တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ၂ လအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ ကျော်သေဆုံးဟု SOF ထုတ်ပြန်
👏15👍3🔥1😁1

====================
မဇ္ဈိမ
တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် နှစ်လအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၄၀ ကျော်သေဆုံးဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ ( SOF )ကထုတ်ပြန်သည်။
တောင်ပိုင်း စစ်ဒေသအတွင်း KNLA တပ်ဖွဲ့၊ Cloud wings ဒရုန်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဟု SOF ကဆိုသည်။
ဩဂုတ် ၁၂ ရက်တွင် မွန်ပြည်နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းထွန်းနိုင်လင်း၊ သြဂုတ် ၂၈ ရက်တွင် ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာမှ လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် အောင်ငွေထွန်း(ခေါ်) မောင်တူး၊ စက်တင်ဘာ ၃ရက်တွင် ပေါင်မြို့နယ်ရဲစခန်းမှ နယ်ထိန်း ကိုကိုလွင်အားတို့အား ရှင်းလင်းခဲ့ ကြောင်း၊ အခြားသူများမှာ ပွဲချင်းပြီးသေဆုံးခဲ့သော်လည်း အောင်ငွေထွန်း (ခ) မောင်တူးမှာ သေဆုံးခြင်းရှိမရှိ မသိရသေးကြောင်း SOF က ဆိုသည်။
သြဂုတ် ၂၇ ရက်တွင် ပေါင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား အဝေးထိန်းဒရုန်းဖြင့် ဗုံးသီးခုနစ်လုံးကြဲချတိုက်ခိုက်ရာ ဗိုလ်မှုးကျော်နိုင်ဦး အပါအဝင်၊ ဗိုလ်ကြီး တဦး၊ တပ်ကြပ်နှစ်ဦး၊ တပ်သားတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးဆေးရုံတွင် သေဆုံးသွားကြောင်း အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်သည်။
ယင်းစစ်ဆင်ရေးများအား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှရဲဘော်များ၊ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF)၊ ပကဖ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် KNU တပ်မဟာ (၆) နယ်မြေ၊ ကွီလုံတိုင်စခန်းကို ပို့ဆောင်မည့် ရိက္ခာလမ်းကြောင်းအား ဩဂုတ် ၂၄ ရက်မှ စတင်၍ စက်တင်ဘာ ၁၄ ရက်အထိ ၂၁ ရက်တိုင်အောင် ဖြတ်တောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု SOF က ထုတ်ပြန်သည်။
အလားတူ ယင်းစခန်းသို့ ရိက္ခာနှင့် ခဲယမ်းများ လာရောက်ပို့ဆောင်သည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၎င်းစစ်ကြောင်းမှာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ချောင်းကူးစဉ် တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများနှင့် အလောင်းများ ဟောင်သရောမြစ်အတွင်းသို့ မျောပါသွားခဲ့သည်ဟု ထုတ်ပြန်သည်။
စက်တင်ဘာ ၁၇ရက်တွင် KNU တပ်မဟာ (၆) ၊ တပ်ရင်း (၁၆) အုပ်ချုပ်နယ်မြေသို့ ကျူးကျော်လာသော တပ်မ (၂၂)၊ တပ်မ (၄၄)၊ BGF ပူးပေါင်းအင်အား ၁၀၀ ကျော်စစ်ကြောင်းနှင့် နံနက် ၉ နာရီမှ ညနေ ၃း၀၀ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ နောက်တရက်တွင်လည်း ထပ်မံစစ်ကြောင်း ထိုးလာသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခန့်အထိ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ ဒဏ်ရာရသူများပြားပြီး အထိနာခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တဦး အသက်ပေးလှူခဲ့သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူဖြင့် သုံးရက်ဆက်တိုက် လာရောက်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့အားလုံး ထိခိုက်မှုတစုံတရာမရှိခဲ့ကြောင်း SOF က ထုတ်ပြန်သည်။
KNLA တပ်ရင်း (၁၆)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့နှင့် နဂါးနီပူးပေါင်းစစ်ကြောင်းမှ နယ်မြေစိုးမိုးရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများ အနီးရှိကျေးရွာများသို့ နေ့စဉ်ပစ်ခတ်နေရာ ဒေသခံစစ်ဘေးရှောင်များ များပြားနေပြီး စစ်ဘေးရှောင်များအား တော်လှန်ရေးအဖွဲ့များမှ ကူညီထောက်ပံ့မှုများ ပေးနေသည်ဟု SOF က ဆိုသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ရန်သူ၏ စစ်ရေးပစ်မှတ်များကို ခုခံစစ်၊ ပြောက်ကျားစစ်၊ တိုက်စစ် စသည့်ဖြင့် စစ်နည်းဗျူဟာမျိုးစုံဖြင့် ကျေးလက်စစ်ဆင်ရေး၊ မြို့တွင်းစစ်ဆင်ရေးတာဝန်များကို စစ်ရေးအရှိန်မြှင့်မည်ဟု ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#SOF
#စစ်နည်းဗျူဟာ
#KNLA
#MSOF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12👏5🔥1😁1
မှတ်ပုံတင်မထားသည့် ဆင်းကတ်များရောင်းချပါက ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ
====================
ဂန္ဒမာ
(မဇ္ဈိမ)။ ။သုံးစွဲသူ၏ ကိုယ်ရေးအချက်အလက်အမှန်ဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် မိုဘိုင်းဆင်းကတ် များကိုရောင်းချပါက ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာ ချက်ထုတ်ပြန်သည်။
အဆိုပါကြေညာချက်တွင် ဆင်းကတ်များလွှဲပြောင်းရောင်းချသူများအနေဖြင့် သုံးစွဲသူများကို အချက် အလက်အမှန်ဖြင့် မှတ်ပုံတင်ပြီးမှ လွှဲပြောင်းရောင်းချရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ထားခြင်းမရှိပါက ဆက် သွယ်ရေးဥပဒေ ပုဒ်မ ၇၂ ဖြင့် အရေးယူမည်ဖြစ်ကြောင်း ပါရှိသည်။
“ဆိုင်မှာရောင်းတဲ့ Sim card တိုင်းက မှတ်ပုံတင်ပြီးသားတွေဆိုတော့ အဆင်ပြေတယ်။ တယောက်မှ သူတို့အမည်ပေါက်နဲ့ ပြန်ပြီး မှတ်ပုံတင်ချင်တယ်မပြောဘူး၊ ပြောတဲ့သူအရမ်းနည်းတယ်။ ဝယ်သူတွေက တင်ပြီးရင်ပြီးရော ကတ်မပျက်ရင်ရပြီဆိုတာချည်းပဲ။ အရေးယူမယ်ဆိုလဲ ဘယ်လိုသွားအရေးယူလို့ရမှာ လဲ၊ အစောထဲကမှ စနစ်ကမှန်မနေတာ။ တိုင်းပြည်ကအကုန်လွဲနေတာကို ဘာတွေမျှော်လင့်ချင်နေတာ လဲလို့ပဲ စစ်ကောင်စီကိုပြောချင်တယ်” ဟု ရန်ကုန်ရှိ ဖုန်းအရောင်းဆိုင်တခုမှ အရောင်းဝန်ထမ်းတဦးက ဆင်းကတ်ရောင်းချမှုပုံစံကို ရှင်းပြသည်။
ဆက်သွယ်ရေးအော်ပရေတာများ၏ အရောင်းဆိုင်များ၊ ၎င်းတို့နှင့်တရားဝင်စာချုပ် ချုပ်ဆိုထားသည့် အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင်(Points Of sales) များမှာ သုံးစွဲသူမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြီးမှရောင်းချရမည်ဖြစ်ပြီး အသစ်ဖြန့်ဝေမည့် ဆင်းကတ် အပါအဝင် ဈေးကွက်အတွင်းရောက်ရှိပြီးသား ဆင်းကတ်များလည်း အကျုံးဝင်ကြောင်း သိရသည်။
“အခုထုတ်ပြန်ချက်က တော်လှန်ရေးထဲမှာ နည်းအမျိုးမျိုးနဲ့ပါဝင်နေတဲ့သူတွေကို အခက်တွေ့အောင်လုပ် တယ်လို့ပဲ ထင်ပါတယ်။ အာဏာရှင်ဆိုတာ ပြည်သူနဲ့နိုင်ငံအပေါ် ဘယ်တုန်းကမှစေတနာမရှိခဲ့တာ ဆိုတော့ ဒါကရှင်းပါတယ်။ မှတ်ပုံတင်တယ်ဆိုရင်တောင် ကိုယ့်အတွက်အန္တရာယ်ကင်းစေမယ့်နည်းလမ်း ကို အသုံးပြုကြတယ်။ အရင်ကလည်း မှတ်ပုံမတင်တဲ့ဆင်းကတ်တွေကို ပိတ်တာမျိုးရှိတယ်။ အပိတ်ခံရ တာလည်း ရှိတယ်။ ပိတ်ရင် နောက်တခုဝယ်သုံးလိုက်တာပဲ။ သူတို့ကမှတ်ပုံတင်စေချင်ရင် မတင်ပဲနေ လိုက်တယ်။ သူတို့ခိုင်းတဲ့ကိစ္စတွေကို ဆန့်ကျင်တာပဲပေါ့” ဟု မိုဘိုင်းဖုန်းအသုံးပြုသူတဦးက ပြောသည်။
မှတ်ပုံတင်ပြီး ဆင်းကတ်ကို ဝယ်ယူအသုံးပြုပါက ကိုယ်ပိုင်ကိုယ်ရေးအချက်အလက်ဖြင့်သာ မှတ်ပုံတင် အသုံးပြုရမည်ဖြစ်ပြီး ကြေညာချက်ပါ သတ်မှတ်ချက်တရပ်ရပ်အား ဖောက်ဖျက်ကျူးလွန်ပါက အရေးယူခံရမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာထား သည်။
စာတည်း။ ။စောဖေ
#မိုဘိုင်းဆင်းကတ်
#မှတ်ပုံတင်
#ဆက်သွယ်ရေးဥပဒေ
ပုံအညွှန်း - Mytel ဆင်းမ်ကတ်များအားတွေ့ရစဉ်

😁12👍7❤1
အကုန်အကျနည်းပါးသည့် မီးသတ်စက်ရုပ်အား တီထွင်ခဲ့သည့် ကျောင်းသားတစ်ယောက်
========================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
မြင်းခြံတွင် ပျူသင်တန်းပို့ချရန် အင်အား ၁၀၀ ဝန်းကျင်ခေါ်ယူ၍ အတင်းအကျပ် အဖွဲ့ဝင်ခိုင်းမှုများရှိ
===================
ဓါတု
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်မှဦးဆောင်၍ ပျူစောထီးသင်တန်းပို့ချရန် အင်အား ၁၀၀ ဝန်းကျင်စုဆောင်း၍ ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၈ နာရီတွင် ခေါ်ယူလေ့ကျင့်နေကြောင်း ဒေသခံများထံမှသိရသည်။
မြင်းခြံမြို့နယ်ရှိ အမှတ်၁၂ ရပ်ကွက်တွင် ၂၀ ဦး ၊ လေးအိမ်တန်းမှ ၂၀ဦး၊ ဆုံရွာနှင့်ကျေးရွာအချို့မှ ၆၀ ဦးရေဝန်းကျင်အား ခြေမြန်တပ်ရင်း ခမရ (၁၅) တပ်ထဲ၌ ယနေ့ ပျူစောထီးသင်တန်းတက်ရောက်ရန် ယနေ့မှစ၍ ငါးရက်အတွင်း အခြေခံရက်တိုစစ်သင်တန်း လေ့ကျင့်ပေးနေကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ပျူစောထီးသင်တန်းသားအသစ်များဖြစ်ကြ၍ စစ်တပ်ထောက်ခံသူများအပါအဝင် စစ်ကောင်စီတပ်မှခြိမ်းခြောက်သဖြင့်တက်ရောက်ရသည့် ဒေသခံပြည်သူများလည်း ပါဝင်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် ဖရဲသီးတဦးက မဇ္စျိမကိုပြောသည်။
" အခုက သင်တန်းသားအသစ်တွေ အင်အားထပ်ချဲ့တာပေါ့၊ ဆုံရွာကတော့တရွာလုံးတပ်ထောက်ခံတဲ့သူတွေကြီးပဲ။ တခြားရွာတွေမှာတော့ ပျူစောထီးအဖွဲ့ထဲဝင်မှာလား မဝင်ရင်သေနတ်နဲ့ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ကြောက်လန့်ပြီး လိုက်တက်ရတဲ့ကလေးတွေလည်း ရှိတယ်"ဟု ၎င်းကပြောသည်။
အဆိုပါပျူစောထီးသင်တန်းအား ပြီးခဲ့သည့် လေးလခန့်က နောက်ဆုံးသင်တန်းပို့ချပြီး ယခုထပ်မံပို့ချရန် အင်အားစုဆောင်းခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြင်းခြံမြို့နယ်တွင် စစ်တပ်မှအာဏာသိမ်းပြီး နှစ်နှစ်ကျော်နောက်ပိုင်း ပျူစောထီးများ အင်အားကောင်းလာ၍ ၎င်းတို့၏ကြီးစိုးမှုသည် တစတစမြင့်တက်လာကြောင်း ဒေသခံများကဆိုသည်။
ယင်းပျူစောထီးအဖွဲ့ဝင်များမှ ဒေသခံပြည်သူများအား နည်းလမ်းမျိူးစုံဖြင့် ငွေကြေးကောက်ခံခြင်း၊ အကြမ်းဖက်ခြင်းများအား စစ်တပ်နှင့်ပူးပေါင်းလုပ်ဆောင်နေကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပျူစောထီး
#မြင်းခြံမြို့နယ်

👍8🤮5😁2❤1
ပုဂ္ဂလိကဆေးရုံတွင် ဆေးကုသမှုခံယူသူထံ ဝင်ငွေခွန် ထပ်ဆောင်း မကောက်ရန် စစ်ကောင်စီ ထုတ်ပြန်မှု လက်တွေ့တွင် သက်ရောက်မှုမရှိ
=====================
ဓါတု
(မဇ္ဈိမ)။ ။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း လုပ်ငန်းများအနေဖြင့် ဆေးကုသမှု လာရောက်ခံယူသူထံမှ ဝင်ငွေခွန် နှစ် ရာခိုင်နှုန်း ထပ်ဆောင်း မကောက်ခံရန် စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင် သက်ရောက်မှုမရှိနိုင်ကြောင်း ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။
စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်တွင်းအခွန်များ ဦးစီးဌာနက စစ်ကောင်စီ လက်အောက်ခံ ကြေးမုံသတင်းစာတွင် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်က အသိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထို့ပြင်ပုဂ္ဂလိက ဆေးရုံဆေးခန်းရှိ ဆရာဝန်၊ သူနာပြုများနှင့် အခြားကျန်းမာရေးဝန်ထမ်းများ အား စက်တင်ဘာလ ၁ ရက်နေ့ကစ၍၎င်းတို့ ရရှိသည့်လစာငွေအပေါ် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့ကထုတ်ပြန်ခဲ့သည်။
သို့ရာတွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းအချို့သည် ကျန်းမာရေးဝန်ထမ်းများဘက်မှ ထိုသတ်မှတ်ဝင်ငွေခွန်ကို နုတ်ယူရမည့်အစား ဆေးကုသမှု ခံယူသူများထံမှ ထပ်ဆောင်းကောက်ခံနေ၍ ထိုသို့ အသိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ဆေးရုံတွေကလည်း နားလှည့်ပါးရိုက်ကိုယ့်အိတ်ထဲက မစိုက်ချင်တော့ ဘောင်ချာမှာ နှစ် ရာခိုင်နှုန်းအခွန်ပိုတောင်းလိုက်တယ် ။ ဒါပေမဲ့ ဆေးရုံပဲခံ လူနာ တွေဆီကမတောင်းနဲ့ဆိုတဲ့ပုံစံအခုလိုထုတ်ပြန်လည်း တချို့ကလူနာတွေဆီက အခွန်ကိုမဖော်ပြဘဲ တခြား ကုန်ကျစရိတ်တွေမှာအခွန်ကြေးထည့်ပေါင်းပြီးအပိုတင်လိုက်မယ်ပုံစံနဲ့ တခြားနည်းလမ်းနဲ့လုပ်ကြမှာပဲ" ဟုပုဂ္ဂလိက ကျန်းမာရေးဝန်းထမ်း တဦးကဆိုသည်။
လက်ရှိအချိန်တွင်မူ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတည်ထောင်သူများအား အဆိုပါ ဝင်ငွေခွန် ပေးချေရန် သက်ဆိုင်ရာဌာနများဘက်မှလာရောက်အသိပေးခြင်းမရှိသေးကြောင်း သိရသည်။
CDM ပြုလုပ်ထားသည့် ဆရာဝန်တဦးကလည်း ဆေးရုံများသည် ဆရာဝန်များထံက ဝင်ငွေခွန် နုတ်ယူမည့်အစား လူနာများထံကသာ အခြားခေါင်းစဥ်ဖြင့် ငွေတိုးကောက်မည်ဖြစ်ကြောင်းပြောသည်။
ယင်းကဲ့သိုအသိပေးထုတ်ပြန်လိုက်သော်လည်းဆေးရုံအချို့မှာ လူနာများထံ အဆိုပါအခွန်ငွေကိုဝန်ဆောင်ခသဘောမျိူးဖြင့်လှည့်ယူတာမျိူးလုပ်လာနိုင်ကြောင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတွင်ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူတစ်ဦးကသုံးသပ်သည်။
“အခွန် ခဆိုပြီးတော့ဘောင်ချာမှာတော့ ဘယ်ရေးတော့မလဲ ဝန်ဆောင်ခဆိုပြီး ပိုတောင်းတာမျိူး တခြားကျသင့်တာတွေထဲ ပေါင်းပြီးလှည့်ယူတာမျိူးလုပ်နိုင်တာပဲ။အဲ့ဒါထက် ဆေးရုံတွေကို အခွန်ကောက်တယ်ဆိုတာတခြားနိုင်ငံတွေလို နိုင်ငံကို လိုအပ်တာတွေ အပြည့်ထားဖို့ကောက်တာဆိုတမျိူး အခုကမီးတောင်နပ်မှန်အောင်မပေးနိုင်တာ သူတို့ပိုက်ဆံလိုနေလို့သက်သက်မဲ့အခွန်ကောက်တာလို့မြင်တယ်"ဟု၎င်းကပြောသည်။
ကျန်းမာရေးဝန်ထမ်းများထံမှ ဝင်ငွေခွန် နှစ် ရာခိုင်နှုန်းအားနုတ်ယူထားသည့်ရက်မှစ၍ ၁၅ ရက်အတွင်း ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုပေးသူ အမည်နှင့်သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများ၊အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးများ၏ ဘဏ်ငွေစာရင်းကို ပေးသွင်းရမည်ဟု စစ်ကောင်စီက ကြေညာထားသည်။
အဆိုပါဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာဘဏ္ဏာရေးနှစ်ကုန်ဆုံးပြီး သုံး လအတွင်းသက်ဆိုင်ရာအခွန်ရုံးတွင်ဝင်ငွေကြေညာလွှာတင်သွင်းရန်ဆိုထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဝင်ငွေခွန်
#ပုဂ္ဂလိက ဆေးရုံ
ပုံအညွှန်း- စစ်ကောင်စီက ယာယီ သုံးလပိတ်သိမ်းခဲ့သည့် မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံ

👍14🔥2❤1
EU trade chief warns of ballooning deficit with China
=====================
https://youtu.be/rV4RRl2znVw?si=g0OD52pla1CrG-If

YouTube
EU trade chief warns of ballooning deficit with China
Speaking at the end of a four-day trip to China, the EU trade commissioner Valdis Dombrovskis raises the issue of Europe's ballooning trade deficit with China, which he says has reached 400 billion euros ($423 billion). Economic relations between China and…
🔥3
လောင်းလုံးတွင် “လူထုအကျပ်အတည်း အရင်းခံ၊ စစ်အာဏာရှင်စနစ် အမြစ်လှန်”ခေါင်းစဉ်ဖြင့် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်
==================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာ တရွာတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထူပိတ်လှုပ်ရှားမှုကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် “လူထုအကျပ်အတည်း အရင်းခံ၊ စစ်ဏာရှင်စနစ် အမြစ်လှန်” ဘန်နာကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ချီတက် ပြုလုပ်ခဲ့သည်ဟု သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လောင်းလုံ
#ဆန္ဒထုတ်ဖော်
Website Link - https://www.mizzimaburmese.com/article/133798
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာ တရွာတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထူပိတ်လှုပ်ရှားမှုကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် “လူထုအကျပ်အတည်း အရင်းခံ၊ စစ်ဏာရှင်စနစ် အမြစ်လှန်” ဘန်နာကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ချီတက် ပြုလုပ်ခဲ့သည်ဟု သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လောင်းလုံ
#ဆန္ဒထုတ်ဖော်
Website Link - https://www.mizzimaburmese.com/article/133798
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍1🔥1
စက်တင်ဘာလ (၂၇) ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
========================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မူးယစ်ဆေး ဖမ်းဆီးတားမြစ်ရေးမှာ ချင်းအဖွဲ့အစည်းတွေ ပူးပေါင်းကူညီစေလိုတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ်ပြောလိုက်တဲ့ သတင်းနဲ့အတူ မြန်မာ့အရေး ICC ကို လွှဲပြောင်းဖို့ ကုလမဟာမင်းကြီး တောင်းဆို လိုက်တဲ့ နောက်ဆုံးရ ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေ၊စီးပွားရေး၊အားကစားနဲ့ စိတ်ဝင်စားဖွယ် အနုပညာ သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။
ပြီးရင်တော့ လက်ရှိဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေတွေနဲ့ NLDရဲ့ လက်ရှိကာလ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး NLDဗဟိုအလုပ်ကော်မတီဝင်ကို ဦးကျော်ထွေးကို ဆက်သွယ်မေးမြန်းထားတာကိုလည်း ကြားကြရမှာပါ။
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ မဇ္ဈိမနဲ့ The Call အွန်လိုင်းမဂဇ္ဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” ဆိုတဲ့အနုပညာကဏ္ဍအစီအစဉ်ကို ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/oMv0-608t-E?si=2T83lUiqz55WgjmE
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မူးယစ်ဆေး ဖမ်းဆီးတားမြစ်ရေးမှာ ချင်းအဖွဲ့အစည်းတွေ ပူးပေါင်းကူညီစေလိုတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ်ပြောလိုက်တဲ့ သတင်းနဲ့အတူ မြန်မာ့အရေး ICC ကို လွှဲပြောင်းဖို့ ကုလမဟာမင်းကြီး တောင်းဆို လိုက်တဲ့ နောက်ဆုံးရ ပြည်တွင်းနဲ့…

👍9🔥1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

👍3🤮1
အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း KNU နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကို စစ်ကောင်စီ ဆုံးရှုံး
======================
YT
(မဇ္ဈိမ)။ ။ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ လပေါင်း ၃၀ အတွင်း စစ်ကောင်စီတပ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၆၂ ခုအား ဆုံးရှုံးထားကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
KPSN သည် "အာဏာဟန်ချက် အပြောင်းအလဲ- မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်းမြောင်းလာခြင်း" အမည်ရ အစီရင်ခံစာအား ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါအစီရင်ခံစာတွင် အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ KNU နယ်မြေများတွင် စစ်ကောင်စီတပ်၏ စစ်ရေး၊အုပ်ချုပ်ရေး အခြေအနေများနှင့် စစ်ကောင်စီတပ်၏ လူထုပစ်မှတ်ထားတိုက်ခိုက်မှုအခြေအနေများ၊ပညာရေးအခြေအနေများအား ဖော်ပြထားသည်။
စစ်ကောင်စီတပ်အနေဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်သိမ်းပိုက်ခြင်း၊ ၎င်းတို့ကိုယ်တိုင် မဖြစ်မနေ စွန့်လွှတ်ခဲ့ရခြင်း တို့ကြောင့် တပ်စခန်းများအား ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
" စစ်ကောင်စီအာဏာသိမ်းပြီး ပထမ ၁၁ လမှာ စစ်ကောင်စီက ၎င်းရဲ့ တပ်စခန်း ၂၁ ခုကို ဆုံးရှုံးခဲ့ရတယ်။ နောက်ထပ် ၁၈ လကြာပြီးတဲ့နောက်မှာ စစ်ကောင်စီဟာ တပ်စခန်း ၄၁ ခုကို ထပ်ဆုံးရှုံးခဲ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ သူ့ရဲ့ တပ်စခန်းဆုံးရှုံးမှုတွေ တိုးလာတယ်ဆိုတာ တွေ့ရမှာပါ" ဟု KPSN ၏ ဒါရိုက်တာ နော်ဝါးခူရှီးက အစီရင်ခံစာမိတ်ဆက်ပွဲတွင် ပြောသည်။
KNU နယ်မြေများအတွင်း စစ်ကောင်စီတပ်၏ တပ်စခန်းဆုံးရှုံးမှုအများဆုံးမှာ KNU တပ်မဟာ (၅) နှင့် တပ်မဟာ (၁) တို့ဖြစ်ပြီး တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်တွင် တပ်စခန်း ၂၁ ခု နှင့် တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်တွင် ၁၇ ခု ဆုံးရှုံးနေကြောင်း KPSN ၏ အစီရင်ခံစာအရ သိရသည်။
" သံလွင်မြစ်ကမ်းတစ်လျှောက်ကို ကြည့်မယ်ဆိုရင်လည်း KNU က အပြည့်အဝ ထိန်းချုပ်လာနိုင်တာကို တွေ့ရမှာပါ။ ပြီးတော့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း KNU က သိမ်းပိုက်ထားနိုင်ပြီး စစ်တောင်းမြစ်တလျှောက်မှာ KNU၊ KNLA က စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ် နိုင်လာပါတယ်"ဟု နော်ဝါးခူရှီးက ဆက်လက်ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် KNU ၊ KNLA ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်နယ်မြေများကို ပိုမိုတိုးချဲ့လာခဲ့ပြီး လက်ရှိအချိန်တွင် စစ်ကောင်စီတပ်၏ ရန်ကုန်- နေပြည်တော် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနှင့် ရန်ကုန်- မြဝတီ ထိုင်းမြန်မာကုန်သွယ်ရေး အာရှလမ်းမကြီးပေါ်အထိ တိုက်ရိုက် ခြိမ်းခြောက်လာနိုင်ကြောင်း အစီရင်ခံစာအရ သိရသည်။
နယ်မြေဆုံးရှုံးမှု များလာသော စစ်ကောင်စီတပ်သည် KNU နယ်မြေများအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကိုလည်း ပိုမိုမြှင့်တင်လုပ်ဆောင်လာသဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စာရင်းကောက်ယူချက်အရ KNU နယ်မြေများတွင် စစ်ဘေးရှောင် အရေအတွက်သည် အနည်းဆုံး ၆၃၇,၄၁၄ ဦးအထိ ရှိလာကြောင်း KPSN က အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) သည် ကရင်လူထုအခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်ရေးပဋိပက္ခဒဏ် ခံနေရသော ကရင်တိုင်းရင်းသားများ၊ စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များအား အကူအညီပေးခြင်းတို့ကို ပြုလုပ်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KNU
#စစ်ကောင်စီ တပ်စခန်း
ပုံအညွှန်း - စက်တင်ဘာလ ၁ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းခံလိုက်ရသည့် KNU တပ်မဟာ (၃) နယ်မြေအတွင်းရှိ သစ်ချဆိပ်စစ်ကောင်စီစခန်း (ဓါတ်ပုံ- MOD)

👍20😁1
ဖက်ဒရယ် နိုင်ငံရေးစနစ်နှင့် Gender အခြေပြု ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး| Beyond Panglong Oath Ep-22
======================
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။
နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဒီမိုကရေစီနှင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မိဆူးပွင့်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/FUp7m4UqgKc?si=6WluBLJflRUTvclq
#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။
နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဒီမိုကရေစီနှင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မိဆူးပွင့်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/FUp7m4UqgKc?si=6WluBLJflRUTvclq
#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဖက်ဒရယ် နိုင်ငံရေးစနစ်နှင့် Gender အခြေပြု ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး| Beyond Panglong Oath Ep-22
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့…
👍16🔥1👏1
ချန်ပီယံလိဂ် ပွဲစဉ်အတွင်း စပိန်ရှိ ရာမို့စ်ရဲ့ နေအိမ် ဖောက်ထွင်းခံရ
===================
By PKThawn
စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယို ရာမို့စ်ဟာ ပြီးခဲ့တဲ့ အပတ်က ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်မှာ ကစားနေစဉ်အတွင်း သူ့ရဲ့နေအိမ်ကို ဖောက်ထွင်းသမားတွေက ဝင်ရောက်လုယက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖောက်ထွင်းခံရချိန် အိမ်တွင်းမှာ ရာမို့စ်ရဲ့ ကလေးလေးဦး ရှိနေခဲ့ပါတယ်။
"ဖောက်ထွင်းခံရမှုကို စုံစမ်းစစ်ဆေးနေပါတယ်"လို့ စပိန်နိုင်ငံ ဂါဒီယာမြို့ပြရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက AFP ကို ပြောကြားခဲ့ပြီး ဖောက်ထွင်းမှုဖြစ်ပွားချိန်မှာ အိမ်အတွင်းမှာ လူတွေရှိခဲ့တယ်လို့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို မပေးဘဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကစားသမားရဲ့ ကလေးလေးဦးနဲ့ သူတို့ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ကလေးထိန်းနှစ်ဦးဟာ စက်တင်ဘာ ၂၀ ရက်က Bollulos de la Mitacion မြို့မှာ ဖောက်ထွင်းမှုအတွင်း အိမ်မှာ ရှိခဲ့ပေမယ့်လည်း တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း စပိန်မီဒီယာက ပြောပါတယ်။
အသက် ၃၇ နှစ်အရွယ် ရာမို့စ်ဟာ ပြင်သစ်ကလပ် လန်းစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဆီဗီလာအသင်းအတွက် ဆန်းချက်ဇ်ပီဇွမ် အားကစားကွင်းမှာ ကစားနေချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ဇနီး ပီလာ ရူဘီယိုလည်း အဝေးမှာ ရှိနေပါတယ်။
သူခိုးတွေဟာ ဇိမ်ခံနာရီတွေ၊ လက်ဝတ်ရတနာတွေ၊ ဒီဇိုင်နာအဝတ်အစားတွေနဲ့ ငွေသားတွေကို ခိုးယူသွားခဲ့ကြောင်း သိရပါတယ်။
ရာမို့စ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်က ၂၀၁၂ မှာ စပိန်မြို့တော်ရှိ သူ့ရဲ့နေအိမ်ကို ဖောက်ထွင်းသမားတွေ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သူ အိမ်မှာရှိနေတာကို သူခိုးတွေက သိရှိသွားခဲ့ချိန်မှာ သူတို့ဟာ ပြန်ထွက်ခွာခဲ့ပါတယ်။
စပိန်အသင်းအတွက် ပွဲပေါင်း ၁၈၀ ကစားပေးထားတဲ့ ကစားသမားဟာ စက်တင်ဘာလအစောပိုင်းမှာ ပီအက်စ်ဂျီအသင်းမှ သူ့ရဲ့မွေးရပ်ကလပ် ဆီဗီလာသို့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။
ကစားသမားတွေဟာ ပွဲစဉ်တွေ ပါဝင်ကစားနေချိန်အတွင်း သူတို့ရဲ့ အိမ်တွေကို အဖောက်ခံရတာကို တွေ့ကြုံခဲ့ရတဲ့ ရာမို့စ်ဟာ စပိန်ရှိ တစ်ဦးတည်းသော ကစားသမားမဟုတ်ပါဘူး။ ကာရင် ဘန်ဇီမာ၊ အယ်လ်ဗာရို မိုရာတာနဲ့ ဂျရတ် ပီကေးတို့ဟာ တခြားသော ပစ်မှတ်ထားခံရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
(AFP)
#sergioramos #burglars #ရာမို့စ်

👍13🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၂၇ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/lDGMftZ215U?si=IIA8Pgv1hsWGN6-N

#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍16❤3🔥1🤮1