Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် တ်ိုက်တွန်းစာရွက်များ မြောင်မြို့မှ ရဲစခန်း ၂ခုပေါ် ဒရုန်းဖြင့်ကြဲချ
👍14😁2
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် တ်ိုက်တွန်းစာရွက်များ မြောင်မြို့မှ ရဲစခန်း ၂ခုပေါ် ဒရုန်းဖြင့်ကြဲချ
==============

MTO

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက ကြို‌ဆိုမည်ဟု ကမ်းလှမ်းထားသည့် လက်ကမ်းစာစောင်များကို ဒရုန်းဖြင့် ကြဲချအသိပေးခဲ့ကြောင်း Myaung Special People Defense Force -MSPDF က‌ ပြောသည်။

MSPDF နှင့် မဟာမိတ်အဖွဲ့များက ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်တွင် မြောင်မြို့မရဲစခန်းနှင့် ကျောက်ရစ်ရဲစခန်းတို့ကို Fixed Wing Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင်ထံအမြန်ခိုလှုံရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များကိုလည်း တပါတည်း ကြဲချခဲ့ခြင်းဖြစ်သည်။

MSPDF အဖွဲ့ တာဝန်ခံ ကိုမြတ်ကြီးက " ရှမ်းမြောက်မှာ ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) အရမ်းသေနေတယ်။ အလင်းဝင်သွားတဲ့သူတွေလည်းအများကြီးရှိနေတယ်။ဒါကြောင့်ဒီကောင် တွေလည်း အလင်းဝင်ချင်ရင်လာခဲ့လို့ရပါတယ်ဆိုတာ အသိပေးတာပါ" ဟု ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် မြောင်မြို့မရဲစခန်းကို ဗုံးသီး လေးလုံး နှင့် ရဲစခန်း အနီးရှိ စစ်ကောင်စီဗိုလ်တဦးနေထိုင်သည့် နေရာနှင့် ကျောက်ရစ်ရဲစခန်းကို ဗုံးသီးတလုံးစီကြဲချခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကို မသိသေးဟု ဆိုသည်။ပြည်သူ့ ရင်ခွင်ထံအမြန်ခိုလှုံရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များကိုလည်း ရဲစခန်းတည့်တည့်ပေါ် ကြဲချခဲ့ခြင်းဟု MSPDF အဖွဲ့ ထံမှ သိရသည်။

လက်ကမ်းစာစောင်များတွင် " ရဲဘော်တို့ အာဏာရူးမင်းအောင်လှိုင်ရဲ့ လက်အောက်မှာမနေဘဲ အလင်းဝင်ဖို့ ပြည်သူ့ရင်ခွင်က ကြိုဆိုပါတယ်။ပြည်သူ့ ရင်ခွင်မှာ ရပ်တည်ပါ ။ ပြည်သူ့အစိုးရထံမှာ ခိုလှုံပါ "ဟူသော စာသားအပါအဝင် အလင်းဝင်ရန် တိုက်တွန်းချက်များ ရေးသားထားသည်။

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တပ်ခွဲ(၁)-မြေလတ်PDF၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တပ်ခွဲ(၃)- 7 PDF ၊ မိတ္ထီလာခရိုင် အမှတ်(၃)တပ်ရင်း ၊ မြင်းခြံ နဂါးနီ ပြောက်ကျားတပ်ဖွဲ့၊တိုက်နယ် ပကဖ (မြောင်) ၊မြောင်မြို့နယ် ပြည်သူ့ရင်ခွင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တို့က ဦးဆောင်ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း၌ အောက်တိုဘာလ ၂၇ ရက် နံနက်မှစတင်၍ တိုက်ပွဲဝင်နေစဥ် ကွမ်းလုံမြို့နယ်အခြေစိုက် ခလရ (၁၄၃) သည် အောက်တိုဘာလ ၃၀ရက်တွင် တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်လာခဲ့သည်ဟု MNDAAက ထုတ်ပြန်ထားသည်။ ထိုကဲ့သို့ တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်ချိန်တွင် စစ်ကိုင်းတိုင်းသို့ ရောက်နေသော စစ်ကောင်စီစစ်ကြောင်းများလည်း အလင်းဝင်စေလို၍ လက်ကမ်းစာစောင်များကြဲချခြင်းဟု MSPDF အဖွဲ့ တာဝန်ခံ ကိုမြတ်ကြီးကပြောသည်။

စာတည်း - အေးချမ်း

#Mizzima
#မြောင်မြို့
#ရဲစခန်း
#MSPDF

Photo/MSPDF

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. 
https://bit.ly/2VhJ12U
👍18😁2❤1👏1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FeD7QARDJIJk&h=AT1cP6lUrFh59O1GR--NyOuyuUnvjQF6_nQbpG8HvMDnQtzOqVz-XGxHCdA3XB6dX13inh_vuK-qEEkQaeK8dNeHHKooao0qOX9S311P7pVJBbkfPDxmNssgCUoHXIt_&s=1
👍6🔥1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FeD7QARDJIJk&h=AT3d24FQY6uiDjLo7t02a-k2QYMh5EQ6PPp8s_6uVP-1Qd8V0Df9AcbKYLKdjDujvdAt8OdKuJjTxXSs7elYNECqptk6KRB8mJxPI2y33evjqmQTyc7jMuINmu9BoM2w&s=1
🔥2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၃ ) | VOA On Mizzima
ဥတုရာသီထိန်းချုပ်ရေး အာရှရဲ့အခန်းကဏ္ဍ၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Frc7Os7qpAN0&h=AT39YItka_QLv32o2uSQ36JvImowGJuvClJaroLsoAE4gX7MRosF-dlA24z0gDnxmbm0_k3ERVILp5ODmH9nVhg4cMLhRJTsLrqVVssMShNLPtz8y92flRH0Okwx6oOI&s=1
🔥1
​​တရုတ်-မြန်မာနယ်စပ်ရှိ ကြူကုတ်(ပန်ဆိုင်း)မြို့ကို MNDAA ထိန်းချုပ်ထား
============

009 

လားရှိုး (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း)မြို့ကို ကိုးကန့်တော်လှန်ရေးအဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ယမန်နေ့ နိုဝင်ဘာလ ၂ တွင် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်ကတည်းက ကြူကုတ်(ပန်ဆိုင်း)မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို MNDAAက နေ့စဉ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာလ ၃၁ တွင် မြို့ပေါ်ထိ ချင်းကပ်နိုင်ခဲ့ကာ ကြူကုတ်(ပန်ဆိုင်း)မြို့မ ရဲစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

 မြို့ပေါ် ရပ်ကွက် (၂) တွင် ခြေကုပ်ယူတပ်စွဲထားသည့် ကြူကုတ်(ပန်ဆိုင်း)မြို့နယ် စစ်တပ်စခန်းကြီးကို နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းမှ ညသန်းခေါင်အထိ MNDAAဘက်က တိုက်ခိုက်သိမ်းယူကာ တပ်စွဲထားခဲ့သည်။ ထိုနောက် ယမန်နေ့တွင် ကြူကုတ်(ပန်ဆိုင်း)မြို့ထဲ၌ စစ်ကောင်စီတပ်နှင့် ရဲစခန်းအပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ အားလုံးမရှိတော့ဘဲ မြို့ကို MNDAAဘက်က ထိန်းချုပ်ထားကြောင်း မြို့ခံများက အတည်ပြုသည်။ 

“ တမြို့လုံး ကိုးကန့်စစ်သားတွေ နေရာယူထားလိုက်ကြပြီ။ ရဲစခန်းရော စစ်တပ်စခန်းမှာရော သူတို့ ထိုင်လိုက်ပြီ။ နယ်စပ်ဂိတ်တွေကတော့ ပိတ်ထားတယ်။ မြို့ကို ထိန်းချုပ်လိုက်တဲ့ သဘောပဲလေ “ဟု ကြူကုတ်(ပန်ဆိုင်း)မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ကြူကုတ်(ပန်ဆိုင်း)မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ဖော်ပြထားပြီး စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ကြူကုတ်(ပန်ဆိုင်း)မြို့က စစ်ကောင်စီ တပ်စခန်းများ ဆုံးရှုံးလိုက်ရကြောင်း နေပြည်တော်တွင် ကျင်းပခဲ့သည့် နိုဝင်ဝင်ဘာ ၁ က သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင်ထုတ်ပြောခဲ့သည်။

မြန်မာ့ပို့ကုန် ၉၀ ရာခိုင်နှုန်းခန့် ကုန်သွယ်လျက်ရှိသည့် မူဆယ်မြို့နယ်ထဲက ဂိတ် နှစ်ခုသည် မူဆယ်မြို့ရှိ ဝမ်တိန်ဂိတ်နှင့် ကြူကုတ်(ပန်ဆိုင်း)မြို့ရှိ ကျင်စန်းကျော့ဂိတ်တို့ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် ကြူကုတ်(ပန်ဆိုင်း)မြို့သည် အရေးကြီးသည့် နယ်စပ်မြို့တခုဖြစ်သည်။

MNDAAက ကြူကုတ်မြို့ကို စီးနင်းတိုက်ခိုက်ခဲ့သည့် နိုဝင်ဘာ ၁ ရက် မနက် ၉ နာရီခန့်တွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ မြို့ပေါ် လူနေအိမ် ၁၀လုံး ထပ်မနည်းထိခိုက်ပျက်စီးခဲ့ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ကာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာကြောင့် ကိုယ်ဝန်ပျက်ကျခဲ့သည်။ ထိုဖြစ်ရပ်အပြီး အိမ်ခြေ ၁,၀၀၀ 
ကျော်မှ ဒေသခံများသည် တရုတ်နယ်စပ် ဝမ်တိန်မြို့သို့ ထွက်ပြေးတိမ်ရှောင်နေကြသည်။ 
တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားသူ ၁၀ ဦးခန့်ရှိနေပြီး စားနပ်ရိက္ခာ ပြတ်တောက်တော့မည့် အခြေအနေ ရောက်နေကြောင်း စစ်ရှောင် အမျိုးသမီးတဦးက ပြောသည်။

“ ကျွန်မမှာ ဆန် သုံးပြည်ပဲ ကျန်တော့တယ်။ ဒီဆန်ကုန်သွားရင် ဘယ်လို လုပ်ရမလဲ မတွေးတက်တော့ဘူး။ ကလေးတွေကိုပဲ ပုံမှန်ကျွေးတာ ကျွန်မတို့တော့ မနက်စာနဲ့ နေလယ်စာကို တနပ်ပဲစားတယ်။ ကျွန်မထပ် အခြေအနေ ဆိုးတဲ့သူတွေလည်း အများကြီးရှိနေတယ် “ ဟု ၎င်းကဆိုသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများအတွင်း အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရသူ လူဦးရေ ၃၀,၀၀၀ ကျော်အထိတိုးလာပြီး အကူအညီများ လိုအပ်နေကြောင်းကို စစ်ရှောင်အရေး ဆောင်ရွက်နေသူများက ဆိုသည်။ ။

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်ဆင်ရေးသည် လက်ရှိတွင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၉၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နဲ့ ကြူကုတ်(ပန်ဆိုင်း)မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကြူကုတ်(ပန်ဆိုင်း)
#MNDAA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25❤5🔥1🥴1
​​3.11.2023 ( Friday )တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်

✅Highlight ✅

👉လောဘကြိုးဝိုင်း (ညနေ - ၆ နာရီ) 

👉India Movie -Kaadan (ည- ၈ နာရီ)

👉Korea Movie -Death Bell (ည- ၁၀နာရီခွဲ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzim
👍11🔥1😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၃ ) | VOA On Mizzima
ဥတုရာသီထိန်းချုပ်ရေး အာရှရဲ့အခန်းကဏ္ဍ၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Frc7Os7qpAN0&h=AT37WPr89-AxBGsaJX7QIBQLL5dkpl9aSu5W9HZ6RMxaU-yHIAYd3irPWA15ir-G_h5GMEIl1k2cIvJwp8dUsEVGaTiNFp_aJbx3Qb6V4WjhGANDAZ75JPp80KMgpZQJ&s=1
👍6🔥1
စစ်ကောင်စီအတွက် သောကလှိုင်း
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းမြောက်တစ်ခွင်လုံး ထိုးစစ်စတင်နေပြီဆိုတဲ့ကြေညာချက်တွေ အတူ ရှမ်းပြည်.....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DS0Vi8OGL8vY&h=AT1RV-PxDW3aupO6hD6zpU86mvikEaTJb3kEZvW6NCMAS2CIeG9tODJJ93we3PpdAHmG7LYFnrBunP4ZRIiQn4qYF4IX3TipTPr-GWfaCJGEkwPKwhEM-vMFJpxGPpmx&s=1
👍7🔥1🥱1
ထိုင်ဝမ်ရေလက်ကြားကိုကန်နဲ့ ကနေဒါသင်္ဘောတွေဖြတ်သန်းပြီးနောက်တရုတ်ကတပ်ဖွဲ့တွေကိုတပ်လှန
ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်နဲ့ ကနေဒါသင်္ဘောတွေဖြတ်သန်းပြီးနောက် တရုတ်ကမိမိတပ်ဖွဲ့တွေကို တပ်လှန့်ထားက.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FRTUNuuRjb3U&h=AT1arMqExWf2SHUWJn7DATa5ycKchGo9H9Mtkio6vfCYuKBeInu3yiMBtGLoEO-xEjByAPY04rVoqF79pIhiDMshiaRopV5Rr4At3J13bfgyWrl3G5Vn-bXR2Mmahv3k&s=1
🔥4👍3
စစ်ကောင်စီအတွက် သောကလှိုင်း
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းမြောက်တစ်ခွင်လုံး ထိုးစစ်စတင်နေပြီဆိုတဲ့ကြေညာချက်တွေ အတူ ရှမ်းပြည်.....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DS0Vi8OGL8vY&h=AT2mJxpI3qEbBzc-_akcLW7EqQr0l1mqi53nyDaOOCOlW0YyeAc5_g-Pi3zrMpB5E76iao4ok9AyT1FJN1-na_zhI-JVhl_d0kTtb3pB7nuvwdQmVpElhmWJaq_IET4s&s=1
👍4🔥2🥱1
ထိုင်ဝမ်ရေလက်ကြားကိုကန်နဲ့ ကနေဒါသင်္ဘောတွေဖြတ်သန်းပြီးနောက်တရုတ်ကတပ်ဖွဲ့တွေကိုတပ်လှန
ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်နဲ့ ကနေဒါသင်္ဘောတွေဖြတ်သန်းပြီးနောက် တရုတ်ကမိမိတပ်ဖွဲ့တွေကို တပ်လှန့်ထားက.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FRTUNuuRjb3U&h=AT34jWkiTDO_0AIOldffF4n7JGmBqELSYP01c_sV_HUjBaA0A1KzdlPodiCO-GLms0c5-zJUM-GgoLNVqJw_32--dde2b7eJea8P2_8thL8mWhtHzekEjLEaSQD_HnVg&s=1
🔥4
ဥတုရာသီထိန်းချုပ်ရေး အာရှရဲ့အခန်းကဏ္ဍ | VOA On Mizzima
ကမ္ဘာကြီး ပိုမိုပူနွေးလာနေတာထိန်းချုပ်နိုင်အောင် ရုပ်ကြွင်းလောင်စာနေရာမှာ ပြန်ပြည့်မြဲစွမ်းအင်နဲ့ အစား.....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DRpFeA03PYbo&h=AT2SILxfvOsa7oXZToOM45ZWzhkV5LOqBuJ3plDXbMOGvZhfsV65RbbDMyfeN4KPtE-Nr3R2xqIaldL2KKpEqActG9sb5WDOhBe4UifAVWPjWMddm9xNgtmIbXJfBNhb&s=1
🔥3👍1
ဥတုရာသီထိန်းချုပ်ရေး အာရှရဲ့အခန်းကဏ္ဍ | VOA On Mizzima
ကမ္ဘာကြီး ပိုမိုပူနွေးလာနေတာထိန်းချုပ်နိုင်အောင် ရုပ်ကြွင်းလောင်စာနေရာမှာ ပြန်ပြည့်မြဲစွမ်းအင်နဲ့ အစား.....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DRpFeA03PYbo&h=AT3zN6_J82nyUWBhGbZ5SWqMTtU_YO2iat2HzYEkhKHdi1zGfIrI2lPzK3iZsk8wdzymcDYraGiUm7MiCWVGCzIhpKzZejRKQbHT_OW9C9bOJ5Q2eFH3JAZagYcdvs21&s=1
🔥2