Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ကျေးရွာပေါင်းစုံသပိတ်
❤17🔥1😁1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ကျေးရွာပေါင်းစုံသပိတ်
===================

ပါခွီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲကို ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် ပြုလုပ်ကြသည်ဟု သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် "Our Ambassador – Our Voice" စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော် သံများဟစ်ကြွေးချီတက်ခဲ့ကြသည်ဟု ဆိုသည်။

“အခုလို ဦးကျော်မိုးထွန်းကို ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိမယ်လို့ ကြားသိရတဲ့အတွက် သူ့ကို ဝန်းရံထောက်ခံနေတဲ့ ကျနော်တို့ အလွန်ဝမ်းသာပါတယ်” ဟု ကျေးရွာပေါင်းစုံသပိတ်ကော်မတီအဖွဲ့ဝင် ဗိုလ်စနေက မဇ္စျိမကိုပြောသည်။

ယခုကဲ့သို့ ဦးကျော်မိုးထွန်းအား သံအမတ်အဖြစ်ထားရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာ နိုင်ငံအတွက် ဦးကျော်မိုးထွန်းတင်ပြတောင်းဆိုသည့်အသံကိုနားထောင်ပြီး စစ်ကောင်စီကို အပြစ်ဒဏ် ပေးအရေးယူခြင်းများ ပြုလုပ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုလိုသည်ဟုလည်း ၎င်းကပြောသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည် ၉၁၆ ရက် မြောက်နေ့အဖြစ် ဆက်လက်ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥1
HIV ပိုးရှိတဲ့အမျိုးသမီးကကိုယ်ဝန်ဆောင်လို့ရနိုင်လား| ကျန်းမာသုတ လူမှုဘ၀ Episode - 34 
===============

HIV ပိုးရှိသူတွေဟာ စနစ်တကျ ကုသမှုခံယူမယ်ဆိုရင် သွေးထဲမှာ HIV ပိုးကို ရှာမတွေ့တော့တဲ့အထိဆေးပညာတွေက တိုးတက်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရိမ်လွန်တဲ့ အခြေအနေတွေလည်းရှိနေသေးတာကြောင့် HIV ပိုးရှိတဲ့ အမျိုးသမီးက ကိုယ်ဝန်ဆောင်လို့ ရနိုင်လား။ မိခင်ကနေ ကလေးငယ်ကို HIV ပိုးကူးစက်နိုင်လား။

ကျန်းမာရေးနဲ့အညီနေထိုင် စားသောက်မယ်ဆိုရင်ကော ကူးနိုင်ခြေ နည်းလားဆိုတာတွေနဲ့ ပတ်သက်ပြီးဒေါက်တာ ဖြိုးသီဟက ဘယ်လို ဆွေးနွေးပေးထားလဲဆိုတာ ကြည့်ရှုလိုက်ရအောင်။

https://youtu.be/vb5Dlmv4r3I?si=1Pc_J2I7Wclzu2Ed

#ဒေါက်တာဖြိုးသီဟ
#Mizzima
#ကျန်းမာသုတလူမှုဘဝ 
#HIV 
#HIVandPregnancy

ဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtu.be/vb5Dlmv4r3I

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4🔥2👍1
တနင်္သာရီတိုင်းတွင် စစ်ကောင်စီက အရပ်သား ၉၀ ဝန်းကျင် ဖမ်းဆီး
🤮4🔥3🤬1
တနင်္သာရီတိုင်းတွင် စစ်ကောင်စီက အရပ်သား ၉၀ ဝန်းကျင် ဖမ်းဆီး
================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်းအတွင်း မြိတ်၊ ထားဝယ်နှင့် ကော့သောင်းခရိုင်မှ အရပ်သား ဦးရေ ၉၀ ဝန်းကျင် သည် ယခု စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို ခံထားရကြောင်း သက်ဆိုင်ရာ ခရိုင်များရှိ သတင်းရင်းမြစ်များထံက သိရသည်။

မြိတ်ခရိုင်ထဲမှ မြိတ်၊ ပုလော၊ ပလမြို့ မှ ၁၀ ဦးကျော်၊ ကော့သောင်းခရိုင်မှ ခမောက်ကြီးမြို့နယ်မှ ၃၀ ဦး ကျော် ၊ ထားဝယ်ခရိုင်အတွင်းရှိ အရှေ့တောဒေသ၊ သရက်ချောင်း၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှ အရပ်သား ဦးရေ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

ထားဝယ်ခရိုင်မှ အဖမ်းခံခဲ့ရသည့် အရပ်သား ၄၀ ကျော်အနက် ပြန်လွှတ်လာသူများနှင့် အသတ်ခံလိုက်ရသူများရှိ၍ လက်ရှိ ဖမ်းခံထားရဆဲ အရေအတွက်ကို အတည်မပြုကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ပြော သည်။

ထားဝယ်ခရိုင်တွင် စက်တင်ဘာလ ၂၂ ရက်က စတင်ပြီး ပရဟိတ အဖွဲ့ဝင် အမျိုးသား သုံးဦးအပါအဝင် အရပ်သားများအဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

 လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန NUG၏ သရက်ချောင်းမြို့နယ် တာဝန်ခံ လုံခြုံရေး အရ အမည်မဖော်လိုသော အမျိုးသမီး က“ဒီရက်ပိုင်း အတွင်း အရပ်သားတွေ ဖမ်းဆီးခံနေရတာကတော့ စစ်တပ်က စစ်ကြောင်းထိုးချိန်နဲ့ အတူ လူသားဒိုင်း အဖြစ် ဖမ်းဆီးခံရတာ ရှိသလို နှစ်ဖက် ပစ်ခတ်မှုတွေကြောင့် စစ်တပ်က ရပ်ရွာထဲ ဝင်ရောက် စစ်ဆေးချိန်တွေမှာ ဖမ်းဆီးခံရတာတွေ ရှိခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။ 

ထို့ပြင် ပုလောမြို့နယ် ၊ ပလမြို့ အမှတ် (၃) နှင့် အမှတ် (၄) ရပ်ကွက်တို့တွင် နေထိုင်သော ဒေသခံ ၁၀ ဦးဝန်းကျင်ကို ၎င်းတို့၏ နေအိမ်များတွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများနှင့် မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံ ဆိုသူများထံက သိရ သည်။

“ဖမ်းဆီးခံရတာ ဟုတ်ပါတယ်။ အခုချိန် အထိ အရပ်သားတွေကို ဘာကြောင့် ဖမ်းဆီးသွားလည်း ဆိုတာ သေချာ မသိရသေးပါဘူး။ အခု သူတို့ကို ပလ ရဲစခန်းမှာ ဖမ်းချုပ်ထားတယ် ဆိုပြီ နောက်ဆုံး သိရတယ်”လို့ မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံ ကိုအာနိုးက မဇ္ဈိမကို ပြောဆိုထား သည်။

ကော့သောင်းမြို့နယ်ထဲရှိ မလိဝမ်းနဲ့ ခမောက်ကြီး ကျေးရွာတွေမှ အရပ်သား ၃၀ ဦးကျော် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရှောင်ပြည်သူများထံက သိရသည်။ 

“တိုက်ပွဲ ဖြစ်တော့ ချက်ချင်း ထွက်ပြေးတာပေါ့ ။ အဲ့လို ထွက်ပြေးတဲ့ အချိန်မှာ စစ်တပ်က ဒေသခံတွေ တားဆီး စစ်ဆေးတာ လုပ်တယ်။ အဓိကက ဖုန်းတွေကို လုပြီး စစ်ဆေးတာတွေ ပြုလုပ်တော့ အချို့က ကြောက်ပြီး ထွက်မပြေးရဲ့လို့ ပိတ်မိတာ ရှိတော့ ဖမ်းဆီခံလိုက်ရတာမျိုး ဖြစ်တယ်”လို့ ထိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်လာသော စစ်ရှောင် အမျိုးသား တဦးက ဆို သည်။

မြေပြင်တွင် အရပ်သား ဖမ်းဆီးခံရမှုသည် ဦးရေ ၁၀၀ ထက်ပိုများနိုင်ကြောင်း သက်ဆိုင်ရာ မြို့နယ် ပကဖအဖွဲ့များက ပြောဆိုထားပြီး ဖမ်းဆီး သတ်ဖြတ်ခံရမှုများလည်း ရှိနေကြောင်း သိရ ဆို သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#မြိတ်ခရိုင်
#ကော့သောင်းခရိုင်
#ထားဝယ်ခရိုင်

(ထိုင်း-မြန်မာ နယ်စပ် ပါချန်မြစ်ကို ဖြတ်ကူးကာ ရနောင်းခရိုင် ကာဘူရီမြို့နယ် ကီလိုသုံးဆယ်ကျေးရွာသို့ စစ်ရှောင်များပုံ)
ပုံအညွှန်း- တနင်္သာရီတိုင်းအတွင်း မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ- ပေးပို့)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍4🔥3
စက်တင်ဘာလ (၂၄) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==============

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာဒုက္ခသည်တွေကို စောင့်ရှောက်ကြည့်ရှုဖို့အတွက် အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြောတဲ့သတင်း

အိန္ဒိယ-မြန်မာနယ်စပ်မှာ လွတ်လပ်စွာ သွားလာမှုစနစ် ဖျက်သိမ်းဖို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအစိုးရကို တိုက်တွန်းတဲ့အကြောင်း

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေ

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ ကမ္ဘာတလွှားက အနုပညာရှင်တွေရဲ့အကြောင်းတွေ အနုပညာဖန်တီးမှုတွေကို တင်ဆက်ထားတဲ့ “Cele City" အစီအစဉ်

 “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်နဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/RG3gXVfnFX8?si=tSnJRbq0v85nGRT-

#Mizzimaradio
#Eveningradio
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮4👍1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ စက်တင်ဘာ ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေး အစိုးရ

မွန်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ် နှင့် တော်လှန်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့တို့ ၃ရက်တာ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ကြောင်း အမျိူးသားညီညွတ် ရေးအ စိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်းအမှတ်(၃) စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁) နယ်မြေနှင့် စစ်ကိုင်းဒေသ အချို့၌ တိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့က ၎င်းတို့၏ တာဝေး စစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း စမ်းသပ်ပျံသန်းမှု အခြေအနေကို ပြည်သူလူထုထံ ယနေ့ အသိပေးလိုက်သည်
👍11🔥1😁1
Media is too big
VIEW IN TELEGRAM
HIV ပိုးရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ဆောင်လို့ရနိုင်လား| ကျန်းမာသုတ လူမှုဘ၀

#postpartumdepression
#BabyBlues
#reels
#shorts
👍4🔥1
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်
❤7🔥3😁1