Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မုန်လိုင်ခက် ဗုံးကြဲခံရမှုတွင် သေဆုံးသူများအနက် အသက် ၁၆ နှစ်အောက် ကလေးငယ် ၁၁ ဦး ပါဝင်
=====================

အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မုန်လိုင်ခက်စစ်ရှောင်ရွာ ဗုံးကြဲတိုက်ခံရမှုတွင် သေဆုံးသူများအနက် အသက် ၁၆ နှစ်အောက် ကျောင်းနေအရွယ် ကလေးငယ် ၁၁ ဦး ပါဝင်ကြောင်း ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် KIA က တရားဝင် ထုတ်ပြန်သည်။

ဒါဇင်နှင့်ချီသော ထိခိုက်ဒဏ်ရာရသူ အရပ်သားများကို လိုင်ဇာမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုပေးနေကြောင်းလည်း ပြောထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်၊ လိုင်ဇာမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ မုန်လိုင်ခက် စစ်ရှောင်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းကြောင့် အရပ်သား ၂၉ ဦး သေဆုံးပြီး နောက်ထပ် ၅၇ ဦး ထိခိုက်ဒဏ် ရာရရှိသွားခြင်းဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် ဒါဇင်နှင့်ချီသော ရုပ်အလောင်းများကို KIA ၏ အစီအစဥ်အတိုင်း ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင်ပင် မြေမြုပ်သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း မဇ္ဓျိမ၏ မြေပြင်သတင်းထောက်က စုံစမ်းသိရှိရသည်။

အရပ်သား စစ်ဘေးရှောင်ကျေးရွာကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုသည် “လူမျိုးတုံးသတ်ဖြတ်မှု” ဖြစ်ပြီး အပြစ်မဲ့ ပြည်သူများမှန်းသိလျက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ်နှင့် ပြည်သူများ သေဆုံးရမှုအပေါ် ထိတ်လန့်၀မ်းနည်း‌ကြောင်း ယူနီဆက်ဖ်မြန်မာကလည်း ယနေ့ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မုန်လိုင်ခက်
#Mizzima
#အရပ်သားအစုလိုက်အပြုံလိုက်သေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍9😭4🔥1🤬1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ အောက်တိုဘာ၂၀၂၃) 
========================

စစ်အုပ်စုမှ နိုင်ငံအာဏာကိုမတရားလုယူပြီးသည့်နောက် လူမှုရေးအသင်းအဖွဲ့များကို ဖိနှိပ်ခြင်း ၊မတရားဖမ်းဆီးခြင်းများအပါအဝင် စီမံခန့်ခွဲမှုအလွဲများကြောင့် စီးပွားရေးကျပ်တည်းလာခြင်းကြောင့် သဘာဝဘေးန္တရာယ်ကျရောက်ခြင်းများတွက် ပြည်သူများ အင်တိုက်အားမပါဝင်နိုင်တော့သည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
ဒုတိယဗိုလ်ချုပ်ကြီး​​ မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရ
😁9👍2👎1
ဒုတိယဗိုလ်ချုပ်ကြီး​​ မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရ
=================

001
(မဇ္စျိမ) ။ ။ ဒုတိယဗိုလ်ချုပ်ကြီး​ဟောင်း မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်​ဟောင်း ရန်နောင်စိုးတို့ကို စစ်တရားရုံးဖြင့် စစ်ဆေးပြီး နှစ်ဆယ်နှစ် ကာလနှင့် ညီမျှသော တသက်တကျွန်းဒဏ်ကို အသီးသီးချမှတ်လိုက်ကြောင်း စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းသည် ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် စားအုန်းဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား ဗဟိုဘဏ်က ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့သော်လည်း သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးတင်ရောင်းချခြင်းကို သိလျက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများမှ ပေးအပ်သည့် တံစိုးလက်ဆောင်များကိုရာထူးလုပ်ဆောင်ခွင့်ကို အသုံးပြုပြီး ရယူဆောင်ရွက်ခဲ့ကြောင်း ဆိုထားသည်။

ဆက်လက်ပြီး နိုင်ငံခြားသုံးငွေများ တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်ပြီး အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ ကျူးလွန်ခဲ့သည့်အတွက် သက်ဆိုင်ရာဉပဒေပုဒ်မများဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီး မည်သည့်ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်ကို မူဖော်ပြထားခြင်းမရှိပေ။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဉက္ကဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဉက္ကဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဉက္ကဌတာဝန်များကို ထမ်းဆောင်ခဲ့စဥ်အတွင်း ထိုသို့ ကျုးလွန်ခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

ထို့အတူ ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးအနေဖြင့်လည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခဲ့​ကြောင်း စစ်​ကောင်စီက ဆိုသည်။

ယင်းအပြင် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုများကို ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းနှင့် အတူ ပူးပေါင်းကျူးလွန်ခဲ့ခြင်း၊ ရာထူးလုပ်ပိုင်ခွင့် အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဆက်သွယ်ပေးခြင်း၊ နိုင်ငံခြားငွေနှင့် မြန်မာကျပ်လဲလှယ်ပေးခြင်း၊ လက်ခံရယူခြင်း၊ နိုင်ငံခြားငွေ တရားမဝင်လက်ဝယ်ထားရှိခြင်း စစ်စည်းကမ်းများကို ဖောက်ဖျက်ပြီး အရပ်ဘက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကိုလည်း ကျူးလွန်ခဲ့ကြောင်း စစ်​ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁14👍5
​​ရေဖြူတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ရွာ ၇ ရွာမှ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရ
==================

ကိုရွှေမြိတ်
(မဇ္စျိမ) ။ ။တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်တွင် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက် လူ‌နေကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ဒေသခံများ‌ ဘေးလွတ်ရာထွက်ပြေးတိမ်း‌ရှောင်နေရကြောင်းသိရသည်။

ရေဖြူမြို့နယ်မှ ရပ်တော်မူဘုရားလမ်းဆုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ - DGRF၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့-LLPDF၊ ထားဝယ်နဂါးတပ်ခွဲနှင့် မဟာမိတ်တပ်ဖွဲ့-YPPDFတို့က အောက်တိုဘာလ ၄ ရက်နံနက်တွင် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဒဏ်ရရာရသူများလည်း ရှိ‌ကြောင်း DGRF က အောက်တိုဘာလ ၉ရက်တွင်ထုတ်ပြန်သည်။

တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားက စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီက ရေဖြူမြို့ အနောက်ဖက်ကမ်းမှ စစ်ကြောင်း နှစ်ကြောင်း ခွဲပြီး အင်အား ၁၀၀ ကျော်ဖြင့် ဝင်လာရာ နဘုလယ်၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ၊ ကုန်းသာယာအင်းနှင့် ဝဇွမ်းတော စသည့် ရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

"တောတောင်တွေထဲကို မရှောင်ရဲဘူး။ အခုက စစ်တပ်က အင်အားများတော့ တောနင်းရှာဖွေရင် ဖမ်းဆီး သတ်ဖြတ်ခံရမှာ ကြောက်လို့ နီးစပ်ရာ ရွာနဲ့ မြို့ပေါ်ကို တက်ရှောင်နေရတာ ဖြစ်တယ်”လို့ နဘုလယ်ရွာမှ စစ်ရှောင်တဦးက ပြောသည်။

စစ်ဘေးရှောင်အရေအတွက်ကို မသိရသေးပေ။စစ်ကောင်စီက နေအိမ်အချို့က်ို မီးရှို့ဖျက်ဆီးထားသလို အရပ်သားအချို့ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်းဒေသခံ များကပြောသည်။ လတ်တလောအခြေအနေအရ ရေဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာလာနိုင်၍ ဒေသခံပြည်သူများ စစ်ရေးသတိရှိကြရန် တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတဦးက သတိပေးသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ရေဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာခဲ့ရာ စစ်ကောင်စီခန်းအချို့ တိုက်ခိုက်ခံရသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ယာယီစခန်းနှစ်ခုကိုလည်း စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#ရေဖြူမြို့နယ်
#စစ်ကောင်စီစစ်ကြောင်းထိုး
#ဒေသခံများထွက်ပြေးတိမ်း‌ရှောင်

ပုံ - ရေဖြူမြို့နယ်မှ စစ်ဘေးရှောင်အချို့( ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
👍8🔥4❤1🤬1
ကျိုက်ထိုတွင် ရေဘေးသင့်ပြည်သူ ၈၀၀ နီးပါး အကူအညီလိုအပ်နေ
😢5🔥4👍2
ကျိုက်ထိုတွင် ရေဘေးသင့်ပြည်သူ ၈၀၀ နီးပါး အကူအညီလိုအပ်နေ
====================

YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူ ဦးရေ ၈၀၀ နီးပါးရှိလာပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ ခြောက်ရက်ဆက် မိုးရွာသွန်း၍ တောင်ကျရေစီးဆင်းမှုများကာ ထိုသို့ ရေကြီးရေလျှံလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက္ခမီမြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်တို့တွင် မိုးဆက်တိုက် ရွာသွန်းနေခြင်းဖြစ်သည်။

မိုးရွာသွန်းမှုများသည်နှင့်အမျှ တောင်ကျရေ စီးဆင်းမှု များလာသဖြင့် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ကျိုက်ထိုမြို့နယ် အေးရိပ်ငြိမ်၊ ဇေယျာမွန်ကွက်သစ်တိုးချဲ့၊ မြောက်ပိုင်းတိုးချဲ့၊ ဇေယျာရွှေပြည်နှင့် အောင်ချမ်းသာရပ်ကွက်တို့တွင် နေအိမ်များအထိ ရေဝင်ရောက်လာကာ အဆိုပါ ရပ်ကွက်များမှ ဒေသခံပြည်သူ ၈၀၀ နီးပါး ယာယီကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း ရေဘေးသင့်ပြည်သူများအား ကူညီနေသူတဦးထံက သိရသည်။

အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်၍ အကူအညီပေးနေမှုများ ရှိသော်လည်း ဆေးဝါးကုသမှု၊ အစားအသောက်နှင့် ရေလိုအပ်ချက်များ ရှိနေကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

" အားလုံးပေါင်း ၇၀၀ ကျော် ၈၀၀ နီးနီးရှိတယ်။ အတိအကျတော့ စာရင်းလုပ်ဆဲပဲ။ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်းသုံးခုဖွင့်ထားပါတယ်။ လူက အရမ်းများသွားတော့ လိုအပ်တာလည်း များသွားတဲ့သဘောပေါ့။ တစ်နိုင်တစ်ပိုင် ကူညီကြပေမယ့် မလုံလောက်တာမျိုးပါ။ အဓိကလိုတာကတော့ ဆေးနဲ့ ရေပါပဲ။ အစားအသောက်လည်း လိုပါတယ်" ဟု ရေဘေးသင့်ပြည်သူများအား ကူညီနေသူတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မိုးရွာသွန်းမှု အနည်းငယ်လျော့နည်းခဲ့၍ ရေပြန်ကျနေပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနိုင်ချေရှိ၍ ရေဘေးသင့်ပြည်သူများမှာ နေအိမ်မပြန်နိုင်သေးကြကြောင်း သိရသည်။

" ဒီမှာက နှစ်တိုင်းရေကြီးနေကျပဲလေ။ ဒီနှစ်က တော်တော်ဆိုးဆိုး ရေများတာ။ ပြီးတော့ မိုးဇလက မိုးဆက်ရွာနိုင်ချေရှိသေးတယ်ဆိုပြီး ပြောလာတာ ရှိသေးတော့ မပြန်ရဲကြဘူး။ ရေထရက်နဲ့ တိုးရင်တော့ ပိုဆိုးပြီပဲ" ဟု ရေဘေးသင့်ပြည်သူများအား ကူညီနေသူက ဆက်လက်ပြောဆိုသည်။

ထို့ပြင် မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများကာ အောက်တိုဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ကျိုက်က္ကော်ဈေးအနီးနှင့် ဇင်းကျိုက်မြို့တို့တွင် ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်၌ ရေအနက် နှစ်ပေခွဲအထိ ရေလျှံမှုဖြစ်ပွားခဲ့ခြင်းရှိသည်။
" မနေ့ကနဲ့ တနေ့ကဆို ပေါင်တဝက်အထိ ရောက်တယ်လေ နှစ်ပေခွဲလောက်ပေါ့။ ဒီနေ့တော့ တော်တော်ရေပြန်ကျနေပါပြီ။ မိုးကတော့ ပုံမှန်ပဲ၊ အရမ်းတော့ မရွာတော့ဘူး" ဟု ကျိုက္ကော် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန​၏ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် လာမည့် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းတည့်ချိန်အထိ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။အောင်ကျော်ဖြိုး

#Mizzima
#ရေကြီးရေလျှံ
#မွန်ပြည်နယ်

ပုံအညွှန်း- ရေဘေးသင့်ပြည်သူများအား ကယ်ထုတ်နေစဉ် (ဓါတ်ပုံ- လူမှုကွန်ရက်၊ ပိုသူကူ လိုသူယူ ကျိုက်ထို)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3😱3❤1😢1
- YouTube
Nyd de videoer og den musik, du holder af, upload originalt indhold, og del det hele med venner, familie og verden på YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F27RDivQqF0M&h=AT12aQuOUEnO8gXCuIyFqG_Nib45BFJq__z1OV3esjKtSsWwsgHMtxDl-f28alToLciULlYmRh_FrTTe8IWdZI568ry7FGBti9b_71wIkhqXnw9v6Ee8Le3MAOtGerkC&s=1
👍6
- YouTube
Nyd de videoer og den musik, du holder af, upload originalt indhold, og del det hele med venner, familie og verden på YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F27RDivQqF0M&h=AT0ecQ60Dgp6eRVc9Dczs1Cs3EcUXEfNqVIxxsxxNIYKAmxCf3EqAO49hrijE6yI3sb10GEi9WMpcV_U_Hs1R31dfRAl1Dn0vgdDIoJMvA6BxQ9ZSMXIXH8D03idljj8&s=1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( အောက်တိုဘာလ ၁၁ ရက်၊ ၂၀၂၃ ) | VOA On Mizzima
အစ္စရေးနဲ့ရပ်တည်ကြောင်း အမေရိကန်ပြောဆို၊ စစ်ပွဲအခြေအနေ အစ္စရေးရောက် မြန်မာနဲ့ ဆက်သွယ်မေးမြန်းခန်း၊ ဒီလို...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FJ_3sAREZ6X0&h=AT3C-r_wahPQwIvpzl3tV5H7PTtFlKGeeVmVrsN2hvOY6dOmO16y9MYeayB_BIl_7L-dzhtBS2MdeOAeeEckYoML9lED0pU7xmqvln6rfIm7BAYbXe59GnqzGucPdsOi&s=1
👍2
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FjD6MHDkbsCg&h=AT0AExLil8tBDf5PD4BVDMPh5U0b6V2Lp3Pqoib2d-xY6BQQXJZLt9HCwju0UbxXtfSmy8iWpfFuuKaEeLiotdFYkUnzgg7HibZuBW8JEEKry0by1LsWfG0GAeaXT_96&s=1
👍3🤮2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( အောက်တိုဘာလ ၁၁ ရက်၊ ၂၀၂၃ ) | VOA On Mizzima
အစ္စရေးနဲ့ရပ်တည်ကြောင်း အမေရိကန်ပြောဆို၊ စစ်ပွဲအခြေအနေ အစ္စရေးရောက် မြန်မာနဲ့ ဆက်သွယ်မေးမြန်းခန်း၊ ဒီလို...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FJ_3sAREZ6X0&h=AT3t8WFA02KP0ADBndFTYKTxygCovedpSuw8TwS_pvzgWcQNPV3h2gauSLjbcJeEc8k9j7bhetWv57gMf8icPsZMGFUOeFuAGtCjyU7c7jp1GB_atGcXzcfs9foSFoXp&s=1
👍3😁1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FjD6MHDkbsCg&h=AT2JAp-eSy21drwAzSWs60g2xeBpS43NduSGcHDqy6ld6gi3lztoaLFEst8QCo9ziUw7KIw-2LnGJRQ2sdZhX_mjiQaJmVx3_yZcKFp-Y9H8laE-rBwsig23kQoK-tHU&s=1
👍2😁1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FhywuLFCB82I&h=AT3HUXbjGw1IQ3ogoRjljm_E981yo9ejjvBWdRBIHdgz8hYLfbdVZGE49T0aOiLzwjGuyqBO46PU_1W8EXE2odLD7t3rVIZZ5LIF_F6tafloNx_2x3AFRqK4trvKC6lW&s=1
🤮1