Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သက်သေခံလက်မှတ်(CIစာအုပ်)ပျောက်ဆုံးသည့် မြန်မာအလုပ်သမားများ နိုင်ငံကူးလက်မှတ်(PJ)လျှောက်ထားနိုင်
သက်သေခံလက်မှတ်(CIစာအုပ်)ပျောက်ဆုံးသည့် မြန်မာအလုပ်သမားများ နိုင်ငံကူးလက်မှတ်(PJ)လျှောက်ထားနိုင်
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင်နေကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ သက်သေခံလက်မှတ်( CI စာအုပ် )ပျောက်ဆုံးသွားပါက နိုင်ငံကူးလက်မှတ်များကို ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေကြသူများသည်၊ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ အဖြစ် ထုတ်ပေးထားသည့် သက်သေခံ လက်မှတ် (CI စာအုပ်) ပျောက်ဆုံးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် (PJ- Passport for Job) ကို ယခုလ နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ လာရောက် လျှောက်ထားနိုင်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မီတီ - ဥက္ကဋ္ဌ JACBA ဦးမိုးကြိုးက “အခုက PJ နဲ့ PV လျှောက်တဲ့အခါမှာ သူတို့ထုတ်ပြန် သတ်မှတ်ထားတဲ့အချက် ခြောက်ချက် ကိုက်ညီဖို့လိုတာပေါ့ ၊ ဒီအချက်တွေ မစုံရင် လျှောက်လို့ မရဘူး၊ နောက်ပြီး အခုက ကုန်ကျစရိတ်က ဘယ်လောက်ဆိုတာလည်း မသိရသေးဘူး” ဟု ပြော သည်။

ထိုသို့ လျှောက်ထားသူများ အနေဖြင့် (CI) စာအုပ်မိတ္တူ၊ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ (CI) စာအုပ် ပျောက်ဆုံးကြောင်း ထောက်ခံစာ စသည့် စာရွက် စာတမ်း အပြည့်စုံတို့နှင့် တကွ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ သာမာန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် ယာယီ အချက်အလက်ကောက်ယူရေးစင်တာ (TDCC) ရုံးတွင် နိုဝင်ဘာ ၁၄ ရက်နေ့မှ စ၍ သွားရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းရောက် ရွှေ့ပြောင်း မြန်မာလုပ်သားများ တွေ့ရစဉ်။
စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ထိုင်းနိုင်ငံ
#TDCC
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7
​​ထိုင်း-မြန်မာ နယ်စပ် ဝေါလေဒေသရှိ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံရ
====================

သွင်ထူးဈာန်
ကော်သူလေး(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ(၆ )ထိုင်း-မြန်မာ နယ်စပ် ဝေါလေဒေသရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံနေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မော်ခီး၊ ကနဲလေးနှင့် ထီးကပလယ်ဗျူဟာစခန်းကုန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ၂ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေကြောင်း သိရသည်။

"၂ရက်နေ့ မနက်အစောကြီးကစပြီး တိုက်ပွဲစဖြစ်တာ နှစ်ဖက်ထိခိုက်မှုရှိတယ်၊ စကစဘက်က ပိုထိတာများတယ်၊ ဒီနေ့ထိ တိုက်ပွဲပြင်းထန်နေတယ် ၊ လေယာဥ်ကတော့ တိုက်ပွဲစဖြစ်ကတည်းက မလာသေးဘူး၊ ဝေါ်လေဗျူဟာစခန်းကုန်းကနေ အသစ်ရောက်လာတဲ့ ၁၂၂(122 mm) ဟောင်ဝစ်ဇာနဲ့ ရမ်းသန်းပစ်ခတ်နေတယ်"ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ထီးကပလယ်စခန်းတွင် စကခ(၁၃) လက်အောက်ခံ ခမရ( ၅၅၆) တပ်ရင်းမှူး ဝင်းနောင်ထွန်း ဒဏ်ရာရရှိခဲ့ပြီး မော်ခီး၊ ကနဲလေး စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်သားများထိခိုက် အကျအဆုံးများနေကြောင်းသိရသည်။

"အရင်ရှိတဲ့ ၁၂၂ဟောင်ဝစ်ဇာက ဒရုန်းဗုံးကြဲတာ ထိသွားလို့ ပျက်စီသွားတယ်၊ အခုက အသစ်ရောက်လာတဲ့ ယောင်ဝစ်ဇာနဲ့ ပစ်တာ၊ တောက်လျောက်ပစ်နေတာ"ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ကနဲလေးစခန်းသည် အင်အား ၈၀ ဝန်းကျင်ရှိပြီး ဝေါလေနှင့် ထီးကပလယ်လမ်းဆုံတွင်တည်ရှိပြီး အရေးပါသည့် စခန်းဖြစ်သည်။ အာဏာသိမ်းကာလအတွင်း ယင်းကနဲလေးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ဝေါလေဒေသ
#KNU
#တော်လှန်ရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1👏1
စစ်ကောင်စီက ချောင်းနှစ်ခွနယ်မြေအား ပြန်လည်ရယူရန် ထိုးစစ်ဆင်လာနိုင်ကြောင်း SOF ပြော
👍7❤1🔥1
စစ်ကောင်စီက ချောင်းနှစ်ခွနယ်မြေအား ပြန်လည်ရယူရန် ထိုးစစ်ဆင်လာနိုင်ကြောင်း SOF ပြော
================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F၊ ဂဠုန် စစ်ကြောင်းအပါအဝင် ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ထားသည့် ကျိုက်မရောမြို့နယ်၊ ချောင်း နှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် အတ္ထရံတံတား(ချောင်းနှစ်ခွ)ဂိတ်အား ပြန်လည်ရယူရန် စစ်ကောင်စီက ထိုး စစ်ဆင်လာနိုင်ကြောင်း S.O.F တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။

“ချောင်းနှစ်ခွက ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ် မော်လမြိုင်အထိ အဓိကကုန်သွယ်ရေး လမ်းမှာဖြစ်နေတာပေါ့နော်။ ချောင်းနှစ်ခွတံတားမှာဆိုလည်း သူတို့ တံတားလုံခြုံရေးဂိတ်ချပြီးတော့ မတရားဖမ်းဆီးတာတွေ အမြဲတမ်းလုပ်တယ်၊ စစ်ဆေးရေးတွေ လုပ်တယ်။ ငွေကြေးတောင်းခံတာတွေ ပေါ့နော်။ အဲဒီလို ပြည်သူအပေါ် ကျူးလွန်တာတွေ အများကြီးရှိတယ်။ သူတို့အတွက် ဝင်ငွေရတဲ့လမ်းဖြစ် တယ်” ဟု ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားသည့် ရဲစခန်းနှင့် ဂိတ်စခန်းရှိရာ ချောင်းနှစ်ခွ နယ်မြေသည် မွန်-ကရင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်တည်ရှိပြီး စစ်ကောင်စီ၏ ထောက်ပို့ရေး လမ်းကြောင်းလည်းဖြစ်၍ အဆိုပါနယ်မြေအားပြန်လည်ရယူရန် စစ်ကောင်စီက မုဒုံမြို့နယ်ဘက်မှ ပြန် လည်ထိုးစစ်ဆင်လာနိုင်ကြောင်း ဆိုသည်။

“စစ်ရေးအရဆိုရင် ကြာအင်းဆိပ်ကြီးတို့၊ ကော့ကရိတ်တို့၊ ဘုရားသုံးဆူတို့ကို အဓိက ထောက်ပို့လမ်း ကြောင်းဖြစ်နေတာပေါ့နော်။ ဆိုတော့ အစ်ကိုတို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ချောင်းနှစ်ခွလမ်း ပိုင်းကို သိမ်းပိုက်ပြီးတော့ နယ်မြေစိုးမိုးထားနိုင်တဲ့အခြေအနေက စစ်ဆင်ရေးအတွက်၊ တော်လှန်ရေး အတွက် အများကြီးအထောက်အကူဖြစ်တယ်။ စကစရဲ့ ထောက်ပို့လမ်းကြောင်းနဲ့ ပတ်သက်ရင်လည်း ကောင်းကောင်းဟန့်တားနိုင်တဲ့ အခြေအနေမျိုးပေါ့။ သူတို့ထပ်ပြီးတော့ စစ်ကြောင်းထိုးလာနိုင်တာက မုဒုံဘက်ကနေပါ။ ဒီဘက် ကြာအင်းဆိပ်ကြီးဘက်ကနေတော့ သူတို့ စစ်ကြောင်းထိုးနိုင်တဲ့ အခြေအနေ မရှိဘူး” ဟု ကိုအောင်စံရှားက ပြောသည်။

ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက မြေပြင်မှသာမက ဒရုန်းများဖြင့်ပါ တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာလ ၁၃ ရက် နေ့တွင် အဆိုပါစခန်းများအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် အဆိုပါစခန်းများသို့ စစ်ကူလာသည့် တပ်မ (၂၂) လက်အောက်ခံ ခလရ (၈၁) စစ်ကြောင်းနှင့် ဘုရားကုန်းရှိ စစ်ကောင်စီစစ်ကြောင်းတို့ကိုပါ ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ သည် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

အဆိုပါ ခြောက်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးနှစ်ဦးအပါအဝင် ၂၂ ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူများခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း၊ တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်သုံးဦး ကျဆုံး၍ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း SOF ၏ နိုဝင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း ။ ။စောဖေ
#ချောင်းနှစ်ခွနယ်မြေ
#အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F

ဓါတ်ပုံ- SOF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1
ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၇ သိန်းအထိ မြင့်တက် |Business Roundup(16.11.2023)
- တိုက်ပွဲကြောင့် နှစ်ပတ်ကျော်အတွင်း ထွက်ပြေးရသူ ၂၀၀,၀၀၀ ကျော်ရှိလာ- စက်သုံးဆီ အလုံအလောက်ရှိကြောင်း စစ်ကောင....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F1uvQ9tt22ZI&h=AT3ZAmR2ab0r_Xmv7T2TDtjWV0AlBLT-992THXH55m88MQzvdpt1WuOahBQveEpQR6RG7T0VbDV3YodAsS1fGwKGP4talzdq3qhMoXuBUUOgsVKvUvB8tgrlqddYxWe9&s=1
👍4🔥1