Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီကျင်းပမည့် အင်းလေးဖောင်တောင်ဦးဘုရားပွဲ မပူးပေါင်း မပါဝင်ခြင်းဖြင့် တော်လှန်ကြရန် JMC Innlay အဖွဲ့ တိုက်တွန်း
👍19😁3
စစ်ကောင်စီကျင်းပမည့် အင်းလေးဖောင်တောင်ဦးဘုရားပွဲ မပူးပေါင်း မပါဝင်ခြင်းဖြင့် တော်လှန်ကြရန် JMC Innlay အဖွဲ့ တိုက်တွန်း
===================

ရောင်နီ
(မဇ္စျိမ)။ ။ကိုဗစ်ကပ်ရောဂါကာလနှင့် စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကြာရပ်ဆိုင်းခဲ့ရသည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲ စစ်ကောင်စီက ပြန်လည်ကျင်းပမည့်အပေါ် ပြည်သူများအနေဖြင့် မပူးပေါင်း မပါ ၀င်ခြင်းဖြင့် တော်လှန်ကြရန် Justice Movement for Community-Innlay က တိုက်တွန်းသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီ ကြွချီပူဇော်ပွဲတော်ကို အောက်တိုဘာ ၁၅ ရက်မှ နို၀င်ဘာလ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများက ဇူလိုင်လတွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ အင်းလေးဘုရားပွဲကို အမှီပြုပြီး အကြမ်းဖက်စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ်မယ်။ နိုင်ငံရေး အမြတ်ထုတ်မယ်။ ဒီအခြေအနေအပေါ်မှာ လူထုက ပါးပါးနပ်နပ်ရှောင်ကြဖို့ လိုအပ်ပါတယ်” ဟု JMC-Innlay အဖွဲ့မှ ဒေါ်ယုလှိုင်သင်းက မဇ္စျိမကို ပြောသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲသည် ကမ္ဘာတွင်ထင်ရှားကျော်ကြားသည့် မြန်မာ့ရိုးရာပွဲလမ်းသဘင်ဖြစ် သည့်အတွက် စစ်ကောင်စီက ဘုရားပွဲကျင်းပကာ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြိုးစားနေခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

“အခုအချိန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေတဲ့ လူငယ်တွေက တောထဲမှာ။ တချို့က ဖမ်းဆီးခံ ထားရတယ်၊ ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း ရှိတယ်။ နောက်ပြီး ဒေသတွင်းမှာလည်း စားဝတ်နေ ရေးကျပ်တည်းတာတွေရှိနေတဲ့အချိန် ရိုးရာပျက်မှာစိုးလို့ ဘုရားပွဲလုပ်တယ်ဆိုတာမျိုးက မဖြစ်သင့်ပါ ဘူး” ဟု လည်းပြောသည်။

ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံသည့်သဘော မသက်ရောက်စေရန်အတွက် ဘုရားပွဲတွင် မပူးပေါင်း မပါ၀င်ခြင်းဖြင့် တော်လှန်ဆန့်ကျင်ကြရန် အင်းလေးဒေသခံများနှင့် ပြည်သူများ ကို JMC-Innlay အဖွဲ့က တိုက်တွန်းသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် တာ၀န်ထမ်းဆောင်နေသည့် အင်းသားလူမျိုး ရဲဘော်ကိုဗင်းက “သံဃာတော်တွေအပါအဝင် အင်းသူအင်းသားတွေအနေနဲ့ ဘုရားပွဲဖြစ်မြောက်ရေးအတွက် လုပ်ကြမယ့် အစား ကျွန်တော်တို့အထွတ်အမြတ်ထားတဲ့ ဖောင်တော်ဦးဘုရားကိုအုပ်ထားတဲ့ ဖန်အုပ်ဆောင်းကြီးကို ဖယ်ဖို့ပဲ ကြိုးစားစေချင်တယ်။ အဓိကနဲ့သာမညကို သိစေချင်တယ်။

ဘုရားပွဲလုပ်ခြင်းကြောင့် နောက် ဆက်တွဲကိစ္စရပ်တွေမှာ တော်လှန်ရေးအပေါ် အာရုံစိုက်မှုနည်းလာတာတွေ၊ ထောက်ပံ့ကူညီမှု လျော့ နည်းလာတာတွေဖြစ်မှာ စိုးရိမ်ပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့များကလည်း အင်းလေးကန်ဝဲယာ ၂၁ ဌာနကို ၁၈ ရက်ကြာ ဒေသစာရီလှည့်လှည်အပူဇော်ခံမည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားပွဲအား စည်ကားစွာကျင်းပနိုင်ရန် တရွာလျှင် ဘုရားဆွဲလှေတစီး မဖြစ်မနေလိုက်ပါခိုင်းခြင်းအပြင် ဘုရားပွဲကို ဒေသခံများအားလုံး ပူးပေါင်းပါ၀င်ကြရန် ဖိအားပေးညွှန်ကြားမှုများရှိနေကြောင်း သိရသည်။

ထို့ပြင် ယခုနှစ်တွင် ပြန်လည်ကျင်းပမည့် ဖောင်တော်ဘုရားပွဲလုံခြုံရေးကို ပအိုဝ်းတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့(PNA/PNO)ကတာ၀န်ယူဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ လုံခြုံရေးဆောင်ရွက်နိုင်ရန် ငွေ ကြေးကောက်ခံမှုပြုလုပ်နေသည့်အပေါ် ဒေသခံများအကြား ဝေဖန်မှု ရှိနေသည်။

“ အစကတော့ ရိုးရာဘုရားပွဲဆိုတော့ ဖြစ်မယ်ဆိုရင် ဒေသခံတွေက ပွဲလုပ်စေချင်ကြတယ်။ ဒါပေမယ့် အခုက ဘုရားပွဲလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ဘုရားပွဲလုံခြုံရေးကို PNO အဖွဲ့က တာ၀န် ယူမယ်ဆိုတာ ဖြစ်လာတယ်။ အဲဒီတော့ ဘုရားပွဲလုံခြုံရေးအတွက် PNO အဖွဲ့ကို အိမ်ထောင်စုတစု ကျပ် ၁၀,၀၀၀ ပေးရမယ်။ အရင်က ဘုရားပွဲဆို ညောင်ရွှေရဲစခန်းနဲ့ နန်းပန်ရဲစခန်းက ရဲတွေက လုံခြုံရေးလုပ် ပေးတယ်၊ သူတို့ကို ဘာမှပေးစရာမလိုဘူး။ အခုက စစ်ကောင်စီက အတင်းအကျပ် ဖိအားပေးလုပ်ခိုင်းလို့ လုပ်ရတဲ့ပွဲမှာ PNO ကို ပိုက်ဆံပေးရမယ့်အပေါ် အင်းသားတွေကမကြိုက်ကြဘူး” ဟု အင်းလေးဒေသခံ တဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသသို့ ပြည်ပခရီးသွားလာရောက်မှု မရှိ သလောက်နည်းပါးခဲ့ပြီး ပြည်တွင်းခရီးသွားများလည်း အနည်းငယ်သာ လာရောက်တော့သည့်အတွက် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

သို့သော် ယခုအခါ အင်းလေးဖောင်တော်ဦးဘုရားပွဲ ပြန်လည်ကျင်းပမည်ဖြစ်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့်စက်လှေသမားများက စားဝတ်နေရေးအခက်အခဲ ပြေလည်လာနိုင်မည်ဟု မျှော် လင့်နေကြသော်လည်း နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုသင့်ကြောင်း ညောင်ရွှေဒေသခံတဦး က ပြောသည်။
👍27😁2
​​ဘင်္ဂလားဒေ့ရှ်တွင် အဆိုးရွားဆုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအတွင်း သေဆုံးသူ ၁,၀၀၀ နီးပါး ရှိနေ
=====================

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြုံစဖူး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအတွင်း လူ ၂၀၀,၀၀၀ နီးပါး ကူးစက်ဖြစ်ပွားပြီး ထိုရောဂါကြောင့် သေဆုံးသူ ၁,၀၀၀ နီးပါးအထိ ရှိလာသည်။ လက်ရှိတွင် အာဏာပိုင်များသည် နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူနှင့် သေဆုံးသူဦးရေ မြင့်တက်မှုကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးပမ်းနေရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6🔥2
​​လူမှုမီဒီယာပေါ်မှ ကုန်ပစ္စည်းအရောင်းအဝယ်ကို အင်ဒိုနီးရှား တားမြစ်
=======================

အင်ဒိုနီးရှားနိုင်ငံသည် လူမှုမီဒီယာပေါ်မှ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှု e-commerce transactions (ကုန်ပစ္စည်းအရောင်းအဝယ်) ကို တားမြစ်လိုက်ပြီ ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးက စည်းမျဉ်းသစ်ကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
အရှေ့တောင်အာရှ၏ စီးပွားရေးအကြီးဆုံး နိုင်ငံအတွင်း မြေပြင် ကုန်သည်များနှင့် ဈေးကွက်များကို ကာကွယ်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အစိုးရက ပြောပြီး လူမှုမီဒီယာ ပလက်ဖောင်းများပေါ်မှ အမြတ်ကြီးစား ဈေးဖြတ်ခြင်းများက အသေးစားနှင့် အလတ်စား လုပ်ငန်းများကို ခြိမ်းခြောက်လျက် ရှိသည်ဟု ထပ်လောင်းဆိုသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
​​ရုရှားအသင်းများပါဝင်သည့် UEFA ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မည်ဟု ယူကရိန်း ပြော
=================

By PKThawn

ယူကရိန်းဘောလုံးအသင်းတွေဟာ ရုရှားအသင်းတွေပါဝင်တဲ့ ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မှာဖြစ်ကြောင်း ၎င်းတို့ရဲ့ အဖွဲ့ချုပ်က UEFA မှ ရုရှားလူငယ်အသင်းကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ပြန်လည်လက်ခံမှုကို တုံ့ပြန်တဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

"ရုရှားအသင်းတွေပါဝင်တဲ့ မည်သည့်ပြိုင်ပွဲတွင်မဆို UAF မှ ပါဝင်မှာ မဟုတ်ကြောင်း အတည်ပြုပါတယ်"လို့ ၎င်းက ပြောပါတယ်။

ရုရှားအသင်းတွေနဲ့ ယှဉ်ပြိုင်မယ့် ပွဲတွေကို သပိတ်မှောက်ဖို့ တခြားသော UEFA အဖွဲ့ဝင်တွေကိုလည်း ၎င်းက တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းမှာ မော်စကိုရဲ့ ထိုးစစ်ဆင်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က ဥရောပဘောလုံးအဖွဲ့ချုပ်က ရုရှားအသင်းအားလုံးကို ပြိုင်ပွဲကနေ လျင်မြန်စွာ တားမြစ်ခဲ့ပေမယ့်လည်း အင်္ဂါနေ့က ရုရှားနိုင်ငံလက်ရွေးစင် ယူ-၁၇ အသင်းကို ပြန်လည်လက်ခံခြင်းဖြင့် တားမြစ်ချက်ကို ဖြေလျှော့ပေးခဲ့ပါတယ်။

"ရုရှားနိုင်ငံမှ ယူ-၁၇ အသင်းကို နိုင်ငံတကာပြိုင်ပွဲတွေဆီ ပြန်လာဖို့ UEFA ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။"လို့ UAF က အင်္ဂါနေ့နှောင်းပိုင်းက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အဆိုပါဆုံးဖြတ်ချက်ကို ကြေညာရာမှာ UEFA က “အသက်မပြည့်သေးသူ မျိုးဆက်တွေ”ဟာ ယှဉ်ပြိုင်ခွင့်ကို ဆုံးရှုံးနေပြီး လူကြီးတွေရဲ့ လုပ်ရပ်အတွက် ကလေးများကို အပြစ်ပေးသင့်တယ်လို့ စောဒကတက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ရုရှားအသင်းတွေဟာ ရုရှားပိုင်နက်မှာ မကစားခွင့်မရှိဘဲ နိုင်ငံရဲ့ အလံ၊ နိုင်ငံတော်သီချင်းနဲ့ အမျိုးသားအားကစားဝတ်စုံကို ပိတ်ပင်ထားမယ်လို့ ၎င်းက ဆိုပါတယ်။

ယူကရိန်းဟာ ရုရှားကို နိုင်ငံတကာအားကစားပြိုင်ပွဲတွေကနေ ပိတ်ပင်ဖို့ အကြိမ်ကြိမ် တောင်းဆိုထားပြီး ရုရှားနဲ့ ဘီလာရုအားကစားသမားတွေ ပါဝင်ပါက ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ သတိပေးထားပါတယ်။

(AFP)

Photo: EPA

#ukraine #UEFA #russia
👍12😁2🤬1
​​ဘိုင်ဒင်၏ ခရီးစဉ်အပြီး ဗီယက်နမ်တွင် စွမ်းအင်ပညာရှင် ဖမ်းဆီးခံရမှုအပေါ် ကုလ စိုးရိမ်ပူပန်
====================

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဗီယက်နမ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ထိုးခဲ့ပြီးနောက် ရက်ပိုင်းအကြာ ဗီယက်နမ်တွင် စွမ်းအင်ပညာရှင်တဦး ဖမ်းဆီးခံရမှု ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ဖော်လိုက်သည်။

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁6👍3
​​စင်ကာပူတွင် ရေဈေး ၁၈ ရာခိုင်နှုန်းခန့် တိုးမြှင့်မည်
==================

စင်ကာပူနိုင်ငံက ရေဈေးကို လာမည့် နှစ်နှစ်တာ၌ ၁၈ ရာခိုင်နှုန်းခန့် တိုးမြှင့်သွားမည်ဖြစ်ကြောင်း အမျိုးသားရေအရင်းအမြစ်ဌာန PUB က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 
အိမ်ထောင်စုအများစုအတွက် အခွန်မကောက်ခင် လက်ရှိ သောက်ရေကုန်ကျစရိတ်သည် ၁,၀၀၀ လီတာ သို့မဟုတ် တကုဗမီတာအတွက် စင်ကာပူဒေါ်လာ ၂ ဒသမ ၇၄ ဒေါ်လာ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၁ ဒေါ်လာ) ရှိသည်။ 
ယခု တိုးမြှင့်ခြင်းကြောင့် တကုဗမီတာအတွက် ထပ်လောင်း ၅၀ ဆင့် ကုန်ကျမည် ဖြစ်သည်။ ထို ထပ်တိုးစရိတ်ကို ၂၀၂၄ ဧပြီ ၁ ရက်တွင် ဆင့် ၂၀ နှင့် ၂၀၂၅ ဧပြီ ၁ ရက်တွင် ဆင့် ၃၀ မျှခံစေမည် ဖြစ်သည်။ 

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2❤1😱1
​​ပုလဲတွင် ဒေသကာကွယ်ရေး ရဲဘော် ၃ ဦး သတ်ဖြတ်ခံရ ၊ ဒေသခံ ၅ ဦးပျောက်ဆုံးနေ 
================

လွှမ်းမိုး

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ညောင်ကုန်းရွာသို့ မိုင်းရှင်းရန် သွားရောက်သည့် ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦး စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရပြီး ဒေသခံ အမျိုးသား ငါးဦးပျောက်ဆုံးနေကြောင်း သခင်ဒေါင်းညိုအဖွဲ့မှ ရဲဘော် ဒေါင်းညိုက ပြောသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရပ်ကျေး ပ.က.ဖ ရဲဘော်ဝင်းအောင် ၊ ရဲဘော် ဇင်ကို နှင့် ယင်းမာပင်ခရိုင် တပ်ရင်းထဲမှ ရဲဘော်ဟန်ကြီး တို့ကျဆုံးခဲ့ခြင်းဖြစ်သည်။ 

“ ကျဆုံး ရဲဘော်တွေ ကို ကျနော်တို့ အစဉ်အောက်မေ့ လျက် ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မပြီးပြတ်သေးတဲ့ တော်လှန်ရေး ကို အဆုံးအစွန် အထိ တော်လှန် တိုက်ခိုက်ရင်း ပြည်သူလူထု လိုချင်တဲ့ ပန်းတိုင်ကို အရောက်သွားမှာ ဖြစ်တယ်” ၎င်းကပြောသည်။

ညောင်ကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်း ရွာမှ ထွက်ခွာသွားပြီ ထင်မှတ်၍ ရွာထဲဝင် မိုင်းရှင်းသည့် ထိုရဲဘော်သုံးဦးသည် စစ်ကောင်စီစစ်ကြောင်း ချန်ထားခဲ့သည့် နောက်ချန်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကိုခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

“ ရဲဘော် သုံးဦးစလုံးက ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ခြေတွေ ၊ လက်တွေ တချောင်းခြင်းကို ဖြတ်တောက်ခံထားရတာ ဖြစ်တယ်။ ဗိုက်တွေမှာလည်း ဓားထိုးခံထားရတဲ့ ဒဏ်ရာတွေ တော်တော်များတယ်ဗျ။ ရဲဘော် သုံးဦးစလုံးကို ခေါင်းဖြတ် သတ်ထားတာ ဖြစ်ပါတယ်” ဟု ရဲဘော်ဒေါင်းညိုကပြောသည်။

ထိုရဲဘော်သုံးဦးကို ယနေ့ စက်တင်ဘာလ ၂၇ ရက် မနက် ၁၀ နာရီတွင် သင်္ဂြိုဟ်ပြီးစီးပြီး ဖြစ်ကာ ပျောက်ဆုံးရွာသား ငါးဦးနှင့်ပတ်သက်၍ မည်သည့် သတင်းမျှမသိရသေးကြောင်း ၎င်းကဆိုသည်။ 

ထိုစစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် ကျိုင်းခမောက်ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။ 

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ညောင်ကုန်း ၊ ကန်ကြီး ၊ တနယ် နှင့် နွယ်ရှောက် စသည့် ကျေးရွာများမှ ဒေသခံပြည်သူ ဦးရေ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း သိရပါသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ပုလဲ
#ဒေါင်းညိုတပ်ဖွဲ့
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14👍7❤2
"စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထွက်ပေါက် အဖြစ် စဉ်းစားရင်မှားလိမ့်မယ်" ဦးကျော်ထွေး - NLD ပါတီ
=======••=====•======

မဇ္ဈိမ

ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၃၅နှစ်ပြည့် သတင်းထုတ်ပြန်ချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ပါတီရဲ့ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ လွတ်မြောက်ရေးတို့အတွက် အလေးပေးဖော်ပြထားပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေတွေနဲ့ NLDရဲ့ လက်ရှိကာလ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး NLD ဗဟိုအလုပ်ကော်မတီဝင်ကို ဦးကျော်ထွေးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ် = လင်းသူရိန်

https://youtu.be/fne8puzP83g?si=uNWZOD2LtpwpNL19

#NLD
#Mizzima
#၃၅နှစ်ပြည့်
#ရုပ်သံ
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🤣1
ပြောကြည့်လေ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၇၂)
===============

မွန်သူဌေးကြီး ဦးနာအောက် ကြားဖူးကြမှာပေါ့— ဦးနာအောက်နဲ့ ဗြိတိသျှပိုင် ဖလော်တီနာကုမ္ပဏီ အပြိုင်အဆိုင် စီးပွါးရေး စစ်အေးတိုက်ကြတာ..။
အဲ့ဒီ့တုန်းက မြန်မာနိုင်ငံက ကိုလိုနီလက်အောက်ခံ ဘဝပေါ့။ ... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/T59sdIWso-w?si=E-xE4S96J5npIDD6


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤮1
နွေဦးခေါ်သံ
========

 မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍလာပါပြီ။ ဒီအစီအစဉ်က The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာ၊ ဆောင်းပါး စတဲ့ အနုပညာလက်ရာများကို The Call ဝိုင်းတော်သူ ဝိုင်းတော်သားတွေ ခံစား ရွတ်ဆို တင်ဆက်ထားတာ နားဆင်ကြရအောင်ပါရှင်။

ဒီတစ်ပတ်မှာတော့ 
- ကဗျာဆရာမင်းချေရဲ့ သင်္ကြန် ဆိုတဲ့ကဗျာ
- စနစ်ကပေးတဲ့ အခွင့်ထူးခံတွေ ဆိုတဲ့ မယ်စုံ ရဲ့ဆောင်းပါး
- ဘဘဝရဲ့ နယ်စပ်မှာ အက်ဆေး ကိုနားဆင်ကြရမှာပါ။

https://youtu.be/rr70SYOTXjM?si=R8SWq4vhL4riI2i2

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
စက်တင်ဘာလ (၂၇) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
 =================

-တရုတ်နိုင်ငံကို ဓာတ်ငွေ့အများဆုံးတင်ပို့နေတဲ့ ထိပ်ဆုံးသုံးနိုင်ငံထဲ မြန်မာပါဝင်တဲ့သတင်း

-ရေးမြို့ မြဝတီဘဏ် လုံခြုံရေးအစောင့် စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အကြောင်း 

-မူးယစ်ဆေး ဖမ်းဆီးတားမြစ်ရေးတွင် ချင်းအဖွဲ့အစည်းများ ပူးပေါင်းကူညီစေလိုကြောင်း မီဇိုရမ်ဝန်ကြီးချုပ် ပြောကြားလိုက်တဲ့ သတင်း

-NLD တည်ထောင်ခြင်း ၃၅နှစ်မြောက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို စိုးရိမ်ကြောင်းအလေးပေးဖော်ပြတဲ့အကြောင်း 

-အွန်လိုင်းက ကုန်ပစ္စည်းရောင်းချ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ မှတ်ပုံတင်ဖို့ စစ်ကောင်စီအမိန့်ထုတ်တဲ့သတင်းနဲ့

-အမေရိကန်ရဲ့ တိုက်ခိုက်ရေးတင့်ကားတွေ ရောက်ရှိလာပြီဖြစ်ကြောင်း ယူကရိန်းပြောကြားလိုက်တဲ့အကြောင်း သတင်းတွေ အပါအဝင် အရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/vdVr94qyfys?si=AkA52beBu4CpzhCW

#MizzimaTV
#7pmnews
#mizzimaprimetime
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🍌1
​​မူလထင်မှတ်ထားသည်ထက် သက်တမ်းပိုကြီးနိုင်သည့် ကမ္ဘာ့အသက်အကြီးဆုံးပြတိုက်ငါး
========================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12Ueng
🔥3
​​ယူကေ၌ လူများကို ကူးစက်လာသည့် ရှားပါးခွေးရောဂါတစ်မျိုး
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5😁1
Media is too big
VIEW IN TELEGRAM
Sep - 27 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍7😁1🍌1
​​ပင်လယ်ရေနက်ပိုင်းမှ တစ္ဆေဆန်ဆန် ဒမ်ဘိုရေဘဝဲအား ဗီဒီယိုရိုက်ကူးနိုင်ခဲ့သည့် သုတေသီများ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​စံချိန်တင်အကွာအဝေးအထိ မောင်းနှင်နိုင်ခဲ့သည့် လျှပ်စစ်လှေ
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4