Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒီပဲယင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၁၅,၀၀၀ ခန့် မိုးထဲလေထဲ ထွက်ပြေး
🔥4
ဒီပဲယင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၁၅,၀၀၀ ခန့် မိုးထဲလေထဲ ထွက်ပြေး
=======================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းတွင်ရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မနက်ပိုင်းတွင် စစ်ကြောင်းထိုးနေသည့်အတွက် ကျေးရွာပေါင်း ၁၃ ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း People”s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

၎င်းက “မနေ့ညကတည်းက တညလုံး ရေဦး ဒီပဲယင်းမှာ မိုးတအားရွာခဲ့တယ်၊ ဒီနေ့လည်း မိုးကရွာနေတုန်းပါပဲ၊ စစ်ကြောင်းထွက်လာတဲ့အချိန် မိုးတအားသည်းနေတာကြောင့် ဒီပဲယင်းအနောက်ခြမ်းရွာတွေက ပြည်သူပေါင်း ၁၅,၀၀၀ ခန့်လောက် မိုးထဲရေထဲ ရွှံ့ဗွက်တွေကြားမှာ ရုန်းကန်ထွက်ပြေးနေကြရတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူဖို့အတွက်နဲ့ ပြည်သူတွေ မိုးထဲရေထဲ ဒုက္ခရောက်အောင် ရည်ရွယ်၍ စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း ကိုထူးခန့်ဇော်က မှတ်ချက်ပြုသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးကြရသူများထဲတွင် သက်ကြီးရွယ်အိုများ နာတာရှည်ရောဂါသည်များပါဝင်သည့် အတွက် ၎င်းတို့၏ ကျန်းမာရေးအတွက် စိုးရိမ်းစရာအခြေအနေဖြစ်နေကြောင်း ဒေသခံတဦးက ဆိုသည်။

၎င်းက “ပြည်သူတွေလည်း မိုးရွာကြီးထဲပြေးကြရတာဆိုတော့ ဘာမှသိပ်ပြီးမသယ်နိုင်ကြဘူး၊ မိုးရွာကြီးထဲ သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်းပါတယ်။ နာမကျန်းဖြစ်နေကြတဲ့ နာတာရှည်ရောဂါသည်တွေလည်းပါတယ်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများဖြစ်သည့် အင်းတန်း ၊ ဝဘာ ၊မဲသည် ၊ ငြိမ်းချမ်း ၊ ယင်းတွေ ၊ လပ်တီး ၊ နှောပင် ၊ ပုဂံ ၊ ကြည်၊ အေးသာယာ(ပျံကျ)နဘဲလှ ၊ ကျည်းစောက် ၊ ကြခတ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးနေရခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းသည် အောင်လံအခြေစိုက် ခလရ (၇၁) မှ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဖြစ်ပြီး၊ ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ၊ ၂၆၊ ၂၇ ရက်နေ့ များကလည်း ရေဦးမြိုနယ်တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းနယ် အရှေ့ ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွန်း ဒီပဲယင်းမြို့နယ်အတွင်းရှိပြည်သူများ မိုးထဲရေထဲထွက်ပြေးနေကြရစဉ်

#mizzima
#စစ်ကြောင်းထိုး
#ဒီပဲယင်းမြို့နယ်
#ကျန်းမာရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍4
​​လေထုအရည်အသွေး ကျဆင်းခြင်းအတွက် အင်ဒိုနီးရှားကို မလေးရှား အပြစ်တင်
=====================

အင်ဒိုနီးရှားတွင် ဖြစ်ပွားသည့် တောမီး ရာပေါင်းများစွာကြောင့် မလေးရှားရှိ ဒေသများ၌ မီးခိုးမြူဆိုင်းခြင်း ဖြစ်ရပြီး လေထုအရည်အသွေး ဆိုးဝါးရသည်ဟု မလေးရှား ထိပ်တန်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤2🔥2
​​လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် နမ်ဆန်ယန်စစ်ရှောင် မိုင်းပေါက်ကွဲ ထိခိုက်ဒဏ်ရာရ
======================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားစဉ် မိုင်းပေါက်ကွဲသဖြင့် နမ်ဆန်ယန်စစ်ရှောင်တဦး ထိခိုက်ဒဏ်ရာရှိသွားသည်ဟု စစ်ရှောင်များနှင့် နီးစပ်သူထံကသိရသည်။

“စစ်ရှောင်တွေကို ဟိုဘက်ခေါ်သွားပြီး ပစ္စည်းတွေ ဘာတွေ မ ခိုင်းတယ်။ ရှေ့တန်းတနေရာမှာနားပြီး ပြန်ထွက်လာတဲ့အချိန် မိုင်းပေါက်ကွဲပြီး တယောက်ကတော့ ခြေထောက်မှာ ထိခိုက်သွားတယ်လို့ သိထားတယ်”ဟု စစ်ရှောင်များနှင့်နီးစပ်သူက ပြောသည်။

ဝိုင်းမော်မြို့နယ် ၊ ကဇူးကျေးရွာရှိ ဆမားဇုံနယ်အသင်းတော်ရုံးတွင် ခိုလှုံနေကြသည့် နမ်ဆန်ယန်မှ စစ်ရှောင် ရှစ်ဦးကို စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ပြန်လွတ်လာချိန်တွင် စစ်ရှောင်တဦး ခြေထောက် မိုင်းထိဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်( KIO )ဌာနချုပ် လိုင်ဇာအနီးရှိ နမ်ဆန်ယန်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေချိန် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက စစ်ရှောင်များနှင့် ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများအား ပြန်လည်လွှတ်ပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော်မှ တာဝန်ရှိဆရာများက ကဇူးစစ်ကောင်စီတပ်စခန်းသို့ နေ့တွင်းချင်း သွားရောက်ညှိနှိုင်းခဲ့သည့်အတွက် ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့က အင်အားဖြည့်တင်းမှုများရှိနေပြီး လမ်းတလျှောက် ပစ္စည်းများသယ်ယူရန်အတွက် ဒေသခံများ၊ စစ်ဘေးရှောင်များကို လူသားဒိုင်းအဖြစ် ခေါ်ယူအသုံးပြုနေသည်များရှိနေသည်ဟု စစ်ရှောင်များနှင့်နီးစပ်သူက ဆိုသည်။
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ ကဇူးကျေးရွာအထက်ဘက် ဒဘတ်ယန်၊ ဂျာပူနှင့် မလိယန် စသည့် ဆမားလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်ကောင်တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့က ဇူလိုင်လဆန်းပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က နမ့်ဆန်ယန်ဘက်သို့ တပတ်နှစ်ကြိမ်ခန့် အင်အား ၅၀နှင့် ၈၀ ကြား ပုံမှန်သွားလာလှုပ် ရှားနေသည့်အတွက် ဒဘတ်ယန်၊ မလိယန်၊ ဂျာပူ စသည့်ကျေးရွာများတလျှောက်တွင် KIA တပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

နမ်ဆန်ယန်စစ်ရှောင် အများစုသည် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့များရှိ စစ်ရှောင်စခန်းများ၌ ပြန်လည်ရောက်ရှိနေပြီဖြစ်သော်လည်း အချို့မှာ ကဇူးနေရပ်ပြန်ကျေးရွာရှိ ဆမားဇုံနယ် KBC အသင်းတော်ဝင်းအတွင်း ခိုလှုံနေကြခြင်း ဖြစ်သည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကချင်ပြည်နယ်
#ဝိုင်းမော်မြို့နယ်
#စစ်ဘေးရှောင်

ဓာတ်ပုံ - ကဇူးကျေးရွာ ဆမားဇုံနယ်ရုံးမှာ စစ်ရှောင်နေ ကြသော နမ်ဆန်ယန်ပြည်သူများ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2
​​ခေတ်ပျက်ထဲက ငွေရပေါက်များ
=============

By Kamayut Information-KMYINFO
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့နိုင်ငံရေးမှာ ပါဝင်စွက်ဖက်နေမှုကို အားမရသည့် စစ်အာဏာရှင် လူတစုက နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားနည်းဖြင့် သိမ်းပိုက်ရယူခဲ့ကြ၍ စစ်အာဏာရှင်စနစ်ဆိုး၏ အုပ်ချုပ်မှု ယန္တရားအောက် တဖန်ပြန်လည်ကျရောက်ခဲ့ရသည်။

မတရားနည်းဖြင့် သိမ်းပိုက်မင်းမူနေသည့် အကြမ်းဖက်စစ်အာဏာရှင် စနစ်တခုလုံးကို နိုင်ငံတဝန်းရှိ ပြည်သူလူထုက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှသည် လက်နက်ကိုင်လမ်းစဉ်အထိ ရွေးချယ်ကာ ကဏ္ဍအသီးသီးမှ တိုက်စစ်ဖွင့် တော်လှန်နေကြဆဲ ဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ အုပ်ချုပ်မှုယန္တရားအောက်တွင် လည်ပတ်နေရသည့် ပြည်သူလူထုတရပ်လုံးမှာ အဘက်ဘက်မှ ဖိနှိပ်ကန့်သတ်မှုများစွာဖြင့် “ အမိန့်အရ “ ဟူသည် နှုတ်စကားအောက်တွင် နေ့စဉ်ဘဝ အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။
အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ ဌာန၊ ရုံးများမှ မြို့နယ်နေ ပြည်သူလူထုထံမှ ၎င်းတို့၏ ငွေရပေါက်များကိုလည်း နည်းမျိုးစုံဖြင့် ဖန်တီးရယူလျက်ရှိနေသည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင် ဒီမိုကရေစီ အနှစ်သာရကို ထိတွေ့ခွင့်ရခဲ့သော လူငယ်များစွာ ပါဝင်နေကြသည့်နည်းတူ အကြမ်းဖက်စစ်တပ်ကလည်း နည်းဗျူဟာမြောက် လူငယ်များစုဝေးရာနေရာများတွင် ငွေရပေါက်များကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လျက်ရှိသည်။

ဩဂုတ်လနှောင်းပိုင်းအထိ Kamayut Information-KMYINFO ၏ စုဆောင်းရရှိထားသော မြေပြင်အချက်အလက်တွေအရ အကြမ်းဖက်စစ်တပ်မှ ရှောင်တခင် အစစ်အဆေးများစွာကို ဖန်တီးလျက် ဖြတ်သွားဖြတ်လာ လူငယ်များအား ဝတ်စားဆင်ယင်မှုအပေါ် တားမြစ်ကန့်သတ်ခြင်း၊ ခြိမ်းခြောက် ငွေတောင်းခြင်းများ ပြုလုပ်နေသည်။
❤4👍1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
🤮2
KNU ဥက္ကဌဟောင်း အပါအဝင်ခေါင်းဆောင်ဟောင်းအချို့ စစ်ကောင်စီခေါင်းဆောင်နှင့်တွေ့ဆုံ
😁6🤮3❤1😱1
​​KNU ဥက္ကဌဟောင်း အပါအဝင်ခေါင်းဆောင်ဟောင်းအချို့ စစ်ကောင်စီခေါင်းဆောင်နှင့်တွေ့ဆုံ
========================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌဟောင်း စောမူတူးစေးဖိုး အပါအဝင် KNU ဗဟိုခေါင်းဆောင်ဟောင်းအချို့ ယနေ့ စက်တင်ဘာလ ၃၀ ရက်တွင် နေပြည်တော်၌ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြသည်ဟု သိရသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး၊ KNU ဗဟိုကော်မတီဝင်ဟောင်း ပဒိုစောရောဂျာခင်၊ KNU တပ်မဟာ (၆) ခရိုင်ဥက္ကဌဟောင်း ပဒိုစောရွှေမောင်းတို့က စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အခြားသော စစ်ကောင်စီလက်အောက်ခံ အရာရှိအချို့နှင့် တွေ့ဆုံခဲ့ကာ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသူများသည် KNU နှင့် ပတ်သက်မှု မရှိတော့ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရ ပဒိုစောတောနီးကပြောသည်။

"လုံးဝ မပတ်သက်တော့ပါ" ဟု မဇ္ဈိမကို ၎င်းက ပြောသည်။
KNU နယ်မြေများတွင် အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အဆိုပါ တိုက်ပွဲများနှင့် စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံ ၆၃၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ ကြောင်း စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

"သူ့သဘောထားနဲ့ သူသွားတွေ့တာတော့ ဘာမှပြောစရာမရှိပါဘူး။ KNUနဲ့လည်းမဆိုင်ဘူးလေ KNUကိုယ်စားပြုသွားတာမဟုတ်တဲ့အတွက်ပြောစရာမရှိပါဘူး" ဟု KNU ဥက္ကဌဟောင်း၏ စစ်ကောင်စီခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့်ပတ်သက်၍ ကရင်လူငယ်တစ်ဦးက ၎င်း၏အမြင်ကို မှတ်ချက်ပြုသည်။

KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် ၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားပြု လက်မှတ်ရေးထိုးခဲ့သူလည်း ဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ
#နေပြည်တော်
#KNU
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮13👍7❤3
Media is too big
VIEW IN TELEGRAM
“အညာမြေ လမ်းတွေပေါ်က စကစ ဓားပြများ” | ချစ်သောအညာမြေ Episode-25

Watch more detail -https://youtu.be/Sh8OaAi_Uj4

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
👍7🔥2
စခန်းသိမ်းတိုက်ပွဲအပြန် အောင်ပွဲရ ရဲဘော်တွေကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြု
=====================

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က သစ်ချဆိပ် စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို ပြည်သူတွေက အားပါးတရ ကြိုဆို ဂုဏ်ပြုနေကြတာပါ။

ဒီရုပ်သံဖိုင်ကို Spring Warriors Columns က စက်တင်ဘာလ ၃၀ ရက်နေ့ မှာ ထုတ်ပြန်လာတာပါ။

ရှေ့တန်းက အောင်ပွဲရ ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကရင်သီချင်း သီဆိုကာ သပြေခက်တွေ၊ ပန်းစည်းတွေနဲ့ ကြိုဆိုနေကြတာ တွေ့ရပါတယ်။

“ဘယ်လိုပြောပြရမှန်း မသိအောင်ကြည်နူးရတယ်၊ ပီတိဖြစ်ရပါတယ်၊ လူစုံပြန်ပါမလာ‌တာ တခုတော့ ရင်ကျိုးမတတ် ခံစားခဲ့ရပါတယ်" လို့ Spring Warriors Column တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

သစ်ချဆိပ်စခန်းကို KNLA၊ KNDO၊ Spring Warriors Column နဲ့ အထူးကွန်မန်ဒိုစစ်ကြောင်းပူးပေါင်းအဖွဲ့က ဩဂုတ်လ ၃၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တပ်စုမှူးတဦးနဲ့ ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။

https://youtu.be/D7QYg8hz9VE?si=gKQdn491zGuLycHV

#Mizzima
#သိပ်ချဆိပ်
#KNU
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🥰15👍5❤3🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ စက်တင်ဘာ ၂၀၂၃)
=================

အမျိုးသားညီညွတ်ရေး အစိုးရ

စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ မြေပြင်တာဝန်ခံများက စိုက်ပျိုးပြီး ခြံထွက်သီးနှံတွေ ဝေငှပေးနေကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအရေးကိစ္စက ပြည်တွင်းရေးမဟုတ်ကြောင်းနှင့် ရှုပ်ထွေးခက်ခဲလှသည့်အခြေအနေများက ဒေသတွင်း နိုင်ငံများကို ရိုက်ခတ်လျက်ရှိနေကြောင်း စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ကုလ သမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ထိုင်းနိုင်ငံ ၊ လရောင်ခရိုင် ၊ စီကွန်ဖက်တနာမြို့မှာရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုက မြန်မာရွှေ့ပြောင်းလုပ်သားများကို သူဌေးဖြစ်သူက သက်မှတ်ကာလကျော်လွန်ချိန်ထိ လုပ်အားခ မရှင်းပေးသည့် ပြဿနာကို အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး ဖြေရှင်းပေးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတ၀န်းတွင် ခုခံတော်လှန်စစ် ဆင်နွှဲနေပြီး လက်ရှိတွင်လည်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်အထိ စစ်ရေးခြိမ်းခြောက်မှုများ ပြုလုပ်နိုင်နေပြီဟု ယာယီသမ္မတက ‌ပြောသည်။
👍9🔥1
စက်တင်ဘာလ (၃၀) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ညမှာတော့............

နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီလို့ NUG ယာယီသမ္မတ ပြောကြားလိုက်တဲ့သတင်း

ဖယ်ခုံမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ရဲတပ်ကြပ်အဆင့်ရှိသူက ဓါးပြတိုက်တဲ့သတင်း

တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေ စီးပွားရေးနဲ့ အားကစားသတင်းတွေ၊ "ဆက်သွယ်မေးမြန်းချက်" အစီအစဉ်နဲ့ BNI ရေဒီယိုအစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/s6BJ3nYszjo?si=Pr0wXI8Krd3bvnDP

#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2
Weekend News Roundup | September 30 2023
==================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-အာဆီယံနိုင်ငံအချို့ ကုလစင်မြင့်ထက်မှာ မြန်မာ့အရေး ထည့်သွင်းပြောကြားသွားခဲ့တဲ့သတင်း

-The Elders ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေးတဲ့သတင်း

-အင်ဒိုနီးရှားမှာ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက မြို့တော်ဝန်ရုံးကိုမီးတင်ရှို့ တဲ့သတင်း

-ထိပ်တန်းဆစ်ခ်ခွဲထွက်ရေးသမားရဲ့ ပိုင်ဆိုင်မှုတွေကို အိန္ဒိယအစိုးရသိမ်းဆည်း တဲ့သတင်း

-ပြည်ပရောက် မြန်မာလုပ်သားတွေကို ဝင်ငွေခွန်ကောက်မယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ တဲ့ သတင်း

-မြန်မာစစ်တပ်ကို လက်နက်နှင့် လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့နိုင်ရေး ကုလဆိုင်ရာဗြိတိန်၊ ကနေဒါသံအမတ်ကြီးနှင့် NUG တို့ ဆွေးနွေးတဲ့သတင်း

https://youtu.be/FFjwER6zfgk?si=i37k1b7SijYphRRi

#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
“အညာမြေ လမ်းတွေပေါ်က စကစ ဓားပြများ” | ချစ်သောအညာမြေ Episode-25
====================

အညာဒေသ လမ်းတွေပေါ်က စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေမှာ တောင်းရမ်းမှုတွေကို ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ လွှမ်းခြုံပြီး ပြောပြပေးပါ၊ ဒီလိုတောင်းရမ်းတာတွေက ဘယ်လောက်ထိ ကျယ်ကျယ်ပျံ့ပျံ့ ဖြစ်နေပါသလဲ၊ စစ်ဆေးရေး ဂိတ်တွေမှာ ခရီးသည်တင်ကားတွေ၊ ကုန်ကားတွေကို စစ်တဲ့အခါ ထိုင်ထလုပ်ခိုင်းတာ၊ ပုံစံထိုင်ခိုင်းတာမျိုးလို လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရတာတွေ ရှိပါသလား၊ ဒီလို ဖြစ်ရပ်တွေအပြင် ခိုးဆိုးလုနှိုက် သတင်းတွေကိုလည်း နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်၊ ဒီလိုခိုးဆိုးလုနှိုက်တွေကို ဘယ်သူတွေက လုပ်နေတာပါလဲ၊ ဘာကြောင့် လုပ်နေနိုင်ရတာပါလဲ၊ စစ်ဆေးရေး ဂိတ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မဖြစ်အောင် လူထုအချင်းချင်း ပူးပေါင်းပြီးတော့ သတင်းအချက်အလက်တွေကို မျှဝေဖို့ လိုမလား၊ ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲ စတာတွေကို နားဆင်ကြရပါမယ်။

မုံရွာသပိတ်ခေါင်းဆောင် မချောစုစံ၊ ရွှေဘိုမြို့နယ်၊တိုက်နယ်(၂) ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုသူရိန်နဲ့ မကွေးဒေသခံ ဒေါ်သဇင်တို့ကို ကိုနောင်နောင်က မေးမြန်းဆွေးနွေးထားပါတယ်။

https://youtu.be/Sh8OaAi_Uj4?si=_ERvsYAH2A6LeJDw

#ချစ်သောအညာမြေ
#စကားဝိုင်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1
​​ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေတဲ့ မော်ကျွန်းမြို့က ရာအိမ်မှူးဟာင်း
=====================

အယ်ဒီတာထံပေးစာ
မော်လမြိုင်ကျွန်းမြို့မှာ အမှတ် (၁၂)ရပ်ကွက် ရာအိမ်မှူးဟောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေတာတွေ လုပ်နေပါတယ်။

အမှတ် (၁၂) ရပ်ကွက်၊ မာလာလမ်းမှာနေတဲ့ မြို့နယ်ကြံ့ခိုင်ရေးပါတီဝင်၊ မဘသ အဖွဲ့ဝင်၊(၁၂) ရပ်ကွက် ရာအိမ်မှူးဟောင်း ဦးဇော်ဝင်းနဲ့ (၁၂) ရပ်ကွက်အပိုင် နယ်ထိန်း နေလင်းအောင်၊နယ်ထိန်းအင်ချပ် မျိုးကိုဦး၊စခန်းမှူး ရဲအုပ်မင်းမင်းတို့ ပူးပေါင်းပြီး ကျေးရွာတွေမှာ ငွေတောင်းခံတာတွေ လုပ်နေတာဖြစ်ပါတယ်။

ရွာတွေထဲကို ရဲတွေဝင်စစ်လို့ ဖုန်းထဲနိုင်ငံရေးနဲ့ပတ်သတ်တာတွေတွေ့ရင် သိန်း ၂၀ ၊၃၀ ပေးနေရတယ်။ ဟိုတလောကဆို လူတစ်ယောက်ရဲ့ ဖုန်းထဲမှာ နိုင်ငံရေးတွေတွေ့လို့ဆိုပြီး ရဲက ၂၆ သိန်းတောင်းတယ်။ ပြီးတော့ Wave Money ဆိုင်တွေကိုလည်း PDF တွေဆီကို ငွေလွှဲတယ်ဆိုပြီး ၁၀ သိန်းစီလိုက်တောင်းနေတယ်။ လူတွေ ဒီလောက်ဆင်းရဲ မွဲတေနေတာကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာဖြစ်ပါတယ်။

ထီတိုလို၊ ကျွန်းကလေး၊ကြက်လျှာ၊ကနစိုချောင်း၊ ထီပါလဟ်သောင်တန်း၊ မိဿလင်ကုန်း ကျေးရွာတွေက ဒေသခံတွေဟာ အခုလိုအခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
ရွာတွေကနေ မြို့ပေါ်ကိုလာပြီး စျေးဝယ်တဲ့လူတွေရဲ့ ဖုန်းတွေကိုလည်း စစ်တယ်။ပြီးရင် ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ပါတယ်။
ယခုနှစ် စက်တင်ဘာလအတွင်းမှာ ရာအိမ်မှူးဟောင်း ဦးဇော်ဝင်းနဲ့ ရဲတွေပေါင်းပြီး ငွေတောင်းခံလို့ ပေးလိုက်ရသူ အယောက် ၂၀ကျော်မက ရှိပါတယ်။

ဒီလို ငွေကြေးမတရားတောင်းယူတာတွေကို မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေက သိပေမယ့် အရေးယူဆောင်ရွက်တာတွေ မရှိပါဘူး။

အဲ့ဒီအပြင် NLD ပါတီ ဝန်းရံထောက်ခံသူတွေနဲ့ NLD ပါတီဝင်တွေကို PDF ထောက်ပံ့တာ၊ အကြမ်းဖက်အားပေးတာဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ် ငွေကြေးတောင်းယူတာတွေ ရှိနေတာဖြစ်ပါတယ်။
ဒီအခြေအနေတွေကို အများပြည်သူသိရှိနိုင်စေဖို့အတွက် မဇ္ဈိမရဲ့ အယ်ဒီတာ့ထံပေးစာကတဆင့် ရေးသားပေးပို့လိုက်ရပါတယ်။

ပြည်သူတဦး
#ဧရာဝတီတိုင်း
#မော်လမြိုင်ကျွန်းမြို့
#ရာအိမ်မှူး
#အယ်ဒီတာထံပေးစာ

ပုံအညွှန်း-မော်လမြိုင်ကျွန်းမြို့၊အမှတ် (၁၂) ရပ်ကွက် ရာအိမ်မှူး ဦးဇော်ဝင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬3❤2🔥1😁1
ပေါင်းတည်တိုက်ပွဲတွင် တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်၏ ခဲယမ်းများ ကာကွယ်ရေးတပ်ဖွဲ့ သိမ်းဆည်း
❤18😁2