Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တင့်ကားတပ်အပါအဝင် စစ်ကိုင်းမှ စစ်ကောင်စီနေရာ ၅ခုကို ၃ရက်ဆက်တိုက်ခိုက်ဟုဆို
❤12👏1
တင့်ကားတပ်အပါအဝင် စစ်ကိုင်းမှ စစ်ကောင်စီနေရာ ၅ခုကို ၃ရက်ဆက်တိုက်ခိုက်ဟုဆို
==============

007 

(မဇ္ဈိမ)။ ။စစ်ကိုင်းမြို့ရှိ အမှတ်(၆၀၀၅)တင့်ကားတပ်အပါအဝင် စစ်ကောင်စီ၏နေရာငါးခုကို သုံးရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကသတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်တာကာလအတွင်း စစ်ကိုင်းမြို့အထွက် အုန်းတောလမ်းဆုံအနီးရှိ အမှတ်(၆၀၀၅)တင့်ကားတပ်၊ ညောင်ငုတ်တိုကျေးရွာမှ ပျူစောထီးအဖွဲ့၊ စစ်ကိုင်းမြို့အဝင်ကံတလူတိုးဂိတ်၊ ရဲတပ်ရင်း(၁၆)နှင့် အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အမှတ်(၆၀၀၅)တင့်ကားတပ်နှင့် ညောင်ငုတ်တိုကျေးရွာရှိပျူစောထီးအဖွဲ့ကို အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် ဗုံးသီးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟုယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ အဖွဲ့ဝင်တဦးကပြောသည်။ ပစ်မှတ်နေရာကို တိကျစွာတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ဗုံးသီးကွဲပြီးချိန်တွင် တပ်ထဲမှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များအောင်မြင်စွာဖြင့်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

ကံတလူတိုးဂိတ်ရှိ စစ်ကောင်စီဂိတ်စခန်းကို အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်တွင် နှစ်ရက်ဆက်တိုက် ဗုံးသီးလေးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ငါးဦး အပြင်းအထန်ဒဏ်ရာရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များကသတင်းထုတ်ပြန်သည်။

စစ်ကိုင်းရဲတပ်ရင်း(၁၆)ဝင်းအတွင်းရှိ လက်နက်တိုက်နှင့် အရာရှိအဆောင်တို့ကို အောက်တိုဘာလ ၂၈ ရက်နေ့နေ့လယ်ပိုင်းတွင် ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့ရာ လက်နက်တိုက်မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်မှု အသေးစိတ်အား စုံစမ်းနေဆဲဖြစ်ကြောင်း Federal Wings အဖွဲ့က သတင်းထုတ်ပြန်သည်။ရဲတပ်ရင်းအားတိုက်ခိုက်နေစဉ် ကံတလူတိုးဂိတ်နှင့် အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းတို့ကိုလည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းFederal Wings အဖွဲ့က ဆိုသည်။

“လက်နက်တိုက်ပေါ်တည့်တည့်ကျတယ်။Scout Drone ထဲကနေ အတည်ပြုနိုင်တာပါ"ဟု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုများကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့နှင့်အတူ၊ Phoenix Sagaing၊ Royal Falcon LPDF၊ Fight for Federal ၊ တောတွင်းတွတ်ပီအဖွဲ့၊Federal Wings အမှတ်(၁၈၀၁)တပ်ရင်း၊ Ghost Team Ranger Myinmuနှင့် စစ်ကိုင်းခရိုင်တပ်ရင်း(၇)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် စစ်ကိုင်းမြို့အဝင် ရတနာပုံတံတားဂိတ်နှင့် မြို့အထွက်ကံတလူတိုးဂိတ်(မုံရွာဘက်မှအဝင်ဂိတ်)တို့ကို စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားပြီး ရဲတပ်ရင်း(၁၆)အနီးဝန်းကျင်ကိုလည်းပိတ်ဆို့စစ် ဆေးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှသိရသည်။

စာတည်း - အေးချမ်း
#Mizzima
#စစ်ကိုင်းမြို့
#စစ်ကောင်စီနေရာငါးခု
#သုံးရက်ဆက်ဗုံးကြဲတိုက်ခိုက်

ဓာတ်ပုံ- အောက်တိုဘာလ ၂၈ ရက်နေ့က ရဲတပ်ရင်းကို တိုက်ခိုက်မှု

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤3👏2🥴1
​​မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် CNF ထုတ်ပြန်
=============

ကိုခင်မောင်

(မဇ္စျိမ) ။   ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသော ညီနောင် မဟာမိတ် သုံးဖွဲ့၏ "၁ဝ၂၇ စစ်ဆင်ရေး"နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် ချင်းအမျိုးသားတပ်ဦး(CNF) က ယနေ့ အောက်တိုဘာလ ၃၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခြင်းသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက လိုလားတောင့်တနေသော နိုင်ငံရေးစနစ်ဖြင့် တိုင်းပြည်တည်ဆောက်ရန် နိုင်ငံရေးအခွင့်အခါကောင်းရရှိခြင်းပင်ဖြစ်ပြီး ထိုအခွင့်ထူးကို မိမိတို့ အနေဖြင့် အမိအရဆုပ်ကိုင်ပြီး စစ်ရေး ၊နိုင်ငံရေးတွင် ညီနောင် မဟာမိတ် သုံးဖွဲ့နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြပါရန် တိုက်တွန်းလိုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒီနွေဦးတော်လှန်ရေးကာလမှာ အခုလို ညီနောင်သုံးဖွဲ့အနေနဲ့ အဲဒီဒေသအတွင်းမှာ စစ်ဆင်ရေးအကြီးကြီးတွေ လုပ်ပြီးတော့ အောင်မြင်မှုတွေအလီလီရထားတာတွေ့ရတော့ ကျွန်တော်တို့အတွက် အင်မတန်မှ အားရှိတယ်။ ထောက်လည်းထောက်ခံတယ်၊ ကြိုဆိုတယ်၊ အဲဒီလိုပဲ ဆက်လက်ပြီးတော့ အောင်မြင်မှုတွေဆက်တိုက်ရပါစေလို့ပဲ ကျွန်တော်ဆန္ဒပြုချင်ပါတယ်။” ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

ထို့အပြင် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင် သုံး ဖွဲ့၏ "၁၀၂၇ စစ်ဆင်ရေး"တွင် ရန်သူ့တပ်စခန်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းပြီး အောင်ပွဲအလီလီရရှိမှုများအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ တိုက်ပွဲတိုင်း အောင်လံလွှင့်ထူနိုင်စေကြောင်း အလေးအနက် ဆန္ဒပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညီနောင် မဟာမိတ် သုံးဖွဲ့ ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်( MNTJP/MNDAA) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်( ULA/AA )တို့မှ ပြည်သူလူထု တရပ်လုံး လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ၊ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်ကာကွယ်နိုင်ရေး၊ မိမိနယ်မြေပိုမို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ဟန့်တားနိုင်ရေး၊ အွန်လိုင်း လောင်းကစား လိမ်လည်မှု ပပျောက်ရေးအတွက် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာမြောက်"၁၀၂၇စစ်ဆင်ရေး" ဖော်ဆောင်မှုအပေါ် ထောက်ခံကြိုဆိုပါကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း-သန့်ဇော်(သန်လျင်)

#mizzima
#CNF
#မြန်မာသတင်း
#၁ဝ၂၇စစ်ဆင်ရေး

ပုံအညွှန်း။     ။ ချင်းအမျိုးသားတပ်မတော်မှ ရဲဘော်များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍4😁1🥴1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၁ အောက်တိုဘာ၂၀၂၃) 
===================

စစ်ကောင်စီကတော့ စစ်သင်တန်းကျောင်းများရှိသည့် ပြင်ဦးလွင်မြို့ မကျအောင် အင်အားအများ အပြားနှင့် ခံစစ်ပြင်နေသည်ကို သတင်းအချက်အလက်များအရ သိရပြီး တကယ်တမ်းလာရောက် တိုက်ခိုက်ပါက ခုခံနိုင်မလားဆိုကို စောင့်ကြည့်ရမှာဖြစ်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2
​​ဘင်္ဂလားဒေ့ရှ်၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း အတိုက်အခံတက်ကြွလှုပ်ရှားသူ ၂ ဦး သေဆုံး
================

ဘင်္ဂလားဒေ့ရှ်၌ အစိုးရဆန့်ကျင်သော ဆန္ဒပြသူ ရာချီနှင့် ရဲများအကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်တွင် အတိုက်အခံ တက်ကြွလှုပ်ရှားသူနှစ်ဦး သေဆုံးခဲ့သည်။.

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏2👍1😡1
မုန်းမြို့နယ်မှ စစ်ဘေးရှောင် ၂၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ
😢6😁1
မုန်းမြို့နယ်မှ စစ်ဘေးရှောင် ၂၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ 
============

YT 

(မဇ္ဈိမ) ။      ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ မုန်းမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂,၄၅၆ ဦး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း KNU ဗဟို၏ အောက်တိုဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

" ကရင်ပြည်နယ်အစပ် သပြေညွန့်ဘက်တွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒေသခံတွေကတော့ အကုန် ရှောင်နေရပြီ" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။ 

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဒုံဇရစ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၈၉)၊ ခမရ (၆၀၂)တို့မှ စစ်ကောင်စီတပ်သားများဖြင့် အင်အားဖြည့်ထားသည့် သပြေညွှန့်စခန်းနှင့် မိုးပျံရဲစခန်းတို့မှ လက်နက်ကြီးပစ်ခတ်မှု၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ လေးကြိမ် ဖြစ်ပွားမှုကြောင့် ကျေးရွာငါးရွာမှ ဒေသခံ ၂,၀၅၂ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ဖော်ပြထားသည်။ 

ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ ကျောက်ကြီးပေါက်၊ ဆမ်မန်းပေါက်၊ သပြေညွန့်၊ ရွှေပြည်သာ၊ လေလံကုန်း စသည့်ကျေးရွာများဖြစ်သည်။

ထို့ပြင် အောက်တိုဘာလ ၂၀ ရက်နေ့က ခမရ (၃၅၁) တပ်မှ ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုတောတာကျေးရွာ (မရမ်းစိန်လေးကျေးရွာ) မှ ဒေသခံ ၄၀၄ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ဆိုသည်။ 

" မုန်းမြို့နယ်ထဲက ကျေးရွာတော်တော်များများက ရွာသားတွေက ရွာတွေထဲမှာ မနေရဲဘူး။ ညတိုင်းလိုလို တညကို နှစ်လုံး၊ သုံးလုံး အဲ့ဒီလိုမျိုး တောက်လျှောက်ပစ်တယ်။ အဲ့ဒီလိုမျိုး အမြဲတမ်း ပစ်နေတဲ့အခါမှာ ရွာတွေထဲမှာ မနေရဲတာတော့ တော်တော်များတယ်" ဟု မုန်းမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ကော်မတီဝင်တဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် လက်ရှိအချိန်ထိ နေရပ်သို့ မပြန်နိုင်သေးဘဲ ၎င်းတို့အတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ထံက သိရသည်။ 

 စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ "အာဏာဟန်ချက် အပြောင်းအလဲ" အမည်ရ အစီရင်ခံစာအရ KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူ ၆၃၇,၄၁၄ ဦးအထိ ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#ကရင်ပြည်နယ်
#စစ်ဘေးရှောင်

ပုံအညွှန်း- စစ်ဘေးရှောင်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁3😭2
​​ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အာဆီယံက ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန် လိုအပ်ဟု အင်ဒိုနီးရှား ပြော 
================

ကမ္ဘာ့ မတူညီသော နေရာများ၌ ဖြစ်ပွားဆဲ ပဋိပက္ခများကြား ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရေးအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံအနေဖြင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန် လိုအပ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက အင်္ဂါနေ့တွင် ပြောသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3❤‍🔥1
မဟာမိတ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေချိန် မန္တလေးမှာ အစစ်အဆေးကြမ်း
=============

007

(မဇ္စျိမ) ။   ။ ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသော၊ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ စခန်းသိမ်းတိုက်ပွဲများကြောင့် မန္တလေးမြို့တွင် လုံခြုံရေးထူထပ်စွာချထားသည်ကိုတွေ့ရပြီး၊ ပုံမှန်ထက်လည်းအစစ်အဆေးကြမ်းနေကြောင်း ဒေသခံများထံကသိရသည်။

“မြို့ပတ်လမ်းတွေမှာ လုံခြုံရေးပိုကျပ်ထားတာတွေ့ရတယ်၊ ဆိုင်ကယ်တွေကို ပိုက်စိပ်တိုက်စစ်တာတွေ့ခဲ့ရတယ်၊ ကင်းပုန်း၀ပ်ကင်းတွေမှာ အရပ်၀တ်တွေလည်းပါတယ်၊ ယာဉ်ဖမ်းတဲ့အဖွဲ့ကသတ်သတ် လုံခြုံရေးအရ စစ်တဲ့အဖွဲ့ကသတ်သတ်၊ တနေကုန်အစစ်အဆေးကြမ်းတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံ အငှားယာဉ်မောင်းတဦးကပြောသည်။

နံနက်မိုးလင်းပိုင်းကစ၍ ၃၅ လမ်းနှင့်ကမ်းနားမြို့ပတ်လမ်းအနီး၊ ၂၇ လမ်းနှင့် လမ်း ၈၀ ထောင့်၊ ၇၃ လမ်းနှင့် သိပ္ပံလမ်းထောင့် စသည့် မြို့တွင်းလမ်းမကြီးများတွင် ပြောက်ကျား၀တ် လက်နက်ကိုင်စစ်ကောင်စီတပ်သား များက လုံခြုံရေးတင်းကျပ်စွာစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့တွင်းလမ်းများနည်းတူ မြို့အ၀င်ဂိတ်များတွင်လည်း လုံခြုံရေးထူထပ်စွာချထားကြောင်း ကိုယ်တိုင်မြင်တွေ့ ခဲ့ရသူများကလည်းဆိုသည်။

“ဆိုင်ကယ်ဆိုရင် ဆင်းတွန်းရတယ်၊ Toll Box အဆင်သင့်ဖွင့်ပေးထားရတယ်၊ တချို့ သူတို့မသင်္ကာလို့ သတ်မှတ်ခံရရင်၊ အထုပ်အပိုးတွေကအစဖွင့်ရှာတာခံရတယ်” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် မြို့ခံတဦး ကပြောသည်။

မန္တလေးမြို့အ၀င်ဂိတ်များဖြစ်သည့် စစ်ကိုင်းတံတားအဆင်း(မန္တလေးဘက်)ဂိတ်၊ မန္တလေး-လားရှိုးလမ်းပိုင်းရှိ ၁၆ မိုင်ကုန်သွယ်ရေးဂိတ်၊ မြို့မြောက်ဘက်အ၀င်ရွှေကျင်ဂိတ်တို့တွင် လုံခြုံရေးတင်းကျပ်စွာချထားပြီး ပုံမှန်ထက် အစစ်အဆေးပိုမိုပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ စခန်းသိမ်းတိုက်ပွဲများကြောင့် ပြင်ဦးလွင်မြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ပုံစံအမျိုးမျိုးဖြင့် အသင့်အနေအထားလုံခြုံရေးယူထား ကြောင်း သတင်းများကဆိုသည်။

လက်ရှိတွင်၊ စစ်ကောင်စီသည်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းကိုလည်း အ၀င်အထွက် လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

"၁၀၂၇ စစ်ဆင်ရေး"အဖြစ် အောက်တိုဘာလ ၂၉ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် MDY PDF တို့ပူးပေါင်းပြီး နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီ၏ခမရ(၁၁၄)တပ်ရင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများက တပ်ရင်းကိုစွန့်ခွာထွက်ပြေးသွားကြသလို၊ စစ်ကောင်စီလက်အောက်ခံ၀န်ထမ်းများလည်း မြို့ကိုစွန့်ခွာရှောင်တိမ်းနေကြကြောင်း ဒေသခံများထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြန်မာသတင်း
#မန္တလေးမြို့
#၁၀၂၇စစ်ဆင်ရေး

ပုံစာ မန္တလေးမြို့အား စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားစဥ်(ပုံဟောင်းဖြစ်ပါသည်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁5❤2👏1🤬1