မြန်မာ့အရေးကြောင့် အိန္ဒိယရဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်း ကြန့်ကြာနေ|Business Round Up(22.9.2023)
================
- မြန်မာ့အရေးကြောင့် အိန္ဒိယရဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်း ကြန့်ကြာနေ
- ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်မှုမှာ E-Lock စနစ်ကို စတင်အသုံးပြုမည်
- ကိုရီးယားနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားများ ယခုနှစ် မကုန်ခင် ထွက်ခွါပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပြုမယ်လို့ဆို
- ပြည်ပဝယ်လိုအားများနေသော်လည်း ပြည်တွင်းကော်ဖီစေ့လက်ကျန်နည်းနေ
https://youtu.be/RhzqfbT9BPg?si=lLthuZi-6Pg3AVMN
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
မြန်မာ့အရေးကြောင့်အိန္ဒိယရဲ့သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းကြန့်ကြာနေ|Business Round Up(22.9.2023)
- မြန်မာ့အရေးကြောင့် အိန္ဒိယရဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်း ကြန့်ကြာနေ
- ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်မှုမှာ E-Lock စနစ်ကို စတင်အသုံးပြုမည်
- ကိုရီးယားနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားများ ယခုနှစ် မကုန်ခင် ထွက်ခွါပါက ဒဏ်ကြေးကင်းလွ…

👍6🔥1
ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်ဗျူဟာစခန်းကုန်း တိုက်ခိုက်ခံရပြီး တပ်မ(၄၄) တပ်ခွဲမှူး သေဆုံး
=================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်အမျိူးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ် ထီးကပလယ် ဗျူဟာစခန်းကုန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေကြောင်း KNDOထံမှ သိရသည်။
ဗျူဟာစခန်းကုန်းကို တိုက်ခိုက်ရာတွင် စနိုက်ပါပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"စနိုက်ပါနဲ့ ပစ်တာ ခလရ(၃၂)တပ်ခွဲမှူး သေတယ်၊ စခန်းက မရသေးဘူး၊ သူတို့ကို အမှည့်ခြွေခြွေနေတယ်၊ ဒရုန်းနဲ့လည်း တိုက်တယ်" ဟု KNDOတပ်ရင်း(၈)မှ အရာရှိတဦးက မဇ္ဈိမကိုပြောသည်။
ထီးကပလယ်ဗျူဟာစခန်းကုန်းသည် တပ်မ(၄၄)လက်အောက်ခံ ခလရ(၃၂)၊ ခမရ(၅၅၆)တပ်ရင်း အခြေစိုက်စခန်းဖြစ်ပြီး KNDO တပ်ရင်း(၈)၊ KNLA (၁၀၃)တပ်ရင်း၊ KTLAနှင့် Federal wings drone ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေခြင်းဖြစ်သည်။
အဆိုပါ ဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင်လည်း ကရင်ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျဆုံးများခဲ့သည့် တိုက်ပွဲဖြစ်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
photo- ပုံအဟောင်း
#mizzima
#KNLA
#KNDO
#KNU
#ထီးကပလယ်ဗျူဟာစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်အမျိူးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ် ထီးကပလယ် ဗျူဟာစခန်းကုန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေကြောင်း KNDOထံမှ သိရသည်။
ဗျူဟာစခန်းကုန်းကို တိုက်ခိုက်ရာတွင် စနိုက်ပါပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"စနိုက်ပါနဲ့ ပစ်တာ ခလရ(၃၂)တပ်ခွဲမှူး သေတယ်၊ စခန်းက မရသေးဘူး၊ သူတို့ကို အမှည့်ခြွေခြွေနေတယ်၊ ဒရုန်းနဲ့လည်း တိုက်တယ်" ဟု KNDOတပ်ရင်း(၈)မှ အရာရှိတဦးက မဇ္ဈိမကိုပြောသည်။
ထီးကပလယ်ဗျူဟာစခန်းကုန်းသည် တပ်မ(၄၄)လက်အောက်ခံ ခလရ(၃၂)၊ ခမရ(၅၅၆)တပ်ရင်း အခြေစိုက်စခန်းဖြစ်ပြီး KNDO တပ်ရင်း(၈)၊ KNLA (၁၀၃)တပ်ရင်း၊ KTLAနှင့် Federal wings drone ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေခြင်းဖြစ်သည်။
အဆိုပါ ဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင်လည်း ကရင်ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျဆုံးများခဲ့သည့် တိုက်ပွဲဖြစ်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
photo- ပုံအဟောင်း
#mizzima
#KNLA
#KNDO
#KNU
#ထီးကပလယ်ဗျူဟာစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏2😁1
တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်၍ အသက် ၆ နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီးအပါ လေးဦး ပြင်းထန်ဒဏ်ရာရ
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ တန်ဆည်မြို့နယ် ၊ အရှေ့ခြမ်းရှိ သဲကုန်းကျေးရွာကို စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၍ အသက်ခြောက်နှစ်အရွယ် ကလေးငယ် တဦး နှင့် အသက် ၂၀ အရွယ် အမျိုးသမီးတဦးအပါအဝင် လေးဦး ပြင်းထန်ဒဏ်ရာရပြီး အသက်အန္တာရယ် စိုးရိမ်ရကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင်ထံက ပြောသည်။
ယနေ့ စက်တင်ဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာသူ ကျန်နှစ်ဦးမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ကြောင်း သိရသည်။
“ Mi -35 တိုက်ခိုက်ရေး ရဟတ်ယာဉ် နဲ့ ရွာဘေး ပတ်ပတ်လည် ကို ၁၅ မိနစ်ခန့် ကြာ ဆက်တိုက်ပစ်ခတ်သွားတာပါ။ နောက်ဆုံး ပြန်ခါနီးမှာ ပစ်သွားတဲ့ လက်နက်ကြီး ခုနစ်လုံးက ရွာပေါ် တည့်တည့် ကျရောက် ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ တဦးက ဆိုသည်။
သဲကုန်းရွာတွင် အထိုင်ချတပ်စွဲချင်သည့် စစ်ကောင်စီတပ်သည် တပ်မစွဲမီ ထိုသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
“ စစ်ကြောင်းက ကန့်ဘလူ ကာဘိုး ကနေ မူးမြစ်ကူးပြီး သဲကုန်းကို ဝင်ချင်တာ ဖြစ်ပါတယ်။ ဒေသကာကွယ်ရေး အဖွဲ့တွေက သဲကုန်းရွာ ဘက်ကနေ ပတ်ဝိုင်းထားတော့ စစ်ကောင်စီတပ်က ပိတ်မိသလိုမျိုး ဖြစ်သွားတာပါ။ ဒါကြောင့် လေကြောင်းပစ်ကူခေါ်ပြီး ထွက်လမ်း ရှင်းခိုင်းတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
လေကြောင်းမှတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ် ခလရ (၃၆၁) မှ အင်အား ၁၅၀ ခန့်ပါ ခြေလျင် စစ်ကြောင်းသည် သဲကုန်းကျေးရွာအတွင်းသို့ ဝင်ရောက် ၍ တပ်စွဲနေကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရပါသည်။
အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် တန်ဆည်မြို့နယ် ရှိ သဲကုန်း ၊အက်တော ၊တပ်သစ် ၊ ရွှေလှ နှင့် ငတန်း စသည့်ကျေးရွာများမှ ပြည်သူ ဦးရေ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း ဒေသခံများထံက သိရပါသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လေကြောင်းတိုက်ခိုက်
#သဲကုန်းကျေးရွာ

👍14🤬6😁3❤1
This media is not supported in your browser
VIEW IN TELEGRAM
September - 22 [4 Pm] Mizzima News Hour
Mizzima Headline News
#4pmnews #mizzimanewshour #reels #shorts

👍4🖕1
Indonesia hosts first-ever joint ASEAN military drills
=====================
https://youtu.be/JP7qSVzjrxQ?si=a3KXVXj8yrEkN2Nm

Ships, aircraft and troops take part in the first-ever joint ASEAN exercises, hosted in Indonesia, staging drills in waters and humanitarian exercises on islands close to the South China Sea. Despite recent territorial disputes in the region, the 'ASEX01'…
👍3🔥1
မိုးကုတ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ၅ နှစ်အရွယ်ကလေး သေဆုံး
========================
007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက် နံနက် ၁၁ နာရီအချိန်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ငါးနှစ်အရွယ် ကလေးငယ်တဦး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။
“သားအဖနှစ်ယောက် မနက်စာစားပြီးလို့ အိမ်ထဲအတူထိုင်နေတုန်း အိမ်ပေါ်ကိုလက်နက်ကြီးကျပြီး ပေါက်ကွဲတာ၊ နှစ်ယောက်စလုံးထိကြတယ်၊ ကလေးက ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ခြေထောက်ထိတယ်၊ ဖအေဖြစ်သူက ခေါင်းနဲ့လက်တွေမှာ ဒဏ်ရာရတယ်၊ မိုးကုတ်ဆေးရုံကို ပို့ခွင့်မရခဲ့လို့ ကလေးကသွေးထွက်လွန်ပြီး ဆုံးတာ” ဟု ဖြစ်စဉ်သိရှိသည့် အမည်မဖော်လိုသူဒေသခံံတဦးက ပြောသည်။
လက်နက်ကြီးကျည်သည် အိမ်ခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“သားအဖနှစ်ယောက်စလုံးကို မိုးကုတ်ဆေးရုံပို့ဖို့သယ်တော့၊ စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)က ပေးမသွားဘူး၊ အဲဒါနဲ့ လမ်းသစ်(ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း)ဘက်ကနေ ကျောက်မဲဆေးရုံကိုပို့တာ၊ ကလေးက လမ်းမှာတင်ဆုံးတယ်၊ လူကြီးကတော့ အခု ကျောက်မဲဆေးရုံမှာ၊ ခေါင်းနဲ့လက်တွေ ထိထားတယ်” ဟု နောက်ထပ်ဒေသခံတဦးက ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့်ပတ်သက်၍ မိုးကုတ်မြို့ ဗျူဟာကုန်းမှ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း ဒေသခံများကဆိုသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မိုးကုတ်မြို့နယ်၊ ကုန်းစံကျေးရွာတွင် စက်တင်ဘာလ ၁၅ ရက်မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။
စစ်ကောင်စီဘက်က TNLA ပူးပေါင်းတပ်တို့ တည်ရှိရာ ကုန်းစံကျေးရွာ အနီး၀န်းကျင်နှင့် မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ကျေးရွာ အနီးတဝိုက်ကို လေကြောင်းမှ ပစ်ခတ်မှုများအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသဖြင့် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မန္တလေးတိုင်း
#မိုးကုတ်မြို့နယ်
#လက်နက်ကြီးပစ်ခတ်မှု
ပုံအညွှန်း-သေဆုံးသွားသည့်ကလေးငယ်နှင့် ဒဏ်ရာရသွားသည့် ကလေးဖခင်ဖြစ်သူပုံ။(ဓာတ်ပုံ-နမ့်ခုံးရှမ်းများပရဟိတအသင်း)

👍5😢3🔥1🤬1
ကမ္မမြို့ပေါ် စစ်ကောင်စီတပ် နယ်မြေရှင်းလင်းစဉ် မြို့ခံ ၁၀,၀၀၀ ကျော် တိမ်းရှောင်နေရဟုဆို
====================
MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ကမ္မမြို့ပေါ် ရှိ ရဲစခန်းနှင့်အစိုးရရုံးများကို စက်တင်ဘာလ ၁၉ ရက်နေ့ တွင်ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေရာ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်
“ကမ္မမြို့ပေါ်မှာ ၁၂ ရပ်ကွက်ရှိတာမှာ အကုန်လုံးနီးပါး ရှောင်နေရတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့နေ့ (တိုက်ပွဲဖြစ်ပွားတဲ့နေ့)က လေကြောင်းတွေ ပါ ပါလာတော့ ပြည်သူတွေလည်း လန့်ပြီး ရှောင်နေကြ တယ်။ နောက်ရက်မှာလည်း စစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး စကစ တွေနဲ့ ပျူ တွေက ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မယူနေကြတယ်” ဟု အနောက်လွင်ပြင် PDF အဖွဲ့ မှ ရဲဘော်တေဇက ပြောသည်။
လက်ရှိအချိန်တွင် ကမ္မမြို့ပေါ်နေ ပြည်သူများ ဘေးလွတ်ရာ၌ သွားရောက်နေထိုင်ကြရပြီး စစ်ရှောင် ဦးရေ ၁၀,၀၀၀ကျော် ရှိလာနေသည်ဟု ကမ္မမြို့ပြည်သူ့ကာကွယ်ကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်္ယျာက ပြောသည်။ စစ်ကောင်စီနှင့်ပျူစောထီးများက ဒေသခံများပိုင်ဆိုင်သော ပစ္စည်းများကို သိမ်းယူနေသည်ဟု ဆိုသည်။
" ကမ္မမှာ စစ်ရှောင်က ၁၀,၀၀၀ကျော်ဖြစ်သွားပြီ။ မြို့ထဲမှာက မနေသလောက်ဖြစ်သွားပြီ။ ပြည်သူပိုင် ပစ္စည်းတွေကို ကားတွေနဲ့ သယ်နေတယ်” ဟုဗိုလ်လင်္ယျာက ပြောသည်။
မြို့ခံ ပြည်သူများသည် ပခုက္ကူ ၊ မြိုင် စသည့် မြို့ နယ်များတွင် စစ်ရှောင်နေကြရသည်ဟု သိရသည်။
" ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက အခြေအနေဆိုးနေတာပါ။ ကမ္မဘက်ကို ကားတွေ ထွက်လို့မရပါဘူး" ဟု မကွေးမြို့မှ ကားဂိတ်တာဝန်ခံတဦးကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အနောက်လွင်ပြင်PDF အဖွဲ့အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့များ က ကမ္မမြို့ပေါ်ရှိ လျှပ်စစ်ရုံး၊ ထွေအုပ်ရုံးနှင့်ကြံ့ခိုင်ရေးရုံးတို့ကို စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။စစ်ကောင်စီဘက်တွင် ခုနစ်ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ရဲဘော်တေဇက ဆိုသည်။
စာတည်း - အေးချမ်း
ကမ္မမြို့ပေါ်တိုက်ပွဲတွင် ပါဝင်ခဲ့သည့်
Young Force(UG)ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)ရဲဘော်များ
Photo - Young Force(UG)
#mazzima
#ကမ္မမြို့
#စစ်ကောင်စီတပ်
#နယ်မြေရှင်းလင်း
#ဒေသခံများတိမ်းရှောင်

🤬9👍4🔥1
စက်တင်ဘာလ( ၂၂ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
00:55-မြန်မာ့အရေးကြောင့် အိန္ဒိယရဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်း ကြန့်ကြာနေ
တဲ့သတင်း
03:31-ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်မှုမှာ E-Lock စနစ်ကို စတင်အသုံးပြုမယ့်ဆို တဲ့သတင်း
08:33-အာဆတ်ရဲ့တရုတ်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးအဆင့်သစ်တစ်ခုကို ရောက်ရှိစေမှာဖြစ်ကြောင်း ဘေဂျင်းပြောတဲ့သတင်း
09:45-ပထမဆုံးအကြိမ် ကရာဘက်ပေါင်းစည်းရေး ဆွေးနွေးပွဲပြီးဆုံးတဲ့သတင်းတွေ အပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။
https://youtu.be/Y4BGb4LLczU?si=VI9IqEsD_gKAxmaI
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

08:33-အာဆတ်ရဲ့တရုတ်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးအဆင့်သစ်တစ်ခုကို…

👍12🍌1
ရွှေတုံးများဖြင့် ပုံသည် ဒုတိယကမ္ဘာစစ်အတွင်း စွန့်ပစ်ထားသည်ကို ရှာဖွေ့တွေ့ရှိခဲ့ခြင်းမဟုတ်
======================
JC
(မဇ္ဈိမ)။ ။ ဒုတိယ ကမ္ဘာစစ်အတွင်း ဝှက်ထားခဲ့သည့် ရွှေတုံးများအား ပုံတွင်ပြထားသည့် လူတဦးက ရှာဖွေတွေ့ရှိခဲ့သည်ဟူသော သတင်းနှင့် ဓာတ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ ၂၀၀၃ ခုနှစ်ကတည်းက အီရတ်တွင် အမေရိကန် စစ်တပ်က ကားတစီးပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် ရွှေတုံးများဖြစ်သည်။
Creative News အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာတခုတွင် စက်တင်ဘာလ ၁၉ ရက်နေ့၌ “ကံကောင်းလွန်းတဲ့ ရှာဖွေတွေ့ရှိမှု : ဒုတိယကမ္ဘာစစ်အတွင်းမှာ စွန့်ပစ်ထားခဲ့တဲ့ ရွှေတုံး ၉,၉၉၉ ခုကို ဒီလူကရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟူသောခေါင်းစဉ်ဖြင့် ဓါတ်ပုံတပုံနှင့်တူ ဒုတိယကမ္ဘာစစ်အတွင်း သုံးခဲ့သည့် စစ်စခန်းဟောင်းများအား ရှာဖွေရင်း အလုံပိတ်အခန်းတခုတွင် ဝှက်ထားသည့် ရွှေတုံး ၉,၉၉၉ ခုကို ဥရောပ နိုင်ငံသားတဦးက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖြန့်ဝေထားသည်။
ဓာတ်ပုံတွင်လည်း ရွှေတုံးများနှင့်အတူ မတူညီသည့် စစ်သားနှစ်ဦး၏ ပုံနှင့်တကွ “စစ်တပ်စခန်းဟောင်းတခုကနေ ရွှေချောင်းပေါင်း ၉,၉၉၉ ခုကို ရှာဖွေတွေ့ရှိခဲ့သူ” ဟူသည့် စာတန်းကို ရေးသားဖော်ပြထားသည်။ ဖော်ပြထားသည့် သတင်းထဲတွင် မည်သည့်အချိန်တွင် ထိုသို့ရှာဖွေတွေ့ရှိခဲ့ကြောင်းကိုလည်း ဖော်ပြထားခြင်း မရှိပေ။
မဇ္ဈိမ အချက်အလက် စစ်ဆေးသူများက ထိုပုံနှင့် အကြောင်းအရာကို စစ်ဆေးခဲ့ရာ ထိုရွှေတုံးများမှာ အီရတ်တွင် အမေရိကန် စစ်တပ်ကကားတစ်စီးပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် ရွှေတုံးများ ဖြစ်ကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၀၃ ခုနှစ် မေလအတွင်းတွင် အီရတ်နိုင်ငံ အနောက်ပိုင်း ဆီးရီးယားနယ်စပ်တွင် အမေရိကန်စစ်သားများ လုံခြုံရေးကင်းလှည့်နေစဉ် ကားတစီးကို စစ်ဆေးရာမှ ရွှေတုံးများအား ရှာဖွေတွေ့ခဲ့သည့် ဖြစ်စဉ်မှ ဓာတ်ပုံဖြစ်သည်။
ဤအကြောင်းကို NZ Herald သတင်းဌာနတွင် ၂၀၀၃ ခုနှစ် မေလ ၂၄ ရက်နေ့၌ သတင်းဖော်ပြခဲ့သည်။
ထိုပုံများဖြင့် သတင်းတုများ များစွာထွက်ပေါ်ခဲ့ပြီး ထိုပုံတွင်ပါဝင်သည့် စစ်သားသည် မာလီနိုင်ငံမှ ဟုဆိုကာ ဖြန့်ဝေမှုများရှိခဲ့သည်။ ထိုအကြောင်းကို Africa Check မှ အချက်အလက် စစ်ဆေးထားပြီး ထိုပုံသည် ၂၀၀၃ ခုနှစ်တွင် အမေရိကန် တပ်များက အီရတ်၌ သိမ်းယူခဲ့သည့် ရွှေတုံးများဖြစ်ကြောင်း ဆိုထားသည်။
ထို့ပြင် အမေရိကန်စစ်တပ်များ၏ သတင်းကို ဖော်ပြလေ့ရှိသည့် Stripes မီဒီယာကလည်း ၂၀၀၃ ခုနှစ် မေလတွင် အမေရိကန် စစ်သားများမှ ဒေါ်လာ သန်း ၈၀ မှ သန်း ၁၀၀ ကြားတန်ကြေးရှိ ရွှေတုံးများကို အီရတ်ထံမှ သိမ်းဆည်းရမိကြောင်း သတင်းဖော်ပြထားသည်။
သတင်းဌာနများ၏ ဖော်ပြချက်အရ ထိုရွှေများသည် အလုံပိတ်အခန်းတခုမှ ဒုတိယကမ္ဘာစစ်တုန်းအတွင်း ရွှေတုံးများအား ဥရောပသား တစ်ယောက်က ရှာဖွေတွေ့ရှိခဲ့သည်မှာ အမှန်မဟုတ်ဘဲ ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံ၌ ကုန်တင်ကားတစီးပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် ရွှေတုံးများဖြစ်သည်။
ထို့ကြောင့် သတင်းတုသည် ပုံဟောင်းဖြင့် သတင်း အကြောင်းအရာကို လိုသလိုပြုပြင်ကာ ဖန်တီး ဖြန့်ဝေထားသည့်သတင်းတုသာ ဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Misinformation_Buster
#Fake_News
#USArmy
#Iraq
---------------------

👍12😁1
စက်တင်ဘာလ ၂၂ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================
https://youtu.be/yP8W-a1lTHg?si=9Bf43xFrpknm1kQC
=================
https://youtu.be/yP8W-a1lTHg?si=9Bf43xFrpknm1kQC
YouTube
စက်တင်ဘာလ ၂၂ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
စက်တင်ဘာလ ၂၂ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍8🔥1
မီးနီဖြတ်မောင်းသည့် ယာဥ်ကို လိုက်ဖမ်းရာ ယာဥ်ပေါ်မှ သေနတ်ဖြင့်ပစ်၍ ယာဥ်ထိန်းရဲ သေဆုံး
👍11🔥3👏1

==================
007
(မဇ္စျိမ) ။ ။ လားရှိုးမြို့တွင် ယနေ့ မနက်ပိုင်းက မီးနီဖြတ်မောင်းသည့် မော်တော်ယာဥ်နောက် လိုက်ဖမ်းသည့် ယာဥ်ထိန်းရဲများကို ထိုယာဥ်ပေါ်မှ သေနတ်ဖြင့် ပစ်၍ ယာဥ်ထိန်းရဲတဦးသေဆုံးသွားကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ်(၄)ရပ်ကွက်၊ မန္တလေးလမ်းနှင့်ရေကန်လမ်းဆုံမီးပွိုင့်တွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“သူတို့(ယာဉ်ထိန်းရဲများ)က အဲဒီမီးပွိုင့်နားမှာ နေ့တိုင်းရှိတယ်။ ဟိုင်းဝေးကားကြီးတွေဆီက ပိုက်ဆံပစ်ချပေးတာကို စောင့်ယူတဲ့အုပ်စုပေါ့။ မနက်က ကားတစီး မီးနီဖြတ်မောင်းတာကို နောက်ကနေလိုက်ဖမ်းတာ။ ဟိုက ပစ္စတိုနဲ့လှမ်းပစ်ပြီးထွက်ပြေးတာလို့ ရဲစခန်းအသိတယောက်က ပြောပြလို့သိရတယ်။ နောက်ကနေ ဆိုင်ကယ် နှစ်စီးနဲ့လိုက်သွားတာတဲ့။ ယာဉ်ထိန်းရဲ၀တ်စုံနဲ့ကနှစ်ယောက်၊ နောက်တစ်ယောက်က အရပ်သား၊ ယာဉ်ထိန်းရဲ အကူလို့ပြောတယ်။ အားလုံးပေါင်းသုံးယောက်၊ နှစ်ယောက်ထိတာ တစ်ယောက်ကဆေးရုံမှာသေသွားပြီ” ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ယာဥ်ထိန်းရဲတဦးနှင့် ၎င်း၏ အကူ အရပ်သား ပြင်းထန်ဒဏ်ရာရရှိသွားပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ် ယာဥ်ထိန်းရဲ သေဆုံးသွားကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။
“နှစ်ယောက်ဒဏ်ရာရတယ်၊ တစ်ယောက်သေတယ်။ မသေတဲ့တစ်ယောက်ကို စစ်ဆေးရုံကိုလွှဲပေးထားတယ်” ဟု နီးစပ်သူတစ်ဦးကပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က လားရှိုးမြို့ အ၀င်၊အထွက်ဂိတ်များအား တင်းကျပ်ပိတ်ဆို့စစ်ဆေးနေပြီး အဖမ်းအဆီးကြမ်းနေသဖြင့် ယာဉ်ကြောပိတ်ဆို့နေကြောင်း သိရသည်။
လားရှိုးမြို့တွင် ယာဉ်ထိန်းရဲ ၊ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့အတွက် အကူလုပ်ဆောင်ပေးရသည့် အရပ်သားများ ပူးပေါင်းပြီး အမြန်လမ်းနှင့်မြို့တွင်းလမ်းဆုံမီးပွိုင့်များတွင် မော်တော်ယာဉ်မောင်းသူများထံမှ ငွေတောင်းခံနေသည့်အတွက် မြို့ခံနှင့်ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်ဟု ဒေသခံများကပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ယာဥ်ထိန်းရဲ
#လားရှိုးမြို့
ပုံစာ လားရှိုးမြို့

👍14🔥5👏4👎1
မွန်ပြည်နယ် ရေးမြို့နယ် ကျေးရွာများတွင် ဆေးဝါးများအရေးပေါ်လိုအပ်
===================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာများတွင် ကျန်းမာရေးအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။ ယင်းဒေသသည် မြစ်၊ ချောင်းများနှင့် တောတောင်များထူထပ်နေပြီး ငှက်ဖျားနှင့် ရာသီတုပ်ကွေးများ အဖြစ်များသည့်နေရာဖြစ်ကြောင်းသိရသည်။
" တချို့ပြည်သူတွေက ဆေးရုံဆေးခန်းသွားလို့မရတဲ့ အခြေနေဆိုတော့ သူတို့မှာ ဆေးကုသဖို့ အခက်ခဲရှိတယ် ၊ အခု ရှစ်လပိုင်းနဲ့ ကိုးလပိုင်းအထိကို ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတာ ကျေးရွာ ခြောက်ရွာ လူဦးရေ ၁၂၀ကျော်တယ်ပေါ့၊ ကျနော်တို့က ကျနော်တို့တပ်အတွက်ပဲ ဆေးဝါးစုဆောင်းတာဆိုတော့ အခုက အရပ်သားတွေက ဆေးလာကုသတာဆိုတော့ ဆေးဝါးခက်ခဲတာ ရှိတယ်ပေါ့"ဟု ဒေါနစစ်ကြောင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဆေးဝါးလိုအပ်ချက်တွင် ကလေးလူနာအတွက် အရေးပေါ်လိုအပ်နေကြောင်းသိရသည်။ ဒေါနစစ်ကြောင်းဆေးတပ်ဖွဲ့မှ ယင်းဒေသတွင် အခြေခံကျန်းမာရေး လိုအပ်ချက် အသိပညာပေးမှုများပြုလုပ်လျက်ရှိသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ကလေးလူနာ
#ရေးမြို့နယ်
#ဒေါနစစ်ကြောင်း

👍9😢4❤1🔥1
ရွေးကောက်ပွဲကျင်းပပြီးချိန်အထိတောင့်ခံကြဖို့ တပ်မိသားစုဝင်တွေကို စည်းရုံးပြောဆိုဟု CDM ဗိုလ်ကြီးပြော
========================
မိုးသောက် (မဇ္ဈိမ)။ ။ရွေးကောက်ပွဲကျင်းပပြီးချိန်ထိ တောင့်ခံထားကြဖို့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်တွင်းမိသားစုတွေကို စစ်ကောင်စီက စည်းရုံးပြောဆိုတာတွေရှိတယ်လို့ CDM ဗိုလ်ကြီး ညီသုတကပြောပါတယ်။
ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ရွေးကောက်ပွဲ ပြန်ပြီး ကျင်းပပေးမယ်လို့ပြောကြားလေ့ရှိလာရာက လက်ရှိတပ်တွင်းမှာလည်း ရွေးကောက်ပွဲပြုလုပ်နိုင်မယ်ဆိုရင် တပ်ရင်းတပ်ဖွဲ့ တည်ဆောက်နိုင်မယ်ဆိုပြီး မျှော်လင့်ချက်ပေး ပြောဆိုတာတွေရှိလာတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နေ့စဉ်ဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွင်းကနေ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက် CMD ပြုလုပ်လာသူတွေရှိနေတာဖြစ်ပါတယ်။
တည်းဖြတ်/တင်ဆက်- မိုးသောက်
https://youtu.be/Q8OBwvgqhZA?si=8CNTyEttBLAx6zDF
#စစ်ကောင်စီ
#CDM
#ရွေးကောက်ပွဲ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့…

😁16👍6
ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းအနီးမိုင်းနင်းမိပြီး ဒေသခံသေဆုံး
=======================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်တွင် စက်တင်ဘာလ ၂၁ရက်နေ့က ငါးဖမ်းသွားသည့် ဒေသခံတဦးသည် စစ်ကောင်စီတပ်စခန်းအနီးတွင် မိုင်းနင်းမိကာ သေဆုံးသွားသည်ဟု ဒေသခံထံကသိရသည်။
“၁၀နာရီခွဲလောက်မှာ မိုင်းပေါက်တဲ့အသံကြားတယ်။ ခဏခဏ အဲလိုအသံကြားနေကြဆိုတော့ သိပ်ပြီး မထူးသလိုနဲ့ ဒီလိုပဲနေကြတာ။ ညနေစောင်းတော့ သူပြန်မလာတာနဲ့ လိုက်ရှာကြတော့ သူ့ကိုအသက်မရှိတော့ဘဲ ပြန်တွေ့ရတာ”ဟု အမည်မဖော်လို သည့် ဒေသခံက မဇ္စျိမကိုပြောသည်။
မဏိပူရမြစ်သို့ ငါးဖမ်းသွားစဉ် မိုင်းနင်းမိခြင်းဖြစ်ပြီး သေဆုံးသူကို ရှာဖွေရှာတွင် လမ်းတလျှောက် မိုင်းရှင်းလင်းရေးပြုလုပ်ပြီးမှသာ ရုပ်အလောင်းကောက်ယူခဲ့ရသည်ဟု ဆိုသည်။
သေဆုံးသူသည် အသက် ၅၂နှစ်အရွယ် ဦးငွန်ကစ်ခွါလ်ဆိုသူသည်ဖလမ်းမြို့နယ်၊ လိုင်ဇိုးရွာသားဖြစ်ပြီး ဗားရ်စခန်း မိုးလေဝသဝန်ထမ်း ဖြစ်သည်ဟု ဒေသခံကပြောသည်။
စစ်ကောင်စီတပ်၏ ဗားရ်းစခန်းနှင့် အောက်ဘက် နှစ်ဖာလုံခန့်နေရာ၌ ညနေ ၅နာရီ ၃၀မိနစ်ခန့်တွင် ၎င်းအား ခြေကျင်းဝတ်အထက်ပိုင်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။
“စကစ(စစ်ကောင်စီတပ်ဖွဲ့)တွေ ထောင်တဲ့မိုင်း နင်းမိတာပါ။ ကျနော်တို့ ဗားရ်စခန်းတခါသိမ်းပြီးကတည်းက ပတ်ဝန်ကျင်တခုလုံးမှာ မိုင်းအကုန်ထောင်ထားကြတာဗျ ။ အဲဒီမတိုင်ခင်က စကစဘက်က မိုင်းထောင်တာမျိုးမရှိပါဘူး ။ စခန်းသိမ်းပြီး ကျနော်တို့လည်း အဲဒီဘက် သွားတာမျိုး မရှိတော့ပါဘူး” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။
ဧပြီလ ၁၀ရက် နံနက် ၅နာရီအချိန်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဗားရ်းတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ဦး သေဆုံးပြီး ၁၁ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စခန်းအနီးပတ်ဝန်းကျင်ကို မိုင်းများထောင်ထားသဖြင့် ယခုကဲ့သို့ ဒေသခံများ မိုင်းနင်းမိပြီး အသက် ဆုံးရှုံးရခြင်းဖြစ်ကြောင်း CNDF တာဝန်ရှိသူက ပြောဆိုသည်။
သေဆုံးသွားသူ၏ ရုပ်အလောင်းကို ဖလမ်းမြို့ဆေးရုံသို့ ခေါ်ဆောင်သွားပြီးစစ်ဆေးခဲ့ကာ ယနေ့ စက်တင်ဘာလ ၂၂ရက် နေ့လည် ၂နာရီခန့်တွင် ၎င်း၏ ဇာတိ လိုင်ဇိုးရွာတွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်းနှင့် သေဆုံးသူတွင် သားသမီးသုံးဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#ဖလမ်းမြို့နယ်
#မိုင်း
ပုံအညွှန်း - မိုင်းနင်းမိပြီးသေဆုံးသွားသူ။(ဓါတ်ပုံ-Zofa Journal)

🤬7👍4❤2😁1
ဥရောပတိုက်၏ အကြီးဆုံး ဆိုလာအပူစွမ်းအင်စက်ရုံအား ဘယ်လ်ဂျီယမ်နိုင်ငံ၌ ထုတ်ဖော်ပြသ
==========================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1
Janhit Mein Jaari (2022)
===============
လူဦးရေ ထူထပ်လှတဲ့ အိန္ဒိယနိုင်ငံမှာ ပညာတတ်ဘွဲ့ရတွေတောင် အလုပ်တစ်ခုရဖို့ မလွယ်လှပါဘူး...
မိန်းကလေးတစ်ဦးဖြစ်ပေမဲ့ ယောက်ျားယူပြီး အိမ်မှာပဲနေဖို့မစဉ်းစားတဲ့ မနူကတော့ အိမ်ထောင်ချပေးချင်တဲ့ မိဘတွေနဲ့ အတိုက်အခံလုပ်ပြီး အလုပ်တစ်ခုရအောင် ရှာနိုင်ခဲ့တယ်...
သူရတဲ့အလုပ်က လစာကောင်းပေမဲ့ ရှေးရိုးစွဲ လူ့အသိုင်းအဝိုင်းက လက်မခံကြတဲ့ အလုပ်ဖြစ်နေတဲ့အခါ...
ပူပူနွေးနွေး ချစ်သူနဲ့ အိမ်ထောင်ပြုပြီး ယောက္ခမအိမ်မှာ နေနေရတဲ့ မနူရဲ့အလုပ်ကို သူ့ယောက်ျားက လက်ခံနိုင်ပါ့မလား...
သူ့ယောက္ခမမိသားစုကရော လက်ခံနိုင်ပါ့မလား...
ကွန်ဒုံးသုံးစွဲကြဖို့ ပညာပေး ဇာတ်ကားလေးဖြစ်ပေမဲ့ ဟာသနှောပြီး ရိုက်ပြထားတာကြောင့် ကြည့်ရှုသူများ မပျင်းရမဲ့ ဇာတ်ကားကောင်း တစ်ခုပါပဲ။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။၂၂.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၂၃.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍9🔥1😁1