မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ကုလသမဂ္ဂ ကိုယ်စားပြုခွင့် | Human Rights Barometer - Episode 23
=====================
ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရသူအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိနေခြင်းက အာဏာသိမ်းစစ်တပ်အတွက် အထိနာလှပြီး နွေဦးတော်လှန်ရေးအတွက် အားသာချက်တခုဖြစ်နေခဲ့သည်။ ယခုတပတ် Human Rights Barometer အစီအစဉ်အတွင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သံအမတ်ကြီးဦးကျော်မိုးထွန်း၏ အရေးပါသော အခန်းဂဏ္ဍနှင့် လူ့အခွင့်အရေးဆိုင်ရာများ ဆွေးနွေးထားသည်။
https://youtu.be/kWzNccd9p2k?si=hsbftWZHSsOq46RU
#ဦးကျော်မိုးထွန်း
#Human Rights Barometer
#ဦးအောင်မျိုးမင်း
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ကုလသမဂ္ဂ ကိုယ်စားပြုခွင့် | Human Rights Barometer - Episode 23
ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရသူအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိနေခြင်းက အာဏာသိမ်းစစ်တပ်အတွက် အထိနာလှပြီး နွေဦးတော်လှန်ရေးအတွက် အားသာချက်တခုဖြစ်နေခဲ့သည်။ ယခုတပတ် Human Rights Barometer အစီအစဉ်အတွင် အမျိုးသားညီညွတ်ရေးအစိုးရ…
👍23❤4🤮1
Myanmar junta chief makes second SAC reshuffle in a year
===================
https://youtu.be/Y78Ds7QnAdQ?si=_H0RKfpIJuxnL5lJ
===================
https://youtu.be/Y78Ds7QnAdQ?si=_H0RKfpIJuxnL5lJ
YouTube
Myanmar junta chief makes second SAC reshuffle in a year
Myanmar junta chief makes second SAC reshuffle in a year
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https:…

❤3👍1🤯1
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီ ရေကြောင်းမှ ပစ်ခတ်၍ စေတီပုထိုးနှင့်နေအိမ်အချို့ပျက်စီး
🤬9❤3⚡2

=======================
MTO၊ပါခွီး
(မဇ္ဈိမ)။ ။ဟုမ္မလင်းမြို့နယ်မှ စုန်ဆင်းလာသည့် စစ်ကောင်စီရေယာဉ်အုပ်စုက ဆားလင်းကြီးမြို့နယ်အရောက်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် စေတီအချို့နှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။
ဆားလင်းကြီးမြို့နယ်မှ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို ယနေ့စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်းတွင် စစ်ကောင်စီရေယာဉ်အုပ်စုက လက်နက်ကြီးများဖြင့်ပစ်ခတ်သွားခြင်းဟု ဆိုသည်။
" ၁၆စီးဆင်းလာတာ။ လက်နက်ကြီးနဲ့ပစ်လို့ ဘုရားဦးခေါင်းတော်တွေ၊ မုဒ်ဝတွေ ပျက်စီးတယ်။ စေတီပုထိုးတွေ ပျက်တယ်။ အိမ်တွေလည်း ပျက်စီးတယ်" ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
စစ်ကောင်စီ၏ ရေယာဉ်တန်းတွင် တိုက်ခိုက်ရေး စစ်သင်္ဘော လေးစီး၊ သစ်တင်ရေယာဉ်ငါးစီးနှင့် မိုးကာအုပ်ထားသည့် ရေယာဉ် ခုနစ်စီး ပါဝင်ကြောင်းသိရသည်။
အဆိုပါ ရေယာဉ်အုပ်စုသည် ပြီးခဲ့သည့် စက်တင်ဘာလယ်က ဟုမ္မလင်းမြို့နယ်မှ စုန်ဆင်းလာပြီး စက်တင်ဘာ ၁၈ရက်တွင် မင်းကင်းမြို့နယ်၌ ညအိပ်ခဲ့သည်။ စက်တင်ဘာ ၁၉ ရက်နံနက်တွင် ဆက်လက်စုန်ဆင်းလာစဉ် မင်းကင်းမြို့နယ်၊ ပန်းဆက်ရွာအနီး၌ သင်္ဘောတစီး နစ်မြုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျုစောထီးများအပါအဝင် လူ၁၀၀ခန့် ရေနစ်သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။ ရေနစ်မြုပ်သွားသော သင်္ဘောအနီး၌ စစ်သင်္ဘော နှစ်စီးချန်ရစ်ခဲ့ပြီး ကျန်သင်္ဘောများက ထွက်ခွာခဲ့ခြင်းဖြစ်သည်။ မင်းကင်းမြို့နယ်မှထွက်ခွာလာပြီးနောက် ကနီ၊ ယင်းမာပင်၊ မုံရွာနှင့် ဆားလင်းကြီးမြို့နယ်တို့ကို ဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြသည်။ယင်းတိုက်ခိုက်မှုများ၌ စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိသလို ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင်လည်း ထိခိုက်မှုရှိခဲ့သည်။
ယနေ့ နံနက်တွင်လည်း မုံရွာမြို့၊ အလုံမင်းထောင့်ဆိမ်ကမ်းမှစုန်ဆင်းလာစဉ် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၄) တပ်ခွဲ(၄)နှင့်တပ်ရင်း(၄) တပ်ခွဲ(၃)၊ Monywa Night King PDF ၊5/ Teacher People Defense Force ၊ Chindwin Toe Na Yar PDF၊ Fight For Freedom (F3) ၊ Chindwin Defense Force (CDF) ၊ ရွှေညီအစ်ကိုပြောက်ကျားတပ်ဖွဲ့ နှင့် One Star Force တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်သင်္ဘောပေါ်မှ စက်သေနတ်များ၊အမြှောက်များ ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းနှင့်စစ်ကောင်စီဘက်မှ ထိခိုက်မှု အခြေအနေကို မသိရှိသေးကြောင်းChindwin Attack Force တပ်ရင်း (၄) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က မဇ္စျိမ ကိုပြောသည်။
စာတည်း - အေးချမ်း
#mizzima
#စစ်ကောင်စီရေယာဉ်အုပ်စု
#ဆားလင်းကြီးမြို့နယ်
#လက်နက်ကြီးပစ်ခတ်မှု
စစ်ကောင်စီရေကြောင်းမှပစ်ခတ်၍ ထိခိုက်ပျက်စီးမှုများ (Photo/ အညာပစ်တိုင်းထောင်လေးများ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤7⚡2👍2🤬2
ဒေါ်လာ ၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထိုင်းရဲ ဖမ်းဆီးရမိ
=====================
ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် နိုင်ငံသမိုင်းတွင် တကြိမ်တည်းဖြင့် မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိမှုတခုအဖြစ် ဒေါ်လာ ရှစ်သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် နိုင်ငံသမိုင်းတွင် တကြိမ်တည်းဖြင့် မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိမှုတခုအဖြစ် ဒေါ်လာ ရှစ်သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4👍3
စပိန်ရဲတွေက အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဖြင့် ဘောလုံးဒိုင်ရုံးချုပ်ကို ဝင်ရောက်ရှာဖွေ
====================
By PKThawn
စပိန်ရဲတပ်ဖွဲ့ဟာ တာဝန်ရှိသူဟောင်းတစ်ဦးပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုထံ လာလီဂါကလပ်အသင်းကြီးတသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းမှ ပေးချေမှုတွေကို စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် နိုင်ငံဘောလုံးဒိုင်ကော်မတီရုံးချုပ်ကို ကြာသပတေးနေ့မှာ ရှာဖွေခဲ့ပါတယ်။
ကလပ်အသင်းက ၂၀၀၁ မှ ၂၀၁၈ ကြားမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းတဲ့အနေနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒိုင်လူကြီးများကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဟိုဆေး မာရီယာအင်းနရစ် နီဂရီယာရဲ့ ကုမ္ပဏီကို ယူရိုသန်းပေါင်းများစွာ ပေးချေခဲ့တယ်လို့ အစိုးရရှေ့နေတွေက သံသယရှိနေကြတာပါ။
ဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ ဘာစီလိုနာတရားရုံးက နီဂရီယာကို "ကတ်တလန်ကလပ်က လုပ်ဆောင်ခဲ့တဲ့ သံသယရှိဖွယ် ငွေပေးချေမှုတွေကို စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့" ဌာနချုပ်ကို ရှာဖွေဖို့ ကြာသပတေးနေ့မှာ အမိန့်ပေးခဲ့တယ်လို့ ဒေသဆိုင်ရာတရားရုံး ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
မက်ဒရစ်မြို့ဆင်ခြေဖုံးရှိ လာ့စ်ရိုဇက်စ်ရှိ စပိန်ဘောလုံးအဖွဲ့ချုပ်ရုံးချုပ်မှာ တည်ရှိတဲ့ ကော်မတီကို ရှာဖွေနေတဲ့ ဂါဒီယာအရပ်ဘက်ရဲတပ်ဖွဲ့ဟာ စစ်ဆေးရေးလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအနေနဲ့ မည်သည့်ဖမ်းဆီးမှုမဆို မမျှော်လင့်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
စပိန်အစိုးရရှေ့နေတွေဟာ ဘာစီလိုနာအပြင် ကလပ်ရဲ့ ဥက္ကဋ္ဌဟောင်းနှစ်ဦးဖြစ်တဲ့ ဂျိုးဇက်မာရီယာ ဘာတိုမြူနဲ့ ဆန်ဒရိုရိုဆဲလ်၊ နီဂရီရာနဲ့ ၎င်းရဲ့သားဖြစ်သူ ဂျာဗီယာ အင်းနရစ် နီဂရီရာတို့ကိုလည်း အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အကျင့်ပျက်ခြစားမှုနဲ့ မတ်လက တရားစွဲဆိုခဲ့ပါတယ်။
၁၉၉၄ မှ ၂၀၁၈ အတွင်း စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒိုင်ကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်း နီဂရီရာကို ဘာကာက စုစုပေါင်း ယူရို ၇.၃ သန်းကျော် ပေးချေခဲ့တယ်လို့ ၎င်းတို့က စွပ်စွဲထားပါတယ်။
နီဂရီရာပိုင်ဆိုင်တဲ့ Dasnil 95 ကုမ္ပဏီမှ ၂၀၁၆ နဲ့ ၂၀၁၈ အကြား အခွန်ပေးဆောင်မှုတွေမှာ မမှန်မကန်မှုတွေကို စပိန်အခွန်အာဏာပိုင်တွေက ဖော်ထုတ်ပြီးနောက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာပါ။
Dasnil 95 ဟာ အဲဒီနှစ်တွေအတွင်း ဘာစီလိုနာထံမှ ငွေပေးချေမှုတွေ လက်ခံရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒိုင်လူကြီးတွေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာများဆိုင်ရာအပေါ် ကလပ်ကို အကြံဉာဏ်တွေပေးဖို့အတွက် Dasnil 95 ကို အခကြေးငွေပေးခဲ့တယ်လို့ ဘာစီလိုနာက ပြောကြားပေမယ့် အစိုးရရှေ့နေတွေက ဒီငွေကြေးတွေက ပွဲတာဝန်ရှိတွေကို အကျင့်ပျက်ခြစားမှုတွေအတွက် အသုံးပြုနိုင်တယ်လို့ သံသယရှိနေကြပါတယ်။
(AFP)
တရားသူကြီးတစ်ဦးက ရဲတပ်ဖွဲ့ကို Las Rozas de Madrid ရှိ စပိန်ဒိုင်ကော်မတီရုံးချုပ်မှာ ရှာဖွေဖို့ ၂၀၂၃ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အမိန့်ပေးခဲ့ပါတယ်။ အဆိုပါနေရာရဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဌာနချုပ်အပြင်မှာ သတင်းထောက်တွေ စောင့်ဆိုင်းနေကြစဉ်။ (ဓာတ်ပုံ - AFP)
#ဘာစီလိုနာ #အကျင့်ပျက်ခြစားမှု #EnriquezNegreira #Bartomeu #SandroRosell #JavierTebas #ဂျာဗီယာတီဘက်စ် #Laporta #လာပေါ်တာ #အင်းနရစ်နီဂရီရာ

👍7🔥1
Serve The People
=============
ရှင်းဝူဂန်း ဆိုတဲ့ စံပြရဲဘော်လေးဟာ တစ်ချိန်မှာ အရာရှိတစ်ယောက်အဖြစ်နဲ့ မိန်းမနဲ့ကလေးကို ပြန်ကြည့်နိုင်တဲ့ အိမ်ထောင်ဦးစီးဖြစ်ဖို့ ရည်မှန်းထားသူပါ။
ဒါပေမဲ့ တပ်ရင်းမှူးအိမ်မှာ ထမင်းချက်လုပ်ဖို့ တာဝန်ကျခဲ့တဲ့နောက် သူ့ဘဝက ကြီးကြီးမားမားပြောင်းလဲသွားပါတော့တယ်။
အချိန်တစ်လလောက် တပ်ရင်းမှူး ခရီးသွားဖို့အကြောင်းဖန်လာတာက လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံထားရတဲ့
ငှက်တစ်ကောင်လို အထီးကျန်နေရတဲ့ တပ်ရင်းမှူးကတော်လျိုအတွက် ထွက်ပေါက်တစ်ခုဖြစ်လာခဲ့တယ်။
အိုးချင်းထားအိုးချင်းထိရာကနေ သံယောဇဉ်တွေပါနှောင်ဖွဲ့ရစ်ပတ်လာတဲ့အခါ နှစ်ဦးသား ရုန်းမရတဲ့နွံထဲ နစ်သထက်နစ်၊ ကျွံသထက်ကျွံဝင်သွားကြတော့တာပါပဲ။
ဒရမ်မာဇာတ်ကားတစ်ကားလို့ဆိုနိုင်သလို ၁၈ ယောက်စုကြည့်ရမယ့်ဇာတ်ဝင်ခန်းတွေလည်း ပါနေတာကြောင့် ရင်တဖိုဖိုကြည့်ကြရမှာပါ။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက်။ ။ 28.9.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

🔥3👍2😁1
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ပညာသင်ကြားဖို့ အခက်အခဲ ရှိနေ
=======================
မဇ္ဈိမ- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ကလေးငယ်တွေဟာ ပညာသင်ကြားရေးအပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက NGO ကျောင်းတွေမှာ လက်ရှိတက်ရောက်နေတဲ့ ရိုဟင်ဂျာကျောင်းသားတွေကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနကတဆင့် အဆင့်မြင့်ပညာတွေ သင်ကြားခွင့်ရဖို့ အခွင့်အလမ်းတွေ ဖန်တီးသင့်တယ်လို့ ဆိုပါတယ်။
လူမျိုးရေး ပဋိက္ခဆန်တဲ့ ၂၀၁၂ ခုနှစ် ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ရိုဟင်ဂျာတွေဟာ တက္ကသိုလ်၊ ကောလိပ်ပညာသင်ကြားခွင့် ပိတ်ပင်ခံထားရတာပါ။
ဒီလို ပိတ်ပင်ခံထားရလို့ အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမတွေ ရှားပါးလာတာဟာ
ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ UNICEF က မြန်မာသင်ရိုးညွှန်းတမ်း ရှေ့ပြေးအစီအစဉ် (MCP) ကို စတင်ခဲ့ပေမယ့် အရည်အချင်းပြည့်မီတဲ့ ဆရာတွေမရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ဒီရှေ့ပြေးအစီအစဉ် စတင်ဖို့ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးမှု မရှိခဲ့တာက အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆရာကိုယ်စားပြုမှုမှာလည်း ကျား၊ မ ကွာဟမှုတွေ ရှိနေပြီး အမျိုးသမီး ဆရာမတွေ ရှိမနေတာကြောင့် အမျိုးသမီးကျောင်းသားတွေ ကျောင်းတက်ရောက်တာကို ဟန့်တားသလို ဖြစ်နေကာ ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့ကြောင့် UNHCR နဲ့ UNICEF အနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှုနဲ့ စွမ်းဆောင်နိုင်မှုကို မြှင့်တင်ဖို့အတွက် အမျိုးသမီးဆရာမတွေကို စုဆောင်းပြီး ထိတွေ့ဆက်ဆံကြဖို့လည်း တိုက်တွန်းထားကြပါတယ်။
https://youtu.be/Sviw2ZoWH8c?si=vPaQ1S08hkOu9sAA
#postmocha
#ep13
#ရိုဟင်ဂျာ
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက NGO ကျောင်းတွေမှာ လက်ရှိတက်ရောက်နေတဲ့ ရိုဟင်ဂျာကျောင်းသားတွေကို…

👍5🔥1
ကမ္ဘာ့ဈေးနှုန်း ထိုးတက်မှုကြား မလေးရှား၌ ဆန်ရှားပါးမှု ကြုံ
=======================
မလေးရှားနိုင်ငံတွင် ပြည်ပမှ တင်သွင်းသော ဆန်ဈေးနှုန်း မြင့်တက်ခြင်းကြောင့် စားသုံးသူများသည် ပို၍ ဈေးချိုသော ပြည်တွင်းဆန်များကို တိုးဝှေ့ဝယ်ယူကြရသကဲ့သို့ ဈေးကြီးမြင့်သော စားနပ်ရိက္ခာ ဈေးနှုန်းကို တတ်နိုင်ဖို့အရေး အခက်အခဲတွေ့ရကာ အိမ်ထောင်စုများ၏ အသုံးစရိတ် ထောင်းလျက် ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
မလေးရှားနိုင်ငံတွင် ပြည်ပမှ တင်သွင်းသော ဆန်ဈေးနှုန်း မြင့်တက်ခြင်းကြောင့် စားသုံးသူများသည် ပို၍ ဈေးချိုသော ပြည်တွင်းဆန်များကို တိုးဝှေ့ဝယ်ယူကြရသကဲ့သို့ ဈေးကြီးမြင့်သော စားနပ်ရိက္ခာ ဈေးနှုန်းကို တတ်နိုင်ဖို့အရေး အခက်အခဲတွေ့ရကာ အိမ်ထောင်စုများ၏ အသုံးစရိတ် ထောင်းလျက် ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
အောက်တိုဘာလအတွင်း မြစ် ၆ စင်း စိုးရိမ်ရေမှတ်အထက်မြင့်တက်နိုင်ဟုဆို
===================
ရောင်နီ
(မဇ္စျိမ)။ ။ လာမည့် အောက်တိုဘာလတွင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ခြောက်စင်း စိုးရိမ်ရေမှတ်အထက် ပြန်လည်မြင့်တက်လာနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်ကို စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့စက်တင်ဘာလ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်တောင်းမြစ်၊ပဲခူးမြစ်၊သံလွင်မြစ်၊သောင်ရင်းမြစ်၊ငဝန်မြစ်နှင့် တိုးမြစ်ရေသည် သက်ဆိုင်ရာ ဒေသများအလိုက် မဒေါက်မြို့၊ပဲခူးမြို့၊ဘားအံမြို့၊မြ၀တီမြို့၊ပုသိမ်မြို့နှင့်မအူပင်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တကြိမ်စီကျော်လွန်နိုင်ကြောင်း သတိပေးထားသည်။
အောက်တိုဘာလတွင် ပုံမှန်ထက်မိုးကောင်းမည့်သတိပေးချက်များလည်း ရှိနေပြီး မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာပါက မြေနိမ့်ပိုင်းဒေသများ ရေကြီးနစ်မြုပ်မှုကြုံတွေ့နိုင်ကြောင်း မိုးလေဝသဆိုင်ရာအခြေအနေများကို လေ့လာနေသူများက သတိပေးသည်။
ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လတွင်လည်း မြန်မာနိုင်ငံဒေသအများစု၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ချောင်းများ စိုးရိမ်ရေမှတ်အထက်မြင့်တက်ခဲ့ကာ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ် ခဲ့သည်။
လတ်တလောတွင် တောင်တရုတ်ပင်လယ်ဘက်မှ လေဖိအားနည်းရပ်ဝန်းတခုသည် ထိုင်းနိုင်ငံကို ဖြတ်ကျော်နေရာ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာသွန်းနေသည်။ ဘင်္ဂလားပင်လယ်အော်၌လည်း မကြာမီ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်သည်ဟု မိုးဇလဌာနက သတိပေးထားသည်။ နောက်နှစ်ရက်အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးများနိုင်ကြောင်း မိုးဇလဌာနက ယနေ့ ညနေ ၄ နာရီအချိန်တွင် သတင်းထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က မုတ်သုံလေဆုတ်ခွာခြင်းဖြစ်စဥ်ကြောင့် မိုးများကာ မြစ်၊ချောင်းများ ရေတိုးလာပြီး ရေကြီးကာလထပ်မံကြုံတွေ့နိုင်ကြောင်းစက်တင်ဘာလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
စာတည်း - အေးချမ်း
#mizzima
#မြစ်ရေသတိပေးချက်
#စိုးရိမ်ရေမှတ်
#မြင့်တက်နိုင်
ပုံအညွှန်း - ပြီးခဲ့သည့် သြဂုတ်လက သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ကရင်ပြည်နယ်အတွင်း ရေကြီးမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း။ (ပုံ-လူမှုကွန်ရက်)

🔥4👍1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

👍3🔥3
ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုလုပ်
👍5🔥3

========================
ဓါတု
(မဇ္ဈိမ)။ ။၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှ လူငယ် သပိတ်အင်အားစုက သရုပ်ပြလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုတွင် ရွှေဝါရောင်အရေးအခင်း၌ သံဃာတော်များ သွေးမြေကျသည့်ဖြစ်ရပ်များနှင့် သင်္ကန်းများ လမ်းပေါ်တွင် ပြန့်ကျဲခဲ့သည့်ဖြစ်ရပ်များအား ပြည်သူလူထုအနေဖြင့် မမေ့လျော့ရန် ဖော်ညွှန်း သရုပ်ပြသည့် လှုပ်ရှားမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်လူငယ်သပိတ်အင်အားစုမှ တက်ကြွလှုပ် ရှားသူ တဦးကမဇ္စျိမကိုပြောသည်။
“အဓိကတော့ အဲဒီအရေးအခင်းတုန်းက သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်တာကို ဖော်ညွှန်းချင်တာလည်း ပါတယ်။ စစ်တပ်က အစိုးရလုပ်အုပ်ချုပ်တဲ့ခေတ်တုန်းက အေးအေးချမ်းချမ်းဆန္ဒ ထုတ်ဖော်တဲ့ သံဃာတွေ၊ ပြည်သူတွေကို ဒီလို တရားမဲ့ အကြမ်းဖက် ဖမ်းဆီးနှိမ်နင်းတာတွေကို လူတွေ မမေ့သွားဖို့ ပြောချင်တာလည်းပါတယ်” ဟု ၎င်းကပြောသည်။
လှုပ်ရှားမှုပြုလုပ်ခဲ့သည့်နေကို မဖော်ပြခြင်းမှာ စစ်ကောင်စီက CCTV မှတ်တမ်းများကိုခြေရာခံပြီး လိုက် လံဖမ်းဆီးမည့်အတွက်ကြောင့်ဖြစ်ကြောင်းလည်း ရန်ကုန်လူငယ်သပိတ်အင်အားစုမှ လူငယ်တဦးက ပြောသည်။
၂၀၀၇ ခုနှစ် နအဖ စစ်အစိုးရခေတ်က ထုတ်ပြန်ကြေညာခြင်းမရှိဘဲ ၎င်းတို့သဘောဖြင့် လောင်စာဆီ ထောက်ပံ့ပေးခြင်းအား ရပ်ဆိုင်းလိုက်၍ စက်သုံးဆီဈေး ၆၆ ရာခိုင်နှုန်းအထိ ရုတ်တရက် တိုးမြင့်စေခဲ့ရာမှ မကွေးတိုင်း၊ ပခုက္ကူမြို့တွင် လောင်စာဆီစျေးပြန်ချပေးရန် သံဃာတော်များက မေတ္တာပို့ တောင်းဆိုခဲ့ သည်။
အဆိုပါသံဃာတော်များအား စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်း၊ ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက် နှက်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ပဋိပက္ခဖြစ်ပွားခဲ့ရာမှ စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ အတွင်းမှ မြို့အများစုတွင် ထောင်ပေါင်းများစွာသော သံဃာတော်နှင့် ပြည်သူလူထုမှ သိပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။
ယင်းကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် သံဃာတော်များနှင့်ပြည်သူများကို စက်တင်ဘာလ ၂၆ ရက် နေ့တွင် စစ်တပ်က အကြမ်းဖမ်းဖြိုခွင်းခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ရာမှ ရွှေဝါရောင်တော် လှန်ရေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ
#ရွှေဝါရောင်တော်လှန်ရေး
#ရန်ကုန်မြို့
#ပတ္တနိက္ကုဇ္ဇနကံဆောင်
ဓါတ်ပုံ- CJ

👍8🔥3
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၂၈ ရက်ထုတ်လွှင့်မှုများ
======================
https://youtu.be/lZRSM4wrQD8?si=xHW2sm3tJQeaHl-2
#PVTV
#MizzimaTV

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍13🤮1
မတူကွဲပြားမှုများအတွက် ညှိနှိုင်း အဖြေရှာပေးသူအဖြစ် အိန္ဒိယကို ရှုမြင်
==========================
ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတွင် ‘နယူးဒေလီ ကြေညာချက်’ ကို အတည်ပြုနိုင်ခဲ့သော အိန္ဒိယသည် နိုင်ငံ၏ ခိုင်မာသော စီးပွားရေးတိုးတက်မှုနှင့် ယုံကြည်စိတ်ချရသော စွမ်းအားကို ထုတ်ပြရင်း စိတ်ဝမ်းကွဲမှုများကို ရင်ကြားစေ့ပေးရန် နှင့် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော ပြဿနာများအတွက် အဖြေရှာပေးသူအဖြစ် ရှုမြင်ခံရကြောင်း နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်းရှန်ကာ က စက်တင်ဘာ ၂၆ ရက် တွင် ပြောကြားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတွင် ‘နယူးဒေလီ ကြေညာချက်’ ကို အတည်ပြုနိုင်ခဲ့သော အိန္ဒိယသည် နိုင်ငံ၏ ခိုင်မာသော စီးပွားရေးတိုးတက်မှုနှင့် ယုံကြည်စိတ်ချရသော စွမ်းအားကို ထုတ်ပြရင်း စိတ်ဝမ်းကွဲမှုများကို ရင်ကြားစေ့ပေးရန် နှင့် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော ပြဿနာများအတွက် အဖြေရှာပေးသူအဖြစ် ရှုမြင်ခံရကြောင်း နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်းရှန်ကာ က စက်တင်ဘာ ၂၆ ရက် တွင် ပြောကြားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2😁1🤮1
စက်တင်ဘာလ (၂၈)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
======================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://youtu.be/Jn4TgbTr8qA?si=_D5mUerQvCV_bl85
#Mizzimaradio
#Eveningradio

မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက်…

👍10🔥1