မဲဆောက်မြို့ သွေးသစ်ကျောင်း၏ ဒုတိယအကြိမ် GED ဒီပလိုမာ ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
👍8🔥2

=================
ဂန္ဒမာ
(မဇ္ဈိမ)။ ။စစ်အာဏာရှင်ကို တိမ်းရှောင်လာကြသော တိုင်းရင်းသားများနှင့် တော်လှန်ရေးဘက်တော်သား များ၊ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းအလုပ်သမားများ၏ကလေးငယ်များ တက်ရောက်နေသည့် ထိုင်း နိုင်ငံ၊ မဲဆောက်မြို့ရှိ သွေးသစ်ကျောင်း-New Blood High School ၏ ဒုတိယအကြိမ် GED ဒီပလိုမာ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
“အစတုန်းကတော့ မူလတန်းအဆင့်ကနေ စာတတ်မြောက်ရေးလောက်ပဲ ဦးတည်ပြီးသွားတာ။ နောက် မြန်မာပြည်မှာ စစ်အာဏာရှင်က ဒီအချိန်ထိအုပ်ချုပ်တဲ့ကာလဆိုတော့ ပြန်ဖို့အခက်အခဲဖြစ်သွားတော့ ဒီမှာပဲ အခြေချနေထိုင်ခဲ့တာ။ ကလေးတွေကို စာတမျိုးမျိုးသင်ပေးပြီး အခွင့်အရေးကို ဖြည့်စွက်တဲ့အနေ အထားနဲ့လုပ်ပေးတာပါ။ ကျောင်း ဆင့်ကဲပြောင်းလဲလာတာကတော့ စာသင်နေတဲ့ကလေးတွေက မပြန် နိုင်တဲ့အနေအထားတွေနဲ့ နောက်ပြီး ဒီမှာကစာသင်မှန်းသိတော့ တခြားကလေးတွေ ပေါင်းလာတာလည်း ရှိတယ်။ လက်ရှိတက်နေတဲ့ ကလေးတွေကလည်း အတန်းတွေတက်သွားတာ ရှိတယ်။ အဲဒီလို အနေ အထားမျိုးကနေမှ ကလေးတွေက ကိုးတန်း ၁၀ တန်းထိ ရောက်လာတယ်။ ၂၀၂၁ မှာတော့ GED ပညာ ရေးကိုစတင်ခဲ့ပြီး ၂၀၂၂ မှာ ပထမအကြိမ်၊ အခု ၂၀၂၃ ကတော့ ဒုတိယအကြိမ်ပေါ့။ GED နဲ့ပတ်သက်လို့ လူ ၁၀၀ ကျော်လောက် အောင်သွားပြီ” ဟု သွေးသစ်ကျောင်း၏ကျောင်းအုပ်ကြီး ဦးဇော်လွင်ဦးကပြော သည်။
အမေရိကန် အထက်တန်းအောင်လက်မှတ်ဖြစ်သည့် GED ပညာရေးကို သွေးသစ်ကျောင်း၌ ကိုဗစ်ကာလ မတိုင်မီကတည်းက အစပျိုးခဲ့သော်လည်း မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုကြောင့် စစ်ဘေးရှောင်များ၊ CDM များနှင့် စစ်ကျွန်ပညာရေးအောက် မသင်ကြားလိုသော ပညာရေးရပ်တန့်နေသည့် ကျောင်းသား ကျောင်းသူများပြားလာသည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်စတင်ခဲ့ရာ ယနေ့တွင် ဒုတိယအကြိမ် GED Batch 2 ဒီပလိုမာ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်နိုင်ခြင်းဖြစ်သည်။
သွေးသစ်ကျောင်းမှ ပထမအကြိမ် GED ဒီပလိုမာရရှိသူ ၄၇ ဦးနှင့် ဒုတိယအကြိမ်တွင် ဒီပလိုမာရရှိသူ ၇၆ ဦးရှိကြောင်း သိရသည်။
“ကလေးတွေက ထိုက်ထိုက်တန်တန်ရကြတယ်ပြောလို့ရတယ်။ အခက်အခဲကြားက ပြေးလာကတည်း က သူတို့မှာ ဖိအားတွေအများကြီးရှိတယ်။ ဘာလုပ်ရဘာကိုင်ရမလဲ၊ ပညာရေးလမ်းကြောင်းမှာ ဘယ်လို ဆက်သွားရမလဲ မသိဖြစ်နေတဲ့အချိန် ကံကောင်းထောက်မစွာနဲ့ ဒီကျောင်းမှာ အမေရိကန် ၁၂ တန်းနဲ့ အဆင့်တူတဲ့ GED ကိုတက်ခွင့်ရတော့ သူတို့အတွက် အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရတယ်” ဟု GED Program တာဝန်ခံ ဆရာဂျော်နီက ပြောသည်။
“သွေးသစ်ကျောင်းမှာ GED ဖြေတာအောင်မြင်သွားပြီ၊ အဲဒီအတွက် အရမ်းပျော်တယ်။ မြန်မာပြည်မှာ နေတုန်းက GED ဆိုတာတခါမှမကြားဖူးဘူး ဒီရောက်မှကြားဖူးတယ်။ ဆရာကြီး လမ်းညွှန်ပေးလို့သိတာ။ လေးကေ့ကော်မှာတိုက်ပွဲဖြစ်တော့ ဒီဘက်ရောက်လာတာ။ GED ပြီးသွားပြီဆိုတော့ စဉ်းစားထားတာ နိုင်ငံခြားသွားမယ် ဘာသာစကား အရင်သင်မယ်။ အင်တာဗျူးဖြေပြီး အောင်ပြီဆို ဆက်သွားမယ်” ဟု သွေးသစ်ကျောင်းမှ GED ဒီပလိုမာရရှိခဲ့သူ မနန်းစန်းသော်တာမြင့်က မဇ္ဈိမကို ပြောသည်။
ယနေ့ပြုလုပ်သည့်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ သဝဏ်လွှာပေးပို့သလို နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှလည်း သဝဏ်လွှာပေးပို့ကာ သင်တန်း ဆင်းကျောင်းသားကျောင်သူများနှင့် လက်ရှိပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ အား လုံး ဘေးကင်းလုံခြုံစွာဆက်လက်ပညာသင်ကြားနိုင်စေရန် သွေးသစ်ကျောင်း ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးကြသည်။
သွေးသစ်ကျောင်း ( New Blood High School) တွင် GED ပညာရေးအား သင်ကြားပေးသူမှာ အကူ ဆရာ ဆရာမများအပါအဝင် ၅၀ နီးပါးခန့်ရှိပြီး သင်ကြားရေးပိုင်းတွင် အစွမ်းကုန် အားစိုက်ထုတ်သင်ကြားပေး နိုင်သော်လည်း ကျောင်းအင်္ဂါရပ်ဖွံ့ဖြိုးမှုပိုင်းနှင့် ရပ်တည်ရေးပိုင်းတွင် အခက်အခဲနှင့် လိုအပ်ချက်များစွာရှိ နေသေးကြောင်း ကျောင်းအဖွဲ့ဝင်များအပါအဝင် ကျောင်းသားကျောင်းသူများထံမှ သိရသည်။
စာတည်း။ ။စောဖေ
#သွေးသစ်ကျောင်း
#GED
#ပညာရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍13🔥1
“ ဂေါ်ရခါးအမျိုးသား စနိုက်ပါ ကိုလေပြေ” | မသေပဲပြောတဲ့ဟာသ | Ep-01
==================
“အာရိုဂေါ်ခလီး” ကြွေးကြော်သံနဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ သစ်ရွက်ကြွေသလို အမှည့်ခြွေနေတဲ့ ဂေါ်ရခါးအမျိုးသား စနိုက်ပါ ကိုလေပြေ ဆိုသူပါ။
https://youtu.be/8TsckapMAJY?si=Syy-Q6ii-cZHD68D

YouTube
“ ဂေါ်ရခါးအမျိုးသား စနိုက်ပါ ကိုလေပြေ” | မသေပဲပြောတဲ့ဟာသ | Ep-01
“အာရိုဂေါ်ခလီး” ကြွေးကြော်သံနဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ သစ်ရွက်ကြွေသလို အမှည့်ခြွေနေတဲ့ ဂေါ်ရခါးအမျိုးသား စနိုက်ပါ ကိုလေပြေ ဆိုသူပါ။
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

👍16❤3🔥1
မိသားစု ကြီးလတ်ငယ်(စိတ်)| ကျန်းမာသုတ လူမှုဘ၀ Episode - 35
==================
မိသားစု တစ်စုမှာ မောင်နှမတွေကြား မိဘရဲ့ မေတ္တာ ရရှိမှုအပေါ်မှာ မညီမျှဘူးလို့ ခံစားရတဲ့စိတ် အနာတရတွေ ရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီတပတ်မှာတော့ မိဘနဲ့ မောင်နှမတွေကြားက စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
ကလေးတွေ စိတ်ဖိစီးမှု ကင်းအောင် ၊ စိတ်ဒဏ်ရာ မရအောင် မိဘတွေအနေနဲ့ဘယ်လို စောင့်ရှောက်ပေးသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။
https://youtu.be/k3Q-a5EubEQ?si=SQyltx0r3fY7awhx
#ဒေါက်တာဖြိုးသီဟ
#Mizzima
#ကျန်းမာသုတလူမှုဘဝ
#SiblingIssues
#Parenting
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ကလေးတွေ စိတ်ဖိစီးမှု ကင်းအောင် ၊ စိတ်ဒဏ်ရာ မရအောင်…

❤4👍1🔥1
ဝေဟင်ထက်က ကျိန်စာ | Frontline Report (Ep-01)
===================
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဥပဒေမဲ့ သိမ်းယူခဲ့ပါတယ် ။စစ်အာဏာရှင်ကို လက်မခံသည့် ဒီမိုကရေစီကို လိုလားသော ပြည်သူများစွာက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကျပါတယ် ။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာ ကျည်အစစ်နဲ့ပစ်ခတ်ဖမ်းဆီးတာ စစ်ကြောရေးထဲ နိပ်စက်သတ်ဖြတ်တာတွေအပြင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တဲ့ အတွက် ပြည်သူများစွာက လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ကာ စစ်အာဏာရှင်ကို တော်လှန်နေသည်မှာ ယခုဆို ၃နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။ နှစ်ပေါင်း၇၀ကျော် အင်းအားတောင့်တင်းစွာ တည်ဆောက်ထားတဲ့ မြန်မာစစ်တပ်ကို ရရာလက်နက်စွဲကိုင်ရင်း တော်လှန်နေကျတာ မလွယ်လှတဲ့ ကိစ္စပါ ဒါပေမယ့် လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုက နွေးဦးတော်လှန်ရေးကို အောင်မြင်မှုလမ်းစပေါ်အရောက်လှမ်းနိုင်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဒရုန်းနဲ့ ဗုံးကျဲတဲ့ ဒရုန်းစစ်ဆင်ရေးပါ ကရင်ပြည်နယ် KNUတပ်မဟာ၆ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေတဲ့ Federal Wings droneတပ်ဖွဲ့ ရဲ့ စစ်ဆင်ရေးတခုကို မဇ္ဈိမသတင်းထောက်မှ ကိုယ်တိုင်လိုက်ပါ ရိုက်ကူးတင်ဆက်ထားပါတယ်။
https://youtu.be/WSL28hseEAs?si=kKLTIgBTW5HSf7cI

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဥပဒေမဲ့ သိမ်းယူခဲ့ပါတယ် ။စစ်အာဏာရှင်ကို လက်မခံသည့် ဒီမိုကရေစီကို လိုလားသော ပြည်သူများစွာက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကျပါတယ် ။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သည့်…
👍10❤3🔥1
ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်
🤬8🔥2👍1

=====================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း People’s Defense Comrade အဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ဒီပဲယင်းမြို့နယ် အေးသာယာကျေးရွာအနီးတွင် စစ်ကောင်စီ တပ်ဖွဲနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်မှု များသည့်အတွက် ရဟတ်ယာဉ်ပစ်ကူလာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း People’s Defense Comrade အဖွဲ့မှကိုထူးခန့်ဇော်က ပြောသည်။
“အေးသာယာ(ခ)ပျံကျရွာကို စစ်ကြောင်းမဝင်ခင် ရွာတောင်ဘက်နားမှာပဲ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိ တွေ့တိုက်ပွဲဖြစ်ခဲ့တယ်။ စစ်_အသေအပျောက်ရှိတယ်၊ အတည်မပြုနိုင်သေးပါဘူး။ ထိတွေ့မှုဖြစ်ပြီး စစ် ကြောင်းကလည်း ရွာထဲဝင်ရောက်တပ်စွဲသွားပြီး နမခကတက်လာတဲ့ Mi35 ရဟတ်ယာဥ်တစီးနဲ့ ပျံကျ ရွာအနီးတဝိုက်ကို လေကြောင်းက တိုက်ခိုက်သွားခဲ့တယ်။ ရဲဘော်တွေနဲ့ ပြည်သူတွေ ထိခိုက်မှုတော့ မရှိ ဘူး ” ဟု ၎င်းကပြောသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါစစ်ကြောင်းသည် ယင်းတွေရွာနှင့် လပ်တီကျေးရွာများ ကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် အရပ်သားတဦးကိုသတ်ဖြတ်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ယင်းစစ်ကြောင်းသည် အောင်လံအခြေစိုက် ခလရ(၇၁)မှဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်က ဒီပဲယင်း အရှေ့ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးစဉ်ကလည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း - စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသည့် အတွက် ဒေသခံပြည်သူများတိမ်းရှောင်နေရ စဉ်
#စစ်ကိုင်းတိုင်း
#ဒီပဲယင်းမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#လေကြောင်းမှတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း People’s Defense Comrade အဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ဒီပဲယင်းမြို့နယ် အေးသာယာကျေးရွာအနီးတွင် စစ်ကောင်စီ တပ်ဖွဲနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်မှု များသည့်အတွက် ရဟတ်ယာဉ်ပစ်ကူလာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း People’s Defense Comrade အဖွဲ့မှကိုထူးခန့်ဇော်က ပြောသည်။
“အေးသာယာ(ခ)ပျံကျရွာကို စစ်ကြောင်းမဝင်ခင် ရွာတောင်ဘက်နားမှာပဲ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိ တွေ့တိုက်ပွဲဖြစ်ခဲ့တယ်။ စစ်_အသေအပျောက်ရှိတယ်၊ အတည်မပြုနိုင်သေးပါဘူး။ ထိတွေ့မှုဖြစ်ပြီး စစ် ကြောင်းကလည်း ရွာထဲဝင်ရောက်တပ်စွဲသွားပြီး နမခကတက်လာတဲ့ Mi35 ရဟတ်ယာဥ်တစီးနဲ့ ပျံကျ ရွာအနီးတဝိုက်ကို လေကြောင်းက တိုက်ခိုက်သွားခဲ့တယ်။ ရဲဘော်တွေနဲ့ ပြည်သူတွေ ထိခိုက်မှုတော့ မရှိ ဘူး ” ဟု ၎င်းကပြောသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါစစ်ကြောင်းသည် ယင်းတွေရွာနှင့် လပ်တီကျေးရွာများ ကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် အရပ်သားတဦးကိုသတ်ဖြတ်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ယင်းစစ်ကြောင်းသည် အောင်လံအခြေစိုက် ခလရ(၇၁)မှဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်က ဒီပဲယင်း အရှေ့ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးစဉ်ကလည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း - စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသည့် အတွက် ဒေသခံပြည်သူများတိမ်းရှောင်နေရ စဉ်
#စစ်ကိုင်းတိုင်း
#ဒီပဲယင်းမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#လေကြောင်းမှတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬5❤4🔥1🥰1
ရန်ကုန်တွင် ပြင်းအား ၃.၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ရန်ကုန်မြို့တွင် ယနေ့ အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီ ၆ မိနစ်ခန့်က အင်အား ရစ်ချ်တာ စကေး ၃.၉ အဆင့် အင်အားအနည်းငယ်ရှိမြေငလျင်တခုလှုပ်ရှားသွားကြောင်း စစ်ကောင်စီလက်အောက် ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ ခရမ်းမြို့၏ အရှေ့တောင်ဘက် ၁၂ မိုင်ခန့်အကွာ၊ ကမ္ဘာအေးမြေငလျင်စခန်း၏အရှေ့ဘက် ၃၈ မိုင်ခန့်အကွာကို ဗဟိုပြု၍လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါမြေငလျင်ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် သိရှိခံစားလိုက်ရကြောင်း ဒေသခံများ ကပြောသည်။
“သုံးခါလောက်လှုပ်သွားတာ၊ ပထမတချက်က မသိသာလိုက်ဘူး။ ငလျင်လှုပ်တာလားဆိုပြီး သတိထား လိုက်တော့ ဒုတိယနဲ့ တတိယအချက်က သိသိသာသာကို လှုပ်သွားတာ” ဟု စမ်းချောင်းမြို့နေဒေသခံက မဇ္ဈိမကိုပြောသည်။
အဆိုပါငလျင်ကို ကျောက်မြောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာ၊ တာမွေ၊ ဗဟန်းနှင့် မင်္ဂလာတောင် ညွန့်မြို့နယ်တို့၌လည်း သိသိသာသာခံစားသိရှိလိုက်ရကြောင်း ဒေသခံများu ၎င်းတို့၏ လူမှုကွန်ရက်စာ မျက်နှာများတွင် ရေးသားမျှဝေထားကြသည်။
“နည်းနည်း လှုပ်သွားတယ်။ သုံးစက္ကန့်လောက်တော့ရှိမယ်၊ သိသာတယ်။ ဒါပေမယ့် ကျွန်တော်တို့နားမှာ တော့ ပျက်စီးတာမျိုးမရှိဘူး” ဟု ဗဟန်းမြို့နယ်မှ ဒေသခံကပြောသည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ငလျင်သုံးကြိမ် လှုပ်ခတ်ခဲ့ပြီး ည ၈ နာရီ ၅၅ မိနစ်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့သည်။
အဆိုပါငလျင်သည် ပဲခူးမြို့၏အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၅.၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ရက်ပိုင်းအတွင်း ငလျင်လှုပ်ခတ်မှုကိုနှစ်ကြိမ်ခံစားလိုက်ရသောကြောင့် မြေငလျင်အန္တရာယ်နှင့်ပတ်သက် ၍ ရန်ကုန်မြို့နေလူထု စိုးရိမ်နေကြကြောင်း ဒေသခံများက မဇ္ဈိမသို့ပြောသည်။
စာတည်း။ ။စောဖေ
#ရန်ကုန်
#ငလျင်
#အင်အားအနည်းငယ်

👍15❤1🔥1
ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
===================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲက စက်တင်ဘာလ ၂၈ ရက်နေ့က ထုတ် ပြန်ထားသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ချောင်းဦးမြို့နယ် မကျီးခွကျေးရွာမှထွက်ခွာ လာသော အင်အား ၇၀ ကျော်ရှိ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်ကို ပေါက်အင်းအနီးတွင် နံနက် ၁၀ နာရီ ၃၀ မိနစ် နှင့် ၁၀ နာရီ ၄၅ မိနစ်တို့တွင် လေးလုံးတွဲမိုင်းများဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ရန်သူတွေ သေဆုံးဒဏ်ရာရတာ ရှိပါတယ်။ အရေအတွက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ ထိခိုက် သေဆုံးသူတွေကို ဖောကားတစီးနဲ့သယ်သွားတယ်လို့ သိရပါတယ်” ဟု လျှပ်စီးတပ်ခွဲမှ ဗိုလ်မိုးကြိုးက မဇ္စျိမကို ပြောသည်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူများကို စစ်ကောင်စီတပ်က ဖောကားတစ်စီးဖြင့် ဆင်ဖြူရှင် တံတားဘက်သို့ သယ်ဆောင်သွားသည်ဟု ဆိုသည်။
တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲနှင့် ရန်ရှင်းဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်တို့မှ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ဘက်မှ အထိအခိုက်မရှိကြောင်းသိရသည်။
ယခုတိုက်ခိုက်ခံရ စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၆ ရက်နေ့က ချောင်းဦးမြို့နယ်အတွင်းသို့ လေ ကြောင်းမှ MI17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်ဖြင့် ပို့ဆောင်ထားသူများဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ယင်းနေ့က ချောင်းဦးမြို့နယ် မကျီးခွကျေးရွာအနီးသို့ စစ်ကောင်စီတပ်သားများ ဆင်းသက်ခဲ့ပြီး ဒေသခံ များနှင့် ကာကွယ်ရေးတပ်ဖွဲ့များကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
မကျီးခွရွာအနီး နယ်မြေရှင်းလင်းရာတွင် ထိတွေ့မှုဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ သတင်းထုတ်ပြန်ခဲ့ကြသည်။
ယခုရက်ပိုင်းအတွင်း ချောင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များလှုပ်ရှားနေသဖြင့် မိဘပြည်သူများ အရေး ပေါ်အခြေနေနှင့်ကြုံလာပါက အချိန်မှီရှောင်တိမ်းနိုင်ရန် လိုအပ်သည့်ပစ္စည်းများ အဆင်သင်ပြုလုပ်ထား ကြပါရန် ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း - မိုင်းဆွဲအပြီး နယ်မြေရှင်းလင်းစဥ်တွေ့ရှိရသည့် စစ်ကောင်စီတပ်သား များ၏ ပစ္စည်းများ
ဓါတ်ပုံ - မုံရွာခရိုင်အမှတ်(၁၂) တပ်ရင်း တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ
#စစ်ကိုင်းတိုင်း
#ချောင်းဦးမြို့နယ်
#လျှပ်စီးတပ်ခွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
https://youtu.be/8TsckapMAJY

👍18❤2🔥1👏1🥱1
အောက်တိုဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ထိုင်းနိုင်ငံမှာ ၁ နှစ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၁,၈၅၀ ဖမ်းဆီးခံရတဲ့သတင်း
ရွှေကျင်ချောင်းအတွင်း စက်အထိုင်ချ ရွှေတူးဖော်နေတာကြောင့် ချောင်းကောမှာကို ဒေသခံတွေစိုးရိမ်နေကြတဲ့အကြောင်း သတင်းလွှာ
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေ၊ “ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ” ဆိုတဲ့အကြောင်းနဲ့
အပတ်စဉ်ကဏ္ဏတွေမှာတော့ Cele City အစီအစဉ်နဲ့အတူ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်၊
တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တို့ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/qj-jNnzI4NY?si=U9OoE4Mmp47WWSZy
#Mizzimaradio
#Eveningradio

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊…

👍6🔥1
မြိုင်မြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ဖမ်းဆီး
=======================
KMN
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်းရှိ တောင်ရွာသို့ အင်အား ၈ဝ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး အရပ်သား ၁ဝ ဦးထက်မနည်း ဖမ်းဆီးသွား ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် တောင်ရွာသို့ စက်တင်ဘာလ ၃ဝ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ဝင်ရောက် ခဲ့ကာ ဒေသခံများအားဖမ်းဆီးရိုက်နှက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက RC Plane လေယာဉ်ငယ်ဖြင့် အီနာဂါ ဗုံးသီး ၁၇ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ဒေသခံများအား တောင်ရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
“ကျွန်တော်တို့သိရတာက တောင်ရွာဘုန်းကြီးကျောင်းထဲမှာ စစ်ကောင်စီတပ်သား ၁၈ ယောက်လောက် ဒဏ်ရာရနေတယ်။ ပြည်သူတွေကိုဖမ်းထားတာတော့ ၁ဝ ဦးကျော်လောက် ရှိတယ်ကြားတယ်” ဟု မြိုင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်လက်ယာက မဇ္ဈိမကိုပြောသည်။
မြိုင်မြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် တောင်ရွာဘုန်းကြီးကျောင်း၌ အထိုင်ချတပ်စွဲ နေသလို ကျောက်ဆောက်ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ကိုလည်း စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင် ကာ စစ်ကြောင်းထိုးနေကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။
ကျောက်ဆောက်နှင့် ရွာသစ်ကျေးရွာသို့ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာလ ၃ဝ ရက်နေ့က ကျေးရွာများအတွင်းမွှေနှောက်ခိုးယူသွားကြောင်း ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ THU RAIN.TR က ယနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း - မြိုင်မြို့နယ် ကျောက်ဆောက်ရွာနှင့်ရွာသစ်ရွာ မြေပုံ။(Photo - myg troop news)
#မကွေးတိုင်း
#မြိုင်မြို့နယ်
#အရပ်သား
#ဖမ်းဆီး

❤8🔥3👍1😁1