Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လုပ်ငန်းများရပ်ဆိုင်းလိုက်သည့်အတွက် လောက်ကိုင်ရောက် ရွှေ့ပြောင်းလုပ်သားများ အခက်ကြုံ
🔥3
လုပ်ငန်းများရပ်ဆိုင်းလိုက်သည့်အတွက် လောက်ကိုင်ရောက် ရွှေ့ပြောင်းလုပ်သားများ အခက်ကြုံ
=============

ရွှေနွယ်

(မဇ္ဈိမ)။   ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့သို့ သွားရောက်အလုပ် လုပ်ကိုင်နေကြသူများမှာ လုပ်ငန်းများရပ်ဆိုင်းလိုက်သည့်အတွက် အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသတွင်း သတင်းရင်းမြစ် များထံမှ သိရသည်။

“ဒီမှာရောက်နေတဲ့ အလုပ်သမားတော်တော်များများတော့ ဒုက္ခရောက်နေကြပြီ။ လမ်းတွေလည်း ပိတ် ထားတယ်။ ဝင်ငွေလည်းမရှိ၊ စားသောက်ကုန်တွေအကုန်လုံးက စျေးတက်နေတာဆိုတော့ အချိန်ကြာ လေပိုပြီးအခက်တွေ့လေပဲ။ တချို့ ဆောက်လုပ်ရေးအလုပ်သမားတွေ ဆိုင်ကယ်တွေနဲ့ အရဲစွန့်ပြန် ကြ တာရှိတယ်” ဟု လောက်ကိုင်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် လောက်ကိုင်ကားဂိတ်၌ လားရှိုးသို့ပြန်ရန် ရောက်ရှိနေသူ အများအပြားကိုတွေ့ရှိရပြီး ကားခအနေဖြင့် တရုတ်ငွေ ယွမ် ၂၀၀၀ မှ ယွမ် ၃၀၀၀ အထိ တောင်းခံ ကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့ပြင် ဆိုင်ကယ်ဖြင့်ပြန်ကြသူများနှင့် လမ်းလျှောက်ပြန်ရန် စီစဉ်နေကြသူများလည်းရှိကြောင်း သိရ သည်။

“လောက်ကိုင်မှာက အလုပ်သမားတွေများတယ်။ (လုပ်ငန်းများ) အများအားဖြင့် ရပ်ကုန်ကြပြီ။ စားသုံး ကုန်တွေလည်း ဝယ်ရအခက်အခဲဖြစ်လာပြီ။ မြို့တွင်းမှာတော့ ပစ်ခတ်မှုမရှိသေးဘူး။ မြို့ပြင်မှာတော့ ရှိနေတယ်” ဟု တရုတ်ဖုန်းကတ်ဖြင့် အင်တာနက်အသုံးပြုနေသော လောက်ကိုင် ဒေသခံတဦးကလည်း ယနေ့ နေ့လည်ပိုင်းက မဇ္ဈိမကိုပြောသည်။

နိုဝင်ဘာလ ၄ ရက်နေ့က ဆိုင်ကယ်များ၊ ကားများဖြင့် လားရှိုးသို့ပြန်ရန် ထွက်ခွာသွားကြသူများရှိသော် လည်း လမ်းတွင်ပစ်ခတ်မှုနှင့်ကြုံတွေ့သူများ၊ ဖြတ်သန်းသွားလာခွင့်မရသူများရှိသဖြင့် လောက်ကိုင်သို့ သာ ပြန်လှည့်လာကြကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“ပြန်တဲ့သူတွေပစ်ခံရတယ် ပြောသံကြားတယ်။ ဒါပေမယ့် အတည်မပြုနိုင်ဘူး။ အခုအချိန်က အဓိက လိုင်းတွေပိတ်ထားတော့ ဘာသတင်းမှ အတိအကျမကြားရဘူး” ဟု လောက်ကိုင်ဒေသခံက ဆိုသည်။

လောက်ကိုင်မြို့တွင် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်လျက်ရှိသည့်အတွက် အခြေအနေအသေးစိတ်အား သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် ကြိုးပမ်းနေဆဲဖြစ်သည်။

ယင်းသို့ ပြည်သူများရွှေ့ပြောင်းရန် ကြိုးပမ်းနေမှုနှင့် ပတ်သက်၍ MNDAA ၏ ပြောခွင့်ရသူ လီကျာဝင်း ကမူ ၎င်းတို့အနေဖြင့် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ပြည်ထောင်စုလမ်းမအား ပိတ်ထားသည်ကို တရားဝင်ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်းတလျှောက် တိုက်ပွဲများလည်း ဆက် လက်ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် ရောက်ရာဒေသတွင်သာ သည်းခံနေထိုင်ကြရန် မေတ္တာရပ်ခံကြောင်း ပြောသည်။

“တိုက်ပွဲဖြစ်တာဆိုတာ ကလေးကစားနေတာ မဟုတ်ဘူး။ အခြေအနေကိုလည်း ဘယ်သူမှခန့်မှန်းလို့မရ တဲ့အခြေအနေဖြစ်တဲ့အတွက် လုံခြုံရေးကိုတော့ ကျွန်တော်တို့ အာမ မခံနိုင်ပါဘူး။ ဆိုတော့ ပြည်သူ လူထု တရပ်လုံးအနေနဲ့လည်း သည်းခံပေးပါ။ နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်" ဟု လီကျာဝင်း က ပြောသည်။

စစ်ဆင်ရေး(၁၀၂၇)၏ တိုက်ပွဲအခြေအနေများအရ လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ် ပြည်ထောင် စုလမ်းမကြီးများကို အရေးပေါ်ပိတ်ထားကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့ကပင် MNDAA က ထုတ် ပြန်ကြေညာထားသည်။

လက်ရှိတွင် လောက်ကိုင်မြို့ရှိ စစ်ကောင်စီ၏ ရာထူးအကြီးပိုင်းများနှင့် အွန်လိုင်းလောင်းကစား (ကျား ဖျန့်) လုပ်ငန်းရှင်များကို စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားပြီ ဖြစ်သည့် အတွက် မြို့အတွင်း မရှိကြတော့ကြောင်း MNDAA ပြောခွင့်ရသူနှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ပုံအညွှန်း−ယနေ့နံနက်လောက်ကိုင်ကားဂိတ်။(ဓာတ်ပုံ−လောက်ကိုင်ဒေသတွင်း Delivery လုပ်ငန်းမှ)

စာတည်း ။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်
#လောက်ကိုင်မြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
​​နောင်ချိုတွင် ကျေးရွာ ၂ ရွာမှဒေသခံများကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးချရန် ထိန်းသိမ်းထား ဟုဆို
===========

007

(မဇ္စျိမ)။   ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် လွယ်တောင်းနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ်အသုံးချရန် ထိန်းသိမ်းထား ကြောင်း သိရသည်။

“မနေ့က သူတို့(စစ်ကောင်စီတပ်ဖွဲ့)ရောက်ရောက်ချင်း အဲဒီရွာနှစ်ရွာကို အဝင်အထွက် ပိတ်လိုက်တယ် ပြောတယ်။ မနေ့က ညနေပိုင်းအထိ အဆက်အသွယ်ရနေသေးတယ်၊ ဒီမနက် မရတော့ဘူး။ လူသားဒိုင်း လုပ်ခံထားရတယ်လို့ လောလောဆယ် သိထားရတယ်”ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် နောင်ချို မြို့ခံသတင်းရင်းမြစ်က ပြောသည်။

နောင်ချိုမြို့နယ်အတွင်းရှိကျေးရွာများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် သံချပ်ကာကားနှစ်စီးအပါအဝင် အင်အား ၁၅၀ ဝန်းကျင်နှင့် စစ်ကားအစီး ၃၀ ခန့်ပါယာဉ်တန်းဖြင့် ရွှေညောင်ပင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲခဲ့သည်။

ထို့နောက် အဆိုပါကျေးရွာနှင့်ကပ်လျက် လွယ်တောင်းကျေးရွာအရှေ့ဘက်ရှိ တောင်ကုန်းများပေါ်တွင် လည်း ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်သားများ လာရောက်ချထားပြီး ကျေးရွာ‌အတွင်းရှိ လူထုကို နေအိမ်နှင့် ဘုန်းကြီးကျောင်းများတွင်သာ နေထိုင်ကြရန် အမိန့်ပေးထားကြောင်း၊ ယင်းအခြေအနေသည် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြကြသည်။

“ကျွန်မတို့ဘက်မှာတော့ အခုထိအေးဆေးပါပဲ။ အဲဒီရွာတွေဘက်တော့ ပေါ်တာဆွဲတယ်လည်းကြား တယ်၊ ရွာသားတွေကို အပြင်ပေးမထွက်ဘဲ လူသားဒိုင်းလုပ်ထားတယ်လည်းကြားတယ်။ အခုအချိန်မှာ တိမ်ပင်လယ် (နောင်ချိုကြီး တိမ်ပင်လယ်အပန်းဖြေစခန်းများ)ဘက်ကို မလာကြတာ အကောင်းဆုံးပါပဲ” ဟု နောင်ချိုမြို့ခံ သတင်းရင်းမြစ်တဦးလည်းက ပြောသည်။

ကျေးရွာနှစ်ရွာမှ ထိန်းသိမ်းခံထားရသူ ၁၀၀ ကျော်ရှိပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များလည်း ပါဝင်ကြောင်း၊ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည့်နေရာတွင် ဘေးလွတ်ရာသို့ထွက်ခွင့်မပြုသဖြင့် စိုးရိမ် စရာအခြေအနေဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နှင့် အနီးဝန်းကျင်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY-PDF)ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားခြင်း ဖြစ်ပြီး မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများတွင်မူ စစ်ကောင်စီတပ်ဖွဲ့က အင်အားဖြည့်တင်း တပ်စွဲလျက် ရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းများအရ သိရသည်။

ပုံအညွှန်း-နောင်ချို့မြို့အဝင်ဆိုင်းဘုတ်(Photo CJ)

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်
#နောင်ချိုမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬7🔥2😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၅ နိုဝင်ဘာ၂၀၂၃)
============

အမျိုးသားညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က အကြမ်းဖက် စစ်တပ်လက်ပါးစေ ရဲစခန်းနှင့် ထွေအုပ်ရုံးကို PDFပူးပေါင်းတပ်က တိုက် ခိုက်မှု ရန်သူ့ဘက်က ၁၁ဦးသေဆုံးခဲ့ကြောင်း CDSOM သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာက အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရဲစခန်းကို သိမ်းပိုက် နိုင်ခဲ့ပြီး တော့ တိုက်ပွဲအတွင်း ရန်သူ့တပ်သား (၆) ဦး သေဆုံးခဲ့သလို စစ်သုံ့ပန်းအဖြစ် (၁၁) ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ် ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က အသိပေးထုတ်ပြန်သည်။

 ပန်းတိုင်ရောက်ဖို့ဆိုရင် အဓိကဟန့်တားထားသည့် အကြမ်းဖက်စစ်ကောင်စီ ပြိုကျရန်လိုပြီး ပြိုကျရန်အတွက်ဆိုရင် စစ်ရေးကဏ္ဍကလည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပြီး နွေဦးတော်လှန်ရေးအောင်မြင်မယ်လို့ မျှော်လင့်ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး-၂၊ ရဲဘော်စောရှား (စစ်ဆင်ရေးတာဝန်ခံ) ပြောသည်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ခြောက်ဦး သေဆုံးပြီး ၁၁ ဦးကို လက်ရအရှင်ဖမ်းမိခဲ့ကြောင်း NUG ကာကွယ်ရေးဌာနက နိုဝင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က အကြမ်းဖက် စစ်တပ်အထိုင်ချရာ တပ်စခန်းတခုကနေ စစ်အုပ်စုက စခန်းလုံးကျွတ် စွန့်ခွာသွားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ နှစ်ဖက် အကျအဆုံးများရှိခဲ့ကြောင်း စစ်ရေးသတင်းရင်း မြစ်များ ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင် နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကာ လေးဦးပျောက်ဆုံးလျှက်ရှိ ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲစစ်ကောင်စီစခန်းတိုက်ခိုက်ခံရစဥ် စစ်ကူသွားသည့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နမခ)မှ စစ်ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် မြန်မာနိုင်ငံ၏ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြခန်း ကို နိုဝင်ဘာလ ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ၃ ရက်ဆက် မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး အလုံး ၁၀၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

 မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာ ရဲစခန်းသိမ်း တိုက်ပွဲ အောင်ပွဲဆင်လာသည့် တော်လှန်ရေး ရဲဘော်များကို ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြောင်း ABSDF Column - 3 ထံမှ သိရသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ပစ်ခတ်ခံရ၍ အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု Kyaukse Revolution Army (KRA) တာဝန်ရှိသူထံမှ သိရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးနယ်မြေရဲစခန်းအားတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံး မှုရှိပြီး စစ်ကူလာသည့်ယာဥ်များကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း Natogyi People Defence Forceအဖွဲ့က ပြောသည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားအချို့တွင် တော်လှန်လူငယ်များက ဦးဆောင်၍ "မီးကုန် ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထတော့မည်" စာသားဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တရပ်ကို ယနေ့ (နိုဝင်ဘာ ၅) နံနက်က ပြုလုပ်ခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူးမြို့တွင် စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဘူဖြောင်း မြို့တွင်လည်း MFDMC မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်မှ ဦးစီးကာ ရန်ပုံငွေ ရရှိရေးတော်လှန်ရေး THE WAY ရုပ်ရှင်ဇာတ်ကားကိုပြသခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

တအာင်းပြည်နယ်၊ တပ်မဟာ (၃)စစ်ဒေသ၊ မန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာမှာရှိသည့် အကြမ်းဖက် စစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကို ယနေ့ နိုဝင်ဘာ ၅ရက် မွန်းတည့် ၁၂နာရီမှာ တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့နေကြောင်း သိရသည်။
👍23❤2🔥2
ကြာအင်းဆိပ်ကြီး စစ်ဆင်ရေးသည် အခက်ခဲဆုံးဖြစ်ကြောင်း SOF ပြော
👍17❤2😁2🔥1
ကြာအင်းဆိပ်ကြီး စစ်ဆင်ရေးသည် အခက်ခဲဆုံးဖြစ်ကြောင်း SOF ပြော
===============

YT 

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်ချစခန်းများအား သွားရောက်တိုက်ခိုက်ခြင်းသည် အခက်ခဲဆုံးစစ်ဆင်ရေးဖြစ်ကြောင်း တောင်ပိုင်းတိုင်းအထူးစစ်ဆင်ရေး တပ်ဖွဲ့(SOF)တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ သွားလုပ်တဲ့ပစ်မှတ်တွေဟာ တကယ့်အမာခံစခန်းတွေဖြစ်တယ်။ သာမန်စခန်းတွေ၊ ဂိတ် တွေမဟုတ်ဘူး။ ကွီလုံတိုင်ဆိုလည်း နယ်စပ်မဆုတ်တမ်းခံစစ်စခန်းဆိုတော့ ခက်ခဲမှုရှိတယ်။ ပြီး တော့ မြို့ထဲမှာဆိုရင်လည်း ဗျူဟာတွေရော၊ လက်နက်ကြီးတွေရော အခြေချထားတဲ့နေရာတွေကို ဝင် တိုက်ရတာဖြစ်တဲ့အတွက်ကို ခက်ခဲမှုအရှိဆုံး စစ်ဆင်ရေးလို့ ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။ 

နိုဝင်ဘာလ ၂ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မဆုတ်တမ်း ခံစစ်စခန်းဖြစ် သည့် ကွီလုံတိုင်စခန်း၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံး၊ မီးသတ်ရုံး စသည့်နေရာများအား တပြိုင်နက်တည်း သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ Lion Battalion စစ်ကြောင်း၊ Federal Wings ၊ Special Operations Group (SOG)၊ ပုဏ္ဏကတပ်ဖွဲ့နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု SOF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံး၍ အများအပြားဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ထံမှ MA-1 တလက်၊ MA-2 တလက်၊ ဗုံးလောင်ချာတလက်၊ ကျည်အိမ် ၁၅ ခု၊ ၅.၅၆ ကျည် ၇၉၀ တောင့်၊ ဦးထုပ်နှင့် ကျည်ကာတစုံ၊ ကွန်ပျူတာနှင့် မှတ်တမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း SOF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း Lion Battalion စစ်ကြောင်းမှ ရဲဘော်နှစ်ဦး၊ SOG မှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့သော်လည်း စစ်ကောင်စီ တပ်စခန်းများက ဒေသခံများနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် နေ့ညမရွေး ပစ်ခတ်လျက်ရှိကြောင်း ကိုအောင်စံရှားက ဆိုသည်။

“စကစ(စစ်ကောင်စီတပ်)ကတော့ မြို့ပေါ်မှာဆိုရင် သူတို့ရဲ့ ဗျူဟာကုန်း၊ ခလရ (၃၂) အဲဒီကနေပြီးတော့ ၁၂၀၊ ၈၁ စတဲ့ လက်နက်ကြီးတွေနဲ့ နေ့ရောညရော ပစ်ခတ်နေတယ်၊ အနားမှာရှိတဲ့ရွာတွေ၊ သူတို့တွေ ဆီကိုစစ်ကြောင်းထိုးလာနိုင်တယ်ဆိုတဲ့နေရာမျိုးတွေ၊ ဒေသခံတွေရဲ့ စိုက်ခင်းနေရာတွေကို ပစ်မှတ်ထား ပြီးတော့ လက်နက်ကြီးနဲ့ အမြဲပစ်ခတ်နေတာပဲ။ ဒေသခံပြည်သူလူထု ထိခိုက်မှုကလည်း နေ့စဉ်ရှိတယ်" ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင်လည်း KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ ဖိုးချီးမူးစစ်ကောင်စီစခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းလာပို့သည့် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ စစ်ကြောင်းအား အဇင်းရွာအနီးတွင် SOF ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နှစ်ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရကာ အဆိုပါ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ပုံအညွှန်း-ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်အပါအဝင် ပစ္စည်းအချို့။ (ဓါတ်ပုံ- SOF)

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😁2🔥1
ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးအတွက် ဆွေးနွေးစရာများ | Common Ground- Episode (13)
ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FWgBdj3dk6bo&h=AT2uM54oHYvAxqJWZlh4EyylOpdp_Kv5tUt3VmefCt28BIUMB8Pfqq0AeIK_-eWF8sh7hsXP5gHN1auwv_BZZ3BCdHYUEVOwqL8A_j7SPosfYw7U95CoTAkJNfTW0dQB&s=1
👍2🔥1
ကြာအင်းဆိပ်ကြီး စစ်ဆင်ရေးသည် အခက်ခဲဆုံးဖြစ်ကြောင်း SOF ပြော
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်ချစခန်းများအား သွားရောက်တိုက်ခိုက်ခြ.....
https://ift.tt/oD34EmH
👍8🔥1😁1😢1
ကြာအင်းဆိပ်ကြီး စစ်ဆင်ရေးသည် အခက်ခဲဆုံးဖြစ်ကြောင်း SOF ပြော
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်ချစခန်းများအား သွားရောက်တိုက်ခိုက်ခြ.....
https://ift.tt/VgMtlO0
👍9😁2🏆1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်ထုတ်လွှင့်မှုများ#PVTV#MizzimaTV------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FmMOVfCyiaO0&h=AT3S1IlYFrwbodLu9_TjVs5DMM3LIYza-BbWFznnpjK8PpfcmcbfjjslkKniChg24vNsoc9-m_SZW35kTPPuuXB1xbMcpZU4Uz05xeom91aLq0ooa5fyOt9x1MeQ1JdL&s=1
👍6🤮1
ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရွာလုံးကျွတ်တိမ်းရှောင်ရ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်အင်အားပြနေခြင်းကြ....
https://ift.tt/IjVD0gZ
👍4🔥2👏1
တရုတ်ကာကွယ်ရေးဝန်ကြီး လူမြင်ကွင်းမှပျောက်ဆုံးသွားမှုကို အဖြေရှာခြင်း
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လီရှန်းဖူ လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အကြောင်းကို ဒေသတွင်းနှင့်ကမ္ဘ....
https://ift.tt/sI0NiDT
👍4🔥2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်ထုတ်လွှင့်မှုများ#PVTV#MizzimaTV------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FmMOVfCyiaO0&h=AT3hXl3FF92oUNUFsGG75ZwU1pAlWBeSW9Sb1pwV5hZnUQyx5c4E7RG9tLkrrMcPEgRAmWe8wgtoLGDZ4piOpIp8Qpa1ymF5pvVQEvxw3UZu89KoT4hu9YuW-AxDEPzD&s=1
👍5🤮1
ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရွာလုံးကျွတ်တိမ်းရှောင်ရ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်အင်အားပြနေခြင်းကြ....
https://ift.tt/KRUrOhC
🔥6👍3
တရုတ်ကာကွယ်ရေးဝန်ကြီး လူမြင်ကွင်းမှပျောက်ဆုံးသွားမှုကို အဖြေရှာခြင်း
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လီရှန်းဖူ လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အကြောင်းကို ဒေသတွင်းနှင့်ကမ္ဘ....
https://ift.tt/uSXhI31
👍20😁4❤2
အဝေးကွင်းမှာ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ အက်တွန်ဗီလာ

Nottingham 2 - 0 Aston Villa (FT)
Aina 5'
Mangala 47'
👍5🔥3