့် အဖွဲ့ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

စစ်အာဏာရှင် တော်လှန်ရေး မဟာမိတ် မိတ်ဖက် အစုအဖွဲ့များတွင် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” ဖြင့် ရန်သူ အသစ် မမွေးမိကြရန် သတိပေးလိုက်ပြီး စစ်ကိုင်းတော်လှန်ရေး အင်အားစုများ၊ KNU အပါ အဝင် တိုင်းရင်းသားအင်အားစုများနှင့်အတူ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လူမျိုးစုလွတ် မြောက်ရေးမူများဖြင့် နိုင်ငံတည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတကပြောပါတယ်။ 

အသေးအဖွဲသော ပုဂ္ဂိုလ်နိုင်ငံရေးများကို ကျော်ကြည့်ပြီး ကြီးမြတ်သည့် တိုင်းပြည်တည်ဆောက်ရေးသဘောတရားများကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။ ယင်းသို့ သဘောထားဖြင့်ရှေ့ဆက်တက်လှမ်းပါက နိုင်ငံရေးပြဿနာများကို ကျော်လွှားနိုင်စွမ်းရှိလမ့်မည်ဟုယုံကြည်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

"ဒါ့အပြင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ကိုယ်ချင်းစာနာစိတ်နဲ့ (လူထုအပေါ် ရေလို ကျင့်၊ ရန်သူ စစ်ကောင်စီအပေါ်ကို မီးလိုကျင့်)ပြီး တော်လှန်ရေးအောင်ပွဲကို အမြန်ရယူကြဖို့ “ နိဂုံးချုပ်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

https://youtu.be/97KzHiP6-3g?si=Rmg1vmIsskIbywM5

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍1🔥1🤮1
တော်လှန်ရေး အခြေအနေတွေနဲ့ သုံးသပ်ချက် | Mizzima Editorial Talk 
=============

ဒီအစီအစဉ်ဟာဆိုရင် နိုင်ငံတကာနဲ့ ပြည်တွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ 
- နိုင်ငံရေး
- စီးပွားရေး
- လူမှုရေး
- တော်လှန်ရေး အခြေအနေတွေနဲ့ သုံးသပ်ချက်တွေကို အတွေ့အကြုံရှိဝါရင့်သတင်းအယ်ဒီတာတစ်ဦးဖြစ်တဲ့ ဦးစိန်ဝင်းကို မဇ္ဈိမရဲ့ သတင်းထောက် ဂျူးချန်းက မေးမြန်းဆွေးနွေးတင်ဆက်ထားတာပါ။                                  

ဒီအစီအစဉ်ကိုတော့ အပတ်စဉ် တနင်္လာနေ့ ည ၇နာရီခွဲ တိုင်းမှာ Mizzima TV စောင့်မျှော်ကြည့်ရှုနိုင်ပြီးတော့ Mizzima News in Burmese facebook page , Mizzima TV Youtube နဲ့ 108FM Facebook page တို့မှာ ပြန်လည်ကြည့်ရှုနားဆင်နိုင်ပါတယ်။ ဒါအပြင် ညနေ ၆ နာရီခွဲတိုင်းမှာ ထုတ်လွင့်နေတဲ့ Mizzima Radio Short Wave မှာလည်း တနင်္လာနေ့တိုင်းရဲ့ အပတ်စဉ်ကဏ္ဍ အနေနဲ့ နားဆင်နိုင်မှာပဲဖြစ်ပါတယ်....

https://youtu.be/5L0BehDAg9s?si=5tHJGQ6U2TZKUz07

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
​​ဇီဝအချက်အလက် အိုင်ဒီကတ်များ မိတ်ဆက်ရန် စစ်ကောင်စီကို တရုတ် ကူညီမည်
=================

မြန်မာစစ်ကောင်စီသည် ကိုင်ဆောင်သူ၏ ဇီဝဆိုင်ရာ အချက်အလက်များ ပါဝင်မည့် အီလက်ထရောနစ် သက်သေခံကတ်ပြား (eID) စနစ်သစ် အကောင်အထည်ဖော်ရေးအတွက် တရုတ်ထံမှ အကူအညီကို တောင်းခံထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5🤮4🖕2❤1
​​အိန္ဒိယ၏ ပထမဆုံး အာကာသယာဉ် Aditya-L1 ကမ္ဘာပတ်လမ်းအတွင်းသို့ ၄ ကြိမ်မြောက် အောင်မြင်စွာ ရောက်ရှိ
=================

နေကို လေ့လာမည့် အိန္ဒိယ၏ ပထမဆုံး အာကာသအခြေစိုက် မစ်ရှင်ဖြစ်သည့် Aditya L1 အာကာသယာဉ် သည် စက်တင်ဘာ ၁၅ရက် နံနက်အစောပိုင်းတွင် ကမ္ဘာပတ်လမ်းအတွင်းသို့ ၄ ကြိမ်မြောက် အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း ISRO မှ ပြောကြားလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1
စက်တင်ဘာလ ၂၁ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================

https://youtu.be/E51DQGtWFK4?si=yNDoByZ0Gvf_LmVd

————————————
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးကို ၆ ဆကျော် တိုးမြှင့်ကောက်ခံရန် စစ်ကောင်စီ စီစဉ်နေ|Business Round Up(21.9.2023)
===============

- စစ်ကောင်စီ ပိတ်သိမ်းသည့် နိုင်ငံခြားငွေကြေး ရောင်းချခွင့်ကုမ္ပဏီ ၁၆၀ ကျော်အထိရှိလာ

- စပါးတင်း ၁၀၀ ရည်ညွှန်းဈေး အများဆုံး ကျပ်သိန်း ၂၀ သတ်မှတ်ရန် ဆန်စပါးအသင်းချုပ်ထုတ်ပြန်

- ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးကို ၆ ဆကျော် တိုးမြှင့်ကောက်ခံရန် စစ်ကောင်စီ စီစဉ်နေ

- နိုင်ငံခြားခရီးသွားဧည့်သည်များ၏ မြန်မာပြည်တွင်းခရီးစဉ်များကို တစ်ပါတ်ကြိုတင်၍ ခွင့်ပြုချက်တောင်းနေရ

https://youtu.be/5zDguA-o0B4?si=x2YTncQeqBOUAF1d
 
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4😁1
​​မီဇိုရမ်ပြည်နယ်အတွင်းမှ မြန်မာစစ်ဘေးရှောင်များ ကျန်းမာရေးအကူအညီ လိုအပ်
==============

ပါခွီး

(မဇ္စျိမ)။  ။အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းခိုလှုံနေသော မြန်မာစစ်ဘေးရှောင်များအတွက် ကျန်းမာ ရေးအကူအညီများလိုအပ်နေကြောင်း Network for Unity Association (NUA), Mizoram တာဝန်ရှိသူ ထံမှသိရသည်။

“အဓိကတော့ သမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေမဟုတ်ဘဲ နာတာရှည်ရောဂါတွေအတွက် ကုသဖို့ အကူအညီတွေ အထူးလိုအပ်ပါတယ်။ စစ်ဘေးရှောင်တွေမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်မှုများတဲ့အတွက် ရေရှည်အတွက်ဆိုရင် အတော်ခက်ခဲမဲ့ အခြေအနေမှာရှိတယ်”ဟု အကူအညီပေးရေးအဖွဲ့များစုဖွဲ့ထား သည့် NUA မှ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော တုတ်ကွေး၊ နှာစေးချောင်းဆိုး အစရှိသော ကျန်းမာရေးကိစ္စများအတွက် မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့၌ မြန်မာနိုင်ငံသားဆရာဝန်နှင့်သူနာပြုများဖွင့်လှစ်ထားသော Chin Health Organization ဆေးပေးခန်းနှင့် အစိုးရပြည်သူ့ဆေးရုံများတွင် အခမဲ့ကုသနိုင်ကြောင်း ဆိုသည်။

သို့သော် နာတာရှည်ရောဂါများဖြစ်သည့် ကင်ဆာ၊ အသည်းရောင် ဘီ၊ စီ နှင့် တီဘီ အစရှိသောဝေဒနာရှင် များအတွက် ကုသရန် ငွေရေးကြေးရေးအခက်အခဲ တွေ့ကြုံနေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလှုံသူများတွင် နှစ်နှစ် ကျော်ကာလအတွင်း ယခင်ရောဂါအခံရှိသူများအပြင် အစားအသောက် အာဟာရမပြည့်ဝမှုနှင့် စိတ်ပိုင်း ရုပ်ပိုင်းထိခိုက်မှုများကြောင့် သက်ကြီးပိုင်းနာတာရှည်ဝေဒနာရှင်များ တွေ့ရှိလာမှု မြင့်တက်လာနေ ကြောင်း NUA တာဝန်ရှိသူက ဆက်ပြောသည်။

အကူအညီပေးရေးအဖွဲ့များအနေဖြင့် စစ်ဘေးရှောင်များ အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချိန်တွင် ကူညီ နိုင်ရေးအတွက်သာဆောင်ရွက်နိုင်ပြီး ရေရှည်ကျန်းမာရေးကုသစရိတ် ထောက်ပံ့ပေးနိုင်ခြင်း မရှိကြောင်း ဆိုသည်။

ထန်တလန်မြို့နယ်မှ စစ်ဘေးရှောင်လာသည့် အသက် ၁၄ နှစ်အရွယ် ဗန်ဒေါ့လျန်ဆန်းသည် စက်တင် ဘာလ ၂၀ ရက် ယမန်နေ့က ဦးနှောက်အကျိတ်ရောဂါကြောင့်ဆုံးပါးခဲ့ပြီး မီဇိုရမ်မှ ၎င်း၏ဇာတိမြေသို့ ရုပ် အလောင်းပြန်လည်သယ်ယူနိုင်ရန် မီဇိုလူငယ်အသင်း(YMA)ဗဟိုဌာနချုပ်က အကူအညီပေးခဲ့ကြောင်း သိရသည်။

လူငယ်အသင်း၏ရုံးတွင် ရုပ်အလောင်းထားရှိခဲ့ပြီး ပြန်လည်သယ်ယူနိုင်ရေးအတွက် ကားတစ်စီး စီစဥ်ပေး ပြီး ရူပီးငွေ ၁၀,၀၀၀ ကူညီခဲ့၍ မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့များမှလည်း ကူညီငွေများ ပေးအပ်ခဲ့ကြောင်း NUA တာဝန်ရှိသူက ပြောဆိုသည်။

ထို့အတူ စက်တင်ဘာလ ၂၀ ရက်နေ့ညက အိုက်ဇောလ်ခရိုင် Tuirial စခန်းတွင် နေထိုင်သည့် ၆၃ နှစ် အရွယ်အမျိုးသမီးကြီးတဦး ပုဂ္ဂလိကဆေးရုံတခု၌ အရေးပေါ်ကုသနေရသဖြင့် ဆေးကုသစရိတ် လိုအပ် နေ ကြောင်းသိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းသည် စားသောက်ရေးအတွက်ပင်အခက်အခဲရှိနေ၍ ဆေးကုသစရိတ်အတွက် စခန်းတာဝန်ရှိသူများက ပေးနိုင်ခြင်းမရှိကြောင်း ဆိုသည်။

အဆိုပါ အမျိုးသမီးကြီးအတွက် လိုအပ်သောဆေးကုသစရိတ် ကူညီလှူဒါန်းလိုသူများအနေဖြင့် Network for Unity Association (NUA), Mizoram မှတဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#အိန္ဒိယနိုင်ငံ
#မီဇိုရမ်ပြည်နယ်
#မြန်မာစစ်ဘေးရှောင်
#ကျန်းမာရေး

ပုံအညွှန်း - NUA က စစ်ဘေးရှောင်များကို အကူအညီများပေးအပ်နေစဥ် (ဓါတ်ပုံ - Network for Unity Association)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
MOD အမှတ်(၁)စစ်ဒေသ ထိန်းချုပ်နယ်မြေ၌ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲပြုလုပ်
👍10❤3🔥1😁1
MOD အမှတ်(၁)စစ်ဒေသ ထိန်းချုပ်နယ်မြေ၌ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲပြုလုပ် 
=================

ရောင်နီ 

(မဇ္စျိမ)။ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသမကွေးတိုင်းကွပ်ကဲရေးရုံးက နယ်မြေစိုးမိုးမှုထိန်းချုပ်ထားသည့် အမှတ်(၁)စစ်ဒေသ တနေရာ၌ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်သည်။

စစ်ပညာမွမ်းမံသင်တန်းအပတ်စဥ်(၁) သင်တန်းဆင်းပွဲကို စက်တင်ဘာလ(၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် MODက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

PDFရဲဘော်များလိုက်နာရမည့် စစ်ဖက်ဆိုင်ရာစည်းမျဥ်း စည်းကမ်းများ(Code of Conduct)များ သင်ကြားခြင်းနှင့် စစ်ရေးပြနှင့် လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်ခြင်းများသင်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သင်တန်းဆင်းပွဲသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးတိုင်း တာဝန်ခံနှင့်ခရိုင်ရေးထောက်တာဝန်ခံများ၊ တပ်ရင်းမှုး၊ ဒုတပ်ရင်းမှူးများတက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သတိရအောက်မေ့ ငြိမ်သက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ကဏ္ဍအလိုက်ထွန်းချွန်ဆုရသူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်ဒေသသုံးခုရှိပြီး အမှတ် (၁) စစ်ဒေသ၌ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများပါဝင်သည်။

အမှတ် (၂) စစ်ဒေသတွင် ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး တိုင်းတို့ ပါဝင်သည်။ အမှတ် (၃) စစ်ဒေသတွင်နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများပါဝင်သည်ဟု MOD က ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#MODအမှတ်(၁)စစ်ဒေသ
#စစ်ပညာမွမ်းမံသင်တန်း

MODက ထုတ်ပြန်ထားသည့် စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲမှတ်တမ်း (Photo - NUG/MOD)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1😁1
ပြည်သူတွေရဲ့ခုခံတော်လှန်စစ်ဟာ စာမတတ်မှုရဲ့အကျိုးဆက်လို့ စစ်ကောင်စီ ဒုခေါင်းဆောင်စွပ်စွဲ
==================

မိုးသောက်

(မဇ္ဈိမ)။  ။ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေဟာ စာမတတ်မှုရဲ့ အကျိုးဆက်တွေသာ ဖြစ်တယ်လို့ ပညာရေး၊ ကျန်းမာရေးနဲ့ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အာဏာသိမ်းစစ်တပ် ဒုကာကွယ်ရေးဦးစီးချုပ်စိုးဝင်းက စက်တင်ဘာလ ၁၉ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံက အသက် ၁၅ နှစ် အထက်စာမတတ်သူ ဦးရေ ၄.၁သန်း ရှိတဲ့ စာရင်းကို အခြေခံပြီး အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ် ။ အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယခေါင်းဆောင်က အခုလိုပြောဆိုမှုအပေါ် ကချင်ပြည်နယ်ကနေ CDMပြုလုပ်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ မူလတန်းပြ ဆရာမ မသဲစုပိုင်ကတော့ ငြင်းဆိုပါတယ်။

စစ်ကောင်စီရဲ့ပြောကြားချက်က ဝါဒဖြန့်တဲ့ စကားသာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ စစ်ကောင်စီရဲ့ ထိပ်တန်း ဝန်ကြီးတွေတက်ရောက်တဲ့ အစည်းအဝေးမှာ ဒုတိယစစ်ခေါင်းဆောင်က ဝါဒဖြန့်စကားတွေပြောဆိုနေတာဖြစ်ပါတယ်။

တင်ဆက်၊တည်းဖြတ်- မိုးသောက်

https://youtu.be/tF1M71chHko?si=v7z_Lrfj5tNv77x1

#Mizzima
# စာမတက်
#စစ်ခေါင်းဆောင် စိုးဝင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁5🤮5🖕2❤1
​​ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီကင်းပုန်းနေရာ ၃ ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်
==================

YT

(မဇ္ဈိမ)။      ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအတွင်း နေရာသုံးခုခွဲ၍ ကင်းပုန်းယူနေသည့် စစ်ကောင်စီတပ်သားများအား တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု (KRF) က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီကျော်မှ နေ့လယ် ၁၁ နာရီ ၂၄ မိနစ်အတွင်း အလူးလေးကျေးရွာအတွင်းရှိ တာယာဆိုင်အနောက်၊ ခြင်္သေ့နှစ်ကောင်လမ်းဆုံနှင့် MK ဆီဆိုင်ရှေ့တို့တွင် အင်အား ၁၅ ဦးဝန်းကျင်စီဖြင့် ကင်းပုန်းယူနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးစီ ကြဲချတိုက်ခိုက်ခြင်းဖြစ်သည်။

" ကင်းပုန်းနေရာ သုံးနေရာပါ။ မနက်က စကစ ယာဥ်တန်းလမ်းကြောင်းရှိလို့ ကာကင်းအနေနဲ့ ကင်းပုန်းဝပ်တဲ့သုံးနေရာကို တိုက်ခိုက်ခဲ့တာပါ။ကင်းပုန်းတဖွဲ့မှာ ၁၅ဦးစီလောက်ရှိပါတယ်။ ထိခိုက်သေဆုံးမှုတော့ အတည်ပြုလို့ မရနိုင်သေးပါဘူးခင်ဗျာ။ အရပ်ပြောစကား သုံးနေရာပေါင်း ရှစ်ဦးခန့်တော့ ထိခိုက်ဒါဏ်ရာရတယ်လို့ အတည်ပြုလို့မရနိုင်ဘဲ သိရှိရပါတယ်" ဟု KRF ဒု- တာဝန်ခံက မဇ္ဈိမကိုပြောသည်။ 

တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့​၏ ဒရုန်းမစ်ရှင်အတွင်း စစ်ကောင်စီဘက်က ပတ်ဝန်းကျင်သို့ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်မှုရှိပြီး ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ အထိအခိုက် အသေးစိတ်အား အတည်ပြုနေဆဲဖြစ်ကြောင်း KRF နှင့် PPDF- KDထံက သိရသည်။ 

" ကျနော်တို့သွားရောက်ပစ်ခတ်စဥ်မှာတော့ လက်နက်ငယ်တွေနဲ့ပဲ ပြန်လည်ရမ်းသန်းပစ်ခတ်တာပါ။ လက်နက်ကြီးမပစ်ပါဘူး။ ညကျရင်တော့ ပစ်မယ်လို့ ခန့်မှန်းရပါတယ်" ဟု KRF ဒု- တာဝန်ခံက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီကင်းပုန်းများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို တပ်မဟာ (၁) KNLA၊ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) ၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ သူရိယစစ်ကြောင်း၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီး၊ သစ်ကွင်းလမ်းဆုံ တစ်ဝိုက်တွင် အင်အား ၁၀ ဦးကျော်ဖြင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကိုလည်း တပ်မဟာ (၁) KNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် တောကျီးကန်းစစ်ကြောင်း တပ်ခွဲ (၂)က လက်နက်ကြီး၊ သေနတ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းရှိသည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း၌လည်း စစ်ကောင်စီကင်းပုန်းဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲ တနာရီနီးပါး ဖြစ်ပွားခဲ့ကာ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီကင်းပုန်းဘက်တွင် ငါးဦးသေဆုံးခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိကြကြောင်း တောကျီးကန်းစစ်ကြောင်းထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဘီးလင်းမြို့နယ်
#ဗုံးကြဲတိုက်ခိုက်

ပုံအညွှန်း- တော်လှန်ရေးအင်အားစုများ​၏ ဒရုန်းတစ်စင်း (ဓါတ်ပုံ- PPDF- KD)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2👏1
​​စင်္ကာပူ၏ အဆိုးရွားဆုံး ငွေကြေးခဝါချမှု အမှုကိစ္စတွင် ဒေါ်လာဘီလီယံချီတန်ဖိုးရှိ ငွေသားနှင့် ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းရမိ
===================

စင်္ကာပူတွင် အဆိုးရွားဆုံးသော ငွေကြေးခဝါချမှု ကိစ္စတွင် စင်္ကာပူဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ကျော်တန်ဖိုးရှိ ငွေသားနှင့် ပိုင်ဆိုင်မှုပစ္စည်းအဖိုးတန်များကို စင်္ကာပူရဲတပ်ဖွဲ့က သိမ်းဆည်းရမိပြီး ထိန်းချုပ်ထားခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥2
စက်တင်ဘာလ ၂၁ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
==================

-စစ်ကောင်စီအမိန့်နဲ့ ဈေးလျှော့ရောင်းနေတဲ့ဆီကို စားသုံးပြီးနောက် ရောဂါအချို့ခံစားနေရတဲ့သတင်း

-မြင်းခြံမှာ စစ်တပ်က အသက် ၇၀ အရွယ် အဘိုး၊ အဘွားတွေ အပါအဝင် ဒေသခံတွေကို ရိုက်နှက်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်း

-စစ်ကောင်စီစစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် ကချင်မြေရှားသတ္တုတူးဖော်မှု ယာယီရပ်နားလိုက်တဲ့သတင်း

- စစ်ကောင်စီ ပိတ်သိမ်းတဲ့ နိုင်ငံခြားငွေကြေး ရောင်းချခွင့်ကုမ္ပဏီ ၁၆၀ ကျော်အထိရှိလာတဲ့သတင်း

-စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဌ မိုးမြင့်ထွန်းနေရာမှာ ဗိုလ်ချုပ်မြထွန်းဦးနဲ့ အစားထိုးလိုက်တဲ့သတင်း
-တရုတ်နိုင်ငံကို လာလည်ဖို့ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း ပူတင်ပြောလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားပါမယ်။

https://www.youtube.com/live/MWO-UKIouZs?si=5r3IGSXN8pKgPmF6

 #7pmnews #themizzimaprimetime #MizzimaTV
👍7🍌1