Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အိန္ဒိယ-မြန်မာနယ်စပ်၌ လွတ်လပ်စွာ သွားလာမှုစနစ် ဖျက်သိမ်းရန် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအစိုးရကို တိုက်တွန်း
=====================

အိန္ဒိယ-မြန်မာ နယ်စပ်တလျောက် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် စနစ်ကို ဖျက်သိမ်းရန်နှင့် နယ်စပ် ခြံစည်းရိုးခတ်ခြင်းကို အပြီးသတ်လုပ်ဆောင်ရန် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်းထားကြောင်း မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် အင်န် ဘီရန် ဆင်းဂ်က စက်တင်ဘာ ၂၃ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥6
ရွှေဘိုခရိုင်က စစ်ရှောင်‌တွေရဲ့ စာသင်ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းလိုအပ်နေ (ရုပ်၊သံ)
======================

KMN
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင်အတွင်းက စစ်ရှောင်တွေရဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ ပညာရေးကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုခရိုင်ထဲက ရွှေဘို ၊ဒီပဲယင်း၊ရေဦး စတဲ့မြို့နယ်တွေမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၁၄ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား ကျောင်းသူပေါင်း ဦးရေ ၄,ဝဝဝ ဝန်းကျင် စာသင်ကြားနေကြတာပါ။ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းတွေကြောင့် စာသင်ကျောင်းတွေဟာ အမြဲတန်း မဖွင့်နိုင်ဘဲ ရွေ့လျားပုံစံနဲ့ စာသင်ကြားနေရတယ်လို့ S&C အဖွဲ့က ပြောပါတယ်။

https://youtu.be/yU40y_05d3A?si=FvXu7c8v8tx9AIAk

တင်ဆက်၊တည်းဖြတ် - KMN

#ကြားကာလပညာရေး
#ရွှေဘိုခရိုင်
#စစ်ဘေးရှောင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😢3🔥1👏1
Burmese migrant laborers hold banners and shout slogans during a protest against Myanmar's military junta's remittance order, at the United Nations building in Bangkok, Thailand, 24 September 2023. A group of Myanmar migrant laborers working in Thailand held a protest against the Myanmar military junta following its orders forcing migrant workers aboard to remit at least 25 percent of their foreign currency income through the country's official banking channels, while those who do not comply will be banned from working abroad for three years. EPA-EFE/RUNGROJ YONGRIT
👍9❤1🔥1
The Way ရုပ်ရှင်ကို တိုကျိုမှာ လူပေါင်း ၁,၅၀၀ နီးပါး ကြည့်ရှု
==================

(မဇ္ဈိမ) 

တေးသံရှင်လင်းလင်း ရိုက်ကူးထားတဲ့ The Way ရုပ်ရှင်ကို စက်တင်ဘာ ၂၃ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြသခဲ့ပြီး လက်မှတ်အစောင်ရေ ၁၄၀၀ ကျော် ရောင်းချနိုင်ခဲ့ကာ ရုပ်ရှင်ရုံအပြည့် လာရောက်အားပေးခဲ့ကြတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အခုရုပ်ရှင်ပွဲက ရရှိလာတဲ့ ငွေကြေးအကျိုးအမြတ်တွေအားလုံးကို The Way အဖွဲ့အစည်းကိုပေးအပ်သွားမည်ဖြစ်ပြီး အဲဒီအဖွဲ့ကတဆင့် မြေပြင်ရှိလိုအပ်တဲ့ နေရာတွေ ရောက်ရှိသွားမယ်လို့ ဆိုပါတယ်။

တင်ဆက်= ရွှေနွယ်
တည်းဖြတ်= မဇ္ဈိမ

https://youtu.be/gPf_g56WrHQ?si=FwhrggbKw50askck

#theway
#ဂျပန်
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤5🤮1
ပဲခူးရှိ တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံ အပ်ထည်မရသဖြင့် ဝန်ထမ်း ၂၇၀ အား အလုပ်မှ ထုတ်ပယ်
😱10👍4❤1
ပဲခူးရှိ တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံ အပ်ထည်မရသဖြင့် ဝန်ထမ်း ၂၇၀ အား အလုပ်မှ ထုတ်ပယ်
==================

ရွှေနွယ်

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ပဲခူးမြို့၊ အထူးဇုန်(၁)၊ ဥဿာ(၉) ရပ်ကွက်ရှိ တရုတ်နိုင်ငံသား Mr.Cai Jan Feng ပိုင် Myanmar Huasheng Yashili Fashion Co.Ltd အထည်ချုပ်စက်ရုံ၌ အပ်ထည်မရသောကြောင့် ဝန်ထမ်း ၂၇၀ ခန့်အား အလုပ်မှထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

စက်ရုံတွင်လုပ်ကိုင်လျက်ရှိသည့် လုပ်သက်ခြောက်လအောက်ဝန်ထမ်း ၂၅၀ ခန့်နှင့် လာမည့် အောက်တို ဘာလကုန်တွင် လုပ်သက်ခြောက်လပြည့်မည့် ဝန်ထမ်း ၂၀ ခန့်အား အလုပ်မှရပ်နားလိုက်ခြင်းဖြစ်သည်။

ထိုသို့ ဝန်ထမ်းလျော့ချမည့်အကြောင်းကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန သို့တင်ပြခဲ့ရာ လုပ်သက်ခြောက်လအောက်ဝန်ထမ်းများအား ဥပဒေကြောင်းအရ နစ်နာကြေးပေးလျော် ရန်မလိုကြောင်းနှင့် ဝန်ထမ်းများကို တလကြိုတင်အသိပေးရန်လိုအပ်ကြောင်း ဖြေကြားလာသဖြင့် စက် တင်ဘာ ၂၁ ရက်နေ့က အသိပေးခဲ့ကြောင်း Myanmar Huasheng Yashili Fashion Co.Ltd ၏ တာဝန် ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ထိုသို့အသိပေးပြီးနောက် ဝန်ထမ်းများဘက်မှ ကျေနပ်မှုမရှိသဖြင့် စက်ရုံရှေ့တွင်စုရုံးကာ တောင်းဆို ညှိုနှိုင်းမှုများဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ထို့နောက် စက်ရုံဘက်မှ ဂရုဏာကြေးအနေဖြင့် လုပ်သက်ခြောက်လမပြည့်သေးသူ ဝန်ထမ်းတဦးလျှင် ကျပ် ၅၀,၀၀၀ ပေးခဲ့ကြောင်း Myanmar Huasheng Yashili Fashion Co.Ltd ၏ တာဝန်ရှိသူတဦးမှ ပြောသည်။

“သူဌေးဘက်က ဂရုဏာကြေးပေးပါတယ်။ နောက်ပြီး ဒီဝန်ထမ်းတွေနဲ့ အောက်တိုဘာလကုန်အထိ ဆက် လက်လုပ်ကိုင်ဖို့ သဘောတူညီခဲ့ပါတယ်" ဟု Myanmar Huasheng Yashili Fashion Co.Ltd ၏ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် လျော့ချခံရမည့်စာရင်းတွင်ပါဝင်သည့် အောက်တိုဘာလကုန်၌ လုပ်သက်ခြောက်လပြည့်မည့် ဝန်ထမ်း ၂၀ ဦးခန့်ကိုလည်း ၎င်းတို့၏ နစ်နာကြေးအား စက်ရုံဘက်မှ ဥပဒေကြောင်းအရ လုပ်ဆောင်ပေး သွားမည်ဟုဆိုသည်။

“အစကတော့ သဘောမတူဘူးပေါ့လေ။ နစ်နာကြေးပေးတော့ အဆင်ပြေသွားကြပါတယ်” ဟု အလုပ်မှ ရပ်နားခံရသည့် ဝန်ထမ်းတဦးကမဇ္ဈိမကိုပြောသည်။

စက်ရုံသည် အပြီးတိုင်ရပ်နားလိုက်ခြင်းမဟုတ်ဘဲ လက်ရှိအချိန်တွင် အပ်ထည် ထပ်မံမရရှိသေးသဖြင့် ဝန်ထမ်းအင်အားလျှော့ချခြင်းဖြစ်ကာ လက်ကျန်အထည်များအား ကျန်ရှိဝန်ထမ်းအင်အားဖြင့် ဆက် လက်လုပ်ဆောင်နေကြောင်းနှင့် လာမည့်နှစ်တွင် အပ်ထည်ထပ်မံရရှိလာရန် မျှော်လင့်ထားကြောင်း လည်း စက်ရုံတာဝန်ရှိသူမှ ဆိုသည်။

Myanmar Huasheng Yashili အထည်ချုပ်စက်ရုံသည် ဝန်ထမ်းအင်အား ၇၅၅ ဦးဖြင့် လည်ပတ်နေသည့် စက်ရုံဖြစ်ပြီး တရက်လျှင် အခြေခံလုပ်အားခ ၅,၆၀၀ ကျပ်နှုန်းဖြင့် နေ့စားလပေး လုပ်ဆောင်နေခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ စက်ရုံသည် မွှေးပွအထည်များ၊ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ကလေးဝတ် အဝတ်အထည်များ၊ တီရှပ်များအား ချုပ်လုပ်နေသည့် စက်ရုံဖြစ်ကြောင်း သိရသည်။

“အခု ခေတ်ကာလအခြေအနေကတော့ ကျင့်ဝတ်နဲ့ညီတဲ့ Brand တွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်လိုဘူး။ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုကိုလည်း ခေါ်ထားကြတာရှိတော့။ အလုပ်ထုတ်နစ်နာကြေးက တော့ ခြောက်လအောက်ဆို ကြိုမပြောရင် Notice ကြေးရတယ်။ ကြိုပြောရင်တော့ Notice ကြေး မရ ဘူး။ အလုပ်ထုတ်နစ်နာကြေးကတော့ ဥပဒေအရ ပေးစရာမလိုဘူးပေါ့။ ဒါပေမယ့် တချို့အလုပ်ရှင်တွေ ကျပြန်တော့လည်း နစ်နာကြေးမပေးချင်ရင် ခြောက်လမပြည့်ခင် ထုတ်လိုက်ကြတာမျိုးတော့လည်း ရှိ တယ်”ဟု မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM) ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ပြောသည်။

အလုပ်ရှင်များအနေဖြင့်လည်း အခက်အခဲတစုံတရာကြောင့် စက်ရုံအလုပ်ရုံ လည်ပတ်မှုရပ်နားရခဲ့ပါက လျော့ချခံရသည့်ဝန်ထမ်းများအား ပုံမှန်လည်ပတ်နိုင်ပါက ပြန်လည်နေရာပေးပါမည်ဟု သဘောတူညီမှု ပြုသင့်ကြောင်း ဒေါ်မိုးစန္ဒာမြင့်ကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံ ၂၅ ရာခိုင်နှုန်းကျော်ရပ်ဆိုင်းသွားခဲ့ပြီး အလုပ်သမား ၇၀၀,၀၀၀ ကျော်အားအလုပ်ပေးထားသည့် စက်ရုံ ၇၀၀ ရှိခဲ့ရာမှ စက်ရုံ ၄၈၅ ရုံ၊ လုပ်သား ၄၃၅,၀၀၀ သာကျန်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း လျှပ်စစ်မီးပုံမှန်မရှိရခြင်း၊ စက်သုံးဆီစျေးနှုန်းကြီးမြင့်လာခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ့မှု လျော့ နည်းလာခြင်းတို့ကြောင့် စက်ရုံအလုပ်ရုံများမှာ လည်ပတ်နိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေကြရ ကြောင်း လုပ်ငန်းရှင်များကပြောသည်။

အကျိုးဆက်အဖြစ် နိုင်ငံတွင်း အလုပ်လက်မဲ့ဦးရေမှာ ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၆၉ ရာနှုန်းသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ၏အလုပ်လက်မဲ့နှုန်းမှာ ၀ ဒသမ ၁၇ ရာနှုန်းသာရှိပြီ ၃ ဒသမ ၅၂ ရာနှုန်းတိုးလာခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#ပဲခူးမြို့
#အထည်ချုပ်စက်ရုံ
#အလုပ်လက်မဲ့
👍14❤1😢1
​​စစ်ကောင်စီတပ်သား ၂ ဦး ခဲယမ်းများဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ခိုလှုံ
=================

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်သားနှစ်ဦး လက်ပစ်ဗုံး၊ ကျည်ဆံများနှင့် ခိုလှုံ လာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) တပ်ရင်း(၂)က ယနေ့စက်တင်ဘာလ ၂၄ ရက်တွင်ထုတ် ပြန်သည်။

မတူပီအခြေစိုက် စစ်ဗျူဟာရုံးမှတပ်သားနှစ်ဦးဖြစ်သော ရဲဘော်မိုးအောင်နှင့် ရဲဘော်တိုးနိုင်ဝေတို့ စက်တင်ဘာလ ၁၈ ရက်နေ့က ခိုလှုံဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“တပ်တွင်းမှာ ဖိအားတွေ တအားပေးတယ်။ လစာလည်း အပြည့်မပေးဘူး။ စစ်အာဏာရှင် လက်အောက် မနေချင်တော့ပဲ ပြည်သူတွေနဲ့အမှန်တရားအတွက် ရပ်တည်ချင်တော့တဲ့အတွက် ထွက်လာခဲ့တာလို့ပြော တယ်” ဟု စစ်ကောင်စီတပ်သားများဝန်ခံချက်ကို CDF–Matupi တပ်ရင်း(၂) တာဝန်ရှိသူက မဇ္စျိမကိုပြော သည်။

စစ်ကောင်စီတပ်သားနှစ်ဦးသည် ၎င်းတို့နှင့်အတူ လက်ပစ်ဗုံး နှစ်လုံး၊ MA ကျည်ဆံ ၁၂၂ တောင့် ယူဆောင် လာခဲ့ကြောင်း သိရသည်။ သေနတ်ပါမလာသည့်အတွက် တပ်ဖွဲ့မှသတ်မှတ်ထားသော ကျပ်သိန်း ၆၀ မချီးမြှင့်နိုင်သော်လည်း ၎င်းတို့လိုအပ်သော အသုံးအဆောင်အဝတ်အထည်များဝယ်ပေးပြီး လွတ်မြောက် နေရာသို့ ပို့ဆောင်ပေးရန်တာဝန်ယူထားကြောင်း ဆိုသည်။

မတူပီမြို့တွင် စစ်ဗျူဟာရုံးထိုင်ထားပြီး ၎င်းလက်အောက်တွင် ခလရ(၃၀၄)နှင့် ခလရ(၁၄၀) တပ်ရင်း နှစ် ရင်းရှိပြီး CDF–Matupi တပ်ရင်း(၂)ထံ စစ်ကောင်စီတပ်သားခုနစ်ဦး လာရောက်ခိုလှုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်အာဏာရှင်တိုက်ဖျက်သည့်တော်လှန်ရေးတွင် လူငယ်များအနစ်နာခံ လုပ်ကိုင်ဆောင်ရွက် နေချိန်တွင် စစ်ကောင်စီလက်အောက်မှ တပ်သားများအနေဖြင့် ပြည်သူဖက်ရပ်တည်ပြီး ၎င်းတို့နှင့် အမြန် ဆုံးလာရောက်ပူးပေါင်းရန် တပ်ရင်း(၂) တာဝန်ရှိသူက ဖိတ်ခေါ်ထားသည်။

ဩဂုတ်လ ၂၈ ရက်နေ့ကလည်း မတူပီအခြေစိုက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်တို့ သေနတ်နှစ်လက်ဖြင့် CDF–Matupi ထံ ခိုလှုံလာသဖြင့် တဦးလျှင်ကျပ်သိန် ၆၀ စီ ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

ပုံအညွှန်း - အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားနှင့်ခဲယမ်းများ
ဓါတ်ပုံ - CDF – Matupi တပ်ရင်း (၂)

#ချင်းပြည်နယ်
#မတူပီမြို့နယ်
#CDF-Matupi
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁1
ခလယ်တံခွန်တိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ကို Cloud Wings ပူးပေါင်းအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်
===============

(မဇ္ဈိမ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ဒေသမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့၊ တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

တပ်မဟာ(၆) KNLA ဦးဆောင်မှုနဲ့ နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စက်တင်ဘာလ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ တပတ်အတွင်း ဒရုန်းနဲ့ ဗုံးသီးအလုံးရေ ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တင်ဆက်= KMN
တည်းဖြတ်= မဇ္ဈိမ

https://youtu.be/BRcMw50NCPg?si=iITU7DMmEqPUsXOE

#ခလယ်တံခွန်တိုင်
#စစ်ကောင်စီတပ်ဖွဲ့
#KNLA
#ဒရုန်း
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤2🔥1
ပုလိပ်မြို့ပေါ်မှ ရဲစခန်း လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရ
================

ပါခွီး

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့ပေါ်ရှိ ရဲစခန်းကို လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က ယနေ့ စက်တင်ဘာလ ၂၄ ရက် တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၃ ရက် ည ၇နာရီကျော်ခန့်က ပုလိပ်ရဲစခန်းတွင် ရဲများ စခန်းတံခါးပိတ်နေစဥ် တိုက် ခိုက်ခဲ့ရာ ခြောက်ဦးအနက် လေးဦးလဲကျသွားကြောင်း ဆိုသည်။

“ရဲလေးယောက် လဲကျသွားတာမြင်လိုက်ရတယ်။ သေမသေတော့ မသိရသေးဘူး”ဟု PAFD ခေါင်း ဆောင် ကိုတေဇက မဇ္စျိမကို ပြောသည်။
ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းရှိရဲများက လိုက်လံပစ်ခတ်သော်လည်း ပြည်သူ့တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

အဆိုပါရဲစခန်းမှ ရဲများသည် လမ်းအသွားအလာများကို စစ်ဆေးခြင်း၊ အဓမ္မ ငွေတောင်းခံခြင်းများနှင့် CDM ဝန်ထမ်းများကိုဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း ကိုတေဇကပြောသည်။

စာတည်း။ ။စောဖေ

https://youtube.com/shorts/eGNzyQ9iTQw?si=ctjaphZQ_1eH8EuL

#မန္တလေးတိုင်း
#ပုလိပ်ရဲစခန်း
#PAFD
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤5😁1
​​အိန္ဒိယတွင် ပြန်ပေးဆွဲခံရသည့် မြန်မာကျောင်းသားကို ရဲက ကယ်တင်၊ လူ ၁၂ ဦး ဖမ်းဆီးခံရ
=================

အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ် သျှန်တိနိကေတန် မြို့မှ ပြစ်မှုကျူးလွန်သူများ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည် ဆိုသည့် မြန်မာကျောင်းသားတဦးကို ဒေသရဲတပ်ဖွဲ့၏ အကူအညီဖြင့် ဩရိဿပြည်နယ်မှ ဘေးကင်းစွာ ပြန်လည်ကယ်တင်ပေ;ခဲ့သည်ဟု အိန္ဒိယပြည်တွင်းသတင်းများအရ သိရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4🤬2👍1🍓1
​​တောင်တရုတ်ပင်လယ်၌ တရုတ်က ‘ရေပေါ် အတားအဆီး’ ထားရှိမှုအပေါ် ဖိလစ်ပိုင် ပြစ်တင်ဝေဖန်
================

တောင်တရုတ်ပင်လယ်၏ အငြင်းပွားဧရိယာတခုတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က “ရေပေါ် အတားအဆီး” တခု တပ်ဆင်ထားရှိကြောင်း ဖိလစ်ပိုင်က စက်တင်ဘာ ၂၄ ရက်တွင် စွပ်စွဲသည်။ တရုတ်၏ ထို အတားအဆီးကြောင့် ဖိလစ်ပိုင်တို့ ဧရိယာထဲ ဝင်ရောက်ငါးဖမ်းခြင်းအပေါ် အဟန့်အတားဖြစ်စေလျက် ရှိသည်ဟုလည်း ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5