Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပေါင်းတည်တိုက်ပွဲတွင် တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်၏ ခဲယမ်းများ ကာကွယ်ရေးတပ်ဖွဲ့ သိမ်းဆည်း
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ဖြစ်ပွါးသည့် တိုက်ပွဲမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်၏ ခဲယမ်းများ သိမ်းဆည်းလိုက်နိုင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က မဇ္ဈိမကိုပြောသည်။

စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ဘက်က တိုက်ခိုက်ပြီးတဲ့နောက် နာရီပိုင်းအကြာမှာ သူတို့ ဆက်တက်မလာတော့ဘူး အထိုင်စခန်းဆီပဲ ပြန်ဝင်သွားတယ်။ အဲ့ဒီနေရာကို ကျွန်တော်တို့ဘက်က ရှင်းလင်းရေးဝင်လုပ်တဲ့အခါမှာ ခဲယမ်းတွေသိမ်းဆည်းရခဲ့ပါတယ်" ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)တပ်ခွဲ(၂)နှင့် တပ်ရင်း (၃၆၀၂) တပ်ခွဲ (၄) စနိုက်ပါ တပ်ဖွဲ့တို့က ကိုင်းကွင်းအုပ်စု၊ ကိုင်းကွင်းရွာနှင့် ထန်းကုန်းရွာကြားတွင် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်း PPDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားရာနေရာအား ရှင်းလင်းရေးလုပ်ရာ မပေါက်ကွဲသေးသော ၆၀ မမကျည် နှစ်တောင့်နှင့် အသုံးပြုပြီးသော၄၀ မမကျည်ခွံများ၊ ၇.၆၂ကျည် နှစ်တောင့်နှင့် ကျည်ခွံများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

ပေါင်းတည်မြို့နယ် တာဝါတိုင်စခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာချိန်တိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးခြင်းရှိသည်ဟု PPDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

"တပ်မ (၆၆) လက်အောက်ခံတပ်တွေပါ။ အမြင့်ဆုံးအဆင့်ကတော့ ဗိုလ်ကြီးအဆင့်လောက်ပါတယ်။ မကြာခဏ တိုက်ခိုက်ခံရတဲ့အခါ သူတို့ဘက်က ရွာသားတွေကို စစ်ကြောင်းအတွင်း လူသားဒိုင်းအနေနဲ့ ခေါ်လာတာမျိုးတွေရှိပါတယ်" ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ခုနစ်အိမ်တန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့၏စခန်းကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကြာချိန် မိနစ် ၃၀ခန့်ရှိပြီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရကြောင်း Black Dragon တပ်ဖွဲ့တာဝန်ရှိသူ ရိုးမနဂါးက မဇ္ဈိမကိုပြောသည်။

“ဒေသခံသတင်းပေးတွေရဲ့ ပြောဆိုချက်အရ သူတို့ဘက်က သေဆုံးထိခိုက်မှုကို ကျွန်တော်တို့အတည်ပြုလို့ရပါတယ်” ဟု ၎င်းက‌ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ(၆) Black Dragon (GBK PDF)နှင့် တပ်ရင်း (၃၈၀၁) လက်အောက်ခံတပ်ခွဲများက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာတည်း။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ပေါင်းတည်မြို့နယ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏3❤1😁1
​​တရုတ်က 'ဘုံသာယာဝပြောရေး' ကို တွန်းအားပေးနေသော်လည်း ၀င်ငွေကွာဟချက် ပိုမိုဆိုးဝါးလာ  
======================

ဇောင် ချန်းဇီ သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် ကားမောင်းသူအဖြစ် ၁ လလျှင် ယွမ် ၃၀၀၀ သို့မဟုတ် ၄၁၁ ဒေါ်လာကျော်သာ ရရှိသည်။ အိမ်လခပေးစရာမလိုသော်လည်း အစားအသောက်အတွက် ၁ ရက်ကို ယွမ် ၁၀၀ အောက် သို့မဟုတ် ၁၄ ဒေါ်လာခန့် သုံးစွဲရကြောင်း ဗွီအိုအေ သို့ ပြောကြားသည်။ သို့သော် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄၉၃၀ ဖြင့် ၎င်း၏ အနာဂတ်အတွက် စိတ်ပူကြောင်း ဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤣5
ထိုင်းနိုင်ငံက မီနီမက်(စ်) ဈေးရောင်းပွဲတွင် ရန်ပုံငွေရှာ‌ဖွေနေသူများ ပါဝင်ရောင်းချ
🔥3
ထိုင်းနိုင်ငံက မီနီမက်(စ်) ဈေးရောင်းပွဲတွင် ရန်ပုံငွေရှာ‌ဖွေနေသူများ ပါဝင်ရောင်းချ
======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ The Space Youth Learning Centre တွင်ပြုလုပ်သော မီနီမက်(စ်) ဈေးရောင်းပွဲတွင် တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေသူများ နှင့်အဖွဲ့အစည်းများ ပါဝင်ရောင်းချကြောင်း သိရသည်။

မီနီမက်(စ်) ဈေးရောင်းပွဲအား ယနေ့ စက်တင်ဘာလ ၃၀ ရက်‌နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

"အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသကိုရွှေ့ပြောင်းလာတဲ့ မြန်မာအသိုင်းအဝိုင်းတွေကြားမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတာတွေ၊ အဖွဲ့အစည်းအလိုက် ရွှေ့ပြောင်းအလုပ်သမားတွေကိုပြန်ပြီးတော့ ထောက်ပံ့ပေးချင်တာတွေ၊ အဲ့လိုမျိုးတွေရည်ရွယ်ပြီးတော့ တစ်လတာမှာ စိတ်အဆင်ပြေမှုတွေ ၊ တခြားသောအဆင်မပြေမှုတွေ ကြုံနေရတဲ့အခါကြရင် တစ်လမှာတစ်ရက်လောက် မြန်မာအချင်းချင်းပြန်လည်စုံစည်းပြီး စားကြသောက်ကြနဲ့ နွေးထွေးတဲ့ဈေးပွဲလေးတစ်ခု နေရာလေးတစ်ခု ဖန်တီးဖြစ်တာပါ "ဟု ပွဲစီစဉ်သူ ကိုမင်းခန့်က ပြောသည်။

ဈေးရောင်းပွဲတွင် CDM ၊ စစ်‌ဘေးရှောင်နှင့် နိုင်ကျဉ်းအမျိုးသမီးများ ပြုလုပ်ထားသော ထုတ်ကုန်များကိုလာရောက်ရောင်းချခြင်းဖြစ်ကြောင်း အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးမှုစင်တာ (WLRC) မှ Project Officer နော်မေ က ပြောသည်။

"‌ရောင်းပေးတာတွေကို အမြတ်ယူရောင်းတာမဟုတ်ပဲနဲ့ အဲ့ဈေးအတိုင်းရောင်းပြီးတော့ ရလာတဲ့ငွေကို ကျွန်မတို့ကနေပြီး အတွင်းထဲကို ပြန်ပို့မယ်။ စစ်ရှောင်ကလေးတွေအတွက်ကိုလည်း ဒီဇင်ဘာကြရင် ကမ်ပိန်းလုပ်ဖို့ရှိတယ် အဲ့အတွက် ရလာတဲ့ငွေတွေနဲ့ကလေးတွေကို ခရစ္စမတ်လက်ဆောင်ပေးမယ်လို့ စီစဉ်ထားပါတယ် "ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးရဲဘော် မထက်ထက်က ၎င်း၏ ရပ်တည်ရေးအပြင် ထောက်ပို့နေသည့်အဖွဲ့များအတွက် လာရောက် ဈေးရောင်းချခြင်းဖြစ်ကြောင်းဆိုသည်။

"အထူးသဖြင့် တော်လှန်ရေးနဲ့ပတ်သက်ပြီးတိမ်းရှောင်လာရတဲ့ လူငယ်တွေမှာ မိသားစု အိုးအိမ်ကိုပစ်ပြီးလာရတာဖြစ်တဲ့အတွက် ဒီဘက်မှာရပ်တည်ရေးအရမ်းခက်ခဲတယ်။ စိတ်ပိုင်းဆိုင်ရာမှာ အထိအခိုက်အများကြီးဖြစ်ကြတယ်။ အဲ့လိုအခြေအနေမျိုးမှာ ဒီလိုပွဲလေးတွေအများကြီးလုပ်ပေးတဲ့သူတွေရှိတဲ့အတွက် တော်လှန်ရေးနဲ့ပတ်သက်တဲ့လူငယ်တွေလာစုစည်းတယ်။

ဈေးရောင်းတယ်၊ တွေ့ကြပျော်ကြလို့ စိတ်ပိုင်းဆိုင်ရာပြေလျော့တယ်။ ဒီမှာလာရောင်းတဲ့ပစ္စည်းလေးတွေကို ရပ်တည်ရေးအတွက်ဈေးရောင်းပွဲတွေမှာ ပါဝင်ဖြစ်သလို ပစ္စည်းတွေကနေ ရောင်းရတဲ့အမြတ်တွေကိုလည်း အမြဲတမ်းတော်လှန်ရေးအတွက်ထည့်ဝင်ဖြစ်ပါတယ်ရှင်" ဟု ၎င်းက ပြောသည်။

မီနီမက်(စ်) ဈေးရောင်းပွဲအား ယနေ့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပြခန်းပေါင်း ၂၅ ခန်းပါဝင်ကြောင်းသိရကာ ထိုထဲတွင် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) Fundraising Team လည်း ပါဝင်ရောင်းချကြောင်းသိရသည်။

"ကျွန်တော်တို့ BPLA က ရဲဘော်တစ်ယောက် ဒီဇိုင်းထုတ်ထားတဲ့ အင်္ကျီကို ထိုင်းဘတ်ငွေနဲ့ဆို ဘတ် သုံးရာ ၊ တခြားနိုင်ငံရဲ့ ငွေနဲ့ဆိုလည်း ဒီဘတ်ငွေနဲ့ညီမျှတဲ့နှုန်းထားတစ်ခုသတ်မှတ်ပြီး‌ေရာင်းချပေးတယ်။ ဆရာမောင်ဆောင်းခရဲ့ နေကြာပန်းထရော်မာ စာအုပ်ကတော့ ဘတ် ၂၅၀ နဲ့ရောင်းချပြီး BPLA ရဲ့ ဘဏ္ဌာငွေထဲကို အားလုံးစီးဆင်းစေမှာဖြစ်ပါတယ်" ဟု Fundraising Team အဖွဲ့ဝင် ကိုအံ့ဘုန်းမြတ်က ပြောသည်။

The Spaceမှ စီစဉ်သည့် မီနီမက်(စ်) ဈေးရောင်းပွဲတွင် ပါဝင်ပြသရောင်းချသူများအနေဖြင့် တဦးတစ်ယောက်ခြင်း ပိုနေသည် ပစ္စည်းလေးများကစ လက်မှုအနုပညာပစ္စည်းများ ၊အစားအစာများနှင့် ရန်ပုံငွေရှာ‌ဖွေပစ္စည်းများအထိ ရောင်းချနိုင်ကြောင်းသိရကာ အစီအစဉ်အား နေ့လယ် ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်ခဲ့ပြီး လူငယ်များဦးဆောင်ပါဝင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ဈေးရောင်းပွဲတော်
#မဲဆောက်မြို့
Website Link - https://www.mizzimaburmese.com/article/133926
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥2
​​လှိုင်သာယာ အဆောင်ပိုင်ရှင်များကို အောင်မြေသာယာဘုရားပြုပြင်ရန်ဟုဆိုကာ အလှူငွေ အတင်းကောက်ခံ
===================

အယ်ဒီတာထံပေးစာ
မဇ္ဈိမ။ ။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲက ရပ်ကွက်နေ ပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံ တွေက အောင်မြေသာယာဘုရားပြုပြင်ဖို့ဆိုပြီး အတင်းအကျပ် ငွေကောက်ခံနေပါတယ်ရှင့်။
အမှန်ဆို သဒ္ဓါသလောက် ပါဝင်ထည့်ဝင် လှူဒါန်းပါဆိုရင် တော်သေးပေမယ့် အခုက ဘယ်လောက် ငွေထည့်ရမယ်ဆိုပြီး သတ်မှတ်ကောက်ခံနေတာပါ။

ပြီးခဲ့တဲ့ လကတည်းက အသိပေးတဲ့အနေနဲ့ သက်ဆိုင်ရာမြို့နယ်ရပ်ကွက်ရုံးတွေကို ခေါ်ပြီး ဘယ်လိုနှုန်းထားတွေထည့်ဝင်ရမယ်ဆိုပြီး ပြောတာပါ။

လူနေအိမ်ဆိုရင် ကျပ် ၂၀,၀၀၀၊ အိမ်အဌားတင်ထားတဲ့ အိမ်ပိုင်ရှင်ဆိုရင် ကျပ် ၅၀,၀၀၀ ၊ အဆောင် ငါးခန်းကနေ ခြောက်ခန်းအထိ ပိုင်ရှင်တွေကို ကျပ်၅၀,၀၀၀၊ အဆောင် ခုနစ်ခန်းအထက် ပိုင်ရှင်တွေကို ကျပ်၁၀၀,၀၀၀နဲ့ အဆောင် ၁၀ခန်းအထက် ပိုင်ရှင်တွေကို ကျပ်၂၀၀,၀၀၀ ပေးရမယ်လို့ပြောပါတယ်။

ဒါက ကျွန််မ သိသလောက်ကတော့ ရေဥကံ ၊ ၇ရပ်ကွက်နဲ့ ဥက္ကံသောင်ကြားရွာတွေမှာ သတ်မှတ်ထားတဲ့ အလှူငွေနှုန်းထားပါ။ ကျန်တဲ့ရပ်ကွက်တွေက နှုန်းထားတွေတော့ မသိရသေးပါဘူး။ မပေးရင် အဆောင်ပိတ်ခိုင်းမယ့်ပုံစံ ခြိမ်းခြောက်ပြောတော့ အကုန်လုံးကလည်း ကြောက်ပြီးပေးရတာပေါ့ရှင်။ ကျွန််မတို့ လှိုင်သာယာမှာ အလုပ်သမားတွေပေါတော့ ရပ်ကွက်တခုမှာ အဆောင် ၄၀ ကနေ ၅၀ အထိ ရှိပါတယ်။ အလှူငွေကောက်တာကို လှိုင်သာယာတမြို့လုံးကောက်မှာပါတဲ့ရှင်။ ဒါကတော့ ရပ်ကွက်လူကြီးက ပြောလို့ သိတာပါ။ ဥက္ကံသောင်ကြားရွာမှာ ပြီးခဲ့တဲ့ လက ကောက်ပြီးသွားတာ သူငယ်ချင်းဆီက သိရပါတယ်။ ရေဥကံနဲ့ ၇ ရက်ကွက်မှာတော့ ဒီလကမှ ကောက်တာပါ။ ဘုရားကတော့ လှိုင်သာယာ ဘုရားလမ်းအနီး ရုံးရှေ့မှတ်တိုင်နှင့်တံတားဖြူမှတ်တိုင်ကြားမှာရှိတာပါ။ ဒီလို အစစအရာရာ ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ကာလမှာ စစ်ကောင်စီဘက်တော်သားတွေကြောင့် တပူပေါ် နှစ်ပူဆင့်နေရတာကို မဇ္ဈိမရဲ့ အယ်ဒီတာထံ ပေးစာကတဆင့် ပြောချင်တာပါရှင့်။ ကျေးဇူးတင်ပါတယ်။

ပြည်သူတဦး
ပုံအညွှန်း-လှိုင်သာယာက အဆာင် တခု(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👎1🔥1
👍5🔥1