Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁ အောက်တိုဘာ၂၀၂၃)
==================

အမျိုးသားညီညွတ်ရေး အစိုးရ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမ ကျောင်းတိုက်ကိုအကြမ်းဖက်စစ်အုပ်စု၊တမခ-၃၃ လက်အောက်ခံ ခမရ-၁၂၀ အထိုင်တပ် က တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆရာမ(၁)ယောက်နှင့် ကလေးငယ်(၂၀)ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရရှိမှု အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကျုးလွန် မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်း ကုန်တာဝန်ယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထား သည်။
❤9😁5🔥2👍1🤮1
ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီ ရေယာဥ်အုပ်စု တိုက်ခိုက်ခံရ
=====================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ချင်းတွင်းမြစ်ရိုးအတိုင်း ဆန်တက်လာသော စစ်ကောင်စီရေယာဥ်တန်းအုပ်စုကို လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Black Falcon Guerrilla Force တပ်ဖွဲ့ထံကသိရသည်။

စစ်ကောင်စီစစ်သင်္ဘောတစီးနှင့် ဖလက်ခွံရှစ်စီး ပါသော ရေယာဥ်အုပ်စုကို ရှေ့ထွက်မိုင်း လေးလုံးအပါအဝင် လက်နက်ငယ်များဖြင့် စက်တင်ဘာလ ၃၀ရက် နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မုံရွာမြို့နားက ဆားလင်းကြီးဆိပ်ကမ်းနားမှာ တိုက်ခဲ့တာပါ ။ စစ်ကောင်စီတပ်ဘက် က ထိခိုက်သေဆုံးသတင်းမသိရသေးပေမဲ့ ထိခိုက်မှုများနိုင်ပါတယ်” ဟု Black Falcon Guerrilla Force တပ်ဖွဲ့ တာဝန်ရှိသူ ကပြောသည်။

အဆိုပါတိုက်ခိုက်မှုခံရသော စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး၊ငယ်များနှင့် ပြန်လှန်ပစ်ခတ်ခဲ့ပြီး မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများကိုလည်း ရမ်းသန်းပစ်ခတ် ခဲ့ကြောင်းဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Black Falcon Guerrilla Force နှင့်အတူ Relief And Combat Force ၊ Urban Hunter Force နှင့် ဗန္ဓုလနှင့် အဖွဲ့သားများ LPDF တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်းသိရသည်။

စက်တင်ဘာ၄ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ်အချိန်ကလည်း မုံရွာမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိနေအိမ်သို့ပြန်လာသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ (နမခ) မှ ဆေးဗိုလ်ကြီးတဦးအား Black Falcon Guerrilla Force က ဝင်ရောက်ဖမ်းဆီးခဲ့ သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

https://youtu.be/zyZ6xNltmpc?si=9N2829-w9m-hnqNm

#Mizzima
#ချင်းတွင်းမြစ်
#စစ်ရေယာဉ် အုပ်စု
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍19😁1
ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးအတွက် ဆွေးနွေးစရာများ | Common Ground- Episode (9)
====================

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။

https://youtu.be/KEd5zerZXiA?si=A9LxLba0NAGMk2j-

#commonground
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤2😁1
“ ဂေါ်ရခါးအမျိုးသား စနိုက်ပါ ကိုလေပြေ” | မသေဘဲပြောတဲ့ ဟာသ Ep- 1
====================

“အာယို ဂေါ်ရခါးလီ” ကြွေးကြော်သံနဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ သစ်ရွက်ကြွေသလို အမှည့်ခြွေနေတဲ့ ဂေါ်ရခါးအမျိုးသား စနိုက်ပါ ကိုလေပြေ ဆိုသူပါ။ ‌မဇ္ဈိမသတင်းထောက် ကိုထွန်းထွန်းဝင်းက မေးမြန်းတင်ဆက်ထားပါတယ်။

https://youtu.be/-rNMhA6BX24?si=TVobuEmxpAa2TmsQ

#စနိုက်ပါ
#မသေဘဲပြောတဲ့ဟာသ
#Mizzima
#ep1
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤2🔥1
ညောင်လေးပင်တွင် ရဲ၊ မီးသတ်နှင့် ပျူစောထီးဆိုသူများကို လူသားဒိုင်းပြုလုပ်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဟုဆို
👍10😁6🥰1
ညောင်လေးပင်တွင် ရဲ၊ မီးသတ်နှင့် ပျူစောထီးဆိုသူများကို လူသားဒိုင်းပြုလုပ်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဟုဆို
===================

YT
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ စစ်ကြောင်းထိုးနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

"ရဲ၊မီးသတ်၊ပျူစောထီးတွေကို အရှေ့ကနေတက်ခိုင်းတာ။ စစ်‌ကောင်စီတပ်ဖွဲ့က အနောက်က နေနေတာ ။အဓိကပြောချင်တာတော့ စစ်ပညာ ဘာတခုမှ မသိနားမလည်တဲ့ လူတွေ၊ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ လူတွေကို အသုံးချနေတာပေါ့" ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၂၇ ရက်မှစ၍ စက်တင်ဘာလ ၂၉ ရက် ညပိုင်းအထိ ပုဇွန်မြောင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီး၊ ရဲ၊ မီးသတ်တပ်ဖွဲ့ စုစုပေါင်း အင်အား ၁၅၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းနှင့် Spring Warriors Column၊ PDF တပ်ရင်း (၃၇၀၂) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု Spring Warriors Column က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၅၀ ဦး သေဆုံးခဲ့ကြောင်း နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"မိုင်းကွင်းထဲ သူတို့ဝင်လာတာကို စောင့်ကြိုမိုင်းဆွဲတာ။ မျက်နှာချင်းဆိုင်မီတာ ၅၀အတွင်းမှာလည်း ပစ်ကျတာဆိုတော့ အထိခိုက်အကျဆုံးကိုမြင်နေရတယ်။ စကစ(စစ်ကောင်စီတပ်ဖွဲ့)က ဒဏ်ရာရလူတွေတောင် ပြန်မသယ်ဘဲ ဒီအတိုင်းပစ်ထားခဲ့တာ သေဆုံးတွေရဲ့ရုပ်အလောင်းတွေကို ပြန်မယူသွားဘဲ သေနတ်တွေသာ ပြန်ကောက်သွားတယ်”ဟု တိုက်ပွဲဖြစ်ပွါးသည့် အခြေအနေနှင့် ပတ်သက်၍ မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

သုံးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဘက်တွင် စုစုပေါင်း ၅၀ ဦးခန့် သေဆုံး၍ ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရကာ စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း ၊ ဆိုင်ကယ်နှစ်စီးနှင့် စကားပြောစက်တလုံး ဆုံးရှုံးခဲ့ရကြောင်း Spring Warriors Column အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် ပုဇွန်မြောင်းကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပုဇွန်မြောင်းကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် သံဃာတော်တစ်ပါးအား သတ်ဖြတ်ခဲ့ပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်ထံမှ သိရသည်။
"ဆရာတော်က ဘုန်းကြီးကျောင်းမှာ ကျောင်းစောင့်သဘောမျိုးပေါ့ ကျန်နေတာ၊ နောက်ပြီးရွာသားနှစ်ယောက်ကလည်း မပြေးဘူး။အိမ်ကိုစိတ်မချလို့ဖြစ်မယ်။ ကျန်နေတော့ သူတို့ဝင်ရှင်းရင်းနဲ့တွေ့ပြီး ပစ်သတ်သွားတာ။ တခြားဖမ်းဆီးခံထားရတဲ့သူတွေတော့ မရှိဘူး" ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် နေရာသို့ စစ်ကူများလည်း ထပ်မံရောက်ရှိလာကာ ယနေ့ အောက်တိုဘာလ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းလည်း မြေပြင်ရဲဘော်တစ်ဦးထံက သိရသည်။

"ပုဇွန်မြောင်းရွာအလယ်က စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပါတယ်။ အခုဖြေကြားချိန်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲပါ။ အခုချိန်ထိ စကစဘက်ကနေ ရွှေကျင်၊မဒေါက်ဘက်ကရော ညောင်လေးပင်ဘက်ကပါ တပ်အင်အားတွေဖြည့်နေတယ်" ဟု ၎င်းက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ဦး ထိခိုက်သေဆုံးထားပြီး လမ်းဖြတ်ရန်လာသော စစ်ကောင်စီတပ်၏ ဘက်ဟိုးတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးလိုက်ကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ညောင်လေးပင်မြို့နယ်
#စစ်ကောင်စီ
#ကာကွယ်ရေးတပ်ဖွဲ့

ပုံအညွှန်း- အောက်တိုဘာလ ၁ ရက်နေ့ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်း၏ ယူနီဖောင်းဝတ်စုံတစ်စုံ(ဓါတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤4😁4👏1
ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲစဉ်ရလဒ်
==============

Nottm Forest  1  -  1  Brentford
Norgaard 58'
Dominguez 65'

#PremierLeague
#Footballnews 
Photo - Twitter
🔥4
​​ရေစကြိုတွင် စစ်ကောင်စီစစ်သင်္ဘောကပစ်ခတ်မှုကြောင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တရားသူကြီး သေဆုံး
====================

ဓါတု
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ချင်းယားကျေးရွာသို့ စစ်ကောင်စီတပ်မှ စစ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)မှ တရားသူကြီးတဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အကြားတွင် စစ်သင်္ဘော က လက်နက်ကြီးဖြင့် ရှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ချင်းယားကျေရွာမှဒေသခံတဦးက မဇ္စျိမကိုပြော သည်။

“နှစ်ဘက်တိုက်ပွဲလည်း မရှိဘူး။ သူတို့(စကစ)ဘက်က စစ်ကြောင်းထိုးတာလည်းမရှိဘဲနဲ့ သင်္ဘော အတက်၊ အဆင်းလုပ်တိုင်း ရွာဘက်တွေကို အကြောင်းမဲ့ပစ်တာ ခဏခဏပဲ။ အခုက ရွာထဲကို ဆက် တိုက်ပစ်လို့ ပြေးလွှားကြရင်း လက်နက်ကြီးမှန်တာ” ဟု ဆိုသည်။
လက်နက်ကြီးထိမှန်ပြီးသေဆုံးသွားသည့် တရားသူကြီးဦးသုခသည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM)တရားသူကြီးတဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၃၁ ရက်နေ့ကလည်း ရေလယ်ကျွန်းရွာများဖြစ်သော ချင်းယား၊ ညောင်ပင်၊ ဝါဘိုးရွာများဘက် သို့ ဧရာဝတီမြစ်မှချင်းတွင်းမြစ်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ထောက်ပို့စစ်သင်္ဘောမှ လက် နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ နွားစာရိတ်နေသည့် အမျိူးသမီးတဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် မေလ ၂၆ ရက်နေ့ကလည်းစစ် ကောင်စီတပ်က ရေလယ်ကျွန်းရှိ ကျေးရွာများအားပိတ်ဆို့၍ အိမ် များကို မီးရှို့ခဲ့ရာ ဒေသခံခြောက်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် တနှစ်သားကလေးငယ် တဦး သေဆုံးခဲ့သည်။

ရေလယ်ကျွန်းဒေသတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅၀ မှ နယ်မြေစိုးမိုးထား၍ စစ်ကောင်စီတပ် က ပြည်သူများအားအငြိုးထားကာ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေကြောင်း ဒေသခံများက ဆို သည်။

ဓါတ်ပုံ- သြဂုတ်လအတွင်းက ချင်းတွင်းမြစ်မှ ဆန်တက်လာသည့်စစ်သင်္ဘောများ
စာတည်း။ ။စောဖေ

#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#ရေလယ်ကျွန်းဒေသ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬17👍10😢3❤2