Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster S3| Ep.83
======================

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတပတ်မှာတော့

- ကြော်ငြာမူဝါနဲ့ မကိုက်ညီလို့ ပြန်လည်ပြုပြင်ဖို့ဆိုပြီး ဖေ့စ်ဘုတ်၏အချက်လက်တွေ ခိုးယူဖို့ ကြိုးပမ်းနေတဲ့ အကြောင်းနဲ့အတူ

- PDFတပ်ဖွဲ့ဝင်အမျိုးသမီးတွေကို ပုံဖျက်တိုက်ခိုက်ထားတဲ့ သတင်းအမှား

- ရွှေတုံးတွေနဲ့ ပုံဟာ ဒုတိယကမ္ဘာစစ်တုန်းက စွန့်ပစ်ထားတာကို ရှာဖွေ့တွေ့ရှိခဲ့တာမဟုတ် တဲ့အကြောင်းနဲ့

- စစ်လက်နက်ပုံအဟောင်းတွေနဲ့ KIA ဆီကနေ သိမ်းဆည်းရမိတယ်လို့ ထပ်ခါထပ်ခါ ဖြန့်ဝေနေကြတဲ့ သတင်းမှား စတဲ့ တပတ်အတွင်းမှာ မဇ္ဈိမ က အချက်အလက်စစ်ဆေးထားတဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

https://youtu.be/ktUSjMwaNxs?si=nCUhXBUMSGDGA-IL

#Misinformation_Buster
#Weekly_Package
#Fake_News
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁2🍌1
​​မန္တလေးတွင် ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်းရှေ့၌ ပေါက်ကွဲမှုဖြစ်ပွား
=======================

007
(မဇ္ဈိမ)။ ။မန္တလေးမြို့တွင် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူငယ်တဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က မဟာအောင်မြေမြို့နယ် ၈၁ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ TEL ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့နှင့် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်က ချမ်း မြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်အတွင်းရှိ မဟာကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျောင်းထဲ စစ်ဆေးရေးဝင်နေချိန် ကျောင်းရှေ့မှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲမှုဖြစ်တဲ့အချိန် ကျောင်းရှေ့ကဖြတ်သွားတဲ့ ကောင်လေးတယောက် လဲကျသွားတာတွေ့လိုက်တယ်။ ကောင်လေးက အဲဒီရပ်ကွက်ထဲကပါ။ အုန်းကနဲအသံကျယ်ကြီးနဲ့ ပေါက်ကွဲခဲ့တာပါ” ဟု မဟာအောင်မြေမြို့နယ် TEL ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတဦးကပြောသည်။
TEL ကျောင်းရှေ့ပေါက်ကွဲမှုဖြစ်စဉ်တွင် ကျောင်းအနီးနေထိုင်သူ အသက် ၂၁ နှစ်အရွယ်လူငယ်တဦး တင် ပါးတွင် ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ပြီး ကျောင်းရှေ့၌ရပ်ထားသော ကားတစီး အနည်းငယ်ပျက်စီးခဲ့ ကြောင်း၊ မဟာကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ပေါက်ကွဲမှုတွင် တစုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
“လက်ပစ်ဗုံးတွေနဲ့ပစ်ပြီး ထွက်ပြေးသွားကြတာ” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

“PDF က ကိုယ်ပိုင်ကျောင်းကို ဘာလို့လုပ်ရမှာလဲ။ ဒါက စကစရဲ့လှည့်ကွက်ပဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ်ပိုင်းကျောင်းတွေကို လိုက်ပြီးငွေညှစ်နေတဲ့စစ်အုပ်စုကို သတိပေးဖောက်ခွဲတာလည်း ဖြစ်နိုင်တယ်” ဟု မြို့ခံတော်လှန်ရေးအင်အားစု သတင်းရင်းမြစ်တဦးက မှတ်ချက်ပြုသည်။

TEL ကျောင်းအား အမျိုးသားတဦးမောင်းနှင်ပြီး အမျိုးသမီးတဦး နောက်မှလိုက်ပါလာသည့် ဆိုင်ကယ် ပေါ်မှ လက်ပစ်ဗုံးဖြင့်ပစ်သွားခြင်းဖြစ်ကြောင်း၊ မဟာကိုယ်ပိုင်အထက်တန်းကျောင်းကို လူသုံးဦးစီးနင်း လာသောဆိုင်ကယ်ပေါ်မှ လက်ပစ်ဗုံးဖြင့်ပစ်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသူ တယ်လီ ဂရမ်ချန်နယ်သတင်းများက ဆိုသည်။

စစ်ကောင်စီသည် မန္တလေးမြို့မှ ပုဂ္ဂလိကကျောင်းများတွင် CDM ပညာရေးဝန်ထမ်းများ ခန့်ထားခြင်းရှိ၊ မရှိ လိုက်လံစစ်ဆေးနေပြီး သြဂုတ်လ ၁၆ ရက်နေ့က မဟာအောင်မြေမြို့နယ် ၃၇ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားမှ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းအား CDM ပညာရေးဝန်ထမ်း လက်ခံ ထားကြောင်းစွပ်စွဲချက်ဖြင့် ချိပ်ပိတ်ကာ၊ ပိုင်ရှင်နှင့် ဆရာဆရာမခြောက်ဦးအား ဖမ်းဆီးခဲ့သည်။

ပုံစာ- ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မဟာကိုယ်ပိုင်ကျောင်းနှင့် TEL ကိုယ်ပိုင်ကျောင်း(Photo CJ)
စာတည်း။ ။စောဖေ

#မန္တလေးမြို့
#ကိုယ်ပိုင်အထက်တန်းကျောင်း
#ပေါက်ကွဲမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
This media is not supported in your browser
VIEW IN TELEGRAM
တစ်ပတ်အတွင်း ဖော်ထုတ်ခဲ့တဲ့ သတင်းတု/မှား တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံကြည့်ရန် - https://youtu.be/ktUSjMwaNxs


#Misinformation_Buster
#Fake_News
#weekly_package
#reels
#shorts
👍4😁1
​​အိန္ဒိယ-မြန်မာ နယ်စပ်၌ ခြံစည်းရိုးခတ်ရန် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် ဆွေးနွေး
========================

အိန္ဒိယ-မြန်မာ နယ်စပ်တွင် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် စနစ်ကို ဆိုင်းငံ့မည့်အကြောင်း ကြေညာပြီး နောက်တရက်အကြာတွင် မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အင်န် ဘီရန် ဆင်းဂ်သည် ပြည်နယ်၌ အိန္ဒိယ-မြန်မာ နယ်စပ်တလျောက် ခြံစည်းရိုးခတ်ရန် နယ်စပ် လမ်းပန်းအဖွဲ့အစည်း (BRO) မှ အကြီးတန်းအရာရှိများနှင့် စက်တင်ဘာ ၂၄ ရက်တွင် အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​ဘက်ထရီမလိုသည့် Pi-Pop ကုမ္ပဏီထုတ် လျှပ်စစ်စက်ဘီး
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
​​အေအိုင်စနစ်နှင့်ပေါင်းစပ်ထားသည့် မျိုးဆက်သစ် မာကာဗာတင့်ကားအား အစ္စရေးနိုင်ငံ ထုတ်ဖော်ပြသ
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​အင်ပါယာစတိတ်အဆောက်အဦးအရွယ် ဥက္ကာခဲအား ချေမှုန်းသွားမည့် နာဆာ
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1😁1
​​စက်ရုပ်များကို လေ့ကျင့်ပေးဖို့အတွက် ပိုမိုထိရောက်သည့်နည်းများ စိတ်ကူးနေသည့် တိုယိုတာကုမ္ပဏီ
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​ရေသီယွန်ကုမ္ပဏီကြောင့် ပထမဆုံးလေဆာလက်နက်များရရှိသွားမည့် ယူကေစစ်တပ်
=======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
'အရမ်းကို ပျော်တာပဲ!'လို့ ပြောတဲ့ အသက် ၉ နှစ်အရွယ် အာရှအားကစားပြိုင်ပွဲ စကိတ်ဘုတ်ကစားသမား
🔥3👍2
'အရမ်းကို ပျော်တာပဲ!'လို့ ပြောတဲ့ အသက် ၉ နှစ်အရွယ် အာရှအားကစားပြိုင်ပွဲ စကိတ်ဘုတ်ကစားသမား
=====================

By PKThawn
မာဇယ် ပဲရစ်အလီဂါဒိုဟာ မူလတန်းကျောင်းတက်အရွယ်လောက်ဖြစ်လင့်ကစား သူမလေးဟာ တနင်္လာနေ့က အာရှအားကစားပြိုင်ပွဲရဲ့ စကိတ်ဘုတ်ကစားနည်းကို အသက် ကိုးနှစ်အရွယ်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဟန်ကျိုးမြို့ရှိ အားကစားပြိုင်ပွဲမှာ အသက်အငယ်ဆုံး အားကစားသမားလို့ ယူဆရတဲ့ အလီဂါဒိုဟာ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု "women's" park final အတွက် ဝင်ခွင့်ရခဲ့ပြီး ဖိုင်နယ်မှာ (၈)ယောက်ထဲမှ (၇) ယောက်မြောက် နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှ အသက် ၁၅ နှစ်အရွယ် ဝါရင့် ပြိုင်ဘက် ဟီနာနို ကူဆာကီက ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။

မတ်လက အသက် ကိုးနှစ်ပြည့်ခဲ့ပြီး ကယ်လီဖိုးနီးယားကနေ လာတယ်လို့ သတင်းထွက်နေတဲ့ အလီဂါဒိုက သူမဟာ အစ်ကိုဝမ်းကွဲရဲ့ အိမ်မှာရှိနေခဲ့စဉ်က အကိုဖြစ်သူ စကိတ်စီးနေတာကို သူမမြင်ခဲ့ရချိန်ကစလို့ သူမဟာ စကိတ်ဘုတ်ကစားနည်းကို စိတ်ဝင်စားလာခဲ့ကြောင်း ပြောပါတယ်။

"နောက်တော့ သမီး ဒါကို ကြိုက်မိခဲ့ပြီး 'သမီး ဒါကို စမ်းကြည့်လို့ရမလား၊ ကြိုးစားကြည့်လို့ရမလား'"လို့ သူမက ပြောပါတယ်။ "ပြီးတော့ ဘုတ်ပြားပေါ်တက်စီးခဲ့ပြီး ဒါကို သဘောကျသွားခဲ့တာပါပဲ။"
အလီဂါဒိုက နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ရတဲ့ သူမရဲ့ခံစားချက်ကို ပြောပြရာမှာ "အာရှအားကစားပြိုင်ပွဲမှာ စကိတ်စီးပြိုင်ရတော့မှာမို့လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်၊ ဒါကို လုပ်ခဲ့လိုက်တာပါပဲ။ ဒီတော့ ဒါက အရမ်းပျော်စရာ ကောင်းတယ်'။"လို့ ပြောပါတယ်။

အစ်ကိုဖြစ်သူက အခုထိ စကိတ်စီးနေသေးလားလို့ မေးတော့ သူမက "နိုး မလုပ်တော့ပါဘူး၊ သူက စကိတ်စီးတာကို ကြိုက်ခဲ့လို့ပါ။ 'အိုးဒမ်း၊ အခုချိန်မှာ သူထက် သမီးက ပိုတော်နေပြီလေ' ဒီတော့ သူ နားသွားခဲ့တာပေါ့"လို့ ပြန်ဖြေပါတယ်။

ဖိုင်နယ်မှာ အလီဂါဒိုဟာ အောက်ဆုံးအဆင့်ကို ရှောင်ရှားခဲ့ပြီး ထိုင်ဝမ်မှ အသက် ၁၁ နှစ်အရွယ် လင်း-ရီဖန်က အောက်ဆုံးမှာ ရပ်တည်ခဲ့တာပါ။

(AFP)

#AsianGames #skateboarding #MazelParisAlegado
👍5🔥1👏1
​​အငြင်းပွားမှု ဖြစ်နေသော တောင်တရုတ်ပင်လယ်တွင် အတားအဆီးများ တပ်ဆင် သော တရုတ်ကို ဖိလစ်ပိုင်က ရှုတ်ချ  
======================

“ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောများ ကမ်းရိုးတန်းအတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးရန် တရုတ်ကမ်းခြေစောင့်တပ် က တောင်တရုတ်ပင်လယ် ၏ ဘဂျို ဒီ မာစင်လော့ခ် အရှေ့တောင်ဘက်ခြမ်းတွင် ရေပေါ်အတားအဆီးတစ်ခု တပ်ဆင်ခြင်းသည် ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို တားမြစ်ပိတ်ပင်ခြင်းဖြစ်၍ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် နှင့် ငါးလုပ်ငန်းနှင့် ရေအရင်းအမြစ်ဗျူရိုတို့က ပြင်းထန်စွာ ရှုတ်ချ” ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1