Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စခန်းသိမ်းတိုက်ပွဲအပြန် အောင်ပွဲရ ရဲဘော်တွေကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြု
=====================

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က သစ်ချဆိပ် စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို ပြည်သူတွေက အားပါးတရ ကြိုဆို ဂုဏ်ပြုနေကြတာပါ။

ဒီရုပ်သံဖိုင်ကို Spring Warriors Columns က စက်တင်ဘာလ ၃၀ ရက်နေ့ မှာ ထုတ်ပြန်လာတာပါ။

ရှေ့တန်းက အောင်ပွဲရ ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကရင်သီချင်း သီဆိုကာ သပြေခက်တွေ၊ ပန်းစည်းတွေနဲ့ ကြိုဆိုနေကြတာ တွေ့ရပါတယ်။

“ဘယ်လိုပြောပြရမှန်း မသိအောင်ကြည်နူးရတယ်၊ ပီတိဖြစ်ရပါတယ်၊ လူစုံပြန်ပါမလာ‌တာ တခုတော့ ရင်ကျိုးမတတ် ခံစားခဲ့ရပါတယ်" လို့ Spring Warriors Column တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

သစ်ချဆိပ်စခန်းကို KNLA၊ KNDO၊ Spring Warriors Column နဲ့ အထူးကွန်မန်ဒိုစစ်ကြောင်းပူးပေါင်းအဖွဲ့က ဩဂုတ်လ ၃၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တပ်စုမှူးတဦးနဲ့ ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။

https://youtu.be/D7QYg8hz9VE?si=gKQdn491zGuLycHV

#Mizzima
#သိပ်ချဆိပ်
#KNU
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🥰15👍5❤3🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ စက်တင်ဘာ ၂၀၂၃)
=================

အမျိုးသားညီညွတ်ရေး အစိုးရ

စစ်ဘေးရှောင်ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ မြေပြင်တာဝန်ခံများက စိုက်ပျိုးပြီး ခြံထွက်သီးနှံတွေ ဝေငှပေးနေကြောင်း ထုတ်ပြန်ထားသည်။

မြန်မာအရေးကိစ္စက ပြည်တွင်းရေးမဟုတ်ကြောင်းနှင့် ရှုပ်ထွေးခက်ခဲလှသည့်အခြေအနေများက ဒေသတွင်း နိုင်ငံများကို ရိုက်ခတ်လျက်ရှိနေကြောင်း စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ကုလ သမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ထိုင်းနိုင်ငံ ၊ လရောင်ခရိုင် ၊ စီကွန်ဖက်တနာမြို့မှာရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုက မြန်မာရွှေ့ပြောင်းလုပ်သားများကို သူဌေးဖြစ်သူက သက်မှတ်ကာလကျော်လွန်ချိန်ထိ လုပ်အားခ မရှင်းပေးသည့် ပြဿနာကို အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး ဖြေရှင်းပေးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတ၀န်းတွင် ခုခံတော်လှန်စစ် ဆင်နွှဲနေပြီး လက်ရှိတွင်လည်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်အထိ စစ်ရေးခြိမ်းခြောက်မှုများ ပြုလုပ်နိုင်နေပြီဟု ယာယီသမ္မတက ‌ပြောသည်။
👍9🔥1
စက်တင်ဘာလ (၃၀) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ညမှာတော့............

နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီလို့ NUG ယာယီသမ္မတ ပြောကြားလိုက်တဲ့သတင်း

ဖယ်ခုံမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကို ရဲတပ်ကြပ်အဆင့်ရှိသူက ဓါးပြတိုက်တဲ့သတင်း

တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေ စီးပွားရေးနဲ့ အားကစားသတင်းတွေ၊ "ဆက်သွယ်မေးမြန်းချက်" အစီအစဉ်နဲ့ BNI ရေဒီယိုအစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/s6BJ3nYszjo?si=Pr0wXI8Krd3bvnDP

#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2
Weekend News Roundup | September 30 2023
==================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-အာဆီယံနိုင်ငံအချို့ ကုလစင်မြင့်ထက်မှာ မြန်မာ့အရေး ထည့်သွင်းပြောကြားသွားခဲ့တဲ့သတင်း

-The Elders ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေးတဲ့သတင်း

-အင်ဒိုနီးရှားမှာ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက မြို့တော်ဝန်ရုံးကိုမီးတင်ရှို့ တဲ့သတင်း

-ထိပ်တန်းဆစ်ခ်ခွဲထွက်ရေးသမားရဲ့ ပိုင်ဆိုင်မှုတွေကို အိန္ဒိယအစိုးရသိမ်းဆည်း တဲ့သတင်း

-ပြည်ပရောက် မြန်မာလုပ်သားတွေကို ဝင်ငွေခွန်ကောက်မယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ တဲ့ သတင်း

-မြန်မာစစ်တပ်ကို လက်နက်နှင့် လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့နိုင်ရေး ကုလဆိုင်ရာဗြိတိန်၊ ကနေဒါသံအမတ်ကြီးနှင့် NUG တို့ ဆွေးနွေးတဲ့သတင်း

https://youtu.be/FFjwER6zfgk?si=i37k1b7SijYphRRi

#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
“အညာမြေ လမ်းတွေပေါ်က စကစ ဓားပြများ” | ချစ်သောအညာမြေ Episode-25
====================

အညာဒေသ လမ်းတွေပေါ်က စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေမှာ တောင်းရမ်းမှုတွေကို ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ လွှမ်းခြုံပြီး ပြောပြပေးပါ၊ ဒီလိုတောင်းရမ်းတာတွေက ဘယ်လောက်ထိ ကျယ်ကျယ်ပျံ့ပျံ့ ဖြစ်နေပါသလဲ၊ စစ်ဆေးရေး ဂိတ်တွေမှာ ခရီးသည်တင်ကားတွေ၊ ကုန်ကားတွေကို စစ်တဲ့အခါ ထိုင်ထလုပ်ခိုင်းတာ၊ ပုံစံထိုင်ခိုင်းတာမျိုးလို လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရတာတွေ ရှိပါသလား၊ ဒီလို ဖြစ်ရပ်တွေအပြင် ခိုးဆိုးလုနှိုက် သတင်းတွေကိုလည်း နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်၊ ဒီလိုခိုးဆိုးလုနှိုက်တွေကို ဘယ်သူတွေက လုပ်နေတာပါလဲ၊ ဘာကြောင့် လုပ်နေနိုင်ရတာပါလဲ၊ စစ်ဆေးရေး ဂိတ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မဖြစ်အောင် လူထုအချင်းချင်း ပူးပေါင်းပြီးတော့ သတင်းအချက်အလက်တွေကို မျှဝေဖို့ လိုမလား၊ ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲ စတာတွေကို နားဆင်ကြရပါမယ်။

မုံရွာသပိတ်ခေါင်းဆောင် မချောစုစံ၊ ရွှေဘိုမြို့နယ်၊တိုက်နယ်(၂) ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုသူရိန်နဲ့ မကွေးဒေသခံ ဒေါ်သဇင်တို့ကို ကိုနောင်နောင်က မေးမြန်းဆွေးနွေးထားပါတယ်။

https://youtu.be/Sh8OaAi_Uj4?si=_ERvsYAH2A6LeJDw

#ချစ်သောအညာမြေ
#စကားဝိုင်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1
​​ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေတဲ့ မော်ကျွန်းမြို့က ရာအိမ်မှူးဟာင်း
=====================

အယ်ဒီတာထံပေးစာ
မော်လမြိုင်ကျွန်းမြို့မှာ အမှတ် (၁၂)ရပ်ကွက် ရာအိမ်မှူးဟောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေတာတွေ လုပ်နေပါတယ်။

အမှတ် (၁၂) ရပ်ကွက်၊ မာလာလမ်းမှာနေတဲ့ မြို့နယ်ကြံ့ခိုင်ရေးပါတီဝင်၊ မဘသ အဖွဲ့ဝင်၊(၁၂) ရပ်ကွက် ရာအိမ်မှူးဟောင်း ဦးဇော်ဝင်းနဲ့ (၁၂) ရပ်ကွက်အပိုင် နယ်ထိန်း နေလင်းအောင်၊နယ်ထိန်းအင်ချပ် မျိုးကိုဦး၊စခန်းမှူး ရဲအုပ်မင်းမင်းတို့ ပူးပေါင်းပြီး ကျေးရွာတွေမှာ ငွေတောင်းခံတာတွေ လုပ်နေတာဖြစ်ပါတယ်။

ရွာတွေထဲကို ရဲတွေဝင်စစ်လို့ ဖုန်းထဲနိုင်ငံရေးနဲ့ပတ်သတ်တာတွေတွေ့ရင် သိန်း ၂၀ ၊၃၀ ပေးနေရတယ်။ ဟိုတလောကဆို လူတစ်ယောက်ရဲ့ ဖုန်းထဲမှာ နိုင်ငံရေးတွေတွေ့လို့ဆိုပြီး ရဲက ၂၆ သိန်းတောင်းတယ်။ ပြီးတော့ Wave Money ဆိုင်တွေကိုလည်း PDF တွေဆီကို ငွေလွှဲတယ်ဆိုပြီး ၁၀ သိန်းစီလိုက်တောင်းနေတယ်။ လူတွေ ဒီလောက်ဆင်းရဲ မွဲတေနေတာကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာဖြစ်ပါတယ်။

ထီတိုလို၊ ကျွန်းကလေး၊ကြက်လျှာ၊ကနစိုချောင်း၊ ထီပါလဟ်သောင်တန်း၊ မိဿလင်ကုန်း ကျေးရွာတွေက ဒေသခံတွေဟာ အခုလိုအခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
ရွာတွေကနေ မြို့ပေါ်ကိုလာပြီး စျေးဝယ်တဲ့လူတွေရဲ့ ဖုန်းတွေကိုလည်း စစ်တယ်။ပြီးရင် ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ပါတယ်။
ယခုနှစ် စက်တင်ဘာလအတွင်းမှာ ရာအိမ်မှူးဟောင်း ဦးဇော်ဝင်းနဲ့ ရဲတွေပေါင်းပြီး ငွေတောင်းခံလို့ ပေးလိုက်ရသူ အယောက် ၂၀ကျော်မက ရှိပါတယ်။

ဒီလို ငွေကြေးမတရားတောင်းယူတာတွေကို မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေက သိပေမယ့် အရေးယူဆောင်ရွက်တာတွေ မရှိပါဘူး။

အဲ့ဒီအပြင် NLD ပါတီ ဝန်းရံထောက်ခံသူတွေနဲ့ NLD ပါတီဝင်တွေကို PDF ထောက်ပံ့တာ၊ အကြမ်းဖက်အားပေးတာဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ် ငွေကြေးတောင်းယူတာတွေ ရှိနေတာဖြစ်ပါတယ်။
ဒီအခြေအနေတွေကို အများပြည်သူသိရှိနိုင်စေဖို့အတွက် မဇ္ဈိမရဲ့ အယ်ဒီတာ့ထံပေးစာကတဆင့် ရေးသားပေးပို့လိုက်ရပါတယ်။

ပြည်သူတဦး
#ဧရာဝတီတိုင်း
#မော်လမြိုင်ကျွန်းမြို့
#ရာအိမ်မှူး
#အယ်ဒီတာထံပေးစာ

ပုံအညွှန်း-မော်လမြိုင်ကျွန်းမြို့၊အမှတ် (၁၂) ရပ်ကွက် ရာအိမ်မှူး ဦးဇော်ဝင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬3❤2🔥1😁1
ပေါင်းတည်တိုက်ပွဲတွင် တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်၏ ခဲယမ်းများ ကာကွယ်ရေးတပ်ဖွဲ့ သိမ်းဆည်း
❤18😁2
ပေါင်းတည်တိုက်ပွဲတွင် တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်၏ ခဲယမ်းများ ကာကွယ်ရေးတပ်ဖွဲ့ သိမ်းဆည်း
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ဖြစ်ပွါးသည့် တိုက်ပွဲမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်၏ ခဲယမ်းများ သိမ်းဆည်းလိုက်နိုင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က မဇ္ဈိမကိုပြောသည်။

စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ဘက်က တိုက်ခိုက်ပြီးတဲ့နောက် နာရီပိုင်းအကြာမှာ သူတို့ ဆက်တက်မလာတော့ဘူး အထိုင်စခန်းဆီပဲ ပြန်ဝင်သွားတယ်။ အဲ့ဒီနေရာကို ကျွန်တော်တို့ဘက်က ရှင်းလင်းရေးဝင်လုပ်တဲ့အခါမှာ ခဲယမ်းတွေသိမ်းဆည်းရခဲ့ပါတယ်" ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)တပ်ခွဲ(၂)နှင့် တပ်ရင်း (၃၆၀၂) တပ်ခွဲ (၄) စနိုက်ပါ တပ်ဖွဲ့တို့က ကိုင်းကွင်းအုပ်စု၊ ကိုင်းကွင်းရွာနှင့် ထန်းကုန်းရွာကြားတွင် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်း PPDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားရာနေရာအား ရှင်းလင်းရေးလုပ်ရာ မပေါက်ကွဲသေးသော ၆၀ မမကျည် နှစ်တောင့်နှင့် အသုံးပြုပြီးသော၄၀ မမကျည်ခွံများ၊ ၇.၆၂ကျည် နှစ်တောင့်နှင့် ကျည်ခွံများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

ပေါင်းတည်မြို့နယ် တာဝါတိုင်စခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာချိန်တိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးခြင်းရှိသည်ဟု PPDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

"တပ်မ (၆၆) လက်အောက်ခံတပ်တွေပါ။ အမြင့်ဆုံးအဆင့်ကတော့ ဗိုလ်ကြီးအဆင့်လောက်ပါတယ်။ မကြာခဏ တိုက်ခိုက်ခံရတဲ့အခါ သူတို့ဘက်က ရွာသားတွေကို စစ်ကြောင်းအတွင်း လူသားဒိုင်းအနေနဲ့ ခေါ်လာတာမျိုးတွေရှိပါတယ်" ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ခုနစ်အိမ်တန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့၏စခန်းကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကြာချိန် မိနစ် ၃၀ခန့်ရှိပြီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရကြောင်း Black Dragon တပ်ဖွဲ့တာဝန်ရှိသူ ရိုးမနဂါးက မဇ္ဈိမကိုပြောသည်။

“ဒေသခံသတင်းပေးတွေရဲ့ ပြောဆိုချက်အရ သူတို့ဘက်က သေဆုံးထိခိုက်မှုကို ကျွန်တော်တို့အတည်ပြုလို့ရပါတယ်” ဟု ၎င်းက‌ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ(၆) Black Dragon (GBK PDF)နှင့် တပ်ရင်း (၃၈၀၁) လက်အောက်ခံတပ်ခွဲများက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာတည်း။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ပေါင်းတည်မြို့နယ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏3❤1😁1
​​တရုတ်က 'ဘုံသာယာဝပြောရေး' ကို တွန်းအားပေးနေသော်လည်း ၀င်ငွေကွာဟချက် ပိုမိုဆိုးဝါးလာ  
======================

ဇောင် ချန်းဇီ သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် ကားမောင်းသူအဖြစ် ၁ လလျှင် ယွမ် ၃၀၀၀ သို့မဟုတ် ၄၁၁ ဒေါ်လာကျော်သာ ရရှိသည်။ အိမ်လခပေးစရာမလိုသော်လည်း အစားအသောက်အတွက် ၁ ရက်ကို ယွမ် ၁၀၀ အောက် သို့မဟုတ် ၁၄ ဒေါ်လာခန့် သုံးစွဲရကြောင်း ဗွီအိုအေ သို့ ပြောကြားသည်။ သို့သော် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄၉၃၀ ဖြင့် ၎င်း၏ အနာဂတ်အတွက် စိတ်ပူကြောင်း ဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤣5
ထိုင်းနိုင်ငံက မီနီမက်(စ်) ဈေးရောင်းပွဲတွင် ရန်ပုံငွေရှာ‌ဖွေနေသူများ ပါဝင်ရောင်းချ
🔥3
ထိုင်းနိုင်ငံက မီနီမက်(စ်) ဈေးရောင်းပွဲတွင် ရန်ပုံငွေရှာ‌ဖွေနေသူများ ပါဝင်ရောင်းချ
======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ The Space Youth Learning Centre တွင်ပြုလုပ်သော မီနီမက်(စ်) ဈေးရောင်းပွဲတွင် တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေသူများ နှင့်အဖွဲ့အစည်းများ ပါဝင်ရောင်းချကြောင်း သိရသည်။

မီနီမက်(စ်) ဈေးရောင်းပွဲအား ယနေ့ စက်တင်ဘာလ ၃၀ ရက်‌နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

"အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသကိုရွှေ့ပြောင်းလာတဲ့ မြန်မာအသိုင်းအဝိုင်းတွေကြားမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတာတွေ၊ အဖွဲ့အစည်းအလိုက် ရွှေ့ပြောင်းအလုပ်သမားတွေကိုပြန်ပြီးတော့ ထောက်ပံ့ပေးချင်တာတွေ၊ အဲ့လိုမျိုးတွေရည်ရွယ်ပြီးတော့ တစ်လတာမှာ စိတ်အဆင်ပြေမှုတွေ ၊ တခြားသောအဆင်မပြေမှုတွေ ကြုံနေရတဲ့အခါကြရင် တစ်လမှာတစ်ရက်လောက် မြန်မာအချင်းချင်းပြန်လည်စုံစည်းပြီး စားကြသောက်ကြနဲ့ နွေးထွေးတဲ့ဈေးပွဲလေးတစ်ခု နေရာလေးတစ်ခု ဖန်တီးဖြစ်တာပါ "ဟု ပွဲစီစဉ်သူ ကိုမင်းခန့်က ပြောသည်။

ဈေးရောင်းပွဲတွင် CDM ၊ စစ်‌ဘေးရှောင်နှင့် နိုင်ကျဉ်းအမျိုးသမီးများ ပြုလုပ်ထားသော ထုတ်ကုန်များကိုလာရောက်ရောင်းချခြင်းဖြစ်ကြောင်း အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးမှုစင်တာ (WLRC) မှ Project Officer နော်မေ က ပြောသည်။

"‌ရောင်းပေးတာတွေကို အမြတ်ယူရောင်းတာမဟုတ်ပဲနဲ့ အဲ့ဈေးအတိုင်းရောင်းပြီးတော့ ရလာတဲ့ငွေကို ကျွန်မတို့ကနေပြီး အတွင်းထဲကို ပြန်ပို့မယ်။ စစ်ရှောင်ကလေးတွေအတွက်ကိုလည်း ဒီဇင်ဘာကြရင် ကမ်ပိန်းလုပ်ဖို့ရှိတယ် အဲ့အတွက် ရလာတဲ့ငွေတွေနဲ့ကလေးတွေကို ခရစ္စမတ်လက်ဆောင်ပေးမယ်လို့ စီစဉ်ထားပါတယ် "ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးရဲဘော် မထက်ထက်က ၎င်း၏ ရပ်တည်ရေးအပြင် ထောက်ပို့နေသည့်အဖွဲ့များအတွက် လာရောက် ဈေးရောင်းချခြင်းဖြစ်ကြောင်းဆိုသည်။

"အထူးသဖြင့် တော်လှန်ရေးနဲ့ပတ်သက်ပြီးတိမ်းရှောင်လာရတဲ့ လူငယ်တွေမှာ မိသားစု အိုးအိမ်ကိုပစ်ပြီးလာရတာဖြစ်တဲ့အတွက် ဒီဘက်မှာရပ်တည်ရေးအရမ်းခက်ခဲတယ်။ စိတ်ပိုင်းဆိုင်ရာမှာ အထိအခိုက်အများကြီးဖြစ်ကြတယ်။ အဲ့လိုအခြေအနေမျိုးမှာ ဒီလိုပွဲလေးတွေအများကြီးလုပ်ပေးတဲ့သူတွေရှိတဲ့အတွက် တော်လှန်ရေးနဲ့ပတ်သက်တဲ့လူငယ်တွေလာစုစည်းတယ်။

ဈေးရောင်းတယ်၊ တွေ့ကြပျော်ကြလို့ စိတ်ပိုင်းဆိုင်ရာပြေလျော့တယ်။ ဒီမှာလာရောင်းတဲ့ပစ္စည်းလေးတွေကို ရပ်တည်ရေးအတွက်ဈေးရောင်းပွဲတွေမှာ ပါဝင်ဖြစ်သလို ပစ္စည်းတွေကနေ ရောင်းရတဲ့အမြတ်တွေကိုလည်း အမြဲတမ်းတော်လှန်ရေးအတွက်ထည့်ဝင်ဖြစ်ပါတယ်ရှင်" ဟု ၎င်းက ပြောသည်။

မီနီမက်(စ်) ဈေးရောင်းပွဲအား ယနေ့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပြခန်းပေါင်း ၂၅ ခန်းပါဝင်ကြောင်းသိရကာ ထိုထဲတွင် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) Fundraising Team လည်း ပါဝင်ရောင်းချကြောင်းသိရသည်။

"ကျွန်တော်တို့ BPLA က ရဲဘော်တစ်ယောက် ဒီဇိုင်းထုတ်ထားတဲ့ အင်္ကျီကို ထိုင်းဘတ်ငွေနဲ့ဆို ဘတ် သုံးရာ ၊ တခြားနိုင်ငံရဲ့ ငွေနဲ့ဆိုလည်း ဒီဘတ်ငွေနဲ့ညီမျှတဲ့နှုန်းထားတစ်ခုသတ်မှတ်ပြီး‌ေရာင်းချပေးတယ်။ ဆရာမောင်ဆောင်းခရဲ့ နေကြာပန်းထရော်မာ စာအုပ်ကတော့ ဘတ် ၂၅၀ နဲ့ရောင်းချပြီး BPLA ရဲ့ ဘဏ္ဌာငွေထဲကို အားလုံးစီးဆင်းစေမှာဖြစ်ပါတယ်" ဟု Fundraising Team အဖွဲ့ဝင် ကိုအံ့ဘုန်းမြတ်က ပြောသည်။

The Spaceမှ စီစဉ်သည့် မီနီမက်(စ်) ဈေးရောင်းပွဲတွင် ပါဝင်ပြသရောင်းချသူများအနေဖြင့် တဦးတစ်ယောက်ခြင်း ပိုနေသည် ပစ္စည်းလေးများကစ လက်မှုအနုပညာပစ္စည်းများ ၊အစားအစာများနှင့် ရန်ပုံငွေရှာ‌ဖွေပစ္စည်းများအထိ ရောင်းချနိုင်ကြောင်းသိရကာ အစီအစဉ်အား နေ့လယ် ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်ခဲ့ပြီး လူငယ်များဦးဆောင်ပါဝင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ဈေးရောင်းပွဲတော်
#မဲဆောက်မြို့
Website Link - https://www.mizzimaburmese.com/article/133926
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥2
​​လှိုင်သာယာ အဆောင်ပိုင်ရှင်များကို အောင်မြေသာယာဘုရားပြုပြင်ရန်ဟုဆိုကာ အလှူငွေ အတင်းကောက်ခံ
===================

အယ်ဒီတာထံပေးစာ
မဇ္ဈိမ။ ။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲက ရပ်ကွက်နေ ပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံ တွေက အောင်မြေသာယာဘုရားပြုပြင်ဖို့ဆိုပြီး အတင်းအကျပ် ငွေကောက်ခံနေပါတယ်ရှင့်။
အမှန်ဆို သဒ္ဓါသလောက် ပါဝင်ထည့်ဝင် လှူဒါန်းပါဆိုရင် တော်သေးပေမယ့် အခုက ဘယ်လောက် ငွေထည့်ရမယ်ဆိုပြီး သတ်မှတ်ကောက်ခံနေတာပါ။

ပြီးခဲ့တဲ့ လကတည်းက အသိပေးတဲ့အနေနဲ့ သက်ဆိုင်ရာမြို့နယ်ရပ်ကွက်ရုံးတွေကို ခေါ်ပြီး ဘယ်လိုနှုန်းထားတွေထည့်ဝင်ရမယ်ဆိုပြီး ပြောတာပါ။

လူနေအိမ်ဆိုရင် ကျပ် ၂၀,၀၀၀၊ အိမ်အဌားတင်ထားတဲ့ အိမ်ပိုင်ရှင်ဆိုရင် ကျပ် ၅၀,၀၀၀ ၊ အဆောင် ငါးခန်းကနေ ခြောက်ခန်းအထိ ပိုင်ရှင်တွေကို ကျပ်၅၀,၀၀၀၊ အဆောင် ခုနစ်ခန်းအထက် ပိုင်ရှင်တွေကို ကျပ်၁၀၀,၀၀၀နဲ့ အဆောင် ၁၀ခန်းအထက် ပိုင်ရှင်တွေကို ကျပ်၂၀၀,၀၀၀ ပေးရမယ်လို့ပြောပါတယ်။

ဒါက ကျွန််မ သိသလောက်ကတော့ ရေဥကံ ၊ ၇ရပ်ကွက်နဲ့ ဥက္ကံသောင်ကြားရွာတွေမှာ သတ်မှတ်ထားတဲ့ အလှူငွေနှုန်းထားပါ။ ကျန်တဲ့ရပ်ကွက်တွေက နှုန်းထားတွေတော့ မသိရသေးပါဘူး။ မပေးရင် အဆောင်ပိတ်ခိုင်းမယ့်ပုံစံ ခြိမ်းခြောက်ပြောတော့ အကုန်လုံးကလည်း ကြောက်ပြီးပေးရတာပေါ့ရှင်။ ကျွန််မတို့ လှိုင်သာယာမှာ အလုပ်သမားတွေပေါတော့ ရပ်ကွက်တခုမှာ အဆောင် ၄၀ ကနေ ၅၀ အထိ ရှိပါတယ်။ အလှူငွေကောက်တာကို လှိုင်သာယာတမြို့လုံးကောက်မှာပါတဲ့ရှင်။ ဒါကတော့ ရပ်ကွက်လူကြီးက ပြောလို့ သိတာပါ။ ဥက္ကံသောင်ကြားရွာမှာ ပြီးခဲ့တဲ့ လက ကောက်ပြီးသွားတာ သူငယ်ချင်းဆီက သိရပါတယ်။ ရေဥကံနဲ့ ၇ ရက်ကွက်မှာတော့ ဒီလကမှ ကောက်တာပါ။ ဘုရားကတော့ လှိုင်သာယာ ဘုရားလမ်းအနီး ရုံးရှေ့မှတ်တိုင်နှင့်တံတားဖြူမှတ်တိုင်ကြားမှာရှိတာပါ။ ဒီလို အစစအရာရာ ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ကာလမှာ စစ်ကောင်စီဘက်တော်သားတွေကြောင့် တပူပေါ် နှစ်ပူဆင့်နေရတာကို မဇ္ဈိမရဲ့ အယ်ဒီတာထံ ပေးစာကတဆင့် ပြောချင်တာပါရှင့်။ ကျေးဇူးတင်ပါတယ်။

ပြည်သူတဦး
ပုံအညွှန်း-လှိုင်သာယာက အဆာင် တခု(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👎1🔥1
👍5🔥1