ပုလောမြို့နယ်မှ ကျေးရွာ ၅ ရွာကို စက်သုံးဆီသယ်ယူခွင့်ပိတ်ထား၍ ငါးဖမ်းထွက်ရန် အခက်ကြုံ
===============
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာကို စစ်ကောင်စီတပ်က စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားသည့်အတွက် ငါးဖမ်းထွက်ရန် အခက်ကြုံနေရသည်ဟု ဒေသခံများထံမှ သိရသည်။
ပုလောမြို့နယ်အတွင်းရှိ လက္ကူး၊ မှော်ကြောင်း၊ မြဒေါင်၊ ပိတပ်နှင့် မင်းထိန်ကျေးရွာတို့ကို စစ်ကောင်စီ တပ်က စက်သုံးဆီသယ်ယူခွင့်ပိတ်ထားသည်ဟု ဆိုသည်။
“သယ်ယူခွင့် ပိတ်ထားတာ ရက် ၂၀ လောက်ရှိပြီ။ ဆိုင်တွေမှာလည်း ဝယ်လို့မရသလို သယ်လာလို့လည်း မရဘူး။ တံငါရွာတွေဖြစ်လို့ ငါးဖမ်းလှေထွက်ဖို့ စက်သုံးဆီမရှိတာ အခက်ကြုံနေရတယ်”ဟု ဒေသခံတဦး က ပြောသည်။
လက္ကူးရွာနှင့် မြဒေါင်းရွာတို့သည် ငါးဖမ်းစက်လှေများအသုံးပြု လုပ်ကိုင်နေရသည့်အတွက် စက်သုံးဆီ မရှိ၍ လုပ်ငန်းရပ်နားထားရပြီး အခြားကျေးရွာများတွင်လည်း စက်သုံးဆီ အလုံအလောက်မရ၍ ပင်လယ် ပြင်သို့မထွက်နိုင်ကြောင်းဆိုသည်။
“ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဒေသခံတွေမှာ စက်သုံးဆီမရှိတော့ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ကို ထွက်မရဖြစ်နေသလို ထွက်ရင်လည်း စစ်ကောင်စီတပ်ကသင်္ဘောရန်ကိုပါ ကြောက်နေ ရတယ်”ဟု လက္ကူးရွာခံတဦးက ပြောသည်။
လက်ရှိတွင် ငါးဖမ်းလှေများ ရပ်နားထားရသည်မှာတလကျော်ကြာရှိနေပြီး စက်လှေလုပ်သားအချို့မှာ နီးစပ်ရာဒေသများရှိ ငါးဖမ်းစက်လှေများရှိရာသို့ သွားရောက် လုပ်ကိုင်နေကြရကြောင်း ဆိုသည်။
လက္ကူးကျေးရွာအုပ်စုသည် ပင်လယ်ကမ်းရိုးတန်းတွင်တည်ရှိသည့်ကျေးရွာများဖြစ်ပြီး ဒေသခံအများစုမှာ ကမ်းနီးငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးကြသည်ဟု ဆိုသည်။
“ငါးဖမ်းမထွက်ရတာရက်ကြာလာတော့ တချို့လှေပိုင်ရှင်တွေ စက်တွေ ရောင်း၊ ပေါင်၊ ချေးငှားပြီး စား သောက် နေကြရတာပေါ့။ တချို့ကလည်း ပုလောမြို့နဲ့ မြိတ်ဖက်တက်ပြီး ကျွန်းစုတခွင်မှာ သွားလုပ်စား နေကြသူတွေလည်း ရှိတယ်”ဟု စစ်ရှောင် အမျိုးသမီးတဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များက ရေကြောင်းနှင့် ကုန်းလမ်းမှပါ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ ခြင်းကြောင့် ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။
လက္ကူးကျေးရွာ အုပ်စုအတွင်းရှိ လက္ကူးရွာနှင့် မြဒေါင်းရွာနှစ်ရွာသည် ပင်လယ်ကမ်းစပ်နှင့် အနီးဆုံးဖြစ် သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က သင်္ဘောများဆိုက်ကပ် ရပ်နားထားသည့်အတွက် ဒေသခံများထွက် ပြေးတိမ်း ရှောင်နေရသည်ဟုလည်း သိရသည်။
စာတည်း ။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
ပုံအညွှန်း-ရွာငါးရွာက ဒေသခံစစ်ရှောင်တို့၏ ယာယီတဲများ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်ကောင်စီတပ်
#စက်သုံးဆီ
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
🤬9❤2🔥1
စက်သုံးဆီစျေး ဆက်တိုက်ကျပြီးနောက် မန္တလေးကဆိုင်အချို့ ဓာတ်ဆီအရောင်းရပ်ထားကြဟုဆို
===================
007
(မဇ္စျိမ)။ ။ စက်သုံးဆီစျေးနှုန်း ဆက်တိုက်ကျဆင်းလာပြီးနောက် မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်တချို့တွင် ဓာတ်ဆီအရောင်း ရပ်ထားကြကြောင်း ဒေသခံများထံက သိရသည်။
“ဒီနေ့တော့၊ ဆိုင်ကြီးတွေမှာပါ ၀ယ်မရဖြစ်သွားတယ်။ ဆိုလိုတာက 95 ရှိရင်၊ 92 မရှိဘူး၊ 92 ရှိရင် 95 မရှိဘူး။ 95 နဲ့ 92 ကို တလှည့်စီ ရောင်းပေးနေကြတယ်ထင်တာပဲ စျေးကျပြီး တရက်နှစ်ရက်အထိ ရောင်းပေးကြသေးတယ်။ မနေ့ကစပြီး ဆီပြတ်တယ်ချည်းပြောလွှတ်တာ။ ဒီနေ့တော့ ဆိုင်ကြီးတချို့ကပါ အရောင်းရပ်ထားကြတယ်။ တန်းစီ၀ယ်ရတဲ့အခြေအနေတော့ မဖြစ်သေးဘူး” ဟု အမည်မဖော်လိုသူ မြို့ခံအငှားယာဉ်မောင်းတဦးက ပြောသည်။
ယနေ့တွင် ဓာတ်ဆီ အောက်တိန်း 92 နှင့် 95 များအား ဆိုင်ကြီးတချို့တွင်ပါ အရောင်းပိတ်ထားသည်ကို တွေ့ရပြီး ဆီစျေးနှုန်းကြော်ငြာဆိုင်းဘုတ်တွင် ယင်းအမျိုးအစားနှစ်ခုအား စျေးနှုန်းမရေးထားဘဲ အရောင်းပိတ်ထားကြကြောင်း သိရသည်။
“ဆီစျေးတက်ရင် ဓာတ်ဆီပြတ်တယ်လို့ မရှိဘူး။ ဆီစျေးကျတော့မှ ဆီပြတ်နေလို့၊ ဆီကုန်နေလို့ဆိုပြီး မရောင်း ပေးကြတော့တဲ့ဆိုင်တွေ အများကြီးပဲ။ ဒီနေ့တော့ ဆိုင်ကြီးတချို့ကပါ ဆီပြတ်တယ်ပြောတယ်။ တချို့ဆိုင်တွေ စျေးတောင်ဖော်ပြမထားတော့ဘူး” ဟု နေ့စဉ်မြို့အနှံ့ကုန်ပစ္စည်းလှည့်လည်ပို့ဆောင်နေသူ ဆိုင်ကယ်အငှား ယာဉ်မောင်းတဦးကပြောသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ တရိပ်ရိပ်ဖြင့် ဆက်တိုက်မြင့်တက်ခဲ့သည့် ပြည်တွင်းစက်သုံးဆီ(ဓာတ်ဆီ)စျေးနှုန်းသည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း စံချိန်တင် အမြင့်ဆုံးစျေးအဖြစ် 92 တလီတာလျှင် ၂,၄၈၅ ကျပ်နှင့် 95 တလီတာလျှင် ၂,၆၁၅ ကျပ်(စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးစျေးကွက်)အထိ စျေးဖြစ်ခဲ့သည်။
“ဒီဇယ်က စျေးငြိမ်တယ်။ ဓာတ်ဆီကတော့ အတက်ကြမ်းရာကနေ ဒီလဆန်းပိုင်းလောက်မှာ စျေးထိုးကျသွားတယ်။ တလီတာကို ၅၀၀ လောက်အထိ ကျသွားတော့ လက်လီဆိုင်တွေ အခက်အခဲဖြစ်ကုန်တယ်ထင်ပါတယ်။ ကျွန်တော်တို့တော့ လိုသလောက်ရောင်းပေးနေတာပါပဲ” ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသည့် စက်သုံးဆီလက်ကားအရောင်းဆိုင်တခုမှ မန်နေဂျာက ပြောသည်။
ယနေ့ အောက်တိုဘာလ ၈ ရက်တွင် မန္တလေးစက်သုံးဆီစျေးကွက်အတွင်း ဓာတ်ဆီ အောက်တိန်း 92 တလီ တာလျှင် ၁၉၉၅ ကျပ်နှင့် 95 တလီတာလျှင် ၂၀၉၅ ကျပ်နှုန်းဖြင့် ရောင်းချနေသည်။
အဆိုပါစျေးနှုန်းသည် စက်တင်ဘာလပေါက်စျေးထက် တလီတာလျှင် ကျပ်ငါးရာ၀န်းကျင် စျေးကျသွား ခြင်းဖြစ်ပြီး ထိုသို့စျေးကျသွားရာမှ စက်သုံးဆီအရောင်းဆိုင်တချို့တွင် ဆီပြတ်ခြင်း၊ အရောင်းရပ်သွားခြင်းတို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- စက်သုံးဆီဆိုင်(ဓာတ်ပုံ-ပေးပို့)
#မန္တလေးတိုင်း
#စက်သုံးဆီ
#ဓာတ်ဆီ

👍12🔥2❤1👏1🤬1
သထုံမြို့နယ်တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးရဟု စစ်ကောင်စီကန့်သတ်
==============
YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ဆိုင်ကယ်တစီးတွင် အမျိုးသား နှစ်ဦး အတူလိုက်ပါစီးနင်းခြင်းမပြုရန် စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရ သည်။
အောက်တိုဘာလ ၃ ရက်နေ့က သထုံမြို့နယ်၊ ကြာပန်းကျေးရွာမှ စစ်ကောင်စီတပ်၏ အငြိမ်စား ဗိုလ်ကြီး ဝင်းနောင်ဆိုသူအား သထုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် လာရောက်၍ ပစ်ခတ်မှုကြောင့် နေရာ၌ပင် သေဆုံးခဲ့သည်။
အဆိုပါဖြစ်ရပ်အပြီးနောက် အောက်တိုဘာလ ၇ ရက်နေ့က သထုံမြို့ပေါ် မင်းလမ်းမကြီးတလျှောက် သထုံမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရ၊ အမျိုးသမီး မောင်းနှင်သည့် ဆိုင်ကယ်နောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်း မပြုရ၊ အမျိုးသားများ ဆိုင်ကယ်စီး မည်ဆိုပါက တစ်ဦးတည်းသာစီးနင်းရမည် စသည့်ကန့်သတ်ချက်များအား လိုက်လံကြေညာခဲ့ကြောင်း သိရသည်။
“အားလုံးပေါင်း အချက်လေးချက်။ အမျိုးသမီးဆိုရင်တော့ နှစ်ယောက်စီးလို့ရတယ်။ အမျိုးသားဆိုရင် တော့ တယောက်ပဲဆိုပြီး လော်စပီကာနဲ့ လိုက်အော်တာ။ သထုံဈေးမှာလည်း လာအော်တယ်။ မလိုက်နာ ရင် အရေးယူမယ်လို့လည်း ပါတယ်” ဟု သထုံဈေးမှ ဈေးရောင်းသူတဦးက မဇ္ဈိမကိုပြောသည်။
ကန့်သတ်ချက်များအပေါ် လိုက်နာခြင်းမရှိပါက အမေးအမြန်းမရှိ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရာဇသတ် ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုရက်ပိုင်းတွင် သထုံမြို့ပေါ် ရွှေစာရံဘုရားအနီး၊ စံပြဆေးခန်းကွေ့၊ သထုံမီးပွိုင့်အနီးတို့၌ စစ် ကောင်စီတပ်သားများနှင့် ရဲများက ဆိုင်ကယ်များအား စစ်ဆေးမှုများကို ပြုလုပ်လာကြောင်း သိရသည်။
“ဆိုင်ကယ်သမားတိုင်းမဟုတ်ဘူး၊ ယောကျ်ားတွေပဲ အစစ်ခံရတာ။ ဘောက်ဖွင့်ခိုင်းတယ်။ ဖုန်းယူကြည့် တယ်၊ အစုံလိုက်မေးတယ်” ဟု သထုံမြို့ပေါ်မှ ဒေသခံတဦးက ဆိုသည်။
မွန်ပြည်နယ်အတွင်း၌ ပေါင်၊ ဘီးလင်း၊ ကျိုက်ထို၊ ရေးမြို့နယ်တို့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနက အမျိုးသားနှစ်ဦး ဆိုင်ကယ်တစီးတွင်အတူမစီးရန် ကန့် သတ်ထားသည်။
စစ်ကောင်စီက အမျိုးသားနှစ်ဦး ဆိုင်ကယ်တစီးတွင် အတူမစီးရန် ကန့်သတ်လိုက်သည့် မြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သား၊ အုပ်ချုပ်ရေးဝန်ထမ်း၊ စစ်ကောင်စီသတင်းပေးများ မကြာခဏ တိုက်ခိုက်ခံရသဖြင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်များသည် နေ့စဉ်သွားလာလှုပ်ရှားရေးအတွက် ဆိုင်ကယ်ကို အဓိကအသုံးပြုသည့် ဒေသ များဖြစ်၍ ယခုကဲ့သို့ ကန့်သတ်လိုက်သည့်အခါ ဆိုင်ကယ်ကယ်ရီသမားများ၊ ဆိုင်ကယ်ဖြင့် သွားလာ လုပ်ကိုင်ကြသူများအနေဖြင့် အခက်အခဲများစွာ ကြုံရကြောင်းလည်း ဒေသခံများထံက သိရသည်။
မွန်ပြည်နယ်၌သာမက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီပြည်နယ်၊ ရန်ကုန်တိုင်း စသည့် တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင်လည်း စစ်ကောင်စီက အလားတူ အမျိုး သားနှစ်ဦး ဆိုင်ကယ်တစီးတွင် အတူမစီးရန် ကန့်သတ်ထားသည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း- သထုံမြို့လယ် အဝိုင်းနေရာအား တွေ့ရစဉ် (ဓါတ်ပုံ- ဝီကီပီဒီးယား (ပုံဟောင်း) )
#မွန်ပြည်နယ်
#သထုံမြို့နယ်
#ဆိုင်ကယ်စီးနင်းခွင့်

😁7🤬3👍1👏1
ဒီပဲယင်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအတွက် ဆန်နှင့်ရိက္ခာများလိုအပ်
===============
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင် နေရသူများအတွက် ဆန်နှင့်ရိက္ခာ လိုအပ်ချက်ရှိနေကြောင်း မြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန် ရှိသူက ပြောကြားသည်။
ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေမှုကြောင့် အရေးပေါ် တိမ်းရှောင်နေရသူများရှိနေပြီး ၎င်းတို့အတွက် ဆန်နှင့်ရိက္ခာများ လိုအပ်နေခြင်းဖြစ်သည်။
ဒီပဲယင်းအနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းကလူတွေတော့ သူတို့နေရာတွေ ပြန်ကြပြီ။ စစ်ကြောင်း က အရှေ့ခြမ်းကိုရောက်တယ်ကြားတယ်။ စစ်ကြောင်းထိုးရင် ပြန်ပြေးလာရတာပေါ့။ စစ်ကြောင်းမရှိရင် သူတို့နေတဲ့ တဲတွေကို ပြန်သွားကြတယ်” ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဒီပဲယင်းမြို့နယ်တွင် နေရပ်မပြန်နိုင်သည့် ရွှေဘိုနှင့်ဘုတလင်မြို့နယ်မှ စစ်ဘေးရှောင် ၂,ဝဝဝ ကျော် ခန့်ရှိနေသည့်အပြင် စစ်ကြောင်းကြောင့် အရေးပေါ်တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များလည်း ရှိနေ ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်း၌ ၂၄ ပြည်ပါ ဆန်တအိပ်လျှင် ၈၅ဝဝဝ ကျပ် ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဝယ်ယူ ရန်ခက်ခဲသည့်အပြင် စစ်ဘေးရှောင်များထံပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကိုပါရင်ဆိုင်နေ ရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှသိရသည်။
ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် အရေးပေါ် စစ်ရှောင်များအတွက် ရိက္ခာပြန်လည်စု ဆောင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဒီပဲယင်မြို့နယ်အနောက်ခြမ်းမှ စစ်ဘေးရှောင် ၄၀၀ ခန့်အား အောက်တိုဘာလ ၁ ရက်နေ့က ဆန်တပိုင်း၊ ဆီတပုံးနှင့် ဟင်းချက်စရာများ ဝယ်ယူချက်ပြုတ်ရန် ငွေကျပ် ၁၀၀,၀၀၀ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။
ပုံအညွှန်း- အောက်တိုဘာ ၁ ရက်နေ့က တွေ့ရသည့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းမှ စစ်ဘေးရှောင်များ (ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဒီပဲယင်းမြို့နယ်
#စစ်ဘေးရှောင်

👍4😢4❤1🔥1
လျှပ်စစ်ဓာတ်အားသုံး စက်ခေါင်းများထုတ်လုပ်ရန်နှင့် လျှပ်စစ်ရထား ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင် ပြင်ဆင်ရန် စစ်ခေါင်းဆောင် ညွှန်ကြားပြန်
😁11🤣4👏1🤔1💩1

================
001
(မဇ္စျိမ)။ ။လျှပ်စစ်ဓာတ်အားအသုံးပြုသည့် ရထားစက်ခေါင်းများ ထုတ်နိုင်ရန်လိုအပ်ပြီး ရထားသယ်ယူ ပို့ဆောင်ရေးကိုလည်း လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် သွားရန်လိုကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကညွှန်ကြားကြောင်း သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန်တိုင်း မြန်မာ့မီးရထား မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရထားသယ်ယူပို့ဆောင်ရေးတွင် ခေတ်မီသည့် ပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ် ဓာတ်အားအသုံးပြုသည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း ၎င်းကပြောသည်။
ယခုကဲ့သို့ လျှပ်စစ်မီးဆိုးဆိုးရွားရွား ပြတ်တောက်နေသည့်အချိန်တွင် လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ ပြောင်းလဲပြေးဆွဲရန် စစ်ကောင်စီခေါင်းဆောင်အနေဖြင့် အိပ်မက်မက်မနေသင့်ကြောင်း ရန်ကုန်မြို့ခံ အမျိုးသားတဦးက ဝေဖန်သည်။
“မီးက တခါတလေကျရင်လည်း တနေကုန်မလာဘူး မိုးချုပ်မှလာတယ်။ လျှပ်စစ်ရထားစီးဖို့ နောက်အနှစ် ၅၀ လောက်စောင့်လိုက်ဦး။ မြန်မာနိုင်ငံ အခုဘယ်လိုဖြစ်သွားလဲဆို လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ပြန်ရောက် သွားတယ်။ ရှေ့ကိုမရောက်ဘူး နောက်ကိုပြန်ရောက်သွားတယ်”ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း နေရာအများစုတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဆိုး ရွားစွာဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီခေါင်းဆောင်က လျှပ်စစ်ကားများပြေးဆွဲရန်နှင့် ရထားသယ် ယူပို့ဆောင်ရေးတွင် လျှပ်စစ်ဓာတ်အားအသုံးပြုဆောင်ရွက်ရန် အစည်းအဝေးများတွင် မကြာခဏ ထည့် သွင်းပြောဆိုလေ့ရှိသည်။
စာတည်း။ ။စောဖေ
#စစ်ကောင်စီခေါင်းဆောင်
#လျှပ်စစ်ရထား
#မြန်မာ့မီးရထား
------------------------

😁11👍5🤣2🤔1💩1
ဘန်ကောက်ပစ်ခတ်မှု အရေးယူဆောင်ရွက်ရာတွင် သေနတ်သမား၏ သူငယ်ချင်းများကိုပါ ထည့်သွင်းစဉ်းစားရန် သေဆုံးသူမြန်မာအမျိုးသမီး၏ ရှေ့နေဖြစ်သူ ပြော
===================
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် မြို့လယ်ရှိ ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ်၌ ပြီးခဲ့သည့် သီတင်းပတ်က မြန်မာလုပ်သားတဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ရသည့် ပစ်ခတ်မှုကို ကျူးလွန်သော ဆယ်ကျော်သက်လူငယ်၏ သူငယ်ချင်းများက အခြားသူများအတွက် ခြိမ်းခြောက်မှု ဖြစ်စေခဲ့သလား ဆိုသည်ကို ထည့်သွင်းစဉ်းစားရန် ရဲတပ်ဖွဲ့ထံ တောင်းဆိုပန်ကြားသွားမည် ဖြစ်ကြောင်း သေဆုံးသူ မြန်မာအလုပ်သမားအမျိုးသမီး၏ မိသားစုကို ကိုယ်စားပြုသည့် ထိုင်းရှေ့နေဖြစ်သူက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် မြို့လယ်ရှိ ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ်၌ ပြီးခဲ့သည့် သီတင်းပတ်က မြန်မာလုပ်သားတဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ရသည့် ပစ်ခတ်မှုကို ကျူးလွန်သော ဆယ်ကျော်သက်လူငယ်၏ သူငယ်ချင်းများက အခြားသူများအတွက် ခြိမ်းခြောက်မှု ဖြစ်စေခဲ့သလား ဆိုသည်ကို ထည့်သွင်းစဉ်းစားရန် ရဲတပ်ဖွဲ့ထံ တောင်းဆိုပန်ကြားသွားမည် ဖြစ်ကြောင်း သေဆုံးသူ မြန်မာအလုပ်သမားအမျိုးသမီး၏ မိသားစုကို ကိုယ်စားပြုသည့် ထိုင်းရှေ့နေဖြစ်သူက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
ပဲခူးမြို့တွင် ၅၉ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန်အဖြစ် စံချိန်တင် ၊ မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးရေဝင်ရောက်
😢10🔥1
ပဲခူးမြို့တွင် ၅၉ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန်အဖြစ် စံချိန်တင် ၊ မြို့ပေါ်ရပ်ကွက် အားလုံးနီးပါးရေဝင်ရောက်
===============
ရွှေနွယ်
(မဇ္ဈိမ)။ ပဲခူးမြို့တွင် မိုးများပြီး နှစ်ပေါင်း ၅၉ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန်အဖြစ် ၇.၈၇ လက်မဖြင့် ယနေ့ စံချိန်သစ် တင်ခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြစ်ရေ၊ ချောင်းရေများ စိုးရိမ်ရေမှတ်ကျော်လွန်နေကာ ယနေ့ အောက်တိုဘာလ ၈ ရက်၌ ပဲခူးမြို့ မြို့ပေါ်ရပ်ကွက်များအားလုံးတွင် ရေဖုံးလွှမ်းလျက်ရှိေကြာင်း သိရသည်။ ထို့ကြောင့် ဒေသခံများ ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းနေကြရပြီး
ပဲခူး− ရန်ကုန်ကားလမ်းတွင်လည်း ရေနစ်မြုပ်နေသည်မှာ လူတရပ်နီးပါးရှိကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရေမြင့်တက်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
"ကျွန်တော့် အသက် ၄၀ ရှိပြီ။ တခါမှဒီလောက်ရေကြီးတာမကြုံဖူးဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ရေတော်တော်ကြီးတာတခါရှိခဲ့တယ်။ အခုကတော့ မြို့လယ်ခေါင်နာရီစင်နားအထိ ရေရောက်နေပြီ။ ပဲခူးမြို့သမိုင်းမှာ အဲ့ဒီနေရာကို ရေတခါမှမရောက်ဖူးဘူးဗျ” ဟု ချမ်းမြေ့ဇေယျာ ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။
ယနေ့ အယ ညနေပိုင်းအချိန် ရေဝင်ရောက်မှုအနေအထားအရ ကျွန်းသာယာရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်၊ မဇင်းရပ်ကွက်နှင့် ကလျာဏီရပ်ကွက်တို့သည် ရေဝင်ရောက်မှုအဆိုးဝါးဆုံးရပ်ကွက်များဖြစ်ပြီး၊ ရွှေနံသာရပ်ကွက် ရေဘေးကူညီကယ်ဆယ်ရေးစခန်းသည် ယနေ့တွင် ရေနစ်မြုပ်သွားသည့်အတွက် အဆိုပါ စခန်းမှရေဘေးရှောင်များအား ရွှေမောဓောဘုရားသို့ ပြောင်းရွှေ့ပို့ဆောင်နေရကြောင်းသိရသည်။
"မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းများမယ်ဗျ။ ၁၀ ခုလောက်ရှိနေမယ်။ ရေကဆက်တိုးနေတုန်းပဲ။ မိုးရေချိန်လည်းများနေတယ်။ ဆည်တွေရေကျော်နေပြီလို့လည်းကြားထားတယ်။ ဆည်ကရေကျော်တော့ မြေနိမ့်ပိုင်းတွေခံရတာပေါ့" ဟု ချမ်းမြေ့ဇေယျာ ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။
မော်လမြိုင်မှ ရန်ကုန်သို့သွားရောက်မည့် ခရီးသည်တင်ရထားတစီးသည်လည်း ပဲခူးမြို့တွင်းရေကြီးနေသည့်အတွက် သွားလာ၍မရသောကြောင့် ဝေါမြို့တွင် ရပ်နားထားရကြောင်း မြန်မာ့မီးရထားလူမှုကွန်ရ က်စာမျက်နှာတွင် မျှဝေထားသည်ကိုတွေ့ရသည်။ထို့ပြင် ရန်ကုန်−မန္တလေး အဆန်ရထားခရီးစဉ်များလည်းဖျက်သိမ်းထားကြောင်း သိရသည်။
"ပဲခူးရေကြီး အခြေအနေမကောင်း ဈေးပိုင်း ၁၉ လမ်းထိပ်ကရေတံခါးပွင့် သွားပြီး ဈေးပိုင်းထဲပါရေတွေဝင်လာပြီ" ၊ "ပဲခူးလှေစီးနေပြီ" ၊ "ပဲခူးမြို့၊ကျွန်းသာဟာဓါတ်ဆီဆိုင်ရှေ့မှ ယာဉ်ဝင်းသစ်ဝင်ပေါက်ရှေ့အထိ ရေ ကျော်နေပါပြီ။ ကားလေးဖြတ်ရန်မသင့်တော့ပါ” အစရှိသဖြင့် ပဲခူးမြို့ဒေသခံအသီးသီးမှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင်မျှဝေထားသည်ကိုလည်းတွေ့ရသည်။
ပဲခူးမြစ်ရေသည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တိုင်းတာချက်အရ ၉၅၆ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် နှစ်ပေနှင့် ငါး လက်မခန့်ရှိနေကြောင်းနှင့် နောက်နရက်အတွင်း စိုးရိမ်ရေမှတ်အထက် သုံးပေသို့ ဆက်လက်မြင့်တက်နိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပဲခူးမြို့တွင် ယနေ့ မိုးအသင့်အတင့်ထစ်ချုန်းရွာနိုင်ပြီး တခါတရံ မိုးသည်းထန်နိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။
စာတည်။ ။အောင်ကျော်ဖြိုး
#Mizzima
#ပဲခူးမြို့
#စံချိန်တင် မိုးရေချိန်

👍9😢2🔥1
အစ္စရေး-ဂါဇာ တိုက်ပွဲများအတွင်း ထိုင်း ၂ ဦး သေဆုံးဟု ထိုင်းဝန်ကြီးချုပ် ပြော
================
အစ္စရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်အဖွဲ့အကြား ပြင်းထန်သော တိုက်ခိုက်မှုများအတွင်း ထိုင်းနိုင်ငံသား နှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က အောက်တိုဘာ ၈ ရက်တွင် ပြောသည်။
ဂါဇာကမ်းမြှောင်ဒေသမှ ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ရုတ်တရက် အကြီးစား တိုက်ခိုက်မှု ဆင်နွှဲခြင်းကြောင့် အစ္စရေးဘက်ကလည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများဖြစ်ပြီး ကာလရှည် ပဋိပက္ခတရပ်၏ အရှိန်မြင့်တက်မှုအတွင်း နှစ်ဖက်စလုံး၌ လူရာချီ သေဆုံးခဲ့ရသည်။

👍9🔥1