ပဲခူးမြို့ ရေကြီးမှုတွင် ရေနစ်သေဆုံးသူရှိ
=================
ရောင်နီ
(မဇ္စျိမ)။ ။ ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး အသက် ၅၀ အရွယ်ခန့် အမျိုးသားတဦး ရေနစ်သေဆုံးခဲ့ကြောင်း ဝန်းရံမှူးလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။
ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်အတွင်း ရေနစ်သေဆုံးနေသည့် ထိုအမျိုးသား၏ ရုပ်အလောင်းကို ရှာဖွေ့တွေ့ရှိခဲ့ပြီး ပဲခူးဆေးရုံကို ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
“ မနက်က ဆိုရှယ်လစ် ၂၄ လမ်းက ကားနောက်မှာ သောင်တင်နေတဲ့ အလောင်းကိုတွေ့တယ်။ ရေနစ်လို့ပဲဆုံးတာပါ။ ကျွန်တော်တို့အဖွဲ့တွေ့တာတော့ ပထမဆုံးအလောင်းပါ။ အရင်ကလည်း သေဆုံးတယ်ဆိုပြီး ကြားတာတွေရှိပါတယ်။ အခု အဲ့ဒီ့အလောင်းတောင် လမ်းမှာ ရေကြီးနေလို့ ဆေးရုံမရောက်သေးပါဘူး” ဟု လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ပဲခူးမြို့ အလင်းရောင်ရပ်ကွက်တွင် အစားအသောက်ပြတ်လပ်ကာ ကလေးသူငယ်များနှင့် လူကြီးများတွင် ဖျားနာနေကြကြောင်း ဒေသခံတဦးကပြောသည်။
“ ရေနည်းနည်းကျတယ်ဆိုပေမယ့် ရေရှင်ဆိုတော့ ရေအတက်အကျက မမှန်သေးဘူး။ အခုလက်ရှိဆို မှော်ကန်ဘက်မှာ လူတရပ်ကျော် မြုပ်နေတုန်းပါပဲ။ ” ဟု ကူညီကယ်ဆယ်မှု ဆောင်ရွက်နေသည့် ဝန်းရံမှူးလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ ရေကြီးမှုဖြစ်စဥ်များကြောင့် ပဲခူးမြို့တွင် ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးများလည်း ပြတ်တောက်နေပြီး စားသောက်ကုန်များလည်း စျေးနှုန်းမြင့်တက်လာမှုများ ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။
“ပစ္စည်းတွေပြတ်ကုန်တယ်။ အသီးအရွက်တွေကတော့ ရှားနေတယ်။ ငါးတွေကတော့ ချောင်းကရေတက်လို့ ဖမ်းလို့ရတာတွေ ရောင်းကြတာရှိတယ်။ ပဲခူးစျေးကြီးရဲ့ အောက်ထပ်တစ်ခုလုံးက ရေမြုပ်သွားတော့ ခေါက်ဆွဲခြောက်လို အခြောက်အခြမ်းတွေက အကုန်ပြတ်ကုန်တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီမိုးဇလဌာန၏ ယနေ့ နံနက် ၆း၃၀ အချိန် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် ယမန်နေ့ကထက် သုး စင်တီမီတာ ကျဆင်းခဲ့သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
ပဲခူးမြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က နှစ်ပေါင်း ၅၉ နှစ်အတွင်း မိုးရေချိန်အများဆုံးဖြင့် စံချိန်တင် မိုးရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံဖြစ်ပွားခြင်းသည် ယနေ့တွင် သုံးရက်မြောက် ရှိလာပြီ ဖြစ်သည်။
ပဲခူးမြို့ ဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ယနေ့ နံနက်ပိုင်းအချိန်အထိ ရေလွှမ်းမိုးနေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောကြားထားသည်။ လက်ရှိတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကယ်ထုတ်ခြင်း၊ စားသောက်စရာများဝေဌခြင်းများ ပြုလုပ်ပေးနေဆဲဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ဝင် တဦးက ပြောသည်။
အောက်တိုဘာလ ၈ ရက်နေ့ညပိုင်းမှ စတင်ကာ ရုတ်တရက်ရေကြီးမှုကြောင့် ပဲခူးမြို့ပေါ်၌ ကယ်ဆယ်ရေးစခန်း ၂၉ ခုဖွင့်လှစ်ထားခဲ့ရပြီး ဒေသခံ သောင်းနှင့်ချီကာ ရေဘေး ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေကြရသည်။
ယမန်နေ့က ရေကြီးမှုကြောင့် ဖြတ်သန်းသွားလာမှု ရပ်ဆိုင်းခဲ့သည့် ပဲခူး - မော်လမြိုင်လမ်းမှ ပဲခူးမြို့အနီး ၃၉ မိုင်တိုးဂိတ်တွင်လည်း ယနေ့တွင် ရေအနည်းငယ်ပြန်လည်ကျဆင်းသည့်အတွက် ကားကြီးများ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း ဘောနက်ကြီး ဒေသခံတဦးက ပြောကြားထားသည်။
ပဲခူးမြို့တွင် လက်ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းမှာ ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်အထက် မြင့်တက်နေခြင်းနှင့် တချိန်တည်းတွင် နေရာကွက်မိုးရွာသွန်းမှုကြောင့် ဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ပဲခူးမြို့
#ရေကြီးရေလျှံ
ပုံအညွှန်း - ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မြင်တွေ့ရသည့် ပဲခူးမြို့ ရေကြီးမှု အခြေအနေ။
(ဓာတ်ပုံ - ကိုထင်ကျော် ပဲခူး MFSD ရှာကယ်အဖွဲ့၊ ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်း၊ လူမှုကွန်ရက် )
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
😢7👍3😁2
ဟွာမြောင်အထည်ချုပ်အလုပ်သမား ၂၅၀ ကျော် အလုပ်ရပ်နားခံရမှု နစ်နာကြေးအပြည့်အဝ မရ၍ ILO ကို တိုင်ကြားမည်
====================
ဓါတု
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်ရှိ ဟွာမြောင်အထည်ချုပ်စက်ရုံ အလုပ်သမား ၂၅၁ ဦးသည် အလုပ်ရပ်နားခံရမှု နစ်နာကြေး အပြည့်အဝ မရရှိ၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း အလုပ်သမားရေးရာလိုက်ပါကူညီဆောင်ရွက်သူများထံက သိရသည်။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်အလုပ်သမားရုံးများ၏ သက်ဆိုင်ရာ ဦးစီးမှူးများက အလုပ်ရှင်ဘက်လိုက်၍ အလုပ်သမားများကို ဖိအားပေးညှိနှိုင်းသဖြင့် အဆင်မပြေခဲ့ကြောင်း သိရသည်။
အလုပ်သမားများဘက်က လုပ်သက်ခံစားခွင့်နှစ်ကြေး၊ အချိန်ပိုကြေး(OT)မပါ နို့တစ်ကြေး အပြည့်အဝပေးရန်၊ လုပ်ငန်းရပ်နားမှု နစ်နာကြေး တလစာပေးရန်နှင့် ကိုယ်ဝန်ဆောင်များအား ထောက်ပံ့ကြေးကို တောင်းဆိုသလောက်ပေးရန်ဟူ၍ အချက်လေးချက် တောင်းဆိုခဲ့သော်လည်း နိုင်ငံခြားသား အလုပ်ရှင်ဘက်က မလိုက်လျောခဲ့ကြောင်း အလုပ်သမားများကဆိုသည်။

👍14🤣1
"အလရ ဦးစီးက ဘာတစ်ခုမှ ညှိနှိုင်းမှုကို စွမ်းဆောင်နိုင်တာမရှိဘူး။ အလုပ်ရှင်ရဲ့အလိုကျလိုက်လုပ်ပေးတဲ့ပုံစံ နို့တစ်ကဥပဒေမှာ တလပဲရှိတာ အလုပ်ရှင်ဘက်က ၂၆ ရက်ပဲနို့တစ်ပေးတယ် အလရဘက်က နို့တစ်ကြေးကိုအခြေခံလစာနဲ့ပေးဖို့ပြောတယ်။
ဝန်ကြီးဌာနကမျက်ကွယ်ပြုထားရင် အလုပ်ရှင်နဲ့ပေါင်းပြီးလာဘ်စားတယ်ဆိုတာပေါ်လွင်တာပေါ့ ။သူတို့ညှိတာကိုလည်းအလုပ်သမားတွေဘက်ကဘယ်သူမှသဘောတူစာချုပ်မချုပ်ခဲ့ပါဘူး။ Brand နဲ့ ILO ဆီ အချက်အလက်တွေ တိုင်တာတွေ ဆက်လုပ်ပါမယ်"ဟု ကူညီပေးနေသူ တဦးကပြောသည်။
အလုပ်ရုံအလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန(အလရ)၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(အလည) နှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန(အလဆ)မှ ဦးစီးအရာရှိများက အလုပ်ရှင်ဘက် ဘက်လိုက်ညှိနှိုင်းမှုများရှိနေကြောင်း ၎င်းကဆိုသည်။
ယင်း ဟွာမြောင်(Hong Miao Garment) အထည်ချုပ်စက်ရုံတွင် အပ်ထည်များမရှိတော့သည့် အကြောင်းပြချက်ဖြင့် အောက်တိုဘာလအစတွင် စက်ရုံကိုပိတ်သိိမ်းလိုက်ခြင်းကြောင့် နစ်နာကြေးကို တခါတည်းပေးရန် အောက်တိုဘာလ ၃ ရက်နေ့မှစ၍အလုပ်သမား ၂၅၁ ဦးမှာ ခုနစ် ညတိတိစက်ရုံရှေ့တွင်ညအိပ်စောင့်ဆိုင်း၍တောင်းဆိုမှုများပြုလုပ်ခဲ့သည်။
ထို့နောက် အလုပ်ရှင်ဘက်မှကြေညာထားချက်အရ စက်ရုံအလုပ်သမား ၃၇၄ ဦးအတွက် လူမှုထောက်ပံ့ကြေး၊ နစ်နာကြေးနှင့် လုပ်သက်ခွင့် ကျန်ငွေများအားလာမည့် အောက်တိုဘာလ ၂၆ ရက်တွင်ပေးချေသွားမည်ဖြစ်၍ နို့တစ်ကြေးတလစာထပ်မံ တောင်းဆိုမှုအားမပေးချေနိုင်ကြောင်းဆိုထားသည်။
လူမှုထောက်ပံ့ကြေးအဖြစ် လုပ်သက် တနှစ်အထက်ရှိသည့် ကိုယ်ဝန်ဆောင်အမျိူးသမီးအလုပ်သမားများကို ကျပ် ၁၀၀,၀၀၀ စီနှင့် လုပ်သက် တစ်နှစ်အောက် ကိုယ်ဝန်ဆောင်များအား ကျပ် ၅၀,၀၀၀ စီ ထောက်ပံ့ပေးသွားမည်ဟု ဖော်ပြထားသည်။
လုပ်သက် တစ်လမှ သုံးလအထိ အလုပ်သမားများအားကျပ် ၁၀,၀၀၀ စီ၊လုပ်သက် သုံးလမှခြောက်လအထိ ရှိတဲ့အလုပ်သမားတွေကို ကျပ် ၁၅,၀၀၀ စီ အသီးသီးပေးမည်ဟုဆိုသည်။
သို့သော်အလုပ်သမားများဘက်မှ ကိုယ်ဝန်ဆောင်များအား ကျပ် ၅ သိန်းစီထောက်ပံ့ပေးရန်ညှိနှိုင်းခဲ့သော်လည်းမရသဖြင့် ကျပ် ၃ သိန်းအထိပေးရန်ဆက်တောင်းဆိုထားကြောင်း ယင်းအထည်ချုပ်လုပ်သားများကပြောသည်။
"နှစ်ကြေးသဘောလုပ်သက်ခံစားခွင့်လည်း အပြည့်မပေးဘူး။ နောက်ပြီးစက်ရုံထဲ လေပန်ကာမကောင်းတာတွေမပြင်ဘူး။ မိုးတွေရွာရင်မိုးယိုရင်စက်ရုံထဲရေဝင်တာတွေလည်း အဆင်ပြေအောင်မလုပ်ပေးခဲ့ဘူး။ သောက်ရေအလုံအလောက် မချပေးထားဘူး ။အရေးပေါ်ထွက်ပေါက်လည်းမရှိ လျှပ်စစ်နဲ့အလုပ်လုပ်နေရတာ ဘာအသက်အာမခံချက်မှလည်းမရှိလို့ အလုပ်ရှင်နဲ့ပြဿနာ ခဏခဏဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် ဒီစက်ရုံဘက်က တနှစ်အတွင်း ပြန်ဖွင့်ရင် ထပ်တိုင်ကြားမှုတွေလုပ်ဦးမှာ။ အခုလည်း ညှိနှိုင်းတာ ဦးစီးဘက်က ဖိအားပေးညှိနှိုင်းခိုင်းလို့သဘောမတူခဲ့ဘူး။ တောင်းဆိုမှုတွေဆက်လုပ်သွားမှာပါ"ဟုဟွာမြောင်အထည်ချုပ်အလုပ်သမားတဦးကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဟွာမြောင်စက်ရုံတွင် ငှားရမ်းထားသည့် စက်ပစ္စည်းများလာရောက်သယ်ဆောင်နေခြင်းကြောင့် အောက်တိုဘာလ ၂၆ ရက်တွင် ပေးချေမည့်နစ်နာကြေးများ မရမည်ကို စိုးရိမ်ပူပန်ရခြင်းဖြစ်ကြောင်း အလုပ်သမားများကဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၉ ရက်က ညှိနှိုင်းမှုအဆင်မပြေခဲ့သော်လည်း.အလုပ်သမားထက်ဝက်မှာ ရာသီဥတုကြောင့်ဖျားနာခြင်းများရှိနေသဖြင့် စက်ရုံရှေ့တွင် ဆက်မနေဘဲ ၎င်းတို့နေအိမ်သို့ပြန်သွားကြောင်းသိရသည်။
ဟွာမြောင်အထည်ချုပ်ဒီစက်ရုံသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလမှ စ၍ ယခုအထိ တနှစ်ခြောက်လ ကြာလည်ပတ်နေသည့် စက်ရုံဖြစ်သည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှ ထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၇၇၀ ကျော်ရှိခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ်လကုန်တွင် ၅၃၂ ရုံ ရှိတော့၍ စက်ရုံပေါင်း ၂၄၇ ရုံသည် လုပ်ငန်းလည်ပတ်မှုမရှိတော့ကြောင်းဖော်ပြထားသည်။
ယင်းအထည်ချုပ်လုပ်ငန်းစက်ရုံများ တွင် အလုပ်သမား ဦးရေပေါင်း ၃၈၀,၀၀၀ ဝန်းကျင်ရှိ၍၉၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အလုပ်သမား
#ILO
ပုံအညွှန်း- ဟွာမြောင်အထည်ချုပ်စက်ရုံ အလုပ်သမားများ (ဓာတ်ပုံ-CJ)

👍9🤣1
ကနီမြို့နယ်တွင် ၁ဝ ရက်ဆက်တိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးဟောပြောပွဲပြုလုပ်
======================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁ဝ ရက်နေ့အထိ ၁ဝ ရက်ဆက်တိုက် စစ်အာဏာရှင် ဆန့်ကျင်ရေးဟောပြောပွဲ များပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူက ပြောသည်။
ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနှင့် ဒေသခံပြည်သူများ ဦးဆောင်၍ ကနီမြို့နယ်ရှိ ကျေးရွာ ၁ဝ ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲ နှင့် တော်လှန်ရုပ်ရှင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဟောပြောပွဲ နှင့်တော်လှန်ရုပ်ရှင်ပြပွဲများအား နေ့ဘက်နှင့်ညဘက်များတွင် ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် မန္တလေးမြို့မှ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်းက ကနီမြို့နယ်ပြည်သူများထံ တော်လှန်ရေးသတင်းစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
"ရွာဆယ်ရွာပေါင်းရင် လူဦးရေ ၁၅ဝဝ ကျော်လောက် ပါဝင်ခဲ့တယ်။ ရည်ရွယ်ချက်က ပြည်သူတွေ သွေးမအေးဖို့နဲ့ တော်လှန်ရုပ်ရှင်ပြသရင်း ရုပ်ရှင်ထဲကပါတဲ့ အကြောင်းအရာတွေ ကိုယ်တိုင်တွေးတတ်ဖို့ ၊စနစ်တစ်ခုကို တည်ဆောက်တတ်ဖို့ပါ။ အခြေအနေ ၊အချိန်အခါ ၊နေရာဒေသပေါ်မူတည်ပြီး လှုပ်ရှားမှုကို ပုံစံအမျိုးမျိုးနဲ့လုပ်သွားမယ်"ဟု ကနီမြို့နယ် သပိတ်အင်အားစု ဦးဆောင်သူက ပြောသည်။
ကနီမြို့နယ်ရှိ ယာယီစစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင် ဦးရေ ၂,၅ဝဝ ကျော်ခန့် နေထိုင်နေကြပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံက သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
#စစ်ကိုင်းတိုင်း
#ကနီမြို့နယ်
#စစ်ဘေးရှောင်
ပုံအညွန်း - ကနီမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဟောပြောပွဲများပြုလုပ်ခဲ့စဉ်။ (Photo - Pyae Aung Naing Kani)

👍15😁1