Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Star Next Door
================

"ပရိသတ်ကြီးရေ ဒီတစ်ခေါက်ကတော့ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် Star Nextdoor ဆိုတဲ့ Comedy/Drama ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

ဟန်ဟေးမီဆိုသူကတော့ ကိုရီးယားမှာသာမက အာရှမှာပါထိပ်တန်းကြယ်ပွင့်အဖြစ် ရပ်တည်နေတဲ့ နာမည်ကြီးမင်းသမီးတစ်လက်ပါ ရုပ်ရည် ခန္ဓာကိုယ်ဘာမှအဖြစ်ပြောစရာမရှိတဲ့ ဒီမင်းသမီးမှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ် ဒါကတော့ ကလေးအမေဆိုတာပါပဲ

ဆယ်ကျော်သက်အရွယ်ရောက်နေတဲ့ ဟန်ဆိုအွန်းဟာ ငယ်စဉ်ဘဝကတည်းက မိခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာတွေ နွေးထွေးမှုတွေကို မရခဲ့ပါဘူး အဖွားဖြစ်သူနဲ့ အထီးကျန်စွာကြီးပြင်းလာရပြီး သူငယ်ချင်းတွေကိုသာ တွယ်တာနေရသူပါ သူငယ်ချင်းတွေလို မိခင်ဖြစ်သူကို အမေလို့ လွတ်လွတ်လပ်လပ်ခေါ်ချင်ပေမဲ့
ကျောင်းပွဲတွေမှာ အမေဖြစ်သူကိုလာစေချင်ပေမဲ့ လူသိခံလို့မဖြစ်တဲ့ အကြောင်းအရာတွေကြောင့် သိုသိပ်စွာ နေထိုင်နေရတဲ့သူပါ
နာမည်ကျော်မင်းသမီးတစ်လက်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဟာ ဘယ်လောက်ထိကြာရှည်ခံနိုင်မလဲ သမီးဖြစ်သူရဲ့ခံစားချက်တွေကရော ဘယ်အချိန်မှာ ဘယ်လိုပေါက်ကွဲလာမလဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦး"

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+HD Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

ပြသမည့်ရက်။ ။12.10.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​ချင်းနှစ်သစ်ကူးပွဲကို ဆုတောင်းပွဲသာပြုလုပ်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် အသိပေး
======================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်အတွင် ၎င်းတို့ထိန်းချုပ်ထားသောနယ်မြေများတွင် ချင်းနှစ်သစ်ကူး(ကောက်သစ် စား)ပွဲကို ပျော်ရွှင်ပွဲများမပါဘဲ ဝတ်ပြုဆုတောင်းပွဲသာပြုလုပ်ကြရန် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) က အောက်တိုဘာလ ၁၀ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

နှစ်စဥ်ကျင်းပမြဲဖြစ်သော ချင်းနှစ်သစ်ကူးကို ယခုနှစ်တွင် ချင်းလူမျိုးများနေထိုင်သည့် ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့သဖြင့် နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံများ စစ်ဘေးရှောင်နေရသောကြောင့် ၎င်းအခြေအနေများကို မျှဝေခံစားသည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများမပြု လုပ်ရန် အသိပေးခြင်းဖြစ်သည်။

“အခုအသိပေးတာကတော့ CNO/CNDF စိုးမိုးနယ်မြေအကုန်လုံးပါတယ်။ ဦးဆောင်ကျင်းပမဲ့ အဖွဲ့တွေကို အသိပေးစာ ပို့ပေးထားတာပါ” ဟု CNO/CNDF တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။
အောက်တိုဘာလ ၇ ရက်မှ ၁၀ ရက်နေ့အထိ ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးပြီးနောက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ မြေးအဖွားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး လေးဦးပျောက်ဆုံးနေကြောင်းသိရသည်။

ချင်းလူမျိုးများသည် နှစ်စဥ် တောင်ယာရိတ်သိမ်းပြီးနောက် ကောက်သစ်ပေါ်ချိန်တွင် ရိုးရာယဥ်ကျေးမှု အဆိုအက ပျော်ပွဲရွှင်ပွဲများဖြင့် ကောက်သစ်စားပွဲ(သို့) ချင်းနှစ်သစ်ကူးကို ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ချင်းပြည်နယ် (ဖလမ်းမြို့နယ်) ၊ ချင်းပြည်နယ်ပြင်ပ (ကလေး ၊ ကဘော်) နှင့် နိုင်ငံတကာမှ ချင်းလူမျိုးများတွေ့ဆုံ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းအမျိုးသားများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းသော လူ့ဘောင်တည်ဆောက်ရေးအတွက် CRPH ၊ NUG ၊ တိုင်းရင်းသား နိုင်ငံရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ ချင်းနိုင်ငံရေးအစုအဖွဲ့များနှင့် လက်တွဲပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် CNO/CNDF မှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

#ချင်းပြည်နယ်
#ချင်းအမျိုးသားအဖွဲ့ချုပ်
#ချင်းနှစ်သစ်ကူးပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍15🔥2❤1
World Cup 2026: Asia qualifiers - 1st Round

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် (ပထမအဆင့်ရလဒ်)

မြန်မာ ၅-၁ မကာအို

မော်လ်ဒိုက် ၁-၁ ဘဂ်လားဒေ့ရှ်

တရုတ်တိုင်ပေ ၄-၁ တီမော

နီပေါ ၁-၁ လာအို

စင်ကာပူ ၂-၁ ဂူအမ်

ကမ္ဘောဒီးယား ဝ-၀ ပါကစ္စတန်

အင်ဒိုနီးရှား ၆-၀ ဘရူးနိုင်း

ဟောင်ကောင် ၄-၀ ဘူတန်

Photos: AFC
👍10
Euro Qualification Group D ပွဲစဉ်ရလဒ်များ
=============

Latvia  2  -  0  Armenia

Croatia  0  -  1  Turkey

#EURO
#Footballnews
Photo - Twitter
👍5