Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၂၁,ဝဝဝ ကျော်ရှိဟု ဒေါနတနင်္သာရီ ထုတ်ပြန်
🔥3😢3😁1
တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၂၁,ဝဝဝ ကျော်ရှိဟု ဒေါနတနင်္သာရီ ထုတ်ပြန်
=================

ကိုရွှေမြိတ်

(မဇ္ဈိမ)။    ။ တနင်္သာရီတိုင်းတွင် စက်တင်ဘာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၂၁,ဝဝဝ ကျော်ရှိသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၁၄ရက်က ထုတ်ပြန်သည်။

“တိုက်ပွဲတွေကြောင့် ယာယီစစ်ဘေးရှောင်ကြရတဲ့ စစ်ဘေးရှောင်ဦးရေကိုပါ ထည့်တွက်ထားတာပါ။ အခုချိန်မှာတော့ စစ်ကြောင်းထိုးမှု၊ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့တဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ နေရပ်ပြန်နေကြပါပြီ”ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှတာဝန်ရှိသူ ကိုယွန်းနသန်က ပြောသည်။

မြေပြင်အခြေအနေများ၊ သတင်းဌာနတို့မှ ရရှိသော အချက်အလက်များနှင့် ၂ဝ၁၄ သန်းခေါင်စာရင်းတို့ အပေါ် အခြေခံ၍ စုစည်း တွက်ချက်ထားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တနင်္သာရီဒေသ တခုလုံးအတွင်း စက်တင်ဘာလတွင် မြေပြင်ရှိ စစ်ဘေးရှောင် ဦးရေ ၅ဝ,ဝဝဝ နီးပါးခန့် ရှိခဲ့ပြီး စက်တင်ဘာလနောက်ဆုံးပတ်အထိ မြေပြင် စစ်ဘေးရှောင် ဦးရေ ၂၁,ဝဝဝ ကျော် ကျန်ရှိနေဆဲ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“စစ်ဘေးရှောင်တွေ အတွက်ကတော့ စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေ ရှိနေတုန်းပါ”ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထားဝယ်ဒေသ၊ အရှေ့တောနယ်တွင် စစ်ဘေးရှောင် ၂,ဝဝဝ ကျော်၊ ရေဖြူမြို့နယ်တွင် ၅,ဝဝဝ ကျော်၊ သရက်ချောင်းမြို့နယ်တွင် ၈,ဝဝဝ ခန့်နှင့် လောင်းလုံး မြို့နယ်တွင် ၆,၅ဝဝ ခန့်ရှိသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် အချို့သော ဒေသများ၌ ပြန်လည်ငြိမ်သက်မှုများ ရှိနေ၍ နေရပ်ပြန်သွားကြသူများရှိပြီး အမြဲတမ်းစစ်ရှောင် ၂၁၀၀၀ ကျော်ကျန်ရှိနေဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင် ၂၁၀၀၀ ကျော်ထဲမှ အများစုသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေနှင့် PDF တပ်ဖွဲ့များ၏ စိုးမိုးနယ်မြေများတွင် ခိုလှုံနေရကြောင်း ကိုယွန်းနသန်က ဆိုသည်။

စစ်ဘေးရှောင်များသည် ရာသီအကူးအပြောင်း ကာလကြောင့် ဆောင်းရာသီ အစပိုင်းတွင် ရာသီတုပ်ကွေး ဖြစ်ပွားခြင်း၊ ဖျားနာခြင်း စသည့်ရောဂါများ ယခုထက်ပိုပြီး ဖြစ်ပွားလာနိုင်ခြေရှိကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူများထံက သိရသည်။

အချို့သောလမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့က ဆေးဝါးများ သယ်ယူခွင့် တားဆီးပိတ်ပင်ခြင်းများရှိနေ၍ စစ်ရှောင်များအတွက် ကျန်းမာရေးကူညီပေးရန် အခက်အခဲရှိနေသည်ဟု ကူညီပေးနေသူများက ဆိုသည်။

ပုံအညွှန်း- တနင်္သာရီတိုင်းမှ စစ်ဘေးရှောင်များ

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း
#စစ်ဘေးရှောင်
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8😢5👍1🔥1😁1
​​မန်ယူအသင်းအား ဝယ်ယူရန် ကမ်းလှမ်းမှုကို ကာတာမှ ရှိတ်ဂျာဆင် ရုပ်သိမ်း
=================

By PKThawn

ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင် ဘင်ဟာမက် အယ်သာနီဟာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းမှုကို ရုပ်သိမ်းလိုက်ပြီလို့ BBC သတင်းဌာနက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။

ရွေးချယ်စရာတွေထဲမှ တခုဖြစ်တဲ့ အပြည့်အဝရောင်းချခြင်းအပါအဝင် "ကလပ်ရဲ့ တိုးတက်ကြီးထွားမှုကို မြှင့်တင်ဖို့အတွက် ဗျူဟာမြောက်ရွေးချယ်စရာတွေ"ကို ရှာဖွေနေကြောင်း ယူနိုက်တက်က လွန်ခဲ့တဲ့တစ်နှစ်နီးပါးက ကြေညာခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာ အကြိမ်များစွာ ကမ်းလှမ်းပြီးနောက် ရှိတ်ဂျာဆင်နဲ့ ဗြိတိန်ဘီလျံနာ ဂျင်မ် ရက်ကလစ်ဖ်တို့ဟာ ဦးဆောင်သူတွေဖြစ်ကြပါတယ်။ ဒါပေမယ့် လက်ရှိပိုင်ရှင်တွေအပေါ် ပရိသတ်ရဲ့ ဒေါသဖြစ်လင့်ကစား ဂလေဇာမိသားစုက မကြာသေးခင်လတွေအတွင်း ဒီလုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ်ဟာ အခုအခါ ကလပ်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၅ ဘီလီယံ (ဒေါ်လာ ၁.၇ ဘီလီယံ)ဝန်းကျင်ဖြင့် ရယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဂလေဇာတို့ဟာ ၂၀၀၅ မှာ စတာလင်ပေါင် သန်း ၇၉၀ (ဒေါ်လာ ၉၆၁ သန်း) ဖြင့် လွှဲပြောင်းရယူခဲ့ပြီးကတည်းက အင်္ဂလိပ်ဘီလူးကြီးတွေကို ပိုင်ဆိုင်ထားခဲ့ကာ ကလပ်အသင်းကို အကြွေးများစွာတင်စေခဲ့ပါတယ်။

မတ်လက ကိန်းဂဏန်းတွေအရ ယူနိုက်တက်ရဲ့ အကြွေးဟာ ပေါင် သန်း ၉၇၀ အထိ တိုးလာကြောင်း ပြသခဲ့ပါတယ်။

ရှိတ်ဂျာဆင်ရဲ့ ကမ်းလှမ်းမှုဟာ ယူတိုက်တက်ကို အပြည့်အဝထိန်းချုပ်ဖို့ဖြစ်ပြီး ကလပ်ရဲ့ ချေးယူမှုတွေကို ရှင်းပေးဖို့ ကတိပြုခဲ့ပါတယ်။

သူ့ရဲ့ ကမ်းလှမ်းမှုဟာ ပေါင် ၅ ဘီလီယံ တန်ကြေးရှိတယ်လို့ BBC က ဖော်ပြခဲ့ပေမယ့် ယခုသီတင်းပတ်မှာ နောက်ထပ် ဆွေးနွေးမှုတွေ ပျက်ပြားသွားခဲ့ပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် ရက်ကလစ်ဖ်ဟာ ဂလေဇာရဲ့ ပေါင် ၆ ဘီလီယံတောင်းဆိုတဲ့ ဈေးနှုန်းနဲ့ ပတ်သက်လို့ သောင်တင်ရေမကျဖြစ်မှုကို ချိုးဖျက်ဖို့ အသေးစားအစုရှယ်ယာတစ်ခုကို ဝယ်လိုကြောင်း သိရပါတယ်။

ရေနံဓာတုပစ္စည်းကုမ္ပဏီကြီး Ineos ကို တည်ထောင်သူ ရက်ကလစ်ဖ်ဟာ ငယ်ကတည်းက ယူနိုက်တက် ပရိသတ်တစ်ဦးဖြစ်ပြီး အားကစားဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ အစုစုကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

Ineos ဟာ ပြင်သစ်ကလပ် နိုက်နဲ့ ဆွစ်ဇာလန်ကလပ် Lausanne-Sport တို့အပြင် စက်ဘီးစီးအသင်း Ineos Grenadiers ကို ဦးဆောင်ကာ Mercedes Formula One အဖွဲ့ရဲ့ အဓိကစပွန်ဆာလည်းဖြစ်ပါတယ်။

ဂလေဇာတွေရဲ့ ပိုင်ဆိုင်မှုသက်တမ်းအောက်မှာ ယူနိုက်တက်ရဲ့ ကံကြမ္မာတွေကလည်း ကွင်းတွင်းမှာ မှေးမှိန်သွားပြီဖြစ်ပါတယ်။

နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်ဟာ ၂၀၁၃ မှာ အနားယူခဲ့ပြီးနောက်ပိုင်း သရဲနီတို့ဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၀၈ မှာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးရရှိခဲ့ပါတယ်။

သူတို့ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် (၁၀) နေရာမှာ ရပ်တည်နေပြီး ကလပ်အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် သူ့တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ် (၂) ပွဲစလုံးကို ရှုံးနိမ့်ထားပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ယူနိုက်တက်ရဲ့ အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းအတွက်လည်း ပရိသတ်တွေ စိတ်ပျက်နေကြရပါတယ်။

အိုးထရက်ဖို့ဒ်ဟာ အင်္ဂလန်ရှိ အကြီးဆုံးကလပ်ဘောလုံးကွင်းအဖြစ် ဆက်လက်တည်ရှိနေပေမယ့်လည်း သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့အပြိုင် အဆောက်အဦတွေမှာ လိုက်လျောညီထွေဖြစ်စေဖို့အတွက် သိသာထင်ရှားတဲ့ ပြန်လည်ပြင်ဆင်မှုတွေ လိုအပ်နေပါတယ်။

ယူကေနဲ့ အိုင်ယာလန်တို့ရဲ့ ယူရို ၂၀၂၈ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းမှု အောင်မြင်တာကြောင့် မန်ချက်စတာစီးတီးရဲ့ အီးတီးဟတ်ကွင်းကို ဦးစားပေးပြီး ယူနိုက်တက်ရဲ့ အိမ်ကွင်းကို လျစ်လျူရှုထားလိုက်ပါတယ်။

၂၀၀၈ မှာ အဘူဒါဘီရဲ့ မိသားစုအဖွဲ့ဝင် ရှိတ်မန်ဆော်မှ လွှဲပြောင်းရယူပြီးနောက်ပိုင်း လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ စီးတီးရဲ့ ကံကြမ္မာတွေဟာ ပြောင်းလဲသွားခဲ့ပါတယ်။

ဆော်ဒီရဲ့ အချုပ်အခြာအာဏာ ကြွယ်ဝမှုရန်ပုံငွေကြေးမှလည်း နယူးကာဆယ်မှာ ထိန်းချုပ်ထားတဲ့ အစုရှယ်ယာတစ်ခုကို ၂၀၂၁ မှာ ဝယ်ယူခဲ့ပါတယ်။

ဒါပေမယ့် ကာတာဝန်ကြီးချုပ်ဟောင်းတစ်ဦးရဲ့ သားဖြစ်သူ ရှိတ်ဂျာဆင်ရဲ့ ကမ်းလှမ်းမှုဟာ ပရီးမီးယားလိဂ်မှာ နိုင်ငံ့သြဇာလွှမ်းမိုးမှု ကြီးထွားလာမှု အလားလာအပေါ် စိုးရိမ်ပူပန်မှုဖြစ်စေခဲ့ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က သူတို့တွေ "နောက်ထပ် sportswashing အတွက် အခွင့်အရေး မပေးမိ"ဖို့ ပရီးမီးယားလိဂ် ပိုင်ဆိုင်မှု စည်းမျဉ်းတွေကို သေချာ တင်းကျပ်ဖို့ တောင်းဆိုထားပါတယ်။

(AFP)

Photo: EPA

#manchesterunited #SheikhJassim #မန်ယူ #ရှိတ်ဂျာဆင် #မန်ချက်စတာယူနိုက်တက် #Glazers #Mizzima
👍14😁1
​​Mizzima needs your support! 

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ 
👉 https://bit.ly/2VhJ12U 

For more information- https://donate.mizzima.com/mm/ 

#supportmizzima
👍4😁1🤮1
​​သာစည်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ
===============

007

(မဇ္ဈိမ) ။ ။ သာစည်မြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်က ကျေးရွာခွဲ အုပ်ချုပ်ရေးမှူးတဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ အလည်ကန်ကျေးရွာအုပ်စု ၊ သန်းတောကျေးရွာတွင်၊ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူ ဦးကျောက်ခဲ (အသက် ၅၈ နှစ်) သည် ၎င်း၏ လယ်တောမှ နေအိမ်သို့ပြန်လာစဉ် နေအိမ်အနီးတွင် သေနတ် အတို၊အရှည်များ ကိုင်ဆောင်ထားသည့် လူခုနစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက အတည်ပြုသည်။ 

“လူခုနစ်ယောက်လောက်က သေနတ်တွေနဲ့ ဝိုင်းပစ်ပြီး ထွက်ပြေးသွားတာ။ ဦးကျောက်ခဲက လယ်တောကနေ အိမ်ပြန်အလာကို စောင့်ပစ်သွားကြတာလို့ပြောတယ်။ ပွဲချင်းပြီး သေတာပါ” ဟု မိတ္ထီလာမြို့ခံ အမည်မဖော်လိုသူ သတင်းရင်းမြစ်ကပြောသည်။

ဦးကျောက်ခဲတွင် ကျည်ထိမှန်ဒဏ်ရာ ငါးချက် ထက်မနည်းရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း၊ ၎င်းသည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး၊ စစ်တပ် ထောက်ခံသူကျေးရွာခွဲအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

“တပ်မတော်(မူရင်းအတိုင်း)ထောက်ခံပွဲလုပ်ရင် သူက လူစုပေးတဲ့ အလုပ်ကို တတ်တတ်ကြွကြွလုပ်ပေးတတ် သူပါ” ဟု သေဆုံးသူနှင့် နီးစပ်သူတဦးက ပြောသည်။

ထိုပစ်ခတ်မှုကို မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

မိတ္ထီလာခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊ သုံးဒေါင့်အိုင်ကျေးရွာမှ ကြံ့ခိုင်ရေး ပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထီလာ နှင့် ကျေးရွာခွဲတာဝန်ခံ ဦးနေမင်းထွန်း သတ်ဖြတ်ခံခဲ့ရသေးသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီဝင် ၁,၃၀၀ ကျော် အသတ်ခံထားရသည့်အတွက် ပါတီဝင်များအနေဖြင့် လုံခြုံရေး ဂရုပြုရန် ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော အာဏာသိမ်းအပြီး အသတ်ခံရသည့် ပါတီဝင်များကို ဂုဏ်ပြုသည့် မော်ကွန်း အထိမ်းအမှတ် ကျောက်တိုက်ဖွင့်ပွဲတွင် ပါတီဥက္ကဋ္ဌဟောင်းဦးသန်းဌေးက ပြောခဲ့သည်။

ထို့နောက်ပိုင်းတွင် ပါတီဝင်များ ပစ်ခတ်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိတော့ပေ။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် NLD ပါတီကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ပုံအညွှန်း၀ သာစည်မြို့အဝင်ဆိုင်းဘုတ်
(ဓာတ်ပုံ- CJ)

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ကြံ့ခိုင်ရေးပါတီ
#ကျေးရွာအုပ်ချုပ်ရေးမှူး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥2🥴2
ဗိုလ်ဒါဘောပြောတဲ့ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကို အာခံပုံ | Frontline Report (Ep-02)
===========

(မဇ္ဈိမ)။ ။ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ်စခန်းတွေကို စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူနေ တာ အခုဆို ကျောက်မိုင်းဒေသ၊ လက်ခတ်တောင်ဒေသတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်တွေ အခြေနေမလှတဲ့အတွက် သူ့တို့ရဲ့ခြေကုတ်စခန်းတွေ မကျဆုံး ဖို့ လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေရပါတယ်။ ဖျက်အားပြင်း ကလပ်စတာဗုံး တွေ၊ ပေါင် ၅၀၀၊ ပေါင် ၁,၀၀၀ ဗုံးတွေ အသုံးပြုနေတဲ့အတွက် အရပ်သားထိခိုက် သေဆုံးတာတွေ၊ လူနေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေ အများအပြား ပျက်စီးနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုအဖြစ် ဘယ်လို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါသလဲ။ လေကြောင်းတိုက်ခိုက်မှုက မြေပြင် တော်လှန်ရေးတပ်ဖွဲ့တွေကို အမှန်တကယ် ခြိမ်းခြောက်နိုင်သလား။ ဒီအခြေနေနဲ့ ပတ်သက်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်း ထိန်းချုပ် ထားတဲ့ ရှေ့တန်းနယ်မြေကို မဇ္ဈိမသတင်းထောက် ဟန်ထူးဇော်က သွားရောက် ရိုက်ကူးတင်ဆက်ထားပါတယ်။

ရိုက်ကူး၊ တည်းဖြတ်၊ တင်ဆက် - ဟန်ထူးဇော်

https://youtu.be/S9sQFDsnD5I?si=jkL5Gei-D9K-L74v

#frontlinereport
#mizzimatv
#လေကြောင်းတိုက်ခိုက်
#ကော်ဘရာစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13👏7🔥1😁1
Myanmar's junta blocked roads and deployed heavy security in the military-built capital Naypyidaw on Sunday to mark the anniversary of a 2015 rebel ceasefire that its critics say is now defunct. Over a dozen rebel groups have fought Myanmar's military for decades over autonomy and control of lucrative resources, but ten had signed a Nationwide Ceasefire Agreement (NCA). Photos: AFP
👍2👏1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ အောက်တိုဘာ၂၀၂၃)
=================

အမျိုးသားညီညွတ်ရေးအစိုးရ

မွန်ပြည်နယ်၊ ရေးမြိုနယ်အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွင် ရန်သူ အင်အား (၁၀၀) ထပ်တိုးစုဝေးဆိုသည့် မြေပြင်သတင်း အတိအကျရရှိခဲ့တာကြောင့် ဒေါနစစ် ကြောင်းနှင့် မဟာမိတ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ် များကိုမီးရှို့နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ်အကူညီများ လိုအပ်နေ ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်းစာနာ ထောက်ထားရေး ဌာနမှ သိရသည်။

စစ်ကောင်စီတပ်သားများ ယုံကြည်ချက်မဲ့စွာ တိုက်နေရချိန် ရန်သူ့အားနည်းချက်ကို သုံးသပ်ပြီး တော်လှန်ရေး အရှိန်မြှင့်ဖို့ အမျိုးသားညီညတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်ကျောင်းဝင်းအနီး ဖက်ဒရယ်စမ်းရေ အိမ်ရာမြေကွက်များသည် တစ်ပတ်အတွင်း ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်ဖိုး ရောင်းချခဲ့ရကြောင်း The End of Dictatorship က ထုတ်ပြန်ထားသည်။
👍11❤1🔥1😁1
​​"Believer"
===========

ကိုရီးယားရဲ့ မူးယစ်‌ဈေးကွက်ကို ချုပ်ကိုင်ထားတဲ့ ဘိန်းဘုရင် "မစ္စတာလီ" ...

ဘယ်သူဘယ်ဝါဆိုတာ လူလုံးမပြဘဲ နောက်ကွယ်ကနေသာ လှုပ်ရှားတတ်တဲ့ မစ္စတာလီကို လက်ရဖမ်းဆီးဖို့ ကြိုးစားနေတဲ့ မူးယစ်နှိမ်နင်းအဖွဲက "အဖွဲမှူးဝန်ဟို"
မစ္စတာလီရဲ့ ‌အပေးအယူ ကိစ္စတွေမှာ ဆက်သွယ်ရေး တာဝန်ယူထားတဲ့ "ဆောယောင်ရာ" ...

ဘိန်းဖြူစက်ရုံ ပေါက်ကွဲမှုဖြစ်စဉ်မှာ မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး၊ ဒါဟာ မစ္စတာလီရဲ့ လက်ချက်လို့ သိလိုက်ရချိန်မှာပဲ အဖွဲမှူးဝန်ဟိုနဲ့ ပူးပေါင်းဖို့ သူ ဆုံးဖြတ်လိုက်တယ်။

ဆောယောင်ရာကို အဖွဲမှူးဝန်ဟို ယုံကြည်လို့ ရပါ့မလား၊ ဆောယောင်ရာရဲ့ ရည်ရွယ်ချက်နဲ့ အတိတ်ဇာတ်ကြောင်း၊ ပြီးတော့ မစ္စတာလီအစစ်က ဘယ်သူလဲ...

နောက်ကွယ်မှာ မြှုပ်ကွက်ပေါင်းများစွာနဲ့ ဒီဇာတ်ကားလေးကို ချစ်ပရိသတ်ကြီးက ရှုစားအားပေးဖို့ မမေ့ပါနဲ့နော်။
ဒီဇာတ်ကားလေးကို Mizzima+ Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ 15.10.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍4😁3🔥1
​​ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၇၀,၀၀၀ အထိရှိလာ
==================

001
(မဇ္စျိမ)။ ။ အာဏာသိမ်းကာလနှစ်နှစ်ခွဲကျော်အတွင်း တိုက်ပွဲများကြောင့် ကရင်နီ ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၇၀,၀၀၀ အထိရှိလာပြီး စားနပ်ရိက္ခာအကြပ်အတည်းများ ကြုံတွေ့နေရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ခန့်ကစ၍ ဖရူဆိုမြို့နယ်ရှိ ကေးလျားအုပ်စုမှ ငါးရွာခန့်၊ ဒိုးပရယ်အုပ်စုမှ ငါးရွာခန့်နှင့် IDP Campအချို့၊ တော်ခူအုပ်စုမှ အနည်းဆုံး သုံးရွာ တို့မှ စစ်ဘေးရှောင်လူဦးရေ ၁၀,၀၀၀ ဝန်းကျင်ထပ်တိုးလာကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး( ၂ )ကိုဗညားကပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အကြပ်အတည်းများဖြစ်လာပြီး အခြားတဖက်တွင်လည်း ဆေးဝါး၊ အမိုးအကာ စသည့်လိုအပ်ချက်များရှိနေကြောင်း သိရသည်။

စားနပ်ရိက္ခာအခြေအနေနှင့် ပတ်သက်ပြီး ကိုဗညားက”ကျွန်တော်တို့ဆို အခုနောက်ပိုင်းစားနပ်ရိက္ခာပေးတာတောင် အရေးပေါ်လောက်ပဲ ပေးနိုင်တော့တယ်ပေါ့နော်။ အရေးပေါ် ဆိုတာက စခန်းကော်မတီတွေကနေ ဒါကတော့ အရေးပေါ် လုံးဝကို အခြေအနေမကောင်းတော့ဘူး ။ တယောက်ကို တပြည်နှုန်းနဲ့ ပေးရတဲ့အရေးပေါ်ပေါ့။ စခန်းတခုလုံးကို ခြုံငုံပေးတာမဟုတ်ဘဲ အရေးပေါ်ပေးရတဲ့ ပုံစံတွေပိုများလာတာပေါ့။ အကြိမ်ရေတွေပိုတွေ့လာတယ်။ စခန်းတော်တော်များကတောင်းဆိုလာတယ်။ အဲ့တာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ စားနပ်ရိက္ခာကြပ်တည်းလာတယ်လို့တောင် လုံးဝ ပြနေတာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် တပတ်အတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းများတွင် ဖျားနာသူများ တိုးလာကြောင်းလည်း သိရသည်။

"တခါ တခါရွှေ့ပြီဆိုရင်တော့ ရှိနေပြီးသား ဆေးရုံ ဆေးခန်းတွေ ဖျက်လိုက်ရတာပေါ့။ နောက်ပြီး ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့သူတွေကလည်း ပြန့်သွားတယ်။ အဲ့တာကြောင့် စစ်ရှောင်စခန်း အသစ်မှာဆိုရင် ကျန်းမာရေးဆိုင်ရာ တောထဲတောင်ထဲမှာလည်း တချို့သွားခိုနေတဲ့အတွက် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေတော့ ကြုံတွေ့နေရတယ်"ဟု ၎င်းကပြောသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းကတည်းက ကရင်နီ ပြည်နယ်ရှိ အဓိကလမ်းများ ပိတ်ဆို့ခံထားရသည့်အတွက် ရှမ်း-ကယားနယ်စပ်တလျှောက်ရှိကျေးရွာများရှိ ဒေသခံများအနေဖြင့် လူမှုကယ်ဆယ်ရေးပစ္စည်းပြတ်လပ်မှုများ ကြုံတွေ့နေရသကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်များလည်း အဟန့်အတားဖြစ်နေကြောင်း UN OCHA Myanmar က ပြီးခဲ့သည့် ရက်ပိုင်းကထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြားတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်ပြီး နှစ်နှစ်ခွဲကျော်အတွင်း တိုက်ပွဲအကြိမ်ရေ ၈၂၀ ကျော်ဖြစ်ပွားခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPFက အောက်တိုဘာလ ၁ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ကရင်နီပြည်နယ်တခုလုံးတွင် လူဦးရေ စုစုပေါင်း ၃၉၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

ပုံအညွှန်း - ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်အချို့အား ယခုလအတွင်း တွေ့ရစဥ် (ဓာတ်ပုံ- ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် )
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကရင်နီ
#စစ်ရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢17👍6🔥1😁1