Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သိန္နီမြို့တွင် လက်နက်ကြီးပစ်ခတ်မှု ဒေသခံ ၄ ဦးသေဆုံး လေကြောင်းဖြင့်ပါ တိုက်ခိုက်
===========

ဓါတု

မဇ္ဈိမ။   ။ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့တွင် နှစ်ဘက်ထိတွေ့တိုက်ပွဲမရှိသည့်အချိန်အတွင်း စစ်ကောင်စီ၏လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှုကြောင့် ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဒေသခံ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကြောင့်သေဆုံးသွားသူများမှာ သိန်းန္နီ- ကွမ်းလုံလမ်းခွဲ၊ မူဆယ်အတက်လမ်း တိုးဂိတ်အနီး ရပ်ကွက်(၄)၌ နေအိမ်အတွင်း ထမင်းစားနေသော ဒေါ်နန်းစော(အသက် ၆၀ ဝန်းကျင်)နှင့် မနန်းအေးလှိုင်(၃၀ နှစ်)တို့ သားအမိနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ 

 ထို့နောက် သိန္နီမြို့ နမ့်စလပ်ကျေးရွာအုပ်စုတွင်မူ အသက် ၆၀ နှစ် ဝန်းကျင်အရွယ် ဦးစိုင်းစိုးနှင့် ဒေသခံတဦး(နာမည်စုံစမ်းဆဲ)မှာလည်း လက်နက်ကြီးကြောင့် သေဆုံးသွားကြောင်းသိရသည်။

ထို့အပြင်ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၃ နာရီ မိနစ် ၃၀ ၌ စစ်ကောင်စီ၏ ဝေဟင်မှလက်နက်များဖြင့် ပစ်ခတ်မှုကြောင့် သိန္နီမြို့ စယ်အူကျေးရွာတွင် နေအိမ် ခုနစ်လုံးနီးပါး ပျက်စီးကြောင်း သိန္နီမြို့နယ် စစ်ဘေးရှောင်များကို ကူညီနေသည့် လူငယ်ခေါင်းဆောင်တဦးက မဇ္စျိမကိုပြောသည်။

" တိုက်ပွဲဖြစ်တဲ့အချိန်မဟုတ်ဘဲ ရမ်းပစ်တာပေါ့။ စစ်ကောင်စီဘက်ကပစ်တာဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ လားရှိုးတိုင်းရုံးဘက်ကနေ ပစ်တဲ့လက်နက်ကြီးအစအနတွေက အခုထိရှိနေတုန်းပဲ။ မနေ့ညနေက သားအမိနှစ်ယောက်က စစ်ရှောင်မဟုတ်ဘူး၊ သူ့နေအိမ်နောက်ဖေးမှာ ထမင်းစားနေရင်း လက်နက်ကြီး​ကြောင့်ပွဲ ချင်းပြီးသေဆုံးတာ၊ မနေ့ကတင် လေးယောက်သေတယ် ။ ဒီနေ့မနက်မှာတော့ စယ်အူမှာ လေယာဥ်နဲ့ပစ်လို့ နေအိမ်တွေထိခိုက်ပျက်စီးတယ်"ဟု ၎င်းကပြောသည်။

စစ်ကောင်စီ၏ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးမှုရှိပြီး နေအိမ်စုစုပေါင်းအလုံး ၂၀ အထက် ထိခိုက်ပျက်စီးကြောင်း ၎င်း၏အဆိုအရ သိရသည်။

ထို့အပြင်သိန္နီမြို့အနီး ခူးဝိန်းနှင့်တိုင်ယက်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် ညဥ့်သန်းခေါင်အချိန်၌ စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် ဒေသခံနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါရက်က လက်နက်ကြီးကြောင့် နေအိမ်တလုံးမှာ ပြာကျသည့်အထိပျက်စီးသွား၍ နေအိမ်အများစုမှာ ဆိုးရွားသည်အထိ ထိခိုက်ပျက်စီးကြောင်း ဒေသခံတဦးကပြောသည်။

သိန္နီမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီကျော်အထိ လက်နက်ကြီးပစ်ခတ်သံများကို ၁၅ မိနစ်တကြိမ်၊ နာရီဝက်တကြိမ် ခပ်စိပ်စိပ်ပစ်ခတ်သံများမကြာခဏကြားနေရကြောင်း ဒေသခံများကဆိုသည်။

သိန္နီမြို့ဒေသခံနှင့် စစ်ဘေးရှောင်အပါအဝင် စုစုပေါင်း ၅၀,၀၀၀ ဝန်းကျင်ရှိရာ လက်ရှိအခြေအနေအရ သိန္နီမြို့ပေါ်တွင် ဘုန်းကြီးကျောင်း ခြောက်ကျောင်း၊ ကျေးရွာများတွင် ခုနစ်ကျောင်း စုစုပေါင်း ၁၃ ကျောင်းသာရှိသောကြောင့် အဆိုပါကျောင်းများတွင် စစ်ဘေးရှောင် ၈,၀၀၀ ကျော်သာခိုလှုံတိမ်းရှောင်နေရ၍ ကျန်ဒေသခံအများစုမှာ ၎င်းတို့နေအိမ်တွင်သာနေထိုင်နေရသည်။

ယင်းဒေသခံများမှာ လမ်းပန်းဆက်သွယ်မှုနှင့် ဖုန်း၊ အင်တာနက်လိုင်းပြတ် တောက်နေမှုကြောင့် ပိတ်မိနေသည့်အနေအထားဖြစ်နေ၍ အခက်အခဲများစွာရှိနေသလို အရပ်ဘက်အဖွဲ့အစည်းများ လာရောက်ကူညီပေး၍ မရနိုင်သောကြောင့် နီးစပ်ရာတခြားမြို့များသို့ စစ်ဘေးရှောင်တိမ်းရန်ခက်ခဲခြင်း၊ဒေသခံအချင်းချင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရေး၊ စားရေးအခြေအနေများကိုဆောင်ရွက်နေရကြောင်း သိန္နီမြို့နယ် စစ်ဘေးရှောင်များကို ကူညီနေသည့် လူငယ်ခေါင်းဆောင်က ဆိုသည်။

"အရမ်းခက်ခဲနေတယ်။ ဘယ် CSO(အရပ်ဘက်အဖွဲ့အစည်း)မှ လာကူလို့မရဘူး။ ကိုယ့်အားကိုယ်ကိုးပြီး နေရေးစားရေးအတွက်အွန်လိုင်းပေါ်ကနေအလှူခံတယ်။ အင်တာနက်လိုင်းတွေပြတ်နေတော့ WiFi တောင် ရတချက်မရတချက်နဲ့ အလှူခံလို့ရတဲ့ပိုက်ဆံတွေ ထုတ်ဖို့လည်း ခက်တယ်၊ တခြားမြို့တွေကိုသွားလို့လည်း မရဘူး၊ လမ်းပန်းခက်ခဲနေတော့ တိုက်ပွဲလည်းဖြစ်နေတော့ လောက်ကိုင်ရော မူဆယ်ရော တက်လို့မရဘူး ။ လမ်းတွေမှာ ဘူဒိုဇာတွေနဲ့မြောင်းအကြီးကြီး ဖော်ထားတာတွေ၊ တံတားတွေပျက်စီးလို့ သွားလို့မရတော့ဘူး။ ငွေသားလက်ခံမှုရရင် သွားဝယ်ရတာ၊ ဒီကာလထပ်ရှည်မယ်ဆိုရင် စားနပ်ရိက္ခာအတွက် ဒီထက်ခက်ခဲနိုင်တယ်၊ မြို့အတွင်း ကုန်စည်စီးဆင်းမှု လည်ပတ်တာမရှိတာကြောင့် စားနပ်ရိက္ခာပြတ်လပ်တဲ့ ပြဿနာတွေရှိလာနိုင်တယ် "ဟု ၎င်းကပြောသည်။

အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို တအောင်းတပ်မတော် (TNLA )နှင့်အတူ မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သောမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင်ကာ စစ်ကောင်စီတပ်အား ထိုးစစ်ဆင်ခဲ့ရာ နှစ်ဘက်တိုက်ပွဲပြင်းထန်၍ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သိန္နီမြို့
#၁၀၂၇စစ်ဆင်ရေး

ဓါတ်ပုံ-လက်နက်ကြီးကြောင့်သေဆုံးသွားသည့် သားအမိနှစ်ဦး၊ စယ်အူနှင့် ခူးဝိန်း၊ တိုင်ယက်ရွာတွင်လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်များ
👍13🔥1😁1🤬1
တော်လှန်ရုပ်ရှင်ပြသပြီး နိုင်ငံရေးတရားဟောပြောသည့် ကျေးရွာပေါင်းစုံသပိတ်
❤9👍3🔥1
တော်လှန်ရုပ်ရှင်ပြသပြီး နိုင်ငံရေးတရားဟောပြောသည့် ကျေးရွာပေါင်းစုံသပိတ်
==============

ပါခွီး

မဇ္စျိမ။  ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ကျေးရွာတရွာတွင် တော်လှန်ရုပ်ရှင်ပြသပွဲနှင့် နိုင်ငံရေး တရားဟောပြောပွဲကို နိုဝင်ဘာလ ၁ ရက်နေ့ညပိုင်းက ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် နောက်ပြန် မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်တို့က ဦးဆောင်ပြုလုပ်ခဲ့ကြသည်။

“တော်လှန်ရုပ်ရှင်ပြသတာနဲ့ တော်လှန်ရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဖက်ဒရယ်အကြောင်းတွေ ဟောပြောခဲ့ကြပါတယ်၊ သွေးမအေးဖို့၊ နိုင်ငံရေးအသိတွေနိုးကြားတဲ့အတွက် နောက်များမှာလည်း ပြသ ဟောကြားပေးဖို့ တောင်းဆိုကြတယ်” ဟု ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်တဦးက မဇ္စျိမကို ပြော သည်။

တော်လှန်ရုပ်ရှင်ပြသပွဲတွင် There Was ၊ မပြီးသေးဘူး ငါတို့လှည့်ကျန်သေးတယ်၊ မိုးခါးရေးနှင့် တော်လှန်ရေးသီချင်းများကို ပြသခဲ့ကြောင်းဆိုသည်။

တော်လှန်ရုပ်ရှင်ပြပွဲနှင့် လူထုနိုင်ငံရေးတရားဟောပြောပွဲများတွင် ကိုကောင်းကောင်း(ကျီးကန်း)၊ ကိုဏ ကြီး ၊ မပိုင်ဖြိုးသုတို့မှ လူထုကို ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ကျေးရွာပေါင်းစုံသပိတ်ကော်မတီသည် တော်လှန်ရုပ်ရှင်ပြသခြင်းကို ကျေးရွာပေါင်း ၂၃ ရွာတွင်ပြသပြီးခဲ့ ကြောင်းဆိုသည်။ သပိတ်ကော်မတီသည် စစ်အာဏာရှင်ကို နေ့စဥ် ဆန့်ကျင်ချီတက်ခြင်း ၊ စစ်ဘေးရှောင် များကို ကူညီခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#mizzima
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

ပုံအညွှန်း - တော်လှန်ရုပ်ရှင်နှင့် လူထုနိုင်ငံရေးတရားဟောကြားစဥ် /ဓါတ်ပုံ - ရွာပေါင်းစုံသပိတ်ကော်မတီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. 
https://bit.ly/2VhJ12U
👍13❤1🔥1
နိုဝင်ဘာလ ၂ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
============

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... 
စစ်ရေးအရ နယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မယ်လို့ UWSA ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ အတူ ၁၀၂၇ စစ်ဆင်ရေး ထောက်ခံကြောင်း ရေးသားပြောဆိုသူ နွားထိုးကြီးမြို့ခံ ၅ ဦး အဖမ်းခံရတဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ကြရပါမယ်။ 

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို အမျိုးသမီး လစဉ်သုံးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 
....................................................

မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။

ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/__gb3Vk2DFg?si=XDh2sefC4aVlIddQ

#Mizzimaradio 
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14💩2🔥1
နိုဝင်ဘာလ ၂ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... စစ်ရေးအရ နယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မယ်လို့ UWSA ထုတ်ပြန်လိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F__gb3Vk2DFg&h=AT3tuOAFn9y5slKDenoAfQYtcuCJU_6BCG7okEu5eWCF22TSKc5s9aOX7c1xC3mZubFIrSnEEEefbpVkeY-o2r0bNMmx1Ex72ZXfw1SQ_yYaKq-E9VuZf2M2plVtifXf&s=1
👍3🤮2
​​ကမ္ဘာတဝန်း ဒီမိုကရေစီ ကျဆင်းနေဟု အစီရင်ခံစာတွင် ဖော်ပြ
=================

ကမ္ဘာ့နိုင်ငံများ၏ ထက်ဝက်နီးပါးသည် ဒီမိုကရေစီ အဆင့်လယ်ဗယ် ကျဆင်းမှုကို မြင်တွေ့ရလျက် ရှိကြောင်း နိုင်ငံတကာ think tank (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့) တခုက နိုဝင်ဘာ ၂ ရက်တွင် ပြောသည်။

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. 
https://bit.ly/2VhJ12U
👍9👎1🔥1
​​မြန်မာမြောက်ပိုင်း တိုက်ပွဲများ ချက်ချင်းအပစ်ရပ်ရန် တရုတ် တိုက်တွန်း
==============

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုက်ပွဲများ ချက်ချင်း အပစ်ရပ်စဲရန် တရုတ်က နိုဝင်ဘာ ၂ ရက်တွင် တိုက်တွန်းကြောင်း အေအက်ဖ်ပီ သတင်းတပုဒ်တွင် ဖော်ပြသည်။

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. 
https://bit.ly/2VhJ12U
😁21🖕8👍2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂ နိုဝင်ဘာ၂၀၂၃)
================

၁၀၂၇ စစ်ဆင်ရေး ထိုးစစ်အရှိန်ကောင်းနေဆဲဖြစ်ပြီး မြို့လေးမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ထား သည့်အပြင် တခြားမြို့များ စစ်ကောင်စီစခန်းများကို စိုးမိုးသိမ်းပိုက်နိုင်ထားသည်ကို တွေ့ရသည့်အတွက် စစ်ကောင်စီအတွက် နယ်မြေများ ကျဉ်းမြောင်းလာသည်ကို တွေ့ရသည်။ 

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. 
https://bit.ly/2VhJ12U
👍13❤2🔥1
​​ဖိလစ်ပိုင်က ရထားလမ်းစီမံကိန်း ၃ ခုအတွက် တရုတ်၏အထောက်အပံ့ ဆက်မျှော်လင့်၍ မရနိုင်တော့
=============

ဖိလစ်ပိုင်သည် သမ္မတဟောင်း ရိုဒရီဂိုဒူတာဒေးက ညှိနှိုင်းအကောင်အထည်ဖော်ပေးခဲ့သော ရထားလမ်းစီမံကိန်း ၃ ခုအတွက် ငွေကြေးအကူအညီကို တရုတ်ထံမှ မျှော်လင့်၍ ရနိုင်တော့မည် မဟုတ်ကြောင်း The Diplomat က ဖော်ပြသည်။

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. 
https://bit.ly/2VhJ12U
👍6🔥1
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် တ်ိုက်တွန်းစာရွက်များ မြောင်မြို့မှ ရဲစခန်း ၂ခုပေါ် ဒရုန်းဖြင့်ကြဲချ
👍14😁2
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် တ်ိုက်တွန်းစာရွက်များ မြောင်မြို့မှ ရဲစခန်း ၂ခုပေါ် ဒရုန်းဖြင့်ကြဲချ
==============

MTO

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက ကြို‌ဆိုမည်ဟု ကမ်းလှမ်းထားသည့် လက်ကမ်းစာစောင်များကို ဒရုန်းဖြင့် ကြဲချအသိပေးခဲ့ကြောင်း Myaung Special People Defense Force -MSPDF က‌ ပြောသည်။

MSPDF နှင့် မဟာမိတ်အဖွဲ့များက ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်တွင် မြောင်မြို့မရဲစခန်းနှင့် ကျောက်ရစ်ရဲစခန်းတို့ကို Fixed Wing Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင်ထံအမြန်ခိုလှုံရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များကိုလည်း တပါတည်း ကြဲချခဲ့ခြင်းဖြစ်သည်။

MSPDF အဖွဲ့ တာဝန်ခံ ကိုမြတ်ကြီးက " ရှမ်းမြောက်မှာ ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) အရမ်းသေနေတယ်။ အလင်းဝင်သွားတဲ့သူတွေလည်းအများကြီးရှိနေတယ်။ဒါကြောင့်ဒီကောင် တွေလည်း အလင်းဝင်ချင်ရင်လာခဲ့လို့ရပါတယ်ဆိုတာ အသိပေးတာပါ" ဟု ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် မြောင်မြို့မရဲစခန်းကို ဗုံးသီး လေးလုံး နှင့် ရဲစခန်း အနီးရှိ စစ်ကောင်စီဗိုလ်တဦးနေထိုင်သည့် နေရာနှင့် ကျောက်ရစ်ရဲစခန်းကို ဗုံးသီးတလုံးစီကြဲချခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကို မသိသေးဟု ဆိုသည်။ပြည်သူ့ ရင်ခွင်ထံအမြန်ခိုလှုံရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များကိုလည်း ရဲစခန်းတည့်တည့်ပေါ် ကြဲချခဲ့ခြင်းဟု MSPDF အဖွဲ့ ထံမှ သိရသည်။

လက်ကမ်းစာစောင်များတွင် " ရဲဘော်တို့ အာဏာရူးမင်းအောင်လှိုင်ရဲ့ လက်အောက်မှာမနေဘဲ အလင်းဝင်ဖို့ ပြည်သူ့ရင်ခွင်က ကြိုဆိုပါတယ်။ပြည်သူ့ ရင်ခွင်မှာ ရပ်တည်ပါ ။ ပြည်သူ့အစိုးရထံမှာ ခိုလှုံပါ "ဟူသော စာသားအပါအဝင် အလင်းဝင်ရန် တိုက်တွန်းချက်များ ရေးသားထားသည်။

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တပ်ခွဲ(၁)-မြေလတ်PDF၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တပ်ခွဲ(၃)- 7 PDF ၊ မိတ္ထီလာခရိုင် အမှတ်(၃)တပ်ရင်း ၊ မြင်းခြံ နဂါးနီ ပြောက်ကျားတပ်ဖွဲ့၊တိုက်နယ် ပကဖ (မြောင်) ၊မြောင်မြို့နယ် ပြည်သူ့ရင်ခွင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တို့က ဦးဆောင်ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း၌ အောက်တိုဘာလ ၂၇ ရက် နံနက်မှစတင်၍ တိုက်ပွဲဝင်နေစဥ် ကွမ်းလုံမြို့နယ်အခြေစိုက် ခလရ (၁၄၃) သည် အောက်တိုဘာလ ၃၀ရက်တွင် တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်လာခဲ့သည်ဟု MNDAAက ထုတ်ပြန်ထားသည်။ ထိုကဲ့သို့ တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်ချိန်တွင် စစ်ကိုင်းတိုင်းသို့ ရောက်နေသော စစ်ကောင်စီစစ်ကြောင်းများလည်း အလင်းဝင်စေလို၍ လက်ကမ်းစာစောင်များကြဲချခြင်းဟု MSPDF အဖွဲ့ တာဝန်ခံ ကိုမြတ်ကြီးကပြောသည်။

စာတည်း - အေးချမ်း

#Mizzima
#မြောင်မြို့
#ရဲစခန်း
#MSPDF

Photo/MSPDF

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. 
https://bit.ly/2VhJ12U
👍18😁2❤1👏1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FeD7QARDJIJk&h=AT1cP6lUrFh59O1GR--NyOuyuUnvjQF6_nQbpG8HvMDnQtzOqVz-XGxHCdA3XB6dX13inh_vuK-qEEkQaeK8dNeHHKooao0qOX9S311P7pVJBbkfPDxmNssgCUoHXIt_&s=1
👍6🔥1