မြောင်မြို့နယ်တွင် အင်အားရာချီ လှည့်လည်ချီတက်ကြသည့် MSPDFအဖွဲ့၏ ၂ ခြောက်လုံးသပိတ်
======
ဂျာမုန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF)က ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အထူးကွန်မန်ဒိုအပတ်စဉ် (၅)သင်တန်းဆင်းပွဲပြုလုပ်ပြီး နောက် နှစ် ခြောက်လုံးနေ့ အထိမ်းအမှတ် ချီတက်ဆန္ဒပြမှု ပြုလုပ်ကြသည်။
MSPDF အထူးကွန်မန်ဒို အပတ်စဉ်(၅) သင်တန်းအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး ယနေ့တွင် သင်တန်းဆင်းပွဲအား ပြည်သူများနှင့်အတူ စည်စည်ကားကားပြုလုပ်ကြသည်။
အဆိုပါသင်တန်းကို အမျိုးသားရဲဘော် ၆၀ ကျော်၊ အမျိုးသမီးရဲဘော် ၄၀ ကျော် စုစုပေါင်း သင်တန်းသားဦးရေ ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း MSPDF အဖွဲ့ဝင် ကိုမုန်တိုင်းထံမှ သိရသည်။
“နှစ်ငါးလုံးတုန်းကလည်း မတရားတာကို မကြိုက်လို့ နိုင်ငံအဝှမ်းမှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခဲ့ကြတယ်။ လက်ရှိ နှစ်ခြောက်လုံးနေ့မှာလည်း ကျွန်တော်တို့ရဲဘော်တွေအကုန်လုံးရော ပြည်သူတစ်ရပ်လုံးရော ဒါကိုလက်မခံဘူးဆိုတာ ချပြချင်လို့ သင်တန်းဆင်းပွဲရော နှစ်ခြောက်လုံးနေ့ ဆန္ဒထုတ်ဖော်ပွဲရော တစ်ခါထဲကျင်းပလိုက်တာပါ” ဟု ၎င်းကပြောသည်။
နံနက်ပိုင်း သင်တန်းဆင်းပွဲပြီးသည့်နောက် နေ့လယ် ၁၂ နာရီခန့်တွင် သင်တန်းဆင်းရဲဘော်သစ်များ သာမက မူရင်းအဖွဲ့ဝင်ရဲဘော်များ စုစုပေါင်း အယောက် ၄၀၀ ဝန်းကျင်ဖြင့် နှစ်ခြောက်လုံးနေ့ ဆန္ဒပြပွဲအား မြောင်မြို့နယ်တွင်းရှိ ကျေးရွာတစ်ချို့၌ အင်တိုက် အားတိုက် ချီတက်လှည့်လည်ခဲ့ကြခြင်း ဖြစ်သည်။
ပြည်သူများက MSPDF အဖွဲ့ဝင်များကို အောင်သပြေပန်းများ၊ နှင်းဆီပန်းများ ကမ်းကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
“သင်တန်းဆင်းပွဲမှာလည်း ရဲဘော်တွေရော ပြည်သူတွေရော ပေါင်းပြီး အရေးကြီးပြီ ဆိုတဲ့သီချင်းနဲ့ ဆန္ဒပြပွဲကို စဖွင့်လိုက်ကြတယ်။ ပြည်သူက မွေးထုတ်လိုက်တဲ့ ပြည်သူ့စစ်သားတွေဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ ဆန္ဒထွက်ပြတဲ့အခါ ဝိုင်းပြီးကြိုဆိုကြတယ်။ နှင်းဆီပန်းတွေ အောင်သပြေပန်းတွေ ကမ်းပေးပြီး ကြိုကြတယ်။ ပြည်သူ့မေတ္တာတွေ အပြည့်အဝရခဲ့ပါတယ်။ သူတို့ကိုယ်တိုင်လည်း သပိတ်မှာ ပါဝင်ခဲ့ကြတယ်” ဟု MSPDF အဖွဲ့ဝင် ကိုမုန်တိုင်းက ပြောပြသည်။
ယနေ့ ကျရောက်သည့် နှစ်ခြောက်လုံးနေ့ လူထုလှုပ်ရှားမှုတွင် ပြည်သူများက နိုင်ငံတစ်ဝန်းရှိ မြို့နယ်အသီးသီးတွင် ချီတက်ဆန္ဒပြကြသည်။
#မြောင်မြို့နယ်
#MSPDF
#အထူးကွန်မန်ဒို
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U

❤4👍3
ငါန်းဇွန်မှာ လူဖမ်းပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက် ၄ ဦးသေဆုံးဟုဆို
=======================
MTO
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် နတ်ကြီးရွာတွင် နေအိမ်များကို မွှေနှောက်ပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးလာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မတ်လ ၁၆ ရက်နေ့ ညနေ ၆နာရီ ၄၈ မိနစ်အချိန် မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံး သွားကြောင်း Myaung Special People’s Defense Force – MSPDF မှ ပြန်ကြားရေးတာဝန်ခံ ကိုနိုဗန်က ပြောသည်။
၎င်းက “ကား နှစ်စီး နဲ့ ဆိုင်ကယ် ခြောက်စီးနဲ့လာတာ မိုင်း ရှစ်လုံး အသုံးပြုတိုက်ခိုက်ခဲ့တာ နောက်က ကား တစ်စီး နဲ့ ဆိုင်ကယ် သုံးစီး ထိတယ်၊ လေးယောက်သေတယ် “ ဟုပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ထဲတွင် အရာရှိတစ်ဦး ပါဝင်ပြီး တိုက်ခိုက်မှုကြောင့် နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးလည်း ဒဏ်ရာရရှိသွားကြောင်း MSPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် ငါန်းဇွန်ရဲစခန်းမှထွက်လာခြင်းဖြစ်ပြီး နတ်ကြီးရွာတွင် PDF ရဲဘော် တစ်ဦး ရှိသည် ဆိုသည့် သတင်းကြောင့် နတ်ကြီးရွာသို့ စစ်ကြောင်းဖြင့်ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီးနောက် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားကြောင်း MSPDF မှ တာ၀န်ခံ ကိုနိုဗန် က ပြောသည်။
ယခုတိုက်ခိုက်မှုကို Myaung Special People’s Defense Force – MSPDF အဖွဲ့ ၊ ပြည်သူ့အင်အား (ငါန်းဇွန်)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၆) Special Task Force Ngazun၊ ခုနစ်စင်ကြယ် (ချောင်းဦး) ဇာမဏီပြောက်ကျားတပ် (ငါန်းဇွန်)တို့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
https://youtu.be/N7onJilr4l0
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ငါန်းဇွန်မြို့နယ်
#မိုင်းဆွဲ
#ပြောက်ကျားတပ်
#MSPDF
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ငါန်းဇွန်မှာ လူဖမ်းပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက် ၄ ဦးသေဆုံးဟုဆို
MTO
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် နတ်ကြီးရွာတွင် နေအိမ်များကို မွှေနှောက်ပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးလာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မတ်လ ၁၆ ရက်နေ့ ညနေ ၆နာရီ ၄၈ မိနစ်အချိန် မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံး သွားကြောင်း Myaung Special People’s…

👍24😁1🥴1
ကျောက်ရစ်စခန်းမှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
MTO
မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်စခန်းမှထွက်လာသည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့ကြောင်း Myaung Special People Defense Force -MSPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်တွင် ကိုးပင်ကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“ ကျောက်ရစ်ကနေအထွက်ကို ပွိုင့်တွေ ခင်းထားတာ ရှိတယ်။ အဲ့ဒါကို သူတို့က အင်အား ၃၀ လောက်နဲ့ ထွက်လာတာကို ဆွဲလိုက်တာ ငါးဦး တန်းသေပြီး ဂန်း (သေနတ်) နှစ်လက်လည်း ပျက်စီးတယ်။ ကျန်တဲ့ သူတွေကလည်း ဒဏ်ရာရတာရှိတယ် ” ဟု MSPDF တာဝန်ရှိသူကပြောသည်။
ယင်းစစ်ကြောင်းသည် မည်သည့်နေရာသို့သွားရောက်ရန် ရည်ရွယ်၍ထွက်ခွာလာသည်ကို မသိရသော် လည်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်နောက် ကျောက်ရစ်စခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ဒဏ်ရာ ရရှိသူများကို ဆေးကုသမှုပေးနေကြောင်း MSPDF အဖွဲ့ ကဆိုသည်။
ကျောက်ရစ်စခန်းအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၂၀ ဦး ဝန်းကျင်ခန့်ရှိပြီး ၎င်းတို့ အတွက် ရိက္ခာပြတ်လပ်လာပါက အနီးဝန်းကျင်ရှိကျေးရွာများသို့ ဝင်ရောက်လုယက်လေ့ရှိကြောင်း သိရ သည်။
MSPDF အဖွဲ့သည် မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းကလည်း သာဂေါင်ရွာနှင့် မင်းလှရွာသို့ ဝင်ရောက်နေ သည့် စစ်ကောင်စီတပ်၏ဘီလူးစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးသုံးလုံးချ တိုက်ခိုက်ခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကျောက်ရစ်စခန်း
#မိုင်းဆွဲတိုက်ခိုက်
#စစ်ကြောင်း
#မြောင်မြို့နယ်
#MSPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍15👏2😁1🥱1
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် တ်ိုက်တွန်းစာရွက်များ မြောင်မြို့မှ ရဲစခန်း ၂ခုပေါ် ဒရုန်းဖြင့်ကြဲချ
==============
MTO
မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက ကြိုဆိုမည်ဟု ကမ်းလှမ်းထားသည့် လက်ကမ်းစာစောင်များကို ဒရုန်းဖြင့် ကြဲချအသိပေးခဲ့ကြောင်း Myaung Special People Defense Force -MSPDF က ပြောသည်။
MSPDF နှင့် မဟာမိတ်အဖွဲ့များက ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်တွင် မြောင်မြို့မရဲစခန်းနှင့် ကျောက်ရစ်ရဲစခန်းတို့ကို Fixed Wing Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင်ထံအမြန်ခိုလှုံရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များကိုလည်း တပါတည်း ကြဲချခဲ့ခြင်းဖြစ်သည်။
MSPDF အဖွဲ့ တာဝန်ခံ ကိုမြတ်ကြီးက " ရှမ်းမြောက်မှာ ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) အရမ်းသေနေတယ်။ အလင်းဝင်သွားတဲ့သူတွေလည်းအများကြီးရှိနေတယ်။ဒါကြောင့်ဒီကောင် တွေလည်း အလင်းဝင်ချင်ရင်လာခဲ့လို့ရပါတယ်ဆိုတာ အသိပေးတာပါ" ဟု ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် မြောင်မြို့မရဲစခန်းကို ဗုံးသီး လေးလုံး နှင့် ရဲစခန်း အနီးရှိ စစ်ကောင်စီဗိုလ်တဦးနေထိုင်သည့် နေရာနှင့် ကျောက်ရစ်ရဲစခန်းကို ဗုံးသီးတလုံးစီကြဲချခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကို မသိသေးဟု ဆိုသည်။ပြည်သူ့ ရင်ခွင်ထံအမြန်ခိုလှုံရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များကိုလည်း ရဲစခန်းတည့်တည့်ပေါ် ကြဲချခဲ့ခြင်းဟု MSPDF အဖွဲ့ ထံမှ သိရသည်။
လက်ကမ်းစာစောင်များတွင် " ရဲဘော်တို့ အာဏာရူးမင်းအောင်လှိုင်ရဲ့ လက်အောက်မှာမနေဘဲ အလင်းဝင်ဖို့ ပြည်သူ့ရင်ခွင်က ကြိုဆိုပါတယ်။ပြည်သူ့ ရင်ခွင်မှာ ရပ်တည်ပါ ။ ပြည်သူ့အစိုးရထံမှာ ခိုလှုံပါ "ဟူသော စာသားအပါအဝင် အလင်းဝင်ရန် တိုက်တွန်းချက်များ ရေးသားထားသည်။
စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တပ်ခွဲ(၁)-မြေလတ်PDF၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တပ်ခွဲ(၃)- 7 PDF ၊ မိတ္ထီလာခရိုင် အမှတ်(၃)တပ်ရင်း ၊ မြင်းခြံ နဂါးနီ ပြောက်ကျားတပ်ဖွဲ့၊တိုက်နယ် ပကဖ (မြောင်) ၊မြောင်မြို့နယ် ပြည်သူ့ရင်ခွင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တို့က ဦးဆောင်ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း၌ အောက်တိုဘာလ ၂၇ ရက် နံနက်မှစတင်၍ တိုက်ပွဲဝင်နေစဥ် ကွမ်းလုံမြို့နယ်အခြေစိုက် ခလရ (၁၄၃) သည် အောက်တိုဘာလ ၃၀ရက်တွင် တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်လာခဲ့သည်ဟု MNDAAက ထုတ်ပြန်ထားသည်။ ထိုကဲ့သို့ တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်ချိန်တွင် စစ်ကိုင်းတိုင်းသို့ ရောက်နေသော စစ်ကောင်စီစစ်ကြောင်းများလည်း အလင်းဝင်စေလို၍ လက်ကမ်းစာစောင်များကြဲချခြင်းဟု MSPDF အဖွဲ့ တာဝန်ခံ ကိုမြတ်ကြီးကပြောသည်။
စာတည်း - အေးချမ်း
#Mizzima
#မြောင်မြို့
#ရဲစခန်း
#MSPDF
Photo/MSPDF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍18😁2❤1👏1