Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖမ်းဝရမ်းထုတ်ခံရသည့် ကိုးကန့်လုပ်ငန်းရှင် မြီရှောက်ချန်း သေဆုံးသွားကြောင်း စစ်ကောင်စီထုတ်ပြန်
==================

001
မဇ္စျိမ။ ။အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးတို့မှဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်လုပ်ငန်းရှင် မြီရှောက်ချန်းမှာ မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၆ ရက် ညနေ ပိုင်းက ထုတ်ပြန်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သည့် ကိုးကန့် လုပ်ငန်းရှင် ဦးမြီရှောက်ချန်းကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးစဉ် တရားမဝင်ကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ထိုသို့ကျူးလွန်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်လုပ်ငန်းရှင် ဦးမြီရှောက်ချန်း၊ သားဖြစ်သူ ဦးမြီကော် ဖျင်၊ သမီးဖြစ်သူ မြီကျွီလန်နှင့် မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကလည်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက လောက်ကိုင်မြို့တွင် သမီးဖြစ်သူမှလွဲပြီး ကျန်သုံးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖမ်းဆီးရမိထားသူများအား ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ယူနန်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေး အပ်ခဲ့ပြီး မြီရှောက်ချန်း၏ရုပ်အလောင်းကို တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်သည် များစစ်ဆေးအတည်ပြုခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၎င်းတို့လေးဦးသည် ကိုးကန့်ဒေသအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ လူကို သွေးဆောင်ဖြားယောင်းမှု များ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများ ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
ထို့ပြင် အလားတူစွဲချက်များဖြင့်ပင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဉက္ကဋ္ဌဟောင်း ဦးပယ် စောက်ချိန်၏သားဖြစ်သူ ပယ်ရင်ချန်ကိုလည်း စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၆ ရက်တွင် ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ကိုးကန့်ဒေသ
#မြီရှောက်ချန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁22👍5❤3
နိုဝင်ဘာလ ၁၆ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ပျက်ကျသွားတဲ့ ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းတွေရှာဖွေနေတဲ့ စစ်ကောင်စီတ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FL0nCAvdHPFU&h=AT37pSwS05GrKOFD-6DTLg1dXCP4lEtPYzgrKqRwK2m6zmL1ztwiEKOqwI0rIxfYAjbQh5n2dunM0QCFvVYP5UKqwps5Ibh1989kzdAASHn5BrsrnVirx5hoXxt_poti&s=1
👍2🔥2🥰1
တရုတ်အာဏာပိုင်များက နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း ဝီဂါရုပ်ရှင်ဒါရိုက်တာ စွပ်စွဲ
တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်တွင် ထိန်းသိမ်းထားခံရစဉ်အတွင်း အတင်းအကျပ်ဖိအားပေးဝန်ခံစေခြင်းနှင့် နှိပ်.....
https://ift.tt/exEapof
👍2🔥1🥰1
နိုဝင်ဘာလ ၁၆ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ပျက်ကျသွားတဲ့ ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းတွေရှာဖွေနေတဲ့ စစ်ကောင်စီတ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FL0nCAvdHPFU&h=AT1tXCdW13BfJaQ4skYIbIqavFT_M0096Bk83i7Dy9Nuc9OoAxalApORVEAnZUaw5kGMOcKat-bIvjwB_xmoySAtYH3GLU-0os371jUJL9s9lsiAlY9NuNHVNM6mqomQ&s=1
တရုတ်အာဏာပိုင်များက နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း ဝီဂါရုပ်ရှင်ဒါရိုက်တာ စွပ်စွဲ
တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်တွင် ထိန်းသိမ်းထားခံရစဉ်အတွင်း အတင်းအကျပ်ဖိအားပေးဝန်ခံစေခြင်းနှင့် နှိပ်.....
https://ift.tt/WHgXqTe
🔥3👎1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၆ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၆ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FaphmFbTuw0s&h=AT2WTGSQ0ewf9s9nun043LqwQ3gxAK2Bb-2RzkFnY9sBugpLPxryxGAOcPX10lK_kDLCWnmdcg9PzOMHL3YIDw1kUT7c-NNPlV-TkVAlCuzPtBCTt2Sbi2jOtX8x6PkA&s=1
🤮3👍1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၆ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၆ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FaphmFbTuw0s&h=AT0McPlOqSaEBEiwhQsn_dqn_u9u8ilqaS1Na8NNQmmPE7xT8kfB9phAW6-SCk-z9HE1fFdtRyTMfIxWI-atcuL1HHCrigVEq61gIyMF5kowPI0Zm7_p6J-HwdSHZ2GS&s=1
👍7🥰1🤮1
​​တရုတ်အာဏာပိုင်များက နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း ဝီဂါရုပ်ရှင်ဒါရိုက်တာ စွပ်စွဲ
=+=================

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်တွင် ထိန်းသိမ်းထားခံရစဉ်အတွင်း အတင်းအကျပ်ဖိအားပေးဝန်ခံစေခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရကြောင်း ဝီဂါရုပ်ရှင်ဒါရိုက်တာက စွပ်စွဲလိုက်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​ကျွန်းစုမြို့ ဝါရစ်ရွာမှာ တိုက်ပွဲဖြစ် အရပ်သား ၂ ဦး သေဆုံး သံဃာတော်ထိခိုက်ဟုဆို
===============

ကိုရွှေမြိတ်

မဇ္ဈိမ။  ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးကာ သံဃာတော် တပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် PDF ရဲဘော်များထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်၌ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျွန်းစုမြို့နေ ဒေသခံသတင်းရင်းမြစ် တဦးက “တိုက်ပွဲ ဖြစ်တာတော့ သိရတယ်၊ လောလောဆယ်က အရပ်သား နှစ်ဦးနဲ့ သံဃာတော် တပါး ထိခိုက်တယ်လို့ပဲ ကြားရတယ်၊ ရွာမှာက စစ်ရှောင်တွေ များနေတော့ ကျန်တဲ့ အချက်အလက်တွေ ဘာမှ မသိရသေးဘူး ဖြစ်နေတယ်”ဟု ပြောသည်။

ထိုအပြင် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖက်က ထိခိုက်မှုများလည်းရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုရန် ကြိုးစားနေသည်။

“အခု တိုက်ပွဲ ဖြစ်တဲ့ရွာအပါဝင် မောင်းလှော်၊ မင်းသန်း စတဲ့ ရွာတွေက ပျူစောထီး အင်အားကောင်းတဲ့ ရွာတွေဖြစ်လို့ ဒေသခံအတော်များများကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မြို့ပေါ်ကို စစ်ရှောင်နေကြရတယ်” ဟု စစ်ရှောင်များနှင့် နီးစပ်သူ မြိတ်ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် မင်းဂုတ်ကျေးရွာတွင် ပျူစောထီး တဦး သေဆုံးပြီးနောက် ကျေးရွာနေ ပြည်သူများကို မဲစနစ်ဖြင့် လက်နက်ကိုင်ပြီး ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ကို မဖြစ်မနေ ဝင်ရမည်ဟု လိုက်လံစည်းရုံးခဲ့တာရှိခဲ့၍ လက်နက်မကိုင်လိုသည့် ပြည်သူများက ယင်းကျေးရွာတွင် ဆက်လက်နေထိုင်ခြင်း မရှိတော့ဘဲ မြိတ်မြို့ပေါ်သို့ ပြောင်းရွှေ့ စစ်ရှောင်ခဲ့ကြောင်း စစ်ရှောင်မိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။

မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ရေးအရှိန်တိုးမြှင့်သွားမည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တနင်္သာရီမြို့နယ်
#စစ်ရေးအရှိန်
#PDF

Photo: ဝါရစ်ကျေးရွာအား တွေ့ရစဉ်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
လွိုင်ကော်တွင် ၂ ရက်အတွင်း အရပ်သား ၂၀ ကျော် ထပ်မံသေဆုံး 
😢9❤3👍1
လွိုင်ကော်တွင် ၂ ရက်အတွင်း အရပ်သား ၂၀ ကျော် ထပ်မံသေဆုံး 
=============

001

မဇ္စျိမ။   ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် အကြောင်းမဲ့ပစ်သတ်ခြင်းတို့ကြောင့် အရပ်သား ၂၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၁၄ ရက်​နေ့က မိသားစုလိုက်​သေဆုံးရသည့် ဖြစ်စဥ်နှစ်ခုအပါအဝင် အရပ်သား ၁၉ ဦး​သေဆုံးခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်​နေ့တွင် သုံးဦး​ထပ်မံသေဆုံးခဲ့​ကြောင်း သိရသည်။ အဆိုပါ ​သေဆုံးမှုများတွင် က​လေးသူငယ် ငါးဦး ပါဝင်​ကြောင်း KnHRG၏ အချက်အလက်များအရ သိရသည်။

ထို့ပြင် အဆိုပါ နှစ်ရက်တာအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရပ်သား ရှစ်ဦးရှိ​ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည့် မိုးဗြဲနှင့် လွိုင်ကော်မြို့ ရပ်ကွက်များအတွင်းတွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အဆိုပါဖြစ်စဉ်များကြောင့် အရပ်သား ၂၀ ဦးသေဆုံးခဲ့သည့်အတွက် ငါးရက်အတွင်း အရပ်သားသေဆုံးမှု ၄၀ ကျော်အထိရှိလာကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က လက်နက်ကြီး ပစ်ခတ်မှုနှင့် သေနတ်ဖြင့် ပစ်ခတ်မှုတို့ကြောင့် မိသားစုလိုက်သေဆုံးသွားရသည့် ဖြစ်စဉ်နှစ်ခုရှိခဲ့ကြောင်းလည်း KnHRG တည်ထောင်သူ ကိုဗညားကပြောသည်။

“ကျွန်တော်တို့ သိသလောက်က မိသားစုအလိုက်ဖြစ်တာက သုံးစု၊ လေးစုပေါ့။ အဲ့ဒီလိုမျိုး ဖြစ်ခဲ့တာရှိပါတယ်။ လူဦးရေက နှစ်ဦး၊ သုံးဦး အဲ့ဒီလိုမျိုးပေါ့။ အိမ်ပေါ်မှာကျတဲ့ဟာဆိုရင် အဲ့ဒီလိုမျိုးဖြစ်လေ့ရှိပါတယ်” ဟု ကိုဗညားကဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်အနေဖြင့် စစ်ဘေးရှောင်နေသည့် အရပ်သားပြည်သူများကိုလည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ကိုဗညားက ပြောသည်။

“တခြားတဖက်မှာလည်း စစ်ရှောင်တွေလမ်းကြောင်းတလျောက်ကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ ဒီရက်လည်း စစ်ရှောင်တွေထွက်နေတဲ့ လမ်းကြောင်းတွေပေါ်မှာ ဗုံးကြဲတိုက်ခိုက်တာတွေရှိပါတယ်”ဟု ဆိုသည်။

ကရင်နီပြည်နယ်တွင် ကရင်နီ​တော်လှန်​ရေးပူးပေါင်းအဖွဲ့များက နိုဝင်ဘာလ ၁၁ ရက်နေ့က စပြီး "၁၁၁၁ စစ်ဆင်ရေး" ဆင်နွှဲနေခြင်းဖြစ်ပြီး စစ်ရေးပြင်းထန်နေခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် ကရင်နီပြည်နယ်တွင် ယခင်က စစ်ဘေးရှောင် ၂၇၀,၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ယခု စစ်ဘေးရှောင်များထပ်တိုးလာသည့်အတွက် စစ်ဘေးရှောင် ၂၉၀,၀၀၀ ဝန်းကျင် ရှိလာပြီဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့

Photo - KnHRG

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤4
​​BREAKING NEWS

အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း နှစ်ပတ်လည်ပွဲကျင်းပနေချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရ 

YT 

မဇ္ဈိမ။     ။ ဒရုန်းများ ဖြတ်သန်းမောင်းနှင်ခြင်းမပြုနိုင်ရန် ဆက်သွယ်ရေးကွန်ယက် ဖြတ်တောက်သည့် ကိရိယာ (ဂျန်ပါ)များ တပ်ဆင်ထားသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရခိုင်ကုန်းရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့၊ ညနေ ၅ နာရီကျော်အချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်​ (ရတခ) ၏ နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ပွဲကျင်းပရာ ခန်းမအနီး ကျရောက်ပေါက်ကွဲမှုများရှိကြောင်း သိရသည်။

" ဒီနေ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အတိုက်ခံရတယ် ခန်းမနား ကျတယ်တဲ့။ ဒရုန်းနဲ့ ပစ်ခံရတာလို့တော့ ကြားတာပဲ၊ အဲ့ဒါပြီးတော့ လက်နက်ကြီးသံတွေ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ အထိအခိုက်တော့ ရှိမှာပေါ့" ဟု မော်လမြိုင်မြို့ခံ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်​ (ရတခ) ၏ နှစ်ပတ်လည် အခမ်းအနားအား စစ်ကောင်စီ၊ DKBA၊ BGF စသည့် လက်နက်ကိုင်တပ်ဖွဲ့များအပြင် စီးပွားရေးလုပ်ငန်းရှင်အချို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

အရှေ့တောင်တိုင်း စစ်ဌာနချုပ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ သွားရောက်
လုပ်ဆောင်ခဲ့သည့် Alpha Bat ဒရုန်းတပ်ဖွဲ့အား မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း " ကျွန်တော်တို့ သတင်းထုတ်ပြန်ပြီးမှ ပြန်လည်ဖြေကြားလိုပါတယ်" ဟု ပြောသည်။ 

ဒရုန်းဖြင့်ဗုံးကြဲခံရမှုကြောင့် နှစ်ပတ်လည်ပွဲတက်ရောက်လာသည့် ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိများအပါအဝင် အများအပြား အထိအခိုက်ရှိကြောင်း ဒေသခံများက ပြောသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲသာဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက မော်လမြိုင်မြို့အဝင်အထွက်နေရာများ၊ ဈေးချိုအဝိုင်း၊ မော်လမြိုင်- မုဒုံလမ်းမပေါ်တို့တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများကို ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

#အရှေ့တောင်တိုင်းစစ်ဌာနချုပ်
#မော်လမြိုင်မြို့
#ဒရုန်း
#mizzima
#BREAKINGNEWS

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁7👏4
​​ငပလီမှာ ပိတ်မိနေသည့်ခရီးသွားများ ဟိုတယ်ထောက်ခံစာပါမှသာ ‌ပြန်ခွင့်ရ
==========

ဓါတု 

မဇ္ဈိမ။  ။ရခိုင်ပြည်နယ် ၊သံတွဲမြို့မှ လေးမိုင်အကွာရှိ ငပလီကမ်းခြေတွင်ပိတ်မိနေသည့် ခရီးသွားများအနေဖြင့် လာရောက်တည်းခိုသည့် ဟိုတယ်ထောက်ခံစာပါမှသာလျင် နေရပ်သို့ပြန်ခွင့်ရရှိကြောင်း သိရသည်။
 
"လေကြောင်းကတော့ ဖွင့်ထားတော့ စစခြင်းရက်ထဲက လေယာဥ်တွေနဲ့ပြန်ကြတာတွေ ရှိတယ် ။ ဒါပေမယ့် ကားလိုင်းနဲ့ပြန်တဲ့သူကျတော့ ပိတ်မိနေတာပေါ့ ။ အခုတော့ ဟိုတယ်မှာဘယ်ရက်ကနေ သွားခဲ့တယ်ဆိုတဲ့ရက်စွဲနဲ့ ဒီခရီးသည်က ဒီမှာတည်းတာဟုတ်ပါတယ်၊ ဘာမှလုပ်ဖို့မဟုတ်ဘဲ ခရီးသွားသက်သက်ဆိုတဲ့ ဟိုတယ်ထောက်ခံစာပါရင်တော့ ကားလိုင်းနဲ့ပြန်လို့ရတယ်"ဟု ငပလီရှိ တည်းခိုခန်းတခုမှ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းမှစ၍ ငပီကမ်းခြေမှဖြတ်သန်းသွားရသည့် တောင်ကုတ်မြို့နှင့်ဂွမြို့ရှိ စစ်ဆေးရေးကားဂိတ်များအား ထောက်ခံစာပါလျင် ပြန်ခွင့်ရရှိကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်ထိ ပိတ်မိနေသည့် ခရီးသွားများအား ဟိုတယ်၊ မိုတယ်တည်းခိုခန်းတချို့မှ အခမဲ့တည်းခွင့်ပေးထားခြင်းများနှင့် တခြားစားရေးသောက်ရေးကိစ္စတချို့ ဖြေရှင်းပေးခြင်းများရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီတပ်မှကုန်းကြောင်း၊ ရေကြောင်းပိတ်ဆို့မှုများကြောင့် ငပလီကမ်းခြေတွင် ခရီးသွားထောင်ချီမှာ ယခု သုံးရက်တာကာလအထိ ပိတ်မိနေခြင်းဖြစ်သည်။ 

နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော်( AA)နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၁၆ ရက်အထိတိုက်ပွဲများပြင်းထန်၍ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သံတွဲမြို့
#AA
#တိုက်ပွဲ

ပုံအညွှန်း- ငပလီကမ်းခြေမြင်ကွင်း (photo- CJ)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁27👍13❤2
ရာမယ်လ်၊ အိုယာဇာဘယ်လ်၊ ဟိုဆလု ဂိုးများဖြင့် အနိုင်ရခဲ့တဲ့တဲ့ စပိန်

Cyprus 1 - 3 Spain (FT)

Yamal 5'
Oyarzabal 22'
Joselu 28'
Pileas 75'
👍4