Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဒေးစွန်ပါသာသနာ့နယ်မြေအား KNU ၊ PDF များဖျက်ဆီးဟု စစ်ကောင်စီထောက်ခံသူများ သတင်းမှားဖြန့်
==================

JC

(မဇ္ဈိမ)။ ။ပဲခူးမြို့နယ်၊ ၀မ်းဘဲအင်းကျေးရွာ၊ ဒေးစွန်ပါသာသနာ့နယ်မြေအတွင်းရှိ ဘုရားစေတီနှင့် သာသနိကအဆောက်အဦးများအား KNU ၊ PDF များမှ ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီထောက်ခံသူများ ဖြန့်ဝေနေကြသည်။ ယင်းမှာ မှားယွင်းနေသည်။

စစ်ကောင်စီထောက်ခံသူ “Sandi Myint Aung” တယ်လီဂရမ်ချန်နယ်တွင် အောက်တိုဘာလ ၅ ရက်နေ့ က “ခွက်ခေါက်ဖို့ လုပ်ကွက်ပြစရာ သာသနာတော်ကလွဲပြီး မရှိကြတော့လို့လားကွာ” ဟုဆိုကာ ဒေးစွန်ပါ ဘုရားစေတီနှင့် အဆောက်အဦးများအား KNU နှင့် PDF များမှ ဖျက်ဆီးသွားခဲ့ကြောင်း ဖော်ပြထားသည်။ 

ယင်းအကြောင်းအရာကို စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များဖြစ်သည့် မှိုင်းဝေ၊ တပ် ကြပ်ကြီးဖိုးစည်၊ Ko Thet စသည့်ချန်နယ်များအပါအဝင် အခြားတယ်လီဂရမ်ချန်နယ် ၁၆ ခုမှ ပြန်လည် ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၇၀,၀၀၀ ကျော်ရှိသည်။

ဖေ့စ်ဘုတ်တွင်လည်း “ပြောလို့တောင်မဆုံးသေးဘူး KNU+PDF အကြမ်းဖက်သမားတွေ ဖျက်ဆီးသွားပြန် ပြီ” ဟုဆိုကာ ဒေးစွန်ပါဘုရားအား KNU နှင့် PDF များမှ ဖျက်ဆီးသွားကြောင်း စစ်ကောင်စီထောက်ခံသူ များမှ ဖြန့်ဝေထားကြသည်။

ထို့ပြင် အောက်တိုဘာလ ဒုတိယအပတ်မှစ၍ ပဲခူးမြို့ရေကြီးရခြင်းသည် ဒေးစွန်ပါဘုရား ဖျက်ဆီးခံရခြင်း နှင့်ဆက်စပ်နေကြောင်း ဖြန့်ဝေမှုများလည်း ရှိသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက ထိုအကြောင်းအရာအားစိစစ်ပြီး ဒေသခံများအား မေးမြန်ခဲ့ရာ ဖြစ်စဉ်အမှန်နှင့် လွဲမှားနေကြောင်း တွေ့ရသည်။

ခလရ(၉၀)မှ ဗိုလ်ကြီးသန့်ဇင်ဦးဆိုသူက ဒေးစွန်ပါဘုရားအတွင်း PDF များ ခိုအောင်းနေနိုင်သည်ဟု သတင်းလွှင့်ကာ ဘုရားအဆောက်အဦးများကိုဖျက်ဆီးပြီး ရရှိသည့် စတီးချောင်းများ၊ သံချောင်းများ၊ သွပ် မိုးနှင့် အုတ်များအား ပြန်လည်ရောင်းချနေကြောင်း Ayeyarwaddy Times သတင်းဌာနမှ အောက်တိုဘာ လ ၄ ရက်နေ့တွင် သတင်းဖော်ပြထားသည်။
လင့် https://tinyurl.com/3562nmfw

အလားတူ မြေလတ်အသံသတင်းဌာနတွင်လည်း ဗိုလ်ကြီးသန့်ဇင်ဦး ခေါင်းဆောင်သောအဖွဲ့သည် ဒေးစွန် ပါဘုရားစေတီနှင့် အဆောက်အဦးများအားဖျက်ဆီးကာ ကျောင်းအတွင်း သီတင်းသုံးနေသည့် ဆရာတော် များကိုလည်း နှင်ထုတ်ခဲ့ကြောင်း အောက်တိုဘာလ ၅ ရက်နေ့တွင် သတင်းဖော်ပြထားသည်။
လင့် https://tinyurl.com/yft3xn2f

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူမှ ဒေသခံတဦးအား မေးမြန်းခဲ့ရာတွင်လည်း ဒေးစွန်ပါဘုရားနှင့် အဆောက်အဦးကိုဖျက်ဆီးသူများမှာ KNU၊ PDF များမဟုတ်ဘဲ စစ်ကောင်စီ၏ ခလရ(၉၀)မှ ဗိုလ်ကြီး သန့်ဇင်ဦးနှင့်အဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစတင်ကာ ဒေးစွန်ပါဘုရားအတွင်းရှိ အဆောက်အဦးများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောသည်။

“စစ်ကောင်စီတပ်က ဖျက်တာ။ လွန်ခဲ့တဲ့ ရက် ၂၀ လောက်က ဖျက်တာ။ သူတို့လူယုံတော်နဲ့ ဗိုလ်ကြီး သန့်ဇင်ဦးတို့ ပေါင်းပြီးလုပ်တာ။ ပစ္စည်းတွေဘာတွေ ယူတာတောင်မှ လာယူခိုင်းတဲ့ရက်အတွင်းယူရတာ” ဟု ဒေသခံတဦးကမဇ္ဈိမကို ပြောသည်။

ထို့ကြောင့် ပဲခူး ဒေးစွန်ပါသာသနာ့နယ်မြေအတွင်းရှိ ဘုရားစေတီနှင့် သာသနိကအဆောက်အဦးများအား ဖျက်ဆီးသူများမှာ KNU ၊ PDF များမဟုတ်ဘဲ စစ်ကောင်စီ၏ ခလရ(၉၀)မှ ဗိုလ်ကြီးသန့်ဇင်ဦးနှင့်အဖွဲ့မှ ဖျက်ဆီးခြင်းဖြစ်ပြီး ဖြစ်စဉ်အမှန်ကိုအခြေခံကာ အကြောင်းအရာကိုပြန်ပြောင်းဖြန့်ဝေထားသည့် သတင်း အမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁4🤬2❤1
​​Mizzima needs your support! 

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ 
👉 https://bit.ly/2VhJ12U 

For more information- https://donate.mizzima.com/mm/ 

#supportmizzima
👍4😁1🤮1
ဂါဇာရှိ ဟားမတ်စ်တို့ကို လုံးလုံးလျားလျား ချေမှုန်းဖျက်ဆီးပစ်မည်ဟု အစ္စရေး ကြုံးဝါး
ဟားမတ်စ် စစ်သွေးကြွအဖွဲ့၏ ရဲတင်းသော အလစ်အငိုက် တိုက်ခိုက်မှု ဖြစ်ပေါ်ပြီးနောက် အစ္စရေးက ဂါဇာကမ်းမြှောင်ရ.....
https://ift.tt/nUBcRfe
👏3🔥1
အစ္စရေး-ဂါဇာ ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသား ၂၁ ဦး သေဆုံး
အစ္စရေးနှင့် စစ်သွေးကြွအုပ်စု ဟားမတ်စ်ကြားက ပဋိပက္ခအတွင်း၌ သေဆုံးသည့် ထိုင်းနိုင်ငံသား ၂၁ ဦး ရှိပြီဟု ယခင်...
https://ift.tt/l2mIR7u
🔥2
ပါလက်စတိုင်းရှိ အင်ဒိုနီးရှားနိုင်ငံသားများကို အခြေအနေ ပေးသည်နှင့် ကယ်ထုတ်မည်
ဘေးကင်းကင်းနှင့် လုပ်ဆောင်နိုင်ရန် အခြေအနေ ပေးသည်နှင့် ပါလက်စတိုင်းမှ အင်ဒိုနီးရှားနိုင်ငံသားများကို ကယ်...
https://ift.tt/AVXerpO
👍4🔥1😁1
ဆီးရီးယားစစ်တက္ကသိုလ် ကျောင်းဆင်းပွဲအား အမေရိကန်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆိုသော သတ
ဆီးရီးယားစစ်တက္ကသိုလ် ကျောင်းဆင်းပွဲအား အမေရိကန်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆိုသော သတင်း လူမှုကွန်ရက်တ....
https://ift.tt/NPZ5oaF
👍3🔥1👏1
အစ္စရေး-ဂါဇာ ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသား ၂၁ ဦး သေဆုံး
အစ္စရေးနှင့် စစ်သွေးကြွအုပ်စု ဟားမတ်စ်ကြားက ပဋိပက္ခအတွင်း၌ သေဆုံးသည့် ထိုင်းနိုင်ငံသား ၂၁ ဦး ရှိပြီဟု ယခင်...
https://ift.tt/WLOjq4U
👍5🔥2
ပါလက်စတိုင်းရှိ အင်ဒိုနီးရှားနိုင်ငံသားများကို အခြေအနေ ပေးသည်နှင့် ကယ်ထုတ်မည်
ဘေးကင်းကင်းနှင့် လုပ်ဆောင်နိုင်ရန် အခြေအနေ ပေးသည်နှင့် ပါလက်စတိုင်းမှ အင်ဒိုနီးရှားနိုင်ငံသားများကို ကယ်...
https://ift.tt/1JM75lo
😁2👍1
ဆီးရီးယားစစ်တက္ကသိုလ် ကျောင်းဆင်းပွဲအား အမေရိကန်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆိုသော သတ
ဆီးရီးယားစစ်တက္ကသိုလ် ကျောင်းဆင်းပွဲအား အမေရိကန်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆိုသော သတင်း လူမှုကွန်ရက်တ....
https://ift.tt/a57Fc3H
🔥1👏1
အောက်တိုဘာလ( ၁၂ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:58-အောင်မြေသာစံ ရဲစခန်းမှ ရဲတပ်ကြပ် ပစ်သတ်ခံရမှုနဲ့ ဆက်နွယ်ပြီး အမျိုးသား ၅ဦး ဖမ်းဆီးတဲ့သတင်း 02:29-စစ်ကောင်စီ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FNpgGbhwgAvQ&h=AT2I4vj07_TJbCF2pzqyXObrXB8LNeCzS9JW8dgjPTYhJCTzqZzQdc-fyvwp3LaAaHTeLp5uK2xhs0R0vtr1UaVtyyM_10u7vsnf23caAUudH4YIEXIVhqOsHCapL0U-&s=1
🔥2
မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီနှင့် ထပ်မံဆွေးနွေးသွားလိုဟု ဟွန်ဆန် ပြော
ငြိမ်းချမ်းရေး အကျိုးဆောင်ရန်အလို့ငှာ မြန်မာအာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးသွားရန် ဆန္ဒရှိသည်...
https://ift.tt/6J0OLP3
😁4👍1👏1🖕1
​​ဂါဇာရှိ ဟားမတ်စ်တို့ကို လုံးလုံးလျားလျား ချေမှုန်းဖျက်ဆီးပစ်မည်ဟု အစ္စရေး ကြုံးဝါး
===============

ဟားမတ်စ် စစ်သွေးကြွအဖွဲ့၏ ရဲတင်းသော အလစ်အငိုက် တိုက်ခိုက်မှု ဖြစ်ပေါ်ပြီးနောက် အစ္စရေးက ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ် ပစ်မှတ်များကို ငါးရက်ဆက်တိုက်အဖြစ် တိုက်ခိုက်ခဲ့သည်။ ဟားမတ်စ်နှင့် အစ္စရေးအကြား ပြင်းထန်သည့် တိုက်ခိုက်မှုများအတွင်း နှစ်ဖက်စလုံး၌ သေဆုံးသူဦးရေသည် ထောင်ချီအထိ မြင့်တက်လာခဲ့ပြီဖြစ်သည်။ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ကို လုံးလုံးလျားလျား နာလန်မထူနိုင်အောင် ချေမှုန်းသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ကြုံးဝါးပြောဆိုသည်။

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍5❤2👏2🔥1
​​အစ္စရေး-ဂါဇာ ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသား ၂၁ ဦး သေဆုံး
==================

အစ္စရေးနှင့် စစ်သွေးကြွအုပ်စု ဟားမတ်စ်ကြားက ပဋိပက္ခအတွင်း၌ သေဆုံးသည့် ထိုင်းနိုင်ငံသား ၂၁ ဦး ရှိပြီဟု ယခင် သေဆုံးနှုန်း ၂၀ မှ ထပ်တိုးပြီး ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ကြာသပတေးနေ့တွင် ပြောသည်။ 
“မနေ့ညက နောက်ဆုံးစာရင်းကတော့ သတင်းဆိုးပါပဲ၊ ထိုင်းနိုင်ငံသား နောက်တဦး သေဆုံးရပြန်တယ်၊ အရေအတွက်က ၂၁ ဦးအထိ ရှိသွားပြီ”ဟု ၎င်းက ဆိုသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢3🔥2
​​ပါလက်စတိုင်းရှိ အင်ဒိုနီးရှားနိုင်ငံသားများကို အခြေအနေ ပေးသည်နှင့် ကယ်ထုတ်မည် 
===============

ဘေးကင်းကင်းနှင့် လုပ်ဆောင်နိုင်ရန် အခြေအနေ ပေးသည်နှင့် ပါလက်စတိုင်းမှ အင်ဒိုနီးရှားနိုင်ငံသားများကို ကယ်ထုတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ဗုဒ္ဓဟူးနေ့တွင် ပြောပြီး နိုင်ငံသားများ ဘေးကင်းစွာ ပြန်လာနိုင်ရေး ကျိန်းသေရန် အရေးပေါ်အစီအစဉ်များကိုလည်း လုပ်ဆောင်လျက် ရှိနေသည်။ 

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍5😁2🔥1
​​ဆီးရီးယားစစ်တက္ကသိုလ် ကျောင်းဆင်းပွဲအား အမေရိကန်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆိုသော သတင်းမှား
==============

Zz

(မဇ္ဈိမ)။ ။ဆီးရီးယားစစ်တက္ကသိုလ် ကျောင်းဆင်းပွဲအား အမေရိကန်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆိုသော သတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

အောက်တိုဘာလ ၆ ရက်နေ့က Ko Thet တယ်လီဂရမ်ချန်နယ်တွင် “ဆီးရီးယားစစ်တပ် အကယ်ဒမီ ကျောင်းဆင်းပွဲအခမ်းအနားတစ်ခုမှာ ငပွကြီးက ဒုံးကျည်တိုက်ခိုက်လို လူ ၁၀၀ ကျော်သေဆုံးခဲ့” (မူရင်း အရေးအသားအတိုင်း) ဟုဆိုကာ ရုပ်သံဖိုင်တခုနှင့်အတူ ဖြန့်ဝေခဲ့သည်။ အဆိုပါရုပ်သံဖိုင်အား ကြည့်ရှုသူ ၄၀,၀၀၀ ကျော်ရှိခဲ့သည်။ 

ယင်းနောက်တွင် စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များ၌ “အမေရိကန်ငပွကြီးအတွက် ရန်ငြိုးရန်စတွေက တစ်ကမ္ဘာလုံးနဲ့တစ်ယောက်လို ဖြစ်လာနေပါပြီ။ အခုလည်း ဆီးရီးယားစစ်တပ် အကယ်ဒမီ ကျောင်းဆင်းပွဲအခမ်းအနားတစ်ကို အမေရိကန်က ဒုံးကျည်နဲ့တိုက်ခိုက်လို လူ ၁၀၀ ကျော် သေဆုံးမှု ဖြစ်ပွားတဲ့ရုပ်သံ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် အမေရိကန်နိုင်ငံမှာ ၉/၁၁ လိုဖြစ်စဉ်မျိုးတွေ ထပ်မံဖြစ်ပေါ်လာနိုင်ပြီး ဖြစ်ခဲ့ရင်လည်း ဝဋ်လည်တယ်ဟုသာ မှတ်ယူရမှာပဲဖြစ်ပါ တယ်”(မူရင်းအရေးအသားအတိုင်း)ဟု ဆိုကာ အမေရိကန်က ဆီးရီးယား စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ အား ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဟုရေးသားကာ ချန်နယ် ၁၅ ခု မှ ရေးသားဖြန့်ဝေခဲ့ပြီး ဖေ့စ်ဘုတ် တွင်လည်း ပျံ့နှံ့ခဲ့သည်။

 မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ဆီးရီးယားစစ်တက္ကသိုလ် သင်တန်းဆင်းပွဲအား အမေရိကန်မှ ဒုံး ကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ရှိ၊ မရှိ အချက်အလက်စစ်ဆေးခဲ့သည်။ 
CNN သတင်းဌာန၏ အောက်တိုဘာ ၆ ရက်နေ့က သတင်းဖော်ပြမှု၌ ဆီးရီးယားစစ်တက္ကသိုလ် သင်တန်း ဆင်းပွဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုတွင် လူပေါင်း ၈၉ ဦးသေဆုံးကာ ၃၀၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း ဖော် ပြထားသည်။ 

သတင်းတွင် ဒရုန်းဖြင့်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံခြင်း မရှိကြသည့်အပြင် ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနကလည်း “နိုင်ငံတကာမိတ်ဖက်အချို့၏ အကူ အညီရထားသည့် အကြမ်းဖက်အဖွဲ့”ဟုသာ သုံးနှုန်းထားကြောင်း ရေးသားဖော်ပြထားပြီး အမေရိကန်က တိုက်ခိုက်သည်ဟု ရေးသားထားခြင်းမျိုးမရှိပေ။ 
လင့် - https://shorturl.at/jsTZ4 

ထို့ပြင် BBC သတင်းဌာနကလည်း ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနသုံးနှုန်းထားသည့်အတိုင်း သုံးနှုန်း ခဲ့ပြီး အမေရိကန်နိုင်ငံကပြုလုပ်သည်ဟု ရေးသားထားခြင်း မရှိပေ။ 
လင့် - https://tinyurl.com/ysph9rfb 

ထို့ကြောင့် ဆီးရီးယားစစ်တက္ကသိုလ် သင်တန်းဆင်းပွဲအား အမေရိကန်က ဒုံးကျည်ဖြင့်တိုက်ခိုက်သည်ဆို သောသတင်းမှာ မှားယွင်းပြီး တိုက်ခိုက်ခဲ့သည့်အဖွဲ့အစည်းကို ယနေ့အချိန်ထိ သိရခြင်း မရှိသေးပေ။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1😁1