တောင်သာထွေ/အုပ်ရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲမှူး ဗုံးစထိမှန်ဒဏ်ရာရ
=======================
007
(မဇ္ဈိမ) ။ ။ တောင်သာမြို့နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ထွေ/အုပ်ရုံး ဗုံးဖြင့် တိုက်ခိုက်ခံရပြီး မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးတို့၊ ဗုံးစထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေးတိုင်း ၊ တောင်သာမြို့နယ် ၊ တန်းမြင့်ကျောင်းရပ်ကွက်ရှိ တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အတွင်း အစည်းအဝေးပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ထွေ/အုပ်ရုံးထဲဗုံးကျတယ်။ အဲဒါကို စကစတွေ က လာစစ်တယ်။ အဲဒီအချိန်မှာ နောက်ထပ် ဗုံးနှစ်လုံးထပ်ကျပြီး ပေါက်ကွဲတာ ရဲမှူးနဲ့ နယ်ပိုင်ကြီး(မြို့နယ်ထွေ/အုပ်ဦးစီးမှူး)၊ နှစ်ယောက်စလုံးဗုံးစမှန်တယ်။ မစိုးရိမ်ရပါဘူး။ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ မဟုတ်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။
ရုံးဝင်းအနီး Drop Bomb နှစ်လုံး ကျရောက်ပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့နှင့်တာဝန်ရှိသူများအား နောက်ထပ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းက သိရသည်။
မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသည့် ဌာန သတင်းများကဆိုသည်။
ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှ ပုလဲ၊ ဘုတလင် ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်၊ ကရင်ပြည်နယ်မှ ကမောင်းမြို့နယ်နှင့် ပဲခူးတိုင်းမှ ပဲခူးနှင့် ကျောက်ကြီးမြို့နယ်၊ မကွေးတိုင်းမှ ရေစကြိုနှင့် မြိုင်မြို့နယ်၊ မွန်ပြည်နယ် ပေါင်မြို့နယ်၊ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်တို့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး(ထွေ/အုပ်) များကို ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#တောင်သာမြို့နယ်
#ထွေအုပ်ရုံး
#ပြည်တွင်းသတင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👏8👍5❤3😁2
KNU တပ်မဟာ(၆)နယ်မြေတွင် ၁ လအတွင်း တိုက်ပွဲ ၅၁ ကြိမ်ဖြစ်ပွား
======================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တွင် တလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၅၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ၅၁ ကြိမ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လအတွင်း KNU တပ်မဟာ (၆) နယ်မြေ၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ဖြစ်သည်။
“ တပ်မဟာ (၆)အတွင်းသို့ အာဏာသိမ်း စစ်ကောင်စီတပ်များမှ အင်အားဖြည့်တင်း၍ နယ်မြေကျူးကျော် စစ်ကြောင်းများ ထိုးလာသည်နှင့်အမျှ KNLA၊ KNDO၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှလည်း ၎င်းတို့အား စီးနင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်း စသည်များ နေ့စဥ်နှင့်အမျှ လုပ်ဆောင်လျက်ရှိသည်" ဟု KNU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်၌ ခရိုင်ရဲအုပ်မှူးတဦး၊ ရတ ခလရ (၁၇၅) ယာယီ တပ်ရင်းမှူးတဦး၊ ရဲအုပ်တဦး၊ ထွေအုပ်အကြီးတန်းစာရေးတဦး၊ တပ်ကြပ်တဦး၊ တပ်ခွဲအရာခံဗိုလ်တဦး နှင့် တပ်ခွဲ ဒု-အရာခံဗိုလ်တဦး အပါအဝင် ၇၉ ဦး သေဆုံးခဲ့ပြီး ခရိုင် ဒု-ရဲမှူးနှစ်ဦး၊ ရဲ ဒု-တပ်ကြပ်သုံးဦး၊ ဒုရဲအုပ်သုံးဦး နှင့် ရဲတပ်သားနှစ်ဦး အပါအဝင် ၄၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း KNU က ဆိုသည်။
စက်တင်ဘာလ တိုက်ပွဲများအတွင်း KNLA၊ KNDO၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း နှစ်ဦး ကျဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့ပြင် KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များသည် ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြည်သူ၏နေအိမ်အား ဝင်ရောက် ဖျက်ဆီးပြီး ဒေသခံများ၏ ပစ္စည်းများကို ယူဆောင်ခြင်း၊ ဒေသခံများနေထိုင်ရာ ကျေးရွာများအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိကြောင်း ဆိုသည်။
စစ်ကောင်စီတပ်၏ အရပ်သားပစ်မှတ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တိုက်ပွဲများကြောင့် KNU တပ်မဟာ (၆) နယ်မြေတွင် စစ်ဘေးရှောင်ပြည်သူ ၁၂၉,၉၆၉ ဦး ရှိကြောင်း KNU ဗဟိုထံက သိရသည်။
ပုံအညွှန်း - KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KNU
#တိုက်ပွဲ
#လူ့အခွင့်အရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U

👍8👏8❤1🔥1🤯1
ကော့ကရိတ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ကျောင်းသူ သေဆုံး၊ ၃ ဦး ဒဏ်ရာရ
========================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အ.လ.က (၃) စာသင်ကျောင်းရှေ့တွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကျောင်းသူတဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။
နေ့လယ်ကျောင်းဆင်းချိန်တွင် အ.လ.က (၃) ဝင်းကြီးကျောင်းရှေ့၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ ကျောင်းရှေ့တွင် ရှိနေသည့် ကျောင်းသူများကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"လက်နက်ကြီး လာကျမှပဲ ကျမှန်းသိတာ၊ ဘယ်တပ်က ပစ်လဲတော့ သေချာမပြောတတ်ဘူး။ ပုံမှန် လှိုင်ဝနဲ့ ခလရ (၉၇) က ရမ်းထုနေကျဆိုတော့ အဲ့ဒီတပ်တွေကပဲဖြစ်မယ်" ဟု ကော့ကရိတ်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။
လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသည့် ကျောင်းသူမှာ လေးတန်းကျောင်းသူ မမိုးအေးဖြစ်ပြီး ဒဏ်ရာရသူများမှာ မစုရင်အေး၊ မခူခူဖောနှင့် ပထမတန်းကျောင်းသူ မဝေဝေနှင်းတို့ဖြစ်ကာ မစုရင်အေးနှင့် မဝေဝေနှင်းတို့ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
"ဒဏ်ရာရတဲ့အထဲက ကလေးနှစ်ယောက်ကတော့ အခု ဘားအံဆေးရုံမှာ" ဟု ကော့ကရိတ်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ ဖြစ်ရပ် မဖြစ်ပွားမီ ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်နှင့် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ခလရ (၉၇) တပ်ဝင်းထဲသို့ တော်လှန်ရေးအင်အားစုများက လက်နက်ကြီးဖြင့် နှစ်ကြိမ် သွားရောက်ပစ်ခတ်ခဲ့ခြင်းရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
"ကလေးတစ်ယောက်သေသွားတယ်လို့ကြားတယ်။ ခလရ (၉၇) က ပစ်တာ၊ သူတို့ကိုပစ်လို့ သူတို့ဘက်က ရမ်းသန်း ပြန်ပစ်တာ" ဟု အဆိုပါ တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ခလရ (၉၇) နှင့် လှိုင်ဝ အမြောက်တပ်မှ စစ်ကောင်စီတပ်သားများသည် လူထုနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက် ညပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ ခလရ (၉၇)တပ် ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်၊ မြို့တော်ဦးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဓါတ်ပုံ- ဒဏ်ရာရ ကျောင်းသူတစ်ဦး (ဓါတ်ပုံ- SBM)
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#လက်နက်ကြီးပစ်ခတ်မှု

🤬9😢2👍1😁1
အိန္ဒိယက အာဖဂန်နစ္စတန်တွင် ဖွံ့ဖြိုးရေးအကူအညီနှင့် စီမံကိန်းများ ပြန်လည်စတင်
========================
အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာပြန်ရလာပြီးနောက် လုပ်ပိုင်ခွင့်အာဏာ အပြောင်း အလဲများကြောင့် တစ်ကမ္ဘာလုံးက ရင်တမမဖြင့် စောင့်ကြည့်ခဲ့ရပြီး နိုင်ငံနှင့်ပြည်သူများအတွက် မသေချာ မရေရာမှုနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
တာလီဘန်များ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လသည် နိုင်ငံ၏သမိုင်းအတွက် အရေးပါသည့် အခိုက်အတန့်တစ်ခု ဖြစ်သည်။ အဆိုပါအခြေအနေသည် ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံကိုပါ တုန်လှုပ် သွားစေခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာပြန်ရလာပြီးနောက် လုပ်ပိုင်ခွင့်အာဏာ အပြောင်း အလဲများကြောင့် တစ်ကမ္ဘာလုံးက ရင်တမမဖြင့် စောင့်ကြည့်ခဲ့ရပြီး နိုင်ငံနှင့်ပြည်သူများအတွက် မသေချာ မရေရာမှုနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
တာလီဘန်များ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လသည် နိုင်ငံ၏သမိုင်းအတွက် အရေးပါသည့် အခိုက်အတန့်တစ်ခု ဖြစ်သည်။ အဆိုပါအခြေအနေသည် ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံကိုပါ တုန်လှုပ် သွားစေခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2🔥1
Pakistanis rally in Lahore in support of Palestine
Protesters hold up banners and flags as they attend a rally in support of Palestine, organised by an Islamist political party. "We are ...
https://www.youtube.com/watch?v=kGWmolVpeIc

YouTube
Pakistanis rally in Lahore in support of Palestine
Protesters hold up banners and flags as they attend a rally in support of Palestine, organised by an Islamist political party.
"We are here as accomplices to the people of Gaza and in support of them," says Zainab Syed, who attended the rally.
--------…

👍6🔥1
NCA (၈) နှစ်ပြည့်ပွဲကို ဘယ်အဖွဲ့တွေ တက်မလဲ
ဂျူချန်း (မဇ္ဈိမ)။ ။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ...
https://www.youtube.com/watch?v=rrJf2sXVg3I

ဂျူချန်း (မဇ္ဈိမ)။ ။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်မှာ စစ်ကောင်စီက အောက်တိုဘာလ ၁၅ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီအခမ်းအနားကို ဘယ်အဖွဲ့တွေ…
ဒီအခမ်းအနားကို ဘယ်အဖွဲ့တွေ…
😁7
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ဒေသခံ ၁ဝဝဝဝ ထက်မနည်းတိန်းရှောင်နေရ (ရုပ
KMN (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ အောက်တိုဘာလဆန်းကစပြီး စစ်ကောင်စီတပ်က စစ်ကြေ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FCnLoyRoe-r8&h=AT0QYvrJJbBjW1dGEjgCDwFvF1ve9ajWVBOhNwVG30d3K2n4wIyL_9_OpkZPWZU8iVDmnxPiwbhF9EeFzwGs40kTXN0LFS47PRAiv1xwgBo5Zk5A04u329ltV9FBMX-5&s=1

🔥3👍1😁1🤬1
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ဒေသခံ ၁ဝဝဝဝ ထက်မနည်းတိန်းရှောင်နေရ (ရုပ်၊သံ)
KMN (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ ...
https://www.youtube.com/watch?v=CnLoyRoe-r8

KMN (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ အောက်တိုဘာလဆန်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒီကနေ့ အထိ ကျေးရွာ ဒေသခံ ဦးရေ ၁ဝ,ဝဝဝ ထက်မနည်းတိမ်းရှောင်နေရတယ်လို့ ပုလဲဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀…
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀…
👍2🔥2😢2😁1🤬1
ပုဇွန်ပဲကြာဇံပေါင်း နဲ့ နာနတ်သီးထမင်းကြော် | Chef Eve's Easy Thai Cooking Show | Episode - 29
ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ပုဇွန်ပဲကြာဇံပေါင်း နဲ့ ...
https://www.youtube.com/watch?v=ilzVJx-fy8s

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ပုဇွန်ပဲကြာဇံပေါင်း နဲ့ နာနတ်သီးထမင်းကြော် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ
ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို…

👍4🤮1
အစ္စရေးရောက် မြန်မာ ၁ ဦး ပြောပြတဲ့ အစ္စရေး- ဟားမတ်စ် စစ်ပွဲ
ရွှေနွယ် (မဇ္စျိမ) ။ ။ ဂါဇာကမ်းမြောင်ဒေသမှာ ပြီးခဲ့တဲ့ ...
https://www.youtube.com/watch?v=koUgRzgedv8

ရွှေနွယ် (မဇ္စျိမ) ။ ။ ဂါဇာကမ်းမြောင်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က သဲကန္တာရအတွင်း Nova ဂီတပွဲတော်ကျင်းပနေစဥ် ဟားမတ်စ်အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
ဝေဟင်ကရော မြေပြင်ကပါ ဝင်ရောက်တ်ိုက်ခိုက်ခဲ့မှုကြောင့် ဂီတပွဲတော်မှာရောက်ရှိနေတဲ့ အစ္စရေး…

👍3🤮1🍌1
ရေလယ်ကျွန်းဒေသက ကာကွယ်ရေးတပ်စခန်း ၂ ခု စီးနင်းခံရ (ရုပ်/သံ)
MTO (မဇ္စျိမ)။ ။မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို ...
https://www.youtube.com/watch?v=XwNl27671Cc

MTO (မဇ္စျိမ)။ ။မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၁၀ ရက်နေ့ကစပြီး စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေပါတယ်။
အဲဒီလို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ဒေသတွင်း…

👏3👍1🔥1
အောက်တိုဘာလ (၁၄) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့........................ အာဏာရှင်စနစ်ခေါင်းမထောင်နိုင်အောင် ...
https://www.youtube.com/watch?v=XMJinwup_nA

ဒီကနေ့ညမှာတော့........................
အာဏာရှင်စနစ်ခေါင်းမထောင်နိုင်အောင် အပြီးသတ်ရှင်းလင်းမယ့် နောက်ဆုံးတိုက်ပွဲလို့ ပြည်သူတွေကို NUG ယာယီသမ္မတ ပြောကြားလိုက်တဲ့သတင်း
NCA ၈ နှစ်ပြည့် ဘယ်သူတွေတက်မလဲဆိုတဲ့အကြောင်းသတင်းလွှာ
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊…

👍3🔥1
Weekend News Roundup | 14 October 2023
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ...
https://www.youtube.com/watch?v=OOK1_MQPtrw

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
-လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှုကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိတဲ့သတင်း…

👍6🔥1🌭1
အညာရှေ့တန်း စစ်မျက်နှာနဲ့ ထောက်ပို့ | ချစ်သောအညာမြေ Episode-26 #shorts #reels
အညာရှေ့တန်း စစ်မျက်နှာနဲ့ ထောက်ပို့ | ချစ်သောအညာမြေ Episode-26 Watch more ...
https://www.youtube.com/watch?v=E5siQ7b9SfM

အညာရှေ့တန်း စစ်မျက်နှာနဲ့ ထောက်ပို့ | ချစ်သောအညာမြေ Episode-26
Watch more detail -https://youtu.be/YdnWH8ODdYI
#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

👍5🔥1
အညာရှေ့တန်း စစ်မျက်နှာနဲ့ ထောက်ပို့ | ချစ်သောအညာမြေ Episode-26
လက်ရှိ အညာဒေသရှေ့တန်း စစ်မျက်နှာတွေမှာ စိန်ခေါ်မှုတွေ၊
https://www.youtube.com/watch?v=YdnWH8ODdYI

လက်ရှိ အညာဒေသရှေ့တန်း စစ်မျက်နှာတွေမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဘာတွေကြုံနေကြရပါသလဲ၊ ထောက်ပို့အခြေအနေက အရင်ကထက်စာရင် ယေဘူယျအားဖြင့် ကျဆင်းသွားတာမျိုး ရှိပါသလား၊ တကယ်လို့ ထောက်ပို့တွေက ကျသွားတာမျိုးရှိနိုင်မလား၊ ထောက်ပို့ပိုင်းမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့…
👍5🔥1😁1
မြင်းခြံတွင် UBP ပါတီဝင်ဟောင်း အမျိုးသမီး သတ်ဖြတ်ခံရ
======================
007
(မဇ္ဈိမ) ။ ။ မြင်းခြံမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀နာရီခွဲခန့်က UBP ပါတီဝင်ဟောင်း အမျိုးသမီးတဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။
အသတ်ခံရသူသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောင်းကုန်းကျေးရွာနေသူ ဒေါ်လှလှဟန်ဆိုသူဖြစ်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဖွဲ့စည်းသည့်အချိန်မှ ဖျက်သိမ်းသည်အထိ မြို့နယ်အဆင့်ပါတီဝင်တဦးဖြစ်ခဲ့ကြောင်း သိရသည်။
“သတင်းပေးဒလန်တွေ အရှင်မထားဘူး ဆိုပြီး အိမ်ထဲအထိ ဝင်သတ်သွားတာ။ အရီးလှက အရင်က ဦးရွှေမန်း ပါတီမှာ မြို့နယ်အဆင့်ပါတီဝင်တဦးပေါ့။ သူ စစ်တပ်သတင်းပေးလုပ်နေတာကို PDF တွေကသိလို့ မကြာခဏ သတိပေးခံရတယ်။ ဆက်လုပ်နေလို့သတ်သွားတာ” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် မြင်းခြံမြို့ခံ သတင်းရင်းမြစ်တဦးကပြောသည်။
၎င်းသည် နေအိမ်အတွင်း မိသားစုနှင့်အတူရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာသော သေနတ်သမားငါးဦးက သေနတ်ဖြင့်လေးချက်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“နဖူးဖောက်ဝင်ဒဏ်ရာနဲ့ပွဲချင်းပြီးသေတာ” ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတဦးကပြောသည်။
အဆိုပါပစ်ခတ်သတ်ဖြတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားကြောင်း မသိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းများက ဆိုသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စု ဇီးဖြူပင်ကျေးရွာတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်ကလည်း UBP ပါတီ ရပ်/ကျေးဥက္ကဋ္ဌ ဦးသန်းထွန်း( အသက် ၈၀ နှစ်) အသတ်ခံခဲ့ရပြီး နိုဝင်ဘာလ ၉ ရက်ကလည်း ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့မှ UBP ပါတီ တိုင်းလွှတ်တော်အမတ်လောင်း ဦးဘချစ် ( အသက် ၅၀ နှစ်) သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ သည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (Union Betterment Party )ပါတီသည် စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဦးဆောင်သောပါတီဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်သောတွေ့ဆုံပွဲများသို့ ပုံမှန်တက်ရောက်ခဲ့သည်။
ထို့နောက် ယမန်နှစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြင်းခြံ
#UBP
ပုံအညွှန်း မြင်းခြံမြို့အဝင်ဆိုင်းဘုတ်ဖြစ်ပါသည်(ဓာတ်ပုံ- CJ)

👍9❤6
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄အောက်တိုဘာ၂၀၂၃)
====================
စစ်ကောင်စီသည် နိုင်ငံခြားငွေဒေါ်လာ အလွန်အမင်းလိုအပ်နေသည့်အတွက် ပြည်ပရောက် မြန်မာ လုပ်သားများကို အမျိုးမျိုးမက်လုံးများဖြင့် အခွန်ဆောင်ချင်လာအောင် စွဲဆောင်နေသော်လည်း ပြင်ပ ငွေလဲနှုန်းပေါက်ဈေးအတိုင်းမရရှိခြင်း အခွန်ထပ်မံဆောင်ခိုင်းခြင်းများကြောင့် မြန်မာလုပ်သား အများစု မှာ စိတ်ဝင်စားမှုမရှိနိုင်ပေ။သို့ရာတွင် ဂွင်ရိုက်ကာ ကားသွင်းမည့်သူများပေါ်လာကာ အခွန်ဆောင်သည့် မှောင်ခိုဈေးကွက်ပေါ်လာနိုင်ဖွယ်ရှိနေသည်။ .

😁6👍4❤2🤮2
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးမှာ ကိုယ်ကျိုးစီးပွား အခြေပြု နိုင်ငံရေးအသုံးချမှု သက်သက်သာ ဖြစ်သည်ဟု NUG ယာယီသမ္မတပြော
===========================
မဇ္ဈိမ
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးမှာ ကိုယ်ကျိုးစီးပွား အခြေပြု နိုင်ငံရေးအသုံးချမှု သက်သက်သာ ဖြစ်သည်ဟု NUG ယာယီသမ္မတက ပြောသည်။
" ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါမချန် အရပ်သားပြည်သူ တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီထံကနေ စေတနာမှန်တဲ့ ငြိမ်ချမ်းရေးဆိုတာ ဘယ်တော့မှ ရလာမှာ မဟုတ်ပါဘူး" ဟု ၎င်းကပြောသည်။
အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁၅ ရက်တွင် NCA ရှစ်နှစ်ပြည့် အခမ်းအနားလုပ်ရန် ကြံရွယ်နေကြောင်း၊ စစ်အာဏာ သိမ်းပြီးနောက်တွင် NCA မှာ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။
" အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မရယူဖို့ ကြိုးစားစဉ်ကတည်းက NCA စာချုပ်ဟာ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်ပါတယ်။ NCA စာချုပ်ချုပ် ဆိုခဲ့တဲ့ KNU, CNF , ABSDF တို့ကိုယ်တိုင် ပျက်ပြယ်ပြီးဖြစ်ကြောင်း ပြည်သူလူထု တရပ်လုံးကို အသိပေးထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိ NCA အခြေခံမူတွေကို လေးစားမှုမရှိ၊ ချိုးဖျက်ခဲ့ပြီးကာမှ NCA နှစ်ပတ်လည် လုပ်မယ်ဆိုတာ အင်မတန်မှ မျက်နှာပြောင်တိုက်ရာ ကျပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။နိုင်ငံတကာအသိုင်း အဝိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အကြမ်းဖက် စစ်ခေါင်းဆောင်က ကျင်းပပြုလုပ်မယ့် NCA (၈) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုချီးမြှင့်မှုမည့် အချိန်မဟုတ်ပါဘူး။ ဒီအချိန်ဟာ NCA နှင့် ပတ်သက်ပြီး အောင်ပွဲခံ အခမ်းအနား လုပ်ရမည့် အချိန်မဟုတ်ဘူး၊ ဒီအချိန်ဟာ ဖြစ်ပျက်မှုများ ပြန်လည်သုံးသပ်ရမဲ့ အချိန်ဖြစ်ပါတယ် " ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ထို့ပြင်စစ်ကောင်စီမှာ စစ်ရာဇ၀တ်မှုများကို ဆက်တိုက်ကျုးလွန် နေပြီး အနီးစပ်ဆုံး ဖြစ်စဉ်မှာ လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ဗုံး ကြဲတိုက်ခိုက်မှုဟု ၎င်းကပြောသည်။
"ဒါဟာ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး လူသားမျိုးနွယ် အပေါ် စစ်ရာဇဝတ်မှု ထပ်မံ ကျူးလွန်လိုက်တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ၂ လသားကလေးငယ်အပါအဝင် ကလေးသူငယ် (၁၃) ဦး သေဆုံးခဲ့ရပါ တယ်။ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူပေါင်း(၃၀)အထိ ထိခိုက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရသူ (၅၇) ဦးကျော်ထိရှိပါတယ်။ ဆုံးရှုံးသွားတဲ့ အသက်တွေအတွက်၊ ပြိုကွဲသွားတဲ့ မိသားစုတွေအတွက်၊ ထိခိုက်နာကျင်ရတဲ့ ဘဝတွေအတွက် တရားမျှတမှု မဖြစ်မနေ ပြန်ယူဆောင် ပေးရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အားလုံး အတူတကွ ကြိုးစားသွားကြရပါမယ်" ဟု ယာယီသမ္မတက ပြောသည်။
နိုင်ငံတကာမိတ်ဆွေများလည်း စစ်ကောင်စီကို ဆက်လက်ဖယ်ကျဉ် ထားရန်နှင့် NUG အနေနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်အတူ လက်တွဲကာ နောက်ဆုံးတိုက်ပွဲကို အောင်နိုင်သည်အထိ ကြိုးစားသွားမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

👍22❤6👏3😁2🤮1
This media is not supported in your browser
VIEW IN TELEGRAM
အညာရှေ့တန်း စစ်မျက်နှာနဲ့ ထောက်ပို့ | ချစ်သောအညာမြေ Episode-26
Watch more detail -https://youtu.be/YdnWH8ODdYI
#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
Watch more detail -https://youtu.be/YdnWH8ODdYI
#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
👍16🍌2
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

❤8🤮2👍1👎1😁1