Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက် ဆန္ဒပြ
👍7😁2
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက် ဆန္ဒပြ
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ပွဲကို အောက်တိုဘာလ ၁၆ ရက်ယနေ့တွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယနေ့ချီတက်ပွဲတွင် အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် လူ ၂၉ဦး သေဆုံးခဲ့သည့် ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ ၊ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်း ဖြစ်ရပ်အတွက် ဝမ်းနည်းရကြောင်း ပြသခဲ့ကြသည်။

ထို့ပြင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်အထိတိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း ရွာပေါင်း စုံသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးတော်လှန်ရေး ရဲဘော် များကို အလေးပြုခဲ့ကြသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယနေ့ဆန္ဒပြမှုသည် ရွာပေါင်းစုံ သပိတ် စစ်ကြောင်း၏ ရက်ပေါင်း ၉၃၇ ရက်မြောက် ဆန္ဒပြမှု ဖြစ်သည်။

#ဆန္ဒပြ
#စစ်အာဏာရှင်
#Mizzima

ပုံအညွှန်း - ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ်မြင်ကွင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍3🤮1
​​ကမ္ဘောဒီးယား၌ တရုတ်ငွေကြေးထောက်ပံ့သည့် လေဆိပ် လုပ်ငန်းများစတင်လည်ပတ်
======================

ကမ္ဘောဒီးယားတွင် ဒေါ်လာ ဘီလီယံနှင့်ချီ တရုတ်ငွေကြေးပံ့ပိုးသော လေဆိပ်တခုသည် အောက်တိုဘာ ၁၆ ရက်က လုပ်ငန်းများ စတင်လည်ပတ်ခဲ့ပြီး ယင်းက အရေးပါသော ခရီးသွား ကဏ္ဍကို ရှင်သန်တိုးတက်စေလိမ့်မည်ဟု ဒေသတာဝန်ရှိသူများက မျှော်လင့်လျက်ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤2😁1
​​ရပ်စောက်တွင် ပရဟိတလုပ်ငန်းများဆောင်ရွက်သည့် ဆရာတော်ကို စစ်ကောင်စီကဖမ်းဆီးသွားပြီး နောက် အဆက်အသွယ်မရ
=====================

ရောင်နီ
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပရဟိတလုပ်ငန်းများဆောင်ရွက်နေသည့် ဆရာတော်တပါးကို စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးသွားကာ တလနီးပါးကြာလာသည့်အချိန်အထိ အဆက် အသွယ်မရရှိသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ရပ်စောက်မြို့နယ်၊ အင်တောမြို့နယ်ခွဲ၊ ကျောက်ဂူကျေးရွာရှိ ဥတ္တရာရုံကျောင်းတိုက်မှ ဆရာတော် ဦးတေဝိန်ဒကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“ဆရာတော်က သပိတ်ကာလ လှုပ်ရှားမှုတွေကြောင့် နဂိုတည်းက စောင့်ကြည့်ခံရတဲ့ အထဲမှာပါတယ်။ သူက ပရဟိတတွေလည်းလုပ်တော့ စကစတွေ ရဲတွေနဲ့လည်း ရင်းနှီးတယ်။ အဲဒီနေ့က ပြောပြောဆိုဆို ပုံမှန်ဆက်ဆံရေးနဲ့ခေါ်သွားပြီး ကျောင်းထိုင်ဆရာတော်ကို ဖုန်းဆက်လာတာ။ ဖမ်းသွားပြီဆိုပြီးပြော တယ်။ ဘာအကြောင်းပြချက်ကြောင့် ဖမ်းလည်းဆိုတာကိုတော့ မပြောသွားဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသည့် ဆရာတော်ဦးတေဝိန်ဒသည် သက်တော် ၄၀ ၊ ဝါတော် ၂၀ ရှိပြီး ကျောက်ဂူကျေးရွာရှိ မေတ္တာမွန်လူမှုကူညီရေးအသင်းနှင့် သွေးလှုရှင်အသင်းကို ဦးဆောင်ဖွဲ့စည်းကာ ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ ပရဟိတလုပ်ငန်းများလုပ်ကိုင်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး ရပ်ရွာအတွင်း သြဇာလွှမ်းမိုးမှုရှိသည့်ဆရာတော်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မသိရသော်လည်း ရပ်စောက်မြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ထားကာ ရိုက်နှက်စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“ရပ်စောက်ရဲစခန်းမှာ ဖမ်းထားတယ်။ ရဲကစစ်လိုက် ဝင်ရိုက်လိုက်၊ စကစက စစ်လိုက် ဝင်ရိုက်လိုက် အဲဒီလိုတွေ တောက်လျှောက်လုပ်နေတယ်လို့ သိရတယ်။ တွေ့ခွင့်ကတော့ လုံးဝမရသေးဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးထားသည်မှာ တလနီးပါးကြာမြင့်လာပြီဖြစ်၍ ဆရာတော် ၏ကျန်းမာရေးအခြေအနေနှင့် အသက်အန္တရာယ်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။
“PDF နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရတာလို့လည်း ပြောကြတယ်။ ဒါပေမယ့် အဲဒီလို ပတ်သက်တယ်ဆိုတဲ့ အထောက်အထားမျိုး ဦးဇင်းဆီမှာ မရှိပါဘူး။ ရွာနဲ့လည်း အားလုံးအဆင်ပြေတယ်။ ဒီဘက် (ရပ်စောက် မြို့နယ်အတွင်း)မှာတော့ အခုလို ရဟန်းတပါးအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတာ ပထမဆုံးပါ” ဟု ကျောက်ဂူဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဆရာတော်သီတင်းသုံးနေထိုင်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းကို ဆက်လက်စောင့်ကြည့်မှုများရှိနေပြီး ကျောက်ဂူကျေးရွာအုပ်စုအတွင်းမှ ထမင်းပေါင်း၊ ပုန်းအင်း၊ ကျောက်မီးခတ်၊ ဖက်ရင်းကုန်း စသည့်ကျေးရွာများတွင် နေ့စဥ်ကင်းလှည့်ခြင်းများ ရှိနေသည်ဟု ၎င်းကပြောသည်။
ထို့ပြင် အဆိုပါကျေးရွာများရှိ ဒေသခံများကို ရပ်ဝေးခရီးသွားလာခြင်းပိတ်ပင်ထားကာ ရွာအဝင် အထွက် များတွင်လည်း တင်းကြပ်စွာစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း ၎င်းကဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ပင်းတယနှင့် ရွာငံမြို့နယ်များတွင် ယခုနှစ်ဇူလိုင်လမှစတင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများ ပြန် လည် အားကောင်းလာခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ်က အဆိုပါ မြို့နယ်များအတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားကာ စစ်ဆေးမှုများ တင်းကြပ်ခြင်း၊ ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကလည်း ရွာငံမြို့နယ်၊ ရေချမ်းကျေးရွာမှ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်
#ရပ်စောက်မြို့နယ်
#ဖမ်းဆီးမှု

ပုံအညွှန်း - စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ဦးဇင်း သီတင်းသုံးနေထိုင်ခဲ့သည့် ကျောက်ဂူကျေးရွာရှိ ဥတ္တရာရုံကျောင်းတိုက်။ (ပုံ - ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬4❤1
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက် ဆန္ဒပြ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပ...
https://ift.tt/DFbntsV
👍3🔥1
မြင်းမူတွင်စစ်ကောင်စီဂိတ်စခန်းကိုဒရုန်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိ
MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊
https://www.youtube.com/watch?v=TPXOLFk4CnM
👍7😁1
​​ရက်ကလစ်ဖ်က အစုရှယ်ယာအနည်းစုကို မျက်စိကျနေချိန်မှာ မန်ယူပရိသတ်တွေ ရှင်းလင်းပြတ်သားမှုကို လိုလား
==================

By PKThawn
ဗြိတိန် ဘီလျံနာ ဂျင်မ် ရက်ကလစ်ဖ်ဟာ ကလပ်မှာ အစုရှယ်ယာ အနည်းစုကို ရယူဖို့ စီစဉ်နေချိန်မှာ အင်္ဂလိပ်ဘီလူးကြီးတွေရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိစေဖို့အတွက် မန်ချက်စတာယူနိုက်တက် ပရိသတ်အဖွဲ့က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ယူနိုက်တက်ရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ အမေရိကန်ဂလေဇာမိသားစုက ၎င်းတို့ဟာ ကလပ်ရဲ့ တိုးတက်မှုကို မြှင့်တင်ဖို့အတွက် ရွေးချယ်စရာတွေထဲမှ တခုဖြစ်တဲ့ အပြည့်အဝရောင်းချခြင်းအပါအဝင် "ဗျူဟာမြောက်ရွေးချယ်စရာတွေ"ကို ရှာဖွေနေကြောင်း လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက ကြေညာခဲ့ပါတယ်။

ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင် ဘင်ဟာမက် အယ်သာနီဟာ အကြိမ် ၂၀ ရရှိထားတဲ့ အင်္ဂလိပ်ချန်ပီယံတွေကို ဝယ်ယူဖို့ ကြိုးပမ်းမှုကို နောက်ဆုတ်ခဲ့ကြောင်း ကမ်းလှမ်းမှုနဲ့ နီးစပ်သူ တစ်ဦးက စနေနေ့က AFP ကို ပြောကြားခဲ့ပါတယ်။

ရက်ကလစ်ဖ်ဟာ အကြိမ်များစွာ ကမ်းလှမ်းစဉ်အတွင်း တခြားသော ဦးဆောင်သူ တဦးဖြစ်ခဲ့ပေမယ့် ဂလေဇာတွေရဲ့ ကလပ်အတွက် သတ်မှတ်တန်ဖိုး ပေါင် ၆ ဘီလီယံ (ဒေါ်လာ ၇.၂ ဘီလီယံ) ကမ်းလှမ်းချက်နဲ့ ကိုက်ညီမှုမရှိခဲ့ပါဘူး။

ရေနံဓာတုဗေဒပစ္စည်းကုမ္ပဏီကြီး Ineos ကို တည်ထောင်သူ ရက်ကလစ်ဖ်ဟာ အခုအခါ ပေါင် ၁.၃ ဘီလီယံခန့်ရှိ ရှယ်ယာ ၂၅ ရာခိုင်နှုန်းအတွက် ရယူတော့မှာဖြစ်ကြောင်း BBC က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Ineos ဟာ ၎င်းရဲ့ ရင်းနှီးမြုပ်နှံမှုအတွက် အပြန်အလှန်အတွက် ယူနိုက်တက်နဲ့ စီးပွားရေးနဲ့ ဆက်စပ်တဲ့ စီးပွားရေးရဲ့ အားကစားကဏ္ဍတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂလေဇာတွေဟာ ၂၀၀၅ မှာ ပေါင်သန်း ၇၉၀ ဖြင့် လွှဲယူခဲ့ပြီးကတည်းက ကလပ်အသင်းကို အကြွေးမြီများစွာ တင်စေခဲ့ပြီးနောက်ပိုင်း ပရိသတ်တွေကြား လူကြိုက်နည်းခဲ့ပါတယ်။
"ဂလေဇာတွေဟာ ပရိသတ်တွေရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်နေတာ ဒါမှမဟုတ် သူတို့ရဲ့ ဦးစားပေးမှုတွေကို အဓိကမထားဘဲ ပိုင်ဆိုင်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်နေတယ်လို့ ထင်မြင်ခြင်းက အကောင်းမြင်လွန်းရာကျပါလိမ့်မယ်"လို့ Manchester United Supporters Trust က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒါပေမယ့်လည်း အခုအချိန်မှာ အနည်းဆုံးတော့ အသင်းပရိသတ်တွေ မျှော်လင့်ထားသင့်တာက အချို့သော ရှင်းလင်းမှုနဲ့ ဒီလုပ်ငန်းစဉ်ရဲ့ အဆုံးသတ်ကိုပါပဲ။

“ဒါ့အပြင် ရလဒ်က ကလပ်ထဲကို ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပါဝင်နေရမယ်။ လက်ရှိပဲဖြစ်ဖြစ် ဒါမှမဟုတ် အသစ်ပဲဖြစ်ဖြစ် အစုရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားတခုတည်းအတွက် မဖြစ်စေရပါဘူး။

"မန်ချက်စတာယူနိုက်တက် အကျိုးစီးပွားကို သူတို့ရဲ့ အကျိုးစီးပွားတွေ ရှေ့မှာ ထားဖို့ သက်ဆိုင်သူအားလုံးကို ကျနော်တို့ တောင်းဆိုပါတယ်။"

(AFP)
Photo: EPA

#manchesterunited #GlazersOut #Glazers #ရက်ကလစ်ဖ် #Ratcliffe #မန်ချက်စတာယူနိုက်တက် #မန်ယူ #Mizzima
👍5🔥1
​​တရုတ်တွင် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း 
======================

သြစတြေးလျနိုင်ငံသား စာရေးဆရာ ယန်ဟန်ကျင်းသည် တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရသည်မှာ ၃ နှစ်ကျော် ရှိပြီဖြစ်ပြီး ၎င်းသည်၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်လုံခြုံရေး လျှို့ဝှက်ချက်ဆိုင်ရာ စွဲချက်များဖြင့် ပေကျင်းတွင် တရားရင်ဆိုင်ခဲ့ရသည်။ ယန်အား ဖမ်းဆီးထိန်းသိမ်းမှုသည် ဩစတြေးလျနှင့် တရုတ်တို့အကြား ဆက်ဆံရေး ဆိုးရွားနေချိန်နှင့် တိုက်ဆိုင်နေပြီး ၎င်း၏ အမှုကို စီရင်ချက်ချမှတ်ရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
💔5👍1🔥1