Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​"No More Bets" ရုပ်ရှင်ကြောင့် နိုင်ငံပုံရိပ်ထိခိုက်ကြောင်း စစ်ကောင်စီက တရုတ်ကို ရှင်းပြ
===================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ တရုတ်နိုင်ငံမှ ရိုက်ကူးထားသည့် "No More Bets" ရုပ်ရှင်သည် မြန်မာနိုင်ငံ၏ပုံရိပ် ထိခိုက်ညှိုးနွမ်းရ၍ ထိုရုပ်ရှင်ကို ကန့်ကွက်ကြောင်း တရုတ်နိုင်ငံကို စစ်ကောင်စီက ရှင်းပြခဲ့သည်ဟု စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖော်ပြသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းမှ တရုတ်နိုင်ငံ ကွမ်ရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး Ms `Lian Yin နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ထိုသို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။

"No More Bets ဇာတ်ကားက အွန်လိုင်း လိမ်လည်မှုများကြောင့် ထိခိုက်ခဲ့ရသည့် ဇာတ်ကောင်များအကြောင်းဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်များသည် မြန်မာနိုင်ငံနှင့် ဆက်စပ်နေတာကြောင့် လေ့လာမှုများအရ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသို့ လာရောက်ရန် စိုးရိမ်မှုရှိကြတယ်" ဟု ဦးကျော်စိုးသိန်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။

"No more Bets" ရုပ်ရှင်ဇာတ်ကားသည် တရုတ် - မြန်မာ နယ်စပ်တလျှောက်ရှိကြောက်စရာကောင်းသော မှုခင်းကိစ္စများကို ရိုက်ကူးထားခြင်းဖြစ်ကာ ဇာတ်ကားထဲတွင် မြန်မာနိုင်ငံအမည်ကိုသုံးစွဲခြင်းမပြုသော်လည်း ရိုက်ကွင်းရိုက်ကွက်များနှင့် ဇာတ်လမ်းအခင်းအကျင်းများမှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် အွန်လိုင်းမှ ငွေကြေး လိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်လုပ်မျိုးများကို ဖျားယောင်း သွေးဆောင် လူကုန်ကူးပြီး အတင်းအဓမ္မ လုပ်ငန်းခွင်ဝင်ရောက်ခိုင်းစေခံနေရသည်ဟု ပုံဖော်ထားခြင်းဖြစ်သည်။

အမှန်တကယ်တွင် မြန်မာ့မြေပေါ်၌ တရုတ်လူမျိုးများ ဦးစီးသည့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ရုံးခန်းအခြေချဖွင့်လှစ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းကို လောက်ကိုင်မြို့၌ ကျားဖြန့် လုပ်ကိုင်ခဲ့ဖူးသူ အမျိုးသမီးကပြောသည်။

"ကျားဖြန့်အလုပ်က အဓိကတရုတ်တွေပဲ ဦးစီးနေတာ၊ ဘယ်လောက်ထိရက်စက်လဲဆိုရင် သူတို့က တရုတ်အချင်းချင်းကိုပဲ နှိပ်စက်နေကြတာ ကျားဖြန့်ဆိုတော့online ပေါ်ကလိမ်ရတဲ့အလုပ်ဆိုတော့ တရက်ကို ဘယ်လောက်လိမ်ရမယ်ဆိုတာ သတ်မှတ်ပြီးသား သတ်မှတ်ထားတဲ့အတိုင်း မလိမ်နိုင်ရင်ရိုက်တယ်။ တချို့သူတွေဆို တိုက်ပိတ်ခံရတယ်။ ကျဉ်စက်တွေနဲ့တို့တာတွေ လုပ်ခံရတယ်။ ကျား၊ မ မရွေး သူတို့နှိပ်စက်သမျှ ခံနေရတယ်။ တချို့မခံနိုင်တဲ့သူတွေဆို ထွက်ပြေးကြတာ ထွက်ပြေးလို့ လွတ်ရင်လွတ်၊ မလွတ်လို့ ပြန်ဖမ်းမိရင် အသတ်ခံရတယ်။ သူတို့က မြန်မာနိုင်ငံထဲကို ခိုးဝင်လာတာဆိုတော့ သတ်ပြစ်လည်း ဘာမှမဖြစ်ဘူးပေါ့ လူသတ်ပြီး အလောင်းဖျောက်ပစ်လိုက်တာ"ဟု သူက ရှင်းပြသည်။

No More Bets (孤注一掷) ရုပ်ရှင်သည် တရုတ် မှုခင်း သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းထဲတွင် ပရိုဂရမ်မာနှင့် မော်ဒယ်လ်တို့သည် လစာမြင့်မားသည်ဟု ယူဆရသည့် အလုပ်ကြောင့် နိုင်ငံခြားသို့ ဖြားယောင်းခံရရာမှ အမှန်တကယ်လုပ်ကိုင်ရသောအလုပ်မှာ ကျွန်ငရဲခန်းကဲ့သို့လိမ်လည်သည့် နေရာတစ်ခုဖြစ်ကြောင်းတွ့ရှိရကာ နောက်ဆုံးတွင် အဆိုပါ အွန်လိုင်းလိမ်လည်မှုကြီးအား နှိမ်နင်းနိုင်ခဲ့ကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။

ဩဂုတ်လအတွင်းမှ ထွက်ရှိခဲ့သည့် No More Bets ဇာတ်ကားကို နိုင်ငံတကာတွင်ပြသသော်လည်း မြန်မာနိုင်ငံတွင် ပြသခြင်းမရှိပေ။ အဆိုပါဇာတ်ကားသည် ယခုနှစ်တွင်း တရုတ်နိုင်ငံတွင် တတိယမြောက် လူကြိုက်အများဆုံး ဖြစ်လာခဲ့ပြီး ဝင်ငွေ ယွမ် ၃ ဒသမ ၈ ဘီလီယံ ရရှိထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#No More Bets
#ကျားဖြန့်လုပ်ငန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁4❤3🤣2🔥1
This media is not supported in your browser
VIEW IN TELEGRAM
👉 အယ်လ်ဘမ် ၅ ခုရဲ့ သီချင်းမူပိုင်ခွင့်တွေကို ရောင်းချခဲ့တဲ့ အဆိုတော် Katy Perry

Full Video Link - https://youtu.be/oAR9nRyVoEU

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍3🔥1
ရွှေကျင်ချောင်းတွင် ရွှေတူးဖော်နေ၍ ချောင်းကောမည်ကို ဒေသခံများစိုးရိမ်နေ
🔥3
ရွှေကျင်ချောင်းတွင် ရွှေတူးဖော်နေ၍ ချောင်းကောမည်ကို ဒေသခံများစိုးရိမ်နေ
=====================

ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျောက်လုံးကြီးကျေးရွာ ရွှေကျင်ချောင်းအတွင်း တရုတ်လူမျိုးလုပ်ငန်းရှင်များက စက်အထိုင်ချ၍ ရွှေတူးဖော်နေ၍ အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ဒေသခံများက ချောင်းကောမည်ကို စိုးရိမ်နေကြရသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။
ရွှေကျင်ချောင်းအတွင်း ရွှေကျင်စက် တင်ထားသည့် ဖောင် ( ဒေသအခေါ် - ရွှေဖောင်သင်္ဘော)ကို လာရောက်အထိုင်ချထားသည်မှာ လေးလခန့်ကြာမြင့်ပြီဖြစ်ပြီး ရွှေစတင်ကျင်ယူနေသည်မှာ တလခွဲခန့်ကြာမြင့်ပြီဖြစ်ကြောင်းနှင့် လာရောက်လုပ်ကိုင်နေသူများတွင် တရုတ်လူမျိုးလုပ်ငန်းရှင်များပါဝင်ပြီး မြန်မာနိုင်ငံသားအချို့လည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ရွှေကျင်ချောင်းအတွင်းတွင် ယခင်က ထိုကဲ့သို့ ရွှေဖောင်စက်သင်္ဘောအထိုင်ချ၍ ရွှေကျင်ယူသည့်စနစ်ကို မမြင်တွေ့ခဲ့ဖူးဘဲ ယခုအကြိမ်သည်ပထမဆုံးဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။
"ဒီလိုစက်ကြီးမျိုး ဒီလိုဖောင်ကြီးမျိုးနဲ့က ဒါပထမဆုံး။ စက်ကို မဒမချောင်းဘက်ကနေဆွဲလာတာ ကြာပြီ။ စမောင်းနေတာတော့ တလကျော်ပြီ။ ကျောက်လုံးကြီးက မြို့နဲ့အနီးဆုံးရှိနေတဲ့ရွာပါ" ဟု စက်ခုတ်မောင်းနေမှုကို မျက်မြင်တွေ့ရှိသူ ဒေသခံက ပြောသည်။

လက်ရှိတွင် အဆိုပါ စက်ခုတ်မောင်းမှုကြောင့် ရွှေကျင်ချောင်းအတွင်း မြေစာပုံများ ပုံနေပြီဖြစ်သောကြောင့် ချောင်းတိမ်ကောမည်ကို ဒေသခံများမှ စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေကျင်ချောင်းက အထက်မှာဆည်ရှိတယ်။ ခုတ်ပုံတွေမြေစာပုံတွေက ပုံနေပြီ။ နောက်ဆို ချောင်းရေစီးကြောင်းပြောင်းမှာ ကောမှာကို စိုးရိမ်နေကြတယ်။ ချောင်းကိုမှီခိုနေတဲ့ရွာတွေကလည်း ရေတိုက်စားမှာစိုးရိမ်ကြရတယ်။ မြို့နဲ့လည်းကပ် မောင်းနေတာ။ ရေကြီးတာလည်း ဒါကြောင့် ပိုဆိုးလာနိုင်တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ရွှေကျင်ချောင်းအားမှီခို၍ ဒေသခံများက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ ဝါးမျော၊ သစ်မျောပြုလုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးအတွက် စက်လှေမောင်းနှင်ခြင်းများ လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“ဒီဟာရဲ့ ပထမဆုံးသောပြဿနာက ရေနောက်ကျိခြင်းပါ။ အဲ့တော့ငါးတွေနေဖို့ခက်ခဲမယ် အစာအာဟာရပျက်သုန်းမယ်။ နုန်းတွေကျန်တဲ့အတွက် ဒီနုန်းတွေက မြစ်ကမ်းအကွေ့တိုင်းမှာ အနယ်တွေပို့ချမယ်။ ဒီကနေဆက်ပြီး စစ်တောင်းမြစ်ထဲအထိရောက်မယ်။ တလျောက်လုံးမှာထိခိုက်မှုတွေ ဒီအတိုင်းဖြစ်လာမယ်" ဟု (၂၀၁၆−၂၀၂၁) ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ၊ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ချောင်းသည် ပုံမှန်စီးဆင်းနေမှုမှသွေဖယ်၍ တဖက်တွင်ပိုမိုတိုက်စားခြင်း၊ တဖက်တွင် ပိုမိုပို့ချခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း၊ ဥပမာအားဖြင့် မြစ်ဆုံဒေသကိုကြည့်မည်ဆိုပါကလည်း ယခင်ဆယ်စုနှစ်များစွာက လှပခဲ့သည့် မြင်ကွင်းပုံစံမျိုးမမြင်တွေ့နိုင်တော့ဘဲ နောက်ကျိပျက်စီးနေသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်းနှင့် ရွှေကျင်ချောင်းအနေဖြင့် ထိခိုက်မှုကြီးကြီးမားမားဖြစ်လာနိုင်ကြောင်းလည်း ဝန်ကြီး က ပြောဆိုသည်။

ရွှေကျင်ချောင်းအတွင်း ယခုကဲ့သို့ လုပ်ကိုင်ခွင့်များကို ယခင် NLD အစိုးရလက်ထပ်နှင့် ဦးသိန်းစိန်အစိုးရလက်ထပ်တို့တွင် နိုင်ငံတော်အနေဖြင့်ရော၊ ကရင်အမျိုးသားအစည်းအရုံးနယ်မြေအတွင်းဖြစ်သည့်အတွက် KNU ဘက်ကရော ခွင့်ပြုထားခြင်းမရှိခဲ့ကြောင်းလည်း ပြောသည်။

လက်ရှိတွင် အထိုင်ချထားသော ရွှေဖောင်စက်သင်္ဘောမှာ ချောင်းနဘေးရှိ ကမ်းပါးများ၊ သစ်ပင်ကြီးများသို့ သံမဏိကြိုးများဖြင့် ချိတ်ဆွဲထားသောကြောင့် စက်လှေများ၊ ဖောင်များ သွားလာရေးတွင်လည်း အခက်အခဲဖြစ်စေသည်ဟု ဒေသခံများကပြောသည်။
ထိုသို့ရွှေဖောင်စက်သင်္ဘောဖြင့် ရွှေကျင်ယူနေခြင်းသည် တရက်လျှင် အနည်းဆုံး ရွှေ ၁၀ ကျပ်သားခန့်ရရှိနိုင်သည်ဟု တနိုင်တပိုင်ရွှေကျင်ယူဖူးသူ ဒေသခံများက သုံးသပ်ကြသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ရွှေကျင်ချောင်းအတွင်း ယခုကဲ့သို့ လာရောက်လုပ်ကိုင်နေသော လုပ်ငန်းစုသည် မည်သည့်လုပ်ငန်းစု၊ မည်သူများဖြစ်ကြောင်းနှင့် ထိုသို့လုပ်ကိုင်ခွင့်အား မည်သို့သဘောတူညီချက်ဖြင့် ခွင့်ပြုထားသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ရွှေကျင်မြို့သည် ရှေးယခင်က ချောင်းများအတွင်း ရွှေကျင်ခွက်ဖြင့် ရွှေကျင်ယူလျင်ပင် ရွှေထွက်ခဲ့သောကြောင့် ရွှေကျင်မြို့ဟု ခေါ်တွင်စေခဲ့ခြင်းကြောင်း ဒေသခံများက ပြောသည်။ ရွှေကျင်ချောင်းသည် ရွှေကျင်မြို့အနီးဖြတ်သန်း၍ မြောက်ဘက် ရွှေကျင်ဆည်မှ တောင်ဘက် စစ်တောင်းမြစ်အတွင်းသို့ စီးဆင်းနေသည့်ချောင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - ရွှေကျင်ချောင်းစက်အထိုင်ချ ရွှေတူးဖော်နေပုံ

#Mizzima
#ရွှေကျင်မြို့
#ရွှေတူးဖော်
👍9❤1🔥1
​​ဗီယက်နမ်တွင် မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းသည့် ကမ္ဘောဒီးယားနိုင်ငံသားကို သေဒဏ်ချမှတ်
=========================

ဗီယက်နမ်နိုင်ငံတွင်းသို့ ဘိန်းဖြူနှင့် မက်သာဖီတမင်း မူးယစ်ဆေး ၃၁ ကီလိုဂရမ် မှောင်ခိုတင်သွင်းခြင်းအတွက် တောင်ပိုင်း ဘင်ဖျူအော့ပြည်နယ်တွင် ကမ္ဘောဒီးယားနိုင်ငံသားတဦးနှင့် ဗီယက်နမ်နိုင်ငံသားနှစ်ဦးကို သေဒဏ်အပြစ်ဒဏ် ချမှတ်သည်။


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
ဒီပဲယင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၁၅,၀၀၀ ခန့် မိုးထဲလေထဲ ထွက်ပြေး
🔥4
ဒီပဲယင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၁၅,၀၀၀ ခန့် မိုးထဲလေထဲ ထွက်ပြေး
=======================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းတွင်ရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မနက်ပိုင်းတွင် စစ်ကြောင်းထိုးနေသည့်အတွက် ကျေးရွာပေါင်း ၁၃ ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း People”s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

၎င်းက “မနေ့ညကတည်းက တညလုံး ရေဦး ဒီပဲယင်းမှာ မိုးတအားရွာခဲ့တယ်၊ ဒီနေ့လည်း မိုးကရွာနေတုန်းပါပဲ၊ စစ်ကြောင်းထွက်လာတဲ့အချိန် မိုးတအားသည်းနေတာကြောင့် ဒီပဲယင်းအနောက်ခြမ်းရွာတွေက ပြည်သူပေါင်း ၁၅,၀၀၀ ခန့်လောက် မိုးထဲရေထဲ ရွှံ့ဗွက်တွေကြားမှာ ရုန်းကန်ထွက်ပြေးနေကြရတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူဖို့အတွက်နဲ့ ပြည်သူတွေ မိုးထဲရေထဲ ဒုက္ခရောက်အောင် ရည်ရွယ်၍ စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း ကိုထူးခန့်ဇော်က မှတ်ချက်ပြုသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးကြရသူများထဲတွင် သက်ကြီးရွယ်အိုများ နာတာရှည်ရောဂါသည်များပါဝင်သည့် အတွက် ၎င်းတို့၏ ကျန်းမာရေးအတွက် စိုးရိမ်းစရာအခြေအနေဖြစ်နေကြောင်း ဒေသခံတဦးက ဆိုသည်။

၎င်းက “ပြည်သူတွေလည်း မိုးရွာကြီးထဲပြေးကြရတာဆိုတော့ ဘာမှသိပ်ပြီးမသယ်နိုင်ကြဘူး၊ မိုးရွာကြီးထဲ သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်းပါတယ်။ နာမကျန်းဖြစ်နေကြတဲ့ နာတာရှည်ရောဂါသည်တွေလည်းပါတယ်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများဖြစ်သည့် အင်းတန်း ၊ ဝဘာ ၊မဲသည် ၊ ငြိမ်းချမ်း ၊ ယင်းတွေ ၊ လပ်တီး ၊ နှောပင် ၊ ပုဂံ ၊ ကြည်၊ အေးသာယာ(ပျံကျ)နဘဲလှ ၊ ကျည်းစောက် ၊ ကြခတ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးနေရခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းသည် အောင်လံအခြေစိုက် ခလရ (၇၁) မှ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဖြစ်ပြီး၊ ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ၊ ၂၆၊ ၂၇ ရက်နေ့ များကလည်း ရေဦးမြိုနယ်တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းနယ် အရှေ့ ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွန်း ဒီပဲယင်းမြို့နယ်အတွင်းရှိပြည်သူများ မိုးထဲရေထဲထွက်ပြေးနေကြရစဉ်

#mizzima
#စစ်ကြောင်းထိုး
#ဒီပဲယင်းမြို့နယ်
#ကျန်းမာရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍4
​​လေထုအရည်အသွေး ကျဆင်းခြင်းအတွက် အင်ဒိုနီးရှားကို မလေးရှား အပြစ်တင်
=====================

အင်ဒိုနီးရှားတွင် ဖြစ်ပွားသည့် တောမီး ရာပေါင်းများစွာကြောင့် မလေးရှားရှိ ဒေသများ၌ မီးခိုးမြူဆိုင်းခြင်း ဖြစ်ရပြီး လေထုအရည်အသွေး ဆိုးဝါးရသည်ဟု မလေးရှား ထိပ်တန်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤2🔥2
​​လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် နမ်ဆန်ယန်စစ်ရှောင် မိုင်းပေါက်ကွဲ ထိခိုက်ဒဏ်ရာရ
======================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားစဉ် မိုင်းပေါက်ကွဲသဖြင့် နမ်ဆန်ယန်စစ်ရှောင်တဦး ထိခိုက်ဒဏ်ရာရှိသွားသည်ဟု စစ်ရှောင်များနှင့် နီးစပ်သူထံကသိရသည်။

“စစ်ရှောင်တွေကို ဟိုဘက်ခေါ်သွားပြီး ပစ္စည်းတွေ ဘာတွေ မ ခိုင်းတယ်။ ရှေ့တန်းတနေရာမှာနားပြီး ပြန်ထွက်လာတဲ့အချိန် မိုင်းပေါက်ကွဲပြီး တယောက်ကတော့ ခြေထောက်မှာ ထိခိုက်သွားတယ်လို့ သိထားတယ်”ဟု စစ်ရှောင်များနှင့်နီးစပ်သူက ပြောသည်။

ဝိုင်းမော်မြို့နယ် ၊ ကဇူးကျေးရွာရှိ ဆမားဇုံနယ်အသင်းတော်ရုံးတွင် ခိုလှုံနေကြသည့် နမ်ဆန်ယန်မှ စစ်ရှောင် ရှစ်ဦးကို စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ပြန်လွတ်လာချိန်တွင် စစ်ရှောင်တဦး ခြေထောက် မိုင်းထိဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်( KIO )ဌာနချုပ် လိုင်ဇာအနီးရှိ နမ်ဆန်ယန်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေချိန် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက စစ်ရှောင်များနှင့် ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများအား ပြန်လည်လွှတ်ပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော်မှ တာဝန်ရှိဆရာများက ကဇူးစစ်ကောင်စီတပ်စခန်းသို့ နေ့တွင်းချင်း သွားရောက်ညှိနှိုင်းခဲ့သည့်အတွက် ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့က အင်အားဖြည့်တင်းမှုများရှိနေပြီး လမ်းတလျှောက် ပစ္စည်းများသယ်ယူရန်အတွက် ဒေသခံများ၊ စစ်ဘေးရှောင်များကို လူသားဒိုင်းအဖြစ် ခေါ်ယူအသုံးပြုနေသည်များရှိနေသည်ဟု စစ်ရှောင်များနှင့်နီးစပ်သူက ဆိုသည်။
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ ကဇူးကျေးရွာအထက်ဘက် ဒဘတ်ယန်၊ ဂျာပူနှင့် မလိယန် စသည့် ဆမားလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်ကောင်တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့က ဇူလိုင်လဆန်းပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က နမ့်ဆန်ယန်ဘက်သို့ တပတ်နှစ်ကြိမ်ခန့် အင်အား ၅၀နှင့် ၈၀ ကြား ပုံမှန်သွားလာလှုပ် ရှားနေသည့်အတွက် ဒဘတ်ယန်၊ မလိယန်၊ ဂျာပူ စသည့်ကျေးရွာများတလျှောက်တွင် KIA တပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

နမ်ဆန်ယန်စစ်ရှောင် အများစုသည် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့များရှိ စစ်ရှောင်စခန်းများ၌ ပြန်လည်ရောက်ရှိနေပြီဖြစ်သော်လည်း အချို့မှာ ကဇူးနေရပ်ပြန်ကျေးရွာရှိ ဆမားဇုံနယ် KBC အသင်းတော်ဝင်းအတွင်း ခိုလှုံနေကြခြင်း ဖြစ်သည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကချင်ပြည်နယ်
#ဝိုင်းမော်မြို့နယ်
#စစ်ဘေးရှောင်

ဓာတ်ပုံ - ကဇူးကျေးရွာ ဆမားဇုံနယ်ရုံးမှာ စစ်ရှောင်နေ ကြသော နမ်ဆန်ယန်ပြည်သူများ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2
​​ခေတ်ပျက်ထဲက ငွေရပေါက်များ
=============

By Kamayut Information-KMYINFO
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့နိုင်ငံရေးမှာ ပါဝင်စွက်ဖက်နေမှုကို အားမရသည့် စစ်အာဏာရှင် လူတစုက နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားနည်းဖြင့် သိမ်းပိုက်ရယူခဲ့ကြ၍ စစ်အာဏာရှင်စနစ်ဆိုး၏ အုပ်ချုပ်မှု ယန္တရားအောက် တဖန်ပြန်လည်ကျရောက်ခဲ့ရသည်။

မတရားနည်းဖြင့် သိမ်းပိုက်မင်းမူနေသည့် အကြမ်းဖက်စစ်အာဏာရှင် စနစ်တခုလုံးကို နိုင်ငံတဝန်းရှိ ပြည်သူလူထုက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှသည် လက်နက်ကိုင်လမ်းစဉ်အထိ ရွေးချယ်ကာ ကဏ္ဍအသီးသီးမှ တိုက်စစ်ဖွင့် တော်လှန်နေကြဆဲ ဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ အုပ်ချုပ်မှုယန္တရားအောက်တွင် လည်ပတ်နေရသည့် ပြည်သူလူထုတရပ်လုံးမှာ အဘက်ဘက်မှ ဖိနှိပ်ကန့်သတ်မှုများစွာဖြင့် “ အမိန့်အရ “ ဟူသည် နှုတ်စကားအောက်တွင် နေ့စဉ်ဘဝ အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။
အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ ဌာန၊ ရုံးများမှ မြို့နယ်နေ ပြည်သူလူထုထံမှ ၎င်းတို့၏ ငွေရပေါက်များကိုလည်း နည်းမျိုးစုံဖြင့် ဖန်တီးရယူလျက်ရှိနေသည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင် ဒီမိုကရေစီ အနှစ်သာရကို ထိတွေ့ခွင့်ရခဲ့သော လူငယ်များစွာ ပါဝင်နေကြသည့်နည်းတူ အကြမ်းဖက်စစ်တပ်ကလည်း နည်းဗျူဟာမြောက် လူငယ်များစုဝေးရာနေရာများတွင် ငွေရပေါက်များကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လျက်ရှိသည်။

ဩဂုတ်လနှောင်းပိုင်းအထိ Kamayut Information-KMYINFO ၏ စုဆောင်းရရှိထားသော မြေပြင်အချက်အလက်တွေအရ အကြမ်းဖက်စစ်တပ်မှ ရှောင်တခင် အစစ်အဆေးများစွာကို ဖန်တီးလျက် ဖြတ်သွားဖြတ်လာ လူငယ်များအား ဝတ်စားဆင်ယင်မှုအပေါ် တားမြစ်ကန့်သတ်ခြင်း၊ ခြိမ်းခြောက် ငွေတောင်းခြင်းများ ပြုလုပ်နေသည်။
❤4👍1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
🤮2
KNU ဥက္ကဌဟောင်း အပါအဝင်ခေါင်းဆောင်ဟောင်းအချို့ စစ်ကောင်စီခေါင်းဆောင်နှင့်တွေ့ဆုံ
😁6🤮3❤1😱1
​​KNU ဥက္ကဌဟောင်း အပါအဝင်ခေါင်းဆောင်ဟောင်းအချို့ စစ်ကောင်စီခေါင်းဆောင်နှင့်တွေ့ဆုံ
========================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌဟောင်း စောမူတူးစေးဖိုး အပါအဝင် KNU ဗဟိုခေါင်းဆောင်ဟောင်းအချို့ ယနေ့ စက်တင်ဘာလ ၃၀ ရက်တွင် နေပြည်တော်၌ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြသည်ဟု သိရသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး၊ KNU ဗဟိုကော်မတီဝင်ဟောင်း ပဒိုစောရောဂျာခင်၊ KNU တပ်မဟာ (၆) ခရိုင်ဥက္ကဌဟောင်း ပဒိုစောရွှေမောင်းတို့က စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အခြားသော စစ်ကောင်စီလက်အောက်ခံ အရာရှိအချို့နှင့် တွေ့ဆုံခဲ့ကာ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသူများသည် KNU နှင့် ပတ်သက်မှု မရှိတော့ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရ ပဒိုစောတောနီးကပြောသည်။

"လုံးဝ မပတ်သက်တော့ပါ" ဟု မဇ္ဈိမကို ၎င်းက ပြောသည်။
KNU နယ်မြေများတွင် အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အဆိုပါ တိုက်ပွဲများနှင့် စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံ ၆၃၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ ကြောင်း စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

"သူ့သဘောထားနဲ့ သူသွားတွေ့တာတော့ ဘာမှပြောစရာမရှိပါဘူး။ KNUနဲ့လည်းမဆိုင်ဘူးလေ KNUကိုယ်စားပြုသွားတာမဟုတ်တဲ့အတွက်ပြောစရာမရှိပါဘူး" ဟု KNU ဥက္ကဌဟောင်း၏ စစ်ကောင်စီခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့်ပတ်သက်၍ ကရင်လူငယ်တစ်ဦးက ၎င်း၏အမြင်ကို မှတ်ချက်ပြုသည်။

KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် ၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားပြု လက်မှတ်ရေးထိုးခဲ့သူလည်း ဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ
#နေပြည်တော်
#KNU
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮13👍7❤3
Media is too big
VIEW IN TELEGRAM
“အညာမြေ လမ်းတွေပေါ်က စကစ ဓားပြများ” | ချစ်သောအညာမြေ Episode-25

Watch more detail -https://youtu.be/Sh8OaAi_Uj4

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
👍7🔥2