Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုန်လိုင်ခက်ရွာကို စစ်ကောင်တပ်က လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်
မုန်လိုင်ခက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ည ၈ နာရီခန့်မှ စတင်ကာ လက်ရှိ သတင်းရေးသားနေသည့် ည ၁၁ နာရီ ၅၇ မိနစ် ....
https://ift.tt/E4DCybM
🤬16👍6😁2😱1
မုန်လိုင်ခက်ရွာကို စစ်ကောင်တပ်က လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်
မုန်လိုင်ခက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ည ၈ နာရီခန့်မှ စတင်ကာ လက်ရှိ သတင်းရေးသားနေသည့် ည ၁၁ နာရီ ၅၇ မိနစ် ....
https://ift.tt/SzWFaKm
🤬10😱6👍3😁2❤1
​​မုန်လိုင်ခက်ရွာကို စစ်ကောင်တပ်က လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်
=====================

အဂမ်
(မဇ္ဈိမ) ။ ။ မုန်လိုင်ခက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ည ၈ နာရီခန့်မှ စတင်ကာ လက်ရှိ သတင်းရေးသားနေသည့် ည ၁၁ နာရီ ၅၇ မိနစ် အချိန် ထိ လက်နက်ကြီးဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ဌာချုပ်အနီးရှိ မုန်လိုင်ခက်ကျေးရွာအနီးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံ လေးချက်ထက်မနည်းကြားရပြီး နေရာအတိအကျနှင့် ထိခိုက်ပျက်စီးမှုများကို မသိရှိရသေးကြောင်း KIA သတင်းရင်းမြစ်အချို့က မဇ္ဈိမကို အတည်ပြုသည်။

" ခုဏတုန်းက လက်နက်ကြီးတွေ ပစ်နေတာတော့ ဟုတ်တယ်။ မိုးမောက်ဘက်က အခုညဖြစ်နေတဲ့ တိုက်ပွဲမှာ သူတို့အထိနာလို့ ဒီဘက်ကို ထပ်ပစ်တဲ့သဘောနေမှာ။ အခုက တနေ့ကဖြစ်ရပ်ကြောင့် အားလုံးလိုလို ခ ဏရှောင်နေရတော့ ဘယ်မှာကွဲလည်း မသိရသေးဘူး" ဟု မုန်လိုင်ခက် ကျေးရွာ ဒေသခံ တဦးကပြောသည်။

မဇ္ဓျိမ၏မြေပြင်သတင်းအဖွဲ့သည် ခယာဘွမ်ရှိ စစ်ကောင်စီတပ်စခန်းမှ မုန်လိုင်ခက် ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိရသော်လည်း အသေးစိတ်အချက်အလက်များကို ထပ်မံအတည်ပြုနေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် လိုင်ဇာ - တရုတ်နယ်စပ်ဂိတ် ဝင်ပေါက်တွင်လည်း တရုတ်ရဲများက တိုက်ပွဲဝင် ဝတ်စုံပြည့်ဖြင့် အသင့်အနေအထား နေရာယူထားသည်ကို လူမှုကွန်ရက်ပေါ်တက်လာသည့် ဗီဒီယိုများအရ တွေ့ရသည်။

စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်အခွဲ ဗန်းမော် -မြစ်ကြီးနားလမ်းပိုင်းရှိ လိုင်လွမ်အောင်ဂျာကျေးရွာအနီးတစ်ဝိုက်အား ယနေ့ညနေပိုင်းက တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တွင် နှစ်ဖက်တပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွာနေတယ်လို့ KIA သတင်းရင်း မြစ်များက အတည်ပြုထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မုန်လိုင်ခက်ကျေးရွာမှ အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် လူပေါင်း ၂၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၅၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နောက်ပိုင်း လိုင်ဇာအနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်း ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မုန်လိုင်ခက်
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🤬11😁3❤1🔥1
ခြေစမ်းပွဲမှာ အနိုင်ရရှိခဲ့တဲ့ အင်္ဂလန်
=====================

England 1 - 0 Australia (FT)

Watkins 57'
👍3